Chapter (150-1)_ သူက ငါ့ချစ်သူ

8.3K 1.5K 23
                                    

Chapter (150-1)_ သူက ငါ့ချစ်သူ



ရွှီကျင်းက ချက်ချင်းထွက်သွားမယ့် ပုံမပေါ်ပဲ သူ့ကို တခုခုပြောချင်နေပုံရသည်ကို တွေ့ရတော့ ရှုဟိန်က   ချက်ချင်းပဲ သူ့လက်ကိုမြှောက်ကာ တားလိုက်တယ်။

"ငါ ဗိုက်ဆာနေပြီ။  မင်းပြောစရာ အရေးတကြီးရှိရင် ငါတို့နောက် ထပ်ဆုံကြရအောင်"

ရှုဟိန်က ထိုစကားကို ပြောလိုက်ပြီးတဲ့နောက် ရွှီကျင်းရဲ့နောက်က လူတွေရဲ့အပြုံးတွေက နည်းနည်း တမျိုးဖြစ်သွားသလို  အစကနေအဆုံးအထိ သူတို့ရဲ့အပြုံးတွေကို ထိန်းထားနိုင်ကြတဲ့သူတွေလည်း ရှိနေခဲ့တယ်။ ဒါပေမယ့် ရွှီကျင်းက ရှုဟိန်ရဲ့အပြောကို စိတ်မဆိုးပေ။

သူက ရှုဟိန်၏ အေးတိအေးစက် ပြောဟန်ကို ယဉ်ပါးနေပြီးသားဖြစ်လို့  ရှုနင်ကို အပြုံးလေးနှင့်နူတ်ဆက်ကာ သူ့လူအုပ်စုနှင့် အတူထွက်သွားခဲ့သည်။

ရွှီကျင်းတိုကထွက်သွားတော့မှ ရှုနင်က  စိတ်ထဲကနေ သက်ပြင်းချ လိုက်မိသည်။

ရွှီမိသားစု၏ ထင်ရှားကျော်ကြားသော အမွေခံဆက်ခံသူ ရွှီကျင်းက ဘယ်လိုဖြစ်ပြီး ဒီစားသောက်ဆိုင်ကို ရောက်နေတာလဲ။

 
ရှုဟိန်နှင့် ရှုနင်တို့က အတူတူ ဓာတ်လှေကားထဲသို့လျှောက်သွားပြီး သူတို့၏ သီးသန့်အခန်းထဲကို ရောက်လာချိန်မှာ ပြင်ဆင်ထားထဲ့ အစားအစာများလည်း ရောက်နေပြီ။ ရှုဟိန်သည် အခြားသူများကို အပြင်သို့ စေလွှတ်လိုက်ကာ  တံခါးပိတ်ပြီးသည်နှင့် ရှုနင်၏လက်လေးများကို သူကိုယ်တိုင် ရေစိုအဝတ်များနှင့် သုတ်ပေးပြီး အစောက အဖြစ်ပျက်ကို မေးချင်ပေမယ့် ကလေးလေး အစားသောက်ပျက်သွားမည်ကိုလည်း စိုးရိမ်နေသည်။


" မင်း..ရွှီကျင်းကို သိသလား"

"...... "

"မင်း..ခုနက ဘာလို့ သူ့ကို ကြောက်သွားတာလဲ"

"အကိုကြီး အခန်းထဲမှာ သူ့ဓာတ်ပုံကိုတွေ့ဖူး ထားပေမယ့် အပြင်မှာ သူက ရုတ်တရက်ပေါ်လာလို့... ...... "

"သူနဲ့ငါ့အကြားက ဆက်ဆံရေးက သန့်ရှင်းတယ်"

ဖူး.....

အကိုကြီး၏ မထင်မှတ်သည့် စကားကြောင့် ရေသောက်နေရင်း ရှုနင်က ပါးစပ်ထဲက ရေတွေကို ထွေးထုတ်လိုက်မိတော့သည်။  ပြီးတော့မှ သူက ရှုဟိန်ကို မသိမသာကြည့်လိုက်တယ်။

ဒီတစ်ယောက်က စကားပြောနေရင်း ဘယ်လိုလုပ် စကားက ဒီလမ်းကြောင်းပေါ်ရောက်သွားတာလဲ။

  ဒါက လျှို့ဝှက်ဆန်းကြယ်သော်လည်း သူ နားလည်နိုင်သည်။ သူက အရင်ဘဝက ဖြစ်ပျက်ခဲ့သည့် အကြောင်း အပြည့်အစုံကို အကိုကြီးကို မပြောပြထားဖူးတာကြောင့်  အကိုကြီးက သူ ဘာကြောင့် ရွှီကျင်းကို မြင်လိုက်ရစဉ် ကြောက်သွားသလဲဆိုတာ မသိတဲ့အတွက် အကိုကြီးကို  အပြစ်တင်လို့မရဘူး၊ ဒါပေမယ့် ဒီဖြစ်စဉ်ကြီးကို အကိုကြီးကို သူ ဘယ်ကနေ စပြီး ဘယ်လိုရှင်းပြရတော့မလဲ။

သူသည် အတိတ်ဘဝကဖြစ်ခဲ့သော အတွေ့အကြုံများကြောင့် ရွှီကျင်းကိုကြောက်နေ ခဲ့တာဖြစ်သည်။ အရင်ဘဝတုန်းက ချင်ယွိကျိုး၏ လမ်းညွှန်ချက်ကြောင့် ရှုနင်က ရွှီကျင်းကို ထောင်ချောက်ဆင်ဖို့ အမြဲကြိုးစားခဲ့ဖူးသည်။
 

ရှုဟိန်၏အကောင်းဆုံးသူငယ်ချင်းဖြစ်သော ရွှီကျင်းကလည်း သူတို့သားအမိက ရှုဟိန်ကို ဖြုတ်ချဖို့ လုပ်နေသည်ကို အကုန်သိနေသည်။   ရှုနင်က သူနှင့် ရှုဟိန်အပေါ် နောက်ကွယ်ကနေ ယုတ်မာသည့် အကြံစည်မျိုးစုံကို လုပ်ခဲ့သည်ကို ရွှီကျင်းက  စုံစမ်းစရာတောင် မလိုဘူး၊ သူက ဒီအကြောင်းကိုကြားရုံနဲ့ ရှုနင် လုပ်ခဲ့တာကို သူ သိခဲ့သည်။

ရွှီကျင်းနဲ့ ရှုဟိန်တို့က သူငယ်တန်းကတည်းကနေ တက္ကသိုလ်အထိ ကျောင်းအတူတက်ခဲ့တဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်လို့ သူတိုကြားထဲက ဆက်ဆံရေးက အရမ်းကောင်းကာ   တခြားသူတွေထက် ပို ရင်းနှီးခဲ့ကြသည်။

ရွှီကျင်း ငယ်စဉ်အခါက အန္တရာယ်ရှိနေသည်ကို   ရှုဟိန်က သိပြီး သူတို့ ဘိုးဘွားပိုင် အိမ်ကြီးတွင် လာနေရန် ရွှီကျင်းကို အတင်းအကျပ်စေခဲ့သည်။ ရွှီကျင်း အိမ်ပြင် ထွက်ရင် သူ့ရဲ့သက်တော်စောင့် အကုန်ကို ရွှီကျင်းကို စောင့်ရှောက်ပေးရန် ပေးအပ်ခဲ့သည်။

ရှုဟိန်က ရှုအိမ်တော်ရဲ့ တစ်ဦးတည်းသော ဆက်ခံသူဖြစ်ပေမယ့် ရွှီကျင်းကတော့ တစ်ဦးတည်းသော ဆက်ခံသူ မဟုတ်ခဲ့ပေ။ ဒါကြောင့် သူက ငယ်စဉ်ကတည်းက မကြာခဏ ပြန်ပေးဆွဲခံရပြီး အသက်  အန္တရာယ်ကို ခြိမ်းခြောက်ခံခဲ့ရသည်။

 
ရှုနင် သိခဲ့သည်က သူတို့နှစ် ဦး ၏ခင်မင်မှုသည် အလွန်နက်ရှိုင်းသည်ကိုအပြင် စိတ်ကူးယဉ်လို့ မရနိုင်အောင် တစ်ယောက်ကို တစ်ယောက် ယုံကြည်ြ့သည်။

 သူတို့သည်  အရာများစွာကို အတူလုပ်ကိုင်ခဲ့ကြပြီး နောက်ဆုံး သူတို့ လုပ်ငန်းများကိုပင် ပူးပေါင်းကာ ဆောင်ရွက်ကြသည်။

င့်ရောနှောသွားပြီးသူတို့ပိုင်ဆိုင်သောလုပ်ငန်းများအတွက်လည်းဝေမျှခဲ့ဖူးသည်၊ သူတို့၏ သံယောဇဉ်တွေက အရမ်းကို နက်ရှိုင်းခဲ့ပြီး တစ်ဦးကိုတစ်ဦး ကျောချင်းကပ်ကာ ရန်သူတွေကို ရင်ဆိုင်ခဲ့ကြသည်။ တစ်ယောက်ကို တစ်ယောက် ကျောချင်းကပ်ထားနိုင်သည့်  သံမဏိကဲ့သို့ ခိုင်မာသော ဆက်ဆံရေးတစ်ခုဖြစ်ခဲ့သည်။  

ရှုဟိန်က ရှုနင်၏မေးစေ့ကိုမြှောက်ကာ တွင်းနက်နက်ကဲ့သို့ နက်ရှိုင်းသောမျက်လုံးများဖြင့် သူ့ကိုကြည့်နေသည်။

"မင်း ဘာတွေစဉ်းစားနေတာလဲ။ "

"...... "

"မင်း သူနဲ့ငါ့ရဲ့ ဆက်ဆံရေးကို သံသယဖြစ်ခွင့် မရှိဘူး။ "

"အကိုကြီး ဘာအတွက် ဒီလောက် စိတ်ရှုပ်နေတာလဲ။ "

ရှုနင်က စိတ်မချမ်းသာဘူး၊ အရင်ဘဝက ရှုဟိန်ကိုယ်စား သူ့ကို တိုက်ခိုက်ခဲ့သည့် ရွှီကျင်းကို မုန်းတယ်၊  အများကြီးမုန်းတယ်။

သူက ရှုဟိန်ကိုမကြည့်ချင်လို့ မေးစေ့ကိုရွှေ့လိုက် သည်။

မင်းက ရွှီကျင်း နဲ့ဘာလို့ဒီလောက်ကြီး တွဲနေတာလဲ။ သူနဲ့ ဘာမှ မဖြစ်ဘူးဆိုရင် ငါက ပြသနာဖြစ်နေတာ လား။

ရှုနင်က သူ ဘာလို့ ဒီလောက် သဘောထား သေးနေမှန်းမသိပေမယ့် သူ့ရင်ဘတ်က ပူလောင်နေတယ်။ ရှုဟိန်က ရှုနင် ဘာမှမပြောမီ ရွှီကျင်းအတွက် စကားပြောပေးနေခဲ့သည်။ ရွီှကျင်းနှင့် ရှုဟိန်  နှစ်ယောက်အကြားက ဆက်ဆံရေးက ပြသနာမရှိတာကို ရှုနင် သိသည်။ သို့ရာတွင် ...... သူ အလွန် စိတ်ဓာတ်ကျနေသေးသည်။

ရှုဟိန်က ရှုနင်ရဲ့မေးစေ့ကိုပြန်မလွှတ်ဘဲ ပိုင်စိုးပိုင်နင်း ပုံစံနဲ့ပြန်ကိုင်ထားလိုက်တယ်။

"ရှုနင်.... မင်း တကယ်ကြောက်နေတာက ဘာလဲ။
ကောလဟာလ တစ်ခုခုကြားခဲ့လို့လား။ ဒါမှမဟုတ် စစ်ထူထုံးက မင်းကို တစ်ခုခုပြောခဲ့လို့လား။ "


ရှုနင်သည် ရွှီကျင်းကို မြင်သွားစဉ်က သူက အရမ်း အံ့သြသွားပြီး သူ၏မျက်လုံးများ ချက်ချင်းပြူးကျယ် သွားခဲ့ရသည်။ ရွှီကျင်းက ရှုနင်ထက်စာရင် အများ အများကြီး ပိုသန်မာတာကို သိခဲ့တယ်ဆိုရင် စစ်ထူမိသားစုက သူကအစား ရွှီကျင်းကို ချွေးမအဖြစ် လက်ခံလိုက်လေမလား....
 

နောက်ဆုံးတော့ သူတို့ သူငယ်ချင်းနှစ်ယောက် ရဲ့ဆက်ဆံရေးက အရမ်းကောင်းခဲ့လို့  ငယ်ကတည်းက အတူကြီးပြင်းလာပြီး ဘောင်းဘီတစ်ထည်တည်းကိုတောင် ိုနှစ်ယောက်အတူတူဝေမျှတာမျိုးလည်းဖြစ်နိုင်တယ်။ ဒါက သူတို့နှစ်ယောက် ပိုနီးစပ်လာနိုင်မယ့် တစ်ခုတည်းသော နည်းလမ်း ဖြစ်နိုင်တယ်။

ရွှီကျင်း၏အရပ်သည် တစ်ရာ့ကိုးဆယ် စင်တီမီတာ ရှိပေမယ့် ရှုဟိန်ကဲ့သို့ ခန္ဓာကိုယ် ထွားကျိုင်းခြင်း မရှိပေ။ ရှုဟိန်ဘေးမှာ ရပ်နေရင် ရွှီကျင်း၏  ခန္ဓာကိုယ်သည် အနည်းငယ်ပိုသေးငယ်သွား သလိုထင်ရသည်။ ရွှီကျင်း၏ဆံပင်တွေက အရမ်းမတိုပဲ အတော်အသင့် အရှည်ထားထားပြီး သူ့မျက်နှာကောက်ကြောင်းများက နူးညံ့လို့နေသည်။ သူ၏ရှည်လျားပြီးသေးသွယ်သော မျက်လုံးများက ခပ်ဆိုးဆိုး အလှလေးပုံကို ပေါ်လွင်လာစေသည်။

တကယ်လို့ ရွှီကျင်းက Bottom ဖြစ်မယ်ဆိုရင် သူက တကယ့်ကို  အပြည့်စုံဆုံးနှင့် ဆွဲဆောင်မှုအရှိဆုံး အမျိုးအစားဖြစ်မှာ သေချာသည်။ ရွှီကျင်းကို ကြည့်ပြီး ရှုနင်သည် အပြင်းအထန် ခေါင်းကိုက်လာသလို ခံစားလိုက်ရပြီး သူ၏နဖူးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက် သည်။

" မင်းခံစားနေရတာတွေ ငါ့ကို ပြောပါ၊ ငါက နတ်ဘုရားမဟုတ်ဘူးလေ၊ မင်း ဘာတွေးနေလဲဆိုတာ ငါ ခန့်မှန်းလို မရဘူး။ မင်း ဘာတွေ စဉ်းစားနေတာလဲ၊ ငါ ငါးနှစ်သားကတည်းက ရွီှကျင်းကို ခင်မင်ခဲ့တာ၊ အဲဒါက သူငယ်ချင်း သံယောဇဉ် သက်သက်ပဲ။ ငါတို့က အခုထိ  အဆက်အသွယ် ရှိနေတုန်းပါပဲ။ ငါ အလုပ်တွေ အရမ်းရှုပ်နေတာကိုတွေ့တဲ့ အခါ၊  ငါ့အတွက် သူက နိုင်ငံခြားသွားပြီး ငါ့အလုပ်ကို ကူပေးတယ်။  သူ့မှာ ရှိတဲ့အလုပ်တွေကို သူ မကိုင်တွယ်နိုင်တဲ့အခါ ငါ သူ့ကိုကူညီပေးတယ်။ စကားလုံးနည်းနည်းနဲ့ ငါ ရှင်းပြပေးနိုင်တဲ့ အရာတစ်ခုရှိတယ်။ ငါတို့ကြားထဲမှာ သူငယ်ချင်း အကန့်ကလွဲပြီး ဘာမှ မရှိဘူး။ မင်းကို ငါ ချစ်သလား၊ မချစ်ဘူးလားဆိုတာ မင်းအသိဆုံးပါပဲ၊ ဒါကြောင့်  ငါ့အပေါ်ကို မင်း တခြားအတွေး မဝင်ပါနဲ့ကွာ....  "

ဒီအကြောင်းကိုပြောသည်ကို ကြားတော့ ရှုနင်က ပြန်ပြောခဲ့သည်။

 
"ကျွန်တော် အကိုကြီးတို့ နှစ်ယောက်ကို သံသယ မဝင် ပါဘူး၊ အကိုကြီးတို့နှစ်ယောက်က သံသယဖြစ်စရာ ကောင်းတဲ့ ဆက်ဆံရေး ရှိတယ်လို့လည်း ကျွန်တော် မပြောပါဘူး၊ အကိုကြီးက အရမ်းအတွေးလွန်နေတာ မဟုတ်လား။ ကျွန်တော့်ကို ခေါင်းရှုပ်အောင် မလုပ်ပါနဲ့တော့။အ ခုတောင် ခေါင်းကိုက်လာပြီ "

 
ရှုဟိန်က ရှုနင်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။ ရှုဟိန်က သူ့ကို ခပ်တင်းတင်း ထွေးပွေ့ထားခဲ့တယ်။

ရှုနင်သည် ရှုဟိန်၏ ပိုင်စိုးမှုနှင့် အင်အား တောင့်တင်းမှုကို ကြိုက်နှစ်သက်သည်၊ ဘာကြောင့်ပဲဖြစ်ဖြစ် အကိုကြီး သူ့ကို ခုလို ခပ်တင်းတင်းလေး ဖက်ထားလျှင် အရမ်းသဘောကျတဲ့အတွက် သူက   ဈေးပေါနေပြီလား။

 ဒါက အဖက်ခံထားရင်း ရှုနင်  တွေးခဲ့သော အရာဖြစ်သည်။

ရှုဟိန်က သူ့ကိုလက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး သူ့ကျောကို လက်တဖက်ဖြင့် သိုင်းဖက်ကာ နင်နင်ကို ငုံ့နမ်းလိုက်သည်။
 

ရွှီကျင်းက သူ့ကို ဘာလုပ်ခဲ့လဲ။  သူ သိအောင်လုပ် ရမယ်။ မဟုတ်ရင် ဒီည ရှုဟိန် အိပ်ပျော်နိုင်မည် မဟုတ်ပေ။


 
သူတို့ အိမ်ကိုပြန်လာတာနဲ့ ရှုနင်က တစ်ရေး တစ်မော အိပ်လိုက်တယ်။ ရှုဟိန်သည် အိပ်ခန်းမှ ထွက်လာပြီး ပထမထပ်ရှိပြတင်းပေါက်နားတွင်  ရပ်ကာ အပြင်ဘက်က မိုးကောင်းကင်ကိုကြည့်ရင်း  ွှရွှီကျင်းကို ဖုန်းခေါ်လိုက်တယ်။

ရွှီကျင်းက သူ့ဖုန်းမှန်းသိတေ့ ချက်ချင်း ကိုင်လိုက်သည်။


"ဘာဖြစ်လို့လဲ?"

"မင်း သတိထားမိလား။ သူ မင်းကို ကြောက်နေခဲ့တယ် "

"အမ်း၊ သူ့ မျက်နှာကဖြူဖျော့နေတယ်၊ သူ ဒါကို ဖုံးကွယ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့တယ်။ ဒါပေမယ့် ထူးဆန်းတယ်၊ ဒါက ငါ သူ့ကို ပထမဆုံး အကြိမ်တွေ့ တာလေ။ သူက ဘာကြောင့် ငါ့ကို ကြောက်နေတာလဲ"

"ထူးဆန်းတယ်၊ ဒါပေမယ့်လည်း တခြားအချက်ကြောင့်လည်း ဖြစ်နိုင်တယ် မဟုတ်ဘူး။ "

"မင်း ဘာကိုဆိုလိုတာလဲ?"

ရွှီကျင်း သည်ဉာဏ်ကြီးရှင်တစ် ဦး ဖြစ်၍ သူ၏အာရုံများသည် အလွန်ထက်မြက်သည်။ ရှုဟိန်အပြင် သူနှင့်လူများစွာက လာမရှုပ်ရဲကြပေ။ ဒါပမေယ့် အခု ရှုှုဟိန်ပြောချင်သည့် အချက်ကို သူ လုံးဝ  မသိဘဲဖြစ်နေသည်။

"သူက ငါ့ချစ်သူလေ။ "

"...... "

"ငါတို့နောက်နှစ် မတ် ၁၇ ရက်မှာလက်ထပ်မယ်။ "

"နေပါဦး!"

ရွှီကျင်းက ရှုဟိန် ပြောနေတာကို ချက်ချင်း တားလိုက်ရသည်။  သူ့စိတ်ထဲတွင် ကြားလိုက်ရသည့် စကားတွေကောင့် စိတ်က လုံးဝကို လွတ်နေသည်။

 ရွှီကျင်းလို နောက်ခံကြီးမားသည့် လူတစ်ယောက်က မမြင်ဖူး၊ မကြားဖူး၊ ရင်မဆိုင်ဖူးတာ မရှိတော့ပေ။ ဒါပေမယ့် သူ့သူငယ်ချင်းကြီး ပြောလိုက်သည့် စကားက ထိတ်လန့်စရာကောင်းလွန်းလို့ သူ့ကို သတ်ဖို့ လုံလောက်နေလေပြီ။

ရွှီကျင်းသည်ဆိုးရွားသောလေသံဖြင့် ရယ်ချလိုက်ပြီး စက္ကန့်အနည်းငယ်မျှ ကြာအောင် တိတ်သွားပြီးမှ မေးခဲ့သည်။

  "ဒါဆို မင်းက တကယ်လိင်တူချစ်သူ ပေါ့~ မင်း မိဘတွေ သိသွားရင် အဲဒါ အရမ်းအန္တရာယ်များ တယ်!"

"မင်းလည်းပဲ လိင်တူချစ်သူလို့ ငါ ထင်ခဲ့တာ"

"ဘာကြောင့်လဲ?"

"မင်းနဲ့မင်းညီလေးတို့ အရမ်းတပူးပူးရှိနေလို့...."

"မင်း လျှောက်မပြောပါနဲ့၊ အဲ့ဒါက ငါ့ညီအရင်းခေါက်ခေါက်ကွ.... ငါက သူ့ရဲ့   တကယ့်အစ်ကိုအရင်းပဲ။ အိုး ...... သူ ငါတို့ကို ဒီလိုထင်နေတာလား ... "

"ဖြစ်နိုင်တယ်။ "

"သူ့စိတ်ထဲမှာ တကယ်ကို လန့်သွားခဲ့တာပဲ၊ စောစောက ငါတို့တွေ့တဲ့အခါမှာလည်း အဲဒီခံစားချက် က သူ့ကိုယ်သူ ကန့်သတ်ချုပ်ချယ် လိုက်သလို ခံစား သွားရလို့ထင်တယ်။  မင်းက သူ့လက်တွဲဖော် ဖြစ်နေပြီဆိုတော့ မင်းလည်း ဒီဟာကို သေချာ ကိုင်တွယ် လိုက်ဦး။ မဟုတ်ရင် တနေ့ ပြသနာပေါ် လို့ မင်းနဲ့အတူ ငါ့ကိုပါ ဆွဲချသွား မိဦးမယ်။ သြော်..စစ်ထူမိသားစုကသာ ဒါကို သိသွားရင် အဲ့ကောင်လေးတော့ ကောင်းကောင်းသေပြီ.....   "

"သူ့နာမည်က စစ်ထူမိသားစု မျိုးရိုးစဉ်ဆက် အပင်မှာ ထည့်သွင်းပြီးသွားပြီ။ "

"ဘာ?"

ရွှီကျင်း၏ ခံနိုင်ရည်ကို ရှုဟိန်က တမင် တခုပြီး တခု တိုက်ခိုက်နေသလိုပဲ....

  ကြားလိုက်ရတဲ့ စကားကြောင့် ရွှီကျင်း အလွန်အံ့သြ သွားသည်။

သူတို့နှစ် ဦး ဟာ ငယ်ကတည်းက အတူတူ ကြီးပြင်းလာပြီး သူတို့ရဲ့သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးကို သူတို့ကိုယ်ပိုင်နည်းလမ်းနဲ့ သွားလာ ခဲ့ကြတာကြောင့် သူတို့နှစ် ဦး ဟာ တစ်နာရီကျော် လောက် စကားပြောခဲ့ကြပြီး  တစ်ယောက်နဲ့ တစ်ယောက် သိပ်မတွေ့ခဲ့ကြဘူး။ ရွှီကျင်းသည် မိသားစုထဲက အတိုက်အခံများကို ချေမှုန်းရန် မိမိကိုယ်ကို အားဖြည့်နေစဉ် ရှုဟိန်သည် သူ၏အချစ်ရေးနှင့်အလုပ်ရှုပ်နေသည်။ သူက ရှုနင်ကို   သူ၏ဇနီးဖြစ်လာရန်အတွက် မိသားစုနှစ်ခုကို တစ်ပြိုင်နက်တည်း ကိုင်တွယ် ဖြေရှင်းခဲ့သည်။


**************-****

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now