Chapter (95)_ အကိုကြီးရဲ့ ဖြုတ်၊ ထုတ်၊ သတ် ပညာရပ်

22.6K 2.7K 62
                                    


Chapter (95)_ အကိုကြီးရဲ့ ဖြုတ်၊ ထုတ်၊ သတ် ပညာရပ်


မနက်စောစောမှာပဲ သူတို့ ညီအစ်ကိုနှစ်ယောက်က သည်းသည်းမည်မည်းနမ်းနေကြပြီး မီးပုံထဲမှာ လောင်စာဆီ လောင်းချသလို ချစ်ခြင်းရဲ့အရှိန်ဟုန်က တိုးလာခဲ့သည်။ ရှုနင်က မျက်လုံးကိုမှိတ်ပြီး အကိုကြီးရဲ့အနမ်းကို စီးမျောနေစဉ် တံခါးခေါက်သံက သူတို့နှစ်ယောက်ကို သတိဝင်လာစေသည်။

ဘယ်သူက အလိုက်ကမ်းဆိုးမသိ ဝင်ရောက်နှောက်ယှက်ရတာလဲ.... /(ㄒoㄒ)/~~

သေချာတာပေါ့..ဒါက တကယ့်ကို စိတ်မချရတဲ့ သူတို့အဖေပဲဖြစ်မယ်.. ╮(╯▽╰)╭

သူတို့နှစ်ယောက်ရဲ့ နှုတ်ခမ်းကွဲကွာသွားရတယ်။ ရှုနင်က နူတ်ခမ်းကိုကိုက်ပြီး မကျေနပ်ဖြစ်နေတဲ့ ရှုဟိန်ကို လိမ္မာပါးနပ်စွာကြည့်ရှုခဲ့သည်။ ရှုဟိန်က စိတ်ရှုပ်သွားပြီး ရှုနင်၏ ၏အဝတ်အစားများကို ချက်ချင်း သပ်ရပ်အောင်ပြင်ဆင်ပေးကာ ရှုနင်ကို စောင်ခြုံပေးပြိး တံခါးကို ဖွင့်ပေးခဲ့သည်။ စားပွဲပေါ်မှာ စားပြီးတဲ့ အစားစာလင်ဗန်းကို တင်ထားသည်။

ရှုချိန်က သူ့နောက်ကွယ်မှာ ခိုးကြောင်ခိုးဝှက် လုပ်နေသည့် သားနှစ်ယောက်ကို လုံးဝ သတိမထားမိပေ။_ (: ゝ∠) _

ရှုနင် ၏မျက်နှာသည်နီနေပြီး သူ၏မျက်လုံးများမှေးမှိန်ကာ အနည်းငယ်မြူဆိုင်းနေပုံပေါက်သည်။ တစ်ချက်သာကြည့်လိုက်လျှင်သူသည်အလွန်ကောင်းမွန်စွာအိပ်ပျော်နေပြီး ခုမှ နိုးကာစနှင့်တူနေသည်။

 ရှုချိန်၏နှုတ်ခမ်းများက အပြုံးတစ်ပွင့်ပေါ်လာသည်။

 " ငါ မင်းတို့နှစ်ယောက်စလုံးကိုကြည့်ဖို့လာခဲ့ပြီ"

ရှုဟိန်သည်တံခါးနားကနေ ကြည့်လိုက်သည်။

အဖေက ဒီကို မလာပဲ စာတိုလေးတစ်စောင်ပို့ပေးလို့ရပါတယ်။

ဒီကောင်လေးကတော့လေ. ......
ရှုချိန်က အရာရာကို ပိုင်စိုးလိုသည့် သူ့သားကြီးကို မကျေနပ်မှုကိုထုတ်ဖော်ပြောဆိုရန်ကြိုးစားပြီးနောက် ရှုနင်ရဲ့  ၏ပျော့ပျောင်းသောဆံပင်ကိုထိရန်သူ၏လက်ကိုမြှောက်လိုက်သည်။ သူ၏ဒုတိယသားမှာနူးညံ့  ပျော့ပျောင်း။ ချစ်စရာကောင်းသော ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ၏အကြီးဆုံးသားမှာလေးလေးနက်နက် ရှိလွန်းပြီး ဆက်ဆံရန်ခက်ခဲသည်။ ရှုယောင်းကမျောက်ထက်တောင်ပိုဆိုးတယ်။ သူကခေါင်းကိုက်ဖို့ကောင်းတယ်။ ချင်ယွိကျိုးက သူ့ကိုကောင်းကောင်းဆုံးမပဲ့ပြင်နိင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ...။
"အဖေ~ Morning ~"

နောက်ဆုံးတွင် ရှုနင်က တည်တည်ငြိမ်ငြိမ်နဲ့ ဖခင်ကို နူတ်ဆက်လာနိုင်ခဲ့သည်။ သူ့အပြုံးက နွေးထွေးလွန်းလို့ ဆီးနှင်းပင် အရည်ပျော်ကျနိုင်သည်။ company သွားရန်ပြင်နေသော ရှုချိန်က ဒုတိယသားလေးရဲ့အပြုံးကြောင့် အိပ်ယာဘေးမှာ ဝင်ထိုင်ကာ သားကို ဖက်ထားမိသည်။ သူ့သားအလတ်ကို အရမ်းချစ်လို့ အချိန်ပေးဖို့ပြင်ထားသည်။
ရှုနင်က သူ့အဖေကို ဖက်ထားပြီး အမြီးသာရှိမယ်ဆိုရင် သူ့အနောက်မှာ ပျော်လို့ယမ်းနေလောက်သည်။
အဖေက အကောင်းဆုံးပဲ...   ^ _ ^

ရှုနင်က အဖေ့ဆီက အချစ်ကို သူတစ်ယောက်တည်း လက်ဝါးကြီးအုပ်ချင်တယ်။ ရှုချိန်မှာကလေးသုံးယောက်ရှိတယ်။ ငါက ဒုတိယပေမယ့် အဖေက ငါ့ကို ပိုချစ်တယ်....

ရှုဟိန် -  ......    ̄ へ  ̄  အဖေက ဘာလုပ်နေတာလဲ။ အခုထိ အခန်းထဲက မထွက်ခွာသေးဘူးလား? ဒီအတွေးနဲ့အတူ ရှုဟိန်၏အတွင်းစိတ်ထဲက အရမ်းချဉ်လာခဲ့တယ်၊ ငါ အဖေ့ကို မနာလိုဖြစ်နေတာလား။ → _ →

မေ့လိုက်ပါတော့၊ င့ါ မွေးစားအဖေကို ငါ မနာလို ဖြစ်လို့ မရဘူး။
ရှုဟိန်က သက်ပြင်းရှိုက်ကာ ဗန်းကိုကောက်ပြီး အခန်းထဲက ထွက်သွားခဲ့သည်။ မွေးစားအဖေက နင်နင်ကို ပြောချင်တာ ရှိမှာပဲ...
အဖိုးကွယ်လွန်သွားလို့ အဖေ့ရဲ့ကိုယ်ရောစိတ်ရောပင်ပန်းနေတယ်။ အခု company မှာ အတွင်းလှိုဏ် ဒုက္ခပေးနေတဲ့ ကြွက်တွေကို သူ သွားရှင်းရဦးမယ်....။ နင်နင်နဲ့ အဖေ စကားပြောနေချိန် ငါ အလုပ်ကိုသွားပြီး လုပ်စရာရှိတာ လုပ်ရမယ်။


  ရှုကောင်းက နေမကောင်းဖြစ်ပြီး ဆုံးသွားတာ မဟုတ်လို့ သူတို့ကို ဘာမှ မှာမသွားနိုင်ခဲ့ရပေ။ နင်နင်နဲ့ ရှုချိန်တို့က အဖိုးအကြောင်းကို အောက်မေ့စွာပြောရင်း သားအဖနှစ်ယောက် ဖက်ကာ ငိုကျွေးခဲ့ကြသည်။ ရှုချိန်က လူအများရှေ့ ထိန်းထားပေမယ့် အခု ဘယ်သူမှမရှိတော့ သားကို ဖက်ကာ မျက်ရည်ကျမိသည်။ သူ့အဖေက တင်းထားတာထက် ခုလို ဖွင့်ကာငိုတာ ပိုကောင်းလို့ ရှုနင်က မတားပေ။

ရှုချိန်က နင်နင်ကို သူ့ရဲ့ပြသနာကို ဝေမျှပေးပေမယ့် company နဲ့ပတ်သတ်လာရင် နင်နင်က ဘယ်လိုမှ ပြောလို့မရပဲ စကားကို ကျွမ်းကျင်စွာရှောင်တိမ်းသွားခဲ့သည်။ ရှုချိန်က ပညာရှိသူဖြစ်လို့ သူ့သားအကြောင်းကို သိကာ သက်ပြင်းသာ ချမိသည်။
 နောက်ဆုံး သူ့အဖိုးက နင်နင်အတွက်ထားပေးခဲ့သည့် အရာတွေကို ပြောပြခဲ့သည်။ ရှုကောင်းက သူပိုင်တဲ့ ရှယ်ယာအများစုကို နင်နင်ကိုပေးခဲ့ပြီး ရှုယောင်းကို အနည်းငယ်သာပေးခဲ့သည်။ နင်နင်က ရှုမိသားစုထဲမှာ မကြီးပြင်းခဲ့ရပဲ အပြင်မှာ ဆင်းဆင်းရဲရဲနေခဲ့ရလို့ ရှုကောင်းက သူ့မြေးအလတ်အတွက် အပြစ်မကင်းသလို ခံစားခဲ့ရတာဖြစ်သည်။  ထို့ကြောင့် နင်နင်အတွက် သူရရှိသင့်သော ရှယ်ယာများအပြင် ရှုကောင်း ၏အမည်ဖြင့် လုပ်ထားသည့် လုပ်ငန်းများကို လွှဲပေးခဲ့သည်။

ရှုချိန်က သူ့အဖေအကြောင်းကိုပြောစဉ် အဖေကို သတိရနေမိသည်။ သူက နောက်ဆုံး နင်နင်အတွက် ထားခဲ့သည့် မီးခိုးရောင် ဒိုင်ယာရီစာအုပ်အဟောင်းလေးကို ထုတ်လာခဲ့သည်။ ဒီစာအုပ်ကိုလည်း ရှုကောင်းက နင်နင်အတွက် ထားရစ်ခဲ့တာဖြစ်သည်။ အတွင်းပိုင်း၌ရေးထားသည်မှာ ရှုနင် ကိုပေးရမည့်ပစ္စည်းများဖြစ်သည်။ ဒီစာအုပ်က ရှုကောင်း နေ့စဉ် နင်နင်ကို သတိရကာ ရေးထားသည့် စာအုပ်ဖြစ်လို့ ရှုချိန်နှင့် ရှုနင်က ထိုစာအုပ်ကို ဖွင့်ကာ အတူဖတ်ရင်း မျက်ရည်ကျခဲ့ပြန်သည်။ ၎င်းသည်သူ့အတွက် အဖိုးပေးခဲ့သည့် အကောင်းဆုံး လက်ဆောင်ဖြစ်သည်။ ၎င်းသည်ပိုင်ဆိုင်မှုများထက် ဒီ ဒိုင်ယာရီစာအုပ်လေးကို ရခဲ့တာက ရှုနင်ကို ပိုခံစားရစေသည်။

ရှုချိန်၏မျက်လုံးများမှာ ရှုနင်၏ဝမ်းနည်းနေသည့် ပုံလေးက ရောင်ပြန်ဟပ်နေသည်။ သူသည်လောဘကြီးသော၊ လိုချင်ဆန္ဒများ မရှိသောကလေးငယ်တ ဦး ဖြစ်ကြောင်း သူ သိသည်။ နင်နင် သည်စင်ကြယ်ပြီး ရိုးသားသူဖြစ်ပြီး မိသားစုကိုပင်ဂရုစိုက်တတ်သူ ဖြစ်သည်။ ဒါပေမယ့် သူက ဘာကြောင့် သူ့အမေကို ခွင့်မလွှတ်ရတာလဲ...

ရုတ်တရက် သူ ရှာမတွေ့နိုင်သောအရာများသည် ရှုချိန် ၏ဦး ခေါင်းထဲတွင် ရှု့ပ်လို့နေသည်။ ရှုချိန်က သက်ပြင်းရှိုက်ပြီး နင်နင်ကို ဖက်ကာ သူ့အဖေရေးခဲ့သည့် စာကို အသာယာပွတ်သပ်ကာ ဖတ်ရင်း ရင်ထဲမှာ လွမ်းဆွတ်လာခဲ့သည်။ အသက် 50 ကျော်ခဲ့ပေမယ့် အဖေ မရှိတော့သည့် ခံစားချက်က သူ့ကို နာကျင်ဝမ်းနည်းစေသည်။

ရှုနင်၏လက်ချောင်းများက စကားလုံးတွေကို ညင်သာစွာ ပွတ်သပ်ရင်း အဖိုးကိုလွမ်းဆွတ်မှုနှင့် သတိရခြင်းကို ဖြစ်စေသည်။ ဤစကားများကို ရေးစဉ်တွင်အဘိုး၏ခံစားချက်ကို သူ တွေးနေမိသည်။

ထိုအချိန်တွင် ရှုဟိန်သည်ကုမ္ပဏီသို့ရောက်ရှိနေပြီးဖြစ်သည်။ ပုဂ္ဂိုလ်ရေး သီးသန့် လက်ထောက်သုံး ဦး သည် ရှုဟိန်ကို အောက်ထပ် ဧည့်ခန်းကနေ သူ့ကိုစောင့်နေကြသည်။ ဒီလူတွေက ရှုချိန် ယုံကြည်ရတဲ့လူတွေဖြစ်ပြီး  ပုံမှန်အားဖြင့် ရှုဟိန်ထံ မှ အမိန့်ကိုပဲ နာခံကြသည်။  သူတို့လေးယောက်သည်ဓာတ်လှေကားကို အပေါ်ဆုံးထပ်ထိ စီးကာ တက်လာခဲ့သည်။  သဘာပတိ၏ရုံးခန်းထဲသို့ ဝင်လာကြစဉ် ရှုကျီရွှမ်းက ထိုသတင်းကိုရလိုက်သည်။

သူက ဘာကြောင့် ဒီကိုရောက်လာရတာလဲ....ဒီကောင် ရှုဟိန်က ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ !!

!

ရှုကောင်းသေသွားလို့ ရှုချိန်လည်း နေမကောင်းဖြစ်ပြီး အခု company မှာ သူ့လုပ်ပို်င်ခွင့်ရတဲ့ အချိန်ကိုရောက်လာပြီလို့ ထင်ထားပေမယ့် အခုတော့ ဒင်းက ငါ့လမ်းကို လာရှုပ်နေတယ်


ရှုကျီရွှမ်းက မေးစေ့ကိုလက်နှင့်ပတ်ကာ မျက်လုံးအကြည့်ကာ စူးရှလို့နေသည်။

ရှုဟိန်က အမေရိကားမှာ ပညာသင်ဖို့ထွက်သွားချိန်မှာ ရှုကျီရွှမ်းက အရမ်းကိုဝမ်းသာနေခဲ့သည်။ သူ့ကိုလည်း နိုင်ငံခြားမှာ ပညာသွားသင်ဖို့ပြောခဲ့ပေမယ့် သူက ငြင်းပြီး တရုတ်ပြည်က university တခုမှာပဲ တက်ကာ company မှာဝင်လုပ်ပြီး ရှုဟိန်မရှိစဉ် ဒီလုပ်ငန်းထဲမှာ လူယုံမွေးကာ ခြေကုတ်ယူဖို့ ကြိုးစားနေခဲ့သည်။ ဒါပေမယ့် သူ မထင်ထားမိတာက ရှုဟိန်က သူ့ကို နိုင်ငံခြားလုပ်ငန်းခွဲမှာ ဒုတိယ အထွေထွေမန်နေဂျာရာထူးနဲ့ တန်းပြီး အမိန့်စာထုတ်ပြီးပို့မယ်လို့ မသိထားပေ။ ထိုရာထူးက အမည်သာရှိပြီး တကယ်တော့ ပြင်သစ်နိုင်ငံက လုပ်ငန်းကို ရှုဟိန်က အသေးစိတ်ထိန်းချုပ်ထားပြီးဖြစ်သည်။

ရှုကျီရွှမ်းက ပြင်သစ်မှာကောင်းကောင်းမလုပ်ရင် တရုတ်ပြည်ကို ပြန်လာခွင့်ဘယ်တော့မှရတော့မည်မဟုတ်ပေ။ ဒီနည်းနဲ့ သွေးမထွက်ပဲ ရှုကျီရွှမ်းကို ရှုဟိန်က ရှင်းပစ်လိုက်သည်။ ပြင်သစ်နိုင်ငံက လုပ်ငန်းကို ကောင်းကောင်းမလုပ်နိုင်ရင် သူက တရုတ်ပြည်ကို ပြန်ရောက်လည်း ရာထူးကောင်းမရနိုင်တော့ပေ။

ရှုကျီရွှမ်းက သူများထက် 10 ဆကြိုးစားကာ ကျောင်းမပြီးခင်ကတည်းက လုပ်ငန်းထဲဝင်လာပြီး ဒီအဆင့်ကိုရောက်အောင် ကြိုးစားခဲ့ရသည်။ ဒါပေမယ့် ရှုဟိန်က သူ့ထက် ၂ နှစ်ငယ်ပေမယ့် ဘွဲ့ရတော့လည်း အတူတူဖြစ်ကာ ဒီတိုင်းပြည်ကို ပြန်လာရင် သူက  အကြီးတန်းအမှုဆောင်အဖြစ်ကုမ္ပဏီထဲ ၀ င်ခဲ့တယ်။

သူသည် ရှုဟိန်ထက်နှစ်နှစ်ကြီးသော်လည်း သူတို့သည်တစ်ချိန်တည်းမှာပင်ဘွဲ့ရရှိခဲ့ခြင်းကြောင့် ရှုကျီရွှမ်းက ဒေါသကြောင့် သွေးအန်မလိုဖြစ်ခဲ့သည်။ ရှုဟိန်က သူ့ကိုဒေါသထွက်လွန်းလို့ မျက်လုံးတွေကို နီရဲလာအောင် လုပ်နိုင်ခဲ့သည်။ အခုလည်း သူ့ကိုဖိအားပေးပြီး   သူနှင့်ယှဉ်ပြိုင်ရန်အခွင့်အရေး အားလုံးဆုံးရှုံးစေခဲ့သည်။  

သူ၏စာရွက်စာတမ်းများကိုကောက်ယူပြီး ရှုကျီရွှမ်းသည်ဥက္ကဌ၏ရုံးခန်းသို့သွားရောက်ခဲ့ပေမယ့် ရုံးခန်းအတွင်းပိုင်းတွင် အစည်းအဝေးတစ်ခုကျင်းပနေသောကြောင့် ရှုကျီဟွေ့က  ကော်ဖီနှစ်ခွက်သောက်ကာ တနာရီကြာ စောင့်ခဲ့ရသည်။ အတွင်းမှပုဂ္ဂိုလ်ရေးလက်ထောက်များသည် ရှုကျီဟွေ့ကို ဝင်လို့ရကြောင်း အကြောင်းကြားလာမှ ရုံးခန်းထဲ ဝင်လာခဲ့သည် ။

ရှုဟိန်က ရှုချိန်၏ ထိုင်ခုံတွင်ထိုင်နေပြီးသူ့ကိုမော့ပင်မကြည့်ခဲ့ပေ။

ရှု့ကျီဟွေ့က ရှုဟိန်ကို ဘယ်လောက်သတ်ချင်နေပါစေ မျက်နှာထားကို ဖော်ရွေစွာထားကာ တောက်ပစွာပြုံးပြီး နူတ်ဆက်လိုက်သည်။
  " အကိုဟိန်...ဒါက ရှန်းမိသားစုနဲ့ နောက်ဆုံးချုပ်ဆိုထားတဲ့စာချုပ်ပါ။ တချက်စစ်ကြည့်ပါဦး   "

"ရုံးခန်းထဲမှာ ငါက ဥက္ကဌ အလုပ်ကို လုပ်ရမယ်။ ဒီအလုပ်တွေက မန်နေဂျာကု (ကုယာ- ရှုကျီရွှမ်းရဲ့အမေ) ရဲ့ အလုပ်တွေ မဟုတ်လား။ ဘာကြောင့် ငါ့ကို လာပြတာလဲ... မင်းကရော..ဘာကြောင့် သူနဲ့ အတူရှိနေရတာလဲ... "

"ကျွန်တော့်အမေက နေမကောင်းလို့ ဒီစာချုပ်ကို ကျွန်တော် ဝင်လုပ်လိုက်ရတာပါ။ အမေက  ဥက္ကဌရှုကို ဒီအကြောင်းပြောပြပြီးပြီလို့ ပြောပါတယ်။ ဒါကြောင့် ကျွန်တော်က ဒါကို ဆက်လုပ်နေတာပါ။   ဥက္ကဌရှန်းက    လိမ်လည်လှည့်စားတတ်တဲ့မြေခွေးအိုကြီးဖြစ်လို့ သတိထားသင့်ပါတယ် "

ရှုချိန်က လုပ်ငန်းအတွင်းကနေ လှည့်ဖျားနေသည့် ကုယာအကြောင်းကို သိပေမယ့် သူ့ညီက မကောင်းတဲ့အတွက် မိန်းမသားတန်မယ့် လုပ်ငန်းထဲ ဝင်ကူပေးနေရသည့် ခယ်မကို ငဲ့ညှာသောကြောင့် တစ်ခါတည်း သူမရဲ့လိမ်လည်မှုကို မဖော်ထုတ်ပဲ သည်းခံပေးနေခဲ့သည်။ ရှုဟိန်ကတော့ ကိုယ့်လုပ်ငန်းထဲကနေ ကြွက်လိုကောင်တွေကို သည်းခံရန် စိတ်ကူးမရှိပေ။

ရှုဟိန်က အမျိုးသမီးတစ်ယောက်ကို ခက်ခဲအောင်လုပ်မည်မဟုတ်ဟု ရှုကျီရွှမ်းက ထင်ထားခဲ့သည်။သူ့အမေ ကုယာက ဒီလုပ်ငန်းထဲမှာ နှစ်များစွာလုပ်ခဲ့ပြီး အကြီးတန်းမန်နေဂျာလည်းဖြစ်၊ တကယ်လည်း အရည်ချင်းရှိသောမန်နေဂျာဖြစ်လို့  အလွယ်တကူ မဖယ်နိုင်ဟု ယုံကြည်နေသည်။ ဒီအကြောင်းကိုတွေးနေရင်း ရှုကျီရွှမ်းက သူ့ထက် ၂ နှစ်ငယ်ပေမယ့် ရိုသေသမှုဖြင့် အကိုဟု ခေါ်နေရသည့်ရှုဟိန်ကို ကြည့်ကာ ရင်ထဲကနေ မုန်းတီးဒေါသထွက်လာသည်။

ရှုဟိန်က အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်ကို အထင်မသေးပါ။ ဒါပေမယ့် လုပ်ငန်းထဲ ဝင်လုပ်နေတဲ့  ဒုတိယ အိမ်တော်က အဒေါ်ကုယာက ဉာဏ်များကာလောဘကြီးသူဖြစ်သည်ကိုသူ သိထားပြီးဖြစ်သည်။

လုပ်ငန်းထဲမှာ သူ၏ယုံကြည်စိတ်ချရသူများထဲတွင်အမျိုးသမီးအတော်များများရှိသေးသည်။ အဲဒီမှာ ရှုနင်ကို အနီးကပ် ပြုစုစောင့်ရှောက်ကာ ချက်ပြုတ်ကျွေးရသည့် အန်တီနှစ်ယောက်က သိပ်မရည်ချင်းမရှိပေမယ့် သူတို့က နင်နင်ကို သေချာ စောင့်ရှောက်ပေးကြသည်။ ဘယ်သူတွေက ဘယ်လိုအစ်အောက်ကာမေးပါစေ နင်နင်အကြောင်းကို နည်းနည်းလေးမှ ဖွင့်ဟမ ပြောကြပေ။

ရှုဟိန်က စာချုပ်ကို 10 မိနစ်ကြာ ကြည့်ကာ ပြောလိုက်သည်။

" ဈေးအရမ်းနိမ့်နေတယ်။ ရှန်းမိသားစုကို ပုံမှန်ဈေးနဲ့ စာချုပ်ချုပ်လိုက်ပါ "  

ဘာ?

ရှုကျီရွှမ်းက အောက်ဈေးနဲ့ စာချုပ်ချုပ်နိုင်ဖို့ မနည်းကြိုးုစားခဲ့ရပြီး အခု ရှုဟိန်က သူ့ကို ဈေးမြှင့်ပေးခိုင်းနေတယ်။ သူက ရူးသွားတာလား။ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။
 ရှုဟိန် -" မင်းနားမလည်ဘူးလား?"

"ကျေးဇူးပြုပြီး ကျွန်တော့်ကို ရှင်းပြပေးပါဦး "

"ရှုမိသားစုက ဟော်မိသားစုရဲ့လုပ်ငန်းကို မျိုချထားပြီးပြီ။ အခုက အပင်မြင့်ရင် လေပိုတိုက်ခံရတယ်။ ငါတို့ ကုမ္ပဏီက ရှန်းမိသားစုလို့ လုပ်ငန်းလေးတစ်ခုကို နှိမ့်ချဆက်ဆံဖို့ ကြိုးစားတာက မသင့်တော်ဘူး။ အထူးသဖြင့် ရှန်းမိသားစု လိုမျိုး  မကြီးမားပေမယ့် လူသိများတဲ့အုပ်စုကိုပဲ..."

ငါ့လှည့်ကွက်ကို မင်းက အလွယ်တကူ တွေ့နိုင်ခဲ့တယ်ပေါ့....  !

ရှုကျီရွှမ်း ရဲ့အပြုအမူမှာအပြောင်းအလဲမရှိခဲ့ဘူး၊  သူက ရင်နာနေပေမယ့် ဟန်ဆောင်နေတယ်။

  "ကျနော်တို့စာချုပ်အကြောင်းဆွေးနွေးပြီးပြီ။ ဒီပုံစံနဲ့ ကုမ္ပဏီဘက်က  အနိမ့်ဈေးပေးလိုက်ရင်  ရှုကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်မဟုတ်လား။ ဒါဆို လုပ်ငန်းလောကထဲက လူတွေက ကျွန်တော်တို့နဲ့အလုပ်လုပ်မယ့်အစား သူတို့က   တခြားသူနဲ့ အစားထိုးဖို့ ရှာလိမ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို ဈေးမြှင့်ပေးလိုက်တာက အလုပ်ဖြစ်မယ် လို့ မထင်ဘူးလား။  ? "

"ဒါက အလုပ်ဖြစ်ပါလိမ့်မယ်။ ကျွန်တော် ဈေးကို ပြန်ပြင်လိုက်ပါ့မယ် "

ရှုကျီရွှမ်းက သူ၏အလုပ်ကိုလုပ်ကိုင်ရန်ထွက်ခွာခဲ့သည်။ သူရုံးသို့ပြန်ရောက်သောအခါ သူ၏မျက်နှာသည်မှောင်မိုက်ကာ အမည်းရောင်အရိပ်တွေ လွှမ်းနေသည်။ ရှန်းမိသားစုသည်လွန်ခဲ့သောနှစ်အနည်းငယ်က ဟော်မိသားစု ၏ဖွံ့ဖြိုးရေးစီမံကိန်းတွင်ကြီးမားသော ဆုံးရှုံးမှုတစ်ခုခံစားခဲ့ရသဖြင့် ရှန်းမိသားစုလည်း အောက်ကို ထိုးကျသွားခဲ့သည်။ အခု ဟော်မိသားစု ကျဆင်းလာချိန်တွင် သူတို့က အကျိုးမြတ်ရအောင်ညစ်ယူရမယ်မဟုတ်လား။

ဒါပေမယ့်ကြည့်ရတာ ရှုဟိန်က ငါ့ကို ထွက်ပေါက်လုံးဝမပေးပဲ ဖိနှိပ်ထားချင်ပုံရတယ်။
ထိုအချိန် ရှုကျီရွှမ်းက သူ့အမေဆီကို ဖုန်းဆက်လိုက်သည်။



"အမ်? ရှုဟိန်က ငါတို့ဆင်ထားတဲ့အကွက်ကို ရှာတွေ့သွားပြီလား။ ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါက သေချာပေါက် ဟာကွက်မရှိအောင် လုပ်ထားခဲ့တာပဲ"

ကုယာ ၏မျက်နှာမှာချက်ချင်းပြောင်းလဲသွားပြီး သူမအလွန်စိတ်လှုပ်ရှားနေခဲ့သည်။  

"ဟာကွက်မရှိဘူးဟုတ်လား။ အခုတော့ သဘောၤက မုဒ္ဒရာထဲ စုန်းစုန်းနစ်သွားပြီ။ "

သူမရဲ့သားက အခုထိ ဟာသလုပ်နေတုန်းပဲ၊   ဒီအခြေအနေက အလေးနက် မထားလို့မရတော့ဘူး။ ကုယာက ပြောလိုက်သည်။
 
 " ဒီလိုသာဆိုရင် ငါတို့နောက်ပြန်ဆုတ်ရတော့မယ်၊ နောက်မှ အခွင့်လမ်းရှာကြတာပေါ့...  "

"အမေ၊ ညီမလေးကိုပဲ ကောင်းကောင်းဂရုစိုက်ပါ၊ ကျွန်တော် ဒါကိုလုပ်နိုင်တယ်"

" ကောင်းပြီ"

ကုယာက သူမသားကို အလျှော့ပေးလိုက်လျောခဲ့သည်။

ရှုကျီဟွေ့ အကြောင်းပြောရလျှင် ကုယာက အရမ်းကို စိတ်ဓာတ်ကျခဲ့သည်။ ရှုကောင်းရဲ့အသုဘကိုတက်ဖို့ ကုယာက အစွမ်းကုန်ကြိုးစားပြီး ပြည်ပက သမီးကို ခေါ်ယူဖို့လုပ်ခဲ့ပေမယ့် ဟော်ရန်နဲ့အကို ဟော်ကျုံုးက သူတို့ကို ကလဲစားချေဖို့ စောင့်နေလို့ သူမက သမီးကို ပြန်မခေါ်ရဲတော့ပေ။
ကုယာက သူမ ငယ်သားတွေကို စာပို့ပြီး သဲလွန်စ အားလုံးရှင်းဖို့ ပြောလိုက်သည်။ သူက ရှန်းမိသားစု အကြီးကဲ မြေခွေးအို သူခိုးကြီးနဲ့ ညှိထားပြီးဖြစ်သည်။ ရှုဟိန်က အနိမ့်ဈေးကို လက်ခံပြီး စာချုပ်ချုပ်ခဲ့ရင် ရှန်းမိသားစုဘက်က ဈေးကို ထပ်တိုးပြီး အကြိမ်ကြိမ်ညှိနှိုင်းသလိုနဲ့ အလုပ်ကို နှောင့်နှေးအောင်လုပ်ဖို့ ကြံထားခဲ့သည်။ ဒါပေမယ့် ရှုဟိန်က ခြေတလှမ်းတည်းနဲ့ သူမ ရဲ့ထောင်ချောင်ကို ကျော်သွားခဲ့သည်။ ရှန်းမိသားစုအကြီးကဲလည်း ဝါရင့်အံတိုနေသည့် လူလည်ကြီးဖြစ်လို့ ရှုဟိန်က တကယ့် အခရာဆိုတာ သိလို့ ရှုဟိန်ပြောင်းလဲသတ်မှတ်သည့် ဈေးဖြင့် တခါတည်း လက်ခံခဲ့သည်။

ရှုဟိန်က ကုယာ ဘာမှ မလုပ်ရသေးခင် ထိုဖြစ်ရပ်ထဲ ပါဝင်သည့် ဆွေမျိုးတစ်စုနှင့် ကုယာ၏လူ အကြီးတန်းအလုပ်အမှုဆောင် အကုန်လုံးကို သက်သေနှင့်တကွဖော်ပြကာ အလုပ်က ဖြုတ်လိုက်သည်။ ပြီးတော့ လုပ်ငန်းထဲမှာ တကယ်အရည်ချင်းရှိတာက မှန်ကန်သည့်လူများကို ရာထူးတိုးပေး ခဲ့သည်။ ရှုလုပ်ငန်းစုတစ်ခုလုံးက အခုဆိုရင် အပြောင်းလဲကြီးကြီးဖြစ်ကာ လူတိုင်း လှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်။

ကုယာ နှစ်ပေါင်းများစွာ တည်ဆောက်ထားသည့် အတွင်းလူ ကွင်းဆက်အားလုံးဖျက်ဆီးခံလိုက်ရလို့ ကုယာက သွေးတိုးလုနီးပါးဖြစ်ပြီး ခဲအိုဖြစ်သူ ရှုချိန်ကို ဖုန်းဆက်ကာ တိုင်ကြားခဲ့သည်။

ရှုချိန်က နင်နင်နှင့် အိမ်မှာ အေးအေးလူလူနေစဉ် ကုယာဆီက သတင်းကို ကြားလိုက်ရလို့ ဒေါသထွက်သွားခဲ့သည်။
ရှုဟိန်က တစ်ရက်တည်းနှင့် လူအများပြားကို အလုပ်ဖြုတ်ခဲ့တာကိုသိလို့ ရှုချိန်က မျက်မှောင်ကြုတ်ခဲ့သည်။   ထိုဆွေမျိုးများအားလုံးမှာအသက်ကြီးသူများဖြစ်ကြသည်၊ အဘယ်ကြောင့်သူတို့အလျှော့ပေးလိုက်လျောခြင်းမပြုနိုင်တာလဲ။

ရှုနင်က ရှုချိန် ၏ဘေးတွင်ထိုင်နေသဖြင့် ဖုန်းထဲက ပြောတာကို အကုန်ကြားနေရသည်။ သူ့အဖေက အကိုကြီးဆီကို ဖုန်းဆက်တော့ သူက ချက်ချင်း အဖေ့ကို ဆွဲကာ အကိုကြီးအတွက် ဖုံးဖိဖာထေးပြောပေးရန် ကြိုးစားလိုက်သည်။


(# အာဏာရူး စစ်ခွေးတွေကိုလည်း ဖြုတ်၊ ထုတ်၊ သတ် ပစ်ရမယ်)


****-*****

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now