Extra _ (2-1) - အားလုံးကို အသေဆိုးနဲ့ သေအောင် ငါ လုပ်ပြမယ်..

9.9K 1.5K 67
                                    

Extra _ (2-1) - အားလုံးကို အသေဆိုးနဲ့ သေအောင် ငါ လုပ်ပြမယ်..


လူစည်ကားနေသော လမ်းပေါ်တွင် ကြည့်ကောင်းချောမောသော လူငယ်လေးတစ်ယောက် လျှောက်လှမ်းလာစဉ် ရှေ့မှမိန်းကလေးအုပ်စုက စိတ်အားထက်သန်စွာဖြင့်   တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။ ထိုမိန်းကလေးတွေက သူတို့ university က ကျောင်းသူတွေ ဖြစ်ကြသည်။ သူတို့တွေက နောက်က လိုက်ပါလာသည့် လူငယ်လေးကို သတိမထားမိပဲ သူတို့ပြောနေသည့် ရုပ်ရှင်ဇာတ်ကားအကြောင်းကိုပဲ စိတ်ဝင်စားနေကြသည်။

ရှုယောင်းက သူတို့ဘက်ကိုကြည့်လိုက်ပြီး သူ့ရဲ့ကြည့်ကောင်းတဲ့မျက်ခုံးကို အနည်းငယ် မျက်မှောင်ကြုတ်လိုက်တယ်။ သူမတို့ပြောနေသည့်အကြောင်းရာက နာမည်ကြီး ဒါရိုက်တာ ရှန်းကျိုး၏ နောက်ဆုံး ရုံတင်ပြသသည့် ရုပ်ရှင်ဇာတ်ကားအကြောင်း ဖြစ်သည်၊ ဒီဇာတ်ကားသည်ကမ္ဘာတစ် ၀ န်းလုံးတွင် ရုံတင်ပြသခဲ့ပြီး အောင်မြင် ကျော်ကြားခဲ့သည့် ဇာတ်ကားဖြစ်သည်။ ပြီးတော့ ထိုကားရဲ့  လက်ထောက်ဒါရိုက်တာနှင့်ရင်းနှီးမြှုပ်နှံသူသည်က အဲ့ဒီလူပဲ ဖြစ်သည်။

အဲ့ဒီလူက ဘယ်သူလဲ?

သူက ကျွန်တော့်အစ်ကိုကြီး ရှုနင် ပါ။ သူ့ရဲ့ အဖေတူ၊ အမေတူ အကိုကြီးလေ...ဒါပေမယ့် အကိုကြီးက...သူ့ကို...ဘယ်တော့မှ...

ဒီအကြောင်းကို တွေးမိတော့ ရှုယောင်း ၏မျက်လုံးများထဲတွင် အနည်းငယ်ရှုပ်ထွေးရိပ်တွေ ပေါ်လာခဲ့ပြီး သူ့စိတ်တွေ ပင်ပန်းလာခဲ့သည်။ ဒါက  သူ ခံနိုင်ရည်မရှိသော ခံစားချက်တစ်ခုဖြစ်သည်။
 
 လေးလံသည့် သက်ပြင်းကို ပါးစပ်က မှုတ်ထုတ်လိုက်ပြီး ရှုယောင်းက ဘတ်စ်ကားစီးပြီး အိမ်ပြန်လာခဲ့သည်။ ရှုမိသားစုက အင်မတန် ချမ်းသာကာ သြဇာအာဏာရှိပေမယ့် သူက ချမ်းသာသည့် သခင်လေးလို မနေရပဲ... သာမန်ကောလိပ်ကျောင်းသားတစ် ဦးလိုပဲ နေခဲ့ရတယ်။ အဲ့ဒါ ဘာကြောင့်လဲ...

 ဘာကြောင့်လဲဆိုတော့ သူ့အကိုကြီးက ရှုနင်က သူ့ကို သဘောမကျတဲ့အတွက်ပဲ...
 ဟက်... ရယ်စရာပဲ မဟုတ်လား။

ရှုယောင်း ငယ်ငယ်တုန်းက အမှတ်တရတွေက သူ့မှတ်ဉာဏ်ထဲမှာ သိပ်မရေရာပေမယ့် သူ တစ်ယောက်ယောက်ကို ထိခိုက်စေခဲ့တယ်လို့တော့ မထင်ဘူး။   လူတိုင်းက သူ ငယ်စဉ်က အရမ်းကို ဆိုးသွမ်းကာ ညစ်ကျယ်ကျယ်နိုင်သည်ဟု ပြောခဲ့ကြသည်။ ဘယ်ကလေးမဆို ငယ်စဉ်က ဆိုးကြတာပဲ မဟုတ်လား။ သူ့တစ်ယောက်တည်း ထူးပြီး အဲ့လိုဖြစ်နေလို့လား...

သူက အိမ်အကူတွေကို အနိုင်ကျင့်ခဲ့တယ်တဲ့.... ကလေး သဘာဝ သူက ဘာသိဦးမှာမို့လဲ...
 အဖေတစ်ယောက်တည်းကပဲ ငါ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တယ်၊ သူက ငါ့ကို အမြဲတန်း တန်ဖိုးထားပြီး ညအတိုင်း ငါနဲ့ အတူတူအိပ်တယ်။ သူက ငါ့ကို  ထိခိုက်မှာကို အရမ်းကြောက်တယ်၊ သူက ငါ့အမှားတွေကို ခွင့်လွှတ်ပေးနိုင်ပြီး အမြဲတမ်း အပြုံးနဲ့ ငါ့ကို စကားပြောခဲ့တယ်။

ဒါပေမယ့် ရှုနင် အိမ်ကို ရောက်လာရင် ဒါတွေ အားလုံးက လုံးဝကို ပြောင်းလဲသွားခဲ့တယ်။ အိမ်ဖော်တွေကို အနိုင်ကျင့်ရင် သူက ငါ့ကို အပြစ်ပေးမယ်၊ သူနဲ့သူ့အစ်ကိုကြီးက အိမ်မကြီးမှာ အတူတူ ပျော်ပျော်ရွှင်ရွှင် နေနိုင်တယ်၊ ငါ့ကို အိမ်ဟောင်းကိုပို့ဖို့ အဖေကိုပြောလိမ့်မယ်။ အဲ့ဒါတော့ အရမ်းများသွားပြီ မဟုတ်လား။ ဒါပေမယ့် လူတိုင်းက သူ့ကိုကြောက်ကြတယ်။

အိမ်တအိမ်လုံးမှာ သြဇာအကြီးဆုံးဖြစ်တဲ့ အဖေတောင် သူလာရင် ငါ့ကို အရင်လို အလိုမလိုက်တော့ဘူး။ ငါ့ကို စာသင်ပေးဖို့ ဆရာတွေ ရှာပေးတယ်။ ငါ အပြစ်လုပ်ရင် ဆုံးမဖို့အကိုကြီးကို ခွင့်ပေးခဲ့တယ်။ အိမ်ဖော်တွေရော၊ အိမ်တော်ထိန်းရော... ရှုနင်လာရင် ငါ့ကို အရေးမလုပ်တော့ဘူး။ အဖေလည်း ရှုနင်လာရင် ငါ့ကို ညအချိန်ရောက်မှ အိမ်ဟောင်းကို လာတွေ့တော့တယ်။

ငါ့အဖေရဲ့အချစ်ကို လုယူသွားခဲ့တဲ့ ရှုနင်ကို ငယ်ငယ်ကတည်းက ငါမုန်းခဲ့မိတယ်။ သူလာရင် ငါက နေရာဖယ်ပေးရတာကို သိနေခဲ့လို့ သူ့ကိုမြင်တိုင်း ငါ ရန်လုပ်ချင်တယ်။ ဒါပေမယ့် ငါက ကလေးပဲရှိသေးတယ်လေ။ သူ့ကို အရုပ်နဲ့ပစ်ပေါက်တာ၊ ငါ လုပ်တဲ့အပြစ်လေးကို သူ့ပေါ် ပုံချတာလောက်ပဲ ငါလုပ်နိုင်တာပေါ့။

ဒါတွေက သူ့ကို ဘာ ထိခိုက်နိုင်မှာမို့လဲ။

သူ့ရဲ့အကိုကြီးဆိုတဲ့လူက ရှုနင်ကို ထိရင် ငါ့ကို အေးစက်စက်မျက်လုံးတွေနဲ့ ကြည့်တတ်တယ်။ ရှုနင်ကို ကြည့်ရဲ့ ကြင်နာနူးညံ့တဲ့အကြည့်က ငါ့ကို ကြည့်ရင် အမြဲခြိမ်းခြောက်မှုတွေနဲ့ပဲလေ....

ငါလည်း အဖေ့သား မဟုတ်လို့လား။ အဲ့အကိုကြီးဆိုတဲ့လူက ရှုနင်ကို ချစ်နိုင်ပြီး ငါ့ကို ဘာကြောင့် နည်းနည်းလေးတောင် မကောင်းပေးနိုင်ရတာလဲ....

အမေ့ကို သူ ကောင်းကောင်းမမှတ်မိတော့ပေ။ သူူ နည်းနည်းကြီးလာတော့ သူ့အမေကို မတွေ့ဖူးသလို အိမ်တော်မှာ သူ့အမေအကြောင်းကို ဘယ်သူမှ မပြောကြပေ။ သူများတွေက မိဘအစုံလင်နဲ့ ကြီးပျင်းလာပေမယ့် သူက အမေကို ငယ်ငယ်တုန်းကလွဲပြီး မမြင်ဖူးခဲ့ပေ။ သူ့အဖေရှိပေမယ့် သူ ၈ နှစ်သားမှာ အဖေ ဆုံးပါးသွားခဲ့တယ်။ သူကြီးလာမှ သူ့အမေ ဆုံးပါးသွားခဲ့ပြီဆိုတာ သိခဲ့ရတယ်။ သူ့အမေက ပင်လယ်ထဲက ကျွန်းလေးပေါ်မှာ ဆုံးပါးသွားရတယ်ဆိုပဲ....

အဖေက ဘာကြောင့် အမေ့ကို ပင်လယ်ထဲက ကျွန်းလေးမှာ ထားခဲ့တယ်ဆိုတာ သူ မသိတော့ဘူး။ ရှုနင်က ဒါကို သေချာပေါက် သိမှာပဲ။ ဒါပေမယ့် သူက ဘာကြောင့် အမေ့ကို ကျွန်းပေါ်မှာ သေတဲ့အထိ နေခိုင်းရတာလဲ။ ဘာကြောင့် အမေ့ကို သူနဲ့ဝေးရာမှာ ထားရတာလဲ။ တကယ်လို့ အမေသာရှိနေမယ်ဆိုရင် သေချာပေါက် သူ့ကို အချစ်အများကြီးပေးမှာပဲ... အခုတော့ အဖေ ဆုံးသွားကတည်းက သူ တစ်ယောက်တည်းဖြစ်ခဲ့တယ်။

တစ်ခါတလေ ရှုယောင်းက ရှုဟောင်ယွဲ့ကို မနာလိုဖြစ်မိတယ်။  သူမ ဆီမှာ အရာအားလုံးရှိတယ်၊ သူ့အဖေနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာ၊ သူမအစ်ကိုတွေရဲ့ ဂရုစိုက်မှုနှင့်နှစ်သိမ့်မှုတွေကို ရတဲ့အပြင်  မြို့တော်မှာရှိတဲ့ စစ်ထူအိမ်တော်က သူမ၏အဖိုး စစ်ထူထုံးဆိုရင် သူမကို ရဖို့ အပြင်းအထန်ကြိုးစား ခဲ့တယ်လို့ ကြားတယ်။ သူမကိုပြန်ယူဖို့နဲ့ ... သူမရဲ့ နာမည်ကို စစ်ထူမိသားစု မျိုးရိုးသစ်ပင်မှာ ထည့်သွင်းနိုင်ဖို့ အသည်းအသန်ကြိုးစားခဲ့တယ်တဲ့။

 ဒီလိုမျိုး ကြီးမြတ်လှတဲ့ ဂုဏ်သိက္ခာက ရှုယောင်းကို ရူးသွပ်စေခဲ့သည်၊ သူတို့အားလုံးသည် ရှုမျိုးရိုးနာမည်ကို ဆက်ခံထားကြပေမယ့် သူတို့ရဲ့ဘဝတွေက မတူကြီကြဘူး။

ရှုနင်နဲ့ သူ ဆိုလည်း ရှုချိန်ဆိုတဲ့ အဖေတစ်ယောက်တည်းက မွေးဖွားလာပေမယ့် နေရတဲ့ ဘဝချင်းက မတူညီကြဘူး။ ပြီးတော့ ရှုဟောင်ယွဲ့ဆိုတဲ့ ကလေးမက သူ့ဘဝထက် အများကြီ းသာလွန်တဲ့ ဘဝမှာနေရတယ်။ ဘာကြောင့်လဲဆိုတော့ သူမက ရှုနင်ရဲ့သမီးဖြစ်နေလို့ပဲ...
 
ရှုယောင်း ပင်ပန်းစွာ သက်ပြင်းချလိုက်သည်။  သူ့အဖေဆုံးပြီးတဲ့နောက်မှာ အစေခံတစ်ဖွဲ့နဲ့အတူ သူ့ကို အိမ်တော်အပြင်မှာ ပြုစုပျိုးထောင်ဖို့စေလွှတ်တာတောင်ခံခဲ့ရတယ်၊ သူက အချစ်မခံရတဲ့ ကလေးဖြစ်တဲ့အတွက် သူ့အကိုကြီးက သူ့ကို ဂရုစိုက်ဖို့ ဘာကြောင့် သူတို့ခွန်အားကို သုံးနေဦးမှာတဲ့လဲ...

 သူ ဆက်လက် အသက်ရှင်နိုင်ဖို့... ရှုယောင်းက လူကောင်းလေးလို နေထိုင်ခဲ့ရပြီး သူ့ကိုယ်သူူ တိုးတက်စေဖို့ အရမ်းကိုတွန်းအားပေးပြီး ကြိုးစားခဲ့ရတယ်။ မဟုတ်ရင် သူ့ကို ရှုနင်က ပိုက်ဆံမပေးတော့မှာ၊ ဆက်လက်မထောက်ပံ့တော့မှာကို ကြောက်နေခဲ့တယ်။

 တစ်ခါတုန်းက ရှုယောင်းကို သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်က လမ်းမှာ တားဆီးတာ ခံလိုက်ရတယ်။ သူမနှင့်စကားပြောပြီးနောက် ထို ခပ်နွမ်းနွမ်း အဝတ်စားနဲ့ အမျိုးသမီးက  သူ့ အမေ၏အစ်မဖြစ်တယ်ဆိုတာ သိလိုက်ရသည်။ ထိုအမျိုးသမီးကြီးက သူတို့ရဲ့တော်စပ်မှုကို ပြောပြကာ သူ့ဆီက ပိုက်ဆံလာတောင်းနေတာဖြစ်သည်။

ရှုယောင်းက ပညာမတတ်၊ အပြောအဆို ရုန့်ရင်းကြမ်းတမ်းပြီးအောက်တန်းကျသည့် ထိုအဒေါ်ကို ရင်ထဲ အသည်းထဲကနေ ရွံ့ရှာ မုန်းတီးအထင်သေးမိသည်။ ဒါပေမယ့် သူ့ရင်ထဲက အထင်မြင်သေးမှုနဲ့ ကဲ့ရဲ့မှုကို သိုဝှက်ပြီး သူ့ဆီမှာ ပိုက်ဆံတစ်ပြားမှ မရှိကြောင်း ယုံအောင် ပြောကာ သူမကို ထွက်သွားအောင် မနည်းလုပ်လိုက်ရသည်။

   ရှုဟိန် ရဲ့အမေကိုကြည့်လိုက်စမ်းပါ၊ မြို့တော်မှာ မောဝ်မိသားစုက နိုင်ငံရေးမှာ သြဇာကြီးမားသလို ရှုဟိန်ရဲ့ အဖေဘက်က စစ်ထူအိမ်တော်က စစ်ရေးမှာ အင်အားကြီးမားကြတယ်၊ သူတို့တွေက အရာရှိတွေ၊ စစ်တပ်အကြီးကဲတွေဖြစ်ကြပြီး နေရာတိုင်းမှာ လူတိုင်းလေးစားအားကျရတဲ့ သူတွေဖြစ်တယ်။ သွားလေရာမှာ လေးစားခံရတဲ့ အားကျခံရတဲ့ သူတွေဖြစ်တယ်။


ဒါပေမယ့် သူ့ကျတော့ ဘာကြောင့် ဒါတွေ မရှိရတာလဲ။  သူ့အမေရဲ့မိသားစုနောက်ခံက ဘာကြောင့် မခိုင်မာတာလဲ။ ဘာကြောင့် ဆင်းရဲပြီး အောက်တန်းကျနေရတာလဲ။ ရှုနင်လည်း သူ့လို တစ်မအေ တည်းက မွေးလာပေမယ့် သူကျတော့ ဘာကြောင့် စစ်ထူအိမ်တော်က နှစ်လိုခြင်းကို ခံရတာလဲ။  သူတို့က ညီအစ်ကို အရင်းတွေဖြစ်ပေမယ့် ဒီကွာခြားမှုကို  ရဖို့ သူ ဘာလုပ်ခဲ့တာလဲ။

နောက်ဆုံး အမေ့ ဘက်က ဦးလေးဖြစ်သူ ချင်ယွိဖူတောင်မှ သူ့ထက် သူ့အကိုရှုနင်ကို ပျာနေအောင် ချစ်တယ်ဆိုတဲ့ အသိက သူ့ကို မနာလိုဖြစ်လို့ ရူူးမလိုဖြစ်စေခဲ့တယ်။ ရှုနင်ကိုဆိုရင် ဦးလေးက အရမ်းချစ်သလို အရမ်းလေးစားတာ ဘာကြောင့်လဲ။ ရှုနင်က သူ့ကို ထောက်ပံ့ပေးတဲ့ သူ့အကိုကြီးရှိနေလို့ အောင်မြင်နေတာ မဟုတ်လား။ ရှုနင်က ဘာထူးခြားပြီး ကောင်းနေလို့ အားလုံးက ဝိုင်းချစ်နေကြတာလဲ။ ရှုနင် ရတဲ့အရာတွေကို သူက ဘာကြောင့် မရနိုင်ရတာလဲ...

မတရားဘူး...လောကကြီးက တကယ့်ကို မတရားဘူး....

ရှုဟောင်ယွဲ့ရဲ့ရုပ်သွင်က ရှုယောင်း၏ စိတ်ထဲတွင် ထပ်မံပေါ်ထွက်လာခဲ့သည်၊ သူမသည် ယောက်ျားနှစ် ဦး မှ ဖွဲ့စည်းထားသော ကလေးတစ်ယောက်ဖြစ်သော်လည်း သူမကို အားလုံးက မင်းသမီးလေးလို ဆက်ဆံခဲ့ကြသည်။ သူက ကြယ်စင်ကြားက လမင်းလေးလို တည်ရှိခဲ့သည်။ သူမ လိုချင်တာမှန်သမျှ မရတာ မရှိခဲ့ပေ။ နောက်ဆုံး သူမ မလိုချင်သည့်အရာပင်လျှင် ရှုယောင်း သေမလောက် လိုချင်ပေမယ့် မရနိုင်သည့် အရာများဖြစ်ခဲ့သည်။

 လူချင်းတူပေမယ့် အသက်ရှုချင်းကွဲသလို ကံတရားကလည်း မတူညီကြပေ။
ဒီအကြောင်းကိုတွေးမိတော့ ရှုယောင်းက လက်သီးကိုတင်းတင်းဆုပ်ပြီး ဘတ်စ်ကားပေါ်က ဆင်းလိုက် သည်။ သူသည် ပုံမှန် ရပ်ကွက်ထဲက သာမန် နှစ်ထပ်တိုက် အိမ်တစ်အိမ်တွင် နေထိုင်နေရသည်။ သူ အသက်ကြီးလာတော့ သူ့ကို စောင့်ရှောက်ခဲ့သည့် အိမ်ဖော်တစ်စုကို ရှုနင်က ပြန်လွှတ်လိုက်သည်။ ဒါကြောင့် ရှုယောင်းက  သူ့ကိုယ်သူသာ အားကိုးရတော့သည်။

မင်းတို့က ရှုဘိုးဘွားပိုင် အိမ်ကြီးမှာ အစေခံ တစ်စုနဲ့ နေထိုင်ကြပေမယ့် ငါ့ကို ခုလို အပြင်မှာ ထားခဲ့တယ်။ လတိုင်း လစဉ်ကြေးပေးတာလွဲပြီး ငါ့ကို ပစ်ထားခဲ့တယ်။ ဒီလိုလုပ်တဲအတွက် မင်းတို့ မိုးကြိုးပစ်ခံရမှာ မစိုးရိမ်ဘူးလား....

ရှုယောင်းက စိတ်နာစွာတွေးလိုက်သည်။ တကယ်တော့ သူနေရသည့် ရပ်ကွက်က လူရည်သန့်ရပ်ကွက်ဖြစ်ကာ သူနေသည့် အိမ်က ကောင်းမွန်ပေမယ့် အမြဲတမ်း သူရသည့်အရာကို ရှုနင် ရသည့်အရာ၊ ရှုနင်ပိုင်ဆိုင်သည့်အရာနဲ့ အမြဲနှိုင်းယှဉ်ရာ ရှုယောင်းက မကျေမနပ်ဖြစ်နေခြင်းပင်။ သူရသည့် လစဉ် စရိတ်က သာမန်မိသားစု နေထိုင်စားသောက်နိုင်သည်ထက် အများကြီးပိုကာ သူနေရသည့် အဆင့်တန်းက မြင့်ပေမယ့် ရှုယောင်းက ဘယ်တော့မှ မရောင့်ရဲနိုင်ပေ။

ဒုတိယ အိမ်တော်ခွဲ့ အကိုဝမ်းကွဲ ရှုကျီရွှမ်းက သူ့ကိုအတော်လေးကောင်းကောင်းဆက်ဆံခဲ့တယ်၊ သူက ရှုယောင်းကို စိုးရိမ်ကြောင်း ပြသခဲ့ပြီး သူ့အတွက် ကောင်းမွန်တဲ့အရာတွေ အများကြီးပို့ခဲ့တယ်။ ရှုကျီရွှမ်းက သူ့ကို ကားတစ်စီးတောင်ပို့ပေးချင်ပေမယ့် ရှုယောင်း က လက်မခံဝံ့ဘူး၊ ဒုတိယအိမ်တော်နဲ့ဆက်သွယ်တာကို ရှုနင် သိသွားရင် သူ ပိုပြီး ဒုက္ခရောက်လိမ့်မယ်။

သူ ဝံ့ဝံ့ကြွားကြွား ထင်ထင်ပေါ်ပေါ်နေရင် ရှုနင်က သတိထားမိပြီး သူ့ကို ပိုစောင့်ကြည့်မှာကို ရှုယောင်းစိုးရိမ်နေခဲ့သည်။
 
သူက ရှုနင်ကို အရမ်းကြောက်တယ်၊ အရမ်းကြောက်ခဲ့တယ်၊ ဒါပေမယ့် ...... သူက ဘာကြောင့်ကြောက်ခဲ့ တာလဲ။

ရှုဟိန်ကြောင့် ရှုနင်ကို ကြောက်ခဲ့တာလား...
 

ရှုဟိန်က သူ့အကိုကြီးနဲ့ အတူနေချင်ခဲ့တယ်၊ ပြီးတော့ ရှုမိသားစုရဲ့ ပိုင်ဆိုင်မှုကို အမွေရ ခဲ့တယ်၊ ဒါပေမယ့် ရှုဟိန်ဆီ မှာ ရှုအိမ်တော်နဲ့ မသက်ဆိုင်တဲ့ ပိုင်ဆိုင်မှုတွေအများကြီးရှိတယ်၊ ရှုနင် လည်း အပြင်မှာ လုပ်ငန်းအများကြီးကို ပိုင်ဆိုင်ခဲ့တာပဲ။ သူတို့နှစ်ယောက်ပိုင်ဆိုင်တဲ့လုပ်ငန်းနဲ့ စည်းစိမ်ချမ်းသာက ရှုမိသားစုပိုင်လုပ်ငန်းတွေထက်ကို များပြားပေမယ့် သူတို့က ဘာကြောင့် ရှုမိသားစု ပိုင်လုပ်ငန်းကို သူ့ကို မပေးပဲ လက်ဝါးကြီးအုပ်ထားရတာလဲ။

သူတို့နှစ်ယောက်က အရမ်းလောဘကြီးတာပဲ။ ဘာကြောင့် သူ့ကို ခက်ခဲအောင် လုပ်ခဲ့ရတာလဲ...
 
သူ မသိဘူး၊ သူ တကယ် မသိခဲ့ဘူး။
ရှုယောင်းက ပထမတွေ့တွေ့ချင်းမှာပဲ ရှုနင်ကို အရမ်း မုန်းတီးခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ရှုနင်ကို သူ့အဖေက အရမ်းသဘောကျတဲ့အတွက်ပဲ။ မနာလိုခြင်းကြောင့် ယခုအချိန်တွင်သူ့နှလုံးသားထဲက နက်ရှိုင်းသောအမုန်းတရားကို ရှုယောင်း မေ့ဖျောက်လို့ မရနိုင်အောင် ဖြစ်ခဲ့သည်။

ရှုယောင်းက အသက်ပြည့်ပြီးနောက် သူ့အဖိုးထားခဲ့သည့် company အစုရှယ်ယာကို ပိုင်ဆိုင်ခဲ့ပြီးဖြစ်သည်။ သူ ဘွဲ့ရပြီးသောအခါ ရှုနင်က သူ့ကို ကုမ္ပဏီထဲသို့ မဝင်အောင် တားဆီးလို့ မရတော့ပေ။
 
 ငါ စိတ်ရှည်ရှည်နဲ့ဖြည်းဖြည်းချင်း မင်းကို ဖြည်းဖြည်းချင်း ငါ ဆွဲချပြမယ်။  မင်းအရေတွေကိုဆွဲထုတ်မယ်၊ မင်းရဲ့အသားတွေကို ဆွဲဖြဲပြီး မင်းအရိုးတွေကို ဆွဲထုတ်ပစ်မယ်၊ မင်းကို တစ်စစီလုပ်ပြီး မီးရှို့ပစ်တာကို ကြည့်ရဖို့ ငါ မစောင့်နိုင်တော့ဘူး။

  မင်းနဲ့မင်းရဲ့ကလေးတွေကို ကောင်းကောင်းနေခွင့်ပေးမှာမဟုတ်ဘူး။ အားလုံးကို အသေဆိုးနဲ့ သေအောင် ငါ လုပ်ပြမယ်.. ရှုနင်...မင်းစောင့်နေစမ်းပါ....


ရှုယောင်းက အညှိုးတကြီးနှင့် ကြုံးဝါးက အမှောင်ထဲကနေ အခွင့်ရေးကို စောင့်နေခဲ့သည်။

 ************-**************

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးNơi câu chuyện tồn tại. Hãy khám phá bây giờ