Chapter (41) - နင္နင္ကို တညလံုး ျပဳစုေပးေသာ အကိုႀကီး (Z+U)

23.4K 3.7K 86
                                    

Chapter (41) – နင္နင္ကို တညလံုး ျပဳစုေပးေသာ အကိုႀကီး (Z+U)

႐ႈဟိန္က ကိတ္မုန္႔ကိုေျမႇာက္ကာ ႐ႈနင္ကိုစေပမယ့္ ဒီကေလးက ႏႈတ္ခန္းစူၿပီး လိုက္မဖမ္းေတာ့လို႔ သူစိတ္ပ်က္သြားၿပီး စားပြဲေပၚ ကိတ္ဘူးေလးတင္ကာ ေျပာလုိက္သည္။

"ငါ အဝတ္အစားသြားလဲလိုက္ဦးမယ္.."

အရင္က သူဘာလုပ္လုပ္ ဘယ္ေတာ့မွ မေျပာတတ္ရာမွ ခုလိုေျပာလိုက္ေတာ့ ဒါက သူတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရး တိုးတက္လာတဲ့သေဘာပဲ မဟုတ္လား။

႐ႈနင္က ကိတ္ဘူးကိုဖြင့္ၾကည့္လိုက္ေတာ့ ကိတ္မုန္႔ေလးရဲ့အနံ႔ႏွင့္ပံုစံက ထူးျခားေသာေၾကာင့္ ဒီဟာက ေရာင္းတန္းမဟုတ္ဘဲ ေအာ္ဒါမွာထားမွန္း သိသာလွသည္။ အစ္ကိုႀကီးက အရမ္းစဥ္းစားေပးတတ္တာပဲ။ သူက ေန႔တိုင္း ႐ံုးမွာ ႀကိဳးႀကိဳးစားစား အလုပ္လုပ္ရတဲ့အျပင္ ငါ့အတြက္ ကိတ္မုန္႔လည္းဝယ္ေပးခဲ့တယ္။ ညက်ရင္ သူ႔ပုခံုးကို ႏွိပ္ေပးရမည္ဟု ေတြးေနသည္။

"ေရအတူခ်ိဳးရေအာင္.."

႐ႈနင္၏အေနာက္မွ ႐ုတ္တရက္ထြက္ေပၚလာေသာ အသံေၾကာင့္ အလန္႔တၾကားႏွင့္ လွည့္ၾကည့္ကာ ေအာ္လိုက္သည္။

"အစ္ကိုႀကီး.."

"ငါတုိ႔ႏွစ္ေယာက္ ေရအတူခ်ိဳးၾကစို႔.."

ေနာက္ထပ္ ေရခ်ိဳးဦးမွာလား..။ အရင္တစ္ခါက ေရအတူခ်ိဳးမိဖို႔ ႐ႈနင္ခမ်ာ စိတ္ဒဏ္ရာရလုနီးပါး ျဖစ္ခဲ့ရတယ္ေလ။ ႐ႈနင္က ေခါင္းကို ခပ္သြက္သြက္ခါယမ္းကာ ေျပာလိုက္သည္။

"ကၽြန္ေတာ္က ေရကစားရတာ သေဘာက်တာ"

"မင္း ကစားလို႔ရတယ္.."

"........."

႐ႈနင္က ေၾကာင္ၾကည့္လိုက္မိသည္။ ကၽြန္ေတာ္က ေရကစားေနတုန္းက အစ္ကိုႀကီးက ကၽြန္ေတာ့္ကို ေရခ်ိဳးေပးမွာကို ဆိုလိုတာလား..။ ႐ႈနင္က ႐ႈဟိန္၏စကားကို လံုးဝျငင္းဆန္လိုက္သည္။

"ကၽြန္ေတာ္ ေရခ်ိဳးၿပီးသား.."

"မနက္ျဖန္ အစ္ကိုႀကီးကိုေစာင့္ၿပီးမွ ေရခ်ိဳးပါ.."

႐ႈဟိန္က ႐ႈနင္၏ပါးျပင္ေလးကို အသာအယာဖ်စ္ညစ္ကာ ေျပာၿပီး ထြက္သြားခဲ့သည္။

"........."

႐ႈနင္ စိတ္ပ်က္လက္ပ်က္ ျဖစ္သြားသည္။

ဘာပဲျဖစ္ျဖစ္ ဒီမွာ cake မုန္႔ေလးရွိေနေသးတယ္။ ႐ႈနင္က ကိတ္ကို ပါးစပ္ထဲတစ္လုတ္ထည့္လိုက္ေတာ့ ေမႊးပ်ံ႕ၿပီး အရသာေကာင္းသည့္ ခ်ိဳျမျမေလးက အာခံတြင္းထဲ ပ်ံ႕သြားခဲ့သည္။ ဒါက အရမ္းေကာင္းလြန္းေပမယ့္ နည္းနည္းေလးပဲပါတယ္..။ ငါ စားလို႔ လံုးဝမဝဘူး..။

ညစာကို ညီအစ္ကိုႏွစ္ေယာက္တည္း အတူစားၾကသည္။ ႐ႈခ်ိန္က ခ်င္ယြိလန္ဆီက ဖုန္းေခၚဆိုမႈရေသာေၾကာင့္ ခ်င္ယြိက်ိဳးႏွင့္အတူ စီးပြားေရးအတြက္ ခရီးထြက္သြားခဲ့သည္။ ႐ႈေကာင္းက ဆြန္းလင္းကိုေခၚၿပီး မိတ္ေဆြမ်ားက ဖိတ္ၾကားသည္။ ငါးမွ်ားခရီးစဥ္ကို ထြက္သြားသျဖင့္ ရက္အေတာ္ၾကာ ျပန္မေရာက္လာႏိုင္ေပ။

႐ႈဟိန္က ေန႔ဘက္မွာ company သြားေပမယ့္ ညပိုင္းတြင္ ႀကံဳရာစာအုပ္တစ္အုပ္စီကို ဖတ္႐ႈေနၿပီး အလုပ္ကို အိမ္ကိုယူလာၿပီး လုပ္ေလ့မရွိေပ။

႐ႈနင္က ႐ႈဟိန္၏ေအးေဆးေသာပံုစံကိုၾကည့္ကာ စိတ္႐ႈပ္ေနသည္။ အစ္ကိုႀကီးက ဒီေလာက္ေတာ္ၿပီး အရင္ဘဝက သူဘယ္လိုၿပိဳင္ၿပိဳင္ မႏိုင္ခဲ့ေပမယ့္ တကယ္ေတာ့ သူက ဘာမွသိပ္အားမစိုက္ဘဲ ခုလိုစိတ္ေအးလက္ေအး ေနခဲ့တာလား။ ဒါဆို သူက ပါရမီရွင္ပဲျဖစ္ရမယ္။

"ဘာျဖစ္လို႔လဲ.."

႐ႈနင္က သူ႔ကို တိတ္တိတ္ကေလးခိုးကာ ၾကည့္ေနတာေတြ႕ေတာ့ ႐ႈဟိန္ရင္ထဲ စိတ္ခ်မ္းသာသြားၿပီး လွမ္းေမးလိုက္သည္။

႐ႈနင္ : "........."

"မင္းနဲ႔ ငါ့ၾကားမွာ ဘာမွၿမိဳသိပ္ထားစရာမလိုဘူး.. ေျပာခ်င္တာေျပာလို႔ရတယ္.."

"အေဖက အၿမဲတမ္း အလုပ္မ်ားေနတာေတာင္ အစ္ကိုႀကီးက ဘာေၾကာင့္ ဒီေလာက္ေအးေအးေဆးေဆး ရွိေနရတာလဲ.."

"အစ္ကိုႀကီးက အလုပ္သင္ရွိေသးတာကိုး.. ဒါေၾကာင့္ ကိစၥအမ်ားႀကီးကို လုပ္စရာမလိုေသးဘူး.. မင္းလည္း ေနာင္မွာ အစ္ကိုႀကီးလို company မွာ ဝင္လုပ္ရမွာပဲ.."

"ေတာ္ပါၿပီ.."

႐ႈနင္က company အလုပ္ကို သေဘာမက်ေပ။ အရင္ဘဝက သူေသတဲ့အထိလုပ္ခဲ့ၿပီးတာ လံုေလာက္ၿပီေလ။

"ကၽြန္ေတာ္တို႔မိသားစုမွာ အစ္ကိုႀကီးက company ထဲဝင္႐ံုနဲ႔ လံုေလာက္ၿပီေလ.. ကၽြန္ေတာ္ေတာ့ ေအးေအးေဆးေဆးေလး ေနပါရေစေနာ္.. ၿပီးေတာ့ သားအႀကီးဆံုးကပဲ company ကို ဆက္ခံရမွာေလ.. အစ္ကိုႀကီးက ေတာ္ၿပီး ဥာဏ္ထက္တယ္.. ဒါေၾကာင့္ ဒါေတြကို ေအးေဆးကိုင္တြယ္ႏိုင္ပါတယ္.. အစ္ကိုႀကီးနဲ႔ အသင့္ေတာ္ဆံုးပဲေနာ္.."

႐ႈဟိန္က မ်က္ေမွာင္တြန္႔ကာ စာအုပ္ကိုခ်လိုက္ၿပီး ႐ႈနင္ထိုင္ေနေသာ ဆိုဖာနားကိုလာခဲ့သည္။ ႐ႈနင္က ေျပးမည္လုပ္ေသာ္လည္း ႐ႈဟိန္က သူ႔ကုိရင္ခြင္ထဲဖက္ကာ ခ်ဳပ္ထားၿပီး ေမးလိုက္သည္။

"တစ္ေယာက္ေယာက္က မင္းကို တစ္ခုခုေျပာလိုက္လို႔လား.."

"မဟုတ္ဘူး.. ကၽြန္ေတာ္က company အလုပ္ကို စိတ္မဝင္စားလို႔ပါ.."

႐ႈဟိန္၏မ်က္လံုးက လက္လာေသာေၾကာင့္ ႐ႈနင္ အျမန္ေျဖလိုက္ရသည္။

"........."

"ကၽြန္ေတာ္တို႔ ကတိျပဳၾကရေအာင္ေနာ္.. အစ္ကိုႀကီးက company ကိုဆက္ခံၿပီး ကၽြန္ေတာ္က အေဖနဲ႔အဖိုးကို ျပဳစုေပးတဲ့တာဝန္ကို ယူမယ္ေလ.. ဘယ္လိုလဲ.."

႐ႈနင္က ေမွ်ာ္လင့္ခ်က္မ်ားျဖင့္ ႐ႈဟိန္ဆီက ကတိရဖို႔ ေတာင္းေနသည္။ ဒါေပမယ့္ ႐ႈဟိန္၏မ်က္လံုးထဲမွာ အဆိပ္ေတြနဲ႔ျပည့္ေနသလို ျဖစ္လာလို႔ ႐ႈနင္က သူ႔မ်က္လံုးကို မၾကည့္ရဲေတာ့ေပ။

"မင္းအေမနဲ႔ ဒီကိစၥကို ေျပာၿပီးၿပီလား.."

႐ႈနင္က မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ႏွင့္ ေခါင္းယမ္းလိုက္သည္။

"ဟင့္အင္း.. ကၽြန္ေတာ္က အေမ့ေဘးမွာႀကီးျပင္းလာတာမဟုတ္လို႔ အေမေျပာတာကို လုိက္လုပ္ေပးႏိုင္မွာမဟုတ္ဘူး.. ၿပီးေတာ့ ကၽြန္ေတာ္က ဘဝကို ေအးေအးေဆးေဆး၊ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပဲ ေနသြားခ်င္တယ္.."

႐ႈနင္က မ်က္ႏွာေလးညိႈးကာ ေျပာေနသည္ကိုၾကည့္ၿပီး ႐ႈဟိန္၏ရင္ထဲ မေကာင္းသလို ခံစားလိုက္ရသည္။ ဒီကေလးက သူ႔အေမဆီက ေမတၱာတရား ငတ္မြတ္ေနရွာသည္ကို ေတြးမိၿပီး ကေလးေလး၏ေခါင္းကို ပြတ္သပ္ကာ ေျပာလိုက္သည္။

"ေကာင္းၿပီ.. အစ္ကိုႀကီး မင္းအတြက္ ရွိေပးမယ္.. မင္းလုပ္ခ်င္တာ လုပ္လို႔ရတယ္.."

ဟား.. ဟား.. ဟား.. ဒီစကားက ငါၾကားခ်င္တဲ့စကားပဲကြ..။ ငါ့ရဲ့ေရႊေပါင္လံုးႀကီး.. ငါ့ဘဝကို ကာကြယ္ေပးမယ့္ ေရႊေပါင္လံုးႀကီး..

သမ႐ိုးက်စည္းမ်ဥ္းေတြကို လိုက္နာေလ့မရွိေသာ ႐ႈဟိန္က ႐ႈနင္၏ေမးေလးကို ပင့္မကာ ပန္းေရာင္ႏႈတ္ခမ္းေလးကို လက္မႏွင့္အသာအယာပြတ္သပ္ကာ မ်က္ဝန္းတစ္စံုက နက္႐ိႈင္းလာၿပီး ေျပာခဲ့သည္။

"ေနာင္မွာ သူမနဲ႔ ခပ္ေဝးေဝးမွာေန.."

သားအမိႏွစ္ေယာက္ၾကား ဝင္စြက္ဖက္လုိက္မိသည္ကို ႐ႈနင္ သတိမထားမိေစဖို႔ ႐ႈဟိန္က ႐ႈနင္ကိုစိုက္ၾကည့္ကာ ႏႈတ္ခမ္းေလးကို ပြတ္သပ္ေနျခင္းျဖစ္သည္။ ႐ႈနင္၏မ်က္လံုးေလးက ႐ႈဟိန္၏စကားေၾကာင့္ ေပ်ာ္ျမဴးေနၿပီး ခပ္ျမဴးျမဴးေလးျဖင့္ ေမာ့ၾကည့္ေနေသာေၾကာင့္ ႐ႈဟိန္မွာ သူ႔ဘာသာသတိမထားမိခင္ ေခါင္းကိုငံု႔ကာ ႐ႈနင္၏နဖူးကို အနမ္းေပးလိုက္မိေတာ့သည္။ ႐ႈနင္သည္ အစ္ကိုႀကီးဆီကအနမ္းေၾကာင့္ အံ့အားသင့္ကာ သူ႔နဖူးေလးကို လက္ေလးႏွင့္ထိကိုင္လိုက္ၿပီး ႐ႈဟိန္၏မ်က္လံုးကို ေမာ့ၾကည့္စဥ္ ႐ႈဟိန္က ပထမဆံုး မ်က္ႏွာလႊဲလိုက္ၿပီး ေမးလိုက္သည္။

"ခ်ားလ္က မင္းရဲ့အဂၤလိပ္စာ တိုးတက္လာတယ္လို႔ ေျပာတယ္.. သူထင္တာေတာ့.."

"ေတာ္ေတာ့.. ကၽြန္ေတာ္ ဘာေၾကာင့္စာႀကိဳးစားတယ္ဆိုတာ အစ္ကိုႀကီးသိပါတယ္.."

႐ႈနင္က ႐ႈဟိန္စကားကို ျဖတ္ေျပာလိုက္သည္။

"တျခားလူစကားေျပာေနတုန္း ျဖတ္ေျပာတာက ႐ိုင္းတယ္.."

႐ႈဟိန္၏အမူအယာက စိတ္မခ်မ္းသာဟန္ ေပၚလာသည္။

"အစ္ကိုႀကီးက တျခားလူမွမဟုတ္တာ.."

"........."

႐ႈနင္က သူ႔အစ္ကိုႀကီး မေပ်ာ္တဲ့ပံုေပါက္ေနလို႔ စကားစကိုရပ္လိုက္သည္။ ငါ သူစိတ္ဆိုးေအာင္ ေျပာလိုက္မိတာလား။ ဒါေပမယ့္ ႐ႈဟိန္၏အမူအယာက ဆန္႔က်င္ဘက္ေျပာင္းသြားေသာေၾကာင့္ ႐ႈနင္ ရယ္ခ်င္သြားသည္။

ဟား.. ဟား.. ဟား.. သူ႔ကို ဘယ္လိုကိုင္တြယ္ရမလဲဆုိတာ ငါသိၿပီကြ..။

အစ္ကိုႀကီးအတြက္ ဖေယာင္းတိုင္ေလးတစ္တိုင္ ထြန္းေပးလိုက္ၾကပါ..။ (→_→)

"မနက္ျဖန္ ပါတီရွိတယ္.. အစ္ကိုႀကီး မင္းကို ေခၚသြားေပးမယ္.."

"မသြားဘူး.."

"ဘယ္ကပါတီလဲဆိုတာ မသိဘဲနဲ႔ တစ္ခါတည္းျငင္းရလား.."

"........."

"ဒီပါတီက ႐ႈမိသားစုက လူငယ္ေတြအတြက္လုပ္တဲ့ ပါတီ.. မင္းက ႐ႈမိသားစုက ဒုတိယသခင္ေလးျဖစ္လို႔ ဒီပါတီကို တက္ရမယ္.."

ဘာ.. ဒီပါတီက ခ်င္ယြိက်ိဳးဦးတည္ေနတဲ့ ပါတီမဟုတ္လား..။ အခု သူမကိုယ္စား ႐ႈဟိန္က ပါတီတက္ဖို႔ေျပာေနတယ္။ ၿပီးေတာ့ ဒီပါတီတက္ဖို႔ကိစၥကို အဖိုး႐ႈေကာင္းက ေျပာရမွာမဟုတ္ဘူးလား။ အံ့ဖြယ္သရဲပါပဲ။ ( ⊙ o ⊙ ) အစ္ကိုႀကီးက တစ္ကိုယ္ေကာင္းဆန္တယ္ မဟုတ္ဘူးလား။ သူက အားလံုးေရွ႕မွာ ညီအစ္ကိုခ်စ္ျခင္းကို တရားဝင္ေဖာ္ျပမလို႔လား။ ငါ အစ္ကိုႀကီးကို ဘာေၾကာင့္ သံသယဝင္ေနမိတာလဲ။
အရင္ဘဝက အေတြ႕အႀကံဳေတြကေန ႐ႈနင္က အရာအားလံုးကို သင္ၾကားလာခဲ့ရတာ မဟုတ္လား။

ဒါေပမယ့္ ဒီဘဝမွာေတာ့ အစ္ကိုႀကီးက လက္တစ္ခ်က္ယမ္း႐ံုနဲ႔ သူ႔ကို ကာကြယ္ေပးႏိုင္ေလၿပီ။ သူသာမလိုလားရင္ ႐ႈနင္ဆိုတာ မ်က္ေတာင္တစ္ခတ္စာအတြင္း ေပ်ာက္ကြယ္သြားႏိုင္သည္။

ေကာင္ေလးေရ.. မင္း ေၾကာက္ေနတာလား..။ စိတ္လႈပ္ရွားေနတာလား..။

႐ႈဟိန္က ေငးေမာေနေသာေကာင္ေလးကို အနမ္းႏွင့္ႏွစ္သိမ့္လိုက္ေတာ့ ႐ႈနင္ သတိျပန္ဝင္လာသည္။

"အစ္ကိုႀကီး.."

"အြန္း.."

"ဘာမွမဟုတ္ဘူး.."

ေသစမ္း.. ငါက တကယ္ႀကီးကို အနမ္းခံေပးေနရတာလား..။ ဒီေန႔က အေတာ္ေလးကို ပူလာေသာေၾကာင့္ ေခၽြးထြက္လာသျဖင့္ ေျပာလိုက္သည္။

"အစ္ကိုႀကီး.. ကၽြန္ေတာ္တို႔ ၿခံထဲမွာ လမ္းေလွ်ာက္ရေအာင္ေလ.. ညေကာင္းကင္က ၾကယ္ေတြစံုၿပီး အရမ္းလွတယ္.."

"ေကာင္းၿပီေလ.."

ဒီေလာက္လြယ္လား..။ ႐ႈနင္က ေပ်ာ္သြားၿပီး အစ္ကိုႀကီးလက္ကို ဆုပ္ကိုင္ကာ အမႊာေတြလို လက္တြဲထားၾကသည္။ ညေကာင္းကင္က လွေနၿပီး သစ္ပင္မ်ားျဖင့္ အုပ္ေနသည့္ၿခံဝင္းကပင္ သူ႔အလွကို မကာဆီးထားႏိုင္ေပ။ ေမႊးပ်ံ႕ေသာသစ္ပင္၊ ျမက္ပင္၊ သစ္ရြက္နံ႔ေတြၾကား စကားမဆိုဘဲ လက္တြဲကာ လမ္းေလွ်ာက္ေန႐ံုႏွင့္ ႐ႈဟိန္၏ရင္ထဲ ခ်မ္းေျမ့မႈကို ခံစားေနရသည္။ ႐ႈနင္က စိတ္လက္ၾကည္လင္ေနၿပီး ပန္းနီနီတစ္ပြင့္ကိုခူးကာ ေျခဖ်ားေထာက္ၿပီး အစ္ကိုႀကီး၏နားရြက္ေဘးကို ပန္ေပးလိုက္သည္။

ဒီဟာက ရဲရင့္ေသာလုပ္ရပ္ျဖစ္ၿပီး ႐ႈဟိန္၏ကန္႔သတ္ခ်က္ကို စိန္ေခၚလိုက္ေသာ လုပ္ရပ္ျဖစ္သည္။ ႐ႈဟိန္လိုလူ၏ေခါင္းတြင္ ပန္းပန္ေပးတာက နတ္ဘုရားေခါင္းကို သြားပုတ္တာႏွင့္တူသည္။ ဘယ္သူမဆို ျပာက်သြားႏိုင္ေသာ အျပဳအမူျဖစ္သည္။ ႐ႈဟိန္က ႐ုတ္တရက္ ေအးခဲသြားေပမယ့္ ငံု႔ၾကည့္လိုက္ခ်ိန္ ႐ႈနင္ ဟက္ဟက္ပက္ပက္ရယ္ေနသည္ႏွင့္တိုးေတာ့ ရင္ထဲ ႏူးညံ့သြားခဲ့သည္။ ႐ႈနင္က အစ္ကိုႀကီး၏အၾကည့္ကို မေဝခြဲႏိုင္ေပမယ့္ အျပစ္ရွိစိတ္ေၾကာင့္ အစ္ကိုႀကီးေဘးက ေျပးထြက္လာခဲ့သည္။ ေမွာင္မည္းေနေသာ သစ္ေတာအုပ္ထဲမွာ ေျပးေနေပမယ့္ ေနာက္ကေျခသံက ထပ္ခ်ပ္မကြာလိုက္လာၿပီး ေအာ္သံၾကားလိုက္ရသည္။

"မေျပးနဲ႔.. အႏၱရာယ္ရွိတယ္.. ျပဳတ္က်လိမ့္မယ္.."

မင္းေဘာႀကီးပဲ အႏၱရာယ္ရွိ.. ဒီဘုိးဘြားပိုင္အိမ္ၿခံႀကီးကို ငါက တသက္လံုးေနလာတာပါကြ.. ဘယ္နားက ျပဳတ္က်စရာရွိလို႔လဲ.. ေကာင္ေလးရ..

"အ.."

႐ႈနင္ ေတြးလို႔မၿပီးခင္ တကယ္ပဲ ဆင္ေျခေလွ်ာတစ္ခုႏွင့္ တိုးကာ သူ ေအာက္ကိုျပဳတ္က်မလို ျဖစ္သြားစဥ္ ကံေကာင္းၿပီး ႐ႈဟိန္က သူကိုလွမ္းဆြဲကာ ရင္ခြင္ထဲဆြဲသြင္းလိုက္သည္။ ဒါေပမယ့္ ဟန္ခ်က္ပ်က္သြားေသာေၾကာင့္ ႐ႈနင္၏ေျခက်င္းဝတ္ မ်က္ခနဲျဖစ္ကာ နာလြန္းေသာေၾကာင့္ မ်က္ရည္စီးက်လာခဲ့သည္။ ဘာလုပ္လုပ္ အရာရာႏွင့္ အေၾကာင္းေၾကာင္းျဖစ္ေနသည့္ သူ႔အေျခအေကို စိတ္ပ်က္လက္ပ်က္ျဖစ္ေနမိသည္။ သူ႔ႏွလံုးသားက အစ္ကိုႀကီးရွိလို႔ သက္ေတာင့္သက္သာရွိေပမယ့္ သူက အမွီခိုကင္းကင္းနဲ႔ သူ႔ဘာသာရပ္တည္ႏိုင္စြမ္း ရွိပါ့မလားလို႔ေတြးၿပီး သူ႔ဘာသာ စိတ္ပ်က္ေနသည္။

ဒီလိုအေျခအေနက ကံေကာင္းလို႔ ႐ႈနင္ျပဳတ္မက်ေအာင္ ကယ္ေပးလိုက္ႏိုင္တာျဖစ္သည္။ ႐ႈဟိန္က ႐ႈနင္၏ဒဏ္ရာကို စစ္ေဆးၾကည့္ေတာ့ ေျခက်င္းဝတ္ကို ကိုင္ၾကည့္ခ်ိန္ ႐ႈနင္က နာက်င္ၿပီး စုတ္သပ္လိုက္သျဖင့္ ႐ႈဟိန္၏မ်က္လံုးထဲမွာ ေဒါသတို႔ျပည့္သြားခဲ့သည္။ ဒါေၾကာင့္ ႐ႈနင္ကို ေပြ႕ရင္း ျပင္းျပင္းထန္ထန္ ဆူလိုက္သည္။

"မင္းကို မေျပးနဲ႔လို႔ ေျပာေနတယ္မဟုတ္လား.. ဘာေၾကာင့္ ဇြတ္ေျပးရတာလဲ.. ကေလးဆိုးေလး.."

"........."

"ငါေျပာတာကို ၾကားရဲ့လား.."

ငါက အရြယ္ေရာက္ၿပီးသား လူႀကီးတစ္ေယာက္ပါကြာ..

နာက်င္မႈေၾကာင့္ႏွင့္ ခုလိုဆူပူခံရသည့္အတြက္ ႐ႈနင္၏မ်က္လံုးထဲက မ်က္ရည္မ်ား က်ဆင္းလာခဲ့သည္။ ဘာမွျပန္မေျပာဘဲ ငိုေနေသာ ႐ႈနင္ကိုၾကည့္ၿပီး ႐ႈဟိန္၏ႏွလံုးသားတစ္ခုလံုး နာက်င္ကာ ပူပန္စိတ္တုိ႔ တိုးလာခဲ့သည္။

႐ႈဟိန္က ဆူပူခ်င္တာမဟုတ္ေပမယ့္ စိုးရိမ္လြန္းလို႔ ခုလိုခပ္ၾကမ္းၾကမ္းေျပာလိုက္မိျခင္းျဖစ္သည္။ ႐ႈဟိန္က သက္ျပင္း႐ိႈက္ကာ ငိုေနေသာကေလးေလး၏မ်က္ႏွာကို အထပ္ထပ္နမ္းကာ ေခ်ာ့လိုက္သည္။ မ်က္ရည္မ်ား၏ အငန္ဓာတ္ကိုပင္ ႐ႈဟိန္ရလုိက္သည္။

"မငိုပါနဲ႔.. မငိုနဲ႔ေတာ့ေနာ္.. အစ္ကိုႀကီးက မင္းကိုစိုးရိမ္လို႔ ေျပာလိုက္တာပါ.. အစ္ကိုႀကီး မင္းကို ဆူမိတာမွားပါတယ္ကြာ.. ေနာက္ ဘယ္ေတာ့မွ မင္းကို ခုလိုမေအာ္ေတာ့ပါဘူး ဟုတ္ၿပီလား.."

႐ႈနင္က မငိုခ်င္ေပမယ့္ ႐ႈဟိန္ေခ်ာ့သည့္စကားသံက သူ႔မ်က္ရည္ကို အဆက္မျပတ္က်လာေစၿပီးရင္ထဲမွာ ပိုပိုဝမ္းနည္းလာခဲ့သည္။ ႐ႈဟိန္က ႐ႈနင္ကိုေပြ႕ခ်ီလာၿပီး အိမ္ေတာ္ေရာက္ေတာ့ ဆရာဝန္ေခၚေစသည္။ ဆရာဝန္လာေတာ့ ႐ႈနင္၏ေျခက်င္းဝတ္က ေယာင္ယမ္းေနသည္ကိုေတြ႕ေတာ့ သူ႔ရင္မွာ နာက်င္ရျပန္သည္။ ကံေကာင္းၿပီး အ႐ိုးမထိသျဖင့္ ရက္အေတာ္ၾကာနားၿပီးလွ်င္ ျပန္ေကာင္းသြားမည္ဟု ေျပာခဲ့သည္။

႐ႈဟိန္က ဆရာဝန္ႏွင့္စကားေျပာဖို႔ အျပင္ဘက္ကိုထြက္သြားစဥ္ ႐ႈနင္က စိတ္ပ်က္လက္ပ်က္ႏွင့္ ဘာကိုမွအာ႐ံုစိုက္မရေအာင္ ျဖစ္ေနသည္။

႐ႈဟိန္ အခန္းထဲျပန္ဝင္လာၿပီး ႐ႈနင္ကို ေရခ်ိဳးခန္းထဲသယ္သြားေပးၿပီး ေျခလက္ေဆး၊ မ်က္ႏွာသစ္ရာတြင္ ကူညီေပးခဲ့သည္။ အစ္ကိုႀကီးက သူ႔ကို ျငင္သာစြာမ်က္ႏွာသစ္ေပးစဥ္ 'အေမသာ အစ္ကိုႀကီးရဲ့တစ္ဝက္ေလာက္ ေကာင္းရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲ' ဟု ေတြးေနသည္။ ေဆးေၾကာၿပီးေတာ့ အစ္ကိုႀကီးက သူ႔ကို ညဝတ္အက်လဲေပးၿပီး အိပ္ယာထက္မွာလဲေလ်ာင္းေစကာ ေစာင္ပါးေလးၿခံဳေပးၿပီး ေျခေထာက္ကို ေရခဲအိတ္အံုေပးလိုက္သည္။ အစ္ကိုႀကီးကိုၾကည့္ရတာ ခုလို လူတစ္ေယာက္ကို ဂ႐ုစိုက္ေပးဖူးပံုမရဘဲ မွားသြားမည္စိုးလို႔ ေသခ်ာအာ႐ံုစိုက္ လုပ္ေပးေနရပံုေပၚသည္။

႐ႈဟိန္က ႐ႈနင္ စိတ္အေျပာင္းအလဲျဖစ္ရန္ ဖုန္းယူေပးကာ ဂိမ္းကစားခြင့္ေပးထားသည္။ သူမွန္းတာမွန္သည္။ ႐ႈနင္က ဂိမ္းေဆာ့ရင္း မၾကာခင္အိပ္ေပ်ာ္သြားၿပီး ဖုန္းက ရင္ဘတ္ေပၚ ျပဳတ္က်သြားေတာ့သည္။ ႐ႈဟိန္က ဖုန္းကိုဖယ္ကာ ညီေလးကိုဖြဖြေလးဖက္ကာ ညီေလး၏မ်က္ခံုးေလးေတြ၊ နဖူးေလး၊ ႏွာတံေလး၊ ႏႈတ္ခမ္းေလးကို ညင္သာစြာထိေတြ႕ၾကည့္ကာ အရမ္းကိုစိတ္ခ်မ္းသာေနမိသည္။

ဆရာဝန္က နာရီဝက္တစ္ႀကိမ္ ေရေအးဝတ္တင္ေပးလွ်င္ မနက္ျဖန္သက္သာလာမည္ဆိုသျဖင့္ တစ္ညလံုးမအိပ္ဘဲ ေရေအးဝတ္တင္ေပးေနလိုက္သည္။

ေနာက္တစ္ေန႔မနက္ေစာေစာ ႐ႈနင္အိပ္ယာကႏိုးေတာ့ သူ႔အစ္ကို၏ စူးရွေသာအၾကည့္တစ္စံုႏွင့္ ရင္ဆိုင္တိုးမိေတာ့သည္။

"အစ္ကိုႀကီး.. ေမာနင္း.."

အစ္ကိုႀကီး၏မ်က္လံုးက ဘာေၾကာင့္ ဆာေလာင္ေနပံုေပါက္ေနတာလဲ..။ ဗိုက္ဆာရင္ မနက္စာသြားစားေလ.. ဘာေၾကာင့္ ခုလိုၾကည့္ေနရတာလဲ..။ ႐ႈနင္က ထထိုင္လိုက္ေတာ့ သူ႔ေျခေထာက္က သိပ္မနာေတာ့ဘဲ သက္သာေနသည္ကို သိလိုက္ရသည္။

႐ႈဟိန္က အိပ္ယာကမထဘဲ လက္တစ္ဖက္ကို ေခါင္းအံုးကာ စိုက္ၾကည့္ၿပီးေျပာလိုက္သည္။

"ေရွ႕တစ္လေလာက္ထိ မင္း ခုန္ေပါက္တာမလုပ္နဲ႔.. ေသခ်ာဂ႐ုစိုက္ဦး.."

အာ.. ကၽြန္ေတာ့္ေျခေထာက္က က်ိဳးတာမဟုတ္ပါဘူး.. ဒီေလာက္ ဂ႐ုမစိုက္လည္း ရပါတယ္ဗ်ာ..

ဒါေပမယ့္ ႐ႈဟိန္က ခုလိုဂ႐ုစိုက္သျဖင့္ ႐ႈနင္၏ႏႈတ္ခမ္းက ေကာ့ညြတ္ကာ ၿပံဳးလို႔ေနသည္။

"အစ္ကုိႀကီး.. ဒီေန႔ ကိတ္မုန္႔စားလို႔ရမလားဟင္.."

"မင္းစားခ်င္ရင္ တခ်ိဳ႕ရမယ္ေလ.."

"လိေမၼာ္အရသာေလးနဲ႔.."

"ေကာင္းၿပီ.."

႐ႈဟိန္က စကားေျပာၿပီးေတာ့ သူ႔ပါးျပင္ကို လက္ညိႈးႏွင့္ထိုးျပလိုက္သည္။

႐ႈနင္ စိတ္႐ႈပ္သြားသည္။ ႐ႈဟိန္က ဘာကိုဆိုလိုတာလဲ..?

႐ႈဟိန္၏မ်က္ႏွာကို ေၾကာင္ေတာင္ေတာင္စိုက္ၾကည့္ေနခ်ိန္မွာ တစ္ဖက္လူ၏မ်က္လံုးထဲမွာ အလိုမက်ရိပ္ေပၚလာၿပီး ရာသီဥတုအေျခအေနက ခ်က္ခ်င္းေျပာင္းသြားသလို ခံစားလိုက္ရသည္။

႐ႈနင္၏မ်က္လံုးက ဝင္းခနဲျဖစ္သြားၿပီး သေဘာေပါက္သြားသည္။ သူက ႐ႈဟိန္၏လည္ပင္းကိုဖက္ကာ ပါးျပင္တစ္ဖက္ကို နမ္းလိုက္ေတာ့သည္။ သူလုပ္လိုက္တာ အေကာင္းဆံုးပဲလို႔ေတြးၿပီးခ်ိန္မွာပဲ ႐ႈဟိန္၏လက္က က်န္ပါးျပင္ကိုေထာက္ျပတာျမင္ေတာ့ အံ့အားသင့္သြားရသည္။

=======================

Chapter (41) – နင်နင်ကို တညလုံး ပြုစုပေးသော အကိုကြီး (Z+U)

ရှုဟိန်က ကိတ်မုန့်ကိုမြှောက်ကာ ရှုနင်ကိုစပေမယ့် ဒီကလေးက နှုတ်ခန်းစူပြီး လိုက်မဖမ်းတော့လို့ သူစိတ်ပျက်သွားပြီး စားပွဲပေါ် ကိတ်ဘူးလေးတင်ကာ ပြောလိုက်သည်။

"ငါ အဝတ်အစားသွားလဲလိုက်ဦးမယ်.."

အရင်က သူဘာလုပ်လုပ် ဘယ်တော့မှ မပြောတတ်ရာမှ ခုလိုပြောလိုက်တော့ ဒါက သူတို့နှစ်ယောက်ကြားက ဆက်ဆံရေး တိုးတက်လာတဲ့သဘောပဲ မဟုတ်လား။

ရှုနင်က ကိတ်ဘူးကိုဖွင့်ကြည့်လိုက်တော့ ကိတ်မုန့်လေးရဲ့အနံ့နှင့်ပုံစံက ထူးခြားသောကြောင့် ဒီဟာက ရောင်းတန်းမဟုတ်ဘဲ အော်ဒါမှာထားမှန်း သိသာလှသည်။ အစ်ကိုကြီးက အရမ်းစဉ်းစားပေးတတ်တာပဲ။ သူက နေ့တိုင်း ရုံးမှာ ကြိုးကြိုးစားစား အလုပ်လုပ်ရတဲ့အပြင် ငါ့အတွက် ကိတ်မုန့်လည်းဝယ်ပေးခဲ့တယ်။ ညကျရင် သူ့ပုခုံးကို နှိပ်ပေးရမည်ဟု တွေးနေသည်။

"ရေအတူချိုးရအောင်.."

ရှုနင်၏အနောက်မှ ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့် အလန့်တကြားနှင့် လှည့်ကြည့်ကာ အော်လိုက်သည်။

"အစ်ကိုကြီး.."

"ငါတို့နှစ်ယောက် ရေအတူချိုးကြစို့.."

နောက်ထပ် ရေချိုးဦးမှာလား..။ အရင်တစ်ခါက ရေအတူချိုးမိဖို့ ရှုနင်ခမျာ စိတ်ဒဏ်ရာရလုနီးပါး ဖြစ်ခဲ့ရတယ်လေ။ ရှုနင်က ခေါင်းကို ခပ်သွက်သွက်ခါယမ်းကာ ပြောလိုက်သည်။

"ကျွန်တော်က ရေကစားရတာ သဘောကျတာ"

"မင်း ကစားလို့ရတယ်.."

"........."

ရှုနင်က ကြောင်ကြည့်လိုက်မိသည်။ ကျွန်တော်က ရေကစားနေတုန်းက အစ်ကိုကြီးက ကျွန်တော့်ကို ရေချိုးပေးမှာကို ဆိုလိုတာလား..။ ရှုနင်က ရှုဟိန်၏စကားကို လုံးဝငြင်းဆန်လိုက်သည်။

"ကျွန်တော် ရေချိုးပြီးသား.."

"မနက်ဖြန် အစ်ကိုကြီးကိုစောင့်ပြီးမှ ရေချိုးပါ.."

ရှုဟိန်က ရှုနင်၏ပါးပြင်လေးကို အသာအယာဖျစ်ညစ်ကာ ပြောပြီး ထွက်သွားခဲ့သည်။

"........."

ရှုနင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

ဘာပဲဖြစ်ဖြစ် ဒီမှာ cake မုန့်လေးရှိနေသေးတယ်။ ရှုနင်က ကိတ်ကို ပါးစပ်ထဲတစ်လုတ်ထည့်လိုက်တော့ မွှေးပျံ့ပြီး အရသာကောင်းသည့် ချိုမြမြလေးက အာခံတွင်းထဲ ပျံ့သွားခဲ့သည်။ ဒါက အရမ်းကောင်းလွန်းပေမယ့် နည်းနည်းလေးပဲပါတယ်..။ ငါ စားလို့ လုံးဝမဝဘူး..။

ညစာကို ညီအစ်ကိုနှစ်ယောက်တည်း အတူစားကြသည်။ ရှုချိန်က ချင်ယွိလန်ဆီက ဖုန်းခေါ်ဆိုမှုရသောကြောင့် ချင်ယွိကျိုးနှင့်အတူ စီးပွားရေးအတွက် ခရီးထွက်သွားခဲ့သည်။ ရှုကောင်းက ဆွန်းလင်းကိုခေါ်ပြီး မိတ်ဆွေများက ဖိတ်ကြားသည်။ ငါးမျှားခရီးစဉ်ကို ထွက်သွားသဖြင့် ရက်အတော်ကြာ ပြန်မရောက်လာနိုင်ပေ။

ရှုဟိန်က နေ့ဘက်မှာ company သွားပေမယ့် ညပိုင်းတွင် ကြုံရာစာအုပ်တစ်အုပ်စီကို ဖတ်ရှုနေပြီး အလုပ်ကို အိမ်ကိုယူလာပြီး လုပ်လေ့မရှိပေ။

ရှုနင်က ရှုဟိန်၏အေးဆေးသောပုံစံကိုကြည့်ကာ စိတ်ရှုပ်နေသည်။ အစ်ကိုကြီးက ဒီလောက်တော်ပြီး အရင်ဘဝက သူဘယ်လိုပြိုင်ပြိုင် မနိုင်ခဲ့ပေမယ့် တကယ်တော့ သူက ဘာမှသိပ်အားမစိုက်ဘဲ ခုလိုစိတ်အေးလက်အေး နေခဲ့တာလား။ ဒါဆို သူက ပါရမီရှင်ပဲဖြစ်ရမယ်။

"ဘာဖြစ်လို့လဲ.."

ရှုနင်က သူ့ကို တိတ်တိတ်ကလေးခိုးကာ ကြည့်နေတာတွေ့တော့ ရှုဟိန်ရင်ထဲ စိတ်ချမ်းသာသွားပြီး လှမ်းမေးလိုက်သည်။

ရှုနင် : "........."

"မင်းနဲ့ ငါ့ကြားမှာ ဘာမှမြိုသိပ်ထားစရာမလိုဘူး.. ပြောချင်တာပြောလို့ရတယ်.."

"အဖေက အမြဲတမ်း အလုပ်များနေတာတောင် အစ်ကိုကြီးက ဘာကြောင့် ဒီလောက်အေးအေးဆေးဆေး ရှိနေရတာလဲ.."

"အစ်ကိုကြီးက အလုပ်သင်ရှိသေးတာကိုး.. ဒါကြောင့် ကိစ္စအများကြီးကို လုပ်စရာမလိုသေးဘူး.. မင်းလည်း နောင်မှာ အစ်ကိုကြီးလို company မှာ ဝင်လုပ်ရမှာပဲ.."

"တော်ပါပြီ.."

ရှုနင်က company အလုပ်ကို သဘောမကျပေ။ အရင်ဘဝက သူသေတဲ့အထိလုပ်ခဲ့ပြီးတာ လုံလောက်ပြီလေ။

"ကျွန်တော်တို့မိသားစုမှာ အစ်ကိုကြီးက company ထဲဝင်ရုံနဲ့ လုံလောက်ပြီလေ.. ကျွန်တော်တော့ အေးအေးဆေးဆေးလေး နေပါရစေနော်.. ပြီးတော့ သားအကြီးဆုံးကပဲ company ကို ဆက်ခံရမှာလေ.. အစ်ကိုကြီးက တော်ပြီး ဉာဏ်ထက်တယ်.. ဒါကြောင့် ဒါတွေကို အေးဆေးကိုင်တွယ်နိုင်ပါတယ်.. အစ်ကိုကြီးနဲ့ အသင့်တော်ဆုံးပဲနော်.."

ရှုဟိန်က မျက်မှောင်တွန့်ကာ စာအုပ်ကိုချလိုက်ပြီး ရှုနင်ထိုင်နေသော ဆိုဖာနားကိုလာခဲ့သည်။ ရှုနင်က ပြေးမည်လုပ်သော်လည်း ရှုဟိန်က သူ့ကိုရင်ခွင်ထဲဖက်ကာ ချုပ်ထားပြီး မေးလိုက်သည်။

"တစ်ယောက်ယောက်က မင်းကို တစ်ခုခုပြောလိုက်လို့လား.."

"မဟုတ်ဘူး.. ကျွန်တော်က company အလုပ်ကို စိတ်မဝင်စားလို့ပါ.."

ရှုဟိန်၏မျက်လုံးက လက်လာသောကြောင့် ရှုနင် အမြန်ဖြေလိုက်ရသည်။

"........."

"ကျွန်တော်တို့ ကတိပြုကြရအောင်နော်.. အစ်ကိုကြီးက company ကိုဆက်ခံပြီး ကျွန်တော်က အဖေနဲ့အဖိုးကို ပြုစုပေးတဲ့တာဝန်ကို ယူမယ်လေ.. ဘယ်လိုလဲ.."

ရှုနင်က မျှော်လင့်ချက်များဖြင့် ရှုဟိန်ဆီက ကတိရဖို့ တောင်းနေသည်။ ဒါပေမယ့် ရှုဟိန်၏မျက်လုံးထဲမှာ အဆိပ်တွေနဲ့ပြည့်နေသလို ဖြစ်လာလို့ ရှုနင်က သူ့မျက်လုံးကို မကြည့်ရဲတော့ပေ။

"မင်းအမေနဲ့ ဒီကိစ္စကို ပြောပြီးပြီလား.."

ရှုနင်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့် ခေါင်းယမ်းလိုက်သည်။

"ဟင့်အင်း.. ကျွန်တော်က အမေ့ဘေးမှာကြီးပြင်းလာတာမဟုတ်လို့ အမေပြောတာကို လိုက်လုပ်ပေးနိုင်မှာမဟုတ်ဘူး.. ပြီးတော့ ကျွန်တော်က ဘဝကို အေးအေးဆေးဆေး၊ ပျော်ပျော်ရွှင်ရွှင်ပဲ နေသွားချင်တယ်.."

ရှုနင်က မျက်နှာလေးညှိုးကာ ပြောနေသည်ကိုကြည့်ပြီး ရှုဟိန်၏ရင်ထဲ မကောင်းသလို ခံစားလိုက်ရသည်။ ဒီကလေးက သူ့အမေဆီက မေတ္တာတရား ငတ်မွတ်နေရှာသည်ကို တွေးမိပြီး ကလေးလေး၏ခေါင်းကို ပွတ်သပ်ကာ ပြောလိုက်သည်။

"ကောင်းပြီ.. အစ်ကိုကြီး မင်းအတွက် ရှိပေးမယ်.. မင်းလုပ်ချင်တာ လုပ်လို့ရတယ်.."

ဟား.. ဟား.. ဟား.. ဒီစကားက ငါကြားချင်တဲ့စကားပဲကွ..။ ငါ့ရဲ့ရွှေပေါင်လုံးကြီး.. ငါ့ဘဝကို ကာကွယ်ပေးမယ့် ရွှေပေါင်လုံးကြီး..

သမရိုးကျစည်းမျဉ်းတွေကို လိုက်နာလေ့မရှိသော ရှုဟိန်က ရှုနင်၏မေးလေးကို ပင့်မကာ ပန်းရောင်နှုတ်ခမ်းလေးကို လက်မနှင့်အသာအယာပွတ်သပ်ကာ မျက်ဝန်းတစ်စုံက နက်ရှိုင်းလာပြီး ပြောခဲ့သည်။

"နောင်မှာ သူမနဲ့ ခပ်ဝေးဝေးမှာနေ.."

သားအမိနှစ်ယောက်ကြား ဝင်စွက်ဖက်လိုက်မိသည်ကို ရှုနင် သတိမထားမိစေဖို့ ရှုဟိန်က ရှုနင်ကိုစိုက်ကြည့်ကာ နှုတ်ခမ်းလေးကို ပွတ်သပ်နေခြင်းဖြစ်သည်။ ရှုနင်၏မျက်လုံးလေးက ရှုဟိန်၏စကားကြောင့် ပျော်မြူးနေပြီး ခပ်မြူးမြူးလေးဖြင့် မော့ကြည့်နေသောကြောင့် ရှုဟိန်မှာ သူ့ဘာသာသတိမထားမိခင် ခေါင်းကိုငုံ့ကာ ရှုနင်၏နဖူးကို အနမ်းပေးလိုက်မိတော့သည်။ ရှုနင်သည် အစ်ကိုကြီးဆီကအနမ်းကြောင့် အံ့အားသင့်ကာ သူ့နဖူးလေးကို လက်လေးနှင့်ထိကိုင်လိုက်ပြီး ရှုဟိန်၏မျက်လုံးကို မော့ကြည့်စဉ် ရှုဟိန်က ပထမဆုံး မျက်နှာလွှဲလိုက်ပြီး မေးလိုက်သည်။

"ချားလ်က မင်းရဲ့အင်္ဂလိပ်စာ တိုးတက်လာတယ်လို့ ပြောတယ်.. သူထင်တာတော့.."

"တော်တော့.. ကျွန်တော် ဘာကြောင့်စာကြိုးစားတယ်ဆိုတာ အစ်ကိုကြီးသိပါတယ်.."

ရှုနင်က ရှုဟိန်စကားကို ဖြတ်ပြောလိုက်သည်။

"တခြားလူစကားပြောနေတုန်း ဖြတ်ပြောတာက ရိုင်းတယ်.."

ရှုဟိန်၏အမူအယာက စိတ်မချမ်းသာဟန် ပေါ်လာသည်။

"အစ်ကိုကြီးက တခြားလူမှမဟုတ်တာ.."

"........."

ရှုနင်က သူ့အစ်ကိုကြီး မပျော်တဲ့ပုံပေါက်နေလို့ စကားစကိုရပ်လိုက်သည်။ ငါ သူစိတ်ဆိုးအောင် ပြောလိုက်မိတာလား။ ဒါပေမယ့် ရှုဟိန်၏အမူအယာက ဆန့်ကျင်ဘက်ပြောင်းသွားသောကြောင့် ရှုနင် ရယ်ချင်သွားသည်။

ဟား.. ဟား.. ဟား.. သူ့ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ငါသိပြီကွ..။

အစ်ကိုကြီးအတွက် ဖယောင်းတိုင်လေးတစ်တိုင် ထွန်းပေးလိုက်ကြပါ..။ (→_→)

"မနက်ဖြန် ပါတီရှိတယ်.. အစ်ကိုကြီး မင်းကို ခေါ်သွားပေးမယ်.."

"မသွားဘူး.."

"ဘယ်ကပါတီလဲဆိုတာ မသိဘဲနဲ့ တစ်ခါတည်းငြင်းရလား.."

"........."

"ဒီပါတီက ရှုမိသားစုက လူငယ်တွေအတွက်လုပ်တဲ့ ပါတီ.. မင်းက ရှုမိသားစုက ဒုတိယသခင်လေးဖြစ်လို့ ဒီပါတီကို တက်ရမယ်.."

ဘာ.. ဒီပါတီက ချင်ယွိကျိုးဦးတည်နေတဲ့ ပါတီမဟုတ်လား..။ အခု သူမကိုယ်စား ရှုဟိန်က ပါတီတက်ဖို့ပြောနေတယ်။ ပြီးတော့ ဒီပါတီတက်ဖို့ကိစ္စကို အဖိုးရှုကောင်းက ပြောရမှာမဟုတ်ဘူးလား။ အံ့ဖွယ်သရဲပါပဲ။ ( ⊙ o ⊙ ) အစ်ကိုကြီးက တစ်ကိုယ်ကောင်းဆန်တယ် မဟုတ်ဘူးလား။ သူက အားလုံးရှေ့မှာ ညီအစ်ကိုချစ်ခြင်းကို တရားဝင်ဖော်ပြမလို့လား။ ငါ အစ်ကိုကြီးကို ဘာကြောင့် သံသယဝင်နေမိတာလဲ။
အရင်ဘဝက အတွေ့အကြုံတွေကနေ ရှုနင်က အရာအားလုံးကို သင်ကြားလာခဲ့ရတာ မဟုတ်လား။

ဒါပေမယ့် ဒီဘဝမှာတော့ အစ်ကိုကြီးက လက်တစ်ချက်ယမ်းရုံနဲ့ သူ့ကို ကာကွယ်ပေးနိုင်လေပြီ။ သူသာမလိုလားရင် ရှုနင်ဆိုတာ မျက်တောင်တစ်ခတ်စာအတွင်း ပျောက်ကွယ်သွားနိုင်သည်။

ကောင်လေးရေ.. မင်း ကြောက်နေတာလား..။ စိတ်လှုပ်ရှားနေတာလား..။

ရှုဟိန်က ငေးမောနေသောကောင်လေးကို အနမ်းနှင့်နှစ်သိမ့်လိုက်တော့ ရှုနင် သတိပြန်ဝင်လာသည်။

"အစ်ကိုကြီး.."

"အွန်း.."

"ဘာမှမဟုတ်ဘူး.."

သေစမ်း.. ငါက တကယ်ကြီးကို အနမ်းခံပေးနေရတာလား..။ ဒီနေ့က အတော်လေးကို ပူလာသောကြောင့် ချွေးထွက်လာသဖြင့် ပြောလိုက်သည်။

"အစ်ကိုကြီး.. ကျွန်တော်တို့ ခြံထဲမှာ လမ်းလျှောက်ရအောင်လေ.. ညကောင်းကင်က ကြယ်တွေစုံပြီး အရမ်းလှတယ်.."

"ကောင်းပြီလေ.."

ဒီလောက်လွယ်လား..။ ရှုနင်က ပျော်သွားပြီး အစ်ကိုကြီးလက်ကို ဆုပ်ကိုင်ကာ အမွှာတွေလို လက်တွဲထားကြသည်။ ညကောင်းကင်က လှနေပြီး သစ်ပင်များဖြင့် အုပ်နေသည့်ခြံဝင်းကပင် သူ့အလှကို မကာဆီးထားနိုင်ပေ။ မွှေးပျံ့သောသစ်ပင်၊ မြက်ပင်၊ သစ်ရွက်နံ့တွေကြား စကားမဆိုဘဲ လက်တွဲကာ လမ်းလျှောက်နေရုံနှင့် ရှုဟိန်၏ရင်ထဲ ချမ်းမြေ့မှုကို ခံစားနေရသည်။ ရှုနင်က စိတ်လက်ကြည်လင်နေပြီး ပန်းနီနီတစ်ပွင့်ကိုခူးကာ ခြေဖျားထောက်ပြီး အစ်ကိုကြီး၏နားရွက်ဘေးကို ပန်ပေးလိုက်သည်။

ဒီဟာက ရဲရင့်သောလုပ်ရပ်ဖြစ်ပြီး ရှုဟိန်၏ကန့်သတ်ချက်ကို စိန်ခေါ်လိုက်သော လုပ်ရပ်ဖြစ်သည်။ ရှုဟိန်လိုလူ၏ခေါင်းတွင် ပန်းပန်ပေးတာက နတ်ဘုရားခေါင်းကို သွားပုတ်တာနှင့်တူသည်။ ဘယ်သူမဆို ပြာကျသွားနိုင်သော အပြုအမူဖြစ်သည်။ ရှုဟိန်က ရုတ်တရက် အေးခဲသွားပေမယ့် ငုံ့ကြည့်လိုက်ချိန် ရှုနင် ဟက်ဟက်ပက်ပက်ရယ်နေသည်နှင့်တိုးတော့ ရင်ထဲ နူးညံ့သွားခဲ့သည်။ ရှုနင်က အစ်ကိုကြီး၏အကြည့်ကို မဝေခွဲနိုင်ပေမယ့် အပြစ်ရှိစိတ်ကြောင့် အစ်ကိုကြီးဘေးက ပြေးထွက်လာခဲ့သည်။ မှောင်မည်းနေသော သစ်တောအုပ်ထဲမှာ ပြေးနေပေမယ့် နောက်ကခြေသံက ထပ်ချပ်မကွာလိုက်လာပြီး အော်သံကြားလိုက်ရသည်။

"မပြေးနဲ့.. အန္တရာယ်ရှိတယ်.. ပြုတ်ကျလိမ့်မယ်.."

မင်းဘောကြီးပဲ အန္တရာယ်ရှိ.. ဒီဘိုးဘွားပိုင်အိမ်ခြံကြီးကို ငါက တသက်လုံးနေလာတာပါကွ.. ဘယ်နားက ပြုတ်ကျစရာရှိလို့လဲ.. ကောင်လေးရ..

"အ.."

ရှုနင် တွေးလို့မပြီးခင် တကယ်ပဲ ဆင်ခြေလျှောတစ်ခုနှင့် တိုးကာ သူ အောက်ကိုပြုတ်ကျမလို ဖြစ်သွားစဉ် ကံကောင်းပြီး ရှုဟိန်က သူကိုလှမ်းဆွဲကာ ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ ဒါပေမယ့် ဟန်ချက်ပျက်သွားသောကြောင့် ရှုနင်၏ခြေကျင်းဝတ် မျက်ခနဲဖြစ်ကာ နာလွန်းသောကြောင့် မျက်ရည်စီးကျလာခဲ့သည်။ ဘာလုပ်လုပ် အရာရာနှင့် အကြောင်းကြောင်းဖြစ်နေသည့် သူ့အခြေအကေို စိတ်ပျက်လက်ပျက်ဖြစ်နေမိသည်။ သူ့နှလုံးသားက အစ်ကိုကြီးရှိလို့ သက်တောင့်သက်သာရှိပေမယ့် သူက အမှီခိုကင်းကင်းနဲ့ သူ့ဘာသာရပ်တည်နိုင်စွမ်း ရှိပါ့မလားလို့တွေးပြီး သူ့ဘာသာ စိတ်ပျက်နေသည်။

ဒီလိုအခြေအနေက ကံကောင်းလို့ ရှုနင်ပြုတ်မကျအောင် ကယ်ပေးလိုက်နိုင်တာဖြစ်သည်။ ရှုဟိန်က ရှုနင်၏ဒဏ်ရာကို စစ်ဆေးကြည့်တော့ ခြေကျင်းဝတ်ကို ကိုင်ကြည့်ချိန် ရှုနင်က နာကျင်ပြီး စုတ်သပ်လိုက်သဖြင့် ရှုဟိန်၏မျက်လုံးထဲမှာ ဒေါသတို့ပြည့်သွားခဲ့သည်။ ဒါကြောင့် ရှုနင်ကို ပွေ့ရင်း ပြင်းပြင်းထန်ထန် ဆူလိုက်သည်။

"မင်းကို မပြေးနဲ့လို့ ပြောနေတယ်မဟုတ်လား.. ဘာကြောင့် ဇွတ်ပြေးရတာလဲ.. ကလေးဆိုးလေး.."

"........."

"ငါပြောတာကို ကြားရဲ့လား.."

ငါက အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်ပါကွာ..

နာကျင်မှုကြောင့်နှင့် ခုလိုဆူပူခံရသည့်အတွက် ရှုနင်၏မျက်လုံးထဲက မျက်ရည်များ ကျဆင်းလာခဲ့သည်။ ဘာမှပြန်မပြောဘဲ ငိုနေသော ရှုနင်ကိုကြည့်ပြီး ရှုဟိန်၏နှလုံးသားတစ်ခုလုံး နာကျင်ကာ ပူပန်စိတ်တို့ တိုးလာခဲ့သည်။

ရှုဟိန်က ဆူပူချင်တာမဟုတ်ပေမယ့် စိုးရိမ်လွန်းလို့ ခုလိုခပ်ကြမ်းကြမ်းပြောလိုက်မိခြင်းဖြစ်သည်။ ရှုဟိန်က သက်ပြင်းရှိုက်ကာ ငိုနေသောကလေးလေး၏မျက်နှာကို အထပ်ထပ်နမ်းကာ ချော့လိုက်သည်။ မျက်ရည်များ၏ အငန်ဓာတ်ကိုပင် ရှုဟိန်ရလိုက်သည်။

"မငိုပါနဲ့.. မငိုနဲ့တော့နော်.. အစ်ကိုကြီးက မင်းကိုစိုးရိမ်လို့ ပြောလိုက်တာပါ.. အစ်ကိုကြီး မင်းကို ဆူမိတာမှားပါတယ်ကွာ.. နောက် ဘယ်တော့မှ မင်းကို ခုလိုမအော်တော့ပါဘူး ဟုတ်ပြီလား.."

ရှုနင်က မငိုချင်ပေမယ့် ရှုဟိန်ချော့သည့်စကားသံက သူ့မျက်ရည်ကို အဆက်မပြတ်ကျလာစေပြီးရင်ထဲမှာ ပိုပိုဝမ်းနည်းလာခဲ့သည်။ ရှုဟိန်က ရှုနင်ကိုပွေ့ချီလာပြီး အိမ်တော်ရောက်တော့ ဆရာဝန်ခေါ်စေသည်။ ဆရာဝန်လာတော့ ရှုနင်၏ခြေကျင်းဝတ်က ယောင်ယမ်းနေသည်ကိုတွေ့တော့ သူ့ရင်မှာ နာကျင်ရပြန်သည်။ ကံကောင်းပြီး အရိုးမထိသဖြင့် ရက်အတော်ကြာနားပြီးလျှင် ပြန်ကောင်းသွားမည်ဟု ပြောခဲ့သည်။

ရှုဟိန်က ဆရာဝန်နှင့်စကားပြောဖို့ အပြင်ဘက်ကိုထွက်သွားစဉ် ရှုနင်က စိတ်ပျက်လက်ပျက်နှင့် ဘာကိုမှအာရုံစိုက်မရအောင် ဖြစ်နေသည်။

ရှုဟိန် အခန်းထဲပြန်ဝင်လာပြီး ရှုနင်ကို ရေချိုးခန်းထဲသယ်သွားပေးပြီး ခြေလက်ဆေး၊ မျက်နှာသစ်ရာတွင် ကူညီပေးခဲ့သည်။ အစ်ကိုကြီးက သူ့ကို ငြင်သာစွာမျက်နှာသစ်ပေးစဉ် 'အမေသာ အစ်ကိုကြီးရဲ့တစ်ဝက်လောက် ကောင်းရင် ဘယ်လောက်ကောင်းလိုက်မလဲ' ဟု တွေးနေသည်။ ဆေးကြောပြီးတော့ အစ်ကိုကြီးက သူ့ကို ညဝတ်အကျလဲပေးပြီး အိပ်ယာထက်မှာလဲလျောင်းစေကာ စောင်ပါးလေးခြုံပေးပြီး ခြေထောက်ကို ရေခဲအိတ်အုံပေးလိုက်သည်။ အစ်ကိုကြီးကိုကြည့်ရတာ ခုလို လူတစ်ယောက်ကို ဂရုစိုက်ပေးဖူးပုံမရဘဲ မှားသွားမည်စိုးလို့ သေချာအာရုံစိုက် လုပ်ပေးနေရပုံပေါ်သည်။

ရှုဟိန်က ရှုနင် စိတ်အပြောင်းအလဲဖြစ်ရန် ဖုန်းယူပေးကာ ဂိမ်းကစားခွင့်ပေးထားသည်။ သူမှန်းတာမှန်သည်။ ရှုနင်က ဂိမ်းဆော့ရင်း မကြာခင်အိပ်ပျော်သွားပြီး ဖုန်းက ရင်ဘတ်ပေါ် ပြုတ်ကျသွားတော့သည်။ ရှုဟိန်က ဖုန်းကိုဖယ်ကာ ညီလေးကိုဖွဖွလေးဖက်ကာ ညီလေး၏မျက်ခုံးလေးတွေ၊ နဖူးလေး၊ နှာတံလေး၊ နှုတ်ခမ်းလေးကို ညင်သာစွာထိတွေ့ကြည့်ကာ အရမ်းကိုစိတ်ချမ်းသာနေမိသည်။

ဆရာဝန်က နာရီဝက်တစ်ကြိမ် ရေအေးဝတ်တင်ပေးလျှင် မနက်ဖြန်သက်သာလာမည်ဆိုသဖြင့် တစ်ညလုံးမအိပ်ဘဲ ရေအေးဝတ်တင်ပေးနေလိုက်သည်။

နောက်တစ်နေ့မနက်စောစော ရှုနင်အိပ်ယာကနိုးတော့ သူ့အစ်ကို၏ စူးရှသောအကြည့်တစ်စုံနှင့် ရင်ဆိုင်တိုးမိတော့သည်။

"အစ်ကိုကြီး.. မောနင်း.."

အစ်ကိုကြီး၏မျက်လုံးက ဘာကြောင့် ဆာလောင်နေပုံပေါက်နေတာလဲ..။ ဗိုက်ဆာရင် မနက်စာသွားစားလေ.. ဘာကြောင့် ခုလိုကြည့်နေရတာလဲ..။ ရှုနင်က ထထိုင်လိုက်တော့ သူ့ခြေထောက်က သိပ်မနာတော့ဘဲ သက်သာနေသည်ကို သိလိုက်ရသည်။

ရှုဟိန်က အိပ်ယာကမထဘဲ လက်တစ်ဖက်ကို ခေါင်းအုံးကာ စိုက်ကြည့်ပြီးပြောလိုက်သည်။

"ရှေ့တစ်လလောက်ထိ မင်း ခုန်ပေါက်တာမလုပ်နဲ့.. သေချာဂရုစိုက်ဦး.."

အာ.. ကျွန်တော့်ခြေထောက်က ကျိုးတာမဟုတ်ပါဘူး.. ဒီလောက် ဂရုမစိုက်လည်း ရပါတယ်ဗျာ..

ဒါပေမယ့် ရှုဟိန်က ခုလိုဂရုစိုက်သဖြင့် ရှုနင်၏နှုတ်ခမ်းက ကော့ညွတ်ကာ ပြုံးလို့နေသည်။

"အစ်ကိုကြီး.. ဒီနေ့ ကိတ်မုန့်စားလို့ရမလားဟင်.."

"မင်းစားချင်ရင် တချို့ရမယ်လေ.."

"လိမ္မော်အရသာလေးနဲ့.."

"ကောင်းပြီ.."

ရှုဟိန်က စကားပြောပြီးတော့ သူ့ပါးပြင်ကို လက်ညှိုးနှင့်ထိုးပြလိုက်သည်။

ရှုနင် စိတ်ရှုပ်သွားသည်။ ရှုဟိန်က ဘာကိုဆိုလိုတာလဲ..?

ရှုဟိန်၏မျက်နှာကို ကြောင်တောင်တောင်စိုက်ကြည့်နေချိန်မှာ တစ်ဖက်လူ၏မျက်လုံးထဲမှာ အလိုမကျရိပ်ပေါ်လာပြီး ရာသီဥတုအခြေအနေက ချက်ချင်းပြောင်းသွားသလို ခံစားလိုက်ရသည်။

ရှုနင်၏မျက်လုံးက ဝင်းခနဲဖြစ်သွားပြီး သဘောပေါက်သွားသည်။ သူက ရှုဟိန်၏လည်ပင်းကိုဖက်ကာ ပါးပြင်တစ်ဖက်ကို နမ်းလိုက်တော့သည်။ သူလုပ်လိုက်တာ အကောင်းဆုံးပဲလို့တွေးပြီးချိန်မှာပဲ ရှုဟိန်၏လက်က ကျန်ပါးပြင်ကိုထောက်ပြတာမြင်တော့ အံ့အားသင့်သွားရသည်။

=======================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးOnde histórias criam vida. Descubra agora