Chapter (85)_အတိတ်ဘဝက ရည်းစားဟောင်းအတွက် ကျင်းတူးပေးရန် ကြံခြင်း (Uni+Z)

17K 2.4K 29
                                    


Chapter (85)_အတိတ်ဘဝက ရည်းစားဟောင်းအတွက် ကျင်းတူးပေးရန် ကြံခြင်း  (Uni+Zawgyi)

ရှုနင်က ကျောင်းဖွင့်လို့ ပြန်တက်နေရတာ တစ်လကျော်ကျော်ကြာနေပြီဖြစ်ပေမယ့် သူ ဘယ်နေရာကို ကြည့်ကြည့် အကိုကြီး ရှုဟိန်ကိုပဲ မြင်ယောင်နေပြီး မျက်လုံးမှိတ်လိုက်ရင် အကိုကြီးနဲ့နမ်းနေသည့် အချိန်ကိုပဲ ပြန်ရောက်သွား သလိုပင်။ သူ့ကိုယ်သူ စိတ်ကူးအိပ်မက်တွေထဲ ရောက်နေသလို ခံစားရပြီး ရုန်းထွက်လို့မရနိုင်အောင် ဖြစ်နေသည်။ ထိုအချိန်က တလောကလုံးမှာ သူတို့နှစ်ယောက်ပဲ ရှိပြီး မီးရှုးမီးပန်းများ ဖောက်နေ သလို ရင်အစုံက တလှပ်လှပ်ဖြစ်လို့နေသည်။

အကိုကြီး အမေရိကားကို ပြန်သွားပြီးနောက် ဟော်မိသားစုက တခုပြီးတခု ဖြစ်ကာ ကပ်ဆိုက်တော့သည်။  ပထမဆုံး ဟော်ရန်တို့ဖခင် ဟော်ချန့်က  အခွန်ရှောင်တိမ်းခြင်းကြောင့် အစစ်ဆေးခံရသည်။  လူတိုင်းသည်  စိတ်ထားယုတ်သည့်  စီးပွားရေးသမားများကို မုန်းတီးသည်။ ဒါကြောင့် ဟော်ချန့်က လူတကာထံက  လမ်းပေါ်က ကြွက်ကဲ့သို့ဆက်ဆံခံရလိမ့်မည်။ ထို့နောက် ဟော်ချန်၏ ဇနီးဟန်ယွီက  ပြည်နယ်အကြီးအကဲတစ် ဦး နှင့် သီးသန့်တွေ့ဆုံနေပြီး သန်းနှင့်ချီသော ချက်လက်မှတ်များကို ပေးအပ်ကာ လာဘ်ထိုးသည်ဆိုသည့် သတင်းထွက်ပေါ်လာသည်။

လာဘ်ပေးလာဘ်ယူမှုဖြင့် အဖမ်းခံရသည့် ဟန်ယွီက  သူမပြစ်မှု မကျူးလွန်ကြောင်း မျက်ရည်ကျပြီး ဝန်ခံပဲ ငြင်းဆိုကာ ပြောခဲ့ပေမယ့်  ပြည်နယ်အကြီး အကဲ ကတော့ ပြည်သူလူထု ရှုံ့ချခံရမည်စိုးသောကြောင့် ဟန်ယွီက သူမရဲ့သမီး သွေးကင်ဆာဖြစ်နေလို့ သူငယ်ချင်း အချင်းချင်းကူညီသည့်အနေဖြင့် ဆေးကုသရန် ငွေတစ်သန်း ပေးအပ်ခဲ့သည်ဟု ဖော်ထုတ်ခဲ့သည်။ ဒါကြောင့် ဟန်ယွီရဲ့အငြင်းစကားက အလကားဖြစ်သွားပြီး ထောင်ကျသွားခဲ့သည်။

 ဟော်ရန်ကတော့ ရှုကျီဟွေ့ရဲ့ အပြာဓါတ်ပုံကို ဖြန့်ခဲ့သည့်အတွက် လူငယ်ပြုပြင်ရေးစခန်းကို ရောက်နေခဲ့သည်။

 
ဟော်မိသားစု၏အကြီးအကဲ လူအိုကြီးက သူတို့နှင့် ခမည်းခမက်တော်သည့် မြို့တော်က ဝမ်မိသားစုဆီကို အကူညီသွားတောင်းပြီး လျှို့ဝှက်အဆက်အသွယ် များဖြင့် ဟော်ချန်နှင့် ဟန်ယွီတို့ကို ထောင်ထဲမှ ထုတ်ရန် ကြိုးစားခဲ့ပေမယ့် မမျှော်လင့်ပဲ သူ့မြေးအကြီးဆုံး ဟော်ကျုံးက သူကိုယ်တိုင် ရဲတိုင်လိုက်ပြီး အဖိုးကို ထောင်ချလိုက်သည်။
 
ဟော်ကျုံးသည် ဟော်မိသားစုရဲ့အမှုတွေ မိမိကို လာမပတ်သတ်စေရန် ကိုယ့်ကိုယ်ကို ကာကွယ်ရန်အတွက် သူက ဟော်မိသားစုထဲက ထွက်ခွာပြီး အရှက်ကင်းမဲ့စွာဖြင့် ဝမ်မိသားစုအိမ်တော်မှာပဲ သူ့ ဇနီးသည် ကျပ်မပြည့်သည့် မိန်းကလေးနှင့် အတူတူနေခဲ့တော့သည်။

အခြေအနေကလေထဲက မိုးတိမ်များကဲ့သို ပြောင်းလဲနေ သောကြောင့် လူများ၏နှ လုံးသားသည် ဘာတွေဖြစ် မည် ကို ကြိုတင်ခန့်မှန်းလို့ မရနိုင်အောင်ဖြစ်နေသည်။  ဟော်မိသားစုသည် လူအတော်များများကို ပြစ်မှားခဲ့သောကြောင့် တူသော အကျိုးပေးအတိုငး ခံစားခဲ့ရသည်။ သူတို့က စီးပွားရေးလောကကို လွှမ်းမိုးရန် ဝမ်မိသားစုနှင့် မဟာမိတ်ပြုခဲ့ပေမယ့် ဖွတ်မရ ဓါးမဆုံး အဖြစ်နှင့် ကြုံခဲ့ရသည်။

 ရှုမိသားစုသည်အမှန်တကယ်တော့ ဖြောင့်မတ် မှန်ကန်ပြီး သဘောထားကြီးလို့  အနည်းဆုံး လူတိုင်း အတွက် အကျိုးကျေးဇူးအနည်းငယ်ပေး လိမ့်မည်။ အကယ်၍ မင်း မယူရင် အဲ့ဒါက ဖြုန်းတီးခြင်းသာဖြစ်လိမ့်မည်။  

အခု မြို့တော် C  မှာ ရှုမိသားစုဟာအကြီးအကဲ ဖြစ်လာတယ်။

နေ့လည်စာစားချိန်၌ ကျောင်းထဲက ထမင်းစားခန်းထဲမှာ ယောက်ျားလေးအနည်းငယ်ရှိနေပြီး ရှုနင်စားသောက်နေစဉ် သူ့ကို ဝန်းရံချင်သည့် လူငယ်တွေ စုရုံးရောက်ရှိနေသည်။

 အရင်ဘဝတုန်းက သူက ဒီကျောင်းမှာတက်ခဲ့ပြီး အခု သူ့ကို ဝန်းရံနေတဲ့ လူငယ်တွေက သူ့ သူငယ်ချင်း တွေဖြစ်ခဲ့ဖူးသည်။   ပြီးတော့ဘွဲ့ရပြီးတဲ့နောက်မှာ အကောင်းဆုံးသူငယ်ချင်းတွေဖြစ်လာလိမ့်မယ်၊ ဒါပေမယ့် ရှုနင် ထောင်ကျသွးချိန်မှာ ဒီလူတွေက သူ့ကို အရှက်ခွဲရန် ထောင်ထဲကို  ရောက်လာကြသည်။   သူ့ကို လှောင်ပြောပြီး မှိုချိုးမျှစ်ချိုး ပြောဆို စော်ကားခဲ့ကြသည်။

အခုတော့ သူတို့က သူ့ကို ဝန်းရံပြီး သူ့ကို ချီးမွန်းနေကြသည်။ သူတို့ဟာ အသက်တူတူ ရွယ်တူချင်း ဖြစ်လို့ အတူတူကစားသင့်တယ်လို့ပြောကြလိမ့်မယ်။

"ဝိုး... မင်းအရမ်းအံ့သြဖို့ကောင်းတယ်၊ မင်းတကယ့်ကို အတန်းကျော်တက်လာရုံမကဘူး အတန်းထဲမှာ အဆင့်ကောင်းအောင် လုပ်နိုင်ခဲ့တယ်။ ဒါက မယုံနိုင်လောက်အောင်ပါပဲ"

ရှုနင်ကို ဝိုင်းဝန်းချီးကျူးနေပေမယ့် သူ့ကို မနာလိုတဲ့သူတွေတောင် ရှိနေတယ်။

ကောင်လေးတစ်ယောက်က အမြဲတမ်း ထမင်းစားခန်းရဲ့ ထောင့်နားမှာထိုင်ပြီး တိတ်ဆိတ်နေတယ်။ သူဟာ ကိုယ်ထည်ထွားထွား အရပ်ရှည်ရှည်နဲ့  ကြေးဝါရောင် အသားအရေရှိပြီးတောက်ပတဲ့အကြည့်တွေကို ပိုင်ဆိုင်ပြီး အတန်းထဲမှာ စာတော်ကာ  အနည်းငယ်နဲ့မာနထောင်လွှားသူဖြစ်တယ်။ သူဟာ အလွန်ချောမောတဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်လုံးတစ်စုံနဲ့မွေးဖွားခဲ့ပြီး သူ့မျက်နှာက ရွှင်လန်းကာ နေရောင်ခြည်နဲ့တူတယ်။ အရင်ဘဝတုန်း က ရှုနင်က ဒီတောက်ပတဲ့ မျက်နှာလေးရဲ့ ဆွဲဆောင်မှု ကို ခံခဲ့ရပြီး မိသားစု နောက်ခံ မရှိ နွမ်းပါးပေမယ့်  အရာရာတိုင်းတွင် ထူးချွန်သူဖြစ်သည်ဟု ခံစားခဲ့ရ သည်။ ထို့ကြောင့် ရှုနင်ဆီမှာ ငွေ၊ အချိန်နှင့်ချစ်ခြင်း မေတ္တာများ ပျောက်ကွယ်သွား ပြီးနောက် သူ၏ ရည်းစားဖြစ်သော ထိုကောင်လေး၏ နှလုံးသားက ပြောင်းလဲသွားခဲ့သည်။ နောက်ဆုံးမှာတော့ ထိုကောင်လေးက သူ့သူငယ်ချင်းကောင်းဖြစ်တဲ့ ကျန်းရှီနှင့်တွဲခဲ့ပြီး ထောင်ထဲက သူ့ဆီကို တကူးတကလာပြီး ထိုအကြောင်းကို ပြောပြခဲ့သည်။ ထောင်ထဲမှာ သူ့ကို နှီမ့်ချလှောင်ပြောင်ရတယ်ဆိုတာ ကျန်းချီနဲ့  ဝမ်ချုံးတို့ သဘောအကျဆုံး အလုပ်တစ်ခုဖြစ်ခဲ့သည်။

လူငယ်လေးတွေအတွက် သူတို့ထက် အတန်းကြီးတဲ့ စီနီယာတွေနဲ့  မိတ်ဆွေဖွဲ့နိုင်ခြင်းသည် ဂုဏ်ယူစရာဖြစ်သည်။ ထို့အပြင် ရှုနင်က ဒီကျောင်းမှ အကြီးအကဲတစ် ဦး လည်းဖြစ်သည်။ ထို့ကြောင့် မည်သူမျှ သူ့ကို မပြစ်မှားဝံ့ကြပါ၊ လူတစ် ဦးက ချမ်းသာပြီး သြဇာအာဏာရှိမယ်ဆိုရင် လူတွေက သင့်အပေါ်ကို ရှုမြင်သဘောထားပုံက   အံ့သြဖွယ် ကောင်းသည်ကိုတွေ့မြင်ရန် လွယ်ကူ သည်။  သြဇာအာဏာကြီးမားသောမိသားစုများမှ ထိုအံ့ဖွယ် မျိုးဆက်များနှင့် သူငယ်ချင်းဖွဲ့ချင်သူတွေ အရမ်းပေါသည်။ နောင်အနာဂါတ်မှာ ထိုအထက်တန်းလွှာမှ သူငယ်ချင်း အဆက်အသွယ်ကို အသုံးချပြီး ဘဝတက်လမ်းကို မြင့်အောင်ကြိုးစားချင်နေကြသည်။

ဒါပေမယ့် စီနီယာတွေနဲ့ သူငယ်ချင်းဖြစ်ဖို့က မလွယ်ပေ။ ရှုနင်က အထက်တန်း နောက်ဆုံးနှစ်ပေမယ့် သူက အတန်းကျော်တက်ထားလို့ အသက်က သူတို့နဲ့ ရွယ်တူဖြစ်လို့ လာရောက်မိတ်ဖွဲ့ရတာ လွယ်ကူသည်။

 
"ကျောင်းဆင်းရင် ငါတို့  ဘတ်စကတ်ဘော သွားကစားမလို့။ အခုက ဆောင်းဦးပေါက်ပြီဆိုတာ့ သိပ်မပူတော့ဘူး။ မင်းလည်း ငါတို့နဲ့ အတူတူ လိုက်ကစားပါလား။  ဘာလို့စောစော စီးစီး အိမ်ကိုပြန် နေတာလဲ။ "

ကျန်းချီက ရှုနင်ကို သဘောကျကြောင်း ပြေသကာ ပေါ်တင် လာရောလိုက်သည်။ ရှုနင်က သူ ထောင်ကျချိန် သူ့ချစ်သူကို လုယူပြီး သူ့ကို တကူးတက လာစော်ကားခဲ့သည့် ကျန်းချီကို အသည်းထဲကနေ မုန်းတီးသည်။ ကျန်းချီက ရိုးသားသူဟု ထင်ရပေမယ့် ရေနစ်သူ ဝါးကူထိုးတတ်သူဖြစ်သည်။

"သူလည်း သွားမှာလား"


ရှုနင်က ထောင့်နားက  အရပ်ရှည်ရှည်ဆယ်ကျော်သက် ကျောင်းသားကိုညွှန်ပြကာမေးလိုက်သည်။

ဝမ်ချုံးက သူ့ကို ပြောလိုက်သံကို ကြားတော့ လှမ်းကြည့်လိုက်သည်။ သူ့မိသားစုသည် ဆင်းရဲလွန်းလို့ ကျောင်းမှာ အရမ်းကို ချွေတာစားသောက်နေစဉ် ဒီသခင်လေးတွေက သုံးဖြုန်းကာ စိတ်တိုင်းကျ အလျှံအပယ် မှာယူစားသောက်နေခဲ့သည်။ အခု သူ့ကို ခိုင်းချင်လို့ ခေါ်လိုက်သည်ကို ကြားတော့ မပျော်မရွင်ဖြစ်သွားသည်။

  မင်းမှာပိုက်ဆံရှိတယ်ဆိုတော့လည်း ဘာဖြစ်လဲ။ မင်းကိုယ်မင်း အကောင်ထင်နေလား။ မင်းသာ တကယ်အရည်ချင်းရှိရင် ငါ့လို စာမေးပွဲမှာ အမှတ်ပြည့်ရအောင် လုပ်ပြလေ။  

သို့သော် ဝမ်ချုံး သည် ရင်ထဲမှာ ခါးသီးစွာ ဆဲဆိုနေပေမယ့် မျက်နှာထက်တွင် ရှုနင်ကို ခင်မင်မှုကိုပြသရန်ပြုံးပြနေဆဲဖြစ်သည်။

ငါ နောင်အနာဂတ်မှာ ထိပ်ဆုံးကိုရောက်တဲ့အချိန်ကျမှ  မင်းတို့ အားလုံး ငါ့ရှေ့မှာ ဒူးထောက် နေရစေမယ်...

ဝမ်ချုံး၏မျက်လုံးများထဲမှ မုန်းတီးမှု အရိပ်တခု ဖြတ်ပြေးသွားပေမယ့် ရှုနင်က ချက်ချင်း သတိထားလိုက်မိသည်။

 သူက အရင်ဘဝတုန်းက တော်တော်ကို တုံးအပြီး ရှုးမိုက်တာပဲ။  ဒါပေမယ့် အခုတော့ မတူတော့ဘူး။

"ကျန်းချီ...သူ့ကိုလိုက်ခွင့်ပြုလိုက်ပါ၊ ရေငတ်ရင် ငါတို့ သောက်ဖို့ ရေဗူးကို သယ်ဖို့ လူတစ်ယောက်ရှိတာ မကောင်းဘူးလား။ "

ကျန်းချီက ရယ်မောကာ ပြောလိုက်သည်။

 "   ငါလည်း အဲ့လို ထင်တယ်"  

ဝမ်ချုံးက ခေါင်းကို ငုံ့လိုက်ပြီး မျက်ဝန်းထဲက အမုန်းတွေကို သိုဝှက်ကာ  စားပွဲအောက်မှာ  လက်သီးကို ကျစ်အောင် ဆုပ်ထားလိုက်တယ်။ ဒီဟာက အရမ်းရှက်စရာကောင်းတယ်။

ရှုနင်၏မျက်လုံးထဲ၌ အပြုံးလေးတစ်ပွင့် ပေါ်လာပြီး ဒီကောင်က ရမ်းအားနည်းသည်ဟု တွေးလိုက်မိသည်။

 ငါဟာ တကယ်ကို ရူးခဲ့လို့ ဒီကောင်ကို  ဂုဏ်သိက္ခာနဲ့စည်းစိမ်ဥစ္စာတွေကို မမက်တဲ့သူ၊ သူ့စိတ်နေစိတ်ထားက အရမ်းခိုင်မာပြီး  မာနကြီးကာ အရည်အချင်းရှိသူလို့ ထင်ခဲ့ဖူးသည်။

ဒါပေမယ့် ဝမ်ချုံးက အရည်အချင်းရှိတယ်လို့ သူ မမြင်တော့ပေ။ အခု သူက ကိုယ့်မုန့်ဖိုးငွေနဲ့  စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်ခဲ့ပြီး သူတက္ကသိုလ်တက်ချိန်မှာ အောင်မြင်တဲ့ လုပ်ငန်းရှင်ဖြစ်နေလောက်ပြီ။ ဝမ်ချုံးက ကျောင်းစာတော်ရုံကလွဲပြီး ကျန်တာ ဘာအရည်ချင်းရှိလို့လဲ။ သူ့ဘဝ မပြည့်စုံတဲ့အတွက် ငွေကြေးပြည့်စုံသူတွေကို ရင်ထဲကနေ မုန်းနေတဲ့ ကိုယ့်ကိုယ်ကို တော်လှပြီ ထင်နေတဲ့ ကောင်လေး တစ်ယောက်သက်သက်ပဲ မဟုတ်လား။


ဘ ၀ ဟာပြဇာတ်တစ်ခုလိုပါပဲ၊ သူဟာ အရင်အတိတ်ဘ ၀ တွေမှာ ဝမ်ချုံးကို အထင်ကြီးပြီး ဝမ်ချုံးနားမှာပဲ  လှည့်ပတ်ခဲ့ဖူးတယ်။ မင်းက ထင်ရှားတဲ့ လူဖြစ်ချင် တယ်ဆိုရင်  မင်းရဲ့ဆန္ဒတွေကို ငါဖြည့်ဆည်း ပေးပါ့မယ်။

မွန်းလွဲပိုင်းတွင်ကျောင်းဆင်းပြီးနောက်ယောက်ျားလေးများသည် ဘတ်စကက်ဘောကစားရန် အားကစားရုံသို့သွားခဲ့သည်။ ရှုနင်က အရပ်အပုဆုံး မဟုတ်တော့ပဲ  သူသည် ခုန်ပြီး  ဘောလုံးကိုပစ်ကာ ပိုက်ကွန်ကို ဖြတ်၍ ဂိုးဝင်သွးအောင် လုပ်နိုင်ခဲ့သည်။ မိန်းကလေးတော်တော်များများသည်  ပွဲကြည့်စင်တွင် လာရောက် အားပေးနေကြသည်။ ရှုနင်ကို သဘောကျ သည့် မိန်းကလေး   ပရိသတ်များစွာ ရှိနေသည်။ သူသည် ယခင်က ကောင်မလေးတွေဆီက ရည်းစားစာ အများကြီးရခဲ့ပေမယ့် သူ့အကိုကြီး အကြောင်းကို စဉ်းစားမိပြီး ထိုစာအကုန်ကို  လျှို့ဝှက်စွာဖျက်ဆီးပစ်ခဲ့ သည်။

ရှုနင်၏ဘတ်စကက်ဘော ကစားသည့် ကျွမ်းကျင်မှုသည် ပျမ်းမျှလောက်သာရှိပေမယ့် ကျန်းချီတို့က သူ့ကို  အလျော့ပေး ကစားခဲ့သည်။ ကစားပွဲပြီးတော့ ရှုနင်က ချွေးတွေ အရမ်းထွက်နေလို့
ရေချိုးခန်းကို သွားခဲ့သည်။ သူက ဝမ်ချုံးနှင့်   သုံးကြိမ်တိုင်တိုင် မျက်နှာချင်းဆိုင်တွေ့ခဲ့ပေမယ့် ရှုနင်ရဲ့ လက်ရှိဘဝသည် အလွန်ကျေနပ်စရာဖြစ် နေခဲ့သည်။  ရှုနင်က အဝတ်လဲခန်းထဲက ထွက်လာတော့ ဝမ်ချုံးရဲ့ခန္ဓာကိုယ်က နံရံကို မှီနေတာကိုမြင် လိုက်ရသည်။

ဝမ်ချုံးက   ကြည့်ကောင်းပြီး ကြံ့ခိုင်တဲ့ ပုံစံရှိသည်။ ရှုနင်က သူ့ကို အမှုမဲ့အမှတ်မဲ့ ဘေးကနေ ဖြတ်လာခဲ့ပေမယ့် ဝမ်ချုံးက ရှုနင် သူ့ဘေးက အဖြတ် တီးတိုးလှမ်းပြောခဲ့သည်။

 "  ဘတ်စကတ်ဘောကစားနည်း သင်ပေးဖို့ ငါ့ကို မင်း လိုအပ်လား"

သာမန်အခြေအနေမျိုးတွင် သူက 'မင်းက ဘတ်စကတ်ဘော ကစားတာ တော်တယ်လို့ ထင်သလား   ' ဟု မေးဖြစ်ကြမှာ ဖြစ်ပေမယ့် ရှုနင်က အကြည့်တချက်ပင် မပေးပဲ ဆက်လျှောက်လာခဲ့သည်။

 ဝမ်ချုံး၏ မျက်လုံးတွေက လက်ခနဲဖြစ် သွားပြီး နောက်က ခပ်သွက်သွက်လိုက်လာပြီး ရှုနင်ကို ကျော်တက်သွားစဉ် သူတို့ကို သတိထားဟု တီးတိုးပြောသွားခဲ့သည်။


သူက ... အကြံကြီးတဲ့ ခွေးသားတစ်ကောင်ပဲ...

 အရင်ဘဝတုန်းက ရှုနင် အထက်တန်း ဒုတိယနှစ်ရောက်မှ ဝမ်ချုံနှင့် စတင် သိကျွမ်းခဲ့တာ ဖြစ်သည်။ အခုဘဝမှာတော့ ဝမ်ချုံးက အထက်တန်း ပထမနှစ်ဘဝနှင့်ပင် ရည်ရွယ်ချက်ရှိရှိဖြင့် သူ့အနားကို ကပ်လာခဲ့လေပြီ။

ရှုနင်က သူ့နှာခေါင်းကို အသာထိလိုက်တယ်။ သူ ငါ့ကို သတိပြုမိလာပြီလား။ စိတ်ဝင်စားစရာပဲ!

ဒီနေ့က ရာသီဥတုပူလို့ ရှုနင်က ကျောင်းကို စက်ဘီးဖြင့်မလာပဲ ဖုန်းဆက်ကာ ဒရိုင်ဗာကို လာကြိုစေခဲ့သည်။


 ထို့နောက် ကျောင်းဂိတ်ဝကို  လမ်းလျှောက်ပြီး ထွက်လာခဲ့သည်။ ကျန်းချီနှင့်ဂိုဏ်းသားတွေကို ကျောင်းဂိတ်ဝနား စုရုံးနေတာကို တွေ့ခဲ့သည်။

"ဟိုမှာ စီနီယာရှုမဟုတ်လား!"


ကျန်းချီက သူ့ သူငယ်ချင်းကို အရူးလို ကြည့် လိုက်သည်။  

 "မင်း သူ့ကို စီနီယာလို့ခေါ်တာပေါ့၊ သူက ငါတို့လို အရွယ်တူတူပဲ"

အိုး ~ မင်း အခု ငါ့ကို စီနီယာလို့ ခေါ်ရမှာကို မပျော်တော့ဘူးပေါ့..ဟုတ်လား.... (╯▽╰)

ရှုနင်က လူတွေနဲ့ သိပ်နီးနီးကပ်ကပ် မနေတတ်ဘူးဆိုတာ လျှို့ဝှက်ချက်မဟုတ်ပေ။ သူကကျန်းချီကို အေးစက်စက်ပြုံးပြကာ ပြောလိုက်သည်။

  "မှားတယ်။ ငါ့ကို စီနီယာလို့ မခေါ်ရင် မင်းတို့ အမှားကြီးကျူးလွန်လိုက်တာနဲ့ အတူတူပဲ"

ရှုနင်ရဲ့စကားကိုကြားတော့ ကျန်းချီရဲ့ပါးစပ်ထောင့်က တွန့်သွားခဲ့သည်။


 သူ ဘာမှ ပြန်မပြောနိုင်မီ Rolls-Royce က ထိုးဆိုက်လာပြီး  ကိုယ်ရံတော်တစ် ဦး သည် ကားတံခါးကိုဖွင့ ်၍ ရှုနင်၏နားရွက်နားကပ်ကာ တိုးတိုးလေး တစုံတခုကို ပြောပြခဲ့သည်။

ရှုနင်က အင်းဟု တုန့်ပြန်လိုက်ပြီး ကားထဲ ဝင်ကာ ထွက်ခွာသွားခဲ့သည်။

 ကျန့်ချီက ရှုနင်နှင့်  မိမိကိုယ်ကို နှိုင်းယှဉ်ကြည့်ပြီး နောက် မျက်နှာထက်က အပြုံးတွေ ပျောက်ကုန်သည်။

ငါက မင်းကို မျက်နှာသာပေးနေတာတောင် မင်းက ငါ့ကို ဒီလိုဆက်ဆံတယ်လား...
 

အခု ဒီလိုအရွယ် ဆယ်ကျော်သက်ယောက်ျားလေးများ အကြားတွင် အချင်းချင်းပြိုင်ဆိုင်ကာ တစ်ယောက်ကို တစ်ယောက် စော်ကားပြောဆိုနေကြလို့ အရမ်းနားညည်းဖို့ကောင်းလှသည်။

 ရှုနင်သည် ချိန်းဆိုထားသည့် ပန်းခြံကို ရောက်တော့ ကားပေါ်က ဆင်းကာ ကားသမားကို ပြန်ခိုင်း လိုက်သည်။ ထိုစဉ် ဖန်ချန်း၏ကားက ညာဘက်နားမှာ ညင်သာစွာ ကပ်ရပ်လာပြီး ဖန်ချန်းကိုယ်တိုင် လာကြိုခဲ့သည်။

  "သခင်လေး ဒီနေ့ညစာ ဘာစားချင်တာလဲ"

ကားထဲသို့ ၀ င်လာသောအခါ ရှုနင်၏ပါးစပ်က အပြုံးတစ်ခုပေါ်လာပြီး ပြောလိုက်သည်။

 "အကင် သွားစားကြစို့!"

"ကောင်းပါပြီ!"

ဖန်ချန်းသည်အတွေ့အကြုံရှိပြီးဖြစ်လို့ ရှုနင် ကြိုက်တတ်သည့် စားသောက်ဆိုင်သို့မောင်း လာခဲ့သည်။ ဆိုင်ကိုရောက်တော့  စားစရာမှာပြီး ရှုနင်၏ ဦးလေးချင်ယွိဖူနှင့် ဖိုမင်ဦးလေးဖန်တို့ အကြောင်းကို ပြောပြခဲ့သည်။

 ရှုနင်ရဲ့ ဦးလေး ချင်ယွိဖူက မြို့တော်မှာ နေရတဲ့ ဘဝက ဇိမ်ကျလွန်းတယ်လို့ ညည်းညူနေပြီး သူဟာ စိတ်ပျက်လက်ပျက်နဲ  F မြို့ကိုပြန်ချင်ခဲ့တယ်၊ သူက ဘာမှလည်းမတတ်ပဲ သူ့လုပ်အားနဲ့မဟုတ်ပဲ  မြို့ကြီးကိုရောက်တဲ့အချိန်မှာ မနေတတ်မထိုင်တတ်ဖြစ် နေသည်။

 ချင်ယွိဖူက ဘဝအတွက် ကြီးမားတဲ့ ရည်မှန်းချက် မရှိပေ။  မြို့တော်က အိမ်ခန်း ငှားရမ်းခက အရမ်းဈေးကြီးတယ်။ ရှုနင်က သူ့အတွက် နေစရာ စီစဉ်ပေးချင်ရင်တောင်မှ သူ့ ဦး လေးက လာနေဖု့ အဆင်မပြေဘူးဖြစ်နေသည်။ နောက်ဆုံးမှာတော့ ရှုနင်က ဖန်အန်းကို ဖိုမင်ဦးလေးနှင့် ဦးလေးချင်ယွိဖူအတွက် နေရေးထိုင်ရေးကို စီစဉ်ခိုင်းလိုက်ရတော့သည်။

 ဖန်အန်းသည် သူ့ဦးလေးဖန်းက ဒီကိုရောက်လာလို့ သူ့အလုပ်ကို ကူညီပေးနိုင်လို့ အရမ်းပျော်နေသည်။ သူ့အလုပ်ကိုလည်း စိတ်ချလက်ချ ရှေ့ဆက် လုပ်နိုင်တော့မည် မဟုတ်လား။

အခုဆိုရင် ရှုနင်ရဲ့ ဈေးဝယ်စင်တာကိုဆောက် လုပ် နေတာ ပြီးခါနီးနေပြီ။ တက္ကသိုလ်နှစ်ခုကလည်း ဖွင့်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ကတွက်ပေါက်မှာ ဗျိုင်းစောင့်နေသလို သူတို့ ငွေဝင်လာဖို့ကိုပဲ အသင့်စောင့်နေရုံပဲဖြစ်သည်။ ငွေရပေါက်ကို မြင်တော့ စီးပွားရေးသမားတွေ ကလည်း ထိုပလာဇာက ဆိုင်ခန်းတွေကို ဝယ်ယူပြီးခဲ့လေပြီ။

  သူ့ရင်းနှီးမြှုပ်နှံငွေတွေ ပြန်ဝင်လာတော့ ရှုနင်လည်း နောက်ထပ်မြေကွက်ဖို့ ပြင်နေသည်။

 ဖန်ချင်းက ညစာအတူစားရင်း အလုပ်ထဲက ပြသနာကို သူ့သူဌေးကို အကုန်ပြောပြနေသည်။ သူဦးစီးနေသည့် ဆောက်လုပ်ရေးလုပ်ငန်းကြီး၏ သူဌေးနာမည်ကို ချင်ယွိဖူဟု မှတ်ပုံတင်ထားပေမယ့် တကယ့် တကယ် သူဌေးအစစ်က အထက်တန်းမပြီးသေးသည့်  ရှုနင်ဆိုတာကို ဟုန်ရှင်းကုမ္ပဏီ၏ ငယ်ရွယ်သော မင်းသားလေးက  သတိပြုမိပြီး လူကိုယ်တိုင် တွေ့ဆုံချင်ကြောင်း အဆိုပြုခဲ့သည်။

 ဟုန်ရှင်းဆောက်လုပ်ရေးလုပ်ငန်းကြီးက   မြို့တော်နှင့် တရုတ်နိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေကုမ္ပဏီ တစ်ခုဖြစ်သည်။

ငါ့ရဲ့ ကံက ကောင်းသလား၊ ဆိုးသလား မသိတော့ဘူး..

ရှုနင်က ပုခုံးတွန့်ကာ ဖန်ချန်းခွာပေးနေသည့် ပုစွန်ကို ဆက်လက်စားနေသည်။ ဖန်ချန်းက ဟုန်ရှင်းရဲ့ မင်းသားလေးဆီက တောင်းဆိုမှုကိုကြားတော့ ပထမ  အလွန် စိတ်ပူခဲ့ရသည်၊ သို့သော် အေးအေးဆေးဆေး စားသောက်နေတာကို မြင်ရတော့ စိတ်သက်သာရာရသွားသည်။
 
"ကျွန်တော့် ဦး လေး အခြေနေ ဘယ်လိုနေလဲ?"

"သူက အလုပ်အရမ်းကြိုးစားနေတယ်။  သူ့မှာ လက်အောက်မှာ အလုပ်လုပ်နေတဲ့ လူနည်းနည်း ရှိလို့ နေ့တိုင်း သူ့အတွက် အရမ်း အလုပ်များနေတယ်။ သူဟာဆောက်လုပ်ရေး လုပ်ငန်းခွင်ကို သူ့ကိုယ်ပိုင်အိမ်လို သဘောထားပြီး နေနေတယ်။  "

ဖန်အန်းက ချင်ယွိဖူကို ရုံးခန်းမှာထိုင်ခိုင်းတယ်။ ချင်ယွိဖူက သူမှာ လုပ်ငန်းကို အုပ်ချုပ်နိုင်တဲ့ စွမ်းရည်မရှိဘူး၊ဒါကြောင့် ဒီက  ထွက်ခွာချင်တယ်လို ပြောနေတယ်။ ဒါပေမယ့် ရှုနင်က သူ ထွက်သွားရင် ဘာဖြစ်မယ် ဆိုတာကိုပြောခဲ့တယ်။

ချင်ယွိဖူက ချက်ချင်းပင် သူသည်ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ့ထွက်ခွာရန် ကြိုးစားတာကို ရပ်လိုက်သည်။ သူ့တူလေး ရှုနင်ရဲ့စီးပွားရေးလုပ်ငန်း ဖြစ်၍ ဆုံးရှုံးမှုတစ်ခုမျှ မရှိစေရန် သူ့ဦးလေးက ဝိုင်းဝန်းလုပ်ပေးနေတာက အရမ်းချစ်ဖို့ကောင်း လှသည်။ သူ့တူလေး စိတ်ပျက်အောင် သူ လုံးဝ လုပ်လို့မဖြစ်ဟု တွေးကာ ချင်ယွိဖူက အရမ်းကြိုးစားပေးနေသည်။

 
"ဟုတ်ပြီ၊ သခင်လေး လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဟုန်ရှင်းရဲ့မင်းသားလေးဆီကို သွားတွေ့ရင် သခင်လေး တစ်ယောက်ယောက်ကို ခေါ်သွားချင်သေးလား  "

ရှုနင်ထံတွင် ကိုယ်ရံတော်များနှင့်ပါရမီရှင်များ ရှိပြီးသားဖြစ်သည်။ သူ၏ရုံးရှိ အထက်တန်းလွှာ အုပ်ချုပ်ရေးပိုင်းမှ ဝန်ထမ်း  အားလုံးသည် ထိပ်ဆုံး အရည်ချင်းရှိသူတွေ ဖြစ်သည်။

  " သေချာတာပေါ့၊ခင်ဗျား မျက်စိကျတဲ့ လူတစ်ဝက်ကျော်က မဆိုးဘူး။ ဒါက ကျွန်တော့်ကို အရမ်း စိတ်ကျေနပ်စေတယ်။  "

လူတော်တွေကို ကိုယ့်ဆီမှာ မြဲအောင် ရှုနင်က  သူတို့ကိုလစာနှင့် ဆုများချီးမြှင့်ခဲ့ပြီး သူတို့၏နေရေးအတွက် အိမ်များကိုပင် ပေးခဲ့သည်။

သူတို့အားလုံးက မြို့တော်က အိမ်တွေမှာ နေထိုင်ခွင့်ရခဲ့တာပဲ။ အိုး ဘုရားရေ...ဒီလို အကျိုးမြတ်မျိုး တစ်နိုင်ငံလုံး သူတို့ပဲ ရနိုင်တာပဲဖြစ်မည်။

 ဖန်အန်းက ဟုန်ရှင်းမင်းသားလေးအကြောင်းကို ပြောချင်ပေမယ့် ရှုနင်က အခုမှ အသက် 16 နှစ်မပြည့်သေးတာဖြစ်လို့ သူက ချောင်းဟန့်ပြိး မျက်နှာ နီလာသည်။  အချို့သောအရာများကို  ပြောဆိုရန်ခက်ခဲနေ သေးသည်။

"ဒါဟာ ...... အဲဒီလူက တမျိုးပဲ...။ ဟုန်ရှင်း မင်းသားလေးမှာ အကျင့်ဆိုးတွေရှိတယ် ဆိုတာ ကျွန်တော် ကြားခဲ့ရတယ်။   တစ်စုံတစ်ယောက်က သူ့ကို ကျေနပ်အောင် လုပ်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ ဆွေးနွေးတဲ့အချိန်မှာ ပိုလွယ်မယ်ထင်တယ်  "

ရှုနင်ကပြုံးလိုက်ပြီး  ဂရုမစိုက်သည့်ဟန်ဖြင့် ဖန်အန်းကို   ကိုကြည့်ကာ ပြောလိုက်သည်။

 "ခင်ဗျားပြောချင်တာ တစ်ခုခုရှိရင် ပြောလိုက်စမ်းပါ၊ ကျွန်တော်က ဘာမှ နားမလည်တဲ့ ကလေးငယ်တစ်ယောက်လည်း မဟုတ်ပါဘူး၊"

"ဟီး..ဟီး..ပုစွန်စားပါဦး"

ဖန်အန်းက ပြောမထွက်လို့ ပုစွန်ကို ခွာပေးပြီး ပြောလိုက်သည်။


ရှုနင်က ဖန်အန်း ဘာပြောမည်ကို ကြိုတင်ခန့်မှန်းပြီး သားဖြစ်သည်။ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဟုန်ရှင်းမင်းသားလေးက ချောမောကာ ချမ်းသာပြီး အထက်တန်းလွှာ သြဇာအာဏာရှိသည့် လုပ်ငန်းစုရဲ့ဆက်ခံသူဖြစ်လို့ သူ့ကို သဘောကျသည့် မိန်းကလေး၊ ယောက်ျားလေးပေါင်းများစွာရှိသည်။ ဟုန်ရှင်းမင်းသားက အဝတ်ကို ထည်လဲဝတ်သလို သူ့တွဲဖက်ကိုလည်း အမြဲလှဲလှယ်နေသူဖြစ်သည်။


 ရှုနင်ဟာနူးညံ့သိမ်မွေ့တဲ့အလှအပတွေကို မနှစ်သက်ပေမယ့် ကြံ့ခိုင်တဲ့အမျိုးသားလေးတွေကို နှစ်သက်သူ ဖြစ်သည်။ ရှုနင်က Uke (အောက်ပုဂ္ဂိုလ်) ဖြစ်ပေမယ့် သူက တကယ့်ကို ခေါင်းမာပြီး အဖြောင့်လူငယ်လေးတစ်ယောက်ပုံနှင့်တူသည့်သူကို သဘောကျသည်။

 
ရှုနင်ရဲ့ အရင်ဘဝက ကျောင်းစဖွင့်ပြီးမကြာမီ ဝမ်ချုံး၏မိခင် ဆေးရုံတက်ခဲ့ရသော်လည်း သူမ၏ရောဂါကို ကုသရန် ပိုက်ဆံမရှိခဲ့ပါ။ ဝမ်ချုံးက အိုးကင်းပူပေါ်က ပုရွက်ဆိတ်လို့ ဟိုပြေးဒီပြေး လုပ်ကာ ငွေရှာနေခဲ့ပေမယ့် ဘယ်မှာမှ ရှာမရခဲ့ပေ။ နောက်ဆုံး ရှုနင်က သူ့အမေ ဆေးကုဖို့ လိုအပ်သမျှ အကုန်ထုတ်ပေးခဲ့သည်။

  သူ့ကို ငါကောင်းကောင်းမွန်မွန်ဆက်ဆံပြီး သူ့အတွက် ငါ့ ကို စွန့်ပစ်ခဲ့တယ်။  ဝမ်ချုံးက ရက်စက်တယ်၊  မိုက်ရိုင်းတယ်။ အခုတစ်ခါ ငွေရမယ့် အခွင့်အလမ်းတွေကို သူ့ရှေ့မှာ ချပေးလိုက်ရင် သူ ဘာကိုရွေးချယ်မလဲ...

 ဟုန်ရှင်းမင်းသားလေးက ငွေပေါသည့် သခင်လေးတစ်ယောက် မဟုတ်လား။

ဝမ်ချုံးက ဟုန်ရှင်းမင်းသားလေးကို လက်လွှတ်နိုင်မလား ကြည့်ကြသေးတာပေါ့...


**-***
ဟုန်ရှင်း မင်းသားလေး

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now