Chapter (36) - အကာကြယ္ေပးမယ့္ သူရဲေကာင္း အကိုႀကီး (Z+U)

24.2K 3.7K 68
                                    

Chapter (36) – အကာကြယ္ေပးမယ့္ သူရဲေကာင္း အကိုႀကီး (Z+U)

အာ..

သူ႔ကိုယ္သူ အရမ္းထိန္းခ်ဳပ္ထားတာမဟုတ္ရင္ ႐ႈဟိန္ရင္ဘတ္ႀကီးက ေဆာင့္ခုန္လိုက္ေသာေၾကာင့္ ရင္ဘတ္ကို လက္ႏွင့္ဖိမိကာ မ်က္ႏွာကရဲသြားမည္ျဖစ္သည္။ သူ အသက္႐ွဴရတာ ခက္လာသည္။ ႐ႈနင္ကိုစိုက္ၾကည့္သည့္ မ်က္ဝန္းမ်ားက နက္႐ိႈင္းလာခဲ့သည္။

ခဏၾကာေသာ္ ႐ႈဟိန္က ဘာအမူအယာမွမျပဘဲ စာအုပ္ကိုယူကာ စာအုပ္စင္ေပၚတင္လိုက္သည္။ ဒါေပမယ့္ စာအုပ္က သူ႔လက္ကလြတ္က်သြားလို႔ ႐ႈနင္က ဘာလဲဆိုၿပီး မတ္တပ္ထရပ္ကာ ၾကည့္ေနသျဖင့္ ႐ႈဟိန္က ေနာက္ျပန္မလွည့္ဘဲ စာအုပ္ကိုေကာက္ကိုင္ကာ စာအုပ္စင္ေပၚတင္လိုက္ၿပီး သူ႔အိပ္ခန္းဆီထြက္လာခဲ့သည္။ သူ ေရေအးနဲ႔ခ်ိဳးဖို႔ လိုေနၿပီ။ သူ႔ေအာက္ပိုင္းက တင္းမာၿပီး ႏိုးၾကားလို႔ေနၿပီ။ ဒါကို ကေလးေလးျမင္သြားလို႔မျဖစ္ေပ။

တစ္ခုခုေတာ့ မွားေနၿပီ.. ဘာမွားေနတာလဲ..?

႐ႈနင္က စာဖတ္ခန္းထဲမွာ ေၾကာင္ေတာင္ေတာင္ေလးက်န္ရစ္ကာ စဥ္းစားေနသည္။ အစ္ကိုႀကီး ဒီေန႔ ဘာျဖစ္တာလဲ..။ ဘာေၾကာင့္ စာအုပ္လြတ္က်သြားတာလဲ..။ ၿပီးျပည့္စံုတဲ့နတ္ဘုရားေတာင္ ခုလိုအမွားအယြင္းမ်ိဳး လုပ္တတ္ေသးတာလား..။ ႐ႈဟိန္က သူ႔အမွားကိုဖံုးကြယ္ဖို႔ ထြက္သြားတာလား..။

ဟီး.. ဟီး.. ဟီး..

႐ႈနင္က တခဏတြင္း စိတ္လႈပ္ရွားကာ သူ႔ရင္ဘတ္တစ္ခုလံုး ပန္းပြင့္ေနသလို ခံစားေနရသည္။ ခုေတာ့ သူ႔စိတ္ထဲမွာ သူနဲ႔အစ္ကိုႀကီး ညီမွ်သြားၿပီဟု ယူဆလိုက္သည္။ သူက ဖုန္းကိုဆက္ကစားေနၿပီး ဝိညာဥ္လိုအသီးမ်ားကို အေျပာင္ရွင္းလိုက္သည္။ နာရီဝက္ၾကာေတာ့ ႐ႈဟိန္ျပန္ေရာက္လာသည္။ သူက အေရာင္ရင့္ေသာညအိပ္ဝတ္စံုကို ဝတ္ထားၿပီး ခ်ဥ္းကပ္ရလြယ္တဲ့ပံု ေပါက္ေနသည္။

ဒါက စာအုပ္ေလးတစ္အုပ္ ျပဳတ္က်႐ံုပါပဲကြာ.. ဒီဦးေလးႀကီးက မင္းကို မရယ္ပါဘူး..။ ဒီေလာက္ႀကီး ကိုယ့္ဘာသာ ဖိအားမေပးနဲ႔ေလ..။

႐ႈဟိန္က ႐ႈနင္၏ေရွ႕တည့္တည့္မွာ လာရပ္ကာ သူ႔ကို စူးရွစြာၾကည့္ေနသျဖင့္ ႐ႈနင္ ရင္ထိတ္လာခဲ့သည္။ အစ္ကိုႀကီး သူကို စိတ္ဆိုးေနတာလား..။ ႐ႈနင္က အစ္ကိုႀကီးကို မၾကည့္ရဲေသာေၾကာင့္ မ်က္လံုးေပကလက္ျဖင့္ ေခါင္းငံု႔ထားလိုက္သည္။

"မင္း အစ္ကိုႀကီးကို မဖက္ေတာ့ဘူးလား.."

"........." ( ⊙ o ⊙ ) အာ..

"လာေလ.. အစ္ကိုႀကီးက မင္းကို ဘာလုပ္မွာမို႔လဲ.."

႐ႈဟိန္က လက္ကိုဆန္႔တန္းကာ ေျပာေတာ့ ႐ႈနင္ အံ့ၾသကာ ေမာ့ၾကည့္လိုက္သည္။ အစ္ကိုႀကီး၏အမူအယာက ခါတိုင္းလို ေအးတိေအးစက္ျဖစ္ေနေပမယ့္ မ်က္ဝန္းထဲမွာ ရက္စက္ရိပ္ေတာ့မရွိေပ။ ႐ႈနင္က တံေတြးကိုၿမိဳခ်ကာ ႐ႈဟိန္၏ခါးကို ေပြ႕ဖက္လိုက္သည္။ အစ္ကိုႀကီးက ဘာျဖစ္ေနတာလဲ..။ ဒီေန႔ ထူးဆန္းေနတယ္..။ နတ္ဘုရားႀကီးက ဒီေန႔ ထူးထူးျခားျခား ႏူးညံ့ေနပါလား..။ သူ႔ကိုယ္က ေလေအးေတြထြက္ေနသလိုပဲ.. ထူးဆန္းလိုက္တာ...။

႐ႈဟိန္က ႐ႈနင္၏ဆံပင္မ်ားကို ထိုးဖြကစားရင္း တခါတရံ နားရြက္ေလးေတြကို ပြတ္သပ္မိသြားသည္။ ႐ႈနင္၏ကိုယ္ေလးက ေတာင့္သြားၿပီး နားရြက္ေတြ ယားက်ိက်ိျဖစ္လာသည္။ နားရြက္က ႐ႈနင္ အထိခိုက္မခံႏိုင္ေသာေနရာျဖစ္သည္။ ဒီေနရာကိုထိမိေတာ့ သူ႔မ်က္ႏွာနီလာၿပီး ကိုယ္က ေပ်ာ့ေခြခ်င္လာသည္။ အစ္ကိုႀကီး ႐ႈဟိန္က OCD ေရာဂါရွိသလို သူလည္း နားရြက္ကို အထိမခံႏိုင္ေပ။ ဒါေပမယ့္ သူ႔နားရြက္ကိုထိေနသူက နတ္ဘုရားအစ္ကိုႀကီးဆုိေတာ့ တုိက္႐ိုက္ျငင္းမရဘဲ ႐ႈနင္က ႐ႈဟိန္၏ညဝတ္အက်ႌသာ ဝတ္ထားေသာကိုယ္ကို ဖိကပ္ကာ မ်က္ႏွာအပ္လိုက္စဥ္ ႐ႈဟိန္၏ရင္ဘတ္ထဲက ႏွလံုးခုန္သံျပင္းျပင္းကို ၾကားလိုက္ရသည္။ အစ္ကိုႀကီး၏ကိုယ္က ဘာေၾကာင့္ ခါတိုင္းထက္ ေအးစက္ေနတာလဲ..။ ဒါေပမယ့္ အစ္ကိုႀကီး၏အသားကို ခုလိုမ်က္ႏွာအပ္ကာ ရင္ခုန္သံကိုနားေထာင္ရတာ ႐ႈနင္ရင္ထဲ ေႏြးေထြးလာသလို ခံစားလိုက္ရသည္။

႐ႈနင္ ခုလိုဖက္လိုက္ၿပီး သူ႔ရင္ဘတ္မွာမ်က္ႏွာအပ္လိုက္ေတာ့ ႐ႈဟိန္ကိုယ္က ေတာင့္တင္းသြားျပန္ၿပီး ရင္ခုန္သံဆူညံကာ ေသြးေတြပြက္ပြက္ဆူလာျပန္သည္။ သူ႔မ်က္ႏွာ ရဲလာျပန္လို႔ သူအပိုင္သိမ္းထားခ်င္တဲ့ ရင္ခြင္ထဲက ကေလးကို စိတ္တင္းကာ လႊတ္ေပးလိုက္သည္။

ၿပီးေတာ့ စားပြဲမွာ ဘာမွမျဖစ္သလို ဟန္ေဆာင္ကာ ထိုင္ခ်ၿပီး စာအုပ္တစ္အုပ္ဆြဲယူကာ ဖတ္လိုက္ေပမယ့္ စာရြက္ကို ထပ္ၿပီးလွန္ျခင္းမရွိေပ။

႐ႈနင္လည္း သက္ျပင္း႐ိႈက္လိုက္မိသည္။ ဒီေကာင္ေလး.. မင္းပဲဖက္ခ်င္တယ္ဆို.. ဘာေၾကာင့္ ေအးစက္စက္အရိပ္ေငြ႕ေတြ ထုတ္လႊတ္ေနရတာလဲ.. မင္းေၾကာင့္ ငါ့ႏွလံုးသားေလး တထိတ္ထိတ္ခုန္လို႔ ႏွလံုးေရာဂါရေတာ့မယ္ သိရဲ့လား.. ငါ့ဆဲလ္ေတြ ဘယ္ေလာက္ေတာင္ အေၾကာက္လြန္ၿပီး ေသကုန္ၿပီထင္လဲ..?

အရင္ဘဝက ေသဆံုးျခင္းကို ရင္ဆိုင္ခဲ့ရေသာသူျဖစ္သျဖင့္ ႐ႈနင္က ဒီဘဝမွာ အရမ္းကိုဂ႐ုစိုက္သည္။

သူဘယ္လိုမွ မယွဥ္ႏိုင္ေသာအစ္ကိုႀကီး႐ႈဟိန္ႏွင့္ အတိုက္အခံမျဖစ္ေအာင္ အစြမ္းကုန္ႀကိဳးစားခဲ့သည္။ အစ္ကိုႀကီးႏွင့္ တည့္ေအာင္ေနၿပီး သူ႔ဘဝကို ေအးခ်မ္းစြာပဲေနခ်င္သည္။ အစ္ကိုႀကီးက မ်က္လံုးမ်ားစြာရွိသျဖင့္ သူမသိေအာင္ ဘာမွလုပ္လို႔မရေပ။ အရင္ဘဝကေတာ့ ႐ႈနင္က ဒါကိုမသိဘဲ သူ႔အစ္ကိုႀကီးကို အေသဖဲ့ခ်င္တာပဲသိခဲ့သည္။

ငါ အေစာပိုင္းက ႐ုတ္တရက္ႀကီးေျပာလိုက္လို႔ ဒီကေလး ေၾကာက္သြားၿပီလား..။

႐ႈဟိန္က စာရြက္ကို တစ္ရြက္ေတာင္မလွန္ဘဲ ဟန္ေဆာင္စာဖတ္ရင္း စဥ္းစားေနသည္။ ႐ႈနင္က ဖုန္းထဲကဂိမ္းကို မကစားေတာ့ဘဲ ငိုင္ေနသည္။ ခဏၾကာေတာ့ ႐ႈဟိန္က အိပ္ခ်ိန္ေရာက္ၿပီဟု ေတြးမိသည္။ သူ႔လည္ေခ်ာင္းက ေျခာက္ေသြ႕လာၿပီး ဒီအခ်ိန္ေလးကိုပဲ သူေစာင့္ေနသည္ဟု ခံစားလိုက္မိသည္။ ဒီလိုေတြးမိၿပီး သူ၏လည္ဇလုတ္က လႈပ္ရွားသြားၿပီး တံေတြးမ်ိဳခ်လိုက္သည္။

အစ္ကိုႀကီးက ဒီကိုေလွ်ာက္လာၿပီ.. သူ ဘာလုပ္ခ်င္လို႔လဲ..။

သူလန္႔ေနေပမယ့္ ႐ႈဟိန္က အစ္ကိုႀကီးအေနနဲ႔ သူ႔ညီေလးကို ဂ႐ုစိုက္ဖို႔ႀကိဳးစားေနသည္။

"ပင္ပန္းေနၿပီလား.."

ငါ ပင္ပန္းေနတဲ့ပံု ေပါက္ေနလို႔လား..။ ဒါေပမယ့္ ႐ႈနင္က ကလန္ကဆန္မေျပာဝံ့ေသာေၾကာင့္ ေခါင္းညိတ္လိုက္သည္။ သူ႔ကိုယ္ေလးကို ႐ႈဟိန္က ဖက္လိုက္သည္။ ဘုရားေရ...... ႐ႈနင္၏လွပေသာမ်က္ဝန္းတစ္စံုက အံ့အားသင့္စြာ ျပဴးက်ယ္သြားၿပီး ႏွလံုးသားက ခုန္ေပါက္လာခဲ့သည္။

"မင္း အိပ္ခ်င္ရင္ အိပ္လိုက္.. အစ္ကိုႀကီး ေဘးမွာရွိတယ္.."

အာ... ႐ႈနင္၏ႏွလံုးသားေလးထဲ ဝမ္းနည္းမႈတို႔ လိႈက္တက္လာခဲ့ၿပီး ႐ႈနင္ စိတ္လႈပ္ရွားလာခဲ့သည္။ အရင္ဘဝက ႐ႈနင္ရဲ့ဘဝက မုန္တိုင္းထန္သည့္ကာလမ်ားခ်ည္း ႀကံဳခဲ့ၿပီး မိတ္ေဆြေကာင္း တစ္ေယာက္မွမရွိခဲ့ေပ။ သူ႔မိခင္ကလည္း သူ႔ကို ငရဲတြင္းကိုပဲ တြန္းခ်ခဲ့သည္။ ယခုလို သူ႔ကို မုန္တိုင္းကကာကြယ္ေပးမယ့္ အရိပ္ဆိုလို႔ မႀကံဳခဲ့ဖူးေပ။ ဒါေၾကာင့္ ႐ႈဟိန္ ခုလိုေျပာလိုက္တာၾကားရေတာ့ ႐ႈနင္ ဝမ္းနည္းစိတ္တို႔ လိႈက္တက္လာျခင္းျဖစ္သည္။

ဒီဦးေလးက မ်က္ရည္က်ၿပီး ငိုလို႔မျဖစ္ဘူး..။ ေယာက္်ားေကာင္းဆိုတာ မ်က္ရည္မက်ရဘူး..။

"ဘာျဖစ္လို႔လဲ.."

"ကၽြန္ေတာ္ အရမ္းဝမ္းနည္းတယ္.."

႐ႈနင္က ေျပာလက္စကို ရပ္လိုက္သည္။ သူ႔အစ္ကိုႀကီးက သူရဲေကာင္းလိုမ်ိဳး ကာကြယ္ေပးခ်င္တယ္ဆိုရင္ ႐ႈနင္က ဒီအခြင့္အေရးကို ဘယ္လိုမွ လက္လြတ္ခံမည္မဟုတ္ေပ။ ႐ႈနင္က ဒီေလာက္ေကာင္းသည့္အစ္ကိုႀကီးကို ဘယ္နည္းနဲ႔မွ လက္လြတ္မခံႏိုင္ေပ။ မိသားစုဝင္ဆိုတာ တစ္ေယာက္နဲ႔တစ္ေယာက္ နီးစပ္ရတယ္မလား..။

"အစ္ကိုႀကီး ~~"

"........."

႐ႈဟိန္က သူ႔ရင္ခြင္ထဲက ကေလးကို တင္းတင္းဖက္လိုက္သည္။ ဒီကိုယ္ေလးက အရမ္းေပါ့ေပမယ့္ သူ႔ရင္ထဲမွာ ထိုက္ေတာင္တန္းႀကီးလို ေလးလံလို႔ေနသည္။

႐ႈဟိန္က ႐ႈနင္ကုိေပြ႕ကာ အိပ္ခန္းထဲသယ္လာၿပီး အိပ္ယာေပၚခ်လိုက္သည္။ သူက ေစာင္ကိုလွန္ကာ ႐ႈနင္ကိုခ်ေပးၿပီး ေစာင္ၿခံဳေပးလိုက္သည္။ ႐ႈဟိန္ထသြားမည္အျပဳ ႐ႈနင္က သူ႔လည္ပင္းကိုသိုင္းဖက္ကာ ပန္းေရာင္ႏႈတ္ခမ္းေလးပြင့္ဟကာ ေျပာလိုက္သည္။

"အနာဂတ္မွာ.."

"ငါသိတယ္.."

သူတို႔ႏွစ္ဦးၾကားမွာ ထူးဆန္းေသာနားလည္မႈျဖင့္ ေႏြးေထြးမႈကို ခံစားလိုက္ရသည္။

"မသြားရဘူးလား.."

"အြန္း.."

ဒီဘဝမွာ ေရႊေရာင္ေပါင္လံုးႀကီးကို ႐ႈနင္ တင္းေအာင္ဖက္ထားရေပလိမ့္မည္။

႐ႈဟိန္ၿပံဳးလိုက္ေတာ့ ႏႈတ္ခမ္းဖ်ားႏွစ္ခုက ေကာ့ညြတ္သြားၿပီး သူ႔မ်က္ႏွာက အရမ္းကိုေခ်ာသြားေစခဲ့သည္။ ႐ႈနင္က မ်က္ေတာင္မခတ္တမ္း ေငးၾကည့္ေနမိၿပီး အိပ္မက္မက္ေနသလို ခံစားလိုက္ရသည္။

"ေကာင္းၿပီ.. အစ္ကိုႀကီး ေဘးမွာဖက္ထားေပမယ္.. အိပ္ေတာ့.."

႐ႈဟိန္သည္ ကေလးေလးလိုပဲ ေဘးမွာလဲေလ်ာင္းကာ မ်က္ႏွာခ်င္းဆိုင္လိုက္သည္။ ဒီကေလးကို သူ႔လက္ေမာင္းေပၚ ေခါင္းအံုးေစၿပီး အလံုးစံုကို ကာကြယ္ေပးသလို သိမ္းဖက္ထားကာ လက္တစ္ဖက္က ေက်ာေလးကိုပုတ္ကာ ေခ်ာ့သိပ္ေပးလုိက္သည္။

႐ႈနင္သည္ အစ္ကိုရင္း၏ရင္ခြင္ထဲေနရတာ အရမ္းေႏြးေထြးကာ သက္ေတာင့္သက္သာရွိေပမယ့္ ကေလးတစ္ေယာက္လို ေက်ာေလးပုတ္ကာ ေခ်ာ့သိပ္ခံရတာေတာ့ နည္းနည္းရွက္စရာေကာင္းလွသည္။ ဒါေၾကာင့္ သူက ေခါင္းေလးအသာမကာ အစ္ကိုႀကီးကိုစိုက္ၾကည့္ၿပီး ႏႈတ္ဆက္လိုက္သည္။

"အစ္ကိုႀကီး.. good night.."

"Good night.. ငါ့ရဲ့ရတနာေလး.."

႐ႈနင္က မ်က္လံုးမွိတ္ကာ ရင္းႏွီးေသာကိုယ္သင္းနံ႔ကို႐ွဴကာ စိတ္သက္သာရာရစြာျဖင့္ အိပ္ေမာက်သြားေတာ့သည္။

႐ႈနင္အိပ္ေမာက်သြားသည္ကုိ ေငးၾကည့္ရင္း ႐ႈဟိန္ရင္ထဲမွာ .. ငါ.. သူ႔ကို နမ္းခ်င္တယ္.. ဆိုသည့္စိတ္ ဝင္လာေတာ့သည္။

အသက္မွန္မွန္႐ွဴကာ ၿငိမ္သက္စြာအိပ္ေမာက်ေနေသာ ႏူးညံ့ေသာကေလးေလးကိုၾကည့္ရင္း နမ္းခ်င္စိတ္တို႔ ပိုပိုတိုးလာၿပီး အသက္႐ွဴမဝသလို ျဖစ္လာသျဖင့္ တံေတြးမ်ိဳခ်လိုက္မိသည္။

ဒါ.. မေကာင္းပါဘူးေလ..။ ဒါေပမယ့္ နည္းနည္းေလး.. ခဏေလး နမ္းလိုက္ရင္ေတာ့ ရတယ္မဟုတ္လား..။ ႐ႈဟိန္က အသက္ေအာင့္ကာ ႐ႈနင္၏မ်က္ႏွာနားကို တျဖည္းျဖည္းတိုးလာခဲ့သည္။ လက္မအနည္းငယ္သာ ကြာေသာအကြာအေဝးက သူ႔အတြက္ တစ္ကမာၻေလာက္ၾကာသလို ထင္ရသည္။ ဒါေပမယ့္ ႐ႈဟိန္၏မ်က္ႏွာ နီးကပ္သြားစဥ္ အသက္႐ွဴထုတ္လိုက္မိသျဖင့္ ႐ႈနင္က မ်က္လံုးယားသြားကာ အိပ္ေနရင္း လက္ေလးႏွင့္ပြတ္ကာ တစ္ဖက္ကိုလွည့္သြားေတာ့သည္။ ႐ႈဟိန္ခမ်ာ.. နမ္းရခါနီးမွ ေက်ာေပးခံလိုက္ရေသာအခါ... (-_-)

တစ္ညလံုး ႐ႈဟိန္မွာ အိပ္ယာထက္မွာလူးလွိမ့္ကာ အိပ္မေပ်ာ္ဘဲရွိေနစဥ္ အ႐ုဏ္တက္သည္ႏွင့္ အိပ္ယာမွထကာ ၿခံကိုပတ္ၿပီး အေျပးေလ့က်င့္ဖို႔ ထြက္လာခဲ့သည္။ ဘိုးဘြားပိုင္ၿခံဝင္းႀကီးက အေတာ္ေလးကိုက်ယ္သျဖင့္ ႐ႈဟိန္ ေကာင္းေကာင္းပတ္ေျပးလို႔ရသည္။ သူ႔ကိုယ္ထဲက ေအာင္းေနသည့္ခ်စ္စိတ္မ်ားကို ေပါက္ကြဲထြက္မသြားခင္ ျပင္းထန္ေသာအားကစားကိုလုပ္ၿပီး ဖြင့္ထုတ္ေနရသည္။ ဘိုးဘြားပိုင္အိမ္မႀကီး၊ ဝန္ထမ္းအိမ္ယာႏွင့္ ဖန္လံုအိမ္စိုက္ခင္းကလြဲရင္ က်န္သည့္ေနရာအားလံုး သစ္ပင္ႀကီးမ်ားျဖင့္ ဝန္းရံထားၿပီး ၂မီတာအျမင့္နံရံႀကီးမ်ားျဖင့္ ပတ္ပတ္လည္မွ ကာရံထားသည့္။ နံရံ၏ဒီဇိုင္းက အရမ္းကိုလွပၿပီး ႐ႈဟိန္က ဒီနံရံေဘးက လွ်ိဳ႕ဝွက္တံခါးတစ္ခ်ပ္ကိုဆြဲဖြင့္ကာ တစ္ဖက္ၿခံဝင္းဘက္ကို ကူးလိုက္သည္။ နံရံ၏တစ္ဖက္ျခမ္းက ဘိုးဘြားပိုင္အိမ္ႀကီး၏ တစိတ္တပိုင္းျဖစ္ၿပီး ႐ႈဟိန္ပိုင္သည့္ villa တစ္လံုးရွိသည္။ ဒီေနရာကေန ႏိုင္ငံျခားတုိင္းျပည္မ်ားမွ သူ႔စီးပြားေရးလုပ္ငန္းမ်ားကို စီမံခန္႔ခြဲသည္။ သူက ေန႔တိုင္း ေက်ာင္ကေနျပန္လာသည္ႏွင့္ ညေနပိုင္း ဒီ villa ထဲရွိ အလုပ္႐ံုးခန္းမွာ သူ႔ကိုယ္ပိုင္လုပ္ငန္းကို ဦးစီးေလ့ရွိသည္။ သူဘယ္လိုေတာင္ လုပ္ႏိုင္စြမ္းရွိသလဲ..။ ဒီလွ်ိဳ႕ဝွက္ခ်က္က ဒီအိမ္ထဲမွာပဲရွိသည္။

႐ႈဟိန္က ဒီ villa ကို ကိုယ္တိုင္ဒီဇိုင္းဆြဲခ်င္ေပမယ့္ ႐ႈေကာင္းႏွင့္ ႐ႈခ်ိန္က အႏၱရာယ္ရွိမည္စိုးေသာေၾကာင့္ သေဘာမတူေပ။ ႐ႈဟိန္ငယ္စဥ္က ျပန္ေပးဆြဲခံရေသာေၾကာင့္ ဒီျဖစ္ရပ္က အေဖႏွင့္အဖိုး၏ရင္ထဲ စြဲလို႔ေနသည္။ ဒါေၾကာင့္ ႐ႈဟိန္၏ေဘးတြင္ လွ်ိဳ႕ဝွက္ကိုယ္ရံေတာ္မ်ား မျပတ္ခန္႔ထားေပးသလို ဒီလွ်ိဳ႕ဝွက္ေနရာကိုလည္း ဘယ္သူ႔ကိုမွ အသိမေပးၾကေပ။ ႐ႈနင္ႏွင့္ ခ်င္ယြိက်ိဳးပင္ ဒီနံရံေနာက္မွာ villa ရွိတာ မသိၾကေပ။

ေနာက္ ၃နာရီၾကာေတာ့ ႐ႈနင္ ႏိုးလာေလၿပီ။ ႐ႈခ်ိန္ႏွင့္ခ်င္ယြိက်ိဳးလည္း သူ႔ဆီမလာသျဖင့္ ႐ႈနင္က ေအာက္ထပ္ကို မနက္စာဆင္းစားဖို႔ ပ်င္းသျဖင့္ ဝန္ထမ္းကို အခန္းထဲ မနက္စာယူလာေစသည္။ ႐ႈနင္က ဟင္းရည္ကို တစ္ငံုပဲေသာက္ရေသးသည္၊ ႐ႈဟိန္က အခန္းထဲဝင္လာခဲ့သည္။ သူက အျဖဴေရာင္အားကစားဝတ္စံု ဝတ္ထားၿပီး ခါတိုင္းလို ေအးစက္သည့္ပံုစံႏွင့္ ကြာျခားလ်က္ရွိသည္။ ႐ႈဟိန္သည္ မက္ေဆ့ရသည္ႏွင့္ လုပ္လက္စအလုပ္ကိုပစ္ခ်ကာ ျပန္ေျပးလာခဲ့ျခင္းျဖစ္သည္။

"အစ္ကုိႀကီး.. good morning ပါ.."

"ငါ ေရအရင္ခ်ိဳးလိုက္ဦးမယ္.. ၿပီးမွ အတူစားၾကတာေပါ့.."

မေစာေတာ့ၿပီျဖစ္လို႔ ႐ႈဟိန္က ေျပာလိုက္သည္။

"ေကာင္းပါၿပီ.."

႐ႈနင္က ဇြန္းကိုခ်လိုက္ေပမယ့္ ေမႊးပ်ံ႕ေသာစြပ္ျပဳတ္နံ႔က ႏွာေခါင္းဝမွာ လာခ်ဴလို႔ေနသည္။ ႐ႈဟိန္က ေရခ်ိဳးခန္းထဲဝင္သြားၿပီ..၊ ငါ တစ္ဇြန္းေလာက္ေသာက္လိုက္ရင္......

"ဇြန္းကိုခ်လိုက္.."

ေသစမ္း.. ႐ုတ္တရက္ ေရခ်ိဳးခန္းဘက္ကထြက္လာသည့္ စကားေၾကာင့္ သူ လန္႔လို႔ေသေတာ့မည္။ ႐ႈနင္သည္ ခိုးစားမလို႔လုပ္စဥ္ အမိခံလိုက္ရေသာေၾကာင့္ မ်က္ႏွာမည္းေမွာင္သြားသည္။ သူ ဟင္းရည္ဇြန္းကိုခ်လိုက္စဥ္ အိမ္ဝန္ထမ္းက ထမင္းဟင္းမ်ားသယ္လာသည္။ ပမာဏက ႐ႈနင္၏ဟာထက္ မ်ားစြာပိုသည္။
ေနာက္ 10 မိနစ္ၾကာေတာ့ ႐ႈဟိန္က တဘတ္ႀကီးႏွင့္ ခါးေအာက္ပိုင္းကိုပတ္ကာ ထြက္လာခဲ့သည္။ ဒါကိုျမင္ေတာ့ ႐ႈနင္ စိတ္ဓာတ္က်သြားသည္။

ဟယ္လို.. ဒါက ကၽြန္ေတာ့္အခန္းေနာ္.. အစ္ကိုႀကီးေရခ်ိဳးခ်င္ရင္ ကိုယ့္အခန္းကိုယ္ျပန္ခ်ိဳးပါ.. ေက်းဇူးတင္ပါတယ္..။

ဒီလူငယ္က ရွည္သြယ္ေသာေျခတံ၊ က်ယ္ျပန္႔ေသာပုခံုး၊ ေတာင့္တင္းေသာလက္ေမာင္းႏွင့္ ဝမ္းဗိုက္မွာၾကြက္သား ၈ ခုရွိေနသည္။ ေရစက္ေတြက ႐ႈဟိန္ကိုယ္ေပၚက စီးက်လာသည္ကို ႐ႈနင္ ေငးၾကည့္ရင္း စိတ္ဓာတ္က်သြားသည္။ နတ္ဘုရား ႐ႈဟိန္က ေျပာစရာမလိုေအာင္ ၿပီးျပည့္စံုလြန္းလွသည္။ ဒါေပမယ့္ ေစာင့္ေနပါ.. သူလည္း မၾကာခင္ အရြယ္ေရာက္လာမွာပါေနာ္..။ သူ႔အရပ္လည္းရွည္လာၿပီး ၾကြက္သားလည္း ရွိသင့္သေလာက္ ရွိလာမွာေပါ့။ ဒါေၾကာင့္ ခုလို ကေလးဘဝမွာ ႀကိဳက္သေလာက္ဖက္ထားလိုက္.. ေနာင္ဆို သူ႔ကုိ ဖက္လို႔မရေလာက္ေတာ့ဘူး..။

"မင္း.. ဇြန္း တစ္ခုခုမွားမေနဘူးလား.."

အမ္.. ႐ႈနင္က ႐ိုးသားသည့္မ်က္ဝန္းႀကီးမ်ားႏွင့္ စြပ္ျပဳတ္ကိုေသာက္မလို႔ခပ္ရင္း လွမ္းၾကည့္လိုက္သည္။

"မေအးကုန္ဘူးလား.."

႐ႈဟိန္က ႐ႈနင္၏ပန္းကန္ကို လက္ႏွင့္စမ္းၾကည့္ေတာ့ ေႏြးေႏြးေလးရွိေနေပမယ့္ ခပ္တည္တည္ႏွင့္ေျပာလိုက္သည္။

"ဒီဟာက ေအးေနၿပီ.. အစ္ကိုႀကီးပန္းကန္ထဲက စားလိုက္.."

႐ႈနင္က ဒီစကားကိုၾကားေတာ့ စိတ္႐ႈပ္ေထြးသြားၿပီး ႐ႈဟိန္၏ပန္းကန္ကို စိုက္ၾကည့္လိုက္သည္။ အရင္ဘဝမွာ အစ္ကိုႀကီးက သူ႔ပန္းကန္ကို ဘယ္သူႏွင့္မွ ခုလိုမွ်ေဝေပးတာ မရွိဖူးေပ။ သူ႔ပန္းကန္ထဲကေန စားလိုက္လို႔ ေျပာလိုက္တာလား..။ သူ နားၾကားမွားသြားတာလား..။

ဟုတ္မွာပါ.. ဒီလိုေတြးၿပီး ႐ႈနင္က ပန္းကန္ျပားေလးကိုရွာဖို႔ ဟိုဟိုသည္သည္ၾကည့္လိုက္ေတာ့ ႐ႈဟိန္က ေထြေထြထူးထူးမစဥ္းစားဘဲ သူ႔ပန္းကန္ကိုတိုးေပးလိုက္သည္။ သူက ထမင္းမွ်ေပးမယ္လို႔ေျပာတာမဟုတ္ေပ။ သူ႔ပန္းကန္ထဲကေန အတူစားခိုင္းျခင္းသာျဖစ္သည္။

အရင္ဘဝက ႐ႈဟိန္ ဒီလိုမ်ိဳး တစ္ပန္းကန္ထဲမွ်ကာ စားေစတာမ်ိဳး မရွိဖူးေပ။ သူက အိမ္ေဖာ္ကို ပန္းကန္တစ္လံုးယူခိုင္းလို႔ရလ်က္ ခုလိုတိုးေပးေတာ့ ႐ႈနင္က တိတ္ဆိတ္စြာျဖင့္ အစ္ကုိႀကီးပန္းကန္ထဲကထမင္းကို ႏိႈက္ကာ တစ္ဇြန္းစားလိုက္သည္။ ႐ႈဟိန္လည္း တိတ္ဆိတ္စြာစားေသာက္လို႔ေနသည္။ သူတစ္ဇြန္း၊ ငါတစ္ဇြန္းစားရင္း တခါတေလ ဇြန္းခ်င္းလာဆံုမိလွ်င္ ႐ႈနင္ကိုၾကည့္လိုက္ေတာ့ သူ႔ညီေလးမ်က္ႏွာထက္က အၿပံဳးကိုေတြ႕ေတာ့ ႐ႈဟိန္ရင္ထဲ ခ်မ္းေျမ့သြားေတာ့သည္။ သူတို႔ႏွစ္ဦးေပၚ ေနေရာင္ျဖာက်ေနၿပီး အရိပ္ေတြက တထပ္တည္းျဖစ္ေနသည္။

၉ နာရီထိုးေတာ့ အိမ္ေတာ္ထိန္းက စာပို႔ကာ က်ဴရွင္ဆရာေရာက္ၿပီျဖစ္ေၾကာင္း အေၾကာင္းၾကားခဲ့သည္။ ႐ႈဟိန္က ႐ႈနင္ကိုၾကည့္လိုက္သည္။

"အစ္ကိုႀကီး.. ဒီေန႔ အလုပ္သြားရမွာလား.."

"အင္း.. စားလို႔ၿပီးၿပီလား.. ေနာက္ထပ္ ႏွစ္လုတ္ေလာက္ထပ္စားလိုက္ဦး.."

"ကၽြန္ေတာ္ ဗိုက္ျပည့္ေနၿပီ.."

႐ႈဟိန္က ႐ႈနင္၏ဗိုက္ကို သဘာဝက်က်ထိကာ စမ္းၾကည့္လိုက္ေတာ့ ႐ႈနင္ လန္႔သြားေပမယ့္ ဘာမွမေျပာလိုက္ေပ။

"လိမ္မာတယ္.. မင္းက ပိန္လြန္းေတာ့ ေနာက္ထပ္ႏွစ္လုတ္ ထပ္စားလိုက္ဦး.. ဟုတ္ၿပီလား.."

=========================

Chapter (36) – အကာကွယ်ပေးမယ့် သူရဲကောင်း အကိုကြီး (Z+U)

အာ..

သူ့ကိုယ်သူ အရမ်းထိန်းချုပ်ထားတာမဟုတ်ရင် ရှုဟိန်ရင်ဘတ်ကြီးက ဆောင့်ခုန်လိုက်သောကြောင့် ရင်ဘတ်ကို လက်နှင့်ဖိမိကာ မျက်နှာကရဲသွားမည်ဖြစ်သည်။ သူ အသက်ရှူရတာ ခက်လာသည်။ ရှုနင်ကိုစိုက်ကြည့်သည့် မျက်ဝန်းများက နက်ရှိုင်းလာခဲ့သည်။

ခဏကြာသော် ရှုဟိန်က ဘာအမူအယာမှမပြဘဲ စာအုပ်ကိုယူကာ စာအုပ်စင်ပေါ်တင်လိုက်သည်။ ဒါပေမယ့် စာအုပ်က သူ့လက်ကလွတ်ကျသွားလို့ ရှုနင်က ဘာလဲဆိုပြီး မတ်တပ်ထရပ်ကာ ကြည့်နေသဖြင့် ရှုဟိန်က နောက်ပြန်မလှည့်ဘဲ စာအုပ်ကိုကောက်ကိုင်ကာ စာအုပ်စင်ပေါ်တင်လိုက်ပြီး သူ့အိပ်ခန်းဆီထွက်လာခဲ့သည်။ သူ ရေအေးနဲ့ချိုးဖို့ လိုနေပြီ။ သူ့အောက်ပိုင်းက တင်းမာပြီး နိုးကြားလို့နေပြီ။ ဒါကို ကလေးလေးမြင်သွားလို့မဖြစ်ပေ။

တစ်ခုခုတော့ မှားနေပြီ.. ဘာမှားနေတာလဲ..?

ရှုနင်က စာဖတ်ခန်းထဲမှာ ကြောင်တောင်တောင်လေးကျန်ရစ်ကာ စဉ်းစားနေသည်။ အစ်ကိုကြီး ဒီနေ့ ဘာဖြစ်တာလဲ..။ ဘာကြောင့် စာအုပ်လွတ်ကျသွားတာလဲ..။ ပြီးပြည့်စုံတဲ့နတ်ဘုရားတောင် ခုလိုအမှားအယွင်းမျိုး လုပ်တတ်သေးတာလား..။ ရှုဟိန်က သူ့အမှားကိုဖုံးကွယ်ဖို့ ထွက်သွားတာလား..။

ဟီး.. ဟီး.. ဟီး..

ရှုနင်က တခဏတွင်း စိတ်လှုပ်ရှားကာ သူ့ရင်ဘတ်တစ်ခုလုံး ပန်းပွင့်နေသလို ခံစားနေရသည်။ ခုတော့ သူ့စိတ်ထဲမှာ သူနဲ့အစ်ကိုကြီး ညီမျှသွားပြီဟု ယူဆလိုက်သည်။ သူက ဖုန်းကိုဆက်ကစားနေပြီး ဝိညာဉ်လိုအသီးများကို အပြောင်ရှင်းလိုက်သည်။ နာရီဝက်ကြာတော့ ရှုဟိန်ပြန်ရောက်လာသည်။ သူက အရောင်ရင့်သောညအိပ်ဝတ်စုံကို ဝတ်ထားပြီး ချဉ်းကပ်ရလွယ်တဲ့ပုံ ပေါက်နေသည်။

ဒါက စာအုပ်လေးတစ်အုပ် ပြုတ်ကျရုံပါပဲကွာ.. ဒီဦးလေးကြီးက မင်းကို မရယ်ပါဘူး..။ ဒီလောက်ကြီး ကိုယ့်ဘာသာ ဖိအားမပေးနဲ့လေ..။

ရှုဟိန်က ရှုနင်၏ရှေ့တည့်တည့်မှာ လာရပ်ကာ သူ့ကို စူးရှစွာကြည့်နေသဖြင့် ရှုနင် ရင်ထိတ်လာခဲ့သည်။ အစ်ကိုကြီး သူကို စိတ်ဆိုးနေတာလား..။ ရှုနင်က အစ်ကိုကြီးကို မကြည့်ရဲသောကြောင့် မျက်လုံးပေကလက်ဖြင့် ခေါင်းငုံ့ထားလိုက်သည်။

"မင်း အစ်ကိုကြီးကို မဖက်တော့ဘူးလား.."

"........." ( ⊙ o ⊙ ) အာ..

"လာလေ.. အစ်ကိုကြီးက မင်းကို ဘာလုပ်မှာမို့လဲ.."

ရှုဟိန်က လက်ကိုဆန့်တန်းကာ ပြောတော့ ရှုနင် အံ့သြကာ မော့ကြည့်လိုက်သည်။ အစ်ကိုကြီး၏အမူအယာက ခါတိုင်းလို အေးတိအေးစက်ဖြစ်နေပေမယ့် မျက်ဝန်းထဲမှာ ရက်စက်ရိပ်တော့မရှိပေ။ ရှုနင်က တံတွေးကိုမြိုချကာ ရှုဟိန်၏ခါးကို ပွေ့ဖက်လိုက်သည်။ အစ်ကိုကြီးက ဘာဖြစ်နေတာလဲ..။ ဒီနေ့ ထူးဆန်းနေတယ်..။ နတ်ဘုရားကြီးက ဒီနေ့ ထူးထူးခြားခြား နူးညံ့နေပါလား..။ သူ့ကိုယ်က လေအေးတွေထွက်နေသလိုပဲ.. ထူးဆန်းလိုက်တာ...။

ရှုဟိန်က ရှုနင်၏ဆံပင်များကို ထိုးဖွကစားရင်း တခါတရံ နားရွက်လေးတွေကို ပွတ်သပ်မိသွားသည်။ ရှုနင်၏ကိုယ်လေးက တောင့်သွားပြီး နားရွက်တွေ ယားကျိကျိဖြစ်လာသည်။ နားရွက်က ရှုနင် အထိခိုက်မခံနိုင်သောနေရာဖြစ်သည်။ ဒီနေရာကိုထိမိတော့ သူ့မျက်နှာနီလာပြီး ကိုယ်က ပျော့ခွေချင်လာသည်။ အစ်ကိုကြီး ရှုဟိန်က OCD ရောဂါရှိသလို သူလည်း နားရွက်ကို အထိမခံနိုင်ပေ။ ဒါပေမယ့် သူ့နားရွက်ကိုထိနေသူက နတ်ဘုရားအစ်ကိုကြီးဆိုတော့ တိုက်ရိုက်ငြင်းမရဘဲ ရှုနင်က ရှုဟိန်၏ညဝတ်အင်္ကျီသာ ဝတ်ထားသောကိုယ်ကို ဖိကပ်ကာ မျက်နှာအပ်လိုက်စဉ် ရှုဟိန်၏ရင်ဘတ်ထဲက နှလုံးခုန်သံပြင်းပြင်းကို ကြားလိုက်ရသည်။ အစ်ကိုကြီး၏ကိုယ်က ဘာကြောင့် ခါတိုင်းထက် အေးစက်နေတာလဲ..။ ဒါပေမယ့် အစ်ကိုကြီး၏အသားကို ခုလိုမျက်နှာအပ်ကာ ရင်ခုန်သံကိုနားထောင်ရတာ ရှုနင်ရင်ထဲ နွေးထွေးလာသလို ခံစားလိုက်ရသည်။

ရှုနင် ခုလိုဖက်လိုက်ပြီး သူ့ရင်ဘတ်မှာမျက်နှာအပ်လိုက်တော့ ရှုဟိန်ကိုယ်က တောင့်တင်းသွားပြန်ပြီး ရင်ခုန်သံဆူညံကာ သွေးတွေပွက်ပွက်ဆူလာပြန်သည်။ သူ့မျက်နှာ ရဲလာပြန်လို့ သူအပိုင်သိမ်းထားချင်တဲ့ ရင်ခွင်ထဲက ကလေးကို စိတ်တင်းကာ လွှတ်ပေးလိုက်သည်။

ပြီးတော့ စားပွဲမှာ ဘာမှမဖြစ်သလို ဟန်ဆောင်ကာ ထိုင်ချပြီး စာအုပ်တစ်အုပ်ဆွဲယူကာ ဖတ်လိုက်ပေမယ့် စာရွက်ကို ထပ်ပြီးလှန်ခြင်းမရှိပေ။

ရှုနင်လည်း သက်ပြင်းရှိုက်လိုက်မိသည်။ ဒီကောင်လေး.. မင်းပဲဖက်ချင်တယ်ဆို.. ဘာကြောင့် အေးစက်စက်အရိပ်ငွေ့တွေ ထုတ်လွှတ်နေရတာလဲ.. မင်းကြောင့် ငါ့နှလုံးသားလေး တထိတ်ထိတ်ခုန်လို့ နှလုံးရောဂါရတော့မယ် သိရဲ့လား.. ငါ့ဆဲလ်တွေ ဘယ်လောက်တောင် အကြောက်လွန်ပြီး သေကုန်ပြီထင်လဲ..?

အရင်ဘဝက သေဆုံးခြင်းကို ရင်ဆိုင်ခဲ့ရသောသူဖြစ်သဖြင့် ရှုနင်က ဒီဘဝမှာ အရမ်းကိုဂရုစိုက်သည်။

သူဘယ်လိုမှ မယှဉ်နိုင်သောအစ်ကိုကြီးရှုဟိန်နှင့် အတိုက်အခံမဖြစ်အောင် အစွမ်းကုန်ကြိုးစားခဲ့သည်။ အစ်ကိုကြီးနှင့် တည့်အောင်နေပြီး သူ့ဘဝကို အေးချမ်းစွာပဲနေချင်သည်။ အစ်ကိုကြီးက မျက်လုံးများစွာရှိသဖြင့် သူမသိအောင် ဘာမှလုပ်လို့မရပေ။ အရင်ဘဝကတော့ ရှုနင်က ဒါကိုမသိဘဲ သူ့အစ်ကိုကြီးကို အသေဖဲ့ချင်တာပဲသိခဲ့သည်။

ငါ အစောပိုင်းက ရုတ်တရက်ကြီးပြောလိုက်လို့ ဒီကလေး ကြောက်သွားပြီလား..။

ရှုဟိန်က စာရွက်ကို တစ်ရွက်တောင်မလှန်ဘဲ ဟန်ဆောင်စာဖတ်ရင်း စဉ်းစားနေသည်။ ရှုနင်က ဖုန်းထဲကဂိမ်းကို မကစားတော့ဘဲ ငိုင်နေသည်။ ခဏကြာတော့ ရှုဟိန်က အိပ်ချိန်ရောက်ပြီဟု တွေးမိသည်။ သူ့လည်ချောင်းက ခြောက်သွေ့လာပြီး ဒီအချိန်လေးကိုပဲ သူစောင့်နေသည်ဟု ခံစားလိုက်မိသည်။ ဒီလိုတွေးမိပြီး သူ၏လည်ဇလုတ်က လှုပ်ရှားသွားပြီး တံတွေးမျိုချလိုက်သည်။

အစ်ကိုကြီးက ဒီကိုလျှောက်လာပြီ.. သူ ဘာလုပ်ချင်လို့လဲ..။

သူလန့်နေပေမယ့် ရှုဟိန်က အစ်ကိုကြီးအနေနဲ့ သူ့ညီလေးကို ဂရုစိုက်ဖို့ကြိုးစားနေသည်။

"ပင်ပန်းနေပြီလား.."

ငါ ပင်ပန်းနေတဲ့ပုံ ပေါက်နေလို့လား..။ ဒါပေမယ့် ရှုနင်က ကလန်ကဆန်မပြောဝံ့သောကြောင့် ခေါင်းညိတ်လိုက်သည်။ သူ့ကိုယ်လေးကို ရှုဟိန်က ဖက်လိုက်သည်။ ဘုရားရေ...... ရှုနင်၏လှပသောမျက်ဝန်းတစ်စုံက အံ့အားသင့်စွာ ပြူးကျယ်သွားပြီး နှလုံးသားက ခုန်ပေါက်လာခဲ့သည်။

"မင်း အိပ်ချင်ရင် အိပ်လိုက်.. အစ်ကိုကြီး ဘေးမှာရှိတယ်.."

အာ... ရှုနင်၏နှလုံးသားလေးထဲ ဝမ်းနည်းမှုတို့ လှိုက်တက်လာခဲ့ပြီး ရှုနင် စိတ်လှုပ်ရှားလာခဲ့သည်။ အရင်ဘဝက ရှုနင်ရဲ့ဘဝက မုန်တိုင်းထန်သည့်ကာလများချည်း ကြုံခဲ့ပြီး မိတ်ဆွေကောင်း တစ်ယောက်မှမရှိခဲ့ပေ။ သူ့မိခင်ကလည်း သူ့ကို ငရဲတွင်းကိုပဲ တွန်းချခဲ့သည်။ ယခုလို သူ့ကို မုန်တိုင်းကကာကွယ်ပေးမယ့် အရိပ်ဆိုလို့ မကြုံခဲ့ဖူးပေ။ ဒါကြောင့် ရှုဟိန် ခုလိုပြောလိုက်တာကြားရတော့ ရှုနင် ဝမ်းနည်းစိတ်တို့ လှိုက်တက်လာခြင်းဖြစ်သည်။

ဒီဦးလေးက မျက်ရည်ကျပြီး ငိုလို့မဖြစ်ဘူး..။ ယောက်ျားကောင်းဆိုတာ မျက်ရည်မကျရဘူး..။

"ဘာဖြစ်လို့လဲ.."

"ကျွန်တော် အရမ်းဝမ်းနည်းတယ်.."

ရှုနင်က ပြောလက်စကို ရပ်လိုက်သည်။ သူ့အစ်ကိုကြီးက သူရဲကောင်းလိုမျိုး ကာကွယ်ပေးချင်တယ်ဆိုရင် ရှုနင်က ဒီအခွင့်အရေးကို ဘယ်လိုမှ လက်လွတ်ခံမည်မဟုတ်ပေ။ ရှုနင်က ဒီလောက်ကောင်းသည့်အစ်ကိုကြီးကို ဘယ်နည်းနဲ့မှ လက်လွတ်မခံနိုင်ပေ။ မိသားစုဝင်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် နီးစပ်ရတယ်မလား..။

"အစ်ကိုကြီး ~~"

"........."

ရှုဟိန်က သူ့ရင်ခွင်ထဲက ကလေးကို တင်းတင်းဖက်လိုက်သည်။ ဒီကိုယ်လေးက အရမ်းပေါ့ပေမယ့် သူ့ရင်ထဲမှာ ထိုက်တောင်တန်းကြီးလို လေးလံလို့နေသည်။

ရှုဟိန်က ရှုနင်ကိုပွေ့ကာ အိပ်ခန်းထဲသယ်လာပြီး အိပ်ယာပေါ်ချလိုက်သည်။ သူက စောင်ကိုလှန်ကာ ရှုနင်ကိုချပေးပြီး စောင်ခြုံပေးလိုက်သည်။ ရှုဟိန်ထသွားမည်အပြု ရှုနင်က သူ့လည်ပင်းကိုသိုင်းဖက်ကာ ပန်းရောင်နှုတ်ခမ်းလေးပွင့်ဟကာ ပြောလိုက်သည်။

"အနာဂတ်မှာ.."

"ငါသိတယ်.."

သူတို့နှစ်ဦးကြားမှာ ထူးဆန်းသောနားလည်မှုဖြင့် နွေးထွေးမှုကို ခံစားလိုက်ရသည်။

"မသွားရဘူးလား.."

"အွန်း.."

ဒီဘဝမှာ ရွှေရောင်ပေါင်လုံးကြီးကို ရှုနင် တင်းအောင်ဖက်ထားရပေလိမ့်မည်။

ရှုဟိန်ပြုံးလိုက်တော့ နှုတ်ခမ်းဖျားနှစ်ခုက ကော့ညွတ်သွားပြီး သူ့မျက်နှာက အရမ်းကိုချောသွားစေခဲ့သည်။ ရှုနင်က မျက်တောင်မခတ်တမ်း ငေးကြည့်နေမိပြီး အိပ်မက်မက်နေသလို ခံစားလိုက်ရသည်။

"ကောင်းပြီ.. အစ်ကိုကြီး ဘေးမှာဖက်ထားပေမယ်.. အိပ်တော့.."

ရှုဟိန်သည် ကလေးလေးလိုပဲ ဘေးမှာလဲလျောင်းကာ မျက်နှာချင်းဆိုင်လိုက်သည်။ ဒီကလေးကို သူ့လက်မောင်းပေါ် ခေါင်းအုံးစေပြီး အလုံးစုံကို ကာကွယ်ပေးသလို သိမ်းဖက်ထားကာ လက်တစ်ဖက်က ကျောလေးကိုပုတ်ကာ ချော့သိပ်ပေးလိုက်သည်။

ရှုနင်သည် အစ်ကိုရင်း၏ရင်ခွင်ထဲနေရတာ အရမ်းနွေးထွေးကာ သက်တောင့်သက်သာရှိပေမယ့် ကလေးတစ်ယောက်လို ကျောလေးပုတ်ကာ ချော့သိပ်ခံရတာတော့ နည်းနည်းရှက်စရာကောင်းလှသည်။ ဒါကြောင့် သူက ခေါင်းလေးအသာမကာ အစ်ကိုကြီးကိုစိုက်ကြည့်ပြီး နှုတ်ဆက်လိုက်သည်။

"အစ်ကိုကြီး.. good night.."

"Good night.. ငါ့ရဲ့ရတနာလေး.."

ရှုနင်က မျက်လုံးမှိတ်ကာ ရင်းနှီးသောကိုယ်သင်းနံ့ကိုရှူကာ စိတ်သက်သာရာရစွာဖြင့် အိပ်မောကျသွားတော့သည်။

ရှုနင်အိပ်မောကျသွားသည်ကို ငေးကြည့်ရင်း ရှုဟိန်ရင်ထဲမှာ .. ငါ.. သူ့ကို နမ်းချင်တယ်.. ဆိုသည့်စိတ် ဝင်လာတော့သည်။

အသက်မှန်မှန်ရှူကာ ငြိမ်သက်စွာအိပ်မောကျနေသော နူးညံ့သောကလေးလေးကိုကြည့်ရင်း နမ်းချင်စိတ်တို့ ပိုပိုတိုးလာပြီး အသက်ရှူမဝသလို ဖြစ်လာသဖြင့် တံတွေးမျိုချလိုက်မိသည်။

ဒါ.. မကောင်းပါဘူးလေ..။ ဒါပေမယ့် နည်းနည်းလေး.. ခဏလေး နမ်းလိုက်ရင်တော့ ရတယ်မဟုတ်လား..။ ရှုဟိန်က အသက်အောင့်ကာ ရှုနင်၏မျက်နှာနားကို တဖြည်းဖြည်းတိုးလာခဲ့သည်။ လက်မအနည်းငယ်သာ ကွာသောအကွာအဝေးက သူ့အတွက် တစ်ကမ္ဘာလောက်ကြာသလို ထင်ရသည်။ ဒါပေမယ့် ရှုဟိန်၏မျက်နှာ နီးကပ်သွားစဉ် အသက်ရှူထုတ်လိုက်မိသဖြင့် ရှုနင်က မျက်လုံးယားသွားကာ အိပ်နေရင်း လက်လေးနှင့်ပွတ်ကာ တစ်ဖက်ကိုလှည့်သွားတော့သည်။ ရှုဟိန်ခမျာ.. နမ်းရခါနီးမှ ကျောပေးခံလိုက်ရသောအခါ... (-_-)

တစ်ညလုံး ရှုဟိန်မှာ အိပ်ယာထက်မှာလူးလှိမ့်ကာ အိပ်မပျော်ဘဲရှိနေစဉ် အရုဏ်တက်သည်နှင့် အိပ်ယာမှထကာ ခြံကိုပတ်ပြီး အပြေးလေ့ကျင့်ဖို့ ထွက်လာခဲ့သည်။ ဘိုးဘွားပိုင်ခြံဝင်းကြီးက အတော်လေးကိုကျယ်သဖြင့် ရှုဟိန် ကောင်းကောင်းပတ်ပြေးလို့ရသည်။ သူ့ကိုယ်ထဲက အောင်းနေသည့်ချစ်စိတ်များကို ပေါက်ကွဲထွက်မသွားခင် ပြင်းထန်သောအားကစားကိုလုပ်ပြီး ဖွင့်ထုတ်နေရသည်။ ဘိုးဘွားပိုင်အိမ်မကြီး၊ ဝန်ထမ်းအိမ်ယာနှင့် ဖန်လုံအိမ်စိုက်ခင်းကလွဲရင် ကျန်သည့်နေရာအားလုံး သစ်ပင်ကြီးများဖြင့် ဝန်းရံထားပြီး ၂မီတာအမြင့်နံရံကြီးများဖြင့် ပတ်ပတ်လည်မှ ကာရံထားသည့်။ နံရံ၏ဒီဇိုင်းက အရမ်းကိုလှပပြီး ရှုဟိန်က ဒီနံရံဘေးက လျှို့ဝှက်တံခါးတစ်ချပ်ကိုဆွဲဖွင့်ကာ တစ်ဖက်ခြံဝင်းဘက်ကို ကူးလိုက်သည်။ နံရံ၏တစ်ဖက်ခြမ်းက ဘိုးဘွားပိုင်အိမ်ကြီး၏ တစိတ်တပိုင်းဖြစ်ပြီး ရှုဟိန်ပိုင်သည့် villa တစ်လုံးရှိသည်။ ဒီနေရာကနေ နိုင်ငံခြားတိုင်းပြည်များမှ သူ့စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲသည်။ သူက နေ့တိုင်း ကျောင်ကနေပြန်လာသည်နှင့် ညနေပိုင်း ဒီ villa ထဲရှိ အလုပ်ရုံးခန်းမှာ သူ့ကိုယ်ပိုင်လုပ်ငန်းကို ဦးစီးလေ့ရှိသည်။ သူဘယ်လိုတောင် လုပ်နိုင်စွမ်းရှိသလဲ..။ ဒီလျှို့ဝှက်ချက်က ဒီအိမ်ထဲမှာပဲရှိသည်။

ရှုဟိန်က ဒီ villa ကို ကိုယ်တိုင်ဒီဇိုင်းဆွဲချင်ပေမယ့် ရှုကောင်းနှင့် ရှုချိန်က အန္တရာယ်ရှိမည်စိုးသောကြောင့် သဘောမတူပေ။ ရှုဟိန်ငယ်စဉ်က ပြန်ပေးဆွဲခံရသောကြောင့် ဒီဖြစ်ရပ်က အဖေနှင့်အဖိုး၏ရင်ထဲ စွဲလို့နေသည်။ ဒါကြောင့် ရှုဟိန်၏ဘေးတွင် လျှို့ဝှက်ကိုယ်ရံတော်များ မပြတ်ခန့်ထားပေးသလို ဒီလျှို့ဝှက်နေရာကိုလည်း ဘယ်သူ့ကိုမှ အသိမပေးကြပေ။ ရှုနင်နှင့် ချင်ယွိကျိုးပင် ဒီနံရံနောက်မှာ villa ရှိတာ မသိကြပေ။

နောက် ၃နာရီကြာတော့ ရှုနင် နိုးလာလေပြီ။ ရှုချိန်နှင့်ချင်ယွိကျိုးလည်း သူ့ဆီမလာသဖြင့် ရှုနင်က အောက်ထပ်ကို မနက်စာဆင်းစားဖို့ ပျင်းသဖြင့် ဝန်ထမ်းကို အခန်းထဲ မနက်စာယူလာစေသည်။ ရှုနင်က ဟင်းရည်ကို တစ်ငုံပဲသောက်ရသေးသည်၊ ရှုဟိန်က အခန်းထဲဝင်လာခဲ့သည်။ သူက အဖြူရောင်အားကစားဝတ်စုံ ဝတ်ထားပြီး ခါတိုင်းလို အေးစက်သည့်ပုံစံနှင့် ကွာခြားလျက်ရှိသည်။ ရှုဟိန်သည် မက်ဆေ့ရသည်နှင့် လုပ်လက်စအလုပ်ကိုပစ်ချကာ ပြန်ပြေးလာခဲ့ခြင်းဖြစ်သည်။

"အစ်ကိုကြီး.. good morning ပါ.."

"ငါ ရေအရင်ချိုးလိုက်ဦးမယ်.. ပြီးမှ အတူစားကြတာပေါ့.."

မစောတော့ပြီဖြစ်လို့ ရှုဟိန်က ပြောလိုက်သည်။

"ကောင်းပါပြီ.."

ရှုနင်က ဇွန်းကိုချလိုက်ပေမယ့် မွှေးပျံ့သောစွပ်ပြုတ်နံ့က နှာခေါင်းဝမှာ လာချူလို့နေသည်။ ရှုဟိန်က ရေချိုးခန်းထဲဝင်သွားပြီ..၊ ငါ တစ်ဇွန်းလောက်သောက်လိုက်ရင်......

"ဇွန်းကိုချလိုက်.."

သေစမ်း.. ရုတ်တရက် ရေချိုးခန်းဘက်ကထွက်လာသည့် စကားကြောင့် သူ လန့်လို့သေတော့မည်။ ရှုနင်သည် ခိုးစားမလို့လုပ်စဉ် အမိခံလိုက်ရသောကြောင့် မျက်နှာမည်းမှောင်သွားသည်။ သူ ဟင်းရည်ဇွန်းကိုချလိုက်စဉ် အိမ်ဝန်ထမ်းက ထမင်းဟင်းများသယ်လာသည်။ ပမာဏက ရှုနင်၏ဟာထက် များစွာပိုသည်။
နောက် 10 မိနစ်ကြာတော့ ရှုဟိန်က တဘတ်ကြီးနှင့် ခါးအောက်ပိုင်းကိုပတ်ကာ ထွက်လာခဲ့သည်။ ဒါကိုမြင်တော့ ရှုနင် စိတ်ဓာတ်ကျသွားသည်။

ဟယ်လို.. ဒါက ကျွန်တော့်အခန်းနော်.. အစ်ကိုကြီးရေချိုးချင်ရင် ကိုယ့်အခန်းကိုယ်ပြန်ချိုးပါ.. ကျေးဇူးတင်ပါတယ်..။

ဒီလူငယ်က ရှည်သွယ်သောခြေတံ၊ ကျယ်ပြန့်သောပုခုံး၊ တောင့်တင်းသောလက်မောင်းနှင့် ဝမ်းဗိုက်မှာကြွက်သား ၈ ခုရှိနေသည်။ ရေစက်တွေက ရှုဟိန်ကိုယ်ပေါ်က စီးကျလာသည်ကို ရှုနင် ငေးကြည့်ရင်း စိတ်ဓာတ်ကျသွားသည်။ နတ်ဘုရား ရှုဟိန်က ပြောစရာမလိုအောင် ပြီးပြည့်စုံလွန်းလှသည်။ ဒါပေမယ့် စောင့်နေပါ.. သူလည်း မကြာခင် အရွယ်ရောက်လာမှာပါနော်..။ သူ့အရပ်လည်းရှည်လာပြီး ကြွက်သားလည်း ရှိသင့်သလောက် ရှိလာမှာပေါ့။ ဒါကြောင့် ခုလို ကလေးဘဝမှာ ကြိုက်သလောက်ဖက်ထားလိုက်.. နောင်ဆို သူ့ကို ဖက်လို့မရလောက်တော့ဘူး..။

"မင်း.. ဇွန်း တစ်ခုခုမှားမနေဘူးလား.."

အမ်.. ရှုနင်က ရိုးသားသည့်မျက်ဝန်းကြီးများနှင့် စွပ်ပြုတ်ကိုသောက်မလို့ခပ်ရင်း လှမ်းကြည့်လိုက်သည်။

"မအေးကုန်ဘူးလား.."

ရှုဟိန်က ရှုနင်၏ပန်းကန်ကို လက်နှင့်စမ်းကြည့်တော့ နွေးနွေးလေးရှိနေပေမယ့် ခပ်တည်တည်နှင့်ပြောလိုက်သည်။

"ဒီဟာက အေးနေပြီ.. အစ်ကိုကြီးပန်းကန်ထဲက စားလိုက်.."

ရှုနင်က ဒီစကားကိုကြားတော့ စိတ်ရှုပ်ထွေးသွားပြီး ရှုဟိန်၏ပန်းကန်ကို စိုက်ကြည့်လိုက်သည်။ အရင်ဘဝမှာ အစ်ကိုကြီးက သူ့ပန်းကန်ကို ဘယ်သူနှင့်မှ ခုလိုမျှဝေပေးတာ မရှိဖူးပေ။ သူ့ပန်းကန်ထဲကနေ စားလိုက်လို့ ပြောလိုက်တာလား..။ သူ နားကြားမှားသွားတာလား..။

ဟုတ်မှာပါ.. ဒီလိုတွေးပြီး ရှုနင်က ပန်းကန်ပြားလေးကိုရှာဖို့ ဟိုဟိုသည်သည်ကြည့်လိုက်တော့ ရှုဟိန်က ထွေထွေထူးထူးမစဉ်းစားဘဲ သူ့ပန်းကန်ကိုတိုးပေးလိုက်သည်။ သူက ထမင်းမျှပေးမယ်လို့ပြောတာမဟုတ်ပေ။ သူ့ပန်းကန်ထဲကနေ အတူစားခိုင်းခြင်းသာဖြစ်သည်။

အရင်ဘဝက ရှုဟိန် ဒီလိုမျိုး တစ်ပန်းကန်ထဲမျှကာ စားစေတာမျိုး မရှိဖူးပေ။ သူက အိမ်ဖော်ကို ပန်းကန်တစ်လုံးယူခိုင်းလို့ရလျက် ခုလိုတိုးပေးတော့ ရှုနင်က တိတ်ဆိတ်စွာဖြင့် အစ်ကိုကြီးပန်းကန်ထဲကထမင်းကို နှိုက်ကာ တစ်ဇွန်းစားလိုက်သည်။ ရှုဟိန်လည်း တိတ်ဆိတ်စွာစားသောက်လို့နေသည်။ သူတစ်ဇွန်း၊ ငါတစ်ဇွန်းစားရင်း တခါတလေ ဇွန်းချင်းလာဆုံမိလျှင် ရှုနင်ကိုကြည့်လိုက်တော့ သူ့ညီလေးမျက်နှာထက်က အပြုံးကိုတွေ့တော့ ရှုဟိန်ရင်ထဲ ချမ်းမြေ့သွားတော့သည်။ သူတို့နှစ်ဦးပေါ် နေရောင်ဖြာကျနေပြီး အရိပ်တွေက တထပ်တည်းဖြစ်နေသည်။

၉ နာရီထိုးတော့ အိမ်တော်ထိန်းက စာပို့ကာ ကျူရှင်ဆရာရောက်ပြီဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။ ရှုဟိန်က ရှုနင်ကိုကြည့်လိုက်သည်။

"အစ်ကိုကြီး.. ဒီနေ့ အလုပ်သွားရမှာလား.."

"အင်း.. စားလို့ပြီးပြီလား.. နောက်ထပ် နှစ်လုတ်လောက်ထပ်စားလိုက်ဦး.."

"ကျွန်တော် ဗိုက်ပြည့်နေပြီ.."

ရှုဟိန်က ရှုနင်၏ဗိုက်ကို သဘာဝကျကျထိကာ စမ်းကြည့်လိုက်တော့ ရှုနင် လန့်သွားပေမယ့် ဘာမှမပြောလိုက်ပေ။

"လိမ်မာတယ်.. မင်းက ပိန်လွန်းတော့ နောက်ထပ်နှစ်လုတ် ထပ်စားလိုက်ဦး.. ဟုတ်ပြီလား.."

=========================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now