Chapter (82)_ အကိုကြီးရဲ့ ပဲစေ့လေးကို ညစ်လိုက်တဲ့ ညီငယ်လေး (U+Z)

19.7K 2.2K 78
                                    

Chapter (82)_ အကိုကြီးရဲ့ ပဲစေ့လေးကို ညစ်လိုက်တဲ့ ညီငယ်လေး (U+Z)


မြို့တော်ရဲ့ညဈေးမှာလူတွေနဲ့ပြည့်နှက်နေတယ်။ ညီအစ်ကိုနှစ်ယောက်က လက်ချင်းတွဲပြီး လူပင်လယ်ကိုကြည့်ပြီး ဒီထဲကို တိုးဝင်လာခဲ့ကြသည်။ ရှုဟိန်က တိတ်ဆိတ်တဲ့ နေရာကို နှစ်သက်ပေမယ့် သူ့ညီလေး ပျော်မယ်ဆိုရင် ဘယ်ကိုဖြစ်ဖြစ် သွားနိုင်သည်။

ဒီနေရာမှာ ရရှိနိုင်ပစ္စည်းတွေက သူတို့ကို မူးဝေသွားအောင် များပြားလွန်းလှသည်။ စားစရာတွေလည်း မျိုးစုံလှသည်။ သူတို့ညီအစ်ကိုက ကက်ကင်၊ ပြည်ကြီးငါးကင်၊ ငါးကင်၊ ဟင်းသီးဟင်းရွက်တွေစတဲ့အကင်တွေကို တမျိုးစီ စမ်းပြီးစားခဲ့ကြသည်။

ရှုဟိန်က သူ၏လက်မှ တစ်ဆင့် စီးဆင်းသော နွေးထွေးမှုက သူ့ကို အလွန်ပျော်ရွှင်စေခဲ့သည်။ သူတို့သည် လက်များကို ပွင့်ပွင့်လင်းလင်း ဆုပ်ကိုင် ထားနိုင်ပြီး အချင်းချင်း ပြုံးကာ ကြည့်နိုင် သည်။ ရှုဟိန်က ဒီအခြေနေကို တကယ် သဘောကျခဲ့သည်။ တကယ်တော့ အဲဒီနေရာမျိုး ရှိတယ်ဆိုတာ သူက ဒီအကြောင်းကို အရင်တုန်းက ဘယ်လိုမှ မသိခဲ့ပေ။ ဘေးက ကလေးလေးကိုကြည့်လိုက်တော့ သူ အရမ်းသိချင်နေပုံ ရနေသည်။

ဒီလိုနေရာမျိုးကို လာရတယ်ဆိုတာ ရှုနင်အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ သူသည် ယခင်ဘဝတုန်းက အဝေးမှသာမြင်တွေ့ခဲ့ရသည်၊ C မြို့တော်ရှိ ညဈေး များသည် မြို့တော်ကဲ့သို့ ကြီးမားခြင်းမရှိသော်လည်း လှုပ်ရှားမှုပမာဏမှာ အတူတူပင်ဖြစ်သည်။

လူတယောက်သည် မျက်နှာချင်းဆိုင်ကနေ အလျင်လိုဟန်ဖြင့် သူတို့ကိုတွန်းတိုက်မည့် ဟန်ပေါ်တော့ ရှုဟိန်၏ မျက်လုံးများမှေးမှိန်သွားပြီး ရှုနင်ကို သူ၏လက်မောင်းများထဲသို့ ဆွဲသွင်းကာ ဖက်ကာထားလိုက်သည်။ ထိုလူကျော်သွားတော့ရှုနင်က သူ့အကိုကြီး၏ လက်ဆွဲလိုက်ပြီး လူအုပ်ထဲ ဆက်လျှောက်ခဲ့ကြသည်။

ရှုနင်က ရှုဟိန်ကို အနံ့ဆိုးတဲ့ တိုဖူးပုပ်ကို စမ်းပြီးစားကြည့်စေသည်။ ရှုဟိန်က ထိုအနံ့ကြောင့် ခေါင်းကိုက်လာပေမယ့် သူ အောင့်အီးကာ စမ်းကြည့်ခဲ့သဖြင့် ရှုနင်က လိမ်မာနာခံလွန်းသည့် အကိုကြီးကို ချစ်လွန်းလို့ ခေါင်းကို ပွတ်ပေးချင်စိတ်ပေါ်လာသည်။ ဒါပေမယ့် အကိုကြီးက အရပ်မြင့်လွန်းအားကြီးသည်။

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now