Chapter (42) - နင္နင္ေလးေဘးမွာ တေနကုန္ အေဖာ္လုပ္ေပးေနေသာ အကိုႀကီး (Z+U)

22.6K 3.5K 47
                                    

Chapter (42) – နင္နင္ေလးေဘးမွာ တေနကုန္ အေဖာ္လုပ္ေပးေနေသာ အကိုႀကီး (Z+U)

မင္းက ထပ္နမ္းေစခ်င္ေသးတာလား..။

႐ႈဟိန္က အိမ္ကေနအလုပ္ကိုသြားရၿပီး တေနကုန္ ပင္ပင္ပန္းပန္း အလုပ္လုပ္ခဲ့ရတယ္။ ဒါ့အျပင္ သူ႔အတြက္ cake လည္းဝယ္ေပးခဲ့လို႔ မ်က္ႏွာသာေပးသည့္အေနျဖင့္ ေသေသခ်ာခ်ာ အနမ္းေပးၿပီးသြားခဲ့ၿပီ။ ဒါေတာင္ ႐ႈဟိန္က အရွက္မရွိ ဒီလိုထပ္နမ္းခိုင္းမယ္လို႔ ႐ႈနင္ လံုးဝထင္မထားမိေပ။

႐ႈဟိန္၏ကိုယ္က ၾကြက္သားေတြက တင္းေနတာကို ႐ႈနင္ ခံစားမိလိုက္သည္။

လူငယ္ေလး.. မင္းက ငါ့ကို ဒီလိုအခြင့္အေရးယူခ်င္တာလား..။ မင္းစိုက္ပ်ိဳးတာကို မင္းရိတ္သိမ္းရမယ္ေနာ္.. (╮(╯▽╰)╭)

႐ႈနင္က ႐ႈဟိန္၏ခါးကိုဖက္ထားရာမွ လႊတ္လိုက္ၿပီး ေရွာင္ထြက္သြားခ်င္ေပမယ့္ ႐ႈဟိန္က ႐ႈနင္၏ခါးကိုဖက္လ်က္ အိပ္ယာေပၚလွဲခ်လိုက္သျဖင့္ ႐ႈနင္က ႐ႈဟိန္၏ရင္ဘတ္ေပၚ ထပ္လ်က္လဲက်သြားခဲ့သည္။ ပူေႏြးေသာခႏၶာကုိယ္ႏွစ္ခုက ပူးကပ္သြားၿပီး ထူးျခားေသာခံစားခ်က္တစ္ခုကို ႐ႈနင္ရင္ထဲ ခံစားလိုက္ရသည္။ မထင္မွတ္ဘဲ တြင္းနက္ႀကီးထဲက်သြားသလို ခံစားလိုက္ရသည္။ သူက Homo တစ္ေယာက္ျဖစ္ေသာေၾကာင့္ ခုလို အသားခ်င္းထိစပ္ကာ ပူးကပ္ေနတာက သူ႔ကို မသက္မသာျဖစ္သြားေစသျဖင့္ အစ္ကိုႀကီးဖက္ထားသည့္ၾကားက ႐ုန္းကာ ထထိုင္လိုက္သည္။

ဒါေပမယ့္ ႐ႈဟိန္က ရပ္မသြားဘဲ ႐ႈနင္၏ေဘးမွာ ထထိုင္လိုက္ၿပီး ခါးေလးကို ဆက္ဖက္ေနတုန္းျဖစ္သည္။ ကေလးေလး ေတြေဝေနသည္ကို အခြင့္အေရးယူကာ လက္ေမာင္းၾကားထဲဆြဲသြင္းကာ ဖက္လိုက္သည္။ ဒီေကာင္ေလး၏ကိုယ္က အရမ္းကိုေပါ့တာပဲ..။ သူ႔ကို ေသခ်ာေကၽြးေမြးရမည္ဟု ေတြးေနသည္။ ႐ႈနင္၏ လက္ေမာင္းအတြင္းသားေလးကို ႐ႈဟိန္၏လက္က အသာအယာပြတ္လိုက္စဥ္ ႐ႈနင္၏နားရြက္မ်ား နီလာၿပီး တြန္႔လိမ္ကာ ေအာ္လိုက္သည္။

"မ.. မလုပ္နဲ႔.. အစ္ကိုႀကီး.. ယားတယ္.. ယားတယ္.."

႐ႈဟိန္၏မ်က္ခံုးက ပင့္သြားၿပီး ႐ႈနင္၏အဝတ္ထဲ လက္ႀကီးႏွစ္ဖက္ကိုထည့္ကာ ေခ်ာေမြ႕ႏူးညံ့ေသာေက်ာျပင္ေလးကို ဖြဖြေလးပြတ္သပ္ကာ က်ီစယ္လိုက္သည္။ ႐ႈနင္၏အသားအေရ အရမ္းေခ်ာေမြ႕တာ သိၿပီးျဖစ္ေပမယ့္ သူက ပိုၿပီးထိေတြ႕ခ်င္သျဖင့္ စေနာက္ရင္း ေရာခ်ကာ ဟိုဟုိသည္သည္တိုးကာ ပြတ္သပ္ေနသည္။ ေၾကာင္ကေလး၊ ေခြးကေလးေတြဆိုရင္ အေမႊးကိုပြတ္သပ္ေပးတာ ႀကိဳက္တယ္မဟုတ္လား။ သူ႔ညီေလးက ခုလိုပြတ္ေပးတာ ေသခ်ာေပါက္ႀကိဳက္မည္ဟု ႐ႈဟိန္ယံုၾကည္သည္။

႐ႈနင္၏ကိုယ္ေလးက ခဏေတာင့္တင္းသြားေပမယ့္ သူ႔မ်က္လံုးမ်ားက တည္ၿငိမ္သြားခဲ့သည္။ ႐ႈဟိန္က straight တစ္ေယာက္ျဖစ္လို႔ သူက ယားတယ္လို႔ေအာ္လိုက္ခ်ိန္ သူက သေဘာ႐ိုးသာေတြးေလာက္သည္။ ႐ႈဟိန္က သူ႔ကိုယ္ေလးကို ဖြဖြေလးပြတ္ေပးတာက တကယ့္ကိုဇိမ္က်သျဖင့္ ႐ႈနင္ မျငင္းေတာ့ဘဲ မ်က္လံုးေမွးကာ ဇိမ္ခံေနလိုက္သည္။ အစ္ကိုႀကီးကိုယ္ေပၚ သူလဲက်သြားတာေတာင္ ဖယ္မပစ္ဘူးဆုိေတာ့ အစ္ကိုႀကီးက သူ႔ကို အလိုလိုက္သည့္သေဘာပဲေပါ့။

ထူးဆန္းလိုက္တာ.. သူက ငါ့ကိုမမုန္းဘူးပဲ..။

"အစ္ကိုႀကီး.. ေအာက္ကိုနည္းနည္းေလး.. ဟုတ္တယ္.. ဟုတ္တယ္.. အဲ့ဒီေနရာကို ကုတ္ေပး.."

႐ႈဟိန္က ဘာမွမေျပာဘဲ ႐ႈနင္ခိုင္းသည့္ေနရာကို ေသခ်ာေလးဖြဖြပြတ္ေပးေနသည္။ ဒီေကာင္ေလးကိုယ္က အသားတစ္ေအာင္စေတာင္ ပိုမလာဘဲ ပိန္လြန္းသည္။ အာဟာရပညာရွင္ႏွင့္ ေကၽြးတာေတာင္ ထူးျခားမလာေပ။ တိုင္းရင္းေဆးဆရာႏွင့္ ျပရမလား။ ဒါေပမယ့္ သူက ငယ္ေသးပါတယ္..၊ ျဖည္းျဖည္းခ်င္း ဖြံ႕ထြားလာမွာပါဟု ေတြးကာ စိတ္ကိုေလွ်ာ့လိုက္ရသည္။

"အစ္ကိုႀကီး.. မေန႔ကျဖစ္တဲ့ဟာ အေဖသိသြားၿပီလား.."

"ငါမသိဘူး.."

႐ႈနင္က သူ႔ေခါင္းကို အစ္ကိုႀကီး၏ရင္ဘတ္ကိုမွီကာ မ်က္လံုးမွိတ္ထားရင္း ႐ႈဟိန္၏ႏွလံုးခုန္သံကို နားေထာင္ရင္း စိတ္က သက္ေတာင့္သက္သာပိုျဖစ္လာသည္။ အသက္ 13 ႏွစ္အရြယ္လို ဟန္ေဆာင္ဖို႔ ဒီဟာကို တမင္ေမးလိုက္တာျဖစ္သည္။ ႐ႈဟိန္က 18 ႏွစ္ဆိုေတာ့ ဒီအရြယ္က သူတို႔နယ္ေျမကို ပိုင္ႏိုင္စြာထိန္းခ်ဳပ္ခ်င္သည့္ သားရဲလိုစိတ္မ်ိဳး ျပင္းထန္ေနပံုရသည္။

သူ႔ကိုသံသယမဝင္ေစခ်င္ေသာေၾကာင့္ ႐ႈနင္က အဖိုးအမည္ကို တမင္ထုတ္မေမးလိုက္တာျဖစ္သည္။ ႐ႈဟိန္က တစ္အိမ္လံုးကို ထိန္းခ်ဳပ္ထားႏိုင္ၿပီး ဘာသတင္းမွ စိမ့္ထြက္မသြားေအာင္ ထိန္းခ်ဳပ္ႏိုင္ေလၿပီ။ ခ်င္ယြိက်ိဳးေကာ သိေနၿပီလား။ ဒါေပမယ့္ ႐ႈဟိန္က ခ်င္ယြိက်ိဳး၏လူေတြထဲမွာ သူ႔လူေတြကို တိတ္တဆိတ္ထည့္ထားႏိုင္ေလာက္ေလၿပီ။ ခ်င္ယြိက်ိဳးက ေငြႏွင့္တပည့္တပန္း ေမြးထားေပမယ့္ သူ႔အေပၚ တကယ္သစၥာရွိသူမရွိေပ။ ဒါေပမယ့္ မေအတစ္ေယာက္က ဘယ္လိုလုပ္ၿပီး ကိုယ့္သားအရင္းကို ဝံပုေလြအာခံတြင္းထဲ ထိုးခ်ကာ စေတးရဲရတာလဲ..။ ႐ႈဟိန္က ထိန္းခ်ဳပ္ႏိုင္မႈမ်ားလာေသာေၾကာင့္ သူ႔လႈပ္ရွားမႈကို သတိမထားရင္ အခ်ိန္မေရြးေပၚသြားႏိုင္သည္။

မမွန္ေသးဘူး.. ငါက သူမရဲ့သားရယ္လို႔ တခါမွအသိအမွတ္ျပဳမခံရဘူး။ ႐ႈေယာင္ကသာ သူမရဲ့သားျဖစ္တယ္။ ငါ့ကို သားအျဖစ္ ပိုင္ဆိုင္ဖို႔ သူမက မထိုက္တန္ဘူး။

႐ႈေယာင္က တကိုယ္ေကာင္းဆန္ၿပီး သူႀကီးျပင္းလာခ်ိန္ သူ႔အေမက ဘာမွမဟုတ္ဘူးဆိုတာ သိရင္ ေသခ်ာေပါက္ သူ႔အေမကိုစြန္႔ပစ္လိမ့္မည္။ ခ်င္ယြိက်ိဳး ေသခ်ာပ်ိဳးေထာင္ထားေသာ အဖိုးတန္သားက သူမကိုစြန္႔ပစ္လိုက္မယ့္အေၾကာင္းကိုေတြးၿပီး ႐ႈနင္ ေပ်ာ္သြားသည္။ အဲ့တာကို အခုခ်က္ခ်င္း ျမင္ခ်င္စိတ္ေတာင္ေပါက္လာသည္။

႐ႈနင္က စိတ္ကူးယဥ္ၿပီး ေပ်ာ္ေနစဥ္ ႐ႈဟိန္က ႐ႈနင္၏ကိုယ္ေလးကိုဖက္ကာ ခုလိုအခိုက္အတန္႔ေလးကို ေပ်ာ္ရႊင္စြာခံစားေနသည္။ ၿပီးေတာ့ သူ႔စိတ္ကိုထိန္းကာ ကေလးေလးကို ဆြဲထူကာ ထိုင္ေစၿပီး ေျပာလိုက္သည္။

"ေျခေထာက္ေပၚကအဝတ္ကို လဲခ်ိန္ေရာက္ၿပီ.."

ထိုေရေအးအဝတ္ကို နာရီဝက္တခါလဲရမည္ျဖစ္ၿပီး အိပ္ေပ်ာ္သြားခ်ိန္ ကေလးေလးက အအိပ္ၾကမ္းလို႔ ထိုအဝတ္ျပဳတ္က်သြားလွ်င္ မသက္သာမွာစိုးလို႔ ႐ႈဟိန္က စိတ္ရွည္လက္ရွည္ တစ္ညလံုးေစာင့္ကာ ေရဝတ္တင္ေပးေနျခင္းျဖစ္သည္။

"အေရာင္က်သြားၿပီ.."

"မရေသးဘူး.. မင္း အိမ္မွာေနၿပီး စာပဲလုပ္ေန.. ဘယ္မွမသြားရဘူး.."

ဒါက မလြန္လြန္းဘူးလား.. ႐ႈနင္က ေဒါသထြက္လာၿပီး မ်က္လံုးက စူးရွလာသည္။

"အစ္ကိုႀကီး.. ကၽြန္ေတာ္ ဒဏ္ရာရေနတယ္ေလ.."

"ဒဏ္ရာက ေျခေထာက္ေလ.. မင္းရဲ့ေခါင္းမွာမွ မဟုတ္တာ.."

ဒီလိုစမတ္က်လြန္းသည့္ အစ္ကိုႀကီးကို ဘာေျပာေျပာ ဘာမွထူးလာမည္မဟုတ္ေပ။ သူေတာင္မွ ဒီလိုဆက္လက္ေလ့လာေနဆဲ မဟုတ္လား။ ဗဟုသုတဆိုတာ ဘယ္ေတာ့မွမကုန္ဆံုးပါလား။ ႐ႈဟိန္က ႐ႈနင္ကို မ်က္ႏွာသစ္၊ အဝတ္လဲေပးၿပီး မနက္စာကို သူကိုယ္တိုင္ယူလာေပးသည္။ ႐ႈနင္က အံ့အားသင့္ကာ ပါးစပ္အေဟာင္းသားျဖစ္သြားသည္။

ဘုရားေရ.. ဘုရားေရ.. ဒီျမင္ကြင္းက ျခေသၤ့ဘုရင္ႀကီးက သစၥာရွိပါပီႀကီးလို ျပဳမူေပးေနတာလား..။

အင္း.. ငါမွန္းၾကည့္မယ္.. ငါဒဏ္ရာရသြားတာက အစ္ကိုႀကီးေရွ႕ေမွာက္မွာဆိုေတာ့ သူက ဒီကိစၥအတြက္ တစ္ဦးတည္းေသာ တာဝန္ရွိသူျဖစ္ေနတာပဲ.. ဒါေၾကာင့္ သူက ငါ့ကို ခုလိုျပဳစုေပးတာျဖစ္မယ္..။

ဒီလိုေတြးၿပီး ႐ႈနင္က ဆန္ျပဳတ္ေသာက္ကာ ဟင္းပြဲမ်ားကို ေပ်ာ္ရႊင္စြာစားေသာက္ေနသည္။ ႐ႈဟိန္က ေဘးမွထမင္းစားရင္း ႐ႈနင္ကို တိတ္တဆိတ္အကဲခတ္ေနသည္။ ကေလးေလးက ဖ်ားလည္းမဖ်ားဘူး၊ မ်က္ႏွာက အရင္လိုလန္းေနတယ္ဆိုတာ သိရမွ စိတ္သက္သာရာရသြားၿပီး သက္ျပင္းခ်လိုက္သည္။

မနက္စာစားၿပီးေတာ့ တိုင္းရင္းေဆးေသာက္ခ်ိန္ ေရာက္လာေလၿပီ။ ႐ႈနင္ေဆးေသာက္သည္ကို ႐ႈဟိန္က ေစာင့္ၾကည့္ေနသည္။

ဟိန္ဟိန္ေလးေရ.. ဘုရင္မႀကီးက ပန္းသီးစားခ်င္တယ္..

စိတ္ထဲကေန ႐ႈနင္ေရရြတ္လိုက္ခ်ိန္ ႐ႈဟိန္က စပ်စ္သီးကိုျဖဳတ္ကာ ႐ႈနင္၏ပါးစပ္ထဲ ထည့္ေပးလိုက္သည္။ ႐ႈနင္က စိတ္ထဲက ထပ္ေျပာလိုက္သည္။

ပါးစပ္သုတ္ေပးပါဦး..

႐ႈဟိန္က ပဝါျဖင့္ ႐ႈနင္၏ပါးစပ္ကုိ ဖြဖြသုတ္ေပးလိုက္စဥ္ တမင္သက္သက္ သူ႔လက္မျဖင့္ ႏႈတ္ခမ္းေလးကို ဖိပြတ္လိုက္သျဖင့္ ႐ႈနင္က မ်က္လံုးကို တစ္ဖက္သို႔လႊဲလိုက္သည္။

ဟိန္ဟိန္ေလး.. ဘုရင္မႀကီးက စေတာ္ဘယ္ရီစားခ်င္တာလား..။

႐ႈဟိန္က ႐ႈနင္၏မ်က္လံုးအၾကည့္က သစ္သီးပန္းကန္ထဲက စေတာ္ဘယ္ရီသီးကို ၾကည့္ေနတာေတြ႕လိုက္ရသျဖင့္ ထသြားၿပီး အႀကီးဆံုး၊ အရဲဆံုး စေတာ္ဘယ္ရီသီးကို ယူကာ ႐ႈနင္ကို ခြံ႕ေကၽြးမလိုႏွင့္ ျပန္႐ုပ္ကာ စေနာက္သျဖင့္ ႐ႈနင္က ႐ႈဟိန္၏လက္ကိုဖမ္းဆြဲကာ အျမန္ကိုက္စားလိုက္သည္။

႐ႈနင္၏မ်က္ဝန္းက ေက်နပ္စြာေတာက္ပသြားၿပီး ပါးစပ္ဟကာ စေတာ္ဘယ္ရီကို ကိုက္ခ်လိုက္ေတာ့ ျမန္သြားၿပီး ႐ႈဟိန္၏လက္ကို ကိုက္လိုက္မိသည္။

ထိုအခိုက္ ႏွစ္ေယာက္လံုး ကသိကေအာက္ ျဖစ္သြားခဲ့သည္။

ဒီေလာက္နဲ႔ ငါတို႔ ရန္ေတာ့မျဖစ္ေလာက္ဘူးမလား။ ဒါ ႐ႈဟိန္ရဲ့အျပစ္ပဲ.. သူက ဘာေၾကာင့္ ငါ့ကိုအရင္လာစသလဲ..။

႐ႈနင္က စေတာ္ဘယ္ရီကို လွ်ာႏွင့္ရစ္ပတ္ယူလိုက္စဥ္ ႐ႈဟိန္၏လက္ညိႈးကိုပါ လွ်ာႏွင့္ရစ္ပတ္မိသြားသည္။ ၿပီးေတာ့ ေက်နပ္စြာျဖင့္ စေတာ္ဘယ္ရီကို ၿမိဳခ်လိုက္သည္။

႐ႈဟိန္၏ကိုယ္က အရမ္းကိုေတာင့္တင္းသြားၿပီး လက္ညိႈးကိုၾကည့္လိုက္ေတာ့ သြားရာေလးအကြင္းလိုက္ျဖစ္ေနတာ ျမင္လိုက္ရသည္။ ကံေကာင္းလို႔ ေသြးေတာ့မထြက္ေပ။

"ကၽြန္ေတာ္ တမင္လုပ္တာမဟုတ္ပါဘူး.."

႐ႈနင္က သြားရာနက္နက္ကိုေတြ႕ေတာ့ စိတ္မေကာင္းစြာျဖင့္ အားနည္းစြာေျပာလိုက္သည္။ သူ႔ရင္ထဲမွာ အစ္ကိုႀကီးက ထိေတြ႕လို႔မရသည့္ နတ္ဘုရားတစ္ပါးလို မထင္ေတာ့သျဖင့္ အစ္ကိုႀကီးက သူ႔ကိုစေတာ့ သူလည္း ခုလိုကိုက္လိုက္မိသည္။

အစ္ကိုႀကီး၏မ်က္ႏွာက မည္းေမွာင္ေနသျဖင့္ ႐ႈနင္က အသီးစားခ်င္စိတ္ ေပ်ာက္သြားသည္။ ႐ႈနင္က အခုလိုအေျခအေနကေန သူ႔ကိုယ္သူကယ္တင္ဖို႔ သူ႔တံေတြးေပေနသည့္ အစ္ကိုႀကီးလက္ကို လွမ္းဆြဲကာ လက္ေခ်ာင္းေပၚကကိုက္ရာေလးကို လက္ႏွင့္ပြတ္ေပးရင္း ငယ္ငယ္က လူႀကီးေတြလုပ္တာကို သတိရသြားသည္။

"ဥံဳဖြ ဥံဳဖြ.. နာတာေတြေပ်ာက္ေစ.."

အသက္ 30 အရြယ္ဆိုတာ ေမ့ထားၿပီး ႐ႈနင္က ႐ႈဟိန္၏လက္က ကိုက္ရာေလးကို ပြတ္ေပးရင္း ေလႏွင့္မႈတ္ကာ ခုလိုေျပာလိုက္သည္။

ေသစမ္း.. ငါခုလိုလုပ္ေနတာ ဘယ္သူမွမျမင္ပါေစနဲ႔..။ ႐ႈနင္က စိတ္ထဲက တိတ္တိတ္ေလးႏွင့္ ဆုေတာင္းေနမိသည္။

႐ႈဟိန္၏သူငယ္အိမ္က ျပဳးက်ယ္ဝိုင္းစက္သြားၿပီး သူ႔ကိုယ္ထဲကအပူေတြ ျမင့္တက္လာၿပီး လည္ေခ်ာင္းေျခာက္လာခဲ့သည္။ သူ႔မ်က္ႏွာတစ္ခုလံုး ပူလာၿပီး နဖူးက ေခၽြးေတြစိမ့္ထြက္လာသည္။ ဘာေတြျဖစ္လာတာလဲ..။

သူ႔ကိုနာခံမႈမရွိတဲ့ ခႏၶာကိုယ္ေအာက္ပိုင္းက အစိတ္အပိုင္းတစ္ခုက ေကာင္းကင္ေပၚကို ေမာ့ၾကည့္လာၿပီး ေထာင္မတ္လာခဲ့ေလၿပီ။ သူ႔ထိန္းခ်ဳပ္ႏိုင္စြမ္းက လံုးဝေပ်ာက္သြားသျဖင့္ ႐ႈဟိန္က ေရခ်ိဳးခန္းဘက္ကို အျမန္ေျပးဝင္သြားေတာ့သည္။

ငါ.. ေရေအးေအးနဲ႔ ခ်ိဳးဖို႔လိုအပ္ေနၿပီ..

႐ႈနင္က မ်က္လံုးအျပဴးသားႏွင့္ လိုက္ၾကည့္ကာ စေတာ္ဘယ္ရီတစ္လံုးကို ေကာက္ကိုင္ကာ ပါးစပ္ထဲထည့္လိုက္သည္။ သူက စိတ္႐ႈပ္ေထြးေနသည္။

မနက္စာဖတ္ခ်ိန္ ေရာက္လာသည္အထိ အစ္ကိုႀကီးက အလုပ္ကိုမသြားခဲ့ေပ။ ႐ႈနင္က ရံဖန္ရံခါ အစ္ကိုႀကီး၏အရိပ္ကို ေတြ႕လိုက္သျဖင့္ နားမလည္စြာ စိုက္ၾကည့္လိုက္မိသည္။ အစ္ကိုႀကီးက ျပန္ၾကည့္လာေတာ့ ႐ႈနင္ မၾကည့္ရဲေတာ့ေပ။

ေန႔လည္စာစားခ်ိန္ေရာက္ေတာ့ ႐ႈဟိန္က ၿခံထဲကသစ္ပင္ေအာက္ကို ေပြ႕ခ်ီေခၚလာခဲ့သည္။ သစ္ပင္ေအာက္မွာ ေပ်ာ္ပြဲစားသြားသည့္ဖ်ာ ခင္းထားၿပီး အသားညွပ္ေပါင္မုန္႔မ်ား၊ ေဖ်ာ္ရည္မ်ား၊ ဝက္အူေခ်ာင္းေၾကာ္မ်ား ျပင္ဆင္ေပးထားသည္။ ဒီဟာကိုၾကည့္လိုက္႐ံုနဲ႔ အရမ္းကို ေပ်ာ္ဖို႔ေကာင္းလွသည္။

"အစ္ကိုႀကီး.."

သူက ဒါေတြကို တမင္သက္သက္ ျပင္ေပးထားတာလား။

"ႀကိဳက္လား.."

"အြန္း.. ကၽြန္ေတာ္ ႀကိဳက္တယ္.."

ဘယ္သူက မႀကိဳက္ဘဲေနမွာလဲ..။ တေနကုန္ အိမ္မွာ စာဖတ္ရမယ္ဆိုေတာ့ ပ်င္းစရာေကာင္းမယ္ထင္ထားေပမယ့္ အစ္ကိုႀကီးက သူ႔ကို ခုလိုျပင္ဆင္ေပးထားခဲ့တာဆုိေတာ့ ႐ႈနင္က အေပ်ာ္လံုးဆို႔သြားခဲ့သည္။ ေက်းဇူးတင္စြာႏွင့္ ႐ႈနင္က sandwich တစ္ခုကို ေကာက္ကိုင္ကာ အစ္ကိုႀကီးကိုခြံ႕ေပးလိုက္သည္။ ႐ႈဟိန္က တစ္ကိုက္ကိုက္စားၿပီး ႐ႈနင္ကို ဆက္ၾကည့္ေနသည္။

႐ႈနင္က ေၾကာင္သြားသည္။ အစ္ကိုႀကီးက ဘာေၾကာင့္မယူလိုက္တာလဲ..။ သူက ဘာေၾကာင့္ တစ္ကိုက္ပဲစားလိုက္တာလဲ..။ ငါ ဘာဆက္လုပ္သင့္လဲ..။ အစ္ကိုႀကီး တစ္ကိုက္စားထားတဲ့ sandwich ကို ေဘးခ်ၿပီး အသစ္တစ္ခုေကာက္စားဖို႔ သူစိုက္ၾကည့္ေနတာ ငါကဘယ္လိုလုပ္ရဲမွာလဲ..။

ဒါေၾကာင့္ တံေတြးၿမိဳခ်လိုက္ၿပီး ႐ႈနင္က အစ္ကိုႀကီးတစ္ကိုက္ကိုက္ထားေသာ sandwich ကို ကိုက္စားလိုက္သည္။ အရသာေလးက မဆိုးဘူးပဲ..

႐ႈဟိန္၏ႏွလံုးသားေလးက လံုးဝကို ေအးခ်မ္းသြားၿပီး ဓာတ္ဘူးကိုဖြင့္ကာ ႐ႈနင္ကုိ ကမ္းေပးလိုက္သည္။
ဒါက သြယ္ဝိုက္အနမ္းျဖစ္တယ္ဆိုတာ ႐ႈနင္ လံုးဝမသိေပ။ သူ႔အစ္ကိုႀကီး စိုက္ၾကည့္ေနလို႔ သူက မခ်ရဲလို႔ ဆက္စားလိုက္တာျဖစ္သည္။ ႐ႈနင္က sushi တစ္ခုကို ေကာက္ယူကာ အစ္ကိုႀကီးကို ခြံ႕လိုက္ျပန္သည္။

ဒီ sushi က ေသးေသးေလး.. အစ္ကိုႀကီးက တစ္လုတ္တည္းနဲ႔ စားလို႔ရမယ့္ဟာကြ.. ဟား.. ဟား.. (╮(╯▽╰)╭)

ဒီအေတြးေၾကာင့္ ႐ႈနင္က အရမ္းကိုေပ်ာ္ေနသည္။ ႐ႈဟိန္ကေတာ့ သူ႔ညီေလးေပ်ာ္ေနသျဖင့္ သူလည္းဝမ္းသာေနသည္။

ေန႔လည္စာဖတ္ခ်ိန္ေရာက္ေတာ့ ႐ႈဟိန္က အိမ္မွာဆက္ရွိေနလို႔ ႐ႈနင္ ထုတ္ေမးလိုက္သည္။

"အစ္ကိုႀကီး.. ဒီေန႔ ႐ံုးမသြားဘူးလား.."

႐ႈဟိန္က ႐ႈနင္ကို စာဖတ္ခန္းထဲေပြ႕ေခၚလာရင္း အမူအယာက ေအးစက္စက္ျဖစ္ကာ ေမးလိုက္သည္။

"မင္းရဲ့ေဘးမွာ ငါရွိေနတာ မႀကိဳက္တာလား.."

"အဲ့လိုမဟုတ္ဘူး.. အစ္ကိုႀကီးက တမင္သက္သက္ ကၽြန္ေတာ့္ကို အေဖာ္လုပ္ေပးေနတာလား.."

မျဖစ္ႏိုင္ဘူး.. ဒါ ဘယ္လိုျဖစ္ႏိုင္မွာလဲ..

႐ႈဟိန္က ႐ႈနင္ကို ပင့္ေျမႇာက္လိုက္ေတာ့ ႐ႈနင္က လန္႔ေအာ္ၿပီး အစ္ကိုႀကီး၏လည္ပင္းကို တင္းတင္းဖက္ကာ စကားမေျပာရဲေတာ့ေပ။

ညီေလးက ခုလိုတင္းတင္းဖက္ထားေတာ့မွ ႐ႈဟိန္၏ႏႈတ္ခမ္းက ေကာ့ညြတ္ကာ ၿပံဳးသြားသည္။

ေန႔လည္စာဖတ္ခ်ိန္ၿပီးေတာ့ ႐ႈဟိန္က သူ႔ေျခေထာက္က ပတ္ထားေသာပဝါအစိမ္းကို ေရေအးဆြတ္ထားေသာ ပဝါပန္းေရာင္ႏွင့္ ျပန္လာလဲေပးလိုက္သည္။ သူက ဘယ္ႏွႀကိမ္ေတာင္ လဲေပးေနၿပီမွန္း မသိေတာ့ေပ။ လဲက်တာက သူျဖစ္ေပမယ့္ အစ္ကိုႀကီးက အရမ္းဂ႐ုစိုက္ေပးေနသည္။ ဒီခံစားခ်က္က အရမ္းကိုေကာင္းတာပဲ..။ ႐ႈဟိန္ ေရခ်ိဳးခန္းဘက္မွျပန္လာစဥ္ ႐ႈနင္ ၿပံဳးေနမိသည္။

"ဘာျဖစ္လို႔လဲ.."

႐ႈဟိန္က ရင္ခုန္စြာေမးလိုက္သည္။

"ဘာမွမဟုတ္ဘူး.."

႐ႈနင္က ဖုန္းကိုငံု႔ကာေဆာ့ၿပီး ေျဖလိုက္သည္။

႐ႈဟိန္က ႐ႈနင္၏ေမးေစ့ေလးကို လက္ညိႈးေလးတစ္ေခ်ာင္းႏွင့္ ပြတ္သပ္ကစားရင္း စိုက္ၾကည့္ကာေျပာလိုက္သည္။

"ဖုန္းအရမ္းမေဆာ့နဲ႔ဦး.. မ်က္လံုးထိခိုက္မယ္.. ထ.. ကိတ္မုန္႔စားဦး.."

"အြန္း.."

႐ႈနင္က ထလိုက္ေတာ့မွ ႐ႈဟိန္၏လက္ေခ်ာင္းေလးႏွင့္ ပြတ္သပ္ျခင္းမွ လြတ္သြားေတာ့သည္။ ဒါက သူႀကိဳက္တဲ့ လိေမၼာ္အရသာပဲ..။

"ေက်းဇူးတင္ပါတယ္ အစ္ကိုႀကီး.."

႐ႈဟိန္က အခ်စ္ေတာ္ေလးလို ႐ႈနင္၏ေခါင္းကို ပြတ္သပ္ကာ ထိုးဖြကစားေနသည္။ ႐ႈနင္ကေရွာင္ေတာ့ ႐ႈဟိန္က သူ႔ကိုဖမ္းကာ ကလိထိုးလိုက္သျဖင့္ ႐ႈနင္က ရယ္ေမာကာ ႏွစ္ဦးသား လူးလွိမ့္ကာ အဝတ္ေတြ႐ႈပ္ပြကုန္သည္။ ေနာက္ဆံုး ႐ႈနင္က မ်က္ႏွာနီရဲလာၿပီး ေအာ္ဟစ္ေတာင္းပန္ရေတာ့သည္။

=======================

Chapter (42) – နင်နင်လေးဘေးမှာ တနေကုန် အဖော်လုပ်ပေးနေသော အကိုကြီး (Z+U)

မင်းက ထပ်နမ်းစေချင်သေးတာလား..။

ရှုဟိန်က အိမ်ကနေအလုပ်ကိုသွားရပြီး တနေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတယ်။ ဒါ့အပြင် သူ့အတွက် cake လည်းဝယ်ပေးခဲ့လို့ မျက်နှာသာပေးသည့်အနေဖြင့် သေသေချာချာ အနမ်းပေးပြီးသွားခဲ့ပြီ။ ဒါတောင် ရှုဟိန်က အရှက်မရှိ ဒီလိုထပ်နမ်းခိုင်းမယ်လို့ ရှုနင် လုံးဝထင်မထားမိပေ။

ရှုဟိန်၏ကိုယ်က ကြွက်သားတွေက တင်းနေတာကို ရှုနင် ခံစားမိလိုက်သည်။

လူငယ်လေး.. မင်းက ငါ့ကို ဒီလိုအခွင့်အရေးယူချင်တာလား..။ မင်းစိုက်ပျိုးတာကို မင်းရိတ်သိမ်းရမယ်နော်.. (╮(╯▽╰)╭)

ရှုနင်က ရှုဟိန်၏ခါးကိုဖက်ထားရာမှ လွှတ်လိုက်ပြီး ရှောင်ထွက်သွားချင်ပေမယ့် ရှုဟိန်က ရှုနင်၏ခါးကိုဖက်လျက် အိပ်ယာပေါ်လှဲချလိုက်သဖြင့် ရှုနင်က ရှုဟိန်၏ရင်ဘတ်ပေါ် ထပ်လျက်လဲကျသွားခဲ့သည်။ ပူနွေးသောခန္ဓာကိုယ်နှစ်ခုက ပူးကပ်သွားပြီး ထူးခြားသောခံစားချက်တစ်ခုကို ရှုနင်ရင်ထဲ ခံစားလိုက်ရသည်။ မထင်မှတ်ဘဲ တွင်းနက်ကြီးထဲကျသွားသလို ခံစားလိုက်ရသည်။ သူက Homo တစ်ယောက်ဖြစ်သောကြောင့် ခုလို အသားချင်းထိစပ်ကာ ပူးကပ်နေတာက သူ့ကို မသက်မသာဖြစ်သွားစေသဖြင့် အစ်ကိုကြီးဖက်ထားသည့်ကြားက ရုန်းကာ ထထိုင်လိုက်သည်။

ဒါပေမယ့် ရှုဟိန်က ရပ်မသွားဘဲ ရှုနင်၏ဘေးမှာ ထထိုင်လိုက်ပြီး ခါးလေးကို ဆက်ဖက်နေတုန်းဖြစ်သည်။ ကလေးလေး တွေဝေနေသည်ကို အခွင့်အရေးယူကာ လက်မောင်းကြားထဲဆွဲသွင်းကာ ဖက်လိုက်သည်။ ဒီကောင်လေး၏ကိုယ်က အရမ်းကိုပေါ့တာပဲ..။ သူ့ကို သေချာကျွေးမွေးရမည်ဟု တွေးနေသည်။ ရှုနင်၏ လက်မောင်းအတွင်းသားလေးကို ရှုဟိန်၏လက်က အသာအယာပွတ်လိုက်စဉ် ရှုနင်၏နားရွက်များ နီလာပြီး တွန့်လိမ်ကာ အော်လိုက်သည်။

"မ.. မလုပ်နဲ့.. အစ်ကိုကြီး.. ယားတယ်.. ယားတယ်.."

ရှုဟိန်၏မျက်ခုံးက ပင့်သွားပြီး ရှုနင်၏အဝတ်ထဲ လက်ကြီးနှစ်ဖက်ကိုထည့်ကာ ချောမွေ့နူးညံ့သောကျောပြင်လေးကို ဖွဖွလေးပွတ်သပ်ကာ ကျီစယ်လိုက်သည်။ ရှုနင်၏အသားအရေ အရမ်းချောမွေ့တာ သိပြီးဖြစ်ပေမယ့် သူက ပိုပြီးထိတွေ့ချင်သဖြင့် စနောက်ရင်း ရောချကာ ဟိုဟိုသည်သည်တိုးကာ ပွတ်သပ်နေသည်။ ကြောင်ကလေး၊ ခွေးကလေးတွေဆိုရင် အမွှေးကိုပွတ်သပ်ပေးတာ ကြိုက်တယ်မဟုတ်လား။ သူ့ညီလေးက ခုလိုပွတ်ပေးတာ သေချာပေါက်ကြိုက်မည်ဟု ရှုဟိန်ယုံကြည်သည်။

ရှုနင်၏ကိုယ်လေးက ခဏတောင့်တင်းသွားပေမယ့် သူ့မျက်လုံးများက တည်ငြိမ်သွားခဲ့သည်။ ရှုဟိန်က straight တစ်ယောက်ဖြစ်လို့ သူက ယားတယ်လို့အော်လိုက်ချိန် သူက သဘောရိုးသာတွေးလောက်သည်။ ရှုဟိန်က သူ့ကိုယ်လေးကို ဖွဖွလေးပွတ်ပေးတာက တကယ့်ကိုဇိမ်ကျသဖြင့် ရှုနင် မငြင်းတော့ဘဲ မျက်လုံးမှေးကာ ဇိမ်ခံနေလိုက်သည်။ အစ်ကိုကြီးကိုယ်ပေါ် သူလဲကျသွားတာတောင် ဖယ်မပစ်ဘူးဆိုတော့ အစ်ကိုကြီးက သူ့ကို အလိုလိုက်သည့်သဘောပဲပေါ့။

ထူးဆန်းလိုက်တာ.. သူက ငါ့ကိုမမုန်းဘူးပဲ..။

"အစ်ကိုကြီး.. အောက်ကိုနည်းနည်းလေး.. ဟုတ်တယ်.. ဟုတ်တယ်.. အဲ့ဒီနေရာကို ကုတ်ပေး.."

ရှုဟိန်က ဘာမှမပြောဘဲ ရှုနင်ခိုင်းသည့်နေရာကို သေချာလေးဖွဖွပွတ်ပေးနေသည်။ ဒီကောင်လေးကိုယ်က အသားတစ်အောင်စတောင် ပိုမလာဘဲ ပိန်လွန်းသည်။ အာဟာရပညာရှင်နှင့် ကျွေးတာတောင် ထူးခြားမလာပေ။ တိုင်းရင်းဆေးဆရာနှင့် ပြရမလား။ ဒါပေမယ့် သူက ငယ်သေးပါတယ်..၊ ဖြည်းဖြည်းချင်း ဖွံ့ထွားလာမှာပါဟု တွေးကာ စိတ်ကိုလျှော့လိုက်ရသည်။

"အစ်ကိုကြီး.. မနေ့ကဖြစ်တဲ့ဟာ အဖေသိသွားပြီလား.."

"ငါမသိဘူး.."

ရှုနင်က သူ့ခေါင်းကို အစ်ကိုကြီး၏ရင်ဘတ်ကိုမှီကာ မျက်လုံးမှိတ်ထားရင်း ရှုဟိန်၏နှလုံးခုန်သံကို နားထောင်ရင်း စိတ်က သက်တောင့်သက်သာပိုဖြစ်လာသည်။ အသက် 13 နှစ်အရွယ်လို ဟန်ဆောင်ဖို့ ဒီဟာကို တမင်မေးလိုက်တာဖြစ်သည်။ ရှုဟိန်က 18 နှစ်ဆိုတော့ ဒီအရွယ်က သူတို့နယ်မြေကို ပိုင်နိုင်စွာထိန်းချုပ်ချင်သည့် သားရဲလိုစိတ်မျိုး ပြင်းထန်နေပုံရသည်။

သူ့ကိုသံသယမဝင်စေချင်သောကြောင့် ရှုနင်က အဖိုးအမည်ကို တမင်ထုတ်မမေးလိုက်တာဖြစ်သည်။ ရှုဟိန်က တစ်အိမ်လုံးကို ထိန်းချုပ်ထားနိုင်ပြီး ဘာသတင်းမှ စိမ့်ထွက်မသွားအောင် ထိန်းချုပ်နိုင်လေပြီ။ ချင်ယွိကျိုးကော သိနေပြီလား။ ဒါပေမယ့် ရှုဟိန်က ချင်ယွိကျိုး၏လူတွေထဲမှာ သူ့လူတွေကို တိတ်တဆိတ်ထည့်ထားနိုင်လောက်လေပြီ။ ချင်ယွိကျိုးက ငွေနှင့်တပည့်တပန်း မွေးထားပေမယ့် သူ့အပေါ် တကယ်သစ္စာရှိသူမရှိပေ။ ဒါပေမယ့် မအေတစ်ယောက်က ဘယ်လိုလုပ်ပြီး ကိုယ့်သားအရင်းကို ဝံပုလွေအာခံတွင်းထဲ ထိုးချကာ စတေးရဲရတာလဲ..။ ရှုဟိန်က ထိန်းချုပ်နိုင်မှုများလာသောကြောင့် သူ့လှုပ်ရှားမှုကို သတိမထားရင် အချိန်မရွေးပေါ်သွားနိုင်သည်။

မမှန်သေးဘူး.. ငါက သူမရဲ့သားရယ်လို့ တခါမှအသိအမှတ်ပြုမခံရဘူး။ ရှုယောင်ကသာ သူမရဲ့သားဖြစ်တယ်။ ငါ့ကို သားအဖြစ် ပိုင်ဆိုင်ဖို့ သူမက မထိုက်တန်ဘူး။

ရှုယောင်က တကိုယ်ကောင်းဆန်ပြီး သူကြီးပြင်းလာချိန် သူ့အမေက ဘာမှမဟုတ်ဘူးဆိုတာ သိရင် သေချာပေါက် သူ့အမေကိုစွန့်ပစ်လိမ့်မည်။ ချင်ယွိကျိုး သေချာပျိုးထောင်ထားသော အဖိုးတန်သားက သူမကိုစွန့်ပစ်လိုက်မယ့်အကြောင်းကိုတွေးပြီး ရှုနင် ပျော်သွားသည်။ အဲ့တာကို အခုချက်ချင်း မြင်ချင်စိတ်တောင်ပေါက်လာသည်။

ရှုနင်က စိတ်ကူးယဉ်ပြီး ပျော်နေစဉ် ရှုဟိန်က ရှုနင်၏ကိုယ်လေးကိုဖက်ကာ ခုလိုအခိုက်အတန့်လေးကို ပျော်ရွှင်စွာခံစားနေသည်။ ပြီးတော့ သူ့စိတ်ကိုထိန်းကာ ကလေးလေးကို ဆွဲထူကာ ထိုင်စေပြီး ပြောလိုက်သည်။

"ခြေထောက်ပေါ်ကအဝတ်ကို လဲချိန်ရောက်ပြီ.."

ထိုရေအေးအဝတ်ကို နာရီဝက်တခါလဲရမည်ဖြစ်ပြီး အိပ်ပျော်သွားချိန် ကလေးလေးက အအိပ်ကြမ်းလို့ ထိုအဝတ်ပြုတ်ကျသွားလျှင် မသက်သာမှာစိုးလို့ ရှုဟိန်က စိတ်ရှည်လက်ရှည် တစ်ညလုံးစောင့်ကာ ရေဝတ်တင်ပေးနေခြင်းဖြစ်သည်။

"အရောင်ကျသွားပြီ.."

"မရသေးဘူး.. မင်း အိမ်မှာနေပြီး စာပဲလုပ်နေ.. ဘယ်မှမသွားရဘူး.."

ဒါက မလွန်လွန်းဘူးလား.. ရှုနင်က ဒေါသထွက်လာပြီး မျက်လုံးက စူးရှလာသည်။

"အစ်ကိုကြီး.. ကျွန်တော် ဒဏ်ရာရနေတယ်လေ.."

"ဒဏ်ရာက ခြေထောက်လေ.. မင်းရဲ့ခေါင်းမှာမှ မဟုတ်တာ.."

ဒီလိုစမတ်ကျလွန်းသည့် အစ်ကိုကြီးကို ဘာပြောပြော ဘာမှထူးလာမည်မဟုတ်ပေ။ သူတောင်မှ ဒီလိုဆက်လက်လေ့လာနေဆဲ မဟုတ်လား။ ဗဟုသုတဆိုတာ ဘယ်တော့မှမကုန်ဆုံးပါလား။ ရှုဟိန်က ရှုနင်ကို မျက်နှာသစ်၊ အဝတ်လဲပေးပြီး မနက်စာကို သူကိုယ်တိုင်ယူလာပေးသည်။ ရှုနင်က အံ့အားသင့်ကာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

ဘုရားရေ.. ဘုရားရေ.. ဒီမြင်ကွင်းက ခြင်္သေ့ဘုရင်ကြီးက သစ္စာရှိပါပီကြီးလို ပြုမူပေးနေတာလား..။

အင်း.. ငါမှန်းကြည့်မယ်.. ငါဒဏ်ရာရသွားတာက အစ်ကိုကြီးရှေ့မှောက်မှာဆိုတော့ သူက ဒီကိစ္စအတွက် တစ်ဦးတည်းသော တာဝန်ရှိသူဖြစ်နေတာပဲ.. ဒါကြောင့် သူက ငါ့ကို ခုလိုပြုစုပေးတာဖြစ်မယ်..။

ဒီလိုတွေးပြီး ရှုနင်က ဆန်ပြုတ်သောက်ကာ ဟင်းပွဲများကို ပျော်ရွှင်စွာစားသောက်နေသည်။ ရှုဟိန်က ဘေးမှထမင်းစားရင်း ရှုနင်ကို တိတ်တဆိတ်အကဲခတ်နေသည်။ ကလေးလေးက ဖျားလည်းမဖျားဘူး၊ မျက်နှာက အရင်လိုလန်းနေတယ်ဆိုတာ သိရမှ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။

မနက်စာစားပြီးတော့ တိုင်းရင်းဆေးသောက်ချိန် ရောက်လာလေပြီ။ ရှုနင်ဆေးသောက်သည်ကို ရှုဟိန်က စောင့်ကြည့်နေသည်။

ဟိန်ဟိန်လေးရေ.. ဘုရင်မကြီးက ပန်းသီးစားချင်တယ်..

စိတ်ထဲကနေ ရှုနင်ရေရွတ်လိုက်ချိန် ရှုဟိန်က စပျစ်သီးကိုဖြုတ်ကာ ရှုနင်၏ပါးစပ်ထဲ ထည့်ပေးလိုက်သည်။ ရှုနင်က စိတ်ထဲက ထပ်ပြောလိုက်သည်။

ပါးစပ်သုတ်ပေးပါဦး..

ရှုဟိန်က ပဝါဖြင့် ရှုနင်၏ပါးစပ်ကို ဖွဖွသုတ်ပေးလိုက်စဉ် တမင်သက်သက် သူ့လက်မဖြင့် နှုတ်ခမ်းလေးကို ဖိပွတ်လိုက်သဖြင့် ရှုနင်က မျက်လုံးကို တစ်ဖက်သို့လွှဲလိုက်သည်။

ဟိန်ဟိန်လေး.. ဘုရင်မကြီးက စတော်ဘယ်ရီစားချင်တာလား..။

ရှုဟိန်က ရှုနင်၏မျက်လုံးအကြည့်က သစ်သီးပန်းကန်ထဲက စတော်ဘယ်ရီသီးကို ကြည့်နေတာတွေ့လိုက်ရသဖြင့် ထသွားပြီး အကြီးဆုံး၊ အရဲဆုံး စတော်ဘယ်ရီသီးကို ယူကာ ရှုနင်ကို ခွံ့ကျွေးမလိုနှင့် ပြန်ရုပ်ကာ စနောက်သဖြင့် ရှုနင်က ရှုဟိန်၏လက်ကိုဖမ်းဆွဲကာ အမြန်ကိုက်စားလိုက်သည်။

ရှုနင်၏မျက်ဝန်းက ကျေနပ်စွာတောက်ပသွားပြီး ပါးစပ်ဟကာ စတော်ဘယ်ရီကို ကိုက်ချလိုက်တော့ မြန်သွားပြီး ရှုဟိန်၏လက်ကို ကိုက်လိုက်မိသည်။

ထိုအခိုက် နှစ်ယောက်လုံး ကသိကအောက် ဖြစ်သွားခဲ့သည်။

ဒီလောက်နဲ့ ငါတို့ ရန်တော့မဖြစ်လောက်ဘူးမလား။ ဒါ ရှုဟိန်ရဲ့အပြစ်ပဲ.. သူက ဘာကြောင့် ငါ့ကိုအရင်လာစသလဲ..။

ရှုနင်က စတော်ဘယ်ရီကို လျှာနှင့်ရစ်ပတ်ယူလိုက်စဉ် ရှုဟိန်၏လက်ညှိုးကိုပါ လျှာနှင့်ရစ်ပတ်မိသွားသည်။ ပြီးတော့ ကျေနပ်စွာဖြင့် စတော်ဘယ်ရီကို မြိုချလိုက်သည်။

ရှုဟိန်၏ကိုယ်က အရမ်းကိုတောင့်တင်းသွားပြီး လက်ညှိုးကိုကြည့်လိုက်တော့ သွားရာလေးအကွင်းလိုက်ဖြစ်နေတာ မြင်လိုက်ရသည်။ ကံကောင်းလို့ သွေးတော့မထွက်ပေ။

"ကျွန်တော် တမင်လုပ်တာမဟုတ်ပါဘူး.."

ရှုနင်က သွားရာနက်နက်ကိုတွေ့တော့ စိတ်မကောင်းစွာဖြင့် အားနည်းစွာပြောလိုက်သည်။ သူ့ရင်ထဲမှာ အစ်ကိုကြီးက ထိတွေ့လို့မရသည့် နတ်ဘုရားတစ်ပါးလို မထင်တော့သဖြင့် အစ်ကိုကြီးက သူ့ကိုစတော့ သူလည်း ခုလိုကိုက်လိုက်မိသည်။

အစ်ကိုကြီး၏မျက်နှာက မည်းမှောင်နေသဖြင့် ရှုနင်က အသီးစားချင်စိတ် ပျောက်သွားသည်။ ရှုနင်က အခုလိုအခြေအနေကနေ သူ့ကိုယ်သူကယ်တင်ဖို့ သူ့တံတွေးပေနေသည့် အစ်ကိုကြီးလက်ကို လှမ်းဆွဲကာ လက်ချောင်းပေါ်ကကိုက်ရာလေးကို လက်နှင့်ပွတ်ပေးရင်း ငယ်ငယ်က လူကြီးတွေလုပ်တာကို သတိရသွားသည်။

"ဥုံဖွ ဥုံဖွ.. နာတာတွေပျောက်စေ.."

အသက် 30 အရွယ်ဆိုတာ မေ့ထားပြီး ရှုနင်က ရှုဟိန်၏လက်က ကိုက်ရာလေးကို ပွတ်ပေးရင်း လေနှင့်မှုတ်ကာ ခုလိုပြောလိုက်သည်။

သေစမ်း.. ငါခုလိုလုပ်နေတာ ဘယ်သူမှမမြင်ပါစေနဲ့..။ ရှုနင်က စိတ်ထဲက တိတ်တိတ်လေးနှင့် ဆုတောင်းနေမိသည်။

ရှုဟိန်၏သူငယ်အိမ်က ပြုးကျယ်ဝိုင်းစက်သွားပြီး သူ့ကိုယ်ထဲကအပူတွေ မြင့်တက်လာပြီး လည်ချောင်းခြောက်လာခဲ့သည်။ သူ့မျက်နှာတစ်ခုလုံး ပူလာပြီး နဖူးက ချွေးတွေစိမ့်ထွက်လာသည်။ ဘာတွေဖြစ်လာတာလဲ..။

သူ့ကိုနာခံမှုမရှိတဲ့ ခန္ဓာကိုယ်အောက်ပိုင်းက အစိတ်အပိုင်းတစ်ခုက ကောင်းကင်ပေါ်ကို မော့ကြည့်လာပြီး ထောင်မတ်လာခဲ့လေပြီ။ သူ့ထိန်းချုပ်နိုင်စွမ်းက လုံးဝပျောက်သွားသဖြင့် ရှုဟိန်က ရေချိုးခန်းဘက်ကို အမြန်ပြေးဝင်သွားတော့သည်။

ငါ.. ရေအေးအေးနဲ့ ချိုးဖို့လိုအပ်နေပြီ..

ရှုနင်က မျက်လုံးအပြူးသားနှင့် လိုက်ကြည့်ကာ စတော်ဘယ်ရီတစ်လုံးကို ကောက်ကိုင်ကာ ပါးစပ်ထဲထည့်လိုက်သည်။ သူက စိတ်ရှုပ်ထွေးနေသည်။

မနက်စာဖတ်ချိန် ရောက်လာသည်အထိ အစ်ကိုကြီးက အလုပ်ကိုမသွားခဲ့ပေ။ ရှုနင်က ရံဖန်ရံခါ အစ်ကိုကြီး၏အရိပ်ကို တွေ့လိုက်သဖြင့် နားမလည်စွာ စိုက်ကြည့်လိုက်မိသည်။ အစ်ကိုကြီးက ပြန်ကြည့်လာတော့ ရှုနင် မကြည့်ရဲတော့ပေ။

နေ့လည်စာစားချိန်ရောက်တော့ ရှုဟိန်က ခြံထဲကသစ်ပင်အောက်ကို ပွေ့ချီခေါ်လာခဲ့သည်။ သစ်ပင်အောက်မှာ ပျော်ပွဲစားသွားသည့်ဖျာ ခင်းထားပြီး အသားညှပ်ပေါင်မုန့်များ၊ ဖျော်ရည်များ၊ ဝက်အူချောင်းကြော်များ ပြင်ဆင်ပေးထားသည်။ ဒီဟာကိုကြည့်လိုက်ရုံနဲ့ အရမ်းကို ပျော်ဖို့ကောင်းလှသည်။

"အစ်ကိုကြီး.."

သူက ဒါတွေကို တမင်သက်သက် ပြင်ပေးထားတာလား။

"ကြိုက်လား.."

"အွန်း.. ကျွန်တော် ကြိုက်တယ်.."

ဘယ်သူက မကြိုက်ဘဲနေမှာလဲ..။ တနေကုန် အိမ်မှာ စာဖတ်ရမယ်ဆိုတော့ ပျင်းစရာကောင်းမယ်ထင်ထားပေမယ့် အစ်ကိုကြီးက သူ့ကို ခုလိုပြင်ဆင်ပေးထားခဲ့တာဆိုတော့ ရှုနင်က အပျော်လုံးဆို့သွားခဲ့သည်။ ကျေးဇူးတင်စွာနှင့် ရှုနင်က sandwich တစ်ခုကို ကောက်ကိုင်ကာ အစ်ကိုကြီးကိုခွံ့ပေးလိုက်သည်။ ရှုဟိန်က တစ်ကိုက်ကိုက်စားပြီး ရှုနင်ကို ဆက်ကြည့်နေသည်။

ရှုနင်က ကြောင်သွားသည်။ အစ်ကိုကြီးက ဘာကြောင့်မယူလိုက်တာလဲ..။ သူက ဘာကြောင့် တစ်ကိုက်ပဲစားလိုက်တာလဲ..။ ငါ ဘာဆက်လုပ်သင့်လဲ..။ အစ်ကိုကြီး တစ်ကိုက်စားထားတဲ့ sandwich ကို ဘေးချပြီး အသစ်တစ်ခုကောက်စားဖို့ သူစိုက်ကြည့်နေတာ ငါကဘယ်လိုလုပ်ရဲမှာလဲ..။

ဒါကြောင့် တံတွေးမြိုချလိုက်ပြီး ရှုနင်က အစ်ကိုကြီးတစ်ကိုက်ကိုက်ထားသော sandwich ကို ကိုက်စားလိုက်သည်။ အရသာလေးက မဆိုးဘူးပဲ..

ရှုဟိန်၏နှလုံးသားလေးက လုံးဝကို အေးချမ်းသွားပြီး ဓာတ်ဘူးကိုဖွင့်ကာ ရှုနင်ကို ကမ်းပေးလိုက်သည်။
ဒါက သွယ်ဝိုက်အနမ်းဖြစ်တယ်ဆိုတာ ရှုနင် လုံးဝမသိပေ။ သူ့အစ်ကိုကြီး စိုက်ကြည့်နေလို့ သူက မချရဲလို့ ဆက်စားလိုက်တာဖြစ်သည်။ ရှုနင်က sushi တစ်ခုကို ကောက်ယူကာ အစ်ကိုကြီးကို ခွံ့လိုက်ပြန်သည်။

ဒီ sushi က သေးသေးလေး.. အစ်ကိုကြီးက တစ်လုတ်တည်းနဲ့ စားလို့ရမယ့်ဟာကွ.. ဟား.. ဟား.. (╮(╯▽╰)╭)

ဒီအတွေးကြောင့် ရှုနင်က အရမ်းကိုပျော်နေသည်။ ရှုဟိန်ကတော့ သူ့ညီလေးပျော်နေသဖြင့် သူလည်းဝမ်းသာနေသည်။

နေ့လည်စာဖတ်ချိန်ရောက်တော့ ရှုဟိန်က အိမ်မှာဆက်ရှိနေလို့ ရှုနင် ထုတ်မေးလိုက်သည်။

"အစ်ကိုကြီး.. ဒီနေ့ ရုံးမသွားဘူးလား.."

ရှုဟိန်က ရှုနင်ကို စာဖတ်ခန်းထဲပွေ့ခေါ်လာရင်း အမူအယာက အေးစက်စက်ဖြစ်ကာ မေးလိုက်သည်။

"မင်းရဲ့ဘေးမှာ ငါရှိနေတာ မကြိုက်တာလား.."

"အဲ့လိုမဟုတ်ဘူး.. အစ်ကိုကြီးက တမင်သက်သက် ကျွန်တော့်ကို အဖော်လုပ်ပေးနေတာလား.."

မဖြစ်နိုင်ဘူး.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ..

ရှုဟိန်က ရှုနင်ကို ပင့်မြှောက်လိုက်တော့ ရှုနင်က လန့်အော်ပြီး အစ်ကိုကြီး၏လည်ပင်းကို တင်းတင်းဖက်ကာ စကားမပြောရဲတော့ပေ။

ညီလေးက ခုလိုတင်းတင်းဖက်ထားတော့မှ ရှုဟိန်၏နှုတ်ခမ်းက ကော့ညွတ်ကာ ပြုံးသွားသည်။

နေ့လည်စာဖတ်ချိန်ပြီးတော့ ရှုဟိန်က သူ့ခြေထောက်က ပတ်ထားသောပဝါအစိမ်းကို ရေအေးဆွတ်ထားသော ပဝါပန်းရောင်နှင့် ပြန်လာလဲပေးလိုက်သည်။ သူက ဘယ်နှကြိမ်တောင် လဲပေးနေပြီမှန်း မသိတော့ပေ။ လဲကျတာက သူဖြစ်ပေမယ့် အစ်ကိုကြီးက အရမ်းဂရုစိုက်ပေးနေသည်။ ဒီခံစားချက်က အရမ်းကိုကောင်းတာပဲ..။ ရှုဟိန် ရေချိုးခန်းဘက်မှပြန်လာစဉ် ရှုနင် ပြုံးနေမိသည်။

"ဘာဖြစ်လို့လဲ.."

ရှုဟိန်က ရင်ခုန်စွာမေးလိုက်သည်။

"ဘာမှမဟုတ်ဘူး.."

ရှုနင်က ဖုန်းကိုငုံ့ကာဆော့ပြီး ဖြေလိုက်သည်။

ရှုဟိန်က ရှုနင်၏မေးစေ့လေးကို လက်ညှိုးလေးတစ်ချောင်းနှင့် ပွတ်သပ်ကစားရင်း စိုက်ကြည့်ကာပြောလိုက်သည်။

"ဖုန်းအရမ်းမဆော့နဲ့ဦး.. မျက်လုံးထိခိုက်မယ်.. ထ.. ကိတ်မုန့်စားဦး.."

"အွန်း.."

ရှုနင်က ထလိုက်တော့မှ ရှုဟိန်၏လက်ချောင်းလေးနှင့် ပွတ်သပ်ခြင်းမှ လွတ်သွားတော့သည်။ ဒါက သူကြိုက်တဲ့ လိမ္မော်အရသာပဲ..။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး.."

ရှုဟိန်က အချစ်တော်လေးလို ရှုနင်၏ခေါင်းကို ပွတ်သပ်ကာ ထိုးဖွကစားနေသည်။ ရှုနင်ကရှောင်တော့ ရှုဟိန်က သူ့ကိုဖမ်းကာ ကလိထိုးလိုက်သဖြင့် ရှုနင်က ရယ်မောကာ နှစ်ဦးသား လူးလှိမ့်ကာ အဝတ်တွေရှုပ်ပွကုန်သည်။ နောက်ဆုံး ရှုနင်က မျက်နှာနီရဲလာပြီး အော်ဟစ်တောင်းပန်ရတော့သည်။

=======================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now