😎ငှက်သိုက်ရူးများဖတ်ရန်🐦

7.2K 978 37
                                    

😎ငှက်သိုက်ရူးများဖတ်ရန်🐦

ဟိုနေ့က
နေမကောင်းတဲ့မိတ်ဆွေတွေကို
ဌက်သိုက်ဝယ်ပေးမလို့
ဌက်သိုက်ပေါင်းတဲ့ဆိုင်မှာသွားဝယ်တာ…

ဌက်သိုက်ရောင်းတဲ့ဆိုင်ကအရောင်းဝန်ထမ်းပုံစံကိုပြချင်တယ်။

တကယ့်အချေ
ဌက်သိုက်ကဒီလိုလာဝယ်လို့မရဘူး
အော်ဒါတင်ရတယ်တဲ့။
ချေချက်ကလန်ထွက်😞😞

မသိလို့ပါလို့
ဒါဆို..ခုဝယ်လို့မရဘူးလားလို့မေးတာကို
လှည့်ကိုမဖြေတာ 🙁🙁

တခြားဝန်ထမ်းတယောက်ကတော့
ဌက်သိုက်ပေါင်းအိုးတည်ထားတာပိုရင်တော့
တစ်ပုလင်း/နှစ်ပုလင်းလောက်ဘဲရနိုင်မယ်တဲ့။

ရီသာကလဲ
အဲဒီလို….အခြေကြီးကြီးလုပ်လာရင်ကြည့်လို့ကိုမရတတ်တာ
ငယ်ကတည်းကအကျင့်။

ဒါကြောင့်မယူဘူးကွာဆိုပြီးလှည့်ပြန်ခဲ့တာ
ဝယ်ကိုမဝယ်တော့ဘူး။

ကြိုမှာထားတယ်ဆိုတဲ့သူတွေက
လာယူနေကြတာ
တယောက်ကိုအလုံး ၂၀ နဲ့အထက်
တလုံးကို ကျပ်၅၀၀၀

ဒါနဲ့မကျေနပ်လို့
ကိုယ်ဘာသာဝယ်ပေါင်းမယ်ဆိုပြီး
ဌက်သိုက်အစိမ်းရှာမယ်ဆိုလုပ်ရင်း

အမေရိကားကတော်တော်ခင်တဲ့ပါရဂူဆရာဝန်တယောက်ရယ်
အင်္ဂလန်က Nutritionist သူငယ်ချင်းတယောက်ရယ်ပါတဲ့
အုပ်စုထဲသွားမေးတာပေါ့။

သူတို့ကပြောတာတော့အဲဒါစီးပွါးရေးတခုပါဘဲ။

ငွေပေါတဲ့သူတွေ
ထားစရာမရှိအောင်ချမ်းသာနေတဲ့သူတွေ
လက်ဆောင်ပေးရင်မျက်နှာပန်းလှအောင်လုပ်တဲ့သူတွေ…. အတွက်လုပ်ထားတဲ့
ရေပေါ်ဆီအာဟာရတဲ့။

အမှန်က
Nutrition facts အရ
ဘာမှလောက်လောက်လားလားအားကိုးစရာမရှိ(အထူးသဖြင့်အားတွေဝုန်းဒိုင်းနဲ့တက်လာနိုင်စရာကိုမရှိ) ပါတဲ့။

ကြက်တကောင်အရိုးပါ
ဝက်နံရိုး
အမဲရိုး
ဆိတ်ရိုးစတာတွေကို
ကြက်သွန်ဖြူ/ဂျင်းစတာတွေထည့်ပြီး
သေချာချက်သောက်တာက
ပိုအားရှိစေပါတယ်။

ဒီမနက်
ဌက်သိုက်နဲ့ပတ်သက်တာဖတ်မိတော့ရေးချင်စိတ်ပေါ်လာလို့ပါ။

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now