Extra 1-1- လွမ်းဆွတ်နေရသည့် အကိုကြီး၏ ရင်ခွင်ဆီကို......

10.7K 1.6K 27
                                    

(ေဇာ္ဂ်ီသမားမ်ားေအာက္ကို ဆြဲခ်ေပးပါ)

Extra 1-1 - လွမ်းဆွတ်နေရသည့် အကိုကြီး၏ ရင်ခွင်ဆီကို......




ရှုနင်၏ ဖျော်ဖြေရေး company က ရိုက်ကူးထုတ်လုပ်သည့် ဇာတ်ကားတိုင်းက အမြတ်ငွေ များစွာရသလို အကောင်းဆုံး သရုပ်ဆောင် မင်းသား၊ မင်းသမီးဆုများစွာကို ဆွတ်ခူးရရှိခဲ့သောကြောင့် ရှုနင်က ပိုပို ကျော်ကြားလာသည်။ သူ့ companyက မြေတောင်မြှောက်ပေးလိုက်သည့် အဆိုတော်နှင့် လူငယ်သရုပ်ဆောင်လေး စုံတွဲသည်လည်း မိန်းကလေးများစွာ၏ လက်ခံခြင်းကို ခံရကာ အောင်မြင်လာခဲ့သည်။

ဒါကြောင့် ရှုနင်သည်လည်း အနုပညာအသိုင်းဝိုင်းက ပွဲများကို တက်ရောက်ရသလို နာမည်ကြီးတွေ စုစည်းကြသည့် ပါတီပွဲတွေလည်း ဖိတ်ကြားခံရသည်။ လုပ်ငန်းသဘောအရ ရှုနင်လည်း တက်ရောက်ရသည်ဖြစ်လို့ သူ့ပုံက ဓါတ်ပုံရိုက်ခံလိုက်ရကာ ထိုပုံက အင်တာနက်တွင် ပေါက်ကြားသွားပြီး လူပိုသိလာခဲ့သည်။
 

  စက္ကန့်ပိုင်းအတွင်း ထိုပုံကို ဖျက်ချပစ်ခဲ့ပေမယ့ ်ဒီဓာတ်ပုံက လူတွေရဲ့ သိမ်းဆည်းခံလိုက်ရပြီး လူထုကြား ဆက်လက်ပျံ့နှံ့လာသဖြင့် ရှုနင်က စိတ်ပူလာခဲ့သည်။
 ရှုဟိန်က ဒီအကြောင်းကို သိတော့ အေးစက်စက်မျက်နှာနှင့် ချင်းမင်ကို ဖိအားပေးကာ ရှုနင်၏အကြောင်းကို လူမသိအောင် တတ်နိုင်သမျှ လျှို့ဝှက်ခိုင်းပေမယ့် တနေ့တခြား နာမည်ကြီးလာသည်ကိုတော့ တားလို့မရနိုင်တော့ပေ။ ရှုနင်က ဆယ်လီတစ်ယောက်လို ဖြစ်လာပြီး သွားလေရာတိုင်း၊လုပ်သမျှတိုင်းက လူစိတ်ဝင်စားခံရကာ ပါပါရာဇီတို့၏ နောက်က လိုက်ခြင်းကို ခံလာရသည်။

 လူများစွာက ရှုနင်နှင့် ပတ်သတ်ပြီး အတင်းအဖျင်းများစွာ ပြောလာကြသည်။

မင်းက ဇာတ်ကားကြီးတွေထဲမှာ အဓိက ငွေကြေးထည့်ဝင်သူလား။ လက်ထောက်ဒါရိုက်တာလည်း ဖြစ်နေသေးတယ် ဟုတ်လား။ ဒါဆို မင်းက အလှလေး ဘယ်နှစ်ယောက်နဲ့တောင် အိပ်ပြီးပြီလဲ...
 
ဒီလောက်ငယ်ငယ်လေးနဲ့ ရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်လာနိုင်မလား။ မင်းက တရားမဝင်လုပ်ငန်းက ရလာတဲ့ ငွေမည်းတွေကို လာလျှော်နေတာလား။

လူတွေက လျှို့ဝှက်လွန်းသည့် ရှုနင်အကြောင်းကို လိုက်လံစုံစမ်းကြည့်လိုက်စဉ် သူတို့သိလိုက်တာက လန့်ဖြန့်သွားစေခဲ့သည်။

အိုး၊ ဘုရားသခင်၊ သူတို့အိမ်ကို ရှုနင်ပိုင်တဲ့ ဆောက်လုပ်ရေး company က တည်ဆောက်ထားသည်ကို သူတို့ သိလိုက်ရသည်။ အခု သူ့အသက်က ဘယ်လောက်ပဲ ရှိသေးလို့လဲ။ ၂၀ ထဲမှာပဲ ရှိလောက်သေးတယ် မဟုတ်လား။

 ဒီပြသနာပေါ်လာပြီး သိပ်မကြာခင်မှာဘဲ သူတို့ရဲ့ ရင်သွေး အမွှာလေးတွေရဲ့သတင်းက အင်တာနက်ပေါ်မှာ ပြည့်လျှံလာတယ်၊ ဒါပေမယ့်ကံကောင်းထောက်မစွာ ကလေးတွေရဲက ဓါတ်ပုံတွေမပါခဲ့ဘူး။

ရှုနင် သည်ကုတင်ပေါ်တွင်လှဲနေရင်း နို့သောက်ကာ  သူ၏ဖုန်းကိုလက်ချောင်းထိပ်ဖြင့် တို့ထိနိုင်ပဲ လုပ်နိုင်တော့သည်။ သူ့တကိုယ်လုံး ပျော့ခွေကာ အားမရှိဖြစ်နေသည်။ မနေ့က ရှုဟိန်က သူ့ကို တညလုံး ရက်ရက်စက်စက် လုပ်ခဲ့သောကြောင့် ခုမထနိုင်အောင် ဖြစ်နေသည်။  သူ့ခါးအောက်ပိုင်းက ခံစားချက်ကိုဖော်ပြဖို့တောင် ခက်နေပြီ။ သူ သက်ပြင်းချလိုက်ပြီး ခေါင်းအုံးနားမှာခေါင်းလောင်းကို အသံမြည်အောင် တီးလိုက်စဉ် အိမ်တော်ထိန်းက အပြုံးလေးနဲ့ အခန်းထဲကို ဝင်လာတယ်။

"မင်္ဂလာနေ့လည်ခင်းပါ သခင်လေး... သခင်လေး ဗိုက်ဆာနေပြီလား"

"အင်း..ဟိန်က ဘယ်မှာလဲ"

"ပထမ သခင်လေးက အလုပ်ကို သွားပါပြီ၊ ဒီရက်ပိုင်း အပြင်မှာ တော်တော်လေးရှု့ပ်နေပါတယ်.။  ဒါကြောင့် သခင်လေး အိမ်မှာပဲ နေသင့်တယ်!"

ရှုနင်: "...... "

အိမ်တော်ထိန်း ထွက်သွားပြီးနောက် ရှုနင်၏မျက်လုံးများသည်ငြိမ်သက်နေသည်။ အိမ်တော်ထိန်းက သခင်လေး ရှုနင် အိမ်မှာ နေတော့မည်ကို သိလို့ တိတ်တဆိတ် ၀ မ်းမြောက်ကာ ပြုံမိပေမယ့် သခင်လေးရှုနင်ကို မမြင်အောင် သတိထားလိုက်သည် ။

သူ့မျက်စိအောက်တွင် သခင်လေးနှစ်ယောက်က လူလားမြောက်လာခဲ့ပြီး နှစ်ယောက်သား လုပ်ငန်းအတွက် အလုပ်ရှုပ်ကာ အတူတွေ့ချိန်ပင် မရှိသလောက်ဖြစ်လာသည်။ သခင်လေးအကြီးဆုံးက ဒီ C city မှာ ရှုမိသားစုလုပ်ငန်းကို ကြီးကြပ်လုပ်ကိုင်နေရသလို နိုင်ငံခြားက သူ့ company ကိုလည်း လှမ်းပြီး ကြီးကြပ်ရသည်။ ဒုတိယသခင်လေးရှုနင်က မြို့တော်ကို သွားလိုက်၊ L city ကိုသွားလိုက်နှင့် အလုပ်များနေခဲ့သည်။ ခုနောက်ပိုင်း သခင်လေးရှုနင်ရဲ့ လုပ်ငန်းက ပြည်ပထိကို တိုးချဲ့လာလို့ နိုင်ငံခြားကိုပါ သွားနေရသည်။

သခင်လေးအကြီးဆုံးက ဒုတိယသခင်လေးပြန်အလာကို ဒီ C City တွင် နေ၍ စိတ်ရှည်စွာ စောင့်နေရသည်။ ခုနောက်ပိုင်း ကလေးတွေ ကျောင်းတက်သည့် အရွယ်ရောက်သည်နှင့် သခင်လေးရှုနင်က လုပ်ငန်းကို တိုးချဲ့ဖို့ အာရုံများနေပြီး ပထမသခင်လေးကို မေ့လျော့နေခဲ့သည်။ တခါတရံ သူက ဖုန်းဆက်ဖို့ပင် မေ့လောက်အောင်ကို အလုပ်များနေခဲ့သည်။
 
သူ့ကုမ္ပဏီပိုကြီးလာတာနဲ့အမျှ ရှုနင် ရဲ့နှလုံးသားက ပိုကျယ်လာတယ်၊ အခု သူက သန်မာလာပြီး နောက်ဆုံးမှာ သူ့အတောင်ပံတွေကို အဆုံးထိ ဆန့်ထုတ်ကာ ပျံသန်းလာနိုင်လေပြီ။ အခု သူက ဟိုးမိုးကောင်းကင် အမြင့်ထိအောင် ပျံနိုင်လာပြီဖြစ်လို့ ရှုဟိန်ကို မလိုအပ်တော့ပေ။

"မြင့်မြတ်သည့် တံခါး" ကိုကျော်ပြီး ငါးဘဝကနေ နဂါးဖြစ်လာပြီးနောက် ဒုတိယ သခင်လေးက နောက်ဆုံး အိမ်ကို ပြန်လာခဲ့သည်။ ထိုအခါမှ နေ့စဉ်နေ့တိုင်း အေးတိအေးစက် မျက်နှာသေဖြင့် ရှိနေသည့် ပထမ သခင်လေးရှုဟိန်၏မျက်နှာက ပျော့ပြောင်းနွေးထွေးလာခဲ့သည်။

  သခင်လေးရှုဟိန်၏ လူသတ်ချင်သည့် အရိပ်ငွေ့အောက်မှာ အသက်ပင်ရဲရဲမရှုဝံ့သည့် အိမ်တော်ပါ ဝန်ထမ်းများက အခုမှ နွေဦးကိုရောက်လာသလို ခံစားလိုက်ရသည်။
 
ဒါပေမယ့် ရှုနင်က သူ့လုပ်ငန်းတိုးချဲ့မှုဖြင့် ဆက်လက်အလုပ်များနေသောအခါ တညတွင် ရှုဟိန်က အရမ်းနောက်ကျပြီးမှ ပြန်လာခဲ့ပြီး သူ့မျက်နှာထက်တွင် အပြုံးတစ်စက်မှ မမြင်ရပေ။

ရှုနင်က သူ့ Top ကြီး ဒေါသထွက်သည်ကိုသိသည်၊ ယောက်ျားတိုင်းက သက်မွေးဝမ်းကျောင်း လုပ်ငန်း လုပ်ကိုင်ဖို့ လိုအပ်ပြီး ရှုနင် သည်လည်း  လှောင်ချိုင့်ထဲမှာ အလှမွေးခံရမည့် ကင်နရီဌက်လေးလည်း မဟုတ်ပေ။ ဒါကို ရှုဟိန်က အစကတည်းက သိသင့်သည်။

ဒါကြောင့် မနေ့ညက သူတို့ ပထမဆုံး စကားများကြသည်။ ရှုနင်က ရှုဟိန်ကို စကားကောင်းကောင်း မပြောဖြစ်ခဲ့ပေ။   ရှုဟိန်ကို သူအခုလို နဂါးဂိတ်ကို ဖြတ်ကျော်ပြီးေ အာင်မြင်လာခဲ့တဲ့တာ သူ့အပြစ်လားလို့ မေးလိုက်မိသည်။

 ဒီစကားကြောင့် ရှုဟိန်က ပေါက်ကွဲသွားပြီး ရှုနင်ကို အိပ်ယာထက် ဆွဲခေါ်ပြီး အတင်းအကျပ်ကို အင်အားသုံးကာ XXOO လုပ်ခဲ့သည်။ ဒါကို တညလုံး ထပ်တလဲလဲလုပ်ကာ ရှုနင်ကို အပြစ်ပေးခဲ့သည်။
 
ရှုနင်က သူ့ကိုယ်သူ ဈေးပေါတဲ့သူဆိုတာ သိပါသည်။ အိပ်ယာထက်မှာ ရှုဟိန်က အတင်းအကြပ် ခပ်ကြမ်းကြမ်း ချစ်တင်းနှောပြီးနောက်မှာ သူက လိမ်မာလာပြီး စကားနားထောင်သည့်အနေဖြင့် အိမ်မှာ တနေကုန် အပြင်မထွက်ပဲ အိမ်မြဲနေခဲ့သည်။
 
ထိုည ရှုဟိန် အပြင်က ပြန်လာပြီး သူ့လည်စည်းကို ချွတ်ကာ ရှုနင်ကို မေးခဲ့သည်။ အကိုကြီးက အရမ်းကို ချောလွန်းလို့ ရှုနင်က အသက်ရှုမဝသလို ခံစားလိုက်ရသည်။ အကိုကြီးဆီက အရိုင်းဆန်ပြီး ယောကျာ်းပီသသည့် ဟော်မုန်းတွေက လွှင့်ထုတ်လို့နေသည်။
 ဒီလောကမှာ ရှုဟိန်ထက် ပိုချောသည့် ယောကျာ်းမရှိနိုင်တော့ဘူးဟု ခံစားလိုက်ရသည်။

"မင်း ဒါကို စဉ်းစားပြီးပြီလား။ "

သူ့အသံသည်လည်း စွဲမက်စရာကောင်းလှသည်။ ရှုနင်က ခေါင်းညိတ်လိုက်သည်။

"အချစ် ~ကျွန်တော့်ခါး နာနေတယ်"

ရှုဟိန်က နင်နင်၏ စကားကြောင့်  မသိစိတ်အရ ရှေ့ကို  တစ်လှမ်းတိုးလိုက်သော်လည်း နာကျင်မှုကိုကြံ့ကြံ့ခံပြီး ရှေ့ဆက်မလာပဲ သူ့နေရာမှာချက်ချင်းရပ်လိုက်သည်။

"မင်း ဒါကို စဉ်းစားပြီးပြီလား။ "

ရှုဟိန်က သူလိုချင်တာကို ထပ်မေးခဲ့သည်။
ရှုနင်က မျက်လုံးကိုသာ လှိမ့်လိုက်မိသည်။ သူ့အကိုကြီးက ချော့လို့ကိုမရဘူးပဲ။ သူက မလျော့တမ်း သူ့ကို အဖြေတောင်းနေခဲ့တော့သည်။
  ဒါပေမယ့် ငါက ဘာလို့အလျှော့ပေးရမယ့် သူဖြစ်ရမှာလဲ။ ဒါက မတရားဘူး။ သူကျတော့ အပြင်ထွက် အလုပ်တွေ လုပ်နေပြီး ငါက အိမ်ထဲမှာပဲ နေရမှာလား။ ငါလည်း ယောကျာ်းတစ်ယောက်ပဲ ။ ငါ့ အိပ်မက်တွေကို ဆက်လက်အကောင်ထည်ဖော်သင့်တယ် မဟုတ်လား။

"အစ်ကိုကြီး...ကျွန်တော်က အကိုကြီးရဲ့ဇနီးဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် တစ်ချိန်တည်းမှာ ကျွန်တော်လည်း ယောကျာ်းတစ်ယောက်ပါပဲ"

"မင်း မနေ့က ငါတို့ ပြောခဲ့တဲ့ အကြောင်းအရာကို အခု ဆက်ပြီး ဆွေးနွေးချင်နေတာလား   "

လေထုက နည်းနည်းတင်းမာလာသည်။ ရှုနင်က  နည်းနည်းတုံ့ဆိုင်းသွားပေမယ့် သူခေါင်းငြိမ့်လိုက်ပြီးနောက် ချက်ချင်းပင် နောင်တရသွားသည်။

ဘာကြောင့်လဲ ဆိုတော့ ရှုဟိန်က စကားတစ်လုံးမှမပြောဘဲ သူ့ကုတ်အကျီကိုဝတ်ကာ ထိုညတွင် ချက်ချင်း နိုင်ငံခြားသို့ထွက်သွားခဲ့တော့သည်။ ရှုမျိုးနွယ်ရဲ့ကုမ္ပဏီနဲ့ပတ်သက်ရင်ကော။ သူက အဲဒါကို ရှုှုနင် ကိုပေးနိုင်တယ်။ နောက်ဆုံးတော့ ရှုနင်က ရှုမိသားစုရဲ့ စစ်မှန်သော သွေးသားရင်းမဟုတ်လား။

ရှုနင်က    ဒီရှုလုပ်ငန်းကြီးကို စီမံခန့်ခွဲဖို့အတွက် ခေါင်းတစ်ခုလုံး နာကျင်ကိုက်ခဲလာသလို ခံစားခဲ့ရသည်။  သူ့အရှင်သခင်ကြီး ရှုဟိန်က ခုလိုမျိုး ဝုန်းဒိုင်းကြဲတာကို အရင်က မလုပ်ခဲ့ဖူးပေ။

 အိုး မိုးနတ်မင်းကြီးရေ...... သူက တကယ်ကို မိသားစုလုပ်ငန်းကြီး တစ်ခုလုံးကို ပစ်ချထားခဲ့ပါပြီ။ ဒီလိုဖြစ်လာတဲ့အတွက် ရှုနင်က အိပ်မက်လို့တောင်ထင်နေခဲ့သည်။ အကိုကြီးမရှိသည့် အိမ်ကြီးက ချက်ချင်း ခြောက်ကပ်သွားခဲ့သည်။ ဒီလိုမျိုးဖြစ်သွားမည်ဟု ရှုနင် တစ်ခါမှ မထင်ခဲ့ဖူးပေ။

ရှုမိသားစုလုပ်ငန်းစုကြီးကို ကိုယ်တိုင် စီမံဖို့လုပ်တော့မှ ရှုဟိန် ဘယ်လောက်တောင် ပင်ပန်းပြီး ဒီဝန်ထုပ်တွေကို ထမ်းခဲ့ရသည်ကို သူ ကိုယ်ချင်းစာနိုင်တော့သည်။ အကိုကြီးက ဘယ်လောက်တောင် တော်ပြီး ဘယ်လောက်တောင် လုပ်နိုင်သလဲဆိုတာ ပိုသိလာခဲ့သည်။ ဒီဝန်ထုပ်ကို အကိုကြီးက ထမ်းထားခဲ့လို့ သူက လွတ်လပ်စွာ ပျံသန်းနိုင်ခဲ့တာ မဟုတ်လား။
 
သူက သူလုပ်ချင်သည့် အလုပ်များစွာကို  လွတ်လွတ်လပ်လပ် လုပ်ကိုင်နေစဉ် အကိုကြီးက ရှုမိသားစုပိုင်လုပ်ငန်းစုကြီး၏ ဥက္ကဌရုံးခန်းတွင်ထိုင်နေရကာ များစွာသော အလုပ်ကို စီမံနေခဲ့ရသည်။ ဒါ့အပြင် ရှုလုပ်ငန်းတွေထက် ပိုကြီးသည့် သူ့လုပ်ငန်းတွေကိုလည်း အောင်မြင်အောင် စီမံခန့်ခွဲနေခဲ့သေးသည်။

အကိုကြီးက ဘယ်လိုတောင် လုပ်နိုင်စွမ်းရှိတာလဲ။

အခု ဒီရှုမိသားစုရုံးချုပ်မှာ ရှုနင် လာထိုင်မိမှ သူသည်ကြိုးများစွာဖြင့်ချည်နှောင်ခြင်း ခံနေရသကဲ့သို့ ခံစားနေရသည်။ သူသည်မြို့တော်က အစည်းဝေးကို သွားချင်သလို၊ ရှန်းကျိုးရဲ့ ဇာတ်ရှင်ဇာတ်ကားသစ် ရုံတင်ပြသပွဲကိုလည်း တက်ရောက်ချင်သည်။   သူ တကယ်လုပ်ချင်သည့် အရာတွေ အများကြီး ရှိနေသည်။
ဒါဆို အကိုကြီးရဲ့ နာမည်အောက်မှာ သူ့ကိုယ်ပိုင် စီးပွားရေးတွေ ပိုတောင် များနေသေးတယ် မဟုတ်လား။ သူလည်း သွားချင်တဲ့  နေရာတွေရှိနေမလား။ ဒါကို သူ တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။ သူ သိတာက သူ နိုင်ငံခြားက၊ အခြားမြို့က ပြန်လာတိုင်း အိမ်မှာ သားနှစ်ယောက်ကို အုပ်ချုပ်ရင်း အကိုကြီးက အမြဲ စောင့်ပေးနေခဲ့သည်။

ရှုမျိုးနွယ်စုသည် C City တွင်စီးပွားရေးလုပ်ငန်းများစွာ ရှိသော်လည်း မင်း ထွက်သွားလို့ရတယ်ဆိုပေမယ့် ထိုလုပ်ငန်းများကို တာဝန်ယူဆုံးဖြတ်ချက်ချပေးဖို့ ရက်ပိုင်းအတွင်း ပြန်လာရမည် ဖြစ်သည်။ ဒီအကြောင်းကို တွေးမိမှ ရှုနင်က ရှုဟိန်အတွက်  ပိုပြီးစိတ်မကောင်းဖြစ်သွားရသည်။

များပြားလှသည့် လုပ်ငန်းတာဝန်များကြား နစ်မြှုပ်နေခဲ့ပြီးနောက် ရှုနင်က  မျက်မှောင်ကြုတ်ပြီး ထိုနေ့တွင် တကယ့်ကို စိတ်ဓာတ်ကျနေခဲ့သည်။

ထိုစဉ် ရှုဟိန်တစ်ယောက် အိမ်ကို ပြန်လာခဲ့လေပြီ။   သူသည်ကုမ္ပဏီ၏ တံခါးကို ဖြတ်ကျော်ပြီး ဝင်လာသည့်အချိန် ရှုနင်၏ မျက်ရည်ဝဲနေသည့် မကျေမနပ် မျက်လုံးများနှင့် ရင်ဆိုင်လိုက်ရသည်။

  သူ အသက်ဘယ်လောက်ရှိပြီ ထင်လဲ။ ဒီအရွယ်မှာ ငိုနေတုန်းဘဲလား။

သူ တကယ်ကို အကိုကြီးရဲ့ အလိုလိုက်မှုကြောင့် ပျက်စီးသွားပြီပဲ။

ရှုဟိန်ကတံခါးကိုပိတ်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်နှင့် ရှုနင်က ချက် ချင်း ထရပ်ကာ ဒီရင်ခွင်ကျယ်ထဲကို အပြေးလေးဝင်ရောက်လာခဲ့တော့သည်။

 

******

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးNơi câu chuyện tồn tại. Hãy khám phá bây giờ