Chapter (99)_🔞ဟိုတယ်မှာ pa pa pa

37.1K 2.4K 153
                                    

Chapter (99)_ ဟိုတယ်မှာ pa pa pa

 

"ဘိုးဘွားပိုင်အိမ်ကြီးကိုလည်း အဖေပိုင်တယ်။ ဒီကုမ္ပဏီကိုလည်း အဖေပိုင်ဆိုင်တယ်။ သူပိုင်တဲ့နေရာတွေချည်းပဲ။ ဒါကြောင့် ဒီနေရာမှာ လုပ်တာက ဘာဖြစ်လို့လဲ... ?"

အလွန်သေးငယ်သော ချစ်စဖွယ် ကလေးလေးက စကားမပြောဝံ့တော့ပေမယ့် တုန်တုန်ယင်ယင်နှင့် ထရပ်ပြီး အားတင်းကာ ပြောလိုက်သေးသည်။

 "အကိုကြီးက တကယ် အဓိပ္ပါယ်မရှိဘူး"

"ဒါဆို အကြောင်းပြက ဘာလဲ"

" ဒါကအဖေရဲ့အိပ်ရာဖြစ်လို့ ကျွန်တော်တို့ဒီပေါ် မအိပ်သင့်ဘူး"

တကယ်တော့ ဒီအိပ်ယာပေါ်မှာ သူ့အဖေနဲ့ ချင်ယွိကျိုးတို့ လူးလိမ့်ခဲ့ဖူးလိမ့်မည်။ ဒါကြောင့် ရှုနင်က ဒီအိပ်ယာထက်မှာ သူချစ်တဲ့အကိုကြီးနဲ့လူးလိမ့်ဖို့ မသင့်တော်ဘူးလို့ ခံစားနေရလို့ အတင်းငြင်းနေတာဖြစ်သည်။


"ဒါကြောင့် အခြား ဘယ်နေရာမှာမဆို  အဆင်ပြေ လား?"

"...... " ဟမ်? သူက  ငါ့ကို ကျုံးသွင်းနေတယ်လို့ ငါ ဘာကြောင့်ခံစားနေရသလဲ။
 ပြီးတော့ ကွန်ဒုံးဝတ်ပြီးတော့လည်း သူ လုပ်ချင်သလား။ ဘုရားရေ၊ ငါ့ရဲ့အစ်ကိုကြီး ရူးသွားပြီလား။ ရှုနင် အလွန်အံ့အားသင့်သွားသည်။ နတ်ဘုရားအကိုကြီးက ရုံးခန်းကြီးမှာ သူ့ကို တကယ် လုပ်ချင်နေတာလား......

"ကောင်းပြီ"

ရှုဟိန်က ရှုနင်ဆီက ကတိရလိုက်တာနှင့် ရှုနင်ကို ပွေ့ချီလိုက်ပြီး နံရံတွင်  ဖိကပ်လိုက်သည်။

ရှုနင်....  ( ⊙ o ⊙ )
ဒါက ဘာလဲ၊ သူ့ ဦး နှောက်ဟာ ဆင်ခြင်တုံတရား တကယ်ကြီးကို အားနည်းလာတာလား။

 " အစ်ကိုကြီး ~ဘာလုပ်ဖို့ကြိုးစားနေတာလဲ"

"မင်းက အဖေရဲ့အိပ်ရာမဟုတ်ဘူးဆိုရင် ဘယ်နေရာဖြစ်ဖြစ် ရတယ်ဆို။   "

အဲ့ဒီလိုမျိုး ငါက ပြောခဲ့လို့လား။ ရှုနင်ရဲ့ ယုတ္တိဗေဒအားလုံးက ရှုဟိန်နဲ့တွေ့ချိန် လုံးလုံး အလုပ်မလုပ်တော့အောင် ထုံထိုင်းသွားရတော့သည်။

 ရှုနင်၏မျက်လုံးများသည် ပြူးကျယ်နေပြီး ကြီးမားပြီးဝိုင်းစက်သည့် မျက်ဝန်းလေးက သူ့ကို အလန့်တကြားမော့ကြည့်ကာ ပါးစပ်လေး ပွင့်ဟနေပုံက အရမ်းချစ်စရာကောင်းလှသည်။ ရှုဟိန်က ဘယ်လိုမှ တောင့်မခံနိုင်တော့ပဲ နင်နင်ကို ပွေ့ချီကာ နံရံကို ဖိကပ်ကာ နူတ်ခမ်းသေးသေးလေးကို မြတ်နိုးစွာ စုပ်ယူနမ်းရှိုက်လိုက်တော့သည်။


ရှုဟိန်က အရပ်မြင့်မားကာ စိးမိုးနေသဖြင့် နင်နင်ကို အလွယ်တကူ ဖိအားပေးကာ နမ်းရှိုက်နိုင်ခဲ့သည်။ ရှုနင်ရဲ့ ခြေထောက်တွေက ကြမ်းပြင်နဲ့လွတ်နေလို့ ရှုနင်က အလန့်တကြားလေး သူ့အကိုကြီးကို တင်းတင်းဖက်ထားလိုက်မိသည်။
 သူရဲ့နှလုံးသားလေးဟာလည်း တုံ့ဆိုင်းသွားသလို ခံစားလိုက်ရတယ်။ မတော်လို့ ပြုတက်ကျမှာကို ရှုနင် ကကြောက်နေတာပေါ့။

သို့သော်ရှုဟိန်က ရှုနင်ကို အမြဲ အတင်းအကျပ် လုပ်ကာ ခြောက်လှန့်နေတာ ချည်းတော့ မဟုတ်ပေ။

ရှုဟိန်ရဲ့နည်းဗျူဟာက မင်းကို အနည်းငယ် ခြောက်လှန့်ပြီး ကျန်တစ်နေ့တာလုံးကို ပိုမို ကောင်းမွန်အောင် အလိုလိုက် အကြိုက်ဆောင် ပေးမည် ဖြစ်သည်။ ဒီလိုဆိုရင် ရှုနင်က တဖြည်းဖြည်းနဲ့ သူလိုချင်တာအားလုံးကို  သဘောတူခဲ့သည်။

ရှုဟိန်က ရှုနင်၏နှုတ်ခမ်းငယ်လေးများ ယောင်ယမ်းလာသည်အထိ နမ်းခဲ့သည်။ သူသည် အကိုကြီးစားဖို့ ဖက်ထုပ်လာပို့ပေမယ့် ဘာကြောင့် အကိုကြီးစားဖို့ အသားအဖြစ် သူ့ကိုယ်ကိုယ် ပေးအပ်နေမိတာလဲ.....
 
 မယုံနိုင်စရာပဲ၊ သူ ရယ်သင့်လား၊ ငိုသင့်လားဆိုတာ မသိဘူး။  တကယ်စဉ်းစားကြည့်ရင်  သူ့အဖေ၏ရုံးခန်းထဲတွင် ပြင်းပြင်းပြပြ နမ်းခြင်း၊ အကြိမ်ပေါင်းများစွာ လုပ်ခြင်းတို့သည် အရမ်းကို စိတ်လှုပ်ရှားစရာကောင်းလှသည်။ ဘယ်အချိန် လူဝင်လာမလဲ ဆိုတဲ့ မလုံခြုံတဲ့ စိတ်အခြေနေမှာ သူတို့နှစ်ယောက်လုံးရဲ့စိတ်တွေက ပိုလှုပ်ရှားထကြွလို့နေသည်။

ရှုဟိန်က နင်နင်ရဲ့  မေးစေ့ကို  တင်းတင်း ကျပ်ကျပ် ဖိအားပေးပြီး လျှာဖြင့် အာခံတွင်းထဲ တိုးဝင်ကာ အကုန်မွှေနှောက်စူးစမ်းကာ လျှာလေးကို စုပ်ယူလိုက်သည်။ လျှာနှစ်ချောင်း ရစ်ပတ်ကာ နှစ်ယောက်လုံးဆီမှာ ထူးကဲတဲ့  ခံစားချက်ဖြစ်ပေါ်စေသည်အထိ လုပ်ခဲ့သည်။ ရှုနင်က  အဲ့လို နမ်းတာကို အလွန်နှစ်သက်သည်။

သွားရမယ့် အချိန်ဖြစ်ပေမယ့် ရှုဟိန်က ရှုနင်ကို ပြန်ခွင့်မပြုဘူး၊ သူ့ဖေဖေ အိပ်ရာပေါ်မှာ လဲနေခိုင်းလိုက်တယ်။ ဒါပေမယ့် ရှုနင်က  လုံးဝ အိပ်မှာ မဟုတ်လို့ ရှုဟိန်က ရှုနင်ကို ဟိုတယ်ကို ပို့ကာ နားခိုင်းလိုက်တယ်။ ဒါမှ ညနေ သူ အလုပ်က ပြန်လာရင် ဟိုတယ်ကို လာပြီး နင်နင်နဲ့ စိတ်ကြိုက်ပျော်လို့ရမယ် မဟုတ်လား။ သူတို့ဆီမှာ အိမ်ရှိပေမယ့် အိမ်ကို မပြန်ခိုင်းပဲ ဟိုတယ်ကိုသွားခိုင်းနေတဲ့ အကိုကြီးရဲ့ အတွေးကို နင်နင် လိုက်မမှီတော့ပေ။

  သူ့အစ်ကိုကြီးက ဒါကို အလေးအနက်ပြောနေ ခဲ့တယ်။ ဒါကြောင့် ရှုနင်ဟာ အိမ်မပြန်တော့ပဲ ဟိုတယ်ကို ကိုယ်ရံတော်တွေနဲ့ ထွက်လာခဲ့တယ်။ အကိုကြီး အလုပ်ပြီးလို့ အမြန်ဆုံးလိုက်လာဖို့နဲ့ ဟိုတယ်မှာသူတို့  တစ်ခုခု လုပ်နိုင်ဖို့  မျှော်လင့်နေတယ်၊ ပြီးတော့ သူ့အကိုကြိးရဲ့ အကြည့်အောက်မှာ သူက ရုံးကနေ တုန့်ဆိုင်းစွာ ထွက်လာခဲ့တယ်။

ရှုဟိန်က ရှုနင်၏စိတ်နှလုံးထဲတွင် မငြိမ်မသက်ဖြစ် နေသော ခံစားချက်ကို ခံစားခဲ့ရသည်။ အကယ်၍ ရှုနင်ကို သူ၏စိတ်နှလုံးထဲထိ မထည့်ထားမိရင် သူက ဒီမှာ အတင်းနေဖို့  အတိအကျကြိုးစားမိလိမ့်မည်။

ပြသနာက အိပ်ရာ မဟုတ်ဘဲ အိပ်ယာထဲမှာ အိပ်ခဲ့သူတွေဖြစ်သည်။ ရှုဟိန်က  ကြိုးစားရှာဖွေခဲ့လို့ ရှုနင်က သူ့အဖေကို ပိုဂရုစိုက်ပြီး  သူ့အမေကိုရွံမုန်းတာကို သူ ကောင်းကောင်း သိလိုက်သည်။ချင်ယွိကျိုးက ပြန်လာကတည်းက မဟုတ်တာ လုပ်ဖို့ အခွင့်အလမ်းမရခဲ့ဘူးဆို ရင် တောင်မှ သူ့မွေးစားအဖေရဲ့ စရိုက်အရ မကြာခင် ချင်ယွိကျိုးက အယုံသွင်းကာ အဖေ့ ယုံကြည်မှုကို ပြန်ရအောင် လုပ်နိုင်လိမ့်မည်ကို ရှုဟိန် သိနေသည်။

ရှုဟိန်ကတော့ ဒီကိစ္စကို စိတ်မ ၀ င်စားခဲ့ပေမယ့် ရှုနင်ကတော့ ဒါ မုန်တိုင်းမဝင်ခင်ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေခဲ့တယ်၊ အတွင်းပိုင်း ဖုန်းလိုင်းကနေ ဖုန်းဆက်ပြီး သူ့လက်ထောက်ကိုလာဖို့ ခေါ်လိုက်တယ်။

သူ့ကိုယ်ရေးလက်ထောက် ဝမ်ဂျင်က နာရီဝက်အတွင်း ရုံးခန်းကို ပြင်ဆင်ဖို့ လုပ်ဆောင်ခဲ့သည်။ ရှုဟိန်က အစည်းဝေးတက်နေစဉ် ဝမ်ဂျင်းက သူ့အထက်အရာရှိ လိုချင်တာ အကုန် ထိရောက်စွာ စီစဉ်ပြီးနိုင်ခဲ့သည်။

သူဟာ တကယ့်ကိုအံ့သြစရာပဲ။့ရိုးရှင်းစွာတွေးပြီး ပြတ်သားတဲ့ အမိန့်ကို သွက်လက်စွာ ပေးခဲ့တယ်။ လုပ်ငန်းထဲမှာ အလုပ်ကို မလုပ်ပဲ အခွင့်ရေးယူ၊ လစာယူနေတဲ့လူအိုတွေကိုရှင်းထုတ်ပစ်လိုက်တယ်။ အဲ့ဒီနေရာမှာ တော်တဲ့၊ ထက်တဲ့ တကယ် ကြိုးစားသူ တွေနဲ့ ချက်ချင်းအစားထိုး ပစ်လိုက်တယ်။ ဒီလူဟောင်းတွေက ရှုချိန် အားကိုးနဲ့ ဆက်နေနိုင်မယ် ထင်ပေမယ့် ကံဆိုးပြီး ရှုဟိန်က လုပ်ငန်းကိုပဲ လာပြီး နေ့တိုင်း ဆုံးဖြတ်ချနေတာဆိုတာ သူတို့လည်း မတတ်နိုင်တော့ပေ။ အလုပ်ပြုတ်ခံမလား၊ အလုပ် ကြိုးစား မလား တခုပဲ ဆုံးဖြတ်ရုံသာရှိတော့သည်။

ရှုဟိန်ရဲ့လက်အောက်မှာ အလုပ်ကို ခိုကပ်လို့မရမယ့်အတူတူ ပင်စင်ယူလိုက်ပြီး ငယ်ရွယ်သူကို သူတို့ရာထူး လွှဲပေးလိုက်တာ ပိုကောင်းမည်ဟု တွေးနေကြသည်။


ရှုဟိန် ဥက္ကဌ ဖြစ်လာပြီးနောက် မန်နေဂျာနေရာမျိုးကို   အလုပ်မရှိဘဲ ငွေရရှိရန် ခွင့်ပြုထားခြင်းမရှိ သောကြောင့် အကြံဖန် ငွေမရရှိဘဲ  ထိုအလုပ်များကို သူတို့က လက်အောက်ငယ်သားများအနေဖြင့်သာ လုပ်ရတော့မည် ဖြစ်သည်။   ပုံမှန်အားဖြင့် ရှုမျိုးနွယ်တွေ အတွက် သူတို့က  အလုပ်လုပ် ပြီးနောက် သူတို့ရရှိသော အကျိုးကျေးဇူးများသည် အနည်းငယ်သာဖြစ်လိမ့်မည်။ သူတို့ အသက် အရွယ်ကြီးရင့်လာသည်နှင့်အမျှ  နောက်ပေါက်လူငယ် ရှုဟိန်ကို အမှန်တကယ် အမီလိုက်နိုင်ခြင်း မရှိသောကြောင့် အနားယူဖို့ပဲ ဆုံးဖြတ်လိုက်ကြသည်။

၀ မ်ဂျင် ရုံးမှထွက်သွားပြီးနောက် သူသည် ချင်ယွိကျိုး လက်အောက်ရှိသူများကို တရားရုံးတွင်တွေ့ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှု စတင်ခဲ့သည်။ တကယ်လို့များ ရှုပ်ထွေးမှု မဖြစ်သေးတဲ့သူတွေရှိရင် သူတို့က ချင်ယွိကျိုးနဲ့ သက်ဆိုင်တဲ့ အထောက်အထားအားလုံးကိုယူပြီး ချင်ယွိကျိုးနှင့် ပ ူးပေါင်းထားသော လူများကို နူတ်ထွက်ဖို့ အတင်းအကျပ် လုပ်ရလိမ့်မယ်။ ထွက်မသွားဘူးလား။ ရတယ်... လုပ်ငန်းခွင်ထဲမှာ အမှားကျူးလွန်အောင် လုပ်ပြီ းတခါတည်း ကန်ထုတ်ပေးလိုက်မည်။

ချင်ယွိကျိုးလက်အောက်က လုပ်ခဲ့ဖူးပြီး သူမ နှင့် မရင်းနှီးသောဆက်ဆံရေးရှိသူများကိုပင် ပင်မ ရုံးချုပ်မှာ မထားပဲ ကုမ္ပဏီခွဲများသို့ပို့ရမည်။

ရှုဟိန်က အလျှော့ပေးလိုက်လျောမှု မရှိသလောက်ပါပဲ၊ ဘယ်သူ့ကိုမှ အသက်ရှူရှိုက်ဖို့ အခွင့်ရေးမပေးဘူး။ သူ့လုပ်ရပ်တွေက လုံးဝကြင်နာမှုမရှိသောကြောင့် သူတို့အားလုံးသည် ရှုဟိန်ကို မကြာခင် ဒါရိုက်တာ အဖွဲ့က ကန်ထုတ်တာ ခံရတော့မည်ဟု မျှော်လင့်နေကြသည်။

 ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေက အရူးမှ မဟုတ်ပဲ။ မဟုတ်တာလုပ်တဲ့ ရှုမိသားဝင်များပင် ရုံးချုပ်က ကန်ထုတ်ခံရမှတော့ သူတို့လည်း မလှုပ်ဝံ့တော့ပေ။ မကြာခင် အတင်းအဖျင်းတွေ ပျောက်ကွယ် သွားကြပြီး ကိုယ့်နေရာတည်မြဲဖို့ အလုပ်ကို ကြိုးကြိုး စားစားလုပ်ကြတော့သည်။ တကယ် အလုပ်ကြိုးစား သူများအတွက် ဘောနပ်စ်တွေက စောင့်ကြိုနေတယ် မဟုတ်လား။

 
ညနေခင်းတွင် ရှုဟိန်သည် နင်နင်ရှိနေသည့် ဟိုတယ်ကို ရောက်လာပြီး လက်ထဲတွင်  လှပစွာ ဖဲကြိုးနှင့် ရစ်ပတ်ထားသည့် သေတ္တာလေးကိုတောင် ကိုင်ထားသည်။ ရှုနင်က အရမ်းကို သိလိုစိတ်ဖြင့် မေးလိုက်သည်။

  " အဲ့ဒါ ကျွန်တော့် အတွက်လား"

"ဒီမှာ အခြားလူ ရှိလို့လား "

ရှုနင်က ရှုဟိန်ကို လှမ်းကြည့်လိုက်ပြီး ဆိုဖာပေါ်မှာပျော်ပျော်ရွှင်ရွှင်ပြန်ထိုင်ကာ ပျော်ရွှင်စွာ ဖွင့်ကြည့်လိုက်တော့ ...... သူ၏မျက်နှာပေါ်တွင် အနက်ရောင်လိုင်းများဖြင့် ဖုံးသွားသည်။

ထိုဘူးထဲကနေ သူ ထုတ်ယူလိုက်မိသည့်အရာက ဆွဲသား အမျိုးသားဝတ် ကိုယ်ကျပ်အတွင်းဝတ်လေး ဖြစ်နေသည်။

 "မင်း အဲ့ဒါကို သဘောကျလား။ ဒါက ယောက်ျားလေးအတွက ်အသစ်ထွက်ထားတဲ့ ဒီဇိုင်းပဲ။ လာ...စမ်းဝတ်ကြည့်လိုက်ပါဦး"

ရှုဟိန်က နင်နင်၏ အဝတ်ကို ချွတ်နေစဉ် သူ့တကိုယ်လုံး ပူလောင်လာခဲ့သည်။

 
"...... " ငါ့ ဖင်ကြီးပဲ ဝတကြည့်လိုက်.....

နင်နင်၏ပါးစပ်ထောင့်က တွန့်သွားပြီး ကြိုးစားကာပြောလိုက်သည်။

 "အစ်ကိုကြီးကော ဘာကြောင့် မဝတ်ကြည့်တာလဲ ?"

"ဘာမှမဖြစ်ဘူး။ ငါ နောက်ပိုင်းကျရင် ဝက်ဝံရုပ်ပါတဲ့ ညအိပ်ဝတ်စုံကို ဝတ်မယ်လေ...  "

သူပြောတဲ့ပုံက ရှုနင်ပဲ တမင်သက်သက် ရစ်နေသလိုလို။ ကောင်းပြီ။ ငါက ဝတ်ဝံရုပ်ပါတဲ့ ညဝတ်အင်္ကျီဝတ်မယ်။ အကိုကြီးက ဒီ အသားကပ် အတွင်းဝတ်ဆွဲသားဝတ်စုံကို ဝတ်လိုက်လေ.....
_ (: зゝ∠) _

အာ..ဟား....အကိုကြီးရဲ့ ဆက်ဆီကိုယ်လုံးက ဒီအသားကပ်ဝတ်စုံအောက်မှာဆိုရင် နှာခေါင်းသွေးလျှံလောက်တယ်....


ရှုနင်ကငြင်းဆိုသော်လည်း ရှုဟိန်သည် ရေချိုးရန်ပြင်ဆင်ပြီး ရှုနင်ကိုရေချိုးခန်းထဲသို့ ဆွဲခေါ်သွားသည်။ ရှုနင်က ငိုချင်နေခဲ့ပေမယ့်  မျက်ရည်က ထွက်မလာဘူး။ သူက ထွက်ပြေးသွားချင်ပေမယ့် သူ့အကိုကြီးနဲ့ဝေးရာကို မသွားချင်လို့ သူ့မျက်နှာလေးကိုပဲ လက်နှင့် အုပ်ထားလိုက်တော့တယ်။

ရေချိုးခန်းထဲမှာ အဝတ်ဗလာနဲ့ ရေချိုးကန်ထဲ ထိုင်နေကြပြီး မင်းက ငါ့ကိုယ်ကို ဆပ်ပြာတိုက်ပေး၊ ငါက မင်းကိုယ်ကို ဆပ်ပြာတိုက်ပေး လုပ်နေကြသည်။ အထူးသဖြင့် ရှုဟိန်က နင်နင်ရဲ့ကိုယ်လေးကို အတွင်းအပြင်၊ အပေါ်အောက် စိတ်ရှည်လက်ရှည် သေသေချာချာ တိုက်ချွတ်ပေးနေသည်။

ရှုဟိန်က နင်နင်ရဲ့ ခြေထောက်လေးတွေကို ပင့်မြှောက်ပြီး သေချာလက်နှင့် ပွတ်တိုက်ရင်း အပေါ်ကို တက်လာကာ နောက်ဆုံး ပေါင်ကြားထဲက နင်နင်ရဲ့ အချောင်းလေးကို အသာယာပွတ်သပ် ပေးရင်း အနောက်ဘက်က အဝလေးကိုလည်း ပွတ်သပ်ပေးသည်။ ထိုနေရာကို အကိုကြိးရဲ့လက်တွေ လာရောက်ပွတ်သပ်ချိန်မှာ ရှုနင်၏မျက်နှာက ရဲခနဲဖြစ်သွားပြီး အကိုကြီးလက်ကို မတားမိအောင် မနည်းထိန်းထားရသည်။


အကိုကြီးက အောက်ပိုင်းကို ဆေးကြောပြီးတော့ အပေါ်ကို တက်လာခဲ့သည်။ ပူနွေးကြီးမားသော လက်များက နင်နင်ရဲ့ရင်ဘတ်ကို ပွတ်သပ်ပေးရင်း ပဲနီစေ့လေးကို ခပ်ကြာကြာ ဖိပွတ်လိုက်၊ လက်ဖဝါးကြားထဲ လှိမ့်လိုက်၊ လက်ညှိုး၊ လက်မလေးနှင့် ညစ်လိုက်ဖြင့် ခပ်ကြာကြာ ဆေးကြောရင်း ကစားနေသဖြင့် ရှုနင်ရဲ့ အသီးလေးက ထောင်ထလာပြီး နင်နင်ရဲ့ပါးစပ်မှ ညည်းသံသဲ့သဲ့လေး ထွက်လာခဲ့သည်။ ဒီညည်းသံလေးကို ကြားလိုက် ချိန်မှာ ရှုဟိန်ရဲ့ စိတ်တွေက အရိုင်းဆန်ဆန် မြင့်တက်လာပြီး နင်နင်ကို ဆွဲကာ လုပ်ပစ် ချင်စိတ် တို့ပေါ်လာခဲ့တော့သည်။

 

သူ လုပ်နိုင်တာ ဘာမှမရှိဘူး ဆိုတာကို နင်နင် လက်ခံ လိုက်ပြီး အကိုကြီး စိတ်တိုင်းကျ လုပ်ခွင့်ပေး ထားလိုက်တော့သည်၊ အခုလို အကိုကြီးရဲ့ မှော်ဆန်တဲ့ လက်တွေအောက်မှာ သူ မငြင်းဆန်နိုင်တော့သည့် အပြင် အခု သူ အလုပ်ချင်ဆုံးကတော့  ကအိပ်ရာပေါ်မှာလှိမ့်ပြီး အကိုကြီးရဲ့ အောက်မှာ နေလိုက်ချင်တာပဲဖြစ်သည်။ အိပ်ယာပေါ်မှာ မဟုတ်ပဲ ဒါကို  တခြားဘယ်နေရာမှာ မဆို လုပ်ရတာ ရှက်စရာပဲ။

ရှုဟိန်က သူ့စိတ်တွေ အရမ်းပြင်းပြလာပြီး တခုခု လုပ်ချင်လာတိုင်း နင်နင် နာကျင်မည်ကို စိုးသည့် စိတ်ဝင်လာသည်နှင့် ထိုစိတ်တို့ ငြိမ်းသွားခဲ့သည်။

 ရှုဟိန်က ကြိုးစားကာ စိတ်ကို ထိန်းချုပ်ပေမယ့် သူ့အောက်ပိုင်းက ညီလေးက ပိုရိုးသားကာ ထောင်မတ်စပြုလာလေပြီ။

 ရှုဟိန်က မြန်မြန် ရေချိုးကာ နင်နင်ကို တဘတ်ဖြင့် ပတ်ကာ အိပ်ယာပေါ် သယ်လာပေးပြီး အဝတ်ဖြင့် ခြောက်အောင် သုတ်ပေးလိုက်သည်။ ပြီးတော့ ဝိုင်နှစ်ခွက်ကို ဌဲ့လာပေးခဲ့သည်။

 အနီရောင်အရောင်တောက်တောက် ဝိုင်ခွက်လေးတွေ ကို ကြည့်ရင်း ရှုနင် ၏မျက်လုံးများ တောက်ပနေ သည်။ ကောင်းပြီ၊ ဒီလို အကိုကြီးနဲ့ အတူ ချစ်ကြည်နူးသည့်အချိန်တွေ ဘယ်တုန်းကမှ သူ ဝိုင်မသောက်ခဲ့ဖူးပေ။ ရှုနင်က ကျေနပ်စွာဖြင့် ဝိုင်ကို မော့သောက်လိုက်စဉ် ရှုဟိန်က သူ့ကို မလျင်မလိုပဲ  ဝိုင်သောက်နေသည်ကို အေးဆေးစွာကြည့်နေသည်။

 သူတို့နှစ် ဦး သည်အိပ်ယာပေါ်တွင် ဝတ်လစ်စလစ် အိပ်လျက် ဖက်ထားကြသည်။ ရှုဟိန် ၏လက်များ သည် ရှုနင်၏ တကိုယ်လုံးကို ညင်သာစွာ ပွတ်သပ် ဆုပ်နယ်နေပြီး နင်နင်က အကိုကြီး၏ ချောမွေ့ပြီး ကျစ်လစ်သန်မာသော ကြွက်သားနှင့် ကိုယ်လုံးကို ငေးမောကြည့်နေမိသည်။ အကိုကြီးရဲ့ ကိုယ်က အရမ်းကို ကျစ်လစ်ပြီး အသားအရေ အထိအတွေ့က ချောမွေ့နေတာပဲ။  သူ၏ခြေထောက်များသည်  ကြွက်သားမျှင်များနှင့် အလွန်အမင်း ချီးမွမ်းထိုက်ပေသည်။ ရှုနင်က အကိုကြီး၏ ပွတ်သပ်မှုအောက်တွင် မျက်ဝန်းလေးတွေ တောက်ပလာပြီး တကိုယ်လုံး နီမြန်းလာပြီး ရင်ထဲကနေ ပူသလို ဟာသလို ဖြစ်လာခဲ့သည်။

 ရှုဟိန်က အိပ်ခန်းတွင်းဝန်ဆောင်မှု လာပေးစဉ် နည်းနည်းပိုသောက်ခဲ့သည်။ ရှုဟိန်ရဲ့ ကိုယ်ရံတော်တွေက ညစာလှည်းကို အခန်းထဲ တွန်းဝင်လာပို့ပေးပြီးေ ဘးဘီကို လုံးဝလှည့်မကြည့်ပဲ ပြန်ထွက်သွားကြသည်။ ရှုနင်က စောင်အောက်တွင် ကိုယ်ကို လုံအောင်ဖုံးထားပေမယ့် အကိုကြီးက တည်တည်ငြိမ်ငြိမ်ပဲ ထိုင်နေတာကို တွေ့လိုက်ရသည်။

အကိုကြီးက တကယ့်ကို တည်ငြိမ်တာပဲ။ သူက တကယ့် နတ်ဘုရားပဲ...

ကိုယ်ရံတော်တွေ ပြန်ထွက်သွားတော့ ရှုနင်က အကိုကြီးရင်ဘတ်က ပဲနီစေ့လေးကို စိုက်ကြည့်ပြီး အနားကို တိုးကပ်သွားကာ ထိုပဲစေ့လေးကို ပါးစပ်နှင့် စုပ်လိုက်ကာ အကိုကြီး၏ဝမ်းဗိုက်ကြွက်သားတွေကို လက်နှင့် ပွတ်သပ်ကာ ကစားလိုက်ရသည်။

ဟား..ဟား..ဟား..

အရမ်းပျော်ဖို့ကောင်းတာပဲ.....

ရှုဟိန်က ညစာပြင်နေရင်း သူ့ရင်ဘတ်က အသီးကို လာစုပ်လိုက်၊ သူ့ဝမ်းဗိုက်ကြွက်သားကို လက်နှင့် ပွတ်သပ်ကစားရင်း လာဆွနေသည့် ကောင်လေးကို ကြည့်ကာ ထိန်းချုပ်မှုတို့ လွတ်ထွက်ချင်ချင် ဖြစ်လာတော့သည်။

ရှုဟိန်၏ နဖူးပေါ်တွင် ဇီးကင်းလောက်ရှိသည့် ချွေးတွေ သီးလာခဲ့သည်။ သူက စိတ်ကိုသာလွှတ်ပေးလိုက်ရရင် အဆိုးလေးက ညစာလွတ်သွားပြီး တညလုံး အော်ဟစ်နေရတော့မည်ကို သိလို့ စိတ်ကို ထိန်းကာ နင်နင်၏ စောင်ကို အပေါ်က ဖမ်းချုပ်ဖက်ထားပြီး ပြောလိုက်သည်။

"တော်ပြီ..မဆော့နဲ့တော့..ညစာ အရင်စားအုံး..."

"ဟီး..ဟီး..မစားသေးဘူး"

"မင်း မစားရင် ငါ မင်းကို စားပစ်တော့မယ်"

နင်နင်- "....."

သူက bottom ဆိုပေမယ့် မျက်နှာတော့ လိုချင်မိသေးသည်။ ဒါကြောင့် သူက မပျော်မရွှင်နဲ့ စောင်အောက်က တိုးထွက်လာတော့ ရှုဟိန်က လျင်မြန်သွက်လက်စွာဖြင့် ကိုယ်ကျပ်ဆွဲသား အနက်ရောင်ပိုးသား အတွင်းဝတ်လေးကို မြန်မြန် ကောက်စွပ်ပေးသည့်အပြင် ယုန်နားရွက် ဆံကုပ်လေးကို ခေါင်းပေါ် တင်ပေးလိုက်သည်။

ရှုနင်က ရုတ်တရက်ဆိုတော့ မခုခံလိုက်နိုင်ပဲ အကုန်ဝတ်ဆင်ပေးခြင်း ခံလိုက်ရသည်။

ငါက ဘယ်လိုဖြစ်ပြီး ယုန်နားရွက်ကို ခေါင်းပေါ် တပ်ထာရတာတုံး.... ဒါက တကယ် မတရားဘူးနော်...


"အစ်ကို၊ အဲ့ဒါကို အကိုကြီးလည်း ဝတ်ဆင်ရမယ်။ "

ရှုဟိန် က ဘယ်သူလို့ ထင်နေတာလဲ။ သူသည် ဤအရာအားလုံးကိုကြိုတင်ပြင်ဆင်ထားပြီးဖြစ်သောကြောင့် သူသည် ငရဲဘုရင်ရဲ့ ဂျိုလို အရာကို ခေါင်းပေါ် ချက်ချင်း တပ်ဆင်လိုက်သည်။  သူ့ခါးအောက်ပိုင်းကို ဆက်ဆီကျသည့် အတွင်းခံ  thong ဘောင်းဘီကို ဝတ်ဆင်ထားသဖြင့် သူ့ပုံက နတ်ဆိုးတစ်ပါးလို ညှို့ငင်နိုင်စွမ်းကြီးမားလွန်းသည့်ပုံ ပေါ်နေသည်။ အကိုကြီး၏ ကြီးမားထူထဲသော အောက်ပိုင်းရတနာလေးက  sexy ကျသည့်   thong အောက်တွင် ထင်းနေပုံက ရှုနင်ကို  တံတွေးမြိုချမိစေပြီး  သတိလစ်မေ့မျောလုနီးပါး ဖြစ်သွားစေသည်။

 ဘုရားရေ... ဘယ်သူမှ အကိုကြီး ခုလို ဝတ်ထားတာကို မမြင်ပါစေနဲ့... ဒါက လူတွေကို ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်နိုင်လိမ့်မယ်....

ဂလု......(တံတွေးမြိုချသံ >o<)


 တကယ်တော့ ရှုဟိန်က အခန်းတွင်းက လေအေးစက် ကို အပူချိန်မြှင့်ထားသောကြောင့် ခုလို ဝတ်ထား ပေမယ့် နင်နင် အအေးမိမှာကို မစိုးရိမ်ပေ။ သူတို့ စားပြီးတော့ နည်းနည်း ထပ်သောက်ကြသေး သည်။

ရှုနင်က ရှုဟိန်ကို ဆိုဖာပေါ်တွန်းလှဲကာ သူ့ အပေါ်က တက်ဖိထားပြီး မူးယစ်ရီဝေစွာဖြင့် အရူးလေးလို တဟင်းဟင်းရယ်မောကာ သူ့လက်လေးတေ
ွနှင့် ရှုဟိန်ရဲ့ချိုင်းကို ကလိထိုးဖို့ ကြိုးစားနေသည်။ ပြီးတော့ သူ့လက်လေးတွေက ရှုဟိန်ရဲ့ ခါးဆီကို ဆင်းသွားခဲ့သည်။

နင်နင်ဝတ်ထားသည် ပိုးသားကိုယ်ကျပ် အတွင်းဝတ်လေးက ပုစဉ်းတောင်ပံလို ပါးလွှာပြီး အရမ်းကို အထိတွေ့ကောင်းသည့်အပြင် နင်နင်ရဲ့ တင်ပါးလေးတွေ၊ နင်နင်ရဲ့ ရတနာချောင်းလေးတွေရဲ့ အထိအတွေ့ကို ပကတိတိုင်း ပေးစွမ်းနိုင်နေသည်။

နင်နင်က ရှုဟိန်၏ကိုယ်ပေါ် ခွထိုင်ထားသဖြင့် သူ့မက်မွန်သီးလေးနှစ်လုံးက ရှုဟိန်၏ဝမ်းဗိုက်ပေါ် ပွတ်သပ်နေမိသလို နင်နင်ရဲ့ လံှတံလေးလည်း လာလာပွတ်မိနေသည်။ ဒါကြောင့် ရှုဟိန်၏ ဖင်ကြားညှပ် ဆက်ဆီ အတွင်းခံလေးအောက်က နဂါးကြီးက မာန်ဖီကာ ခေါင်းထောင်နေသဖြင့် မြင်မကောင်းအောင် ဖုဖောင်းလို့လာနေသည်။

ရှုဟိန်က နူတ်ခမ်းကိုကော့ညွတ်ကာ ပြုံးရင်းမေးလိုက်သည်။

 " မင်းလေး..အရှုပ်တွေ လုပ်လို့ ပြီးပြီလား....  "

အစ်ကိုကြီးက ငါ့ကို လှောင်ပြောင်နေတာလား။ အရက်မူးနေသော နင်နင်က ပုံမှန်နှင့် မတူ အရမ်းကို ကွဲပြားကာ ရဲရင့်လို့နေသည်။ ရှုနင်က နူတ်ခမ်းဆူပြီး အကိုကြီးကို မေးလိုက်သည်။

 " ကျွန်တော် ရှုပ်လို့ပြီးရင် အကိုကြီးက ဘာလုပ်မှာလဲ"  

"ဒါဆို ငါ့အလှည့်ပေါ့!"

"ဟမ်?"

ရှုနင် အံ့သြသွားပြီးချက်ချင်းခေါင်းကိုခါလိုက်သည်။

-" မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်တော် အကိုကြီးနဲ့မယှဉ်နိုင်ဘူး၊  မကစားတော့ဘူး၊ အကိုကြီးက အားပိုကြီးတယ် ..... မတရားဘူး"

"ဒါက ဘယ်လိုဆင်ခြေကြီးလဲ"

ဒါကြောင့် ရှုဟိန်က ရှုနင်ကို ပြန်တိုက်ခိုက်လာတယ်။ သူဟာ အင်အားကြီးမားတယ်၊ ရှုနင်က သူ့ကိုလုံးဝမတားဆီးနိုင်ဘူး၊ အရမ်းပျော်ဖို့ကောင်းတယ်၊ ရှုနင်ရဲ့မျက်နှာလေးက နီရဲနေပြီး အမြဲ အကိုကြီးကို ရပ်ပေးဖို့ တောင်းပန်နေတယ်၊ သူ့ခန္ဓာကိုယ်က လှုပ်ယမ်းကာ အကိုကြီး ကလိထိုးတာကို ရုန်းဖို့ ကြိုးစားနေပေမယ့် မလွတ်နိုင်ဘူး။ နောက်ဆုံး ရယ်ရလွန်းလို့.... ရှုနင်ရဲ့မျက်နှာလေးက မီးတောက်လို ရဲရဲနီလို့လာခဲ့တယ်။

 ဒီနီမြန်းနေတဲ့ မျက်နှာလေးကို ကြည့်ရင်း ရှုဟိန်ရဲ့ မျက်လုံးတွေက ပိုနက်ရှိုင်းပြီး တကိုယ်လုံးကို ဝါးမြိုစားသောက်ချင်သည့် သားရဲကြီးလို ဖြစ်လာခဲ့သည်။

 အခွင့်အလမ်းကောင်းနှင့်ကြုံတော့ရှုဟိန်က ခေါင်းကို ငုံ့ချကာ နင်နင်ရဲ့ သေးငယ်နီမြန်းနေသည့် နူတ်ခမ်းပါးလေးကို အပြင်းအထန်ချ နမ်းရှုပ်ကာ သူတို့၏အနမ်းကို ပိုမို နက်ရှိုင်းစေခဲ့သည်။ ရှုနင်လည်း အကိုကြီးရဲ့အနမ်းကို ခံစားရင်း လျှာခြင်း ရစ်ပတ်လိမ်ယှက်ကာ စုပ်ယူခဲ့သည်။

သူကရှုဟိန်၏လည်ပင်းကိုဖက်ပြီး့အနမ်းကို တုံ့ပြန်လိုက်တယ်။ သူ့ကို တင်းတင်းဖက်ထားသလို  သူ့ခြေထောက်လေးတွေက ရှုဟိန်ရဲ့ ခါးကိုတောင် ရစ်ပတ်ထားခဲ့သည်။

 များသောအားဖြင့် ဒီလို ရင်းနှီးကာ ကိုယ်ချင်း ထိစပ်နေသည့် အနေထားမျိုးကို ရှုနင် မလုပ်တတ်ပေမယ့် မူးနေလို့ အသိလွတ်ကာ လုပ်ချင်တာ လုပ်နေတော့သည်။

ရှုဟိန်သည် နင်နင်ကို အောင်မြင်စွာ နမ်းနိုင်ခဲ့ပြီး သူ့အောက်ပိုင်းက ပိုမိုဆိုးဝါးစာ မာလာသလို နာကျင်လာသည်အထိ တစ်စုံတစ်ခုထဲကို တိုးဝင်ချင်နေသည်။

ဒီနေ့ သူတို့ လုပ်လိုက်သည့် မီးပွားကြောင့် မီးတောက်က ပိုကြီးလာလေပြီ။

 ထိုစဉ် သူ့ဖုန်းမြည်နေသည်ကို ရှုဟိန် ဂရုမစိုက်နိုင်တော့ပဲ ကောက်ယူကာ ဘေးကို ပစ်ချလိုက်သည်။ ဖုန်းသံပိတ်သွားတော့မှ သူတို့ အနှောက်ယှက်ကင်းစွာ ဆက်လက်နမ်းနေခဲ့သည်။

ရှုဟိန်၏ မြင့်တက်လာသည့် ချစ်ခြင်း၏သံစဉ်ကို ရှုနင်က မလိုက်နိုင်တော့ပေ။ သူက အကိုကြီးရဲ့ပိုင်စိုးလွှမ်းမိုးနိုင်လွန်းသည့် အနမ်းကြောင့် မူးမူးဝေဝေဖြစ်နေစဉ် သူ့ကိုယ်ပေါ်က ပိုးသား ကိုယ်ကျပ် အဝတ်လေးလည်း ကျွတ်ထွက်ကာ ကိုယ်လုံးတီးလေး ဖြစ်သွားသည်ကို မသိတော့ပေ။

 အကိုကြီးက အနမ်းကို ရပ်လိုက်ချိန်မှာ ပါးစပ်ကို ဟပြီး ရေထဲက ငါး ကုန်းပေါ်ရောက်နေသလို အလုအယက် အသက်ရှုနေစဉ် အကိုကြီးက သူ့ပေါင်နှစ်ချောင်းကို ပူးကပ်ကာ ပင့်မြှောက်လိုက်ပြီး မာကျောပူနွေးသည့် အရာကြီးနှင့် သူ့ပေါင်ကြားထဲ ခပ်မြန်မြန်ထိုးသွင်းလိုက်သည်ကို သတိထားလိုက်မိသည်။

အကိုကြီးရဲ့ အသားချောင်းက ဘယ်အချိန်တုန်းက ဒီလောက် မာကျောသွားရတာလဲ.....

အကိုကြီးက အရှိန်ပြင်းပြင်းနဲ့ ထိုးသွင်းနေလို့ အကိုကြီးပေါင်နဲ့ သူ့တင်ပါးတို့ အရှိန်နဲ့ရိုက်ခတ်မိပြီး pa pa pa pa ဆိုတဲ့အသံတွေ ထွက်ပေါ်လာခဲ့တယ်။

အရှိန်ပြင်းလွန်းလို့ သူ့တင်ပါးလေး စပ်ဖျင်းနာကျင်သွားလို့ ရှုနင်က အကိုကြီးရဲ့ ရင်ဘတ်ကို လက်နဲ့ အတင်း ထုရိုက်ကာ ညည်းလိုက်သည်။

"အ....အကိုကြီး....နာတယ်..."


 အကိုကြီးရဲ့ အသားချောင်းကြီးရဲ့ အထိအတွေ့ကို နင်နင်က အသေးစိတ် ခံစားမိနေသဖြင့် သူ့အသားချောင်းလေးလည်း မတ်ထောင်ကာ ဗိုက်ပေါ်မှာ တယိမ်းယိမ်းဖြစ်နေခဲ့သည်။ ရှုနင်ရဲ့ မျက်ဝန်းတို့က သာယာမှုကြောင် မျက်ရည်လေး ဝဲကာ ရီဝေဝေဖြစ်လို့နေသည်။

သူ့မျက်ဝန်းတွေက ပျော့ပျောင်းကာ အကိုကြီးကို ချစ်ခင်သည့် အရိပ်တို့ဖြင့် ပြည့်နှက်လို့နေသည်။ ထိုအကြည့်ကိုမြင်တော့ ရှုဟိန်ရဲ့ ရင်ထဲက သားရိုင်းကြီးက ကျေနပ်လွန်းလို့ ထိုးသွင်းမှု အရှိန်ကို တိုးမြှင့်လိုက်ပြီး တခန်းလုံး အသားစိုင်ချင်း ှုရိုက်ခတ်သံတို့ ပဲ့တင်လို့နေသည်။


အကိုကြီး၏အသားချောင်းက ပိုထူလာသလို မှိုပွင့်လို ထိပ်ဖူးက ပေါင်အနောက်ကနေ တိုးဝင်လာပြီး သူ့ဥလေးကို ပွတ်သပ်သွားသည့် ခံစားချက်က ရှုနင်ကို တိမ်ပေါ်ကို လွင့်သွားသလို ခံစားရစေသည်။

ရှုဟိန်က နင်နင်ရဲ့ ခြေအစုံကို ပူးကပ်ပင့်မ ထောင်ထားပြီး ပေါင်ကြားထဲ အားနှင့်မာန်နှင့် ထိုးသွင်းနေသလို တခါတရံ အရှိန်နှေးကာ နင်နင်၏ အသားချောင်းလေးကို ဆုပ်ကိုင်ကာ ပွတ်သပ်ပြီးအ ထက်အောက် ဆွဲပေးနေသည်။

နင်နင်က ကောင်းလွန်းသည့် ခံစားချက်ကြောင့် ခေါင်းလေးကို မေ့ာကာ အိပ်ယာခင်းကို လက်နှင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ညည်းသံလေးတွေ လွင့်ပျံလာတော့သည်။

အကိုကြီးရဲ့လက်တွေက သူ့အသားချောင်းကို မြန်တလှည့် နှေးတလှည့် လှုပ်ရှားပေးနေသည့်အပြင် ထိပ်ဝလေးကိုလည်း လက်နှင့် ကလိနေသဖြင့် ရူးမလို ံခံစားနေရသည်။


 ရှုဟိန်က နင်နင် ၏ ခံစားမှုတွေနဲ့ ပြည့်နှက်နေသည့် ပုံလေးကို ကြည့်ကာ သူ၏စိတ်နှလုံးက ချစ်စိတ်ဖြင့် ပိုမိုလွှမ်းမိုးလို့လာခဲ့သည်။ နင်နင်က သူ့အထိတွေ့ကို ကြည်နူးတယ်ဆိုသည့်အသိဖြင့် ရှုဟိန်က ပိုအားတက်လာပြီး ခြေကျင်းဝတ်ကို ပင့်မြှောက်ကာ အားနှင့်မာန်နှင့် ထိုးသွင်းကာ နောက်ဆုံး ထုတ်လွှတ်လိုက်တော့သည်။ နင်နင်ကတော့ ပြီးသွားတာ နှစ်ချီရှိနေပြီ။

 
အိုဘုရားရေ...... အရမ်းစိတ်လှုပ်ရှားစရာကောင်းပြီး နတ်ပြည်ကိုရောက်သွားသလိုပဲ....

ရှုနင်က ညည်းတွားနေပြီး မျက်လုံးတွေက ဝေဝေဝါးဝါးဖြစ်လို့နေသည်။ ရှုဟိန်က သူ့ကို အရမ်း ညင်သာသိမ်မွေ့ပေးတာပဲ။

ရှုနင်က အမောပြေသွားပြီး မကြာခင် တက်ကြွစွာပင် ရှုဟိန်၏ ကိုယ်ပေါ် တက်စီးကာ အသားချောင်း နှစ်ချောင်းကို ရှုဟိန်က ပူးကပ်ကာ ကိုင်ပြီး ပွတ်တိုက်ပေးနေသည်။

 "အကိုကြီး..အ..အကိုကြီး..."

"ဟိန်...ငါ့ကို ဟိန်လို့ခေါ်...."

"ဟိန်...."

ရှုနင်၏ ခေါ်သံလေးကို ကြားတော့ အိပ်ယာထက်တွင် ပက်လက်လှဲနေသည့် ရှုဟိန်က စိတ်မထိန်းနိုင်တော့ပဲ အောက်ကနေ ပင့်ကာ တဖတ်ဖတ် ဖြင့် ကော့ထိုးကာ လှုပ်ရှားတော့သည်။

အကိုကြီး၏ပေါင်သားတွေက ကြွက်သားတွေဖြင့် တင်းနေပြီး နင်နင်၏တင်ပါးကို တဖြန်းဖြန်း ရိုက်ခတ်နေသဖြင့် နာကျင်လာခဲ့သည်။
 
"ဟင့်...ဟိန်.... နည်းနည်းလျှော့ဦး..မြန်လွန်းတယ်. ....."

ဒါပေမယ့် ရှုဟိန်က အရှိန်ကို မလျှော့နိုင်တော့ပေ။ သူက နင်နင်ကို အိပ်ယာပေါ်ဆွဲချကာ မှောက်ထားစေပြီး ပူးကပ်နေသည့် ပေါင်ကြားကို သူ့အသားချောင်းကြီးဖြင့် အပေါ်စီးကနေ အရှိန်နှင့် ထိုးသွင်းတော့သည်။

ရှုဟိန်က သန်မာကာ သက်လုံကောင်းသည့် လူငယ်ဖြစ်လို့ နင်နင်၏ ကိုယ်လေးတွင် လက်ထောက်ကာ ခြေထောက်ကို တဖြောင့်တည်းဆန့်ထားပြီး ပူးကပ်ထားသည့် နင်နင်၏ ပေါင်ကြားထဲ အသားချောင်းဖြင့် တိုးဝှေ့ကာ အသာပြေ ဆက်ဆံလို့နေသည်။


"pa.pa..pa..pa..pa"

အခန်းထဲတွင် သူတို့နှစ်ယောက်ရဲ့ အသားခြင်း ရိုက်ခတ်သံတို့သာ ပုံမှန် ဆက်လက်ထွက်ပေါ် လာခဲ့သည်။

အချိန်မကြာရင် ရှုနင်က ခံနိုင်ရည်ရှိပေမယ့် အချိန်ကြာလွန်းပြီး ခဏခဏ အထွတ်ထိပ်ရောက်ကာ ပြီးသွားသည့်နောက် ရှုနင်က လက်လေး ပင်မြှောက် နိုင်စွမ်း မရှိတော့အောင် မောဟိုက် လို့နေသည်။ သူ့မျက်လုံးတွေ ဝါးနေပြီး တိမ်တွေထဲ လွင့်နေသလို... ခံစားရကာ သူ့ကိုယ်သူ ဘယ်ကိုရောက်လို့ရောက်မှန်း မသိတော့ပေ။

သနားစရာကောင်းလိုက်တဲ့ ငါပါလား....


ရှုဟိန်သည်စဉ်းစားလွန်းသူဖြစ်ပြီး ကလေးငယ်ကို နမ်းပြီးကောင်းမွန်စွာနှစ်သိမ့်ရန် မမေ့ခဲ့ပေ။    

ရှုဟိန်က သူ့ကိုနမ်းလိုက်၊ လျက်လိုက် လုပ်နေခဲ့သည်။ ထို့နောက် ရှုနင် မောပန်းစွာဖြင့် သတိလက်လွှတ် အိပ်မောကျသွားခဲ့ပေမယ့် ရှုဟိန်က ဆက်လက်  ပွတ်တိုက်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်က ဘေးဘက်ကနေ လှဲပီး ရှုဟိန်က ဆက်လက်ပြီး ထိုးသွင်းလှုပ်ရှားနေခဲ့သေးသည်။


ရှုဟိန်သည်နူးညံ့ပျော့ပျောင်းသော ရှုနင်ကိုကြည့်ပြီး သူ၏လက်များသည် နင်နင်၏ အနောက်ဘက် ဝင်ပေါက်ဝန်းကျင်တွင် လှည့်လည် ကစားနေသည်။ ရှုနင်သည်အရက်မူးနေသဖြင့် ပင်ပန်းနေပြီး နည်းနည်းလေးမှ မလှုပ်ရှားလိုတော့ပါ။ ရှုဟိန်သည် သူ၏အနာဂတ် ပျော်ရွှင်မှုအတွက် ကြိုတင်ပြင်ဆင်မှုကို စတင်လုပ်ဆောင်ခဲ့သည်၊ တဖြည်းဖြည်းနှင့် သူ့ ဝင်ရမည့် ဝင်ပေါက်ကို ချဲ့ထွက်ပေးရမည်။ ဒါကို အလျင်လိုလို့ မဖြစ်ပေ။ တနေ့နည်းနည်းဝင်ပေါက်ကို ချဲ့ပေးမှ သူစားလို့ရတဲ့ အချိန်ရောက်ရင် အဆင်သင့်ဖြစ်နေမယ် မဟုတ်လား။

ပထမ ဦး စွာ သူ၏ လက်ခလယ်ကို ချောဆီ သုတ်လိမ်းပြီး ကျဉ်းမြောင်းသည့် ဝင်ပေါက်လေးထဲကို လက်တစ်ဆစ် ထိုးသွင်းလိုက်သည်။

 

ရှုနင်သည် အိပ်ချင်မူးတူးဖြစ်နေရာကနေ သူ့ကိုယ်ထဲ ပြင်ပမှ အခြားအရာတစ်ခု တိုးဝင်လာသဖြင့် သူ့ကိုယ်လေးက  တောင့်တင်းသွားခဲ့သည်။   (⊙ o ⊙)   ထိုနည်းအတိုင်းဆိုရင် သူ ငြိမ်းချမ်းစွာ အနားယူနိုင် ဦးမှာတဲ့လား...။ ဘုရားကယ်ပါ....

(ခုမှ ဘုရားတတဲ့နင်နင် အကဲလေး)


"အကိုကြီး.....ဘာလုပ်နေတာလဲ"

" လိမ်မာတယ်....နင်နင်... အေးအေးဆေးဆေး နားနေဦး ။ ဖင်ထဲက သံကောင်ကို အကိုကြီး ထုတ်ပေးမလို့ "

( ဟား..ဟား..ဟား... ဖင်ထဲက သံကောင်ဖမ်းပေးတဲ့ ဟိန်ဟိန်ရဲ့ အကွက်ကို မှတ်ထားကြပါ  စာဖတ်သူ အပေါင်းတို့....)

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးΌπου ζουν οι ιστορίες. Ανακάλυψε τώρα