Chapter (71-1) _ ငါတို့နှစ်ယောက်ကြားမှာ လျှို့ဝှက်ချက်ဆိုတာ မရှိဘူး (Z+U)

18.5K 2.6K 88
                                    

Chapter (71-1) _ ငါတို့နှစ်ယောက်ကြားမှာ လျှို့ဝှက်ချက်ဆိုတာ မရှိဘူး (Z+U)

သူတို့၏မျက်လုံး ၂စုံက မမှိတ်မသုန် စိုက်ကြည့်နေကြသည်။

ရှုဟိန်တွေးနေတာက - ဘယ်တော့များမှ သူ ငါ့ ခံစားချက်ကို နားလည်မှာလဲ။

ရှုနင် တွေးနေတောက - အကိုကြီးလိုလူကို ငါ့ရည်းစားတော်ချင်လိုက်တာ။ သေသွားမယ်ဆိုရင်တောင် ငါ နောင်တရနေမှာ မဟုတ်ဘူး။

နေဦး.... အကိုကြီးကိုယ်က အရမ်း ငြင်ငြင်သာသာ ငါ့ပေါ်ကို မိုးကျလာတယ်။ သူ ငါ့နူတ်ခမ်းကို နမ်းချင်နေတာလား။ (⊙ o ⊙) ရှုနင်ရဲ့ စိတ်ထဲမှာရှုပ်ထွေးနေပြီး သူ့ယုတ္တိဗေဒတွေက သူ့နှလုံးသားနဲ့ ဆန့်ကျင်နေတယ်။ ဒါပေမယ့် ...... ငါ လိုချင်တယ်! အိုး ငါ...ဘာလုပ်ရမလဲ?

ဒုတ်ဒုတ်...ဒုတ်ဒုတ်...ဒုတ်ဒုတ်...ဒုတ်ဒုတ်....

အိုး......မဟုတ်သေးဘူး။ အရာအားလုံးပြည့်စုံတဲ့ ငါ့အကိုကြီးကို ငါချစ်မိသွားရင် နောင်အနာဂါတ်မှာ ငါ ဘယ်သူ့ကိုမှ လက်ထပ်နိုင်တော့မှာ မဟုတ်ဘူး!

ရှုနင်ဟာစိတ်ပျက်နေပြီး လွန်ခဲ့တဲ့ညက အရက်မသောက်ခင် အချိန်ကို သတိရနေတုန်းပဲ။ သူ့အစ်ကိုကြီးရဲ့ အလိုကို လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

ပျော့ပျောင်းသော အထိတွေ့ အာရုံက အမှန်တကယ် အံ့သြစရာကောင်းပြီး၊ လူကို ယစ်မူးစေတယ်။ နူးညံ့တယ်။ ကဗျာဆန်တယ်။ နူတ်ခမ်းချင်းအတွေ့မှာ လျှပ်စီးကြောင်းလေးတွေ ဖြာထွက်လာသလို ခံစားရတယ်။

ဒါပေမယ့် ရှုဟိန်က ကန့်သတ်ချက်တွေကို သိတယ်၊ ပြီးတော့ ကလေးလေးကအတော်လေးစွမ်းအင်ပြည့်ဝပြီး သူနမ်းတာကို မုန်းပုံမရဘူး၊ ဒါကြောင့် သူ့ကိုနောက်ထပ် အနမ်းအနည်းငယ်ပေးပြီး နူတ်ခမ်းချင်း ခွဲလိုက်တယ်။

ရှုနင် သက်ပြင်းချလိုက်သည်။

ရှုဟိန်ကတော့ ဒီလိုပဲတွေးနေခဲ့တယ်။ ရှုဟိန်က သူ့ညီလေးရဲ့စကားအသုံးအနှုန်း၊ အမူယာကိုလေ့လာနေပြီး သူ့ညီလေးရဲ့စိတ်ကို ခွဲခြမ်းစိတ်ဖြာနေတယ်။ သူ့ညီလေးက မကြိုက်တာ မဟုတ်ဘူး၊၊ ဒါပေမယ့် သူက တခုခုကို စိတ်ပူနေပုံရတယ်၊ ဘာကို စိတ်ပူတာလဲ။ Sex လား? အသက်ငယ်သေးလို့လား။ မိသားစုကို စိတ်ပူနေတာလား။ ဘယ်လိုစိုးရိမ်မှုမျိုးကိုမှ သူ့ညီလေးဆီမှာ မဖြစ်တည်စေချင်ပေ။

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now