Chapter (145) - အဖေ့ရှေ့မှာ ဒူးထောက်တောင်းပန်သော နတ်ဘုရားကြီး

9.1K 1.7K 57
                                    

Chapter (145) - အဖေ့ရှေ့မှာ ဒူးထောက်တောင်းပန်သော နတ်ဘုရားကြီး

ရှုချိန်က ရှုယောင်းကို ပေါင်ပေါ်တင်ကာ ဆော့ကစားနေပြီး ကျယ်လောင်စွာရယ်မောနေသည်။ ဒါကိုမြင်တော့ ရှုနင်က ပြောစရာစကား ပျောက်ရှနေပေမယ့် ပြုံးကာပြောလိုက်သည်။

"အဖေ.. ကျွန်တော်နဲ့ အစ်ကိုကြီး ပြန်လာပါပြီ.."

ရှုချိန်က ရှုနင်ပြောလိုက်တာကို မကြားဘဲ ရှုယောင်းကို ငုံ့ကာစကားပြောနေသဖြင့် ရှုနင်က ခပ်ကျယ်ကျယ်ပြောလိုက်သည်။

"အဖေ.. ကျွန်တော် ပြန်လာပါပြီ.."

ရှုချိန်က ထိုအခါမှ ခေါင်းထောင်ကြည့်ကာ ညင်သာစွာပြုံးကာ မေးလိုက်သည်။

"မင်းပြန်လာတာ ကောင်းတယ်.. နေ့လည်စာ စားပြီးကြပြီလား.."

"ကျွန်တော်တို့ လေယာဉ်ပေါ်မှာ စားခဲ့ပြီးပါပြီ.. ကျွန်တော်တို့ အိမ်မှာမရှိတုန်း အဖေ သေချာအနားယူရဲ့လား.."

ရှုနင်က သူ့အဖေရဲ့ ပုံမှန်အမူအယာကိုတွေ့မှ စိတ်သက်သာရာရပြီး သက်ပြင်းဖွဖွချကာ မေးလိုက်သည်။

"အနားယူပါတယ်.. ငါ့ဇနီးသေးသေးလေးက တကယ့်ကို အများကြီးဂရုစိုက်ပေးတာပဲ.."

ရှုချိန်က နင်နင်ကို စနောက်လိုက်ပြီးတော့ ရှုဟိန်ကိုကြည့်ကာ ပြောလိုက်သည်။

"စာဖတ်ခန်းထဲ သွားကြမယ်.."

"ကောင်းပါပြီ.."

ရှုဟိန်က ရှုနင်၏ပုခုံးကိုပုတ်ကာ မေးစေ့လေးကိုညှစ်ကာ အပေါ်ထပ်မှာသွားနားဖို့ အချက်ပြလိုက်သည်။

ရှုနင်က သူကလေးယူမယ့်အကြောင်း အဖေ့ကိုပြောဖို့ အကြောင်းပြချက်ရှာရခက်နေသဖြင့် အစ်ကိုကြီး ခုလိုစီစဉ်ပေးလိုက်သည်ကို သဘောပေါက်ကာ ကျေးဇူးတင်သွားမိသည်။ ရှုဟိန်က တကယ် သူ့အတွက် အများကြီးတွေးပေးတာပဲ..။

ရှုနင်က ဒါကို မျက်နှာထက်မှာမပေါ်စေဘဲ အပေါ်ထပ်ကို နာခံစွာ တက်သွားခဲ့သည်။ ဒီကလေးနှစ်ယောက်က သူ့ရှေ့မှာ ဘယ်လောက်လျှို့ဝှက်စွာနဲ့ ပြုမူနေပါစေ ရှုချိန်၏မျက်စိအောက်က မလွတ်ပေ။ အရင်က ဒါကို သူက ညီအစ်ကိုနှစ်ယောက် ဆက်ဆံရေးကောင်းသည်ဟု မှားပြီးထင်ခဲ့ဖူးသည်။ တကယ်တော့ ညီအစ်ကိုထက်ပိုတဲ့ ဆက်ဆံရေးရှိကြတာကိုး..။

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now