Chapter (11) - ငါ.. ဘယ္လိုေတာင္ အအိပ္ၾကမ္းရတာလဲ (╥﹏╥)

27.8K 4.1K 35
                                    

Chapter (11) - ငါ.. ဘယ္လိုေတာင္ အအိပ္ၾကမ္းရတာလဲ.

ဘယ္လိုေတြျဖစ္သြားတာလဲ..။

ေကာင္းကင္ဘံုမွ နတ္ဘုရားမ်ား.. တပည့္ေတာ္ကို ကယ္တင္ေတာ္မူပါဘုရား..။

သူက အိပ္မက္ေယာင္တဲ့အက်င့္ရွိခဲ့လို႔ အိပ္ေပ်ာ္ေနရင္း အစ္ကိုႀကီးကို ခုလိုအတင့္ရဲစြာ တိုးေဝွ႔ပူးကပ္ကာ အိပ္ခဲ့မိတာလား။ ဒီလိုေယာင္တတ္တာဆိုရင္ အရင္ဘဝက သူ႔ခ်စ္သူက သူ႔ကို တစ္ခုခုေတာ့ေျပာမွာေပါ့။

ဒါက ႐ႈဟိန္ရဲ့အက်င့္ျဖစ္မွာပါ..။ ဒါပဲျဖစ္ရမယ္..။

ငါက နတ္ဘုရားႀကီးကို ဘယ္လိုသြားထိရဲမွာလဲ။ စိတ္ၿငိမ္ၿငိမ္ထား.. ေသစမ္း.. ငါ ဘယ္လိုစိတ္ၿငိမ္ႏိုင္မွာလဲ။ ငါ့ႏွလံုးေတြက ေသလုေအာင္ခုန္ေနၿပီကြ..။

ဒီအေနအထားႀကီးနဲ႔ အစ္ကိုႀကီးႏိုးလာလို႔ ေတြ႕ရင္ေတာ့.. ေသပါၿပီ..။ မျဖစ္ဘူး..။ အစ္ကိုႀကီးမႏိုးခင္ သူ ဒီအေနအထားကေန ေျပာင္းပစ္ရမယ္။ မဟုတ္ရင္ ေနာက္ရက္ အစ္ကိုႀကီးက သူ႔အိပ္ယာေပၚ ငါ့ကို အတက္ခံမွာမဟုတ္ဘူး။

႐ႈနင္၏နဖူးမွာ ေခၽြးေတြစို႔လာခဲ့သည္။ သူက အသက္ကိုေအာင့္ထားၿပီး အစ္ကုိႀကီး၏ေျခေထာက္ၾကားမွာရွိသည့္ သူ႔ေျခသလံုးေလးကို ျဖည္းျဖည္းခ်င္း၊ ျဖည္းျဖည္းခ်င္း ဆြဲထုတ္ေနသည္။

ကံေကာင္းလို႔.. အစ္ကိုႀကီး မႏိုးပါေစနဲ႔.. ဘုရား.. ဘုရား..

႐ႈနင္၏ရင္ထဲ ေျခေထာက္ေလးကိုဆြဲထုတ္ရင္း မုန္တိုင္းထန္ေနသည္။ သူ႔အသားကို လူထိတာ လံုးဝမႀကိဳက္သည့္ အစ္ကိုႀကီးသာ ႏိုးသြားၿပီး ဒီအေျခအေနကိုေတြ႕ရင္.. ဘုရား.. ဘုရား..

ေျခေထာက္ကိုဆြဲထုတ္ႏိုင္မွ ႐ႈနင္ သက္ျပင္း႐ိႈက္လိုက္မိသည္။ ႐ႈဟိန္က ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနဆဲျဖစ္သည္။ ေျပာၾကတာေတာ့ လူဆိုတာ သူတို႔ခ်စ္ခင္ယံုၾကည္ရသူေဘးနားမွာပဲ ႏွစ္ၿခိဳက္စြာအိပ္ေမာက်သည္ဆိုပဲ။ ႐ႈနင္က ေခ်ာေမာခန္႔ညားေသာ နတ္ဘုရား၏မ်က္ႏွာကို တိတ္တိတ္ေလးေငးေမာၾကည့္ရင္း ေတြးေနသည္။ အစ္ကိုႀကီး၏မ်က္ႏွာကို ပိုျမင္ရဖို႔ ေခါင္းေထာင္ၾကည့္စဥ္ ႐ႈဟိန္၏မ်က္လံုးက ဖ်တ္ခနဲပြင့္လာသျဖင့္ ႐ႈနင္ရင္ထဲ ဒိန္းခနဲျဖစ္သြားသည္။

အံမယ္ေလး.. လန္႔လို႔ေသေတာ့မယ္..

"မဂၤလာမနက္ခင္းပါ အစ္ကိုႀကီး.."

ဒီေန႔ စားဖိုမွဴးက မနက္စာ စားေကာင္းတာ ဘာလုပ္ထားမလဲမသိဘူးဟု စဥ္းစားရင္း ႐ႈနင္က ဟန္မပ်က္ႏႈတ္ဆက္လိုက္သည္။

"ဒီေန႔က မင္း ပထမဆံုးေက်ာင္းတက္ရမယ့္ေန႔.. ေနာက္မက်ေစနဲ႔.."

"အြန္း.. ကၽြန္ေတာ္ မ်က္ႏွာသစ္၊ သြားတိုက္လိုက္ဦးမယ္.."

အရမ္းေတာ္ၿပီး ထူးခၽြန္လိုက္တဲ့ အစ္ကိုႀကီး။ သူက အိပ္ယာႏိုးတာနဲ႔ စာေလ့လာဖို႔စဥ္းစားေနတယ္။ ငါကေတာ့ ဘာစားရမလဲဆုိတာ စဥ္းစားေနတယ္။ ငါတို႔ၾကားက ကြာျခားခ်က္က ဒီေလာက္ေတာင္ႀကီးတာလား။ ႐ႈနင္က အစ္ကိုႀကီး၏မ်က္ႏွာကို ေလးစားျမတ္ႏိုးစြာျဖင့္ စိုက္ၾကည့္လိုက္သည္။

"သြားေတာ့.. ဘာေၾကာင့္ ငါ့ကို ေၾကာင္ၾကည့္ေနတာလဲ.."

"အြန္း.."

႐ႈနင္က ေစာင္ကိုကန္လိုက္ၿပီး ခုတင္ေပၚကဆင္းကာ ေျခေထာက္တိုတိုေလးေတြနဲ႔ သူ႔အိပ္ခန္းထဲက ထြက္ေျပးသြားေတာ့သည္။

႐ႈဟိန္က နတ္ဆိုး၏ေစ့ေဆာ္တိုက္တြန္းမႈေၾကာင့္ ထင္သည္။ ခုတင္ေပၚကဆင္းသြားသည့္ ကေလး၏ ႏူးညံ့ေသာဆံပင္ေလးကို ထိပြတ္ဖို႔ လက္ဆန္႔လိုက္ေပမယ့္ ကေလးက အခန္းထဲကေန လွစ္ခနဲေျပးထြက္သြားေလၿပီ။ ဒါေပမယ့္ ႐ႈနင္က တံခါးဖြင့္ကာ ေျပးထြက္သြားလို႔ ႐ႈဟိန္၏ရင္ထဲ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္သြားသည္။ သူက ဒီကေလးအိပ္သြားသည့္ ေခါင္းအံုးေလးကို စိတ္မွတ္မဲ့ပြတ္ေနမိသည္။

႐ႈနင္က အျပင္ဘက္တံခါးကိုမွီၿပီး သူ႔မ်က္ႏွာက ၾကည့္ရဆိုးစြာ ႐ံႈ႕မဲ့ေနသည္။ သူ႔အစ္ကိုႀကီးက ဘယ္လိုျဖစ္ၿပီး က်စ္လစ္ေသာခႏၶာႏွင့္ ၾကြက္သား ၈ ခုရွိေနတာလဲ။ ဒါ ဘယ္လိုေတြးေတြး မျဖစ္ႏိုင္စရာပဲ။ ႐ႈနင္က သူ႔အခန္းထဲေရာက္ေတာ့ မွန္ေရွ႕မွာ အက်ီကိုပင့္မၿပီး သူ႔ဗိုက္ေလးကိုၾကည့္လိုက္ေတာ့ ျပားခ်ပ္ခ်ပ္ႏွင့္ ဘာမွမရွိေပ။ ဒီနတ္ဘုရားနဲ႔လိုက္ၿပိဳင္လည္း ေသသာသြားမည္၊ လိုက္မွီမည့္ပံုမေပၚေပ။

ေကာင္းၿပီ.. သူက ငါ့အစ္ကုိႀကီးပဲ.. သူက ၾကည့္ေကာင္းရင္ ငါ့အတြက္ လံုေလာက္ၿပီပဲ။

႐ႈနင္က မ်က္ႏွာသစ္၊ အဝတ္အစားလဲကာ မနက္စာစားဖို႔ ဆင္းလာခဲ့သည္။ ႐ႈဟိန္က စားပြဲတြင္ေရာက္ႏွင့္ကာ တည္ၿငိမ္စြာျဖင့္ သတင္းစာကို ဖတ္လို႔ပင္ေနေလၿပီ။

လူငယ္ေလးေရ.. မင္းက ဒီေလာက္စြမ္းအားႀကီးဖို႔ လိုလို႔လားကြာ..။ တျခားလူကို အခြင့္အေရး မေပးႏိုင္ေတာ့ဘူးလား..။ မင္းက ဒီေလာက္အရြယ္ေလးနဲ႔ ဒီေလာက္ႀကိဳးစားျပ၊ ေတာ္ျပေနေတာ့ က်န္လူက ဘယ္နားသြားပုန္းရမွာတုန္း..။

ခ်င္ယြိက်ိဳးက မနက္စာကိုျပင္ဆင္ကာ ျပဳလုပ္ေပးသည္။ လူေယာက္်ား ၄ဦး၏ေရွ႕က ပန္းကန္ထဲ မနက္စာမ်ားခ်ေပးကာ ဟင္းရည္တစ္ခြက္စီ ခြဲေပးလိုက္သည္။ ဟင္းအားလံုး အေရာင္၊ အဆင္း၊ အနံ႔၊ အရသာ ျပည့္စံုကာ စားခ်င္စဖြယ္ေကာင္းလွသည္။

႐ႈခ်ိန္က မနက္မွာျပန္လာၿပီး ခ်င္ယြိက်ိဳးကို အေဖာ္ျပဳကာ ႐ႈနင္ကို ေက်ာင္းလိုက္ပို႔ေပးမည္ျဖစ္သည္။ ႐ႈေကာင္းသည္ သူ႔ေခၽြးမ အိမ္မွာမေနသည့္ကိစၥကို သေဘာမက်ေပ။

ခ်င္ယြိက်ိဳးက အဖုိးအိုေက်နပ္ေစရန္ အမ်ိဳးမ်ိဳးႀကိဳးစားေပမယ့္ ဒီလူအိုႀကီးက ေခါင္းမာလြန္းလွသည္။ ဒင္းက သူမကို ဒူးေထာက္ကာ ဝပ္တြားခယ အညံ့ခံေစခ်င္ေနတာလား။ ႏွလံုးေရာဂါရွိသည့္လူက စိတ္လက္ေပါ့ပါးေအာင္ေနရမည္ကို ခုလိုလိုက္လုပ္ေနလို႔ ႏွလံုးေရာဂါေဖာက္လာရင္ ငါ့ကို အျပစ္လာမတင္နဲ႔။

ခ်င္ယြိက်ိဳးက စိတ္ထဲက က်ိန္ဆဲေနေပမယ့္ မ်က္ႏွာျပင္မွာေတာ့ ႐ိုက်ိဳးခ်ိဳသာစြာျဖင့္ ေယာကၡမ၊ ေယာက္်ား၊ သားႀကီးႏွင့္ သားငယ္ေရွ႕ ဟင္းမ်ားခ်ေပးေနသည္။ ဒီျမင္ကြင္းက အရမ္းကို ေႏြးေထြးသည့္မိသားစုတစ္ခုႏွင့္ တူေနသည္။

႐ႈေကာင္းက ခ်င္ယြိက်ိဳးခ်က္ေပးသည့္ဟင္းရည္ကို ေသာက္ကာ ေခၽြးမကို နည္းနည္းမ်က္ႏွာသာေပးလိုက္သည္။ ႐ႈဟိန္က ေဘးမွာလူေတြရွိတိုင္း ႐ႈနင္ကို ဘယ္ေတာ့မွ စကားမေျပာေပ။ ဒါေၾကာင့္ ခ်င္ယြိက်ိဳးက ႐ႈဟိန္ႏွင့္႐ႈနင္ ရင္းႏွီးစျပဳေနသည္ကို သတိမထားမိဘဲ လင္ေယာက္်ားကိုသာ အာ႐ံုစုိက္ၿပီး ျပဳစုေပးေနသည္။

႐ႈဟိန္က ေက်ာင္းကို သူ႔ကားျဖင့္ ကိုယ္ရံေတာ္မ်ားၿခံရံကာ ထြက္သြားခဲ့သည္။ ႐ႈနင္က ႐ႈခ်ိန္၏ကားျဖင့္ အတိတ္ဘဝကတက္ခဲ့ေသာ အထက္တန္းေက်ာင္းကို တဖန္ျပန္ေရာက္လာခဲ့သည္။

အရင္ဘဝကႏွင့္မတူဘဲ ဒီဘဝမွာ ေက်ာင္းအုပ္ႀကီးႏွင့္ အတန္းပိုင္ဆရာမတို႔က ေက်ာင္းေပါက္ဝမွာ ကိုယ္တိုင္ထြက္ကာ ႐ႈခ်ိန္တို႔မိသားစုကို ႀကိဳဆိုေနၾကသည္။ လူတိုင္းၿပံဳးရယ္ကာ မိတ္ဆက္ၾကရင္း စကားစျမည္ေျပာၾကသည္။ ေက်ာင္းအုပ္ႀကီးက ႐ႈနင္ကို ႀကံဖန္ခ်ီးက်ဴးစကား ဆိုလိုက္သည္။ ဒီစကားကိုၾကားေတာ့ ႐ႈခ်ိန္ ၾကည္ႏူးသြားခဲ့သည္။ ေက်ာင္းအုပ္ႀကီးက ခ်င္ယြိက်ိဳးကို တူမတစ္ဦးကဲ့သို႔ သေဘာထားေၾကာင္း၊ လိုတာရွိရင္ ခ်က္ခ်င္းေျပာႏိုင္ေၾကာင္းေျပာေတာ့ ခ်င္ယြိက်ိဳး ၿပံဳးလာခဲ့သည္။ ဒီလိုျဖင့္ ေက်င္းအုပ္ႀကီးက ေက်ာင္းျပဳျပင္စရိတ္အျဖစ္ ႐ႈခ်ိန္ဆီက အလွဴေငြအေတာ္မ်ားမ်ား ရလိုက္သည္။

အရင္ဘဝကအျဖစ္ႏွင့္ ခုဘဝက ေျပာင္းျပန္ျဖစ္ေနသလို ခ်င္ယြိက်ိဳးလည္း အထူးစိတ္ၾကည္လို႔ေနသည္။ သူမတို႔ အိမ္ခဏျပန္ၿပီးေနာက္ အိမ္ေတာ္ထိန္းကို ေယာကၡမကို ေသခ်ာျပဳစုေပးဖို႔မွာကာ ႐ႈခ်ိန္ႏွင့္အတူ company ကိုထြက္သြားခဲ့သည္။

အတန္းထဲကိုေရာက္ေတာ့ ႐ႈနင္က ပံုမွန္ပဲ ေက်ာင္းသားမ်ားကို ကိုယ့္ဘာသာမိတ္ဆက္လိုက္သည္။ ဆရာမက အတန္းထဲမွာ ႐ႈနင္ကို ဘယ္မွာေနရာခ်ရမည္မသိ ျဖစ္ေနသည္။ အတန္းထဲမွာ ခံုမလြတ္ေတာ့သျဖင့္ အတန္းေရွ႕ဆံုးမွာ တစ္ခံုထပ္တိုးကာ ႐ႈနင္ကို ထိုင္ခုိင္းလိုက္သည္။ ဒါက အရမ္းကိုေပၚလြင္ေနၿပီး သူမ်ားႏွင့္ ကြဲထြက္လို႔ေနသည္။

႐ႈနင္ : "......"

ငါ အတန္းေက်ာ္တက္ရင္ ေကာင္းမလား။ ဒီလုိသာေနရရင္ ငါေတာ့ ႐ူူးသြားႏိုင္တယ္။

စာေမးပြဲက ေနာက္၂လဆိုရင္ စစ္ေတာ့မည္ျဖစ္လို႔ ႐ႈနင္ ဖတ္စာအုပ္ကိုလွန္လိုက္သည္။ Geometry သခ်ၤာ(၂)အခ်ိန္ျဖစ္လို႔ သူ႔ခမ်ာ သနားစရာ ထပ္ျဖစ္ရျပန္သည္။ ငါဘြဲ႕ရလာတာ ၾကာၿပီေလ၊ အလယ္တန္း သခ်ၤာ(၂) ကို ဘယ္လိုမွတ္မိပါ့မလဲ။ ( / (ㄒ o ㄒ) / ~~ )

ဒါက ျပန္လည္ေမြးဖြားလာျခင္း၏ ဆိုးက်ိဳးေတြပါပဲ။ သူက အသက္ 30 အရြယ္ေပမယ့္ အလယ္တန္းစာကို ျပန္သင္ေနရသည္။ အားလံုး သံသယမဝင္ေစဖို႔ သူသိသူတတ္တာကို သိပ္မျပဖို႔ ဆံုျဖတ္လိုက္ရသည္။ ေက်ာင္းဆရာမက ႐ႈနင္၏ နာခံေသာပံုစံကို ေက်နပ္သြားသလို အတန္းျပင္မွ round လွည့္ေနေသာ ေက်ာင္းအုပ္ႀကီးက ဆရာမ၏အစီအစဥ္ကို သေဘာက်ေနသည္။

အတန္းၿပီးခ်ိန္ ဆရာမထြက္သြားေတာ့ အေနာက္ဘက္က ဖက္တီးေက်ာင္းသားက ႐ႈနင္နားကပ္ကာ ေမးလိုက္သည္။

"မင္း ေက်ာင္းအုပ္ႀကီးနဲ႔အတူ ေလွ်ာက္လာတာေတြ႕လိုက္ရတယ္.. မိုက္တယ္ကြ.. မင္းနဲ႔အတူပါလာတာ မင္းမိဘေတြလား.."

႐ႈနင္က အေရးမပါသည္ကို ေျဖဖို႔ေတာင္ ပ်င္းလို႔ေနသည္။

"ငါက ေက်ာင္းေျပာင္းလာလို႔ ေက်ာင္းကိစၥေၾကာင့္ ႐ံုးခန္းကို ေက်ာင္းအုပ္ႀကီးနဲ႔အတူ သြားခဲ့တာပါ.."

"အိုး.. ဟုတ္လား.."

ထိုေက်ာင္းသားက ႐ႈနင္၏အမူအယာေၾကာင့္ သူ႔ခံုမွာျပန္ထိုင္လိုက္ၿပီး ႏႈတ္ခမ္းမဲ့လိုက္သည္။ ဝတ္ထားသည့္အဝတ္အစားမ်ား၊ အတန္းေရွ႕မွာထိုင္ရပံုကိုၾကည့္ၿပီး ဒီေက်ာင္းသားသစ္က လူခ်မ္းသာအိမ္က အလကားေကာင္ေတြပဲျဖစ္မည္ဟု ေတြးလိုက္သည္။ အလကား.. ဆန္ကုန္ေျမေလးေတြ...။

စာသင္ခ်ိန္ၿပီးလို႔ ေန႔လည္စာစားခ်ိန္ေရာက္ေတာ့ ႐ႈနင္က ထမင္းတစ္ပန္းကန္စားလိုက္သည္။ ေကာင္မေလးေတြက သူ႔ကိုစပ္စုကာ ကြက္ၾကည့္ကြက္ၾကည့္လုပ္ေနၾကသည္။ ႐ႈနင္လည္း ကိုယ္ဟန္မတ္မတ္၊ ခပ္တည္တည္ႏွင့္ ထမင္းထိုင္စားေနလိုက္သည္။ မၾကာခင္ ဥာဏ္ရည္ထက္ၿပီး အမူအက်င့္ေကာင္းေသာ အထက္တန္းလႊာမိသားစုထဲက ေယာက္်ားေလးအုပ္စုႏွင့္ အဖြဲ႕က်သြားသည္ကိုၾကည့္ၿပီး ေကာင္မေလးေတြ ေခါင္းယမ္းလိုက္ၾကသည္။

ညေနေက်ာင္းဆင္းေတာ့ ႐ႈနင္က လူခ်မ္းသာကေလးမ်ားႏွင့္ ေက်ာင္းဝကိုထြက္လာခဲ့သည္။ ဒီကေလးေတြကို ၿပံဳးႏႈတ္ဆက္ကာ အစ္ကိုႀကီးလာေခၚမည္ကို ေစာင့္ေနသည္။ ေက်ာင္းဝမွာ ေက်ာင္းသားေတြ အာ႐ံုစိုက္တာမလိုခ်င္လို႔ လမ္းေထာင့္လမ္းဆံုကိုလာခဲ့ဖို႔ အစ္ကုိႀကီးကို စာပို႔လိုက္သည္။

႐ႈနင္ ထိုေနရာကိုေရာက္ေတာ့ တန္ဖိုးႀကီး Rolls Royce ကားတစ္စီး၏မွန္က ညင္သာစြာနိမ့္ဆင္းသြားၿပီး နတ္ဘုရားကဲ့သို႔ တင့္ရႊန္းခန္႔ညား ေခ်ာေမာလွေသာ ႐ႈဟိန္၏မ်က္ႏွာ ေပၚလာသည္။ သူက လူငယ္ေလးပဲရွိေသးေပမယ့္ သူ႔အၾကည့္က နက္႐ိႈင္းကာ တစ္ဖက္သားစိတ္ကို လႊမ္းမိုးႏိုင္ေနေလၿပီ။ သူအရြယ္ေရာက္လာေတာ့ သူ႔အရွိန္အဝါက ပိုျပင္းထန္လာၿပီး ျမင္ရသူတိုင္းကို အံ့အားသင့္သြားေအာင္ ခ်ဳပ္ကိုင္လာႏိုင္ခဲ့သည္။ ဒါက အင္အားႀကီးၿပီး စြဲမက္ဖြယ္အရွိန္အဝါတစ္မ်ိဳးျဖစ္သည္။ ႐ႈဟိန္၏ပံုစံက တစ္ခ်က္ၾကည့္႐ံုႏွင့္ လူေတြအားလံုးထက္ သာလြန္သည္ဆုိတာ သိသာေနၿပီး လူတိုင္းကို အံ့အားသင့္ေစသည္။

"တက္ေလ.."

အိုက္ယား.. သူ႔အသံကေတာင္ နားေထာင္လို႔ေကာင္းလိုက္တာ.. ဘုုရားသခင္က တကယ္ကို မ်က္ႏွာလိုက္တာပဲ..။

႐ႈနင္က သူ႔အစ္ကုိ စိတ္ဆုိးမည္စိုးေသာေၾကာင့္ ကားထဲအျမန္ဝင္လိုက္သည္။

ဒါက ၾသဇာႀကီးမားလွသည့္ အာဏာရွင္ႀကီးလား..။ သူက အိမ္မွာ ႏွိပ္စက္ကလူမလုပ္တာကိုပဲ ေက်းဇူးတင္ရမည္။ o (╯□╰) o

ကားက ပုဂၢလိကေဆး႐ံုႀကီး၏ ေျမေအာက္ကားပါကင္မွာ ရပ္တန္႔သြားေတာ့ ကိုယ္ရံေတာ္တစ္ဦးက တံခါးလာဖြင့္ေပးသည္။ သီးသန္႔ဓာတ္ေလွကားျဖင့္ အေပၚထပ္ကို တန္းတက္သြားခဲ့သည္။

ဒါက က်န္းမာေရးလာစစ္တာလား..။ သူ႔စိတ္ထဲမွာ သားသတ္႐ံုပို႔ခံရသည့္ သိုးကေလးလို ခံစားေနရသည္။ ႐ႈနင္က တကယ္ကို ေၾကာက္လာခဲ့မိသည္။
ဒါက ပံုမွန္ပဲေနမွာပါ..။ သူ႔အစ္ကိုေဆးစစ္ရင္ လုပ္ေနက်ပံုစံပဲျဖစ္မွာပါ..။ ဘာမွမျဖစ္ဘူး..။ ငါတို႔ႏွစ္ေယာက္က ရင္းႏွီးစျပဳေနၿပီပဲ..။ သူ ငါ့ကို ဘာမွလုပ္မွာမဟုတ္ပါဘူး...။

႐ႈနင္က ကိုယ့္စိတ္ကို သက္သာရာရေအာင္ အမ်ိဳးမ်ိဳးေျဖေတြးေပမယ့္ မသက္မသာျဖစ္ေနဆဲပင္။ ႐ႈနင္၏မ်က္ႏွာက အၿပံဳးေတြေပ်ာက္သြားၿပီး အစ္ကိုနားကို မသိမသာ တိုးသြားခဲ့သည္။ သူ႔ပံုစံေလးက အသက္မပါသည့္အ႐ုပ္ေလးလို ျဖစ္ေနလို႔ ႐ႈဟိန္က ငံု႔ကိုင္းကာေမးလိုက္သည္။

"ေက်ာင္းအသစ္က ဘယ္လိုေနလဲ.."

"အရမ္းေကာင္းပါတယ္ အစ္ကိုႀကီး.."

သူက စၿပီး စကားေျပာခဲ့တာလား..။ ႐ႈနင္က ဝမ္းသာသြားၿပီး ပံုမွန္ျပန္ေျဖလိုက္သည္။

ဒါေပမယ့္ ႐ႈနင္၏ပံုစံက အားငယ္ပံုေပါက္ေနဆဲျဖစ္သည္။

သူ ေန႔လည္စာ ေကာင္းေကာင္းမစားခဲ့ရလို႔လား။ ႐ႈဟိန္က ေတြးကာ စိတ္ပူေနစဥ္ သူတို႔စမ္းသပ္ခန္းထဲဝင္လိုက္ေတာ့ ႐ႈနင္၏မ်က္ႏွာက စကၠဴျဖဴတစ္ရြက္လိုျဖစ္သြားေတာ့မွ သူ ေဆး႐ံုကိုေၾကာက္တာကို ႐ႈဟိန္သတိထားမိသြားကာ ႏွစ္သိမ့္လိုက္သည္။

"ဘာမွစိတ္မပူနဲ႔.. မင္းက အရမ္းပိန္ၿပီး ျဖဴေဖ်ာ့ေနလို႔ အေဖကစိုးရိမ္ၿပီး ေဆးစစ္ခိုင္းလိုက္တာ.. ဒါေၾကာင့္ ငါက မင္းကိုေခၚၿပီး ေဆးလာစစ္ၾကည့္တာပဲ.."

႐ႈနင္က ေခါင္းေမာ့ကာ မ်က္ရည္ေဝ့ေသာမ်က္ဝန္းျဖင့္ အစ္ကိုႀကီးကိုၾကည့္လိုက္သည္။ သူ႔အမူအယာေလးက သနားစဖြယ္ျဖစ္ေနလို႔ ႐ႈဟိန္က ထပ္ရွင္းျပလိုက္သည္။

"ငါတို႔က အိမ္မွာ အာဟာရပညာရွင္ကို ငွားထားၿပီးၿပီ.. မင္းအတြက္ အိမ္မွာ စားေသာက္ေရးကို သူက တာဝန္ယူစီစဥ္ေပးလိမ့္မယ္.."

ေဟး... သူက တကယ္ႀကီး စကားအမ်ားႀကီး ေျပာလိုက္တာလား.. ဒါက သူ႔ပံုစံမွ မဟုတ္ဘဲ..။

ဒီေဆး႐ံုက ႐ႈမိသားစုကပိုင္ေသာ ေဆး႐ံုျဖစ္ေသာေၾကာင့္ Director ကိုယ္တိုင္ ႐ႈဟိန္တို႔ကို လာႏႈတ္ဆက္ကာ စစ္ေဆးခ်က္ကို အျမန္ဆံုးရေအာင္ ေဆာင္ရြက္ေပးခဲ့သည္။ ႐ႈနင္က အာဟာရခ်ိဳ႕တဲ့႐ံုသာျဖစ္ၿပီး ဘာေရာဂါမွမရွိေပ။ ႐ႈဟိန္က ေဆးစစ္ခ်က္ေတြထြက္လာေတာ့ ႐ႈခ်ိန္ကို စာပို႔အေၾကာင္းၾကားလိုက္သည္။

႐ႈခ်ိန္က company အလုပ္႐ႈပ္ေနေသာေၾကာင့္ သားငယ္ျဖစ္သူ၏က်န္းမာေရးကုိပင္ ဂ႐ုမစိုက္မိေပ။ ေတာ္ေသးသည္၊ ေစ့စပ္ေသခ်ာေသာသားႀကီးက သူ႔ကိုယ္စား ဂ႐ုစိုက္ေဆာင္ရြက္ေပးလို႔သာေပါ့..။ သားငယ္ကိုလ်စ္လွ်ဴ႐ႈမိလို႔ ႐ႈခ်ိန္ ေတာင္းပန္လိုက္သည္။ ခ်င္ယြိက်ိဳး အခန္းထဲဝင္လာေတာ့ ဒါကိုေတြ႕ၿပီး ေမးလိုက္သည္။

"ဥကၠ႒ႀကီး.. ဘာျဖစ္လို႔လဲ.."

႐ံုးမွာ ခ်င္ယြိက်ိဳးက ႐ႈခ်ိန္ကို ဥကၠ႒ႀကီးဟုသာေခၚသည္။ ရည္မွန္းခ်က္ႀကီးမားေသာသူမက ႐ံုးမွာ အမွားေသးေသးေလးေတာင္ မျဖစ္ဖို႔ ေသခ်ာေရွာင္ရွားခဲ့သည္။ သူမက သပ္ရပ္ေသာ႐ံုးဝတ္စံု ဝတ္ထားသည့္တိုင္ ႏူးညံ့သိမ္ေမြ႕မႈတို႔ တစ္စက္မွမေပ်ာက္ေပ။

"ညေနက်ရင္ ကေလးေတြကို အျပင္ေခၚၿပီး ညစာေကၽြးလိုက္ပါ.. ၿပီးေတာ့ ႐ႈနင္ကို ဒီအတိုင္းပစ္မထားနဲ႔.. ဒီေန႔က သူ ေက်ာင္းတက္တဲ့ ပထမဆံုးရက္.. အဆင္ေျပ မေျပ ေသခ်ာေမးၾကည့္ပါဦး.. သူလည္း ေျပာစရာေတြရွိမွာပဲ.."

႐ႈခ်ိန္က ခ်င္ယြိက်ိဳး၏ဝမ္းဗိုက္ေလးကို ဖြဖြပြတ္ကာ ၿပံဳးၿပီးေျပာလိုက္သည္။

"ကေလးက ေယာက္်ားေလးလား၊ မိန္းကေလးလား မသိရေသးေပမယ့္ ကိုယ္ေတာ့ မင္းလိုလွပၿပီး ဥာဏ္ေကာင္းတဲ့မိန္းကေလး ျဖစ္ေစခ်င္တယ္.."

တဆိတ္ေလာက္ရွင္.. စိတ္မေကာင္းေပမယ့္ ဒီဗိုက္ထဲက ကေလးက ေယာက္်ားေလးပဲျဖစ္မွာရွင့္..

ကၽြန္မလိုမိန္းကေလး ဟုတ္လား.. ဟား.. ဟား.. စိတ္ကူးသာယဥ္ေနလိုက္..

ဒါေပမယ့္ ခ်င္ယြိက်ိဳးက ခ်ိဳသာစြာၿပံဳးကာ ေျပာလိုက္သည္။

"သမီးေလးတစ္ေယာက္ဆိုရင္ ေတာ္ၿပီလားရွင္.."

"အိုး.."

"ကၽြန္မတို႔က ငယ္ေသးတာပဲ.. ကေလးေတြထပ္ယူၾကတာေပါ့.. အေဖလည္း အိမ္မွာ တစ္ေယာက္တည္းျဖစ္ေနတာ.. ေျမးေတြရွိလာရင္ သူလည္း အေတာ္ေလးတက္တက္ၾကြၾကြ ရွိလာလိမ့္မယ္.."

႐ႈခ်ိန္က သြယ္လ်ကာ ခ်စ္စရာေကာင္းေသာဇနီးသည္ကို ေပြ႕ဖက္ကာ ပါးျပင္ကိုနမ္းၿပီး ေျပာလိုက္သည္။

"မင္းေျပာတာမွန္တယ္.. အေဖ့ရဲ့မိတ္ေဆြေတြဆိုရင္ ေျမးေတြအမ်ားႀကီးပဲ.. ကိုယ္က ႐ႈဟိန္တစ္ေယာက္တည္းပဲ ေမြးေပးႏိုင္ခဲ့တယ္.. ယြိက်ိဳး.. ႐ႈနင္ကိုေမြးေပးလို႔ေရာ.. ဒီတတိယကေလးအတြက္ေရာ ေက်းဇူးတင္ပါတယ္ကြယ္.."

ခ်င္ယြိက်ိဳးက ၿပံဳးရႊင္စြာျဖင့္ ႐ႈခ်ိန္၏ရင္ခြင္ထဲ ေက်နပ္စြာတိုးဝင္ဖက္ထားကာ မ်က္လံုးကိုမွိတ္လိုက္ေတာ့သည္။

ထိုညမွာ ႏိုင္ငံျခား႐ံုးခြဲမွာ အေရးေပၚကိစၥရွိလို႔ ႐ႈခ်ိန္က သူ႔ကေလးႏွစ္ေယာက္ႏွင့္ အျပင္ထြက္ညစာမစားႏိုင္ေတာ့ေပ။

႐ႈနင္က တံခါးကိုတြန္းဖြင့္ၿပီး အစ္ကိုႀကီးအခန္းထဲ တေရြ႕ေရြ႕တိုးဝင္လာခဲ့သည္။ သူသာမအိပ္ခ်င္ရင္ ဒီအခန္းကို လာမည္မဟုတ္ေပ။

"ေကာင္းေသာညေနခင္းပါ အစ္ကိုႀကီး.."

"မင္း လက္ေမာင္း နာေနတုန္းလား.."

႐ႈနင္က ေန႔ခင္းက ေသြးေဖာက္စစ္ထားေသာလက္ေမာင္းကို ေျမႇာက္ကာ ႐ႈဟိန္နားတိုးကပ္ၿပီး ေျပာလိုက္သည္။

"အစ္ကိုႀကီးသာမႈတ္ေပးရင္ မနာေတာ့ဘူး.."

႐ႈဟိန္က ဖုန္းကိုခ်ကာ ခဏစိုက္ၾကည့္ေနၿပီး မထင္မွတ္ဘဲ ေခါင္းငံု႔ကာ ေလႏွင့္အသာမႈတ္ေပးလိုက္ရင္း ေမးလိုက္သည္။

"နာေသးလား.."

ငါ သရဲကို ေတြ႕လိုက္ရတာလား...

လန္႔တာေျပသြားမွ ႐ႈနင္က ေခါင္းကိုယမ္းကာ ေျပာလိုက္သည္။

"ဟင့္အင္း.. မနာေတာ့ဘူး.. အစ္ကိုႀကီး.. ကၽြန္ေတာ္ အိပ္ယာထဲသြားခ်င္ၿပီ.."

႐ႈဟိန္က အိပ္ယာခင္းေပၚကေစာင္ကို လွပ္ေပးၿပီး ကေလးကိုဝင္ေစၿပီးမွ သူက ေဘးမွာလွဲအိပ္လိုက္သည္။

"အစ္ကိုႀကီး.. မနက္ျဖန္ စာၾကည့္ခန္းထဲမွာ အစ္ကိုႀကီးရဲ့ အရင္ေက်ာင္းစာအုပ္ကို ယူၾကည့္လို႔ရမလား.."

႐ႈနင္က ေနာက္ထပ္ေျခတစ္လွမ္းတိုးကာ ႐ႈဟိန္၏ပိုင္နက္ထဲဝင္ဖို႔ ႀကိဳးစားလိုက္သည္။

"ငါ ေအးေအးေဆးေဆးပဲ ေနခ်င္တယ္.."

ဒါက ေသခ်ာေပါက္ အျငင္းခံရတာပဲ..။ ဒီလိုျဖစ္မွာကို ႀကိဳသိေပမယ့္ ႐ႈနင္ အေတာ္ေလး စိတ္ပ်က္သြားခဲ့သည္။ ႐ႈနင္က မ်က္လံုးမွိတ္လိုက္သည္။

"ေကာင္းေသာညပါ အစ္ကိုႀကီး.."

"......"

"ေကာင္းေသာညပါ အစ္ကိုႀကီး.."

"ေကာင္းေသာညပါ.."

႐ႈနင္၏စိတ္က ေယာက္ယက္ခတ္ေနသည္။ သူ႔အစ္ကိုႏွင့္ ဒီထက္ပိုရင္းႏွီးဖို႔ စကားေျပာရမည္သိေပမယ့္ ဘာေျပာရမွန္းမသိ ျဖစ္ေနသည္။

ခဏၾကာေတာ့ တြန္႔ဆုတ္စြာနဲ႔ ႐ႈနင္က ႐ႈဟိန္ဘက္လွိမ့္ကာ ကပ္သြားၿပီး ႐ႈဟိန္၏ပါးျပင္ကို ဖ်တ္ခနဲနမ္းလိုက္သည္။

"အေမေတြက ခုလိုနမ္းတတ္တယ္.."

႐ႈနင္က မ်က္စိမွိတ္ကာ အိပ္ဖို႔ျပင္လိုက္သည္။ ဒါေပမယ့္ သူ တကယ့္ကို ေပ်ာ္ေနမိသည္။ သူက အစ္ကိုႀကီးကို အခြင့္အေရးယူလိုက္တာျဖစ္သည္။ သူကေတာ့ ေၾကာင္ၾကည့္လို႔ေနသည္။

ဟား.. ဟား.. ဟား..

ဒီလိုေပ်ာ္ရႊင္မႈက သူ႔တစ္သက္တာမွာ အမွတ္တရျဖစ္သြားမွာေသခ်ာသည္။ ေၾကာက္စရာေကာင္းသည့္ သူ႔အစ္ကုိႀကီးမွာလည္း ဒီလိုမထင္မွတ္ဘဲ အခြင့္အေရးယူခံလိုက္ရတာမ်ိဳးလည္း ရွိေသးတာပဲလား..။ အစ္ကိုႀကီးက ဘယ္ေလာက္ေတာင္ ခ်စ္ဖို႔ေကာင္းလိုက္လဲ။ သူက တကယ့္ကို စိတ္ဝင္စားဖို႔ေကာင္းတယ္..။

"......"

ထိုညက သူတို႔ႏွစ္ေယာက္လံုး ေအးခ်မ္းစြာ အိပ္ေပ်ာ္သြားခဲ့သည္။

ေနာက္တစ္ေန႔ႏိုးလာေတာ့ ႐ႈနင္က အရင္ႏိုးလာၿပီး ၾကည့္လိုက္ေတာ့ သူ႔ေျခေထာက္ေတြက အစ္ကိုႀကီးကို ခြထား႐ံုတင္မက သူ႔လက္ေတြက အစ္ကိုႀကီး၏ရင္ဘတ္ကိုပါ သိုင္းဖက္ထားသည္။ ေျပာရမည္ဆိုလွ်င္ သူ႔ကိုယ္တစ္ဝက္က အစ္ကိုႀကီးရင္ခြင္ထဲ ေရာက္လို႔ေနၿပီ။

ငါ.. ဘယ္လိုေတာင္ အအိပ္ၾကမ္းရတာလဲ..။

===================

Chapter (11) - ငါ.. ဘယ်လိုတောင် အအိပ်ကြမ်းရတာလဲ..

ဘယ်လိုတွေဖြစ်သွားတာလဲ..။

ကောင်းကင်ဘုံမှ နတ်ဘုရားများ.. တပည့်တော်ကို ကယ်တင်တော်မူပါဘုရား..။

သူက အိပ်မက်ယောင်တဲ့အကျင့်ရှိခဲ့လို့ အိပ်ပျော်နေရင်း အစ်ကိုကြီးကို ခုလိုအတင့်ရဲစွာ တိုးဝှေ့ပူးကပ်ကာ အိပ်ခဲ့မိတာလား။ ဒီလိုယောင်တတ်တာဆိုရင် အရင်ဘဝက သူ့ချစ်သူက သူ့ကို တစ်ခုခုတော့ပြောမှာပေါ့။

ဒါက ရှုဟိန်ရဲ့အကျင့်ဖြစ်မှာပါ..။ ဒါပဲဖြစ်ရမယ်..။

ငါက နတ်ဘုရားကြီးကို ဘယ်လိုသွားထိရဲမှာလဲ။ စိတ်ငြိမ်ငြိမ်ထား.. သေစမ်း.. ငါ ဘယ်လိုစိတ်ငြိမ်နိုင်မှာလဲ။ ငါ့နှလုံးတွေက သေလုအောင်ခုန်နေပြီကွ..။

ဒီအနေအထားကြီးနဲ့ အစ်ကိုကြီးနိုးလာလို့ တွေ့ရင်တော့.. သေပါပြီ..။ မဖြစ်ဘူး..။ အစ်ကိုကြီးမနိုးခင် သူ ဒီအနေအထားကနေ ပြောင်းပစ်ရမယ်။ မဟုတ်ရင် နောက်ရက် အစ်ကိုကြီးက သူ့အိပ်ယာပေါ် ငါ့ကို အတက်ခံမှာမဟုတ်ဘူး။

ရှုနင်၏နဖူးမှာ ချွေးတွေစို့လာခဲ့သည်။ သူက အသက်ကိုအောင့်ထားပြီး အစ်ကိုကြီး၏ခြေထောက်ကြားမှာရှိသည့် သူ့ခြေသလုံးလေးကို ဖြည်းဖြည်းချင်း၊ ဖြည်းဖြည်းချင်း ဆွဲထုတ်နေသည်။

ကံကောင်းလို့.. အစ်ကိုကြီး မနိုးပါစေနဲ့.. ဘုရား.. ဘုရား..

ရှုနင်၏ရင်ထဲ ခြေထောက်လေးကိုဆွဲထုတ်ရင်း မုန်တိုင်းထန်နေသည်။ သူ့အသားကို လူထိတာ လုံးဝမကြိုက်သည့် အစ်ကိုကြီးသာ နိုးသွားပြီး ဒီအခြေအနေကိုတွေ့ရင်.. ဘုရား.. ဘုရား..

ခြေထောက်ကိုဆွဲထုတ်နိုင်မှ ရှုနင် သက်ပြင်းရှိုက်လိုက်မိသည်။ ရှုဟိန်က နှစ်ခြိုက်စွာအိပ်ပျော်နေဆဲဖြစ်သည်။ ပြောကြတာတော့ လူဆိုတာ သူတို့ချစ်ခင်ယုံကြည်ရသူဘေးနားမှာပဲ နှစ်ခြိုက်စွာအိပ်မောကျသည်ဆိုပဲ။ ရှုနင်က ချောမောခန့်ညားသော နတ်ဘုရား၏မျက်နှာကို တိတ်တိတ်လေးငေးမောကြည့်ရင်း တွေးနေသည်။ အစ်ကိုကြီး၏မျက်နှာကို ပိုမြင်ရဖို့ ခေါင်းထောင်ကြည့်စဉ် ရှုဟိန်၏မျက်လုံးက ဖျတ်ခနဲပွင့်လာသဖြင့် ရှုနင်ရင်ထဲ ဒိန်းခနဲဖြစ်သွားသည်။

အံမယ်လေး.. လန့်လို့သေတော့မယ်..

"မင်္ဂလာမနက်ခင်းပါ အစ်ကိုကြီး.."

ဒီနေ့ စားဖိုမှူးက မနက်စာ စားကောင်းတာ ဘာလုပ်ထားမလဲမသိဘူးဟု စဉ်းစားရင်း ရှုနင်က ဟန်မပျက်နှုတ်ဆက်လိုက်သည်။

"ဒီနေ့က မင်း ပထမဆုံးကျောင်းတက်ရမယ့်နေ့.. နောက်မကျစေနဲ့.."

"အွန်း.. ကျွန်တော် မျက်နှာသစ်၊ သွားတိုက်လိုက်ဦးမယ်.."

အရမ်းတော်ပြီး ထူးချွန်လိုက်တဲ့ အစ်ကိုကြီး။ သူက အိပ်ယာနိုးတာနဲ့ စာလေ့လာဖို့စဉ်းစားနေတယ်။ ငါကတော့ ဘာစားရမလဲဆိုတာ စဉ်းစားနေတယ်။ ငါတို့ကြားက ကွာခြားချက်က ဒီလောက်တောင်ကြီးတာလား။ ရှုနင်က အစ်ကိုကြီး၏မျက်နှာကို လေးစားမြတ်နိုးစွာဖြင့် စိုက်ကြည့်လိုက်သည်။

"သွားတော့.. ဘာကြောင့် ငါ့ကို ကြောင်ကြည့်နေတာလဲ.."

"အွန်း.."

ရှုနင်က စောင်ကိုကန်လိုက်ပြီး ခုတင်ပေါ်ကဆင်းကာ ခြေထောက်တိုတိုလေးတွေနဲ့ သူ့အိပ်ခန်းထဲက ထွက်ပြေးသွားတော့သည်။

ရှုဟိန်က နတ်ဆိုး၏စေ့ဆော်တိုက်တွန်းမှုကြောင့် ထင်သည်။ ခုတင်ပေါ်ကဆင်းသွားသည့် ကလေး၏ နူးညံ့သောဆံပင်လေးကို ထိပွတ်ဖို့ လက်ဆန့်လိုက်ပေမယ့် ကလေးက အခန်းထဲကနေ လှစ်ခနဲပြေးထွက်သွားလေပြီ။ ဒါပေမယ့် ရှုနင်က တံခါးဖွင့်ကာ ပြေးထွက်သွားလို့ ရှုဟိန်၏ရင်ထဲ စပ်ဖျဉ်းဖျဉ်းဖြစ်သွားသည်။ သူက ဒီကလေးအိပ်သွားသည့် ခေါင်းအုံးလေးကို စိတ်မှတ်မဲ့ပွတ်နေမိသည်။

ရှုနင်က အပြင်ဘက်တံခါးကိုမှီပြီး သူ့မျက်နှာက ကြည့်ရဆိုးစွာ ရှုံ့မဲ့နေသည်။ သူ့အစ်ကိုကြီးက ဘယ်လိုဖြစ်ပြီး ကျစ်လစ်သောခန္ဓာနှင့် ကြွက်သား ၈ ခုရှိနေတာလဲ။ ဒါ ဘယ်လိုတွေးတွေး မဖြစ်နိုင်စရာပဲ။ ရှုနင်က သူ့အခန်းထဲရောက်တော့ မှန်ရှေ့မှာ အကျီကိုပင့်မပြီး သူ့ဗိုက်လေးကိုကြည့်လိုက်တော့ ပြားချပ်ချပ်နှင့် ဘာမှမရှိပေ။ ဒီနတ်ဘုရားနဲ့လိုက်ပြိုင်လည်း သေသာသွားမည်၊ လိုက်မှီမည့်ပုံမပေါ်ပေ။

ကောင်းပြီ.. သူက ငါ့အစ်ကိုကြီးပဲ.. သူက ကြည့်ကောင်းရင် ငါ့အတွက် လုံလောက်ပြီပဲ။

ရှုနင်က မျက်နှာသစ်၊ အဝတ်အစားလဲကာ မနက်စာစားဖို့ ဆင်းလာခဲ့သည်။ ရှုဟိန်က စားပွဲတွင်ရောက်နှင့်ကာ တည်ငြိမ်စွာဖြင့် သတင်းစာကို ဖတ်လို့ပင်နေလေပြီ။

လူငယ်လေးရေ.. မင်းက ဒီလောက်စွမ်းအားကြီးဖို့ လိုလို့လားကွာ..။ တခြားလူကို အခွင့်အရေး မပေးနိုင်တော့ဘူးလား..။ မင်းက ဒီလောက်အရွယ်လေးနဲ့ ဒီလောက်ကြိုးစားပြ၊ တော်ပြနေတော့ ကျန်လူက ဘယ်နားသွားပုန်းရမှာတုန်း..။

ချင်ယွိကျိုးက မနက်စာကိုပြင်ဆင်ကာ ပြုလုပ်ပေးသည်။ လူယောက်ျား ၄ဦး၏ရှေ့က ပန်းကန်ထဲ မနက်စာများချပေးကာ ဟင်းရည်တစ်ခွက်စီ ခွဲပေးလိုက်သည်။ ဟင်းအားလုံး အရောင်၊ အဆင်း၊ အနံ့၊ အရသာ ပြည့်စုံကာ စားချင်စဖွယ်ကောင်းလှသည်။

ရှုချိန်က မနက်မှာပြန်လာပြီး ချင်ယွိကျိုးကို အဖော်ပြုကာ ရှုနင်ကို ကျောင်းလိုက်ပို့ပေးမည်ဖြစ်သည်။ ရှုကောင်းသည် သူ့ချွေးမ အိမ်မှာမနေသည့်ကိစ္စကို သဘောမကျပေ။

ချင်ယွိကျိုးက အဖိုးအိုကျေနပ်စေရန် အမျိုးမျိုးကြိုးစားပေမယ့် ဒီလူအိုကြီးက ခေါင်းမာလွန်းလှသည်။ ဒင်းက သူမကို ဒူးထောက်ကာ ဝပ်တွားခယ အညံ့ခံစေချင်နေတာလား။ နှလုံးရောဂါရှိသည့်လူက စိတ်လက်ပေါ့ပါးအောင်နေရမည်ကို ခုလိုလိုက်လုပ်နေလို့ နှလုံးရောဂါဖောက်လာရင် ငါ့ကို အပြစ်လာမတင်နဲ့။

ချင်ယွိကျိုးက စိတ်ထဲက ကျိန်ဆဲနေပေမယ့် မျက်နှာပြင်မှာတော့ ရိုကျိုးချိုသာစွာဖြင့် ယောက္ခမ၊ ယောက်ျား၊ သားကြီးနှင့် သားငယ်ရှေ့ ဟင်းများချပေးနေသည်။ ဒီမြင်ကွင်းက အရမ်းကို နွေးထွေးသည့်မိသားစုတစ်ခုနှင့် တူနေသည်။

ရှုကောင်းက ချင်ယွိကျိုးချက်ပေးသည့်ဟင်းရည်ကို သောက်ကာ ချွေးမကို နည်းနည်းမျက်နှာသာပေးလိုက်သည်။ ရှုဟိန်က ဘေးမှာလူတွေရှိတိုင်း ရှုနင်ကို ဘယ်တော့မှ စကားမပြောပေ။ ဒါကြောင့် ချင်ယွိကျိုးက ရှုဟိန်နှင့်ရှုနင် ရင်းနှီးစပြုနေသည်ကို သတိမထားမိဘဲ လင်ယောက်ျားကိုသာ အာရုံစိုက်ပြီး ပြုစုပေးနေသည်။

ရှုဟိန်က ကျောင်းကို သူ့ကားဖြင့် ကိုယ်ရံတော်များခြံရံကာ ထွက်သွားခဲ့သည်။ ရှုနင်က ရှုချိန်၏ကားဖြင့် အတိတ်ဘဝကတက်ခဲ့သော အထက်တန်းကျောင်းကို တဖန်ပြန်ရောက်လာခဲ့သည်။

အရင်ဘဝကနှင့်မတူဘဲ ဒီဘဝမှာ ကျောင်းအုပ်ကြီးနှင့် အတန်းပိုင်ဆရာမတို့က ကျောင်းပေါက်ဝမှာ ကိုယ်တိုင်ထွက်ကာ ရှုချိန်တို့မိသားစုကို ကြိုဆိုနေကြသည်။ လူတိုင်းပြုံးရယ်ကာ မိတ်ဆက်ကြရင်း စကားစမြည်ပြောကြသည်။ ကျောင်းအုပ်ကြီးက ရှုနင်ကို ကြံဖန်ချီးကျူးစကား ဆိုလိုက်သည်။ ဒီစကားကိုကြားတော့ ရှုချိန် ကြည်နူးသွားခဲ့သည်။ ကျောင်းအုပ်ကြီးက ချင်ယွိကျိုးကို တူမတစ်ဦးကဲ့သို့ သဘောထားကြောင်း၊ လိုတာရှိရင် ချက်ချင်းပြောနိုင်ကြောင်းပြောတော့ ချင်ယွိကျိုး ပြုံးလာခဲ့သည်။ ဒီလိုဖြင့် ကျေင်းအုပ်ကြီးက ကျောင်းပြုပြင်စရိတ်အဖြစ် ရှုချိန်ဆီက အလှူငွေအတော်များများ ရလိုက်သည်။

အရင်ဘဝကအဖြစ်နှင့် ခုဘဝက ပြောင်းပြန်ဖြစ်နေသလို ချင်ယွိကျိုးလည်း အထူးစိတ်ကြည်လို့နေသည်။ သူမတို့ အိမ်ခဏပြန်ပြီးနောက် အိမ်တော်ထိန်းကို ယောက္ခမကို သေချာပြုစုပေးဖို့မှာကာ ရှုချိန်နှင့်အတူ company ကိုထွက်သွားခဲ့သည်။

အတန်းထဲကိုရောက်တော့ ရှုနင်က ပုံမှန်ပဲ ကျောင်းသားများကို ကိုယ့်ဘာသာမိတ်ဆက်လိုက်သည်။ ဆရာမက အတန်းထဲမှာ ရှုနင်ကို ဘယ်မှာနေရာချရမည်မသိ ဖြစ်နေသည်။ အတန်းထဲမှာ ခုံမလွတ်တော့သဖြင့် အတန်းရှေ့ဆုံးမှာ တစ်ခုံထပ်တိုးကာ ရှုနင်ကို ထိုင်ခိုင်းလိုက်သည်။ ဒါက အရမ်းကိုပေါ်လွင်နေပြီး သူများနှင့် ကွဲထွက်လို့နေသည်။

ရှုနင် : "......"

ငါ အတန်းကျော်တက်ရင် ကောင်းမလား။ ဒီလိုသာနေရရင် ငါတော့ ရူူးသွားနိုင်တယ်။

စာမေးပွဲက နောက်၂လဆိုရင် စစ်တော့မည်ဖြစ်လို့ ရှုနင် ဖတ်စာအုပ်ကိုလှန်လိုက်သည်။ Geometry သင်္ချာ(၂)အချိန်ဖြစ်လို့ သူ့ခမျာ သနားစရာ ထပ်ဖြစ်ရပြန်သည်။ ငါဘွဲ့ရလာတာ ကြာပြီလေ၊ အလယ်တန်း သင်္ချာ(၂) ကို ဘယ်လိုမှတ်မိပါ့မလဲ။ ( / (ㄒ o ㄒ) / ~~ )

ဒါက ပြန်လည်မွေးဖွားလာခြင်း၏ ဆိုးကျိုးတွေပါပဲ။ သူက အသက် 30 အရွယ်ပေမယ့် အလယ်တန်းစာကို ပြန်သင်နေရသည်။ အားလုံး သံသယမဝင်စေဖို့ သူသိသူတတ်တာကို သိပ်မပြဖို့ ဆုံဖြတ်လိုက်ရသည်။ ကျောင်းဆရာမက ရှုနင်၏ နာခံသောပုံစံကို ကျေနပ်သွားသလို အတန်းပြင်မှ round လှည့်နေသော ကျောင်းအုပ်ကြီးက ဆရာမ၏အစီအစဉ်ကို သဘောကျနေသည်။

အတန်းပြီးချိန် ဆရာမထွက်သွားတော့ အနောက်ဘက်က ဖက်တီးကျောင်းသားက ရှုနင်နားကပ်ကာ မေးလိုက်သည်။

"မင်း ကျောင်းအုပ်ကြီးနဲ့အတူ လျှောက်လာတာတွေ့လိုက်ရတယ်.. မိုက်တယ်ကွ.. မင်းနဲ့အတူပါလာတာ မင်းမိဘတွေလား.."

ရှုနင်က အရေးမပါသည်ကို ဖြေဖို့တောင် ပျင်းလို့နေသည်။

"ငါက ကျောင်းပြောင်းလာလို့ ကျောင်းကိစ္စကြောင့် ရုံးခန်းကို ကျောင်းအုပ်ကြီးနဲ့အတူ သွားခဲ့တာပါ.."

"အိုး.. ဟုတ်လား.."

ထိုကျောင်းသားက ရှုနင်၏အမူအယာကြောင့် သူ့ခုံမှာပြန်ထိုင်လိုက်ပြီး နှုတ်ခမ်းမဲ့လိုက်သည်။ ဝတ်ထားသည့်အဝတ်အစားများ၊ အတန်းရှေ့မှာထိုင်ရပုံကိုကြည့်ပြီး ဒီကျောင်းသားသစ်က လူချမ်းသာအိမ်က အလကားကောင်တွေပဲဖြစ်မည်ဟု တွေးလိုက်သည်။ အလကား.. ဆန်ကုန်မြေလေးတွေ...။

စာသင်ချိန်ပြီးလို့ နေ့လည်စာစားချိန်ရောက်တော့ ရှုနင်က ထမင်းတစ်ပန်းကန်စားလိုက်သည်။ ကောင်မလေးတွေက သူ့ကိုစပ်စုကာ ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။ ရှုနင်လည်း ကိုယ်ဟန်မတ်မတ်၊ ခပ်တည်တည်နှင့် ထမင်းထိုင်စားနေလိုက်သည်။ မကြာခင် ဉာဏ်ရည်ထက်ပြီး အမူအကျင့်ကောင်းသော အထက်တန်းလွှာမိသားစုထဲက ယောက်ျားလေးအုပ်စုနှင့် အဖွဲ့ကျသွားသည်ကိုကြည့်ပြီး ကောင်မလေးတွေ ခေါင်းယမ်းလိုက်ကြသည်။

ညနေကျောင်းဆင်းတော့ ရှုနင်က လူချမ်းသာကလေးများနှင့် ကျောင်းဝကိုထွက်လာခဲ့သည်။ ဒီကလေးတွေကို ပြုံးနှုတ်ဆက်ကာ အစ်ကိုကြီးလာခေါ်မည်ကို စောင့်နေသည်။ ကျောင်းဝမှာ ကျောင်းသားတွေ အာရုံစိုက်တာမလိုချင်လို့ လမ်းထောင့်လမ်းဆုံကိုလာခဲ့ဖို့ အစ်ကိုကြီးကို စာပို့လိုက်သည်။

ရှုနင် ထိုနေရာကိုရောက်တော့ တန်ဖိုးကြီး Rolls Royce ကားတစ်စီး၏မှန်က ညင်သာစွာနိမ့်ဆင်းသွားပြီး နတ်ဘုရားကဲ့သို့ တင့်ရွှန်းခန့်ညား ချောမောလှသော ရှုဟိန်၏မျက်နှာ ပေါ်လာသည်။ သူက လူငယ်လေးပဲရှိသေးပေမယ့် သူ့အကြည့်က နက်ရှိုင်းကာ တစ်ဖက်သားစိတ်ကို လွှမ်းမိုးနိုင်နေလေပြီ။ သူအရွယ်ရောက်လာတော့ သူ့အရှိန်အဝါက ပိုပြင်းထန်လာပြီး မြင်ရသူတိုင်းကို အံ့အားသင့်သွားအောင် ချုပ်ကိုင်လာနိုင်ခဲ့သည်။ ဒါက အင်အားကြီးပြီး စွဲမက်ဖွယ်အရှိန်အဝါတစ်မျိုးဖြစ်သည်။ ရှုဟိန်၏ပုံစံက တစ်ချက်ကြည့်ရုံနှင့် လူတွေအားလုံးထက် သာလွန်သည်ဆိုတာ သိသာနေပြီး လူတိုင်းကို အံ့အားသင့်စေသည်။

"တက်လေ.."

အိုက်ယား.. သူ့အသံကတောင် နားထောင်လို့ကောင်းလိုက်တာ.. ဘုရားသခင်က တကယ်ကို မျက်နှာလိုက်တာပဲ..။

ရှုနင်က သူ့အစ်ကို စိတ်ဆိုးမည်စိုးသောကြောင့် ကားထဲအမြန်ဝင်လိုက်သည်။

ဒါက သြဇာကြီးမားလှသည့် အာဏာရှင်ကြီးလား..။ သူက အိမ်မှာ နှိပ်စက်ကလူမလုပ်တာကိုပဲ ကျေးဇူးတင်ရမည်။ o (╯□╰) o

ကားက ပုဂ္ဂလိကဆေးရုံကြီး၏ မြေအောက်ကားပါကင်မှာ ရပ်တန့်သွားတော့ ကိုယ်ရံတော်တစ်ဦးက တံခါးလာဖွင့်ပေးသည်။ သီးသန့်ဓာတ်လှေကားဖြင့် အပေါ်ထပ်ကို တန်းတက်သွားခဲ့သည်။

ဒါက ကျန်းမာရေးလာစစ်တာလား..။ သူ့စိတ်ထဲမှာ သားသတ်ရုံပို့ခံရသည့် သိုးကလေးလို ခံစားနေရသည်။ ရှုနင်က တကယ်ကို ကြောက်လာခဲ့မိသည်။
ဒါက ပုံမှန်ပဲနေမှာပါ..။ သူ့အစ်ကိုဆေးစစ်ရင် လုပ်နေကျပုံစံပဲဖြစ်မှာပါ..။ ဘာမှမဖြစ်ဘူး..။ ငါတို့နှစ်ယောက်က ရင်းနှီးစပြုနေပြီပဲ..။ သူ ငါ့ကို ဘာမှလုပ်မှာမဟုတ်ပါဘူး...။

ရှုနင်က ကိုယ့်စိတ်ကို သက်သာရာရအောင် အမျိုးမျိုးဖြေတွေးပေမယ့် မသက်မသာဖြစ်နေဆဲပင်။ ရှုနင်၏မျက်နှာက အပြုံးတွေပျောက်သွားပြီး အစ်ကိုနားကို မသိမသာ တိုးသွားခဲ့သည်။ သူ့ပုံစံလေးက အသက်မပါသည့်အရုပ်လေးလို ဖြစ်နေလို့ ရှုဟိန်က ငုံ့ကိုင်းကာမေးလိုက်သည်။

"ကျောင်းအသစ်က ဘယ်လိုနေလဲ.."

"အရမ်းကောင်းပါတယ် အစ်ကိုကြီး.."

သူက စပြီး စကားပြောခဲ့တာလား..။ ရှုနင်က ဝမ်းသာသွားပြီး ပုံမှန်ပြန်ဖြေလိုက်သည်။

ဒါပေမယ့် ရှုနင်၏ပုံစံက အားငယ်ပုံပေါက်နေဆဲဖြစ်သည်။

သူ နေ့လည်စာ ကောင်းကောင်းမစားခဲ့ရလို့လား။ ရှုဟိန်က တွေးကာ စိတ်ပူနေစဉ် သူတို့စမ်းသပ်ခန်းထဲဝင်လိုက်တော့ ရှုနင်၏မျက်နှာက စက္ကူဖြူတစ်ရွက်လိုဖြစ်သွားတော့မှ သူ ဆေးရုံကိုကြောက်တာကို ရှုဟိန်သတိထားမိသွားကာ နှစ်သိမ့်လိုက်သည်။

"ဘာမှစိတ်မပူနဲ့.. မင်းက အရမ်းပိန်ပြီး ဖြူဖျော့နေလို့ အဖေကစိုးရိမ်ပြီး ဆေးစစ်ခိုင်းလိုက်တာ.. ဒါကြောင့် ငါက မင်းကိုခေါ်ပြီး ဆေးလာစစ်ကြည့်တာပဲ.."

ရှုနင်က ခေါင်းမော့ကာ မျက်ရည်ဝေ့သောမျက်ဝန်းဖြင့် အစ်ကိုကြီးကိုကြည့်လိုက်သည်။ သူ့အမူအယာလေးက သနားစဖွယ်ဖြစ်နေလို့ ရှုဟိန်က ထပ်ရှင်းပြလိုက်သည်။

"ငါတို့က အိမ်မှာ အာဟာရပညာရှင်ကို ငှားထားပြီးပြီ.. မင်းအတွက် အိမ်မှာ စားသောက်ရေးကို သူက တာဝန်ယူစီစဉ်ပေးလိမ့်မယ်.."

ဟေး... သူက တကယ်ကြီး စကားအများကြီး ပြောလိုက်တာလား.. ဒါက သူ့ပုံစံမှ မဟုတ်ဘဲ..။

ဒီဆေးရုံက ရှုမိသားစုကပိုင်သော ဆေးရုံဖြစ်သောကြောင့် Director ကိုယ်တိုင် ရှုဟိန်တို့ကို လာနှုတ်ဆက်ကာ စစ်ဆေးချက်ကို အမြန်ဆုံးရအောင် ဆောင်ရွက်ပေးခဲ့သည်။ ရှုနင်က အာဟာရချို့တဲ့ရုံသာဖြစ်ပြီး ဘာရောဂါမှမရှိပေ။ ရှုဟိန်က ဆေးစစ်ချက်တွေထွက်လာတော့ ရှုချိန်ကို စာပို့အကြောင်းကြားလိုက်သည်။

ရှုချိန်က company အလုပ်ရှုပ်နေသောကြောင့် သားငယ်ဖြစ်သူ၏ကျန်းမာရေးကိုပင် ဂရုမစိုက်မိပေ။ တော်သေးသည်၊ စေ့စပ်သေချာသောသားကြီးက သူ့ကိုယ်စား ဂရုစိုက်ဆောင်ရွက်ပေးလို့သာပေါ့..။ သားငယ်ကိုလျစ်လျှူရှုမိလို့ ရှုချိန် တောင်းပန်လိုက်သည်။ ချင်ယွိကျိုး အခန်းထဲဝင်လာတော့ ဒါကိုတွေ့ပြီး မေးလိုက်သည်။

"ဥက္ကဋ္ဌကြီး.. ဘာဖြစ်လို့လဲ.."

ရုံးမှာ ချင်ယွိကျိုးက ရှုချိန်ကို ဥက္ကဋ္ဌကြီးဟုသာခေါ်သည်။ ရည်မှန်းချက်ကြီးမားသောသူမက ရုံးမှာ အမှားသေးသေးလေးတောင် မဖြစ်ဖို့ သေချာရှောင်ရှားခဲ့သည်။ သူမက သပ်ရပ်သောရုံးဝတ်စုံ ဝတ်ထားသည့်တိုင် နူးညံ့သိမ်မွေ့မှုတို့ တစ်စက်မှမပျောက်ပေ။

"ညနေကျရင် ကလေးတွေကို အပြင်ခေါ်ပြီး ညစာကျွေးလိုက်ပါ.. ပြီးတော့ ရှုနင်ကို ဒီအတိုင်းပစ်မထားနဲ့.. ဒီနေ့က သူ ကျောင်းတက်တဲ့ ပထမဆုံးရက်.. အဆင်ပြေ မပြေ သေချာမေးကြည့်ပါဦး.. သူလည်း ပြောစရာတွေရှိမှာပဲ.."

ရှုချိန်က ချင်ယွိကျိုး၏ဝမ်းဗိုက်လေးကို ဖွဖွပွတ်ကာ ပြုံးပြီးပြောလိုက်သည်။

"ကလေးက ယောက်ျားလေးလား၊ မိန်းကလေးလား မသိရသေးပေမယ့် ကိုယ်တော့ မင်းလိုလှပပြီး ဉာဏ်ကောင်းတဲ့မိန်းကလေး ဖြစ်စေချင်တယ်.."

တဆိတ်လောက်ရှင်.. စိတ်မကောင်းပေမယ့် ဒီဗိုက်ထဲက ကလေးက ယောက်ျားလေးပဲဖြစ်မှာရှင့်..

ကျွန်မလိုမိန်းကလေး ဟုတ်လား.. ဟား.. ဟား.. စိတ်ကူးသာယဉ်နေလိုက်..

ဒါပေမယ့် ချင်ယွိကျိုးက ချိုသာစွာပြုံးကာ ပြောလိုက်သည်။

"သမီးလေးတစ်ယောက်ဆိုရင် တော်ပြီလားရှင်.."

"အိုး.."

"ကျွန်မတို့က ငယ်သေးတာပဲ.. ကလေးတွေထပ်ယူကြတာပေါ့.. အဖေလည်း အိမ်မှာ တစ်ယောက်တည်းဖြစ်နေတာ.. မြေးတွေရှိလာရင် သူလည်း အတော်လေးတက်တက်ကြွကြွ ရှိလာလိမ့်မယ်.."

ရှုချိန်က သွယ်လျကာ ချစ်စရာကောင်းသောဇနီးသည်ကို ပွေ့ဖက်ကာ ပါးပြင်ကိုနမ်းပြီး ပြောလိုက်သည်။

"မင်းပြောတာမှန်တယ်.. အဖေ့ရဲ့မိတ်ဆွေတွေဆိုရင် မြေးတွေအများကြီးပဲ.. ကိုယ်က ရှုဟိန်တစ်ယောက်တည်းပဲ မွေးပေးနိုင်ခဲ့တယ်.. ယွိကျိုး.. ရှုနင်ကိုမွေးပေးလို့ရော.. ဒီတတိယကလေးအတွက်ရော ကျေးဇူးတင်ပါတယ်ကွယ်.."

ချင်ယွိကျိုးက ပြုံးရွှင်စွာဖြင့် ရှုချိန်၏ရင်ခွင်ထဲ ကျေနပ်စွာတိုးဝင်ဖက်ထားကာ မျက်လုံးကိုမှိတ်လိုက်တော့သည်။

ထိုညမှာ နိုင်ငံခြားရုံးခွဲမှာ အရေးပေါ်ကိစ္စရှိလို့ ရှုချိန်က သူ့ကလေးနှစ်ယောက်နှင့် အပြင်ထွက်ညစာမစားနိုင်တော့ပေ။

ရှုနင်က တံခါးကိုတွန်းဖွင့်ပြီး အစ်ကိုကြီးအခန်းထဲ တရွေ့ရွေ့တိုးဝင်လာခဲ့သည်။ သူသာမအိပ်ချင်ရင် ဒီအခန်းကို လာမည်မဟုတ်ပေ။

"ကောင်းသောညနေခင်းပါ အစ်ကိုကြီး.."

"မင်း လက်မောင်း နာနေတုန်းလား.."

ရှုနင်က နေ့ခင်းက သွေးဖောက်စစ်ထားသောလက်မောင်းကို မြှောက်ကာ ရှုဟိန်နားတိုးကပ်ပြီး ပြောလိုက်သည်။

"အစ်ကိုကြီးသာမှုတ်ပေးရင် မနာတော့ဘူး.."

ရှုဟိန်က ဖုန်းကိုချကာ ခဏစိုက်ကြည့်နေပြီး မထင်မှတ်ဘဲ ခေါင်းငုံ့ကာ လေနှင့်အသာမှုတ်ပေးလိုက်ရင်း မေးလိုက်သည်။

"နာသေးလား.."

ငါ သရဲကို တွေ့လိုက်ရတာလား...

လန့်တာပြေသွားမှ ရှုနင်က ခေါင်းကိုယမ်းကာ ပြောလိုက်သည်။

"ဟင့်အင်း.. မနာတော့ဘူး.. အစ်ကိုကြီး.. ကျွန်တော် အိပ်ယာထဲသွားချင်ပြီ.."

ရှုဟိန်က အိပ်ယာခင်းပေါ်ကစောင်ကို လှပ်ပေးပြီး ကလေးကိုဝင်စေပြီးမှ သူက ဘေးမှာလှဲအိပ်လိုက်သည်။

"အစ်ကိုကြီး.. မနက်ဖြန် စာကြည့်ခန်းထဲမှာ အစ်ကိုကြီးရဲ့ အရင်ကျောင်းစာအုပ်ကို ယူကြည့်လို့ရမလား.."

ရှုနင်က နောက်ထပ်ခြေတစ်လှမ်းတိုးကာ ရှုဟိန်၏ပိုင်နက်ထဲဝင်ဖို့ ကြိုးစားလိုက်သည်။

"ငါ အေးအေးဆေးဆေးပဲ နေချင်တယ်.."

ဒါက သေချာပေါက် အငြင်းခံရတာပဲ..။ ဒီလိုဖြစ်မှာကို ကြိုသိပေမယ့် ရှုနင် အတော်လေး စိတ်ပျက်သွားခဲ့သည်။ ရှုနင်က မျက်လုံးမှိတ်လိုက်သည်။

"ကောင်းသောညပါ အစ်ကိုကြီး.."

"......"

"ကောင်းသောညပါ အစ်ကိုကြီး.."

"ကောင်းသောညပါ.."

ရှုနင်၏စိတ်က ယောက်ယက်ခတ်နေသည်။ သူ့အစ်ကိုနှင့် ဒီထက်ပိုရင်းနှီးဖို့ စကားပြောရမည်သိပေမယ့် ဘာပြောရမှန်းမသိ ဖြစ်နေသည်။

ခဏကြာတော့ တွန့်ဆုတ်စွာနဲ့ ရှုနင်က ရှုဟိန်ဘက်လှိမ့်ကာ ကပ်သွားပြီး ရှုဟိန်၏ပါးပြင်ကို ဖျတ်ခနဲနမ်းလိုက်သည်။

"အမေတွေက ခုလိုနမ်းတတ်တယ်.."

ရှုနင်က မျက်စိမှိတ်ကာ အိပ်ဖို့ပြင်လိုက်သည်။ ဒါပေမယ့် သူ တကယ့်ကို ပျော်နေမိသည်။ သူက အစ်ကိုကြီးကို အခွင့်အရေးယူလိုက်တာဖြစ်သည်။ သူကတော့ ကြောင်ကြည့်လို့နေသည်။

ဟား.. ဟား.. ဟား..

ဒီလိုပျော်ရွှင်မှုက သူ့တစ်သက်တာမှာ အမှတ်တရဖြစ်သွားမှာသေချာသည်။ ကြောက်စရာကောင်းသည့် သူ့အစ်ကိုကြီးမှာလည်း ဒီလိုမထင်မှတ်ဘဲ အခွင့်အရေးယူခံလိုက်ရတာမျိုးလည်း ရှိသေးတာပဲလား..။ အစ်ကိုကြီးက ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်လဲ။ သူက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတယ်..။

"......"

ထိုညက သူတို့နှစ်ယောက်လုံး အေးချမ်းစွာ အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့နိုးလာတော့ ရှုနင်က အရင်နိုးလာပြီး ကြည့်လိုက်တော့ သူ့ခြေထောက်တွေက အစ်ကိုကြီးကို ခွထားရုံတင်မက သူ့လက်တွေက အစ်ကိုကြီး၏ရင်ဘတ်ကိုပါ သိုင်းဖက်ထားသည်။ ပြောရမည်ဆိုလျှင် သူ့ကိုယ်တစ်ဝက်က အစ်ကိုကြီးရင်ခွင်ထဲ ရောက်လို့နေပြီ။

ငါ.. ဘယ်လိုတောင် အအိပ်ကြမ်းရတာလဲ..။

===================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now