Chapter (48)_ကြၽန္ေတာ္ အကိုႀကီးကို တသက္လံုး တာဝန္ယူပါ့မယ္ (Z+U)

22.7K 3.4K 42
                                    

Chapter (48)_ကြၽန္ေတာ္ အကိုႀကီးကို တသက္လံုး တာဝန္ယူပါ့မယ္ (Z+U)

တာဝန္ယူရမွာလား။

ရႈနင္က ဒီအေၾကာင္းေတြးလိုက္မိလိုက္ေတာ့ သူ မသိမသာေလး ေနာက္ကို ဆုတ္လိုက္မိသည္။

အရင္ဘဝက သူက ဟိုမိုဆိုတာ သိတာေတာင္မွ မိန္းကေလး အေတာ္မ်ားမ်ားက သူ႔ကိုကပ္ၿပီး သူႏွင့္လက္ထပ္ခ်င္ၾကသည္။ ခ်မ္းသာေသာ အိမ္ေတာ္မွ သခင္ေလးတစ္ေယာက္ကို လက္ထပ္လိုက္တာက စာကေလးကို ဖီးနစ္ဌက္ဘဝကိုေျပာင္းသလို ေျပာင္းေပးလိုက္ႏိုင္လို႔ သိုက္တူးခ်င္တဲ့ သမီးရွင္ေတြက သူတို႔သမီးကို ဖိအားေပးၿပီး လိမ္မာတဲ့ သမီးပ်ိဳေတြက သူတို႔ဘဝကို ဟိုမိုတစ္ေယာက္ရဲ႕ ရင္ခြင္မွာ စေတးၿပီး သူတို႔ရဲ႕ေပ်ာ္႐ႊင္မႈနဲ႔ စည္းစိမ္ခ်မ္းသာကို လဲလွယ္ခ်င္စိတ္ရွိၾကေသးသည္။

အရင္ဘဝက ရႈနင္က မိန္းမတစ္ေယာက္နဲ႔မွ မနီးစပ္ခဲ့ေပ။ တကယ္လို႔ မိန္းမတစ္ေယာက္က သူ႔ကို သိုက္တူးဖို႔ အနားကပ္လာရင္လည္း ရႈမိသားစုက ၾသဇာအာဏာႀကီးတဲ့အတြက္ ဒီလိုမိန္းမကို အလြယ္တကူ ဖယ္ရွားပစ္ႏိုင္သည္။

ေနာက္ဆုံးေတာ့ ေငြႏွင့္ အာဏာကို မက္ေတာ့ မိန္းမမ်ား၏ လူတစ္ေယာက္ကို လက္ထပ္ၿပီး ႐ိုးေျမက်ေပါင္းသင္းပါ့မယ္ ဆိုတဲ့ကတိက ေခြးမတစ္ေကာင္က ပလီပလာေျပာတဲ့ စကားထက္မပိုေပ။

ဒါကိုျပန္စဥ္းစားမိေတာ့ ရႈနင္က ေခ်ာေမာခန႔္ညားလြန္းလွၿပီး သူ႔ကို စိုက္ၾကည့္ေနတဲ့ အကိုႀကီး ရႈဟိန္ကို ၾကည့္လိုက္သည္။ ဒီအကိုႀကီးက ေ႐ႊေပါင္လုံးတုတ္တုတ္ႀကီးပဲ။ အကိုႀကီးရဲ႕ေပါင္ကိုသာ တြယ္တက္လိုက္ႏိုင္ရင္ သူ႔တစ္ဘဝလုံး ေအးေအးခ်မ္းခ်မ္းေနရဖို႔ လုံးဝ အာမခံခ်က္ ရသြားေလာက္သည္။ အကိုႀကီးက နတ္ဘုရားတစ္ပါးလို ၾသဇာအာဏာႀကီးၿပီး လက္တခ်က္ယမ္းလိုက္တာနဲ႔ ေလနဲ႔မိုးကိုေတာင္ ဆင့္ေခၚႏိုင္သည္။ ဒါဆို သူ အကိုႀကီးကို အားကိုးၿပီး ဘဝကို ေအးေအးခ်မ္းခ်မ္း ေနရဖို႔ ႀကိဳးစားေနတာက အရင္ဘဝက သူႀကဳံခဲ့ရတဲ့ သိုက္တူးတဲ့ မိန္းမေတြ လုပ္ရပ္နဲ႔ အတူတူျဖစ္မေနဘူးလား။

"မင္း ငါ့ကို တာဝန္ယူေပးႏိုင္မလား  "

ကေလးေလးက သူ႔အေမးကို မေျဖပဲ ေတြေဝေငးေမာေနသျဖင့္ ရႈဟိန္၏ အမူယာက မႈန္မႈိင္းလာခဲ့ၿပီး သူ႔ေဘးမွာ အပူခ်ိန္ က်ဆင္းလာသလို ခံစားလာရစဥ္ သူက ထပ္ေမးလိုက္သည္။

"အင္း...အင္း... ကြၽန္ေတာ္ အဆုံးထိ တာဝန္ယူပါ့မယ္  "

အကိုႀကီးရဲ႕ အမူယာကို ၾကည့္ၿပီး ရႈနင္က အခ်ိန္မဆြဲဝံ့ပဲ အျမန္ေျဖလိုက္သည္။ သူက တစ္ဘဝလုံး ေအးခ်မ္းစြာ ေနႏိုင္ဖို႔ အကိုႀကီးကို အလိုလိုက္ အႀကိဳက္ေဆာင္ေျပာဖို႔ အေရးႀကီးတယ္ မဟုတ္လား။ အခုက ဒီလိုပဲ စေနာက္ေျပာေနတာပဲဟု ေတြးကာ အျမန္ေျဖလိုက္သည္။

"  မင္း အဲ့လိုေျပာခဲ့တာေနာ္"

"အြန္း...ဟုတ္တယ္။ ကြၽန္ေတာ္ အကိုႀကီးကို တသက္လံုး တာဝန္ယူပါ့မယ္ ။ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ ေသဆုံးတဲ့အထိ ကြၽန္ေတာ္ တာဝန္ယူပါ့မယ္  "

ရႈနင္က အ ၿပဳံးကို အျပန္ ဘရိတ္အုပ္ကာ ေလးနက္စြာျဖင့္  အျမန္ေျပာ လိုက္သည္။

ရႈဟိန္၏ မ်က္ဝန္းမ်ားက တျဖတ္ျဖတ္လက္သြားၿပီး အရမ္းကို ေပ်ာ္သြားကာ သူ႔ညီေလးကို ရင္ခြင္ထဲ တင္းက်ပ္စြာဖက္ထားလိုက္သည္။
ရႈဟိန္ရဲ႕ရင္ထဲမွာ ေသြးေတြပြက္ပြက္ဆူလာသလို ခံစားလိုက္ရသည္။

ငါ့ညီေလး...ငါ မင္းကို ခ်စ္ခဲ့ အလိုလိုက္ခဲ့တာ အလကား မျဖစ္ဘူးပဲ။ ဘယ္ေလာက္ေတာင္ ႏူးညံ့လိုက္လဲ။ ဘယ္ေလာက္ေတာင္ ေသးေကြး ပိန္ပါးၿပီး ႏူးညံ့လိုက္လဲ။ ငါ သူ႔ကို အားနဲ႔ေတာင္ တင္းတင္းမဖက္ရက္ဘူး မင္းကို အကိုႀကီး အခုကစၿပီး ပိုဂ႐ုစိုက္သြားမယ္။ ပိုၿပီး ေကြၽးေမြးျပဳစုေပးသြားမယ္။

ရႈဟိန္က ေတြးကာ ကေလးေလးကို ဖက္ရင္း ၿပဳံးေပ်ာ္ေနသည္။

ရႈနင္လည္း ရႈဟိန္ကို တင္းတင္းျပန္ဖက္ထားလိုက္သည္။
ဟား...ဟား..ဟား...အကိုႀကီးက အရမ္းကို ေပ်ာ္သြားၿပီ။ ဘာပဲျဖစ္ျဖစ္ သူက အခုမွ 18 ႏွစ္ပဲရွိေသးတဲ့ လူငယ္ေလးပဲေလ။

သူတို႔ႏွစ္ေယာက္က ကိုယ့္အေတြးနဲ႔ကိုယ္ ေက်နပ္ေနၾကသည္။

ရႈဟိန္က ရႈနင္ကိုခ်စ္လြန္းလို႔ နမ္းမဝေအာင္ျဖစ္ေနသည္။ သူက ရႈနင္ရဲ႕နား႐ြက္ဖ်ားေလးေတြကိုပါ နမ္းလိုက္ေတာ့ ရႈနင္က ညည္းသံေလးေတာင္ ထြက္မိမလိုျဖစ္ကာ ႏူတ္ခမ္းကို ကိုက္ၿပီး မနည္းေအာင့္ထားလိုက္ရသည္။

ရႈဟိန္က ရႈနင္ကို အိပ္ယာထက္မွာ တင္ေပးၿပီး အျပင္ကို ထြက္သြားလိုက္ စဥ္ ရႈနင္က အိပ္ယာထက္မွာ အားေပ်ာ့စြာ လဲေလ်ာင္းရင္း ေတြးေနသည္။ ဟိုမိုတိုင္းတြင္ အထိမခံႏိုင္ေသာ ေနရာရွိၾကၿပီး နား႐ြက္က ရႈနင္အတြက္ ဘယ္လိုမွ အထိမခံႏိုင္ေသာ ထိမိတာနဲ႔စိတ္ႂကြလာေစႏိုင္ေသာ ေနရာတစ္ခုျဖစ္သည္။

နတ္ဘုရားအကိုႀကီးေရ...ကြၽန္ေတာ့္ကို ဒီေနရာေလးေတာ့ ခ်မ္းသာေပးပါဗ်ာ။

သူက အခုမွ 13 ႏွစ္ဆိုေပမယ့္ နား႐ြက္ကိုထိတာနဲ႔ ယားယံလာၿပီး စိတ္ထဲ သ႐ိုးသရီျဖစ္လာေလၿပီ။ ဘာပဲျဖစ္ျဖစ္ အကိုႀကီးက သူ႔ကို အထက္တန္းပထမႏွစ္ကို အတန္းေက်ာ္တက္ခြင့္ျပဳလိုက္သည့္ အေၾကာင္းကို ျပန္ေတြးၿပီး ေပ်ာ္မဆုံးေအာင္ျဖစ္ေနသည္။ ဒါဆိုရင္သူက ေက်ာင္းေဆာင္မွာ အေဆာင္ေန ေက်ာင္းသားအျဖစ္ သြားေနႏိုင္ၿပီး ဘဝကို ေအးေအးခ်မ္းခ်မ္း ျဖစ္သန္းႏိုင္ၿပီေပါ့။ သူက သူ႔အကိုႀကီးနဲ႔ မခြဲခ်င္ေပမယ့္ ေရွ႕ေလွ်ာက္ သူ႔အေမလုပ္တဲ့ အရႈပ္ထုပ္ထဲ မပါခ်င္ဘူး။သူ႔အကိုႀကီးကို အတိုက္ခံမလုပ္ခ်င္သည့္အျပင္ အသက္ 13 ႏွစ္အ႐ြယ္ကေလးလို ဆက္မေနခ်င္ေသာေၾကာင့္ အိမ္ႏွင့္ ေဝးရာကို သြားေနကာ လြတ္လပ္ေသာ ဘဝကို ပိုင္ဆိုင္ႏိုင္ေတာ့မည္။ သူ ရင္းႏွီးျမႇဳပ္ႏွံထားေသာ ရွယ္ယာမ်ားက ရသည့္ အျမတ္ေငြျဖင့္ သူ႔ဘဝအတြက္ လုပ္ငန္းတစ္ခုကို ထူေထာင္ႏိုင္ေတာ့မည္။ ဒီနည္းက အေကာင္းဆုံးပါပဲေလ။ အားလုံးအတြက္လည္း အဆင္ေျပတာေပါ့။

ရႈဟိန္က ေနာက္လွည့္လိုက္သည္ႏွင့္ တသက္လုံးစာအတြက္ တာဝန္ယူပါ မည္ဆိုေသာရႈနင္းက အေဝးကို ပ်ံေျပးသြားဖို႔ စိတ္ကူးယဥ္လို႔ေနေလၿပီ။

ေနာင္ႏွစ္နည္းနည္းေလာက္ဆိုရင္ သူ႔ဘဝက အေျခက်ေလာက္ၿပီဟုေတြး ကာရႈနင္ ေက်နပ္ေနသည္။ အကိုႀကီးက သူမရွိတဲ့အတြက္ တခုခု လစ္ဟာ သလိုမ်ားျဖစ္သြားေလမလား။ ဒါေပမယ့္ အကိုႀကီးက အလုပ္မ်ားတဲ့သူ ဆိုေတာ့ သူ႔ကို မၾကာခင္ ေမ့သြားမွာပါေလ။ ရႈေယာင္းလည္း ေမြးလာေတာ့မယ္ဆိုေတာ့ ငါမရွိလို႔ ကြက္လပ္ျဖစ္သြားတဲ့ေနရာကို သူ အလြယ္တကူ အစားထိုးလို႔ရႏိုင္မွာပါ..... ။

ေနဦး...ရႈေယာင္းကို သူက ေရခ်ိဳးေပးေနတာ၊ ေပြ႕ဖက္ နမ္းေနတာကို စိတ္ကူးၾကည့္လိုက္ေတာ့...

ဟင့္အင္း... မျဖစ္ဘူး။ ငါ ဘယ္လိုမွ  သည္းမခံႏိုင္ဘူး။

ရႈနင္က ဒီလိုေတြး႐ုံႏွင့္ ရင္ထဲက နာက်င္လာခဲ့သည္။ ဒါေပမယ့္ ဆရာေရာက္လာေတာ့ တေန႔တာ စာကို အာ႐ုံစိုက္ကာ လိုက္မွတ္လိုက္ ေတာ့မွ သူ႔အေတြးေတြ တည္ၿငိမ္သြားခဲ့သည္။

ရႈဟိန္လည္း ဒီေန႔ အလုပ္တြင္ စိတ္လက္ၾကည္သာၿပီး အလုပ္မ်ားစြာ ၿပီးလ်က္ရွိသည္။ သူ႔စားပြဲေရွ႕က အထပ္လိုက္ရွိေသာ အစီရင္ခံစာမ်ားကို ေတာက္ေလွ်ာက္ဖတ္ကာ ၫႊတ္ၾကားစရာရွိတာကို ၫႊန္ၾကားေနသည္။ သူ႔ အိုင္က်ဴႏွင့္ စာဖတ္ႏႈန္းအရ တခါၾကည့္တာနဲ႔ 10 ေၾကာင္းေလာက္ကို ဖတ္ႏိုင္သလားေတာင္ထင္ရသည္။

ရႈဟိန္၏လက္ေထာက္မွာ အဖိုး ရႈေကာင္းေသခ်ာေ႐ြးေပးထားေသာ လက္ေထာက္ျဖစ္ၿပီး ရႈဟိန္၏အလုပ္ကို ေကာင္းစြာ ကူညီေပးေနသည္။ ရႈဟိန္က လူငယ္ျဖစ္ေပမယ့္ တကယ့္ကို လုပ္ႏိုင္စြမ္းရွိေသာေၾကာင့္ လက္ေထာက္ အမႈေဆာင္အျဖစ္ခန႔္ထားကာ ေသခ်ာေလ့က်င့္ေပးထား သည္။ ရႈဟိန္က ငယ္႐ြယ္ေသးေသာေၾကာင့္ ခုေလာက္ ရာထူးႀကီး ေပးလိုက္ေသာေၾကာင့္ ရႈခ်ိန္ႏွင့္ ရႈေကာင္းပင္စကားမ်ားလိုက္ၾက ေသးသည္။ ရႈေကာင္းက သူမေသခင္ ရႈဟိန္ကို ရႈခ်ိန္အတြက္ အားကိုးရေသာ လက္ေထာက္အျဖစ္ ျမင္သြားခ်င္ေသာေၾကာင့္ ယခုလို တင္းက်ပ္စြာ ေလ့က်င့္ေပးေနျခင္းျဖစ္သည္။

ရႈဟိန္၏လက္ေထာက္လူ႐ြယ္က အသက္ 25 ႏွစ္ရွိၿပီျဖစ္ေသာ ထူးခြၽန္က စိတ္ခ်ရေသာ ဝမ့္က်င့္ဆိုသည့္ လူငယ္ျဖစ္ၿပီး ရႈဟိန္ လိုခ်င္သည့္အတိုင္း ေသခ်ာစြာ လုပ္ကိုင္ေပးႏိုင္စြမ္းရွိသူျဖစ္သည္။ ရႈဟိန္ ႀကီးျပင္းလာသည္ကို သူ ျမင္ေတြ႕ခဲ့ၿပီး ရႈေကာင္းကိုယ္တိုင္ ေလ့က်င့္ေပးထားသူျဖစ္ေသာေၾကာင့္ ရႈဟိန္ကို ေလးစားၿပီး အလုပ္ကို အေကာင္းဆုံးလုပ္ေပးေနသူျဖစ္သည္။ သူက အခန္းတံခါးေခါက္ကာ ဝင္ခြင့္ေတာင္းၿပီး ရႈဟိန္ကို လက္မွတ္ထိုးစရာမ်ား ေပးလိုက္သည္။

ရႈခ်ိန္၏ေလယာဥ္က အခုေလးတင္ဆိုက္တယ္ဆိုေပမယ့္ ရႈခ်ိန္က ဘိုးဘြားပိုင္အိမ္ႀကီးဆီမျပန္ပဲ ေဟာ္မိသားစုအိမ္ေတာ္သို႔ တိုက္႐ိုက္သြားေတြ႕လိုက္သည္။ ရႈခ်ိန္က သူလုပ္ရမည့္အရာကို မေျပာပဲ စိတ္ထားမွာထားသည္ကို ရႈဟိန္သိသည္။ သူက အခ်က္ျပလိုက္ေတာ့ ဝမ့္က်င့္က အခန္းထဲကထြက္သြားခဲ့သည္။ ရႈဟိန္က သက္ျပင္းရႈိက္ကာ လက္မွတ္ထိုးစရာရွိသည္ကို လုပ္ကိုင္ေနရင္း ႏူးညံ့သိမ္ေမြ႕ေသာ သူ႔ညီေလး အေၾကာင္းကို ေတြးေနသည္။ သူ႔ညီေလးကို အေဖျဖစ္သူက ဒီအရႈပ္ထုပ္ထဲ လုံးဝ ဝင္ပါခြင့္မျပဳတာကို သူ သိသည္။  ဒါက ျဖစ္သင့္သည္ဟု ရႈဟိန္ေတြးေနသည္။

မိသားစုႏွစ္ခုၾကား လူငယ္ႏွစ္ေယာက္အေၾကာင္းေပါက္ၾကားသြားခဲ့ ေတာ့မွ ရႈခ်ိန္က သူ အရင္က ငယ္႐ြယ္က အျပစ္ကင္းသည္ဟု ထင္ထားေသာ ရႈက်ီေဟြ႕ရဲ႕စ႐ိုက္က တကယ္ကို အျမင္နဲ႔မတူဘူးဆိုတာ ပိုသိသာလာသည္။ သူမက ရႈနင္ကိုေတာင္ တြယ္တက္ဖို႔ႀကိဳးစားၿပီး အိမ္ေတာ္ကိုလာခဲ့ေပမယ့္ ေဟာ္ရန္ကိုေတြ႕ေတာ့ လက္ခ်င္းခ်ိတ္ကာ ဥယ်ာဥ္ထဲ ေျပးလြားကစား႐ုံသာမက အနမ္းပင္ ခံလိုက္သည္ဆိုေတာ့ ဒီမိန္းကေလးက ထင္သေလာက္႐ိုးသားမႈ မရွိတာက ထင္ရွားေနသည္။ ရႈမိသားစုအိမ္ေတာ္ထဲလာၿပီး ခုလို လုပ္တာက ရႈမိသားစုကို လူအထင္ေသးေအာင္လုပ္ေနသလို သူမကိုယ္ကိုယ္လည္း တန္ဖိုးက်ေအာင္လုပ္ေနသည္ဟု ရႈခ်ိန္ျမင္သည္။ ဒါေၾကာင့္ ခုလို ျဖစ္သြားသည့္အတြက္ သူမ လုပ္တာကို သူမရိတ္သိမ္းရသည္ဟုပဲ ရႈခ်ိန္ ယူဆသည္။

ႀကီးမားလွေသာ ေဟာ္အိမ္ေတာ္ဧည့္ခန္းမႀကီးတြင္ C ၿမိဳ႕ေတာ္ကို ကိုင္လႈပ္ႏိုင္ေလာက္ေအာင္ အင္အားႀကီးေသာ လူႏွစ္ဦးထိုင္ေနသည္။

ေဟာ္ခ်န႔္သည္ ေျခခ်ိတ္ထိုင္ကာ လက္ဖက္ရည္တစ္ခြက္ကို ေသာက္ရင္း တဖက္သားကိုလႊမ္းမိုးႏိုင္ေသာ အရိပ္အေငြ႕မ်ားထုတ္လႊတ္ေနသည္။ သူက ေဟာ္မိသားစုႀကီး၏ အႀကီးကဲျဖစ္ေသာေၾကာင့္ သူ႔ခြင့္ျပဳခ်က္ မရပဲ ေတာ္႐ုံ ဘယ္သူမွ သူ႔ကို စကားေျပာခြင့္မရၾကေပ။

သို႔ေသာ္ ရႈခ်ိန္က ေတာ္႐ုံလူမဟုတ္ေပ။ သူသည္လည္း ရႈမိသားစု၏ ဦးေဆာင္သူျဖစ္ေသာေၾကာင့္ ေဟာ္မိသားစု အိမ္ေတာ္မွာေရာက္ ေနေပမယ့္ သူ႔အိမ္သူ႔ယာလို႔ သေဘာထားကာ ေဟာ္ခ်န႔္ထက္ မေလ်ာ့ေသာ အရွိန္ဝါကို ထုတ္လႊတ္ေနသည္။ သူ႔ အရွိန္ဝါေၾကာင့္ တဖက္လူက သူ႔ကို ႏွိမ့္ခ် မဆက္ဆံရဲေတာ့ေပ။

" ဒီေျမကိစၥနဲ႔ပတ္သက္ၿပီးေတာ့ကြၽန္ေတာ္ ဘာမွ ထပ္မေျပာေတာ့ပါဘူး။ အကိုေဟာ္လည္း ကိုယ့္စိတ္ကူးနဲ႔ကိုယ္ ရွိမွာပဲေလ။ က်ီေဟြ႕...သူမက ငယ္႐ြယ္ၿပီး ပညာတတ္တဲ့ မိန္းမေကာင္းေလးျဖစ္တယ္။ ၿပီးေတာ့ သူမက ရႈမိသားစုတစ္ခုလုံးမွာ အေတာ္ဆုံးမိန္းကေလးတစ္ေယာက္ျဖစ္တယ္...... "

ေျမယာအေၾကာင္းကို အစေဖာ္လိုက္သည္ႏွင့္ ေလထုက တင္းမာသြားခဲ့သည္။ စီးပြားေရးေလာကရဲ႕ အာဏာရွင္ႀကီးေတြျဖစ္သည့္ ေဟာ္မိသားစုက အစိုးရ၏ ေရေလွာင္တမံစီမံကိန္းႏွင့္ ေမြးျမဴေရးဖြဲ႕ၿဖိဳးတိုးတက္ေအာင္ လုပ္မယ့္ အစိုးရ အစီစဥ္မ်ား အေၾကာင္းကို ႀကိဳတင္သိထားၿပီးျဖစ္သည္။ သူတို႔မိသားစုက C ၿမိဳ႕ေတာ္ကို လႊမ္းမိုးခ်ဳပ္ကိုင္ခ်င္ထားၿပီး အျခားမိသားစုမ်ားကို ထိပ္သီးပိုင္းမွ ျပဳတ္က်သြားတာျမင္ခ်င္ေနသူျဖစ္သည္။ ဒါေပမယ့္ ရႈမိသားစုက သူတို႔ေဟာ္မိသားစုေလာက္ ေငြေၾကးမေတာင့္ေပမယ့္ စဥ္းစားဆင္ျခင္ ႏိုင္စြမ္းက အေတာ္ေလးကို ျမင့္ေသာေၾကာင့္ ဒီ ေထာင္ေခ်ာက္ထဲကေနလြတ္ထြက္သြားၾကသည္။ အခု သူတို႔က လူယဥ္ေက်းပီပီ စကားကို တန္ဆာဆင္ကာေျပာေနၾကၿပီး ရႈခ်ိန္က စကားကို အဆုံးထိ မေျပာပဲ တမင္ တန္းလန္းရပ္ထားတာ ဘာကို ဆိုလိုခ်င္တာလဲ။

ရႈခ်ိန္၏ အမူယာက ပကတိ ေအးခ်မ္းတည္ၿငိမ္ေနၿပီး ဘာကိုမွ ဆက္မေျပာပဲ ေအးေဆးစြာေနေနသျဖင့္ ေဟာ္မိသားစုထဲက လူတခ်ိဳ႕က ဘယ္လိုမွ ဆက္သည္းမခံႏိုင္ေတာ့ေပ။ ဒါေပမယ့္ ေဟာ္မိသားစုထဲမွ အျခားလူမ်ားက ရႈခ်ိန္တို႔ စကားဝိုင္းထဲ ဝင္ေျပာပိုင္ခြင့္မရွိၾကေပ။

ရႈခ်ိန္က ႐ုတ္တရက္ ထုတ္ေျပာလိုက္သည္။

 "ကြၽန္ေတာ္တို႔ ကေလးေတြကို ဘယ္ေလာက္ပဲ ကေလးလို႔ျမင္ေနပါေစ သူတို႔က လူငယ္ေတြၾကားမွာ နဂါးေတြလိုပဲ။ ဒါေၾကာင့္ ကြၽန္ေတာ္ ေကြ႕ဝိုက္မေျပာေတာ့ဘူး။ ေဟာ္ရန္က သူ မထိသင့္တဲ့အရာကို ထိမိသြားခဲ့တယ္။ ဒါေၾကာင့္ ေဟာ္မိသားစု အေနနဲ႔ သူတို႔ေက်ာင္းျပန္မဖြင့္ခင္ ေစ့စပ္ထားေပးလို႔ရမလား။ ကေလးေတြက ငယ္ေသးေတာ့ ကြၽန္ေတာ္တို႔ လုပ္လိုက္တဲ့အရာေၾကာင့္ မီးပုံထဲ ေရေလာင္းလိုက္သလို ပိုဆိုးကုန္မွာလည္း စိုးရတယ္။  လူငယ္ေတြဆိုေတာ့ ေနာင္မွာ ဘာေတြဆက္ျဖစ္မယ္ဆိုတာ ဘယ္သူမွ မသိႏိုင္ဘူး။ ဒါေၾကာင့္ သူတို႔ကို အရင္ေစ့စပ္ထားေပးတာပဲ ေကာင္းမယ္လို႔ထင္ပါတယ္။ ဒါမွ အျခားမိသားစုေတြလည္း ဒီအခ်က္ကို ကြၽန္ေတာ္တို႔ မိသားစုႏွစ္ခုရဲ႕ အားနည္းခ်က္လို႔ျမင္ၿပီး ဒီဟာကို ကိုင္ၿပီး ထိုးႏွက္လာမွာကို ကာကြယ္လို႔ရမယ္ မဟုတ္လား။ အကိုေဟာ္.... ဘာမ်ား ေျပာခ်င္ေသးလဲ မသိဘူး "

 " အကိုရႈက ခုလိုမ်ိဳး စည္းမ်ဥ္းစည္းကမ္းေတြ လုပ္သင့္တာေတြနဲ႔ ကိုင္ေျပာေနတယ္ဆိုေတာ့ ကြၽန္ေတာ္ ေဟာ္ခ်န႔္က ဘာမ်ား ေျပာႏိုင္ဦးမွာလဲ။  "

ေဟာ္ခ်န႔္က သူ႔မိန္းမကို တခ်က္ၾကည့္ကာ ေျပာလိုက္သည္။

ေဟာ္မိသားစု၏သခင္မ ဟန္ယြီက သူ႔ေယာက်ာ္း၏အၾကည့္ကို သေဘာေပါက္ဟန္ျဖင့္ ၿပဳံးကာ က်က္သေရရွိစြာ ဝင္ေျပာလိုက္သည္။

" ဒါက ဦးေလးရႈေကာင္း ကြၽန္မတို႔ အိမ္ေတာ္ကို ႂကြလာေစဖို႔ ႀကဳံေတာင့္ ႀကဳံခဲ အခြင့္ေရးျဖစ္လာမွာေပါ့ရွင္။  ကေလးေတြအၾကားက ကိစၥရပ္ေတြကို ေျဖရွင္းၿပီးၿပီဆိုရင္ ကြၽန္မတို႔နဲ႔အတူ ေန႔လည္စာ စားသြားပါဦးလား"

" ေဟာ္မိသားစု မီးဖိုထဲက ေမာင္ႏွမေတြရဲ႕လက္ရာက ၿပိဳင္ဖက္ကင္းျဖစ္ေတာ့ ဒီေန႔ ကြၽန္ေတာ့္အတြက္ ဝမ္းေျမာက္ဖြယ္ေန႔လည္း ျဖစ္သြားတာေပါ့ဗ်ာ "

ေဟာ္အိမ္ေတာ္မွာ ရႈခ်ိန္ ေန႔လည္စာစားၿပီးေတာ့ ရႈအိမ္ကိုျပန္လာခဲ့သည္။ သူက ရႈနင္ကို ေန႔လည္ျပန္ေရာက္မည္ဟု ကတိေပးထားေပမယ့္ အခု ေန႔လည္မြန္းလြဲေနၿပီျဖစ္လို႔ အျမန္ျပန္လာသည္။ သူ႔သားအတြက္ လက္ေဆာင္ကို ေပးၿပီး သားငယ္ကို ေပ်ာ္ေအာင္ လုပ္ေပးခ်င္လွေနၿပီ။

ေဟာ္ခ်န႔္က ရႈခ်ိန္ျပန္သြားေတာ့ ဆိုဖာေပၚတြင္ မ်က္ေမွာင္ၾကဳတ္ကာ ထိုင္ေနသည္။ သူ႔မိန္းမ ဟန္ယြိက သက္ျပင္းရႈိက္ကာ မေက်မနက္ျဖင့္ ေျပာေနသည္။

"ရန္ရန္က အခုမွ 13 ႏွစ္ပဲရွိေသးတယ္  "

" ၾကင္နာတတ္တဲ့ မိခင္တစ္ေယာက္ရွိရင္ သားသမီးကို အသုံးမက် ျဖစ္သြားေစတယ္ "

ထိုစကားေျပာေတာ့ ဟန္ယြိက ဘာစကားမွ မေျပာရဲေတာ့ေပ။ ေဟာ္မိသားစုက က်ဆင္းေနေပမယ့္ သူမ အျပင္ကို ဂုဏ္ရွိရွိ ထြက္ႏိုင္ေအာင္လို႔ လင္ႏွင့္ သားက လုပ္ေပးႏိုင္တာျဖစ္လို႔ သူမ ပါးစပ္ပိတ္ထားလိုက္သည္။ ဒါေၾကာင့္ သူမ ေယာက်ာ္းႏွင့္ သူမ စကားမမ်ားရဲေပ။

ေဟာ္ခ်န႔္က မ်က္လုံးအစုံကို က်ဥ္းေျမာင္းလိုက္ၿပီး မုန္းတီးမႈမ်ား ျပည့္လာသည္။
 
"ရႈခ်ိန္က ကေလးေတြက ငယ္ေသးတယ္။ ေနာင္ အနာဂါတ္မွာ ဘာျဖစ္မယ္ဆိုတာ မသိဘူးလို႔ ေသခ်ာေျပာသြားတယ္။ ဒါေၾကာင့္ မင္းက သားကို သြားေမးစမ္း။ သူက ဟိုကေလးမကို မႀကိဳက္ဘူးဆိုရင္ သူနဲ႔ အဲ့ကေလးမကို ႏွစ္တခ်ိဳ႕ခြဲထားလိုက္တာေကာင္းတယ္  "

 " ကြၽန္မနားလည္ပါၿပီ၊ ဒါေပမယ့္ ရန္ရန္ရဲ႕ ဂုဏ္သတင္းက...."

 "ဒါက ရႈမိသားစုရဲ႕ ဒုတိယ အိမ္ေတာ္ခြဲေလးတစ္ခုပါပဲ။ ရန္ရန္ကို သူတို႔ ဘာလုပ္ႏိုင္မွာမို႔လဲ....  "

"  အကိုခ်န႔္က အေတာ္ဆုံပဲ။ ကြၽန္မ ရန္ရန္ သေဘာတူလာေအာင္ ေျပာလိုက္ပ့ါမယ္။ စိတ္ခ်..."

ဟန္ယြိက စိတ္လက္ေပါ့ပါးစြာျဖင့္ သူ႔သား၏ အခန္းရွိရာကို တက္လာခဲ့သည္။ ရႈက်ီေဟြ႕ဆိုတဲ့ အပ်က္မေလးက ငယ္ငယ္႐ြယ္႐ြယ္ နဲ႔ သူ႔သားကို နမ္းေအာင္ ျဖားေယာင္းေသြးေဆာင္ရဲတယ္။ ဒါက ဘယ္လိုမွ မိန္းမေကာင္းမျဖစ္ႏိုင္ဘူး။ ရာရာစစ ဒင္းတို႔ ဒုတိယအိမ္ေတာ္ကသမီးက ငါ့ အဖိုးတန္သားေလးကို အမိဖမ္းခ်င္တယ္ေပါ့။ အခုအ႐ြယ္ေလးနဲ႔ေတာင္ ေကာင္ေလးတစ္ေယာက္ နမ္းလာေအာင္ ေျပာရဲေနၿပီ။ မၾကာခင္ ဖုန္းဆက္ေခၚၿပီး သူ႔ကို ထိေတြ႕ေအာင္မ်ား ေျပာလာမလားေတာင္မသိေတာ့ဘူး။

အဲ့ေကာင္မေလး သိုက္တူးခ်င္တဲ့ ရည္႐ြယ္ခ်က္က ထင္းေနတာပဲေလ။

ရႈခ်ိန္ကို မ်က္ႏွာသာေပးတဲ့အေနနဲ႔ 2 ႏွစ္ေလာက္ ေစ့စပ္ထားခိုင္းရေသး တာေပါ့။ ေနာက္မွ ဒီေကာင္မေလး တျခားေယာက်ာ္းေတြကို ျမဴဆြယ္ၿပီး ပေရာပရီေနတဲ့ပုံကိုရေအာင္႐ိုက္ၿပီး မိန္းကေလးဘက္က အက်င့္မေကာင္းလို႔ဆိုၿပီး ေစ့စပ္ပြဲကို ဖ်က္ပစ္ရမယ္။ မိန္းကေလးရွင္ဘက္က သူတို႔ရဲ႕ဂုဏ္သိကၡာကိုပိုၿပီး အေလးထားတယ္ ဆိုေတာ့ အသာတၾကည္ပဲ ေစ့စပ္ပြဲကို ႐ုပ္သိမ္းေပးမွာ ေသခ်ာတယ္။

ေဟာ္ရန္၏ အခန္းထဲကိုေရာက္ေသာ မိုက္ခ္ျဖင့္သီခ်င္းဆိုက်င့္ ေနသည္ကိုေတြ႕လိုက္ရသည္။ ေက်ာင္းပိတ္ရက္တြင္ သူတို႔ပိုင္ ဗီးလာတြင္ ပါတီက်င္းပမွာျဖစ္လို႔ ေဟာ္ရန္က သီခ်င္းဆိုက်င့္ေနျခင္း ျဖစ္သည္။

ဟန္ယြိက ပလပ္ကို ဆြဲျဖဳတ္လိုက္ေတာ့ ေဟာ္ရန္က စိတ္ပ်က္လက္ပ်က္ျဖင့္လွည့္ၾကည့္ကာ ေျပာလိုက္သည္။

" ကြၽန္ေတာ့္ရဲ႕ခ်စ္လွစြာေသာ မားမားေရ... ဘာမ်ားေျပာစရာရွိလို႔ပါလဲ "

သူ႔အေမနဲ႔အစ္ကို 2 ေယာက္က ဘာေၾကာင့္ ဒီေလာက္ဆိုးရတာလဲ လို႔ ေတြးၿပီး ေဟာ္ရန္ သက္ျပင္းခ်လိုက္သည္။

" အဲ့ဒီေတာ့ မင္းက မေက်နပ္ဘူးေပါ့ "

" အေမ..ကြၽန္ေတာ္က အသက္ 13 ႏွစ္ရွိေနၿပီဗ်ာ။ ေနာက္ဆို ကြၽန္ေတာ့္ အခန္းထဲဝင္ရင္တံခါးေလး အရင္ေခါက္ပါဦး "

" အိုး...ငါေတာ့ အျပဳမႈပိုင္းနဲ႔ ပတ္သတ္ၿပီး အသင္ခံေနရတာေပါ့ေလ....ဟုတ္လား "

ေဟာ္ရန္က မႏိုင္ပါဘူးဆိုတဲ့ပုံစံနဲ႔ မ်က္ျဖဴလွန္လိုက္သည္။

ဟန္ယြိက သူ႔သားကို အနားကို ဆြဲထိုင္ေစၿပီး ႏူးညံ့စြာျဖင့္ အျဖစ္ပ်က္ကို ေျပာျပကာ သူ႔သေဘာထားကို ေမးလိုက္သည္။ မထင္မွတ္ထားေသာ စကားကို သူ႔သားက ေျပာလာခဲ့သည္။

 "အေမ..က်ီေဟြ႕က တကယ္ရွာမွရွား လွတဲ့ေကာင္မေလးေနာ္။ သားဆို သူ႔ကို မ်က္လုံးေတာင္ မလြဲႏိုင္ဘူး။ ဒါေပမယ့္ အေမ စိတ္ခ်ပါ။ သူမက ငယ္ေသးတယ္။ သူမ အဆင့္နဲ႔ကြၽန္ေတာ္တို႔ မိသားစုထဲကို ဝင္လာလို႔မရႏိုင္ပါဘူး။ ကြၽန္ေတာ္က လူငယ္သဘာဝ သူမကို ကစားခ်င္႐ုံပါ။ ကြၽန္ေတာ္ေနာင္မွာ အေမ့လို ေတာ္တဲ့မိန္းမကို ယူၿပီး ကေလး 3 ေယာက္ေမြးမွာ။  "

ေဟာ္ရန္က ေရတခြက္ကို ေမာ့ေသာက္ရင္း ေတာက္ပစြာျဖင့္ သူ႔အေမကို ေျပာလိုက္သည္။

 " မင္းက ငရႈပ္ေလးပဲ "
----------------

ရႈခ်ိန္ အိမ္ကိုေရာက္ေတာ့ ရႈနင္ရဲ႕ေန႔လည္ စာသင္ခ်ိန္ေရာက္ေနေသာေၾကာင့္ သားငယ္ႏွင့္ခ်က္ခ်င္း မေတြ႕ရေပ။ သားျဖစ္သူ စာလုပ္ေနသည္ကို အေႏွာက္ယွက္မေပးရက္သျဖင့္ သူ ေစာမျပန္လာႏိုင္ခဲ့တာကို ေနာင္တရေနမိသည္။ သူ႔သားအတန္းၿပီးဖို႔ 2 နာရီလိုေနသျဖင့္ သူက ဒီအတိုင္း အိမ္မွာ အအား မေနပဲ သူ႔ညီဝမ္းကြဲ ရႈလင္းယြီ၏ အိမ္ကို ဖုန္းဆက္ကာ ရႈက်ီေဟြ႕ ကိစၥရပ္မ်ားကို ေျဖရွင္းၿပီးျဖစ္ေၾကာင္းေျပာလိုက္ေတာ့ သူ႔ညီက ေက်းဇူးတင္စကားေျပာ ခဲ့သည္။ သူ႔ညီနဲ႔ မိသားစုအေၾကာင္းကို နည္းနည္းေျပာေနၾကၿပီး ရႈခ်ိန္ စိတ္လက္ခ်မ္းသာေနသည္။

ရႈလင္းယြီက ငယ္ဘဝအေၾကာင္းကို ေျပာရင္း စိတ္ထားႏူးညံ့လာၿပီး ေလသံက ေအးေဆးေပ်ာ့ေျပာင္းလာခဲ့သည္။ သူ႔အကိုဝမ္းကြဲကို ခုလို ေလသံႏွင့္ စကားမေျပာျဖစ္တာ ၾကာခဲ့ေလၿပီ။ သူငယ္စဥ္က အကိုဝမ္းကြဲ ရႈခ်ိန္ေနာက္ကို အထင္ႀကီးေလးစားစြာ လိုက္ခဲ့ေပမယ့္ သူက စစ္တုရင္၊ ပန္းခ်ီ၊ လက္ေရးအလွပညာ စသည့္ အႏုပညာအလုပ္မ်ားကိုသာ စိတ္ဝင္စားၿပီး အကိုႀကီး ရႈခ်ိန္၏ ဉာဏ္မ်ားသည့္ လွည့္ကြက္မ်ားစြာႏွင့္ စီးပြားေရးလုပ္ကိုင္သည္ကို မႏွစ္သက္ေပ။ သူ႔ကို တခုခု ႀကံစည္ေနသည္ဟု အထင္မွားခဲ့ၿပီးရႈခ်ိန္ႏွင့္ ခပ္ခြာခြာေနကာ မပတ္သတ္ မိေအာင္ေနခဲ့သည္။

အခ်ိန္က ေရလို စီးဆင္းသြားၿပီးေနာက္ ရႈနင္လြတ္လပ္ခြင့္ရသြား ေတာ့သည္။ ရႈခ်ိန္က လက္ေဆာင္ကိုယူကာ သူ႔သားအခန္းကို အေျပးလာခဲ့သည္။ ရႈနင္က သူ႔အေဖကို ေတြ႕လိုက္ေတာ့ အရမ္းကို ဝမ္းသာၿပီး အေျပးလႊားသြားဖက္ထားလိုက္သည္။ အရင္ဘဝတုန္းက သူ႔အေဖနားကိုခုလို ကပ္ခြင့္ ဖက္ခြင့္မရခဲ့ေသာေၾကာင့္ ဒီဘဝမွာ ရႈနင္က အေဖ့ကို ေတြ႕သည္ႏွင့္ ဝမ္းသာစြာ ကပ္ေတာ့သည္။

ရႈခ်ိန္က သူ႔သားငယ္ေလး သူ႔ကို ခ်စ္ခင္သျဖင့္ အရမ္းကိုေပ်ာ္ၿပီး သားေလးကို ေပြ႕ခ်ီကာ အေပၚကို ပစ္ေျမႇာက္ရင္း စလိုက္သည္။ ရႈနင္က ႐ုတ္တရက္ အေဖျဖစ္သူ ခ်ီကာ ေျမႇာက္ျခင္းခံလိုက္ရေသာေၾကာင့္ လန႔္သြားၿပီး အေဖ့လည္ပင္းကို တင္းတင္းဖက္ထားလိုက္မိသည္။

ေၾကာက္စရာႀကီး.... အေဖက ဘယ္လိုျဖစ္ၿပီး ငါ့ကို ကေလးလို သေဘာထားၿပီး အေပၚကို ေျမႇာက္ေနတာလဲ။

ဒါေပမယ့္ သူ႔အေဖက ခုလို သူ႔ကို မ်က္ႏွာသာေပးကာ လက္ပြန္းတသီးေနတာ ရွားပါးလွေသာေၾကာင့္ ခုလို အျပဳမႈေလးကို ရႈနင္ အရမ္းကို တန္ဖိုးထားမိသည္။

" အေဖ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ ဟိုေန႔က အေဖ့ကို တမင္ အလုပ္ ရႈပ္ေအာင္ လုပ္ခဲ့တာ မဟုတ္ပါဘူး။ "

" အိုး...သားက အခု ေနာင္တရေနၿပီေပါ့ေလ.... "

ရႈခ်ိန္က သားငယ္ေလးရဲ႕ႏွာေခါင္းကို ခ်စ္စႏိုးနဲ႔ညစ္လိုက္ၿပီး ေျပာလိုက္သည္။

"  သားရဲ႕ႏူးညံ့တဲ့အသြင္အျပင္ကို အေဖ တကယ္သေဘာက်တယ္၊ တစ္ခါတေလ လူႀကီးေတြရဲ႕ဆုံးျဖတ္ခ်က္ေတြက မွန္မယ္လို႕ မေသခ်ာဘူး။ မွန္တယ္ဆိုရင္ေတာင္မွ သူတို႕က လုပ္ခ်င္မွ လုပ္ႀကတယ္။ ဒါေႀကာင့္ ေနာင္ဆုိရင္ သားစိတ္ထဲကရွိတာကို အေဖ့ကို ပြင့္ပြင့္လင္းလင္းေျပာျပီး တုိင္ပင္လို႕ရတယ္ ဟုတ္ျပီလား။ "

" ဟုတ္ကဲ့... "

ရႈနင္က သူ႕အေဖရဲ႕သေဘာထားေႀကာင့္ ဝမ္သာျပီး ရင္ထဲ ဆုိ႕လာမိသည္။ အရင္ဘဝက ခ်င္ယြိက်ိဳးက သူမ လုပ္ေစခ်င္တာနဲ႕ သူ လုပ္တာ လြဲသြားရင္ ပါးရိုက္ျပီးဆူပူႀကိမ္းေမာင္းေလ့ရွိသည္။ ရႈနင္က သူ႕အေမ သူ႕ကို စြန္႕ပစ္မွာ မခ်စ္ေတာ့မွာ ေႀကာက္တာေႀကာင့္ ဘယ္ေလာက္ မွားေနပါေစ သူ႕အေမ ျဖစ္ေစခ်င္တာကို မ်က္စိမွိတ္ကာ လုပ္ခဲ့ေပမယ့္ ေနာက္ဆံုးေတာ့ ရႈေယာင္းအတြက္ ေလွကားထစ္သက္သက္သာ ျဖစ္ခဲ့ရျပီး သူ႕ကို ေထာင္ထဲ လုပ္ႀကံဖုိ႕ အေမရင္းကိုယ္တုိင္ ခုိင္းခဲ့သည္။

အခုဘဝတြင္လည္း သူ႕အေဖက သူ႕ကို စြန္႕ပစ္ဦးမွာလားလို႕ ေတြးမိျပီး ရႈနင္ေႀကာက္လာသည္။ ရႈနင္ရဲ႕မ်က္ဝန္းေလးေတြက တလႈပ္လႈပ္ျဖစ္ကာ ေမးလိုက္သည္။

" အေဖ ကြ်န္ေတာ္က အမွားလုပ္သြားမိရင္ အေဖက ကြ်န္ေတာ့္ကို မုန္းမွာလားဟင္။ ကြ်န္ေတာ့္ကို စြန္႕ပစ္မွာလား "

 " အေဖ ဘယ္လို လုပ္နုိင္မွာလဲကြယ္ "

ရႈခ်ိန္ အံ့အားသင့္သြားၿပီး ဘယ္သူက သူသားေလးကို ခုလို ထင္ေအာင္ ေျပာဆိုခဲ့သလဲလို႕ေတြးျပီး စိတ္မေကာင္းျဖစ္ေနခဲ့သည္။ သူ႕ရဲ႕စိတ္ႏွလုံးထဲမွာ ဘာေႀကာင့္ မေသခ်ာမေရရာျဖစ္ေနခဲ့ရသလဲ။ ငါ့ကေလးကို ဘယ္သူ ခံစားရေအာင္ လုပ္ခဲ့သလဲ။ ရႈခ်ိန္ရဲ႕မ်က္ႏွာမွာအၿပဳံးေတြကပိုၿပီးႏူးညံ့သိမ္ေမြ႕လာသည္။

 "သား ၾကားခဲ့ရတဲ့အရာေတြ အားလုံးကို နားလည္မႈလြဲေနတာျဖစ္မွာပါ။ အေဖတို႔က သားအဖေတြပါ၊ အေဖ့ဘဝမွ ေနာင္တအရဆံုး အျဖစ္က သားကို ႏွစ္ေပါင္းမ်ားစြာ ခြဲထားခဲ့တဲ့အျဖစ္ပဲ။  သားကို ဘယ္လို ျပန္ေလွ်ာ္ေပးပါ့မယ္လို႕ အေဖမေျပာခဲ့ေပမယ့္ အေဖက သားကို အေကာင္းဆံုးဆိုတာကိုပဲ ေပးခ်င္တယ္ဆိုတာ နားလည္ထားေပးပါကြယ္   "

" အေဖ ~ "

" နင္နင္က လိမ္မာတဲ့ ေကာင္ေလးပါ  "

ရႈခ်ိန္ က သူ၏လက္ကိုဆန႔ ္၍  ရႈနင္ကို လက္ေမာင္းႀကားထဲမွာ ထက္ထားလိုက္သည္။

" အေဖနဲ႕သားႀကားမွာ ဘာမွ ထိန္းထားစရာမလိုဘူး။ သား ေျပာခ်င္တဲ့ စကားကို အေဖ့ကို လြတ္လြတ္လပ္လပ္ေျပာလို႕ရတယ္။ အေဖက သားကို ခ်စ္ေပမယ့္ အခ်ိန္ျပည့္ သားေဘးမွာ မေနနုိင္တဲ့အတြက္ အေဖကိုယ့္ကိုယ္ စိတ္တိုမိတယ္။ သား တခုခုေျပာခ်င္ရင္ လာေမးခ်င္ရင္ အခ်ိန္မေရြးေျပာလို႕ ေမးလို႕ရတယ္ ဟုတ္ျပီလား။ ျမိဳသိပ္ထားျပီး အခ်င္းခ်င္းနားလည္မႈလြဲတာ မျဖစ္ေစခ်င္ဘူး။ တကယ္လို႕ အေဖ့ကို မေျပာခ်င္ရင္ မင္း အေမကို ေျပာျပလည္းရတယ္ ဟုတ္ျပီလား "

ခ်င္ယြိက်ိဳးကို ေျပာရမွာလား။

ရႈနင္က ေခါင္းကိုငံု႕ကာ သူ႕မ်က္ဝန္းထဲက အဆိပ္ျပင္းေသာ မ်က္ဝန္းမ်ားကို ဖံုးကြယ္ထားလိုက္သည္။

====================
Chapter (48)_ကျွန်တော် အကိုကြီးကို တသက်လုံး တာဝန်ယူပါ့မယ် (Z+U)

တာဝန်ယူရမှာလား။

ရှုနင်က ဒီအကြောင်းတွေးလိုက်မိလိုက်တော့ သူ မသိမသာလေး နောက်ကို ဆုတ်လိုက်မိသည်။

အရင်ဘဝက သူက ဟိုမိုဆိုတာ သိတာတောင်မှ မိန်းကလေး အတော်များများက သူ့ကိုကပ်ပြီး သူနှင့်လက်ထပ်ချင်ကြသည်။ ချမ်းသာသော အိမ်တော်မှ သခင်လေးတစ်ယောက်ကို လက်ထပ်လိုက်တာက စာကလေးကို ဖီးနစ်ဌက်ဘဝကိုပြောင်းသလို ပြောင်းပေးလိုက်နိုင်လို့ သိုက်တူးချင်တဲ့ သမီးရှင်တွေက သူတို့သမီးကို ဖိအားပေးပြီး လိမ်မာတဲ့ သမီးပျိုတွေက သူတို့ဘဝကို ဟိုမိုတစ်ယောက်ရဲ့ ရင်ခွင်မှာ စတေးပြီး သူတို့ရဲ့ပျော်ရွှင်မှုနဲ့ စည်းစိမ်ချမ်းသာကို လဲလှယ်ချင်စိတ်ရှိကြသေးသည်။

အရင်ဘဝက ရှုနင်က မိန်းမတစ်ယောက်နဲ့မှ မနီးစပ်ခဲ့ပေ။ တကယ်လို့ မိန်းမတစ်ယောက်က သူ့ကို သိုက်တူးဖို့ အနားကပ်လာရင်လည်း ရှုမိသားစုက သြဇာအာဏာကြီးတဲ့အတွက် ဒီလိုမိန်းမကို အလွယ်တကူ ဖယ်ရှားပစ်နိုင်သည်။

နောက်ဆုံးတော့ ငွေနှင့် အာဏာကို မက်တော့ မိန်းမများ၏ လူတစ်ယောက်ကို လက်ထပ်ပြီး ရိုးမြေကျပေါင်းသင်းပါ့မယ် ဆိုတဲ့ကတိက ခွေးမတစ်ကောင်က ပလီပလာပြောတဲ့ စကားထက်မပိုပေ။

ဒါကိုပြန်စဉ်းစားမိတော့ ရှုနင်က ချောမောခန့်ညားလွန်းလှပြီး သူ့ကို စိုက်ကြည့်နေတဲ့ အကိုကြီး ရှုဟိန်ကို ကြည့်လိုက်သည်။ ဒီအကိုကြီးက ရွှေပေါင်လုံးတုတ်တုတ်ကြီးပဲ။ အကိုကြီးရဲ့ပေါင်ကိုသာ တွယ်တက်လိုက်နိုင်ရင် သူ့တစ်ဘဝလုံး အေးအေးချမ်းချမ်းနေရဖို့ လုံးဝ အာမခံချက် ရသွားလောက်သည်။ အကိုကြီးက နတ်ဘုရားတစ်ပါးလို သြဇာအာဏာကြီးပြီး လက်တချက်ယမ်းလိုက်တာနဲ့ လေနဲ့မိုးကိုတောင် ဆင့်ခေါ်နိုင်သည်။ ဒါဆို သူ အကိုကြီးကို အားကိုးပြီး ဘဝကို အေးအေးချမ်းချမ်း နေရဖို့ ကြိုးစားနေတာက အရင်ဘဝက သူကြုံခဲ့ရတဲ့ သိုက်တူးတဲ့ မိန်းမတွေ လုပ်ရပ်နဲ့ အတူတူဖြစ်မနေဘူးလား။

"မင်း ငါ့ကို တာဝန်ယူပေးနိုင်မလား  "

ကလေးလေးက သူ့အမေးကို မဖြေပဲ တွေဝေငေးမောနေသဖြင့် ရှုဟိန်၏ အမူယာက မှုန်မှိုင်းလာခဲ့ပြီး သူ့ဘေးမှာ အပူချိန် ကျဆင်းလာသလို ခံစားလာရစဉ် သူက ထပ်မေးလိုက်သည်။

"အင်း...အင်း... ကျွန်တော် အဆုံးထိ တာဝန်ယူပါ့မယ်  "

အကိုကြီးရဲ့ အမူယာကို ကြည့်ပြီး ရှုနင်က အချိန်မဆွဲဝံ့ပဲ အမြန်ဖြေလိုက်သည်။ သူက တစ်ဘဝလုံး အေးချမ်းစွာ နေနိုင်ဖို့ အကိုကြီးကို အလိုလိုက် အကြိုက်ဆောင်ပြောဖို့ အရေးကြီးတယ် မဟုတ်လား။ အခုက ဒီလိုပဲ စနောက်ပြောနေတာပဲဟု တွေးကာ အမြန်ဖြေလိုက်သည်။

"  မင်း အဲ့လိုပြောခဲ့တာနော်"

"အွန်း...ဟုတ်တယ်။ ကျွန်တော် အကိုကြီးကို တသက်လုံး တာဝန်ယူပါ့မယ် ။ ကျွန်တော်တို့ နှစ်ယောက် သေဆုံးတဲ့အထိ ကျွန်တော် တာဝန်ယူပါ့မယ်  "

ရှုနင်က အ ပြုံးကို အပြန် ဘရိတ်အုပ်ကာ လေးနက်စွာဖြင့်  အမြန်ပြော လိုက်သည်။

ရှုဟိန်၏ မျက်ဝန်းများက တဖြတ်ဖြတ်လက်သွားပြီး အရမ်းကို ပျော်သွားကာ သူ့ညီလေးကို ရင်ခွင်ထဲ တင်းကျပ်စွာဖက်ထားလိုက်သည်။
ရှုဟိန်ရဲ့ရင်ထဲမှာ သွေးတွေပွက်ပွက်ဆူလာသလို ခံစားလိုက်ရသည်။

ငါ့ညီလေး...ငါ မင်းကို ချစ်ခဲ့ အလိုလိုက်ခဲ့တာ အလကား မဖြစ်ဘူးပဲ။ ဘယ်လောက်တောင် နူးညံ့လိုက်လဲ။ ဘယ်လောက်တောင် သေးကွေး ပိန်ပါးပြီး နူးညံ့လိုက်လဲ။ ငါ သူ့ကို အားနဲ့တောင် တင်းတင်းမဖက်ရက်ဘူး မင်းကို အကိုကြီး အခုကစပြီး ပိုဂရုစိုက်သွားမယ်။ ပိုပြီး ကျွေးမွေးပြုစုပေးသွားမယ်။

ရှုဟိန်က တွေးကာ ကလေးလေးကို ဖက်ရင်း ပြုံးပျော်နေသည်။

ရှုနင်လည်း ရှုဟိန်ကို တင်းတင်းပြန်ဖက်ထားလိုက်သည်။
ဟား...ဟား..ဟား...အကိုကြီးက အရမ်းကို ပျော်သွားပြီ။ ဘာပဲဖြစ်ဖြစ် သူက အခုမှ 18 နှစ်ပဲရှိသေးတဲ့ လူငယ်လေးပဲလေ။

သူတို့နှစ်ယောက်က ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်နေကြသည်။

ရှုဟိန်က ရှုနင်ကိုချစ်လွန်းလို့ နမ်းမဝအောင်ဖြစ်နေသည်။ သူက ရှုနင်ရဲ့နားရွက်ဖျားလေးတွေကိုပါ နမ်းလိုက်တော့ ရှုနင်က ညည်းသံလေးတောင် ထွက်မိမလိုဖြစ်ကာ နူတ်ခမ်းကို ကိုက်ပြီး မနည်းအောင့်ထားလိုက်ရသည်။

ရှုဟိန်က ရှုနင်ကို အိပ်ယာထက်မှာ တင်ပေးပြီး အပြင်ကို ထွက်သွားလိုက် စဉ် ရှုနင်က အိပ်ယာထက်မှာ အားပျော့စွာ လဲလျောင်းရင်း တွေးနေသည်။ ဟိုမိုတိုင်းတွင် အထိမခံနိုင်သော နေရာရှိကြပြီး နားရွက်က ရှုနင်အတွက် ဘယ်လိုမှ အထိမခံနိုင်သော ထိမိတာနဲ့စိတ်ကြွလာစေနိုင်သော နေရာတစ်ခုဖြစ်သည်။

နတ်ဘုရားအကိုကြီးရေ...ကျွန်တော့်ကို ဒီနေရာလေးတော့ ချမ်းသာပေးပါဗျာ။

သူက အခုမှ 13 နှစ်ဆိုပေမယ့် နားရွက်ကိုထိတာနဲ့ ယားယံလာပြီး စိတ်ထဲ သရိုးသရီဖြစ်လာလေပြီ။ ဘာပဲဖြစ်ဖြစ် အကိုကြီးက သူ့ကို အထက်တန်းပထမနှစ်ကို အတန်းကျော်တက်ခွင့်ပြုလိုက်သည့် အကြောင်းကို ပြန်တွေးပြီး ပျော်မဆုံးအောင်ဖြစ်နေသည်။ ဒါဆိုရင်သူက ကျောင်းဆောင်မှာ အဆောင်နေ ကျောင်းသားအဖြစ် သွားနေနိုင်ပြီး ဘဝကို အေးအေးချမ်းချမ်း ဖြစ်သန်းနိုင်ပြီပေါ့။ သူက သူ့အကိုကြီးနဲ့ မခွဲချင်ပေမယ့် ရှေ့လျှောက် သူ့အမေလုပ်တဲ့ အရှုပ်ထုပ်ထဲ မပါချင်ဘူး။သူ့အကိုကြီးကို အတိုက်ခံမလုပ်ချင်သည့်အပြင် အသက် 13 နှစ်အရွယ်ကလေးလို ဆက်မနေချင်သောကြောင့် အိမ်နှင့် ဝေးရာကို သွားနေကာ လွတ်လပ်သော ဘဝကို ပိုင်ဆိုင်နိုင်တော့မည်။ သူ ရင်းနှီးမြှုပ်နှံထားသော ရှယ်ယာများက ရသည့် အမြတ်ငွေဖြင့် သူ့ဘဝအတွက် လုပ်ငန်းတစ်ခုကို ထူထောင်နိုင်တော့မည်။ ဒီနည်းက အကောင်းဆုံးပါပဲလေ။ အားလုံးအတွက်လည်း အဆင်ပြေတာပေါ့။

ရှုဟိန်က နောက်လှည့်လိုက်သည်နှင့် တသက်လုံးစာအတွက် တာဝန်ယူပါ မည်ဆိုသောရှုနင်းက အဝေးကို ပျံပြေးသွားဖို့ စိတ်ကူးယဉ်လို့နေလေပြီ။

နောင်နှစ်နည်းနည်းလောက်ဆိုရင် သူ့ဘဝက အခြေကျလောက်ပြီဟုတွေး ကာရှုနင် ကျေနပ်နေသည်။ အကိုကြီးက သူမရှိတဲ့အတွက် တခုခု လစ်ဟာ သလိုများဖြစ်သွားလေမလား။ ဒါပေမယ့် အကိုကြီးက အလုပ်များတဲ့သူ ဆိုတော့ သူ့ကို မကြာခင် မေ့သွားမှာပါလေ။ ရှုယောင်းလည်း မွေးလာတော့မယ်ဆိုတော့ ငါမရှိလို့ ကွက်လပ်ဖြစ်သွားတဲ့နေရာကို သူ အလွယ်တကူ အစားထိုးလို့ရနိုင်မှာပါ..... ။

နေဦး...ရှုယောင်းကို သူက ရေချိုးပေးနေတာ၊ ပွေ့ဖက် နမ်းနေတာကို စိတ်ကူးကြည့်လိုက်တော့...

ဟင့်အင်း... မဖြစ်ဘူး။ ငါ ဘယ်လိုမှ  သည်းမခံနိုင်ဘူး။

ရှုနင်က ဒီလိုတွေးရုံနှင့် ရင်ထဲက နာကျင်လာခဲ့သည်။ ဒါပေမယ့် ဆရာရောက်လာတော့ တနေ့တာ စာကို အာရုံစိုက်ကာ လိုက်မှတ်လိုက် တော့မှ သူ့အတွေးတွေ တည်ငြိမ်သွားခဲ့သည်။

ရှုဟိန်လည်း ဒီနေ့ အလုပ်တွင် စိတ်လက်ကြည်သာပြီး အလုပ်များစွာ ပြီးလျက်ရှိသည်။ သူ့စားပွဲရှေ့က အထပ်လိုက်ရှိသော အစီရင်ခံစာများကို တောက်လျှောက်ဖတ်ကာ ညွှတ်ကြားစရာရှိတာကို ညွှန်ကြားနေသည်။ သူ့ အိုင်ကျူနှင့် စာဖတ်နှုန်းအရ တခါကြည့်တာနဲ့ 10 ကြောင်းလောက်ကို ဖတ်နိုင်သလားတောင်ထင်ရသည်။

ရှုဟိန်၏လက်ထောက်မှာ အဖိုး ရှုကောင်းသေချာရွေးပေးထားသော လက်ထောက်ဖြစ်ပြီး ရှုဟိန်၏အလုပ်ကို ကောင်းစွာ ကူညီပေးနေသည်။ ရှုဟိန်က လူငယ်ဖြစ်ပေမယ့် တကယ့်ကို လုပ်နိုင်စွမ်းရှိသောကြောင့် လက်ထောက် အမှုဆောင်အဖြစ်ခန့်ထားကာ သေချာလေ့ကျင့်ပေးထား သည်။ ရှုဟိန်က ငယ်ရွယ်သေးသောကြောင့် ခုလောက် ရာထူးကြီး ပေးလိုက်သောကြောင့် ရှုချိန်နှင့် ရှုကောင်းပင်စကားများလိုက်ကြ သေးသည်။ ရှုကောင်းက သူမသေခင် ရှုဟိန်ကို ရှုချိန်အတွက် အားကိုးရသော လက်ထောက်အဖြစ် မြင်သွားချင်သောကြောင့် ယခုလို တင်းကျပ်စွာ လေ့ကျင့်ပေးနေခြင်းဖြစ်သည်။

ရှုဟိန်၏လက်ထောက်လူရွယ်က အသက် 25 နှစ်ရှိပြီဖြစ်သော ထူးချွန်က စိတ်ချရသော ဝမ့်ကျင့်ဆိုသည့် လူငယ်ဖြစ်ပြီး ရှုဟိန် လိုချင်သည့်အတိုင်း သေချာစွာ လုပ်ကိုင်ပေးနိုင်စွမ်းရှိသူဖြစ်သည်။ ရှုဟိန် ကြီးပြင်းလာသည်ကို သူ မြင်တွေ့ခဲ့ပြီး ရှုကောင်းကိုယ်တိုင် လေ့ကျင့်ပေးထားသူဖြစ်သောကြောင့် ရှုဟိန်ကို လေးစားပြီး အလုပ်ကို အကောင်းဆုံးလုပ်ပေးနေသူဖြစ်သည်။ သူက အခန်းတံခါးခေါက်ကာ ဝင်ခွင့်တောင်းပြီး ရှုဟိန်ကို လက်မှတ်ထိုးစရာများ ပေးလိုက်သည်။

ရှုချိန်၏လေယာဉ်က အခုလေးတင်ဆိုက်တယ်ဆိုပေမယ့် ရှုချိန်က ဘိုးဘွားပိုင်အိမ်ကြီးဆီမပြန်ပဲ ဟော်မိသားစုအိမ်တော်သို့ တိုက်ရိုက်သွားတွေ့လိုက်သည်။ ရှုချိန်က သူလုပ်ရမည့်အရာကို မပြောပဲ စိတ်ထားမှာထားသည်ကို ရှုဟိန်သိသည်။ သူက အချက်ပြလိုက်တော့ ဝမ့်ကျင့်က အခန်းထဲကထွက်သွားခဲ့သည်။ ရှုဟိန်က သက်ပြင်းရှိုက်ကာ လက်မှတ်ထိုးစရာရှိသည်ကို လုပ်ကိုင်နေရင်း နူးညံ့သိမ်မွေ့သော သူ့ညီလေး အကြောင်းကို တွေးနေသည်။ သူ့ညီလေးကို အဖေဖြစ်သူက ဒီအရှုပ်ထုပ်ထဲ လုံးဝ ဝင်ပါခွင့်မပြုတာကို သူ သိသည်။  ဒါက ဖြစ်သင့်သည်ဟု ရှုဟိန်တွေးနေသည်။

မိသားစုနှစ်ခုကြား လူငယ်နှစ်ယောက်အကြောင်းပေါက်ကြားသွားခဲ့ တော့မှ ရှုချိန်က သူ အရင်က ငယ်ရွယ်က အပြစ်ကင်းသည်ဟု ထင်ထားသော ရှုကျီဟွေ့ရဲ့စရိုက်က တကယ်ကို အမြင်နဲ့မတူဘူးဆိုတာ ပိုသိသာလာသည်။ သူမက ရှုနင်ကိုတောင် တွယ်တက်ဖို့ကြိုးစားပြီး အိမ်တော်ကိုလာခဲ့ပေမယ့် ဟော်ရန်ကိုတွေ့တော့ လက်ချင်းချိတ်ကာ ဥယျာဉ်ထဲ ပြေးလွားကစားရုံသာမက အနမ်းပင် ခံလိုက်သည်ဆိုတော့ ဒီမိန်းကလေးက ထင်သလောက်ရိုးသားမှု မရှိတာက ထင်ရှားနေသည်။ ရှုမိသားစုအိမ်တော်ထဲလာပြီး ခုလို လုပ်တာက ရှုမိသားစုကို လူအထင်သေးအောင်လုပ်နေသလို သူမကိုယ်ကိုယ်လည်း တန်ဖိုးကျအောင်လုပ်နေသည်ဟု ရှုချိန်မြင်သည်။ ဒါကြောင့် ခုလို ဖြစ်သွားသည့်အတွက် သူမ လုပ်တာကို သူမရိတ်သိမ်းရသည်ဟုပဲ ရှုချိန် ယူဆသည်။

ကြီးမားလှသော ဟော်အိမ်တော်ဧည့်ခန်းမကြီးတွင် C မြို့တော်ကို ကိုင်လှုပ်နိုင်လောက်အောင် အင်အားကြီးသော လူနှစ်ဦးထိုင်နေသည်။

ဟော်ချန့်သည် ခြေချိတ်ထိုင်ကာ လက်ဖက်ရည်တစ်ခွက်ကို သောက်ရင်း တဖက်သားကိုလွှမ်းမိုးနိုင်သော အရိပ်အငွေ့များထုတ်လွှတ်နေသည်။ သူက ဟော်မိသားစုကြီး၏ အကြီးကဲဖြစ်သောကြောင့် သူ့ခွင့်ပြုချက် မရပဲ တော်ရုံ ဘယ်သူမှ သူ့ကို စကားပြောခွင့်မရကြပေ။

သို့သော် ရှုချိန်က တော်ရုံလူမဟုတ်ပေ။ သူသည်လည်း ရှုမိသားစု၏ ဦးဆောင်သူဖြစ်သောကြောင့် ဟော်မိသားစု အိမ်တော်မှာရောက် နေပေမယ့် သူ့အိမ်သူ့ယာလို့ သဘောထားကာ ဟော်ချန့်ထက် မလျော့သော အရှိန်ဝါကို ထုတ်လွှတ်နေသည်။ သူ့ အရှိန်ဝါကြောင့် တဖက်လူက သူ့ကို နှိမ့်ချ မဆက်ဆံရဲတော့ပေ။

" ဒီမြေကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော် ဘာမှ ထပ်မပြောတော့ပါဘူး။ အကိုဟော်လည်း ကိုယ့်စိတ်ကူးနဲ့ကိုယ် ရှိမှာပဲလေ။ ကျီဟွေ့...သူမက ငယ်ရွယ်ပြီး ပညာတတ်တဲ့ မိန်းမကောင်းလေးဖြစ်တယ်။ ပြီးတော့ သူမက ရှုမိသားစုတစ်ခုလုံးမှာ အတော်ဆုံးမိန်းကလေးတစ်ယောက်ဖြစ်တယ်...... "

မြေယာအကြောင်းကို အစဖော်လိုက်သည်နှင့် လေထုက တင်းမာသွားခဲ့သည်။ စီးပွားရေးလောကရဲ့ အာဏာရှင်ကြီးတွေဖြစ်သည့် ဟော်မိသားစုက အစိုးရ၏ ရေလှောင်တမံစီမံကိန်းနှင့် မွေးမြူရေးဖွဲ့ဖြိုးတိုးတက်အောင် လုပ်မယ့် အစိုးရ အစီစဉ်များ အကြောင်းကို ကြိုတင်သိထားပြီးဖြစ်သည်။ သူတို့မိသားစုက C မြို့တော်ကို လွှမ်းမိုးချုပ်ကိုင်ချင်ထားပြီး အခြားမိသားစုများကို ထိပ်သီးပိုင်းမှ ပြုတ်ကျသွားတာမြင်ချင်နေသူဖြစ်သည်။ ဒါပေမယ့် ရှုမိသားစုက သူတို့ဟော်မိသားစုလောက် ငွေကြေးမတောင့်ပေမယ့် စဉ်းစားဆင်ခြင် နိုင်စွမ်းက အတော်လေးကို မြင့်သောကြောင့် ဒီ ထောင်ချောက်ထဲကနေလွတ်ထွက်သွားကြသည်။ အခု သူတို့က လူယဉ်ကျေးပီပီ စကားကို တန်ဆာဆင်ကာပြောနေကြပြီး ရှုချိန်က စကားကို အဆုံးထိ မပြောပဲ တမင် တန်းလန်းရပ်ထားတာ ဘာကို ဆိုလိုချင်တာလဲ။

ရှုချိန်၏ အမူယာက ပကတိ အေးချမ်းတည်ငြိမ်နေပြီး ဘာကိုမှ ဆက်မပြောပဲ အေးဆေးစွာနေနေသဖြင့် ဟော်မိသားစုထဲက လူတချို့က ဘယ်လိုမှ ဆက်သည်းမခံနိုင်တော့ပေ။ ဒါပေမယ့် ဟော်မိသားစုထဲမှ အခြားလူများက ရှုချိန်တို့ စကားဝိုင်းထဲ ဝင်ပြောပိုင်ခွင့်မရှိကြပေ။

ရှုချိန်က ရုတ်တရက် ထုတ်ပြောလိုက်သည်။

 "ကျွန်တော်တို့ ကလေးတွေကို ဘယ်လောက်ပဲ ကလေးလို့မြင်နေပါစေ သူတို့က လူငယ်တွေကြားမှာ နဂါးတွေလိုပဲ။ ဒါကြောင့် ကျွန်တော် ကွေ့ဝိုက်မပြောတော့ဘူး။ ဟော်ရန်က သူ မထိသင့်တဲ့အရာကို ထိမိသွားခဲ့တယ်။ ဒါကြောင့် ဟော်မိသားစု အနေနဲ့ သူတို့ကျောင်းပြန်မဖွင့်ခင် စေ့စပ်ထားပေးလို့ရမလား။ ကလေးတွေက ငယ်သေးတော့ ကျွန်တော်တို့ လုပ်လိုက်တဲ့အရာကြောင့် မီးပုံထဲ ရေလောင်းလိုက်သလို ပိုဆိုးကုန်မှာလည်း စိုးရတယ်။  လူငယ်တွေဆိုတော့ နောင်မှာ ဘာတွေဆက်ဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ဒါကြောင့် သူတို့ကို အရင်စေ့စပ်ထားပေးတာပဲ ကောင်းမယ်လို့ထင်ပါတယ်။ ဒါမှ အခြားမိသားစုတွေလည်း ဒီအချက်ကို ကျွန်တော်တို့ မိသားစုနှစ်ခုရဲ့ အားနည်းချက်လို့မြင်ပြီး ဒီဟာကို ကိုင်ပြီး ထိုးနှက်လာမှာကို ကာကွယ်လို့ရမယ် မဟုတ်လား။ အကိုဟော်.... ဘာများ ပြောချင်သေးလဲ မသိဘူး "

 " အကိုရှုက ခုလိုမျိုး စည်းမျဉ်းစည်းကမ်းတွေ လုပ်သင့်တာတွေနဲ့ ကိုင်ပြောနေတယ်ဆိုတော့ ကျွန်တော် ဟော်ချန့်က ဘာများ ပြောနိုင်ဦးမှာလဲ။  "

ဟော်ချန့်က သူ့မိန်းမကို တချက်ကြည့်ကာ ပြောလိုက်သည်။

ဟော်မိသားစု၏သခင်မ ဟန်ယွီက သူ့ယောကျာ်း၏အကြည့်ကို သဘောပေါက်ဟန်ဖြင့် ပြုံးကာ ကျက်သရေရှိစွာ ဝင်ပြောလိုက်သည်။

" ဒါက ဦးလေးရှုကောင်း ကျွန်မတို့ အိမ်တော်ကို ကြွလာစေဖို့ ကြုံတောင့် ကြုံခဲ အခွင့်ရေးဖြစ်လာမှာပေါ့ရှင်။  ကလေးတွေအကြားက ကိစ္စရပ်တွေကို ဖြေရှင်းပြီးပြီဆိုရင် ကျွန်မတို့နဲ့အတူ နေ့လည်စာ စားသွားပါဦးလား"

" ဟော်မိသားစု မီးဖိုထဲက မောင်နှမတွေရဲ့လက်ရာက ပြိုင်ဖက်ကင်းဖြစ်တော့ ဒီနေ့ ကျွန်တော့်အတွက် ဝမ်းမြောက်ဖွယ်နေ့လည်း ဖြစ်သွားတာပေါ့ဗျာ "

ဟော်အိမ်တော်မှာ ရှုချိန် နေ့လည်စာစားပြီးတော့ ရှုအိမ်ကိုပြန်လာခဲ့သည်။ သူက ရှုနင်ကို နေ့လည်ပြန်ရောက်မည်ဟု ကတိပေးထားပေမယ့် အခု နေ့လည်မွန်းလွဲနေပြီဖြစ်လို့ အမြန်ပြန်လာသည်။ သူ့သားအတွက် လက်ဆောင်ကို ပေးပြီး သားငယ်ကို ပျော်အောင် လုပ်ပေးချင်လှနေပြီ။

ဟော်ချန့်က ရှုချိန်ပြန်သွားတော့ ဆိုဖာပေါ်တွင် မျက်မှောင်ကြုတ်ကာ ထိုင်နေသည်။ သူ့မိန်းမ ဟန်ယွိက သက်ပြင်းရှိုက်ကာ မကျေမနက်ဖြင့် ပြောနေသည်။

"ရန်ရန်က အခုမှ 13 နှစ်ပဲရှိသေးတယ်  "

" ကြင်နာတတ်တဲ့ မိခင်တစ်ယောက်ရှိရင် သားသမီးကို အသုံးမကျ ဖြစ်သွားစေတယ် "

ထိုစကားပြောတော့ ဟန်ယွိက ဘာစကားမှ မပြောရဲတော့ပေ။ ဟော်မိသားစုက ကျဆင်းနေပေမယ့် သူမ အပြင်ကို ဂုဏ်ရှိရှိ ထွက်နိုင်အောင်လို့ လင်နှင့် သားက လုပ်ပေးနိုင်တာဖြစ်လို့ သူမ ပါးစပ်ပိတ်ထားလိုက်သည်။ ဒါကြောင့် သူမ ယောကျာ်းနှင့် သူမ စကားမများရဲပေ။

ဟော်ချန့်က မျက်လုံးအစုံကို ကျဉ်းမြောင်းလိုက်ပြီး မုန်းတီးမှုများ ပြည့်လာသည်။
 
"ရှုချိန်က ကလေးတွေက ငယ်သေးတယ်။ နောင် အနာဂါတ်မှာ ဘာဖြစ်မယ်ဆိုတာ မသိဘူးလို့ သေချာပြောသွားတယ်။ ဒါကြောင့် မင်းက သားကို သွားမေးစမ်း။ သူက ဟိုကလေးမကို မကြိုက်ဘူးဆိုရင် သူနဲ့ အဲ့ကလေးမကို နှစ်တချို့ခွဲထားလိုက်တာကောင်းတယ်  "

 " ကျွန်မနားလည်ပါပြီ၊ ဒါပေမယ့် ရန်ရန်ရဲ့ ဂုဏ်သတင်းက...."

 "ဒါက ရှုမိသားစုရဲ့ ဒုတိယ အိမ်တော်ခွဲလေးတစ်ခုပါပဲ။ ရန်ရန်ကို သူတို့ ဘာလုပ်နိုင်မှာမို့လဲ....  "

"  အကိုချန့်က အတော်ဆုံပဲ။ ကျွန်မ ရန်ရန် သဘောတူလာအောင် ပြောလိုက်ပ့ါမယ်။ စိတ်ချ..."

ဟန်ယွိက စိတ်လက်ပေါ့ပါးစွာဖြင့် သူ့သား၏ အခန်းရှိရာကို တက်လာခဲ့သည်။ ရှုကျီဟွေ့ဆိုတဲ့ အပျက်မလေးက ငယ်ငယ်ရွယ်ရွယ် နဲ့ သူ့သားကို နမ်းအောင် ဖြားယောင်းသွေးဆောင်ရဲတယ်။ ဒါက ဘယ်လိုမှ မိန်းမကောင်းမဖြစ်နိုင်ဘူး။ ရာရာစစ ဒင်းတို့ ဒုတိယအိမ်တော်ကသမီးက ငါ့ အဖိုးတန်သားလေးကို အမိဖမ်းချင်တယ်ပေါ့။ အခုအရွယ်လေးနဲ့တောင် ကောင်လေးတစ်ယောက် နမ်းလာအောင် ပြောရဲနေပြီ။ မကြာခင် ဖုန်းဆက်ခေါ်ပြီး သူ့ကို ထိတွေ့အောင်များ ပြောလာမလားတောင်မသိတော့ဘူး။

အဲ့ကောင်မလေး သိုက်တူးချင်တဲ့ ရည်ရွယ်ချက်က ထင်းနေတာပဲလေ။

ရှုချိန်ကို မျက်နှာသာပေးတဲ့အနေနဲ့ 2 နှစ်လောက် စေ့စပ်ထားခိုင်းရသေး တာပေါ့။ နောက်မှ ဒီကောင်မလေး တခြားယောကျာ်းတွေကို မြူဆွယ်ပြီး ပရောပရီနေတဲ့ပုံကိုရအောင်ရိုက်ပြီး မိန်းကလေးဘက်က အကျင့်မကောင်းလို့ဆိုပြီး စေ့စပ်ပွဲကို ဖျက်ပစ်ရမယ်။ မိန်းကလေးရှင်ဘက်က သူတို့ရဲ့ဂုဏ်သိက္ခာကိုပိုပြီး အလေးထားတယ် ဆိုတော့ အသာတကြည်ပဲ စေ့စပ်ပွဲကို ရုပ်သိမ်းပေးမှာ သေချာတယ်။

ဟော်ရန်၏ အခန်းထဲကိုရောက်သော မိုက်ခ်ဖြင့်သီချင်းဆိုကျင့် နေသည်ကိုတွေ့လိုက်ရသည်။ ကျောင်းပိတ်ရက်တွင် သူတို့ပိုင် ဗီးလာတွင် ပါတီကျင်းပမှာဖြစ်လို့ ဟော်ရန်က သီချင်းဆိုကျင့်နေခြင်း ဖြစ်သည်။

ဟန်ယွိက ပလပ်ကို ဆွဲဖြုတ်လိုက်တော့ ဟော်ရန်က စိတ်ပျက်လက်ပျက်ဖြင့်လှည့်ကြည့်ကာ ပြောလိုက်သည်။

" ကျွန်တော့်ရဲ့ချစ်လှစွာသော မားမားရေ... ဘာများပြောစရာရှိလို့ပါလဲ "

သူ့အမေနဲ့အစ်ကို 2 ယောက်က ဘာကြောင့် ဒီလောက်ဆိုးရတာလဲ လို့ တွေးပြီး ဟော်ရန် သက်ပြင်းချလိုက်သည်။

" အဲ့ဒီတော့ မင်းက မကျေနပ်ဘူးပေါ့ "

" အမေ..ကျွန်တော်က အသက် 13 နှစ်ရှိနေပြီဗျာ။ နောက်ဆို ကျွန်တော့် အခန်းထဲဝင်ရင်တံခါးလေး အရင်ခေါက်ပါဦး "

" အိုး...ငါတော့ အပြုမှုပိုင်းနဲ့ ပတ်သတ်ပြီး အသင်ခံနေရတာပေါ့လေ....ဟုတ်လား "

ဟော်ရန်က မနိုင်ပါဘူးဆိုတဲ့ပုံစံနဲ့ မျက်ဖြူလှန်လိုက်သည်။

ဟန်ယွိက သူ့သားကို အနားကို ဆွဲထိုင်စေပြီး နူးညံ့စွာဖြင့် အဖြစ်ပျက်ကို ပြောပြကာ သူ့သဘောထားကို မေးလိုက်သည်။ မထင်မှတ်ထားသော စကားကို သူ့သားက ပြောလာခဲ့သည်။

 "အမေ..ကျီဟွေ့က တကယ်ရှာမှရှား လှတဲ့ကောင်မလေးနော်။ သားဆို သူ့ကို မျက်လုံးတောင် မလွဲနိုင်ဘူး။ ဒါပေမယ့် အမေ စိတ်ချပါ။ သူမက ငယ်သေးတယ်။ သူမ အဆင့်နဲ့ကျွန်တော်တို့ မိသားစုထဲကို ဝင်လာလို့မရနိုင်ပါဘူး။ ကျွန်တော်က လူငယ်သဘာဝ သူမကို ကစားချင်ရုံပါ။ ကျွန်တော်နောင်မှာ အမေ့လို တော်တဲ့မိန်းမကို ယူပြီး ကလေး 3 ယောက်မွေးမှာ။  "

ဟော်ရန်က ရေတခွက်ကို မော့သောက်ရင်း တောက်ပစွာဖြင့် သူ့အမေကို ပြောလိုက်သည်။

 " မင်းက ငရှုပ်လေးပဲ "
----------------

ရှုချိန် အိမ်ကိုရောက်တော့ ရှုနင်ရဲ့နေ့လည် စာသင်ချိန်ရောက်နေသောကြောင့် သားငယ်နှင့်ချက်ချင်း မတွေ့ရပေ။ သားဖြစ်သူ စာလုပ်နေသည်ကို အနှောက်ယှက်မပေးရက်သဖြင့် သူ စောမပြန်လာနိုင်ခဲ့တာကို နောင်တရနေမိသည်။ သူ့သားအတန်းပြီးဖို့ 2 နာရီလိုနေသဖြင့် သူက ဒီအတိုင်း အိမ်မှာ အအား မနေပဲ သူ့ညီဝမ်းကွဲ ရှုလင်းယွီ၏ အိမ်ကို ဖုန်းဆက်ကာ ရှုကျီဟွေ့ ကိစ္စရပ်များကို ဖြေရှင်းပြီးဖြစ်ကြောင်းပြောလိုက်တော့ သူ့ညီက ကျေးဇူးတင်စကားပြော ခဲ့သည်။ သူ့ညီနဲ့ မိသားစုအကြောင်းကို နည်းနည်းပြောနေကြပြီး ရှုချိန် စိတ်လက်ချမ်းသာနေသည်။

ရှုလင်းယွီက ငယ်ဘဝအကြောင်းကို ပြောရင်း စိတ်ထားနူးညံ့လာပြီး လေသံက အေးဆေးပျော့ပြောင်းလာခဲ့သည်။ သူ့အကိုဝမ်းကွဲကို ခုလို လေသံနှင့် စကားမပြောဖြစ်တာ ကြာခဲ့လေပြီ။ သူငယ်စဉ်က အကိုဝမ်းကွဲ ရှုချိန်နောက်ကို အထင်ကြီးလေးစားစွာ လိုက်ခဲ့ပေမယ့် သူက စစ်တုရင်၊ ပန်းချီ၊ လက်ရေးအလှပညာ စသည့် အနုပညာအလုပ်များကိုသာ စိတ်ဝင်စားပြီး အကိုကြီး ရှုချိန်၏ ဉာဏ်များသည့် လှည့်ကွက်များစွာနှင့် စီးပွားရေးလုပ်ကိုင်သည်ကို မနှစ်သက်ပေ။ သူ့ကို တခုခု ကြံစည်နေသည်ဟု အထင်မှားခဲ့ပြီးရှုချိန်နှင့် ခပ်ခွာခွာနေကာ မပတ်သတ် မိအောင်နေခဲ့သည်။

အချိန်က ရေလို စီးဆင်းသွားပြီးနောက် ရှုနင်လွတ်လပ်ခွင့်ရသွား တော့သည်။ ရှုချိန်က လက်ဆောင်ကိုယူကာ သူ့သားအခန်းကို အပြေးလာခဲ့သည်။ ရှုနင်က သူ့အဖေကို တွေ့လိုက်တော့ အရမ်းကို ဝမ်းသာပြီး အပြေးလွှားသွားဖက်ထားလိုက်သည်။ အရင်ဘဝတုန်းက သူ့အဖေနားကိုခုလို ကပ်ခွင့် ဖက်ခွင့်မရခဲ့သောကြောင့် ဒီဘဝမှာ ရှုနင်က အဖေ့ကို တွေ့သည်နှင့် ဝမ်းသာစွာ ကပ်တော့သည်။

ရှုချိန်က သူ့သားငယ်လေး သူ့ကို ချစ်ခင်သဖြင့် အရမ်းကိုပျော်ပြီး သားလေးကို ပွေ့ချီကာ အပေါ်ကို ပစ်မြှောက်ရင်း စလိုက်သည်။ ရှုနင်က ရုတ်တရက် အဖေဖြစ်သူ ချီကာ မြှောက်ခြင်းခံလိုက်ရသောကြောင့် လန့်သွားပြီး အဖေ့လည်ပင်းကို တင်းတင်းဖက်ထားလိုက်မိသည်။

ကြောက်စရာကြီး.... အဖေက ဘယ်လိုဖြစ်ပြီး ငါ့ကို ကလေးလို သဘောထားပြီး အပေါ်ကို မြှောက်နေတာလဲ။

ဒါပေမယ့် သူ့အဖေက ခုလို သူ့ကို မျက်နှာသာပေးကာ လက်ပွန်းတသီးနေတာ ရှားပါးလှသောကြောင့် ခုလို အပြုမှုလေးကို ရှုနင် အရမ်းကို တန်ဖိုးထားမိသည်။

" အဖေ ကျွန်တော် တောင်းပန်ပါတယ်။ ဟိုနေ့က အဖေ့ကို တမင် အလုပ် ရှုပ်အောင် လုပ်ခဲ့တာ မဟုတ်ပါဘူး။ "

" အိုး...သားက အခု နောင်တရနေပြီပေါ့လေ.... "

ရှုချိန်က သားငယ်လေးရဲ့နှာခေါင်းကို ချစ်စနိုးနဲ့ညစ်လိုက်ပြီး ပြောလိုက်သည်။

"  သားရဲ့နူးညံ့တဲ့အသွင်အပြင်ကို အဖေ တကယ်သဘောကျတယ်၊ တစ်ခါတလေ လူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေက မှန်မယ်လို့ မသေချာဘူး။ မှန်တယ်ဆိုရင်တောင်မှ သူတို့က လုပ်ချင်မှ လုပ်ကြတယ်။ ဒါကြောင့် နောင်ဆိုရင် သားစိတ်ထဲကရှိတာကို အဖေ့ကို ပွင့်ပွင့်လင်းလင်းပြောပြီး တိုင်ပင်လို့ရတယ် ဟုတ်ပြီလား။ "

" ဟုတ်ကဲ့... "

ရှုနင်က သူ့အဖေရဲ့သဘောထားကြောင့် ဝမ်သာပြီး ရင်ထဲ ဆို့လာမိသည်။ အရင်ဘဝက ချင်ယွိကျိုးက သူမ လုပ်စေချင်တာနဲ့ သူ လုပ်တာ လွဲသွားရင် ပါးရိုက်ပြီးဆူပူကြိမ်းမောင်းလေ့ရှိသည်။ ရှုနင်က သူ့အမေ သူ့ကို စွန့်ပစ်မှာ မချစ်တော့မှာ ကြောက်တာကြောင့် ဘယ်လောက် မှားနေပါစေ သူ့အမေ ဖြစ်စေချင်တာကို မျက်စိမှိတ်ကာ လုပ်ခဲ့ပေမယ့် နောက်ဆုံးတော့ ရှုယောင်းအတွက် လှေကားထစ်သက်သက်သာ ဖြစ်ခဲ့ရပြီး သူ့ကို ထောင်ထဲ လုပ်ကြံဖို့ အမေရင်းကိုယ်တိုင် ခိုင်းခဲ့သည်။

အခုဘဝတွင်လည်း သူ့အဖေက သူ့ကို စွန့်ပစ်ဦးမှာလားလို့ တွေးမိပြီး ရှုနင်ကြောက်လာသည်။ ရှုနင်ရဲ့မျက်ဝန်းလေးတွေက တလှုပ်လှုပ်ဖြစ်ကာ မေးလိုက်သည်။

" အဖေ ကျွန်တော်က အမှားလုပ်သွားမိရင် အဖေက ကျွန်တော့်ကို မုန်းမှာလားဟင်။ ကျွန်တော့်ကို စွန့်ပစ်မှာလား "

 " အဖေ ဘယ်လို လုပ်နိုင်မှာလဲကွယ် "

ရှုချိန် အံ့အားသင့်သွားပြီး ဘယ်သူက သူသားလေးကို ခုလို ထင်အောင် ပြောဆိုခဲ့သလဲလို့တွေးပြီး စိတ်မကောင်းဖြစ်နေခဲ့သည်။ သူ့ရဲ့စိတ်နှလုံးထဲမှာ ဘာကြောင့် မသေချာမရေရာဖြစ်နေခဲ့ရသလဲ။ ငါ့ကလေးကို ဘယ်သူ ခံစားရအောင် လုပ်ခဲ့သလဲ။ ရှုချိန်ရဲ့မျက်နှာမှာအပြုံးတွေကပိုပြီးနူးညံ့သိမ်မွေ့လာသည်။

 "သား ကြားခဲ့ရတဲ့အရာတွေ အားလုံးကို နားလည်မှုလွဲနေတာဖြစ်မှာပါ။ အဖေတို့က သားအဖတွေပါ၊ အဖေ့ဘဝမှ နောင်တအရဆုံး အဖြစ်က သားကို နှစ်ပေါင်းများစွာ ခွဲထားခဲ့တဲ့အဖြစ်ပဲ။  သားကို ဘယ်လို ပြန်လျှော်ပေးပါ့မယ်လို့ အဖေမပြောခဲ့ပေမယ့် အဖေက သားကို အကောင်းဆုံးဆိုတာကိုပဲ ပေးချင်တယ်ဆိုတာ နားလည်ထားပေးပါကွယ်   "

" အဖေ ~ "

" နင်နင်က လိမ်မာတဲ့ ကောင်လေးပါ  "

ရှုချိန် က သူ၏လက်ကိုဆန့ ်၍  ရှုနင်ကို လက်မောင်းကြားထဲမှာ ထက်ထားလိုက်သည်။

" အဖေနဲ့သားကြားမှာ ဘာမှ ထိန်းထားစရာမလိုဘူး။ သား ပြောချင်တဲ့ စကားကို အဖေ့ကို လွတ်လွတ်လပ်လပ်ပြောလို့ရတယ်။ အဖေက သားကို ချစ်ပေမယ့် အချိန်ပြည့် သားဘေးမှာ မနေနိုင်တဲ့အတွက် အဖေကိုယ့်ကိုယ် စိတ်တိုမိတယ်။ သား တခုခုပြောချင်ရင် လာမေးချင်ရင် အချိန်မရွေးပြောလို့ မေးလို့ရတယ် ဟုတ်ပြီလား။ မြိုသိပ်ထားပြီး အချင်းချင်းနားလည်မှုလွဲတာ မဖြစ်စေချင်ဘူး။ တကယ်လို့ အဖေ့ကို မပြောချင်ရင် မင်း အမေကို ပြောပြလည်းရတယ် ဟုတ်ပြီလား "

ချင်ယွိကျိုးကို ပြောရမှာလား။

ရှုနင်က ခေါင်းကိုငုံ့ကာ သူ့မျက်ဝန်းထဲက အဆိပ်ပြင်းသော မျက်ဝန်းများကို ဖုံးကွယ်ထားလိုက်သည်။

====================

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးOnde as histórias ganham vida. Descobre agora