Chapter(109) - မကောင်းကြံ ဘေးဒဏ်ထိသည့် ချင်ယွိလန်

18.4K 2.3K 34
                                    

ေဇာ္ဂ်ီသမားမ်ား ေအာက္ကို ဆြဲခ်ေပးပါ


Chapter(109) - မကောင်းကြံ ဘေးဒဏ်ထိသည့် ချင်ယွိလန်



ရှုနင်သည်နည်းနည်းရှက်ရွံ့သလို ခံစားနေခဲ့ရသည်။ သူသည်အသက် ၃၀ အရွယ်ယောက်ျားလေးဖြစ်နေပြီး ချစ်စရာကောင်းတဲ့ ဆယ်ကျော်သက်လေးလို သရုပ်ဆောင်နေတာ ဖြစ်သည်။ အခုတော့ သူ့ကြောင့် အကိုကြီးက စိုးရိမ်နေရပြီ။ သူက ယောကျာ်းလေးပဲ။ လုပ်ရဲရင် ခံရဲရမှာပေါ့။
ရှုနင်က ခုတင်ပေါ်က ထကာ အကိုကြီး အကူညီမပါပဲ ဖြည်းဖြည်းချင်းထိုင်လိုက်သည်။
"အကိုကြီး...ကျွန်တော် ဘာမှ မဖြစ်ဘူး...နည်နည်း.... "
"ရေအရင်သောက်လိုက်ဦး။ မင်းလည်ချောင်းတွေ ကွဲနေပြီထင်တယ်"

ရှုဟိန်က ရှုနင်၏ကျောဘက်ကို ခေါင်းအုံးများဖြင့် ခုပေးကာ မှီထိုင်ရ အဆင်ပြေအောင်လုပ်ပေးပြီး ရေနွေးနွေးလေးကို ကမ်းပေးလိုက်သည်။ မနေ့ညက သူ အော်ဟစ်ငိုကြွေးခဲ့လို့ သူ့အသံက အက်ကာ ရှနေသည်။ ရေသောက်ပြီး အတော်လေးကို နေကောင်းလာခဲ့သည်။


  သူ၏စိတ်နှလုံးသည်နွေးထွေးမှုနှင့်တုန်နေသည်ကိုခံစားခဲ့ရသည်။ အကိုကြီးကအရမ်းဂရုစိုက် ပေးခဲ့သည်။

 " အစ်ကိုကြီး... ကျွန်တော် ဗိုက်ဆာနေပြီ၊ ကျွန်တော်နဲ့အတူူတူဂျုံယာဂု နည်းနည်းလိုက်စားပေးပါလား။  ဟုတ်သားပဲ...  အဖေအိမ်ပြန်လာရင်ကော ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ ပုန်းနေလိုက်ရမလား "

"မင်းစဉ်းစားပြီလား။ ငါတို့  ကမ်းခြေကို သွားကြမလား"

ရှုဟိန်က အဖေ့ကို ဘယ်လိုပြောမည်ကို စီစဉ်ပြီးပေမယ့် ကလေးလေးက အပြင်ထွက်ချင်နေမှတော့ သူ ချက်ချင်းပြောလိုက်သည်။

 "အွန်း...သွားမယ်"

ရှုနင်၏ မျက်လုံးများတောက်ပတောက်ပလာပြီး ပျော်ရွှင်စွာနှင့် ရေကိုဆက်သောက်လိုက်သည်။ သူနှင့်သူ့အကိုကြီးတို့   ရက်အနည်းငယ်မျှပျော်ပျော်ရွှင်ရွှင်နေနိုင်တော့မည်။ ရှုဟိန် ၏ဘေးတွင်ရှိနေစဉ် ရှုနင်က ဘာမှ မတွေးနိုင်ပဲ ဦး နှောက်မဲ့သူလို ဖြစ်နေသည်။ သို့သော ်သူတို့၏အနာဂတ်အတွက် သူ၏ ဦး နှောက်ကိုအသုံးပြုရန်ဆန္ဒရှိပါသည်။
"ကျွန်တော်တို့က အိမ်မှာနေမယ်ဆိုရင် ကျွန်တော် နေမကောင်းသလို ဟန်ဆောင်လို့ရယ်၊ ကျွန်တော် အဖေ့ကို မလိမ်ချင်ဘူး။ အကိုကြီး... ခုနောက်ပိုင်း အဖေ့ကိုယ်က သိပ်မကျန်းမာဘူး။ စိတ်ချရတဲ့လူတွေကို အဖေ့နားထားပြီး စောင့်ရှောက်ခိုင်းရအောင် "

ရှုနင် ၏မျက်လုံးများမှာကြည်လင်နေပြီး သားကောင်းတစ်ယောက်လို အကိုကြီးကို တောင်းပန်နေသည်။ သူက ဒီဟာကို အကိုကြီး သေချာစီစဉ်နိုင်မည်ကို ယုံကြသည်။  မြို့တော် C မှာ ရှုချိန်ကို ကုမ္ပဏီတွင်ဖြစ်စေ၊ အိမ်တွင်ဖြစ်စေ၊   နေရာတိုင်းတွင်  ကိုယ်ရံတော်အဖွဲ့သုံးဖွဲ့သည်အလှည့်ကျအမြဲစောင့်ကြည့်နေပြီး အကယ်၍  တစ်ယောက်ယောက်က အကောက်ကြံချင်ရင်တောင် အနားကပ်ရအောင် တစ်သက်တာလောက် စောင့်လိုက်ရမှာ သေချာသည်။

ရှုနင်က ဒီအကြောင်းကိုပြောကတည်းက  သူ့အဖေဟာ ဘယ်သူ့ကိုမှ မလိုအပ်ဘူးလို့ ရှုနင်ကို မရှင်းပြတော့ပဲ သူ့ရဲ့ချစ်ခြင်းကို ပြသည့်အနေဖြင့် နာခံစွာပြောလိုက်သည်။
 "အိုကေ။"

နေ့လည်စာစားပြီးတော့ ရှုဟိန်က အိပ်ချင်ယောင်ဆောင်နေသည့် ရှုနင်ကို စောင်နှင့်ပတ်ကာ ကားထဲသယ်ပွေ့သွားပြီး တောင်ပေါ်ကို ဦးတည်ကာ မောင်းထွက်လာစေသည်။ ကားထဲရောက်လို့ ရှုနင်က မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ကို စိုက်ကြည့်နေသည့် ရှုဟိန်ကိုတွေ့လိုက်ရသည်။ ရှုဟိန်က ဒီလောက် အမြန်စီစဉ်မည်ဟု မထင်ထားမိပေ။

 အကိုကြီး၏ လက်ကြီးကြီးတစ်ဖက်သည်စောင်သို့လျှောဝင်လာပြီး သူ့အဝတ်တွေကို ပင့်ကာ ကိုယ်လေးကို ပွတ်သပ်နေသည်။ ရှုနင်က အကိုကြီး၏အထိတွေ့ကြောင့်  မျက်နှာနီရဲရဲနဲ့ကြည်နူးနေမိတယ်။

မိနစ်နှစ်ဆယ်လောက်ကားမောင်းပြီးတဲ့နောက်ကားက ရုတ်တရက်ရပ်သွားတယ်။ ဒါကြောင့် ရှုနင်က အကိုကြီး၏အထိတွေ့မှာ သာယာနေစဉ် အနှောက်ယှက်ပေးခံလိုက်ရလို့ မျက်ခုံးပင့်ကာ  ကြည့်လိုက်သည်။ အပြင်က ဖြစ်နေတာကို ကိုယ်ရံတော်တွေက ဖြေရှင်းနိုင်ပေမယ့် ဒုတိယသခင်လေး၏သဘောထားကို မေးလိုက်ကြသည်။
 
ရှုဟိန်က မှန်တံခါးကို မချခင် ရှုနင်ကို အဝတ်ပြန်ဝတ်ပေးပြီး စောင်ဖြင့်ခြုံပေးကာ ဆံပင်ကို သပ်ရပ်အောင် သပ်တင်ပေးလိုက်သည်။ အတူ ပူးကပ်နေပေမယ့် အကိုကြီး၏ပုံစံက ဆံပင်တမျှင်တောင်မကျပဲ အရမ်းကို စမတ်ကျလို့နေသည်ကို ရှုနင် မနာလိုစွာကြည့်လိုက်သည်။ ပြီးတော့ အပြင်ဘက်က ကားလမ်းကို ပိတ်ရပ်နေသည့် ဒုတိယ ကြီးတော် ချင်ယွိလန်က ဘာလုပ်မည်ကို စိတ်ဝင်စားကာ မှန်ကို ချပြီး မေးလိုက်သည်။


  သူမကိုတစ်ယောက်တည်းထားခဲ့ပြီး ကားဖြင့် ဆက်လက် ထွက်ခွာသွားနိုင်သော်လည်း တောင်ပေါ်လမ်းတွင် မည်သူမျှမရှိပေ၊ ဓာတ်ပုံရိုက်မည့် သတင်းထောက်လည်း မရှိလို့ ရှုနင်က စိတ်အေးလက်အေး အဒေါ်ကို မျက်နှာချင်းဆိုင်လိုက်သည်။

ချင်ယွိကျိုး ရုတ်တရက်ပျောက်ကွယ်သွားပြီးနောက် ချင်ယွိလန်က ဘာဆက်လုပ်ရမည် မသိတော့ပေ။ သူက ယောကျာ်းတစ်ယောက်၏ ကျူးလွန်စော်ကားတာကိုလည်း ခံလိုက်ရပြီး အခု ပိုက်ဆံလည်း မရှိပေ။  သူမအတွက်စိတ်မကောင်းစရာ အကြောင်းမရှိပေ။ ကိုယ်လုပ်တာ ကိုယ်ပြန်ခံရတာပဲ။ သူမသာ လောဘမကြီးခဲ့ရင် ခုလိုဖြစ်လာမည် မဟုတ်ပေ။ အခုမှ ဘယ်သူ့ကို အပြစ်တင်ချင်သေးတာလဲ။ ရှုနင်က သူမကို ဘာမှပင် မလုပ်ခဲ့ပေ။ သူမ ဖာသာလုပ်ခဲ့ပြီး ရလဒ်က ပျော်စရာမကောင်းတာတော့ မတတ်နိုင်ဘူးလေ။

"နင်နင်... မင်း ငါ့ကို ခုလို ပစ်ထားလို့ မရဘူး...နင်နင်..ငါ မင်းရဲ့ ဒုတိယအဒေါ်ပါ!"

"ကျွန်တော် သိပါတယ်။"

ချင်ယွိလန်သည် သိသိသာသာစိတ်သက်သာရာရသွားပြီး သူမအကြောင်းကို ညည်းညူပြောဆိုခဲ့သည်။

" မင်းရဲ့အမေက ငါ့ကို အဆက်အသွယ်မလုပ်တော့ဘူး။ အလှပြင်ဆိုင်ပိုင်ရှင်ကလည်း ပြောင်းလဲသွားပြီ။ ငါ နေစရာနေရာမရှိတော့ဘူး။ မင်းကို ကူညီဖို့နဲ့ မင်းကို ဂရုစိုက်ဖို့ ငါ ဒီကို လာခဲ့တာ။ နင်နင်...အခု အဒေါ် ဘာလုပ်ရတော့မလဲ"

"အဒေါ်က  ကျွန်တော့်ကို မေးနေတာလား?"

"ဟုတ်တယ်၊ ဟုတ်တယ်လေ။ "

 မင်းကို မမေးရင် ငါက ဘယ်သူ့ကိုထပ်မေးရမလဲ။ ချင်ယွိလန်သည် သူ့တူကို ပြောဆိုတာက လုပ်သင့်သည်ဟု  ထင်နေသည်။

 ရှုနင်က အဒေါ်ကိုကြည့်ကာ မေးလိုက်သည်။

" ကျွန်တော် ဒီနှစ်မှာ အသက်ဘယ်လောက်ရှိပြီလဲ အဒေါ်သိလား။ အဒေါ့်အသက်က ၄၀ ကျော်ပြီ၊ အသက်မပြည့်သေးတဲ့ လူတစ်ယောက်အပေါ် မှီခိုနေရသလား။ အဒေါ် ဒါကို မရှက်ဘူးလား"  

သူတို့ပတ် ၀ န်းကျင်ရှိကိုယ်ရံတော်များအားလုံး သည်ပရော်ဖက်ရှင်နယ် လေ့ကျင့်ထားသူများ ဖြစ်ကြသည်။ ရှုနင်ပြောလိုက်သည့် စကားကို ကြားသော သူတို့ သူတို့၏ပခုံးများမှာမူတုန်လှုပ်သွားပြီးမေးရိုးများတုန်နေပေမယ့် ဘယ်သူမှ အသံထွက် မရယ်မောခဲ့ကြပေ။

"နင်နင်, ငါ မင်းအတွက်လာခဲ့တာ၊ အိမ်မှာ မဟုတ်ရင်  ငါ ...... "

"ကျွန်တော် အဒေါ့်ကို ဂရုစိုက်ဖို့တာဝန်မရှိဘူး။ အဒေါ်က ဘယ်လောက်ရယ်စရာကောင်းတယ်ဆိုတာ ကြည့်ဖို့ ကားရပ်လိုက်ရုံပဲဖြစ်တယ်။နောက်ဘယ်တော့မှ ဒီလို ထပ်တွေ့မှာမဟုတ်တော့ဘူး"

ရှုနင်ရဲ့မျက်ခုံးတွေကို ပင့်ကာ အေးစက်စက်ကြည့်ရင်းပြောလိုက်သည်။

 ချင်ယွိလန်က ပေါက်ကွဲကာ ဆူပူချင်ပေမယ့် ကိုယ်ရံတော်တွေက သူမကို ခွင့်ပြုပါ့မလားဆိုတာ ကြည့်ရသေးသည်။ သူမက ကြံရာမရ လမ်းမထက်မှာ အော်ငိုနေပေမယ့် ရှုနင်တို့ လူအုပ်ကို မလှုပ်ရှားစေပေ။ နောက်ဆုံး သူတို့က ချင်ယွိလန်ကို ဂရုမစိုက်ပဲ ကားကို ဆက်ထွက်ခဲ့သည်။

ရှုဟိန်က နင်နင်ကို ဖက်လိုက်ကာ ပြောလိုက်သည်။

"ဘာကြောင့် သူမကို အာရုံစိုက်နေတာလဲ"

"သူမကို ကြည့်ရတာ ကျွန်တော့်ကို ပျော်ရွှင်စေလို့"
အရင်ဘဝရော၊ အခုဘဝရော သူ့အပေါ် မကောင်းခဲ့သည့် အဒေါ်တွေရဲ့ ကျရှုံးခန်းကို မြင်ရတာ သူ့အတွက် စိတ်သက်သာရာရစေသည် ။

"ကောင်းပြီ။ မင်းပျော်တယ်ဆိုလည်း လုပ်..."

ရှုနင်က အကိုကြီး၏ပေါင်ပေါ်တက်ထိုင်ကာ လည်ပင်းကို လက်နှင့် သိုင်းဖက်ကာ နီးကပ်စွာ ပွေ့ဖက်ထားကြသည်။


ရှုနင် လျစ်လျူရှုလိုက်သဖြင့် ချင်ယွိလန်က ကောင်းကင်ပြိုလဲသွားသည်ဟု ခံစားခဲ့ရသည်။ သူမ ယခုအိမ်သို့ပြန်တာပဲဖြစ်ဖြစ်၊ ညီမကိုတွေ့တာပဲဖြစ်ဖြစ် လုပ်လို့မရတော့ပေ။ ရှုချိန်ကိုဆိုရင် ပိုဆိုးတာပေါ့။ အနားတောင် ကပ်ခွင့်ရမည် မဟုတ်ပေ။

နေဦး..ရှုချိန်...ဟုတ်သားပဲ။ ရှုချိန်ရဲ့  ကုမ္ပဏီမှာ ဆူဆူညံညံသွားလုပ်လို့ ရသေးယ်၊ ငါ ကျိန်းသေလျော်ကြေးရနိုင်မယ်၊ ချမ်းသာတဲ့လူတွေ က သူတို့ ဂုဏ်ကို ထိခိုက်မှာကို ကြောက်ကြတယ်။

ရှုနင်ကဘာကြောင့် သူမကို ဒီလိုလမ်းမှာ ပစ်ထားရဲသလဲဆိုတော့ ချင်ယွိလန်က သတင်းမီဒီယာကို ရှာပြီး ဖွင့်မပြောနိုင်သလို  ကုမ္ပဏီကို လာရှာလို့မရဘူးဆိုတာ သူသိနေလို့ဖြစ်တယ်။ ရှုချိန် ဒေါသထွက်လာရင် ကျား 10 ကောင်ထက် ပိုဆိုးတယ်ဆိုတာ သူ သိနေသည်။
 
ကုမ္ပဏီ၏အဓိကဝင်ပေါက်တွင်ကိုယ်ရံတော်များသည် အမျိုးသမီးတစ် ဦး အပေါ်အာရုံစူးစိုက်ခဲ့သည်။ သူတို့က သူမကို   ၀ န်ထမ်းများအားအဟန့်အတား မဖြစ်စေရန် သူမကို မောင်းထုတ်ခဲ့သည်။

ချင်ယွိလန်က လုံခြုံရေးကို သူမရဲ့တူမက ဒီမှာအလုပ်လုပ်ပြီး သူမ ဘယ်ဌာနမှာ လုပ်သလဲဆိုတာ မသိဘူးဆိုတဲ့ ချင်ယွိလန်၏ စကားကြောင့် သူမကို အရူးမလို့ ထင်ကာ ဂရုမစိုက်ခဲ့ပေ။  ခဏကြာ   အမှန်တကယ်တွင် ချင်ယွိလန် သည်လူနှစ်ယောက်နောက်ကိုလိုက်သွားပြီး ထိုလူက Finance manager နဲ့  သူ၏အတွင်းရေးမှူးဖြစ်ပြီး ဖောက်သည်းတစ် ဦး နှင့်တွေ့ဆုံရန်လာခဲ့တာဖြစ်သည်။ ကုမ္ပဏီနှင့်ဆန့်ကျင်ဘက်မှာရှိတဲ့ အဆင့်မြင့် ကဖေးထဲကို ဝင်သွားကြသည်။  သို့သော် ချင်ယွိလန်ကို မြင်လိုက်စဉ် မန်နေဂျာ၏မျက်နှာက အစိမ်းရောင်ဖြစ်သွားပြီး သူ့အတွင်းရေးမှုးကိုပြောလိုက်သည်။

 ၏လက်ဝဲဘက်သို့ပွေ့ဖက် ထား၍ မန်နေဂျာ၏မျက်နှာသည်အစိမ်းရောင်ဖြစ်လာသည်။

"ရှောင်ဟော်...ငါ လုပ်စရာလေးပေါ်လာလို့ နည်းနည်းနောက်ကျမယ်လို့ ဧည့်သည်ကို ပြောပေးပြီး တောင်းပန်ထားလိုက်ပါ။  "  

အဆိုပါမန်နေဂျာကအေးဆေးစွာပြောဆိုခဲ့သည်။

အတွင်းရေးမှူးက သူဌေးရဲ့လုပ်ရပ်တွေကို မန်နေဂျာရဲ့လုပ်ရပ်က သိပ်အနှောင့်အယှက်မပေးဘူးဆိုတာသိလို့ ပြန်ဖြေလိုက်သည်။

"ကျွန်မ သိပါပြီ"

မန်နေဂျာက ချင်ယွိလန် နောက်သို့လိုက်သွားပြီး သူတို့လမ်းလျှောက်ထွက်သွားကြသည်။ မန်နေဂျာက စီးကရက်ကိုထုတ်လိုက်ပြီး မေးလိုက်သည်။

" ပြောပါ၊ မင်းရဲ့ရည်ရွယ်ချက်ကဘာလဲ။ ငါ့ကို ထောင်ချောက်ထဲ ဆွဲချဖို့ မင်းကို ဘယ်သူပို့တာလဲ။ "

"ကျွန်မက ? ရှင့်ကို ထောင်ချောက်ထဲ ဆွဲချတယ ်ဟုတ်လား?"

" အမကြီး... အဲဒီညမှာ ကျွန်တော်က ဆေးခတ်ခံလိုက်ရတယ်။ ဒါကို  သွေးစစ်ဆေးမှုက သက်သေပြနိုင်တယ်၊ ခင်ဗျားက ရေချိုးခန်းထဲမှာ ကျွန်တော်နဲ့အတူ တစ်ယောက်တည်းရှိနေခဲ့တယ်။ ခင်ဗျားက ကျွန်တော့်ကို ထောင်ချောက်ထဲ ဆွဲချတာ မဟုတ်ရင် ဘယ်သူလုပ်မှာလဲ... "

ချင်ယွိလန်က သူ အခုလို ပြောလိမ့်မယ်လို့ ဘယ်တော့မှမထင်ခဲ့မိဘူး၊ သူမ ပိုက်ဆံလိုချင်ခဲ့တယ်၊ ဒါကြောင့် သူမ ယူပြီးထွက်သွားချင်တယ်။ ဘယ်တော့မှပြန်လာတော့မှာမဟုတ်ဘူး။
"ကျွန်မ ရှင်ပြောတာကို မသိဘူး။ ဘာပဲဖြစ်ဖြစ် ရှင်က ကျွန်မကို ထိပါးစော်ကားခဲ့လို့ ကျွန်မကို ပိုက်ဆံပေးရမယ်"

ဒီစကားတွေကိုပြောနေရလို့ချင်ယွိလန်၏မျက်နှာလည်း ရှက်ရွံ့ကာ ဖြူယော်နေသည်။

"ကျွန်မ ရှင့်ကို ထောင်ချောက်ဆင်တာ မဟုတ်ပါဘူး။ ကျွန်မလည်း မတရားခံရတဲ့ သားကောင်ပါ"

"ငါ့မှာ  ဆေးစစ်ချက် မရှိပဲ မင်းမှာပဲ ရှိတယ်လို့ ထင်နေတာလား။ ငါ့ကို ကြည့်လိုက်စမ်းပါ။ မင်း ခြိမ်းခြောက်နေတာက ငါ့အပေါ် အလုပ်မဖြစ်ဘူး။ မင်းမှာ ဆေးစစ်ချက်ရှိတယ်ဆိုရင်လည်း အဲ့ဒါကို ငါ ဖျက်စီးပစ်နိုင်တယ်။ ငါ့မှာ မိသားစုရှိတယ်။ ငါ့မိသားစုကို ဒါတွေ မသိစေချင်ဘူး။ နောင်မှာ မင်း ငါနဲ့ ဝေးဝေးနေပါ။ ဘယ်တော့မှ ငါ့ကို ထပ်လာမတွေ့နဲ့။ မင်း ဒါကို သေချာရွေးချယ်ပါ..."

Finance manager က သူ့ကိုယ်ပိုင်အစွမ်းအစဖြင့် မန်နေဂျာရာထူးထိ ရောက်လာတာဖြစ်လို့ ဆင်ခြင်ဉာဏ်ရှိသည်။ ချင်ယွိလန်က သူ့ကို လာတွေ့ကာ အခုလို ငွေတောင်းတာက သူမဆီမှာ သူကျူးလွန်ခဲ့ပါတယ်ဆိုတဲ့ သက်သေရှိနေမည်ကို စိုးရိမ်နေသည်။ ဒါက သူ့ကို ထောင်ထဲပို့မယ့် သက်သေဖြစ်သွားနိုင်သည်။   သူကမျက်မှောင်ကြုတ်လိုက်သည်။

"မင်း တောင်းတဲ့ငွေအတွက် ငါ့ကို အချိန် ပေးပါ"

"ရတယ်!"

"ဒီည တွေ့မယ့်နေရာက....... "

ချင်ယွိလန်က သည်စေ့စပ်သေချာစွာနားထောင်ခဲ့သည်။ သဘောတူ စာချုပ်ပြီးဆုံးသွားပြီးနောက် သူမသည်လောဘကြီးလွန်းစွာနှင့် လက်ချောင်းငါးချောင်းကို ထောင်ပြခဲ့သည်။     သူမ  ငါးသန်းအစား ငါးသိန်းသာ တောင်းလိုက်တော့မည်။ သူမကိုယ်နဲ့လဲလိုက်သည့်အတွက် ငါးသိန်းတော့ ရထိုက်သည်။ ဒီငွေ ငါးသိန်းနဲ့ F မြို့မှာ သူမ အိမ်တလုံးတော့ ဝယ်နိုင်တန်ကောင်းပါရဲ့၊သူမသား ယန်ယန်လည်း အရွယ်ရောက်နေပြီ။ လက်ထပ်ပြီး နေဖို့ အိမ်အသစ်တစ်လုံးဝယ်သင့်သည်။

အခုအချိန်မှာ F City မှာအိမ်တစ်လုံးက တသိန်းကျော်ကျသည်။ ငွေငါးသိန်းဆိုရင် အိမ်ကြီးကြီးရနိုင်သည်။ ချင်ယွိလန်က အနာဂတ်ကို တွေးပြီး အံ့သြစရာကောင်းပြီး မျက်ရည်များကျခဲ့ရသည်။  သူမငါးသောင်းရနိုင်လျှင်ထိုက်တန်ပါသည်။ ချင်ယွီကျိုးဆီက ငွေငါးသိန်းရဖို့ သူမ မစဉ်းစားခဲ့ဖူးပေ။ တဖက်လူအတွက်တော့ ငွေငါးသိန်းက ဘာမှ ခက်ခဲမည် မဟုတ်ပေ။

 ဒါပေမယ့် အရာရာက သူမ ထင်သလို မချောမွေ့ခဲ့ပေ။ ထိုနေ့ည ချိန်းထားသည့် နေရာကိုသွားတော့ သူမကို စောင့်နေသည့် ယောကျာ်းတစ်အုပ်ကိုတွေ့လိုက်ရသည်။ ထိုလူတွေက သူမကို တွန်းထိုးရိုက်နှက် အဝတ်ဆွဲချွတ်ကာ စိတ်တိုင်းကျ ဗီဒီယိုရိုက်ယူခဲ့ကြသည်။  ချင်ယွိလန်က သူမရင်ဘတ်ကို လက်နှင့်အုပ်ကာ ပါးစပ်ထောင့်က သွေးကို သုတ်ရင် သနားစဖွယ်ငိုယိုနေသည်။

 ခေါင်းဆောင်ဖြစ်ဟန်တူသည့် စူးရှပြီး ရက်စက်ဟန် အမာရွတ်နှင့်လူက သူမကို သတိပေးလိုက်သည်။

"ချင်ယွိလန်..မင်း ကို  တစ်ယောက်ယောက်က   C City မှာ ဘယ်တော့မှ မမြင်ချင်ဘူးလို့ ပြောထားတယ်။ မင်း ချက်ချင်းထွက်သွားပါ။  မဟုတ်ရင် ...... ဒီညရိုက်ကူးခဲ့တဲ့ဓာတ်ပုံနဲ့ဗီဒီယိုတွေဟာ စီဒီချပ်အဖြစ် ရောက်သွားပြီး မင်းလည်း နာမည်ကြီး အပြာမင်းသမီးဖြစ်သွားစေရမည်။ လူတိုင်း မင်းရဲ့ကိုယ်လုံးတီးကို မြင်သွားရလိမ့်မယ် ။ငါ ဆိုလိုတာကို နားလည်လား"

 ချင်ယွိလန်က ဘာမှ ပြန်မပြောနိုင်ပဲ   သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးက တုန်ခါနေပြီးသူမရဲ့ပါးစပ်ကနေသွေးတွေ စီးကျပါတယ်။ အရမ်းသနားစရာကောင်းပါတယ်။ ဒါပေမယ့် သူမ ဘေးက လူတွေက ဆင်းရဲတဲ့သနားစရာမိန်းမတွေကို သနားကြင်နာတတ်ကြတာမဟုတ်ပါဘူး။

"သွားကြရအောင်။"

ချင်ယွိလန်သည်ထိုဆိုးညစ်သောလူအုပ်ကြီး ထွက်ခွာသွားပြီးနောက်ငို ရန်သာတတ်နိုင်တော့သည်။

 ငါ အရမ်းညစ်ပတ်နေပြီ။ ငါ ... ဘာလုပ်ရမလဲ

ချင်ယွိလန်က ကြေကွဲနေစဉ်   ချက်ချင်းပဲ တံခါးဖွင့်လိုက်တော့  တုန်လှုပ်ချောက်ချားနေတဲ့သူမကို အရမ်းအံ့အားသင့်သွား စေခဲ့တယ်။ ၀ င်လာသူမှာ ပျမ်းမျှရုပ်ရည်နှင့်  မိန်းကလေးငယ်လေးဖြစ်ပြီး သူမ က ဝန်ထမ်းပုံ  ၀ တ်ဆင်ထားပြီး စာနာတတ်သောမျက်နှာရှိသည်။

"အမ ရှင်  အဝတ်မြန်မြန်ဝတ်ပြီး ဒီက ထွက်သွားပါတော့...!"

"ညီမလေး...မင်း အစ်မကို ကူညီမယ် မဟုတ်လား။ ငါ ဒီအတိုင်း ထွက်မသွားနိုင်ဘူး။ ငါ့ကို လုပ်သွားတဲ့လူတွေကို တရားပြန်စွဲရမယ်။ မင်း ငါ့ကို သက်သေလုပ်ပေးပါ။ မင်းက အရမ်းကောင်းတဲ့ သူဆိုတာ အစ်မသိပါတယ်။ ငါ့ကို ကူညီပေးပါ ။ မင်း ငါ့ကို ပစ်မထားဘူး မဟုတ်လား"

 ကောင်မလေး၏ပါးစပ်တွန့်သွားပြီး သူမကို အတင်းဆုပ်ကိုင်ကာ ယမ်းခါနေသည့် ချင်ယွိကျိုးကို တွန်းပစ်ကာ ပြောလိုက်သည်။
  -" ရှင် ရူးနေသလား။ အမြန်သွားတော့။ သူတို့ပြန်လာလျှင် ရှင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး"

 "ဟင့်အင်း၊ မင်း ငါ့ကိုကူညီရမယ်။ ငါလုပ်နိုင်တာ ဘာမှမရှိဘူး၊ ပြန်လာပါ။ "

ဝန်ထမ်းမလေးက သူမ စိတ်ကောင်းဝင်ပြီး ကူညီဖို့ ကြိုးစားခဲ့မိသည်ကို နောင်တရနေသည်။ သူမက ဒီမိန်းမကို မတရားကျင့်ခံရသည်ထင်ကာ အဝတ်စားလဲပေးရန် သွားပေးခဲ့မိသည်။ မထင်မှတ်ပဲ ဒီမိန်းမက လူကောင်းဟုတ်ပုံမရပေ။ ပြသနာကို ရှာနေပုံရသည်။  ဟုတ်တယ်၊ အမှားတွေကနေ သင်ခန်းစာယူရမယ်၊ အတွင်းထဲမှတစ်ယောက်ဟာပြသနာ ရှာဖို့ ကြိုးစားနေသူဖြစ်တယ်ဆိုတာရှင်းနေတယ်။

ချင်ယွိလန်သည်ထိုမိန်းကလေးကိုရှာဖွေတွေ့ရှိရန် အလွန်အမင်းစိတ်အားထက်သန်ခဲ့ပြီး ဒီနေရာကို ခဏခဏလာနေလို့ သူမက အလုပ်က ထွက်သွားရတော့သည်။ ချင်ယွိလန်လည်း ဘာမှ မတတ်နို်င်တော့ပဲ   F City သို့ပြန်လာခဲ့သည်။ နှစ်လအကြာတွင် သူ၏ယောက္ခမသည် သူမ အန်နေသည်ကို မြင်ပြီး အိုဂျီဆီ ခေါ်လာခဲသည်။ နောက်ဆုံးတော့  ချင်ယွိလန်ဆီမှာ ကိုယ်ဝန်ရှိတာကို သိသွားခဲ့တယ်။ သူမနဲ့ သူမ ယောကျာ်းက ကွာရှင်းထားပြီး ဘယ်တော့မှ အတူပြန်မနေပဲ ဒီကလေးက ဘယ်က ရောက်လာတာလဲ။

နောက်ဆုံးချင်ယွိလန်က မောင်းထုတ်ခံလိုက်ရပြီး ငွေလည်းမရှိ၊ အိမ်လည်းမရှိဖြစ်ကာ နောက်ဆုံး ရွာမှာနေတဲ့ အစ်မကြီး ချင်ယွိကျီဆီ ပြန်လာခဲ့သည်။ ပထမ အမကြီးက ချင်ယွိကျိုးဆီကို သွားနေသည့် ညီမလတ်က ငွေပါလာသည်ထင်ကာ ကောင်းကောင်းဆက်ဆံပေမယ့် သူမဆီက ငွေလည်းချေးရော... ချမ်းသာတဲ့ညီမငယ်ဆီ သွားဖို့ပြောပြီး ချင်ယွိလန်ကို  ရက်ရက်စက်စက်နှင်ထုတ်ခဲ့ပါတယ်။

......

မည်သို့ပင်ဖြစ်စေ ရှုနင်နှင့် ရှုဟိန်တို့က ပင်လယ်ကမ်းခြေရှိ villa သို့ကူးသွားပြီး အခန်းသန့်ရှင်းရေး လုပ်ထားခဲ့သော အဓိကအိပ်ခန်းတွင်နေနေခဲ့သည်။ မတ်လရောက်နေပေမယ့် လေက အေးနေသေးတယ်။ ရှုနင်က ချမ်းလို့ အကိုကြီးကို ကော်လိုကပ်နေသည် ။ ရှုဟိန်သည် ရှုနင် ကို အိပ်ယာပေါ်ဖိထားကာ သူ့မျက်လုံးတွေက လိုချင်မှုကြောင့်  အနည်းငယ်နီလာသည်။

**-***











Chapter(109) - မေကာင္းႀကံ ေဘးဒဏ္ထိသည့္ ခ်င္ယြိလန္

ရႈနင္သည္နည္းနည္းရွက္႐ြံ႕သလို ခံစားေနခဲ့ရသည္။ သူသည္အသက္ ၃၀ အ႐ြယ္ေယာက္်ားေလးျဖစ္ေနၿပီး ခ်စ္စရာေကာင္းတဲ့ ဆယ္ေက်ာ္သက္ေလးလို သ႐ုပ္ေဆာင္ေနတာ ျဖစ္သည္။ အခုေတာ့ သူ႔ေၾကာင့္ အကိုႀကီးက စိုးရိမ္ေနရၿပီ။ သူက ေယာက်ာ္းေလးပဲ။ လုပ္ရဲရင္ ခံရဲရမွာေပါ့။
ရႈနင္က ခုတင္ေပၚက ထကာ အကိုႀကီး အကူညီမပါပဲ ျဖည္းျဖည္းခ်င္းထိုင္လိုက္သည္။
"အကိုႀကီး...ကြၽန္ေတာ္ ဘာမွ မျဖစ္ဘူး...နည္နည္း.... "
"ေရအရင္ေသာက္လိုက္ဦး။ မင္းလည္ေခ်ာင္းေတြ ကြဲေနၿပီထင္တယ္"

ရႈဟိန္က ရႈနင္၏ေက်ာဘက္ကို ေခါင္းအုံးမ်ားျဖင့္ ခုေပးကာ မွီထိုင္ရ အဆင္ေျပေအာင္လုပ္ေပးၿပီး ေရေႏြးေႏြးေလးကို ကမ္းေပးလိုက္သည္။ မေန႔ညက သူ ေအာ္ဟစ္ငိုေႂကြးခဲ့လို႔ သူ႔အသံက အက္ကာ ရွေနသည္။ ေရေသာက္ၿပီး အေတာ္ေလးကို ေနေကာင္းလာခဲ့သည္။


  သူ၏စိတ္ႏွလုံးသည္ေႏြးေထြးမႈႏွင့္တုန္ေနသည္ကိုခံစားခဲ့ရသည္။ အကိုႀကီးကအရမ္းဂ႐ုစိုက္ ေပးခဲ့သည္။

 " အစ္ကိုႀကီး... ကြၽန္ေတာ္ ဗိုက္ဆာေနၿပီ၊ ကြၽန္ေတာ္နဲ႔အတူူတူဂ်ဳံယာဂု နည္းနည္းလိုက္စားေပးပါလား။  ဟုတ္သားပဲ...  အေဖအိမ္ျပန္လာရင္ေကာ ကြၽန္ေတာ္တို႔ ဘယ္လိုလုပ္ၾကမလဲ။ ပုန္းေနလိုက္ရမလား "

"မင္းစဥ္းစားၿပီလား။ ငါတို႔  ကမ္းေျခကို သြားၾကမလား"

ရႈဟိန္က အေဖ့ကို ဘယ္လိုေျပာမည္ကို စီစဥ္ၿပီးေပမယ့္ ကေလးေလးက အျပင္ထြက္ခ်င္ေနမွေတာ့ သူ ခ်က္ခ်င္းေျပာလိုက္သည္။

 "အြန္း...သြားမယ္"

ရႈနင္၏ မ်က္လုံးမ်ားေတာက္ပေတာက္ပလာၿပီး ေပ်ာ္႐ႊင္စြာႏွင့္ ေရကိုဆက္ေသာက္လိုက္သည္။ သူႏွင့္သူ႔အကိုႀကီးတို႔   ရက္အနည္းငယ္မွ်ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနႏိုင္ေတာ့မည္။ ရႈဟိန္ ၏ေဘးတြင္ရွိေနစဥ္ ရႈနင္က ဘာမွ မေတြးႏိုင္ပဲ ဦး ေႏွာက္မဲ့သူလို ျဖစ္ေနသည္။ သို႔ေသာ ္သူတို႔၏အနာဂတ္အတြက္ သူ၏ ဦး ေႏွာက္ကိုအသုံးျပဳရန္ဆႏၵရွိပါသည္။
"ကြၽန္ေတာ္တို႔က အိမ္မွာေနမယ္ဆိုရင္ ကြၽန္ေတာ္ ေနမေကာင္းသလို ဟန္ေဆာင္လို႔ရယ္၊ ကြၽန္ေတာ္ အေဖ့ကို မလိမ္ခ်င္ဘူး။ အကိုႀကီး... ခုေနာက္ပိုင္း အေဖ့ကိုယ္က သိပ္မက်န္းမာဘူး။ စိတ္ခ်ရတဲ့လူေတြကို အေဖ့နားထားၿပီး ေစာင့္ေရွာက္ခိုင္းရေအာင္ "

ရႈနင္ ၏မ်က္လုံးမ်ားမွာၾကည္လင္ေနၿပီး သားေကာင္းတစ္ေယာက္လို အကိုႀကီးကို ေတာင္းပန္ေနသည္။ သူက ဒီဟာကို အကိုႀကီး ေသခ်ာစီစဥ္ႏိုင္မည္ကို ယုံၾကသည္။  ၿမိဳ႕ေတာ္ C မွာ ရႈခ်ိန္ကို ကုမၸဏီတြင္ျဖစ္ေစ၊ အိမ္တြင္ျဖစ္ေစ၊   ေနရာတိုင္းတြင္  ကိုယ္ရံေတာ္အဖြဲ႕သုံးဖြဲ႕သည္အလွည့္က်အၿမဲေစာင့္ၾကည့္ေနၿပီး အကယ္၍  တစ္ေယာက္ေယာက္က အေကာက္ႀကံခ်င္ရင္ေတာင္ အနားကပ္ရေအာင္ တစ္သက္တာေလာက္ ေစာင့္လိုက္ရမွာ ေသခ်ာသည္။

ရႈနင္က ဒီအေၾကာင္းကိုေျပာကတည္းက  သူ႔အေဖဟာ ဘယ္သူ႔ကိုမွ မလိုအပ္ဘူးလို႔ ရႈနင္ကို မရွင္းျပေတာ့ပဲ သူ႔ရဲ႕ခ်စ္ျခင္းကို ျပသည့္အေနျဖင့္ နာခံစြာေျပာလိုက္သည္။
 "အိုေက။"

ေန႔လည္စာစားၿပီးေတာ့ ရႈဟိန္က အိပ္ခ်င္ေယာင္ေဆာင္ေနသည့္ ရႈနင္ကို ေစာင္ႏွင့္ပတ္ကာ ကားထဲသယ္ေပြ႕သြားၿပီး ေတာင္ေပၚကို ဦးတည္ကာ ေမာင္းထြက္လာေစသည္။ ကားထဲေရာက္လို႔ ရႈနင္က မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ သူ႔ကို စိုက္ၾကည့္ေနသည့္ ရႈဟိန္ကိုေတြ႕လိုက္ရသည္။ ရႈဟိန္က ဒီေလာက္ အျမန္စီစဥ္မည္ဟု မထင္ထားမိေပ။

 အကိုႀကီး၏ လက္ႀကီးႀကီးတစ္ဖက္သည္ေစာင္သို႔ေလွ်ာဝင္လာၿပီး သူ႔အဝတ္ေတြကို ပင့္ကာ ကိုယ္ေလးကို ပြတ္သပ္ေနသည္။ ရႈနင္က အကိုႀကီး၏အထိေတြ႕ေၾကာင့္  မ်က္ႏွာနီရဲရဲနဲ႔ၾကည္ႏူးေနမိတယ္။

မိနစ္ႏွစ္ဆယ္ေလာက္ကားေမာင္းၿပီးတဲ့ေနာက္ကားက ႐ုတ္တရက္ရပ္သြားတယ္။ ဒါေၾကာင့္ ရႈနင္က အကိုႀကီး၏အထိေတြ႕မွာ သာယာေနစဥ္ အေႏွာက္ယွက္ေပးခံလိုက္ရလို႔ မ်က္ခုံးပင့္ကာ  ၾကည့္လိုက္သည္။ အျပင္က ျဖစ္ေနတာကို ကိုယ္ရံေတာ္ေတြက ေျဖရွင္းႏိုင္ေပမယ့္ ဒုတိယသခင္ေလး၏သေဘာထားကို ေမးလိုက္ၾကသည္။
 
ရႈဟိန္က မွန္တံခါးကို မခ်ခင္ ရႈနင္ကို အဝတ္ျပန္ဝတ္ေပးၿပီး ေစာင္ျဖင့္ၿခဳံေပးကာ ဆံပင္ကို သပ္ရပ္ေအာင္ သပ္တင္ေပးလိုက္သည္။ အတူ ပူးကပ္ေနေပမယ့္ အကိုႀကီး၏ပုံစံက ဆံပင္တမွ်င္ေတာင္မက်ပဲ အရမ္းကို စမတ္က်လို႔ေနသည္ကို ရႈနင္ မနာလိုစြာၾကည့္လိုက္သည္။ ၿပီးေတာ့ အျပင္ဘက္က ကားလမ္းကို ပိတ္ရပ္ေနသည့္ ဒုတိယ ႀကီးေတာ္ ခ်င္ယြိလန္က ဘာလုပ္မည္ကို စိတ္ဝင္စားကာ မွန္ကို ခ်ၿပီး ေမးလိုက္သည္။


  သူမကိုတစ္ေယာက္တည္းထားခဲ့ၿပီး ကားျဖင့္ ဆက္လက္ ထြက္ခြာသြားႏိုင္ေသာ္လည္း ေတာင္ေပၚလမ္းတြင္ မည္သူမွ်မရွိေပ၊ ဓာတ္ပုံ႐ိုက္မည့္ သတင္းေထာက္လည္း မရွိလို႔ ရႈနင္က စိတ္ေအးလက္ေအး အေဒၚကို မ်က္ႏွာခ်င္းဆိုင္လိုက္သည္။

ခ်င္ယြိက်ိဳး ႐ုတ္တရက္ေပ်ာက္ကြယ္သြားၿပီးေနာက္ ခ်င္ယြိလန္က ဘာဆက္လုပ္ရမည္ မသိေတာ့ေပ။ သူက ေယာက်ာ္းတစ္ေယာက္၏ က်ဴးလြန္ေစာ္ကားတာကိုလည္း ခံလိုက္ရၿပီး အခု ပိုက္ဆံလည္း မရွိေပ။  သူမအတြက္စိတ္မေကာင္းစရာ အေၾကာင္းမရွိေပ။ ကိုယ္လုပ္တာ ကိုယ္ျပန္ခံရတာပဲ။ သူမသာ ေလာဘမႀကီးခဲ့ရင္ ခုလိုျဖစ္လာမည္ မဟုတ္ေပ။ အခုမွ ဘယ္သူ႔ကို အျပစ္တင္ခ်င္ေသးတာလဲ။ ရႈနင္က သူမကို ဘာမွပင္ မလုပ္ခဲ့ေပ။ သူမ ဖာသာလုပ္ခဲ့ၿပီး ရလဒ္က ေပ်ာ္စရာမေကာင္းတာေတာ့ မတတ္ႏိုင္ဘူးေလ။

"နင္နင္... မင္း ငါ့ကို ခုလို ပစ္ထားလို႔ မရဘူး...နင္နင္..ငါ မင္းရဲ႕ ဒုတိယအေဒၚပါ!"

"ကြၽန္ေတာ္ သိပါတယ္။"

ခ်င္ယြိလန္သည္ သိသိသာသာစိတ္သက္သာရာရသြားၿပီး သူမအေၾကာင္းကို ညည္းညဴေျပာဆိုခဲ့သည္။

" မင္းရဲ႕အေမက ငါ့ကို အဆက္အသြယ္မလုပ္ေတာ့ဘူး။ အလွျပင္ဆိုင္ပိုင္ရွင္ကလည္း ေျပာင္းလဲသြားၿပီ။ ငါ ေနစရာေနရာမရွိေတာ့ဘူး။ မင္းကို ကူညီဖို႔နဲ႔ မင္းကို ဂ႐ုစိုက္ဖို႔ ငါ ဒီကို လာခဲ့တာ။ နင္နင္...အခု အေဒၚ ဘာလုပ္ရေတာ့မလဲ"

"အေဒၚက  ကြၽန္ေတာ့္ကို ေမးေနတာလား?"

"ဟုတ္တယ္၊ ဟုတ္တယ္ေလ။ "

 မင္းကို မေမးရင္ ငါက ဘယ္သူ႔ကိုထပ္ေမးရမလဲ။ ခ်င္ယြိလန္သည္ သူ႔တူကို ေျပာဆိုတာက လုပ္သင့္သည္ဟု  ထင္ေနသည္။

 ရႈနင္က အေဒၚကိုၾကည့္ကာ ေမးလိုက္သည္။

" ကြၽန္ေတာ္ ဒီႏွစ္မွာ အသက္ဘယ္ေလာက္ရွိၿပီလဲ အေဒၚသိလား။ အေဒၚ့အသက္က ၄၀ ေက်ာ္ၿပီ၊ အသက္မျပည့္ေသးတဲ့ လူတစ္ေယာက္အေပၚ မွီခိုေနရသလား။ အေဒၚ ဒါကို မရွက္ဘူးလား"  

သူတို႔ပတ္ ၀ န္းက်င္ရွိကိုယ္ရံေတာ္မ်ားအားလုံး သည္ပေရာ္ဖက္ရွင္နယ္ ေလ့က်င့္ထားသူမ်ား ျဖစ္ၾကသည္။ ရႈနင္ေျပာလိုက္သည့္ စကားကို ၾကားေသာ သူတို႔ သူတို႔၏ပခုံးမ်ားမွာမူတုန္လႈပ္သြားၿပီးေမး႐ိုးမ်ားတုန္ေနေပမယ့္ ဘယ္သူမွ အသံထြက္ မရယ္ေမာခဲ့ၾကေပ။

"နင္နင္, ငါ မင္းအတြက္လာခဲ့တာ၊ အိမ္မွာ မဟုတ္ရင္  ငါ ...... "

"ကြၽန္ေတာ္ အေဒၚ့ကို ဂ႐ုစိုက္ဖို႔တာဝန္မရွိဘူး။ အေဒၚက ဘယ္ေလာက္ရယ္စရာေကာင္းတယ္ဆိုတာ ၾကည့္ဖို႔ ကားရပ္လိုက္႐ုံပဲျဖစ္တယ္။ေနာက္ဘယ္ေတာ့မွ ဒီလို ထပ္ေတြ႕မွာမဟုတ္ေတာ့ဘူး"

ရႈနင္ရဲ႕မ်က္ခုံးေတြကို ပင့္ကာ ေအးစက္စက္ၾကည့္ရင္းေျပာလိုက္သည္။

 ခ်င္ယြိလန္က ေပါက္ကြဲကာ ဆူပူခ်င္ေပမယ့္ ကိုယ္ရံေတာ္ေတြက သူမကို ခြင့္ျပဳပါ့မလားဆိုတာ ၾကည့္ရေသးသည္။ သူမက ႀကံရာမရ လမ္းမထက္မွာ ေအာ္ငိုေနေပမယ့္ ရႈနင္တို႔ လူအုပ္ကို မလႈပ္ရွားေစေပ။ ေနာက္ဆုံး သူတို႔က ခ်င္ယြိလန္ကို ဂ႐ုမစိုက္ပဲ ကားကို ဆက္ထြက္ခဲ့သည္။

ရႈဟိန္က နင္နင္ကို ဖက္လိုက္ကာ ေျပာလိုက္သည္။

"ဘာေၾကာင့္ သူမကို အာ႐ုံစိုက္ေနတာလဲ"

"သူမကို ၾကည့္ရတာ ကြၽန္ေတာ့္ကို ေပ်ာ္႐ႊင္ေစလို႔"
အရင္ဘဝေရာ၊ အခုဘဝေရာ သူ႔အေပၚ မေကာင္းခဲ့သည့္ အေဒၚေတြရဲ႕ က်ရႈံးခန္းကို ျမင္ရတာ သူ႔အတြက္ စိတ္သက္သာရာရေစသည္ ။

"ေကာင္းၿပီ။ မင္းေပ်ာ္တယ္ဆိုလည္း လုပ္..."

ရႈနင္က အကိုႀကီး၏ေပါင္ေပၚတက္ထိုင္ကာ လည္ပင္းကို လက္ႏွင့္ သိုင္းဖက္ကာ နီးကပ္စြာ ေပြ႕ဖက္ထားၾကသည္။


ရႈနင္ လ်စ္လ်ဴရႈလိုက္သျဖင့္ ခ်င္ယြိလန္က ေကာင္းကင္ၿပိဳလဲသြားသည္ဟု ခံစားခဲ့ရသည္။ သူမ ယခုအိမ္သို႔ျပန္တာပဲျဖစ္ျဖစ္၊ ညီမကိုေတြ႕တာပဲျဖစ္ျဖစ္ လုပ္လို႔မရေတာ့ေပ။ ရႈခ်ိန္ကိုဆိုရင္ ပိုဆိုးတာေပါ့။ အနားေတာင္ ကပ္ခြင့္ရမည္ မဟုတ္ေပ။

ေနဦး..ရႈခ်ိန္...ဟုတ္သားပဲ။ ရႈခ်ိန္ရဲ႕  ကုမၸဏီမွာ ဆူဆူညံညံသြားလုပ္လို႔ ရေသးယ္၊ ငါ က်ိန္းေသေလ်ာ္ေၾကးရႏိုင္မယ္၊ ခ်မ္းသာတဲ့လူေတြ က သူတို႔ ဂုဏ္ကို ထိခိုက္မွာကို ေၾကာက္ၾကတယ္။

ရႈနင္ကဘာေၾကာင့္ သူမကို ဒီလိုလမ္းမွာ ပစ္ထားရဲသလဲဆိုေတာ့ ခ်င္ယြိလန္က သတင္းမီဒီယာကို ရွာၿပီး ဖြင့္မေျပာႏိုင္သလို  ကုမၸဏီကို လာရွာလို႔မရဘူးဆိုတာ သူသိေနလို႔ျဖစ္တယ္။ ရႈခ်ိန္ ေဒါသထြက္လာရင္ က်ား 10 ေကာင္ထက္ ပိုဆိုးတယ္ဆိုတာ သူ သိေနသည္။
 
ကုမၸဏီ၏အဓိကဝင္ေပါက္တြင္ကိုယ္ရံေတာ္မ်ားသည္ အမ်ိဳးသမီးတစ္ ဦး အေပၚအာ႐ုံစူးစိုက္ခဲ့သည္။ သူတို႔က သူမကို   ၀ န္ထမ္းမ်ားအားအဟန႔္အတား မျဖစ္ေစရန္ သူမကို ေမာင္းထုတ္ခဲ့သည္။

ခ်င္ယြိလန္က လုံၿခဳံေရးကို သူမရဲ႕တူမက ဒီမွာအလုပ္လုပ္ၿပီး သူမ ဘယ္ဌာနမွာ လုပ္သလဲဆိုတာ မသိဘူးဆိုတဲ့ ခ်င္ယြိလန္၏ စကားေၾကာင့္ သူမကို အ႐ူးမလို႔ ထင္ကာ ဂ႐ုမစိုက္ခဲ့ေပ။  ခဏၾကာ   အမွန္တကယ္တြင္ ခ်င္ယြိလန္ သည္လူႏွစ္ေယာက္ေနာက္ကိုလိုက္သြားၿပီး ထိုလူက Finance manager နဲ႔  သူ၏အတြင္းေရးမႉးျဖစ္ၿပီး ေဖာက္သည္းတစ္ ဦး ႏွင့္ေတြ႕ဆုံရန္လာခဲ့တာျဖစ္သည္။ ကုမၸဏီႏွင့္ဆန႔္က်င္ဘက္မွာရွိတဲ့ အဆင့္ျမင့္ ကေဖးထဲကို ဝင္သြားၾကသည္။  သို႔ေသာ္ ခ်င္ယြိလန္ကို ျမင္လိုက္စဥ္ မန္ေနဂ်ာ၏မ်က္ႏွာက အစိမ္းေရာင္ျဖစ္သြားၿပီး သူ႔အတြင္းေရးမႈးကိုေျပာလိုက္သည္။

 ၏လက္ဝဲဘက္သို႔ေပြ႕ဖက္ ထား၍ မန္ေနဂ်ာ၏မ်က္ႏွာသည္အစိမ္းေရာင္ျဖစ္လာသည္။

"ေရွာင္ေဟာ္...ငါ လုပ္စရာေလးေပၚလာလို႔ နည္းနည္းေနာက္က်မယ္လို႔ ဧည့္သည္ကို ေျပာေပးၿပီး ေတာင္းပန္ထားလိုက္ပါ။  "  

အဆိုပါမန္ေနဂ်ာကေအးေဆးစြာေျပာဆိုခဲ့သည္။

အတြင္းေရးမႉးက သူေဌးရဲ႕လုပ္ရပ္ေတြကို မန္ေနဂ်ာရဲ႕လုပ္ရပ္က သိပ္အေႏွာင့္အယွက္မေပးဘူးဆိုတာသိလို႔ ျပန္ေျဖလိုက္သည္။

"ကြၽန္မ သိပါၿပီ"

မန္ေနဂ်ာက ခ်င္ယြိလန္ ေနာက္သို႔လိုက္သြားၿပီး သူတို႔လမ္းေလွ်ာက္ထြက္သြားၾကသည္။ မန္ေနဂ်ာက စီးကရက္ကိုထုတ္လိုက္ၿပီး ေမးလိုက္သည္။

" ေျပာပါ၊ မင္းရဲ႕ရည္႐ြယ္ခ်က္ကဘာလဲ။ ငါ့ကို ေထာင္ေခ်ာက္ထဲ ဆြဲခ်ဖို႔ မင္းကို ဘယ္သူပို႔တာလဲ။ "

"ကြၽန္မက ? ရွင့္ကို ေထာင္ေခ်ာက္ထဲ ဆြဲခ်တယ ္ဟုတ္လား?"

" အမႀကီး... အဲဒီညမွာ ကြၽန္ေတာ္က ေဆးခတ္ခံလိုက္ရတယ္။ ဒါကို  ေသြးစစ္ေဆးမႈက သက္ေသျပႏိုင္တယ္၊ ခင္ဗ်ားက ေရခ်ိဳးခန္းထဲမွာ ကြၽန္ေတာ္နဲ႔အတူ တစ္ေယာက္တည္းရွိေနခဲ့တယ္။ ခင္ဗ်ားက ကြၽန္ေတာ့္ကို ေထာင္ေခ်ာက္ထဲ ဆြဲခ်တာ မဟုတ္ရင္ ဘယ္သူလုပ္မွာလဲ... "

ခ်င္ယြိလန္က သူ အခုလို ေျပာလိမ့္မယ္လို႔ ဘယ္ေတာ့မွမထင္ခဲ့မိဘူး၊ သူမ ပိုက္ဆံလိုခ်င္ခဲ့တယ္၊ ဒါေၾကာင့္ သူမ ယူၿပီးထြက္သြားခ်င္တယ္။ ဘယ္ေတာ့မွျပန္လာေတာ့မွာမဟုတ္ဘူး။
"ကြၽန္မ ရွင္ေျပာတာကို မသိဘူး။ ဘာပဲျဖစ္ျဖစ္ ရွင္က ကြၽန္မကို ထိပါးေစာ္ကားခဲ့လို႔ ကြၽန္မကို ပိုက္ဆံေပးရမယ္"

ဒီစကားေတြကိုေျပာေနရလို႔ခ်င္ယြိလန္၏မ်က္ႏွာလည္း ရွက္႐ြံ႕ကာ ျဖဴေယာ္ေနသည္။

"ကြၽန္မ ရွင့္ကို ေထာင္ေခ်ာက္ဆင္တာ မဟုတ္ပါဘူး။ ကြၽန္မလည္း မတရားခံရတဲ့ သားေကာင္ပါ"

"ငါ့မွာ  ေဆးစစ္ခ်က္ မရွိပဲ မင္းမွာပဲ ရွိတယ္လို႔ ထင္ေနတာလား။ ငါ့ကို ၾကည့္လိုက္စမ္းပါ။ မင္း ၿခိမ္းေျခာက္ေနတာက ငါ့အေပၚ အလုပ္မျဖစ္ဘူး။ မင္းမွာ ေဆးစစ္ခ်က္ရွိတယ္ဆိုရင္လည္း အဲ့ဒါကို ငါ ဖ်က္စီးပစ္ႏိုင္တယ္။ ငါ့မွာ မိသားစုရွိတယ္။ ငါ့မိသားစုကို ဒါေတြ မသိေစခ်င္ဘူး။ ေနာင္မွာ မင္း ငါနဲ႔ ေဝးေဝးေနပါ။ ဘယ္ေတာ့မွ ငါ့ကို ထပ္လာမေတြ႕နဲ႔။ မင္း ဒါကို ေသခ်ာေ႐ြးခ်ယ္ပါ..."

Finance manager က သူ႔ကိုယ္ပိုင္အစြမ္းအစျဖင့္ မန္ေနဂ်ာရာထူးထိ ေရာက္လာတာျဖစ္လို႔ ဆင္ျခင္ဉာဏ္ရွိသည္။ ခ်င္ယြိလန္က သူ႔ကို လာေတြ႕ကာ အခုလို ေငြေတာင္းတာက သူမဆီမွာ သူက်ဴးလြန္ခဲ့ပါတယ္ဆိုတဲ့ သက္ေသရွိေနမည္ကို စိုးရိမ္ေနသည္။ ဒါက သူ႔ကို ေထာင္ထဲပို႔မယ့္ သက္ေသျဖစ္သြားႏိုင္သည္။   သူကမ်က္ေမွာင္ၾကဳတ္လိုက္သည္။

"မင္း ေတာင္းတဲ့ေငြအတြက္ ငါ့ကို အခ်ိန္ ေပးပါ"

"ရတယ္!"

"ဒီည ေတြ႕မယ့္ေနရာက....... "

ခ်င္ယြိလန္က သည္ေစ့စပ္ေသခ်ာစြာနားေထာင္ခဲ့သည္။ သေဘာတူ စာခ်ဳပ္ၿပီးဆုံးသြားၿပီးေနာက္ သူမသည္ေလာဘႀကီးလြန္းစြာႏွင့္ လက္ေခ်ာင္းငါးေခ်ာင္းကို ေထာင္ျပခဲ့သည္။     သူမ  ငါးသန္းအစား ငါးသိန္းသာ ေတာင္းလိုက္ေတာ့မည္။ သူမကိုယ္နဲ႔လဲလိုက္သည့္အတြက္ ငါးသိန္းေတာ့ ရထိုက္သည္။ ဒီေငြ ငါးသိန္းနဲ႔ F ၿမိဳ႕မွာ သူမ အိမ္တလုံးေတာ့ ဝယ္ႏိုင္တန္ေကာင္းပါရဲ႕၊သူမသား ယန္ယန္လည္း အ႐ြယ္ေရာက္ေနၿပီ။ လက္ထပ္ၿပီး ေနဖို႔ အိမ္အသစ္တစ္လုံးဝယ္သင့္သည္။

အခုအခ်ိန္မွာ F City မွာအိမ္တစ္လုံးက တသိန္းေက်ာ္က်သည္။ ေငြငါးသိန္းဆိုရင္ အိမ္ႀကီးႀကီးရႏိုင္သည္။ ခ်င္ယြိလန္က အနာဂတ္ကို ေတြးၿပီး အံ့ၾသစရာေကာင္းၿပီး မ်က္ရည္မ်ားက်ခဲ့ရသည္။  သူမငါးေသာင္းရႏိုင္လွ်င္ထိုက္တန္ပါသည္။ ခ်င္ယြီက်ိဳးဆီက ေငြငါးသိန္းရဖို႔ သူမ မစဥ္းစားခဲ့ဖူးေပ။ တဖက္လူအတြက္ေတာ့ ေငြငါးသိန္းက ဘာမွ ခက္ခဲမည္ မဟုတ္ေပ။

 ဒါေပမယ့္ အရာရာက သူမ ထင္သလို မေခ်ာေမြ႕ခဲ့ေပ။ ထိုေန႔ည ခ်ိန္းထားသည့္ ေနရာကိုသြားေတာ့ သူမကို ေစာင့္ေနသည့္ ေယာက်ာ္းတစ္အုပ္ကိုေတြ႕လိုက္ရသည္။ ထိုလူေတြက သူမကို တြန္းထိုး႐ိုက္ႏွက္ အဝတ္ဆြဲခြၽတ္ကာ စိတ္တိုင္းက် ဗီဒီယို႐ိုက္ယူခဲ့ၾကသည္။  ခ်င္ယြိလန္က သူမရင္ဘတ္ကို လက္ႏွင့္အုပ္ကာ ပါးစပ္ေထာင့္က ေသြးကို သုတ္ရင္ သနားစဖြယ္ငိုယိုေနသည္။

 ေခါင္းေဆာင္ျဖစ္ဟန္တူသည့္ စူးရွၿပီး ရက္စက္ဟန္ အမာ႐ြတ္ႏွင့္လူက သူမကို သတိေပးလိုက္သည္။

"ခ်င္ယြိလန္..မင္း ကို  တစ္ေယာက္ေယာက္က   C City မွာ ဘယ္ေတာ့မွ မျမင္ခ်င္ဘူးလို႔ ေျပာထားတယ္။ မင္း ခ်က္ခ်င္းထြက္သြားပါ။  မဟုတ္ရင္ ...... ဒီည႐ိုက္ကူးခဲ့တဲ့ဓာတ္ပုံနဲ႔ဗီဒီယိုေတြဟာ စီဒီခ်ပ္အျဖစ္ ေရာက္သြားၿပီး မင္းလည္း နာမည္ႀကီး အျပာမင္းသမီးျဖစ္သြားေစရမည္။ လူတိုင္း မင္းရဲ႕ကိုယ္လုံးတီးကို ျမင္သြားရလိမ့္မယ္ ။ငါ ဆိုလိုတာကို နားလည္လား"

 ခ်င္ယြိလန္က ဘာမွ ျပန္မေျပာႏိုင္ပဲ   သူမရဲ႕ခႏၶာကိုယ္တစ္ခုလုံးက တုန္ခါေနၿပီးသူမရဲ႕ပါးစပ္ကေနေသြးေတြ စီးက်ပါတယ္။ အရမ္းသနားစရာေကာင္းပါတယ္။ ဒါေပမယ့္ သူမ ေဘးက လူေတြက ဆင္းရဲတဲ့သနားစရာမိန္းမေတြကို သနားၾကင္နာတတ္ၾကတာမဟုတ္ပါဘူး။

"သြားၾကရေအာင္။"

ခ်င္ယြိလန္သည္ထိုဆိုးညစ္ေသာလူအုပ္ႀကီး ထြက္ခြာသြားၿပီးေနာက္ငို ရန္သာတတ္ႏိုင္ေတာ့သည္။

 ငါ အရမ္းညစ္ပတ္ေနၿပီ။ ငါ ... ဘာလုပ္ရမလဲ

ခ်င္ယြိလန္က ေၾကကြဲေနစဥ္   ခ်က္ခ်င္းပဲ တံခါးဖြင့္လိုက္ေတာ့  တုန္လႈပ္ေခ်ာက္ခ်ားေနတဲ့သူမကို အရမ္းအံ့အားသင့္သြား ေစခဲ့တယ္။ ၀ င္လာသူမွာ ပ်မ္းမွ်႐ုပ္ရည္ႏွင့္  မိန္းကေလးငယ္ေလးျဖစ္ၿပီး သူမ က ဝန္ထမ္းပုံ  ၀ တ္ဆင္ထားၿပီး စာနာတတ္ေသာမ်က္ႏွာရွိသည္။

"အမ ရွင္  အဝတ္ျမန္ျမန္ဝတ္ၿပီး ဒီက ထြက္သြားပါေတာ့...!"

"ညီမေလး...မင္း အစ္မကို ကူညီမယ္ မဟုတ္လား။ ငါ ဒီအတိုင္း ထြက္မသြားႏိုင္ဘူး။ ငါ့ကို လုပ္သြားတဲ့လူေတြကို တရားျပန္စြဲရမယ္။ မင္း ငါ့ကို သက္ေသလုပ္ေပးပါ။ မင္းက အရမ္းေကာင္းတဲ့ သူဆိုတာ အစ္မသိပါတယ္။ ငါ့ကို ကူညီေပးပါ ။ မင္း ငါ့ကို ပစ္မထားဘူး မဟုတ္လား"

 ေကာင္မေလး၏ပါးစပ္တြန႔္သြားၿပီး သူမကို အတင္းဆုပ္ကိုင္ကာ ယမ္းခါေနသည့္ ခ်င္ယြိက်ိဳးကို တြန္းပစ္ကာ ေျပာလိုက္သည္။
  -" ရွင္ ႐ူးေနသလား။ အျမန္သြားေတာ့။ သူတို႔ျပန္လာလွ်င္ ရွင့္ကို အလြတ္ေပးမွာ မဟုတ္ဘူး"

 "ဟင့္အင္း၊ မင္း ငါ့ကိုကူညီရမယ္။ ငါလုပ္ႏိုင္တာ ဘာမွမရွိဘူး၊ ျပန္လာပါ။ "

ဝန္ထမ္းမေလးက သူမ စိတ္ေကာင္းဝင္ၿပီး ကူညီဖို႔ ႀကိဳးစားခဲ့မိသည္ကို ေနာင္တရေနသည္။ သူမက ဒီမိန္းမကို မတရားက်င့္ခံရသည္ထင္ကာ အဝတ္စားလဲေပးရန္ သြားေပးခဲ့မိသည္။ မထင္မွတ္ပဲ ဒီမိန္းမက လူေကာင္းဟုတ္ပုံမရေပ။ ျပသနာကို ရွာေနပုံရသည္။  ဟုတ္တယ္၊ အမွားေတြကေန သင္ခန္းစာယူရမယ္၊ အတြင္းထဲမွတစ္ေယာက္ဟာျပသနာ ရွာဖို႔ ႀကိဳးစားေနသူျဖစ္တယ္ဆိုတာရွင္းေနတယ္။

ခ်င္ယြိလန္သည္ထိုမိန္းကေလးကိုရွာေဖြေတြ႕ရွိရန္ အလြန္အမင္းစိတ္အားထက္သန္ခဲ့ၿပီး ဒီေနရာကို ခဏခဏလာေနလို႔ သူမက အလုပ္က ထြက္သြားရေတာ့သည္။ ခ်င္ယြိလန္လည္း ဘာမွ မတတ္ႏို္င္ေတာ့ပဲ   F City သို႔ျပန္လာခဲ့သည္။ ႏွစ္လအၾကာတြင္ သူ၏ေယာကၡမသည္ သူမ အန္ေနသည္ကို ျမင္ၿပီး အိုဂ်ီဆီ ေခၚလာခဲသည္။ ေနာက္ဆုံးေတာ့  ခ်င္ယြိလန္ဆီမွာ ကိုယ္ဝန္ရွိတာကို သိသြားခဲ့တယ္။ သူမနဲ႔ သူမ ေယာက်ာ္းက ကြာရွင္းထားၿပီး ဘယ္ေတာ့မွ အတူျပန္မေနပဲ ဒီကေလးက ဘယ္က ေရာက္လာတာလဲ။

ေနာက္ဆုံးခ်င္ယြိလန္က ေမာင္းထုတ္ခံလိုက္ရၿပီး ေငြလည္းမရွိ၊ အိမ္လည္းမရွိျဖစ္ကာ ေနာက္ဆုံး ႐ြာမွာေနတဲ့ အစ္မႀကီး ခ်င္ယြိက်ီဆီ ျပန္လာခဲ့သည္။ ပထမ အမႀကီးက ခ်င္ယြိက်ိဳးဆီကို သြားေနသည့္ ညီမလတ္က ေငြပါလာသည္ထင္ကာ ေကာင္းေကာင္းဆက္ဆံေပမယ့္ သူမဆီက ေငြလည္းေခ်းေရာ... ခ်မ္းသာတဲ့ညီမငယ္ဆီ သြားဖို႔ေျပာၿပီး ခ်င္ယြိလန္ကို  ရက္ရက္စက္စက္ႏွင္ထုတ္ခဲ့ပါတယ္။

......

မည္သို႔ပင္ျဖစ္ေစ ရႈနင္ႏွင့္ ရႈဟိန္တို႔က ပင္လယ္ကမ္းေျခရွိ villa သို႔ကူးသြားၿပီး အခန္းသန႔္ရွင္းေရး လုပ္ထားခဲ့ေသာ အဓိကအိပ္ခန္းတြင္ေနေနခဲ့သည္။ မတ္လေရာက္ေနေပမယ့္ ေလက ေအးေနေသးတယ္။ ရႈနင္က ခ်မ္းလို႔ အကိုႀကီးကို ေကာ္လိုကပ္ေနသည္ ။ ရႈဟိန္သည္ ရႈနင္ ကို အိပ္ယာေပၚဖိထားကာ သူ႔မ်က္လုံးေတြက လိုခ်င္မႈေၾကာင့္  အနည္းငယ္နီလာသည္။

**-***














ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWo Geschichten leben. Entdecke jetzt