Chapter (21) - အစ္ကိုႀကီးကိုပဲ ယုံတယ္..(Z+U)

26.1K 3.9K 41
                                    

Chapter (21) - အစ္ကိုႀကီးကိုပဲ ယုံတယ္..(Z+U)

ဟာသမလုပ္နဲ႔ေတာ့ အစ္ကိုႀကီး.. တင္ပါးကို ေဆးထည့္ေပးမယ္ ဟုတ္လား..

မင္းအေဖႀကီးတဲ့မွ.. အာ.. အေဖက လူေကာင္းပါ.. ငါ့အေမႀကီးတဲ့မွ.. ငါ့အေမကိုပဲ ခုလိုသြားေျပာလိုက္ပါ့လား..။

ရႈနင္က ေခါင္းမာမာႏွင့္ ကိုယ္ကို လုံးဝလွည့္မလာတာျမင္ရေတာ့ ရႈဟိန္၏မ်က္ႏွာက ေမွာင္မိုက္လာၿပီး ပတ္ဝန္းက်င္ေလထုက ေအးစိမ့္လာသလို ခံစားလိုက္ရသည္။

ဟင့္အင္း..

ရႈဟိန္က စိတ္အလိုမက်ေသာေၾကာင့္ ပတ္ဝန္းက်င္တစ္ခုလုံး ေျပာင္းလဲလာတာေတြ႕ေတာ့ သူလည္း ခ်မ္းစိမ့္စိမ့္ျဖစ္လာေတာ့သည္။ အေအးဓာတ္က တစ္ကိုယ္လုံးကိုပ်ံ႕လာေတာ့သည္။

ကြၽန္ေတာ္ လုံးဝ လိုက္ေလ်ာမွာမဟုတ္ဘူး။

႐ုန္းရင္းဆန္ခတ္ေတြ စျဖစ္လာၿပီး ရႈဟိန္၏မ်က္ႏွာက ဓားတစ္စင္းလို ထက္ျမက္လာခဲ့သည္။

ရႈနင္ : "......"

ရႈဟိန္က ေရွ႕ကိုတစ္လွမ္းတိုးလာေတာ့ တစ္ကမာၻလုံးကဖိအားေတြက သူ႔ကိုယ္ေပၚက်လာသလို ခံစားလိုက္ရၿပီး ရႈနင္က ဘယ္လိုမွ ဆက္တင္းမထားႏိုင္ေတာ့ဘဲ လိမ္လိမ္မာမာနဲ႔ ေမွာက္လ်က္လဲေလ်ာင္းကာ တင္ပါးကို ေဆးလူးလို႔ေကာင္းသည့္ပုံစံျဖင့္ ေနေပးလိုက္ရေတာ့သည္။

ရႈနင္၏မ်က္ႏွာေလးက ေစာင္ထဲႏွစ္ထားၿပီး သူ႔စိတ္ထဲ ထပ္တလဲလဲေျပာေနမိသည္။ ငါက အသက္၃၀အ႐ြယ္ ဦးေလးႀကီးပဲ.. ရႈဟိန္လို ၁၈ ႏွစ္သားေလးကို ေၾကာက္ေနရမွာလား..။ ဒါက ပုံမွန္ေဆးလူးေပးတဲ့ ကိစၥေလးပါပဲ..။ ရႈဟိန္က ႏို႔နံ႔ေတာင္မစင္ေသးပါဘူးကြာ..

ေက်ာင္းမွာဆိုရင္ ႐ြယ္တူေက်ာင္းသားေတြက ငါ့ကို အဂၤလိပ္စာျပန္သင္ေပးဖို႔ေတာင္ ေျပာေနၾကတာပဲ။ စာေမးပြဲနီးလာရင္ ငါ့ဆီစာလာေမးၾကတယ္။ ဒါက လူငယ္ဘဝကိုျပန္ရလိုက္တဲ့ ေကာင္းက်ိဳးပဲေလ။ တကယ္လို႔ ငါ ေနာက္ထပ္ျပန္လည္ေမြးဖြားလာရင္ ဒီထက္ငယ္တဲ့ကေလးဘဝကိုမ်ား ေရာက္ႏိုင္ဦးမလား..။

ရႈနင္က မ်က္ႏွာကိုေမွာက္ကာ အေတြးေရယာဥ္ေၾကာမွာ ေမ်ာေနေပမယ့္ ရႈဟိန္ကေတာ့ မသိေပ။ ရႈဟိန္က ဒဏ္ေၾကလိမ္းေဆးကို လက္ဖဝါးထဲသြန္ထည့္ကာ ေဆာင့္မိလို႔နာသြားသည့္ တင္ပါးေလးထဲ စိမ့္ဝင္သြားေအာင္ အာ႐ုံစိုက္ၿပီး ေဆးလိမ္းေပးေနသည္။ ေအးေသာေဆး၏အေတြ႕၊ အစ္ကိုႀကီး၏ ညင္သာသိမ္ေမြ႕ေသာအေတြ႕ေၾကာင့္ ရႈနင္ ေနရတာ သက္ေတာင့္သက္သာ ခံစားလာရၿပီး လွည့္ၾကည့္လိုက္သည္။ ရႈဟိန္၏မ်က္လုံးက မေကာင္းေသာအႀကံအစည္ မရွိသလို၊ ေလွာင္ေျပာင္ရယ္ေမာလိုရိပ္လည္း မရွိေပ။ ဒါေပမယ့္ သူ၏ရွည္သြယ္ေသာလက္ေခ်ာင္းမ်ားက ျဖဴေဖြးေသာ ရႈနင္၏တင္ပါးမို႔မို႔ေလးေပၚ ေဆးျဖင့္ စက္ဝိုင္းလို ညင္သာစြာလိမ္းေပးေနစဥ္ သူ႔မ်က္ဝန္းအၾကည့္က ေမွးမွိန္လို႔ေနသည္။

ငါ အေတြးေခါင္မိတာပါကြာ.. (╮(╯▽╰)╭)

"နာတုန္းပဲလား.."

"သိပ္မနာေတာ့ပါဘူး အစ္ကိုႀကီး.. ဘာျဖစ္သြားလဲ သြားမေမးၾကည့္ေတာ့ဘူးလား.."

ရႈနင္က အံ့အားသင့္စြာေမးလိုက္သည္။ ရႈဟိန္၏ ေဆးလိမ္းေပးေနေသာလက္မ်ားက အနည္းငယ္တုံ႔ဆိုင္းသြားၿပီးေနာက္ ေျပာခဲ့သည္။

"မင္း သူမရဲ႕ရည္႐ြယ္ခ်က္ကို သိေနတာလား.."

ဒါက တကယ့္ကိုပါးနပ္ၿပီး ဉာဏ္ေကာင္းေသာေမးခြန္းျဖစ္သည္။ တကယ္လို႔ ရႈနင္သာ အေျဖမွားခဲ့လွ်င္ တစ္သက္လုံး စိတ္မေကာင္းဖြယ္ရလဒ္ ျဖစ္လာလိမ့္မည္။ ရႈနင္က ေသခ်ာစဥ္းစားကာ ရႈဟိန္ကိုစိုက္ၾကည့္ၿပီး ေျပာလိုက္သည္။

"ႏြားႏို႔ကိစၥက အေမလုပ္တာပဲ.. သူမေျပာတာက..."

ရႈဟိန္သည္ ရႈနင္စကားမဆုံးခင္ စိတ္လႈပ္ရွားစြာျဖင့္ တင္းတင္းဖက္လိုက္သည္။ ဖက္တာ တင္းလြန္းလို႔ ရႈနင္က အ႐ိုးမ်ားပင္ က်ိဳးေတာ့မလို ထင္ရေပမယ့္ အစ္ကိုႀကီး၏ ခုလိုတုံ႔ျပန္မႈေၾကာင့္ အရမ္းကိုဝမ္းသာေနမိသည္။ အစ္ကိုႀကီး၏လက္က သူ႔ေက်ာကိုဖိထားၿပီး သူ႔မ်က္ႏွာက အစ္ကိုႀကီးပုခုံးေပၚအပ္ကာ ၿငိမ္သက္ေနမိသည္။ ရႈနင္လည္း အစ္ကိုႀကီးကို ျပန္ၿပီးသိုင္းဖက္လိုက္သည္။

ရႈဟိန္က ဒါ ပထမဆုံး သူ႔ခံစားခ်က္ လြတ္ထြက္သြားတာျဖစ္ၿပီး သူ႔မ်က္လုံးထဲက ေမွာင္မိုက္ေနသည့္အရိပ္အေငြ႕ႏွင့္ စိတ္လႈပ္ရွားမႈကို ဘယ္သူ႔ကိုမွမျမင္ေစခ်င္ေပ။

"အစ္ကိုႀကီး.. နည္းနည္းေလွ်ာ့ေပးပါဦး.. နာ.. တယ္.."

ရႈဟိန္၏အမူအယာက ျပန္တည္ၿငိမ္သြားခဲ့ၿပီး သူ႔မ်က္ႏွာက နီသြားကာ ေျပာလိုက္သည္။

"အခန္းထဲမွာပဲေန၊ ဘယ္မွမသြားရဘူး ဟုတ္ၿပီလား.."

"ဟုတ္ကဲ့.."

ရႈနင္က စကားမဆုံးခင္ ႐ုတ္တရက္ အစ္ကိုႀကီး၏အိပ္ယာေပၚေရာက္သြားကာ ေစာင္ျဖင့္လႊမ္းၿခဳံေပးျခင္းခံလိုက္ရသည္။

ေသစမ္း..

ရႈနင္က ေစာင္ေအာက္က ႐ုန္းကန္ထြက္လာစဥ္ ရႈဟိန္က အခန္းထဲမွာမရွိေတာ့ေပ။

သူဘာေၾကာင့္ အလ်င္လိုေနရတာလဲ။

ဘာေၾကာင့္လဲဆိုေတာ့ သူက ရႈနင္ရဲ႕တင္ပါးကို ေဆးလိမ္းေပးေနရင္း သူ႔ေအာက္ပိုင္းက တင္းမာထႂကြလာေသာေၾကာင့္ျဖစ္သည္။ ကံေကာင္းေထာက္မၿပီး ကေလးေလးက မရိပ္မိခဲ့ေပ။ ဒါေၾကာင့္ ရႈဟိန္က ေဆးလိမ္းေပးၿပီး သူ႔အိပ္ခန္းထဲကေန အျမန္ေျပးထြက္လာရျခင္းျဖစ္သည္။ သူ႔ကိုယ္က ေခြၽးေတြစို႐ႊဲလို႔ေနသည္။ မိခင္နဲ႔ကေလးဆိုတာ သဘာဝအားျဖင့္ နီးစပ္ၾကတယ္ဆိုေပမယ့္ ရႈနင္က ခ်င္ယြိက်ိဳးထက္ သူႏွင့္ ဘာေၾကာင့္နီးစပ္ေနရတာလဲ..။ ဒါက မယုံႏိုင္စရာ ကံတရားပဲလား..။

ဒီလိုကိစၥႀကီးျဖစ္သြားေတာ့ အိမ္ေတာ္ထိန္းအသစ္ ဆြန္းေဟာင္ရန္က စိုးရိမ္ေနၿပီး ရႈဟိန္ အေပၚထပ္ကဆင္းလာသည္အထိ ေစာင့္ေနခဲ့သည္။

"သခင္ေလး.."

ရႈဟိန္က ထူးမျခားနားစြာျဖင့္ တည္ၿငိမ္စြာေလွ်ာက္လာၿပီး ဆိုဖာေပၚမွာထိုင္ခ်လိုက္သည္။ ဆြန္းေဟာင္ရန္က အနားမွာရပ္ကာ အစီရင္ခံလိုက္သည္။

"အခင္းျဖစ္ပြားတဲ့ေနရာကို စစ္ေဆးၿပီးပါၿပီ.. ဘာမွမသကၤာစရာ မေတြ႕ရပါဘူး.. အိမ္အလုပ္သမားေတြအားလုံးကလည္း မျမင္လိုက္ၾကပါဘူး.. CCTV မွတ္တမ္းအရ ဒုတိယသခင္ေလးနဲ႔ ခ်င္ယြိက်ိဳးၾကားမွာ လူတစ္ကိုယ္စာေလာက္ျခားေနၿပီး ခ်င္ယြိက်ိဳးေအာက္ျပဳတ္က်သြားခ်ိန္ ဒုတိယသခင္ေလးက သူ႔ဘာသာပဲရပ္ေနတာပါ.. ခုလိုျပဳတ္က်တာက တမင္သက္သက္လား၊ မေတာ္တဆလားဆိုတာ ေျပာရခက္ပါတယ္.."

CCTV တပ္ထားတယ္ဆိုတာကို ခ်င္ယြိက်ိဳးေကာ ရႈနင္ပါ မသိၾကေပ။ ဒါက ကံေကာင္းသြားတာပဲ။ မဟုတ္ရင္ မဟုတ္မမွန္စကားက အမွန္တရားျဖစ္လာႏိုင္သည္။ ရႈဟိန္သည္ အိမ္ေဖာ္ယူလာေပးေသာ ေကာ္ဖီခြက္ကိုေသာက္ရင္း မ်က္လုံးကေမွးစင္းကာ စဥ္းစားေနသည္။ သူ႔ပုံစံက ေဒါသထြက္ေနေသာပုံမေပါက္ေပ။

ရႈဟိန္၏လက္ေအာက္က ဝန္ထမ္းအေနျဖင့္ ဆြန္းေဟာင္ရန္က ရႈဟိန္ဆီကဖိအားေၾကာင့္ ေခြၽးျပန္လာခဲ့သည္။

"သခင္ေလး.. သူမက ေကာင္းတဲ့ရည္႐ြယ္ခ်က္ ရွိပုံမေပၚဘူး.. ဒီကိစၥကို အသာတၾကည္ကိုင္တြယ္လို႔မရမွာကို စိုးရိမ္မိပါတယ္.."

ရႈဟိန္က လက္ေျမႇာက္ျပလိုက္ေသာေၾကာင့္ ဆြန္းေဟာင္ရန္က ပါးစပ္ပိတ္ကာ ေနာက္တစ္လွမ္းဆုတ္ၿပီး ရပ္ေနလိုက္သည္။ ရႈဟိန္က ခ်င္ယြိက်ိဳးလုပ္သည့္အကြက္ကို သိသည္။ သူက ရႈမိသားစုပိုင္ဆိုင္မႈကို မ်က္စိထဲမွာထည့္မထားေပ။ သူ႔စိတ္ထဲမွာေတြးေနတာက ရႈနင္သူ႔ကိုေျပာလိုက္သည့္ တစ္ဝက္တစ္ပ်က္စကားကိုပဲျဖစ္သည္။ သူသိၿပီးျဖစ္လို႔ ဆက္မေျပာခိုင္းေတာ့တာျဖစ္သည္။ ရႈနင္ဆိုလိုခ်င္တာက ခ်င္ယြိက်ိဳးက သူမသားကိုအသုံးခ်ၿပီး သူ႔အေပၚကို အျပစ္ပုံခ်ခ်င္တာျဖစ္သည္။

ရႈဟိန္၏ရင္ထဲမွာ ျမစ္တစ္စင္းက အဟုန္ျပင္းျပင္းႏွင့္စီးေနသလို လႈပ္ရွားလို႔ေနသည္။ ရႈဟိန္က လူတစ္ေယာက္ကို ဘယ္ေတာ့မွလြယ္လြယ္မယုံတတ္သလို သူ႔ေဘးကိုလည္း ဘယ္သူ႔ကိုမွ ကပ္ခြင့္မျပဳခဲ့ေပ။ ခုေတာ့ ရႈနင္က အတည္ဟုတ္သည္ျဖစ္ေစ၊ မဟုတ္သည္ျဖစ္ေစ ရႈနင္ေၾကာင့္ သူ႔ရင္ေတြလႈပ္ရွားလို႔ေနခဲ့သည္။

"ရႈနင္.. ရႈနင္.. ရႈနင္.."

ေဆး႐ုံမွာ ခ်င္ယြိက်ိဳး၏ကေလးကို ကယ္ႏိုင္ခဲ့ၿပီး ဒီကေလးက ေယာက္်ားေလးျဖစ္ကာ ပုံမွန္ႀကီးထြားေနသည္ဟု ဆရာဝန္မ်ားကေျပာခဲ့သည္။ ခ်င္ယြိက်ိဳးကေတာ့ ေဆးအရွိန္ျဖင့္ အိပ္ေမာက်လို႔ေနသည္။ ဒီစကားကိုၾကားေတာ့ ရႈေကာင္း၏မ်က္ႏွာက ႐ႊင္လန္းလာခဲ့သည္။ ခ်င္ယြိက်ိဳးက အသုံးမက်ေသာမိန္းမျဖစ္ေပမယ့္ သူ႔အတြက္ ေျမးေယာက္်ားေလး၂ေယာက္ေတာင္ ေပးႏိုင္ခဲ့သည္။

အဖိုးအိုေပ်ာ္ေနေသာေၾကာင့္ သူ႔ေဘးကေလထုက ေပါ့ပါးကာ ပန္းပြင့္ေသာေႏြဦးကို ေရာက္ေနသလိုျဖစ္ေနသည္။

အေပ်ာ္ဆုံးကေတာ့ ရႈခ်ိန္ျဖစ္သည္။ သူက ဥကၠ႒တစ္ဦးအေနျဖင့္ ထာဝစဥ္ေအးေဆးတည္ၿငိမ္စြာ ေနခဲ့ေပမယ့္ အခုေတာ့ မ်က္ႏွာကနီရဲကာ စိတ္လႈပ္ရွားစြာျဖင့္ လက္ဝါးခ်င္းပြတ္ေနမိသည္။

"အေဖ.. အေဖက သိပ္က်န္းမာတာမဟုတ္ဘူး.. အိမ္ျပန္နားပါေတာ့.. ကြၽန္ေတာ္ ယြိက်ိဳးကို ေစာင့္ေနေပးပါ့မယ္.."

ရႈေကာင္းက အိမ္ေတာ္ထိန္းႀကီးႏွင့္အတူ အိမ္ေတာ္ကိုျပန္လာခဲ့သည္။ ကားထဲတြင္ အိမ္ေတာ္ထိန္းေဟာင္းက တစ္ခုခုေျပာမည္အျပဳ ရႈေကာင္းက ျဖတ္ေျပာလိုက္သည္။

"မင္းဘာေျပာခ်င္တယ္ဆိုတာ ငါသိတယ္.. ခ်င္ယြိက်ိဳးက လူေကာင္းတစ္ေယာက္မဟုတ္လို႔ ေရွ႕ဆက္ဘာျဖစ္မလဲဆိုတာ ေစာင့္ၾကည့္ၾကတာေပါ့.."

"ကြၽန္ေတာ္ေတာ့ သခင့္ကို သတိေပးသင့္တယ္ထင္တာပဲ.."

"သတိေပးမယ္ ဟုတ္လား.. ခ်င္ယြိက်ိဳးက သူ႔ကိုျပဳစားထားလိုက္ၿပီ.. သူ႔ရင္ထဲမွာ အခ်စ္ကလြဲၿပီး ဘာမွကိုမျမင္ေတာ့ဘူး.. ႏွစ္ေတြဒီေလာက္ၾကာေနတာေတာင္ သူက ခုထိ ဒီမိန္းမရဲ႕စိတ္ရင္းမွန္ကို မျမင္ႏိုင္ေသးဘူး.. တကယ့္ကို အသိဉာဏ္မဲ့တဲ့ေကာင္.."

"သူတို႔က အိမ္ေထာင္ဖက္ေကာင္းေတြဆိုရင္ေတာ့ ထားလိုက္ပါေတာ့.. ဒါေပမယ့္ ဒီေန႔လုပ္ရပ္က သိသာေနတာပဲ.. သခင္က..."

"စိတ္မပူနဲ႔.. ရႈခ်ိန္က ေသသြားရင္ေတာင္မွ ရႈဟိန္အေပၚ သံသယမဝင္ဘူး.. ခ်င္ယြိက်ိဳးက မီးနဲ႔ကစားေနတာပဲ.. ငါပိုစိတ္ပူမိတာက နင္နင္ပဲ.."

ရႈနင္က သူ႔ေဘးမွာႀကီးျပင္းလာရတာ မဟုတ္ေပ။ တကယ္လို႔ သူ႔မွာ ခ်င္ယြိက်ိဳးလိုစ႐ိုက္ ပါလာခဲ့ရင္ သူ ဘယ္လိုမွခြင့္မျပဳႏိုင္ေပ။

အိမ္ေတာ္ထိန္းေဟာင္းႀကီးက စိတ္ပူကာ သူ႔အေတြးကိုေျပာလိုက္သည္။

"အစ္ကိုႀကီး.. ဒီကေလးက သနားစရာေကာင္းေနပါၿပီ.. သူ႔ခမ်ာ ဒီလိုတြက္ခ်က္တတ္တဲ့ မေအမ်ိဳးရွိေနရတယ္.. သူ႔ကို ေ႐ြးခ်ယ္ခြင့္ျပဳမယ့္အစား အနားေခၚၿပီး သီးသန႔္သင္ၾကားေပးရင္ေကာ.. ဒါဆို အစ္ကိုႀကီး စိတ္မညစ္ရေတာ့ဘူး.."

ရႈေကာင္းက ဘာမွမေျပာေပမယ့္ ႏႈတ္ခမ္းက ေက်နပ္စြာတြန႔္ေကြးသြားခဲ့သည္။ ဒီလိုမ်ိဳး သူႀကိဳေတြးထားၿပီးျဖစ္သည္။ ရႈေကာင္းက ရႈနင္ကို အနီးကပ္ပ်ိဳးေထာင္ဖို႔ကို ရႈဟိန္ကို မ်က္စိထဲေျပးျမင္လိုက္သည္။ ရႈဟိန္က ရႈနင္ႏွင့္ ရင္းႏွီးၿပီးသားျဖစ္သည္။

ရႈေကာင္း၏ရင္ထဲ ခါးသက္ခ်ိဳၿမိန္စြာ ခံစားလိုက္ရသည္။ တကယ္လို႔ သူ႔ေသြးရင္းေျမးရင္း ရႈနင္သာ ရႈဟိန္ေလာက္ေတာ္ရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲ..။

ရႈနင္က သူ႔အခန္းထဲ စာဖတ္ၿပီး ေန႔လည္စာကို စတုတၳထပ္မွာ အဖိုးႏွင့္အတူ သြားစားလိုက္သည္။ အဖိုးက ေပ်ာ္ေနပုံရလို႔ ေမးၾကည့္ေတာ့ သူ႔ရဲ႕တတိယေျမးေယာက္်ားေလးအေၾကာင္းကို သိလိုက္သည္။

တတိယေျမးေယာက္်ားေလး... ငါ ေအာ္ဟစ္လိုက္ခ်င္ေတာ့တယ္.. (→_→)

ရႈနင္က ေပ်ာ္႐ႊင္ရိပ္ကိုျပလိုက္ၿပီး အဖိုး၏ပန္းကန္ထဲ ဟင္းမ်ားထည့္ေပးလိုက္သည္။ ရႈေကာင္းက စာေမးပြဲနဲ႔ပတ္သက္ၿပီး ရႈနင္ကိုေမးေတာ့ ရႈနင္က သူစာက်က္သည့္အခ်ိန္ဇယားကို ေျပာျပလိုက္သည္။ ရႈနင္က အဖိုးကိုအေဖာ္ျပဳေပးကာ သူရယ္ေမာေပ်ာ္႐ႊင္ေအာင္ လုပ္ေပးေနေသာေၾကာင့္ ရႈေကာင္းက ဟက္ဟက္ပက္ပက္ ရယ္ေမာလိုက္သည္။ အိမ္ေတာ္ထိန္းေျပာတာမွန္တယ္၊ ဒီကေလးရႈနင္က ေက်ာင္းစာကိုအာ႐ုံစိုက္ၿပီး က်ိဳးႏြံယဥ္ေက်းတယ္၊ စိတ္ထားေကာင္းတယ္၊ ဒီကေလးကို ေသခ်ာျပဳစုပ်ိဳးေထာင္ဖို႔ ရႈေကာင္း ဆုံးျဖတ္ခ်က္ခ်လိုက္ေတာ့သည္။

ရႈနင္က စာဖတ္ၿပီး ဒုတိယထပ္ျပန္ဆင္းလာေတာ့ သူ႔ကို တစ္ေယာက္ေယာက္စိုက္ၾကည့္ေနသလို ခံစားလိုက္ရၿပီး ေနာက္ကိုလွည့္ၾကည့္လိုက္သည္။

အမူအယာကင္းမဲ့စြာျဖင့္ ရႈဟိန္က သူ႔ကိုစိုက္ၾကည့္လို႔ေနသည္။

ဘာျဖစ္လို႔လဲ.. ငါ ဘာလုပ္လိုက္မိလို႔လဲ..

ရႈနင္ရဲ႕ေျခေထာက္ေတြ ေပ်ာ့ေခြက်မလို ခံစားလိုက္ရသည္။ မနက္ကလည္း အစ္ကိုႀကီးရဲ႕အၾကည့္ေၾကာင့္ ေသလုေမ်ာပါးခံစားလိုက္ရၿပီးၿပီ။ ခုလည္း တစ္စစီခ်ိဳးဖဲ့ေတာ့မလား ထင္ရသည္။ ရႈနင္က ေၾကာက္လာၿပီး လွည့္ကာေျပးဖို႔ျပင္လိုက္သည္။

ရႈဟိန္က သူ႔ေနာက္ကိုခ်က္ခ်င္းေရာက္လာၿပီး ရႈနင္၏လက္ေမာင္းကို ဆုပ္ကိုင္ကာ ဆြဲလွည့္လိုက္သည္။ ၿပီးေတာ့ ရႈနင္၏မ်က္ႏွာကို လက္ေခ်ာင္းျဖင့္ပင့္မလိုက္သည္။

အစ္ကိုႀကီး၏မ်က္ဝန္းထဲက ေအးစက္စက္အၾကည့္ေၾကာင့္ ရႈနင္က မ်က္ဝန္းခ်င္းဆိုင္မၾကည့္ရဲဘဲ ညာဘက္ကိုလႊဲကာ ၾကည့္လိုက္သည္။

"ငါ့ကိုၾကည့္.."

ဟင့္အင္း.. ကြၽန္ေတာ္ မၾကည့္ရဲဘူး.. ရႈနင္၏အသည္း၊ အဆုတ္၊ ႏွလုံးတို႔ေတာင္ ေအာင့္လာသလို ခံစားလိုက္ရသည္။

"ဘာျဖစ္လို႔လဲ.."

မင္းကေမးရဲေသးတာလား..။ အဲ့တာမင္းေၾကာင့္ေလ..။ ဘာေၾကာင့္ ခုထိ သေဘာမေပါက္ေသးတာလဲ..။

ရႈနင္က ေပ်ာ့ေျပာင္းစြာေမးလိုက္သည္။

"အစ္ကိုႀကီး.. ကြၽန္ေတာ္အိပ္ခ်င္ေနၿပီ.."

"သြားေတာ့.."

ရႈနင္က စိတ္သက္သာရာရစြာ သက္ျပင္းရႈိက္လိုက္ၿပီး 'ေနာက္က်တဲ့ေျခေထာက္ သစၥာေဖာက္' ဟုေတြးကာ သူ႔အခန္းဆီ သုတ္ေျခတင္ေတာ့သည္။

ရႈဟိန္က ထိုေနရာမွာ ရပ္က်န္ရစ္ခဲ့သည္။ တကယ္ေတာ့ သူက ကေလးေလးႏွင့္ ေန႔လည္စာအတူစားရဖို႔ ေစာင့္ေနတာျဖစ္သည္။

ေနာက္၂ရက္ၾကာေတာ့ ခ်င္ယြိက်ိဳးက ေဆး႐ုံကဆင္းလာသျဖင့္ ရႈဟိန္ႏွင့္ ရႈနင္က လူျမင္ကြင္းမွာ ဘာမွပတ္သက္မႈမရွိသလို ေနၾကေပမယ့္ ညတိုင္း အတူတူ တစ္ခုတင္တည္းအိပ္ၾကသည္။

ရႈခ်ိန္က ေနာက္ကေလးရွိတာကို ဂုဏ္ယူစြာေၾကျငာၿပီး ရႈေယာင္းဟုနာမည္ေပးထားသည္။ အံ့ၾသစရာေကာင္းလိုက္တာ.. ဒီေကာင္ေလးက ေမြးေတာင္မေမြးလာေသးဘူး၊ နာမည္ေတာင္ေပးၿပီးေနၿပီပဲ..။

ရႈေကာင္းလည္း စိတ္ၾကည္ေနၿပီး ေပ်ာ္႐ႊင္စြာျဖင့္ ေခြၽးမျဖစ္သူကိုၾကည့္ကာ ေျပာလိုက္သည္။

"ေကာင္းၿပီ.. ငါတို႔မိသားစုမွာ သမီးမိန္းကေလး လိုေနေသးတယ္ကြဲ႕.."

သူမက ခ်က္ခ်င္းေခါင္းညိတ္ကာ ရွက္႐ြံ႕စြာေျပာလိုက္သည္။

"ကြၽန္မတို႔ ႀကိဳးစားပါ့မယ္ အေဖ.."

ရႈနင္က ေခါင္းငုံ႔ကာထမင္းစားရင္း ဒီ Show ပြဲကို တိတ္တဆိတ္ၾကည့္ေနသည္။ ခ်င္ယြိက်ိဳးက သူမေလွကားေပၚကျပဳတ္က်သည့္ကိစၥကို အစမေဖာ္ရဲေပ။ သူမက ရႈခ်ိန္၏အမူအယာကို အကဲခတ္ေနသည္။ တကယ္လို႔ ရႈခ်ိန္ကသာ သံသယဝင္ခဲ့ရင္ သူမက ကိစၥတစ္ခုလုံးကို ရႈဟိန္ေခါင္းေပၚတြန္းခ်ဖို႔ အသင့္ျပင္ထားၿပီးျဖစ္သည္။ တကယ္လို႔ ရႈခ်ိန္က သူမကိုယုံၾကည္ခဲ့ရင္ သူမက ဂုဏ္သိကၡာတက္လာမည္ျဖစ္သည္။

ေန႔လည္စာစားၿပီးေတာ့ ရႈခ်ိန္က ခ်င္ယြိက်ိဳးကိုတြဲကာ အေပၚထပ္တက္သြားသည္။ ရႈေကာင္းက ဘာမွမေျပာေပ။

ရႈနင္က ေနာက္ကေန အေပၚကိုလိုက္တက္လာခဲ့သည္။ ခ်င္ယြိက်ိဳးက ေနာက္ကေန ရႈနင္လိုက္လာတာသိေပမယ့္ မသိဟန္ေဆာင္ကာ ရႈခ်ိန္၏လက္ကိုဆုပ္ကိုင္ၿပီး ေျပာလိုက္သည္။

"ရႈဟိန္ရဲ႕ ေအးေဆးတည္ၿငိမ္တဲ့အမူအယာကိုၾကည့္ရင္ တမင္သက္သက္လုပ္တာ မဟုတ္ေလာက္ပါဘူး.. သူက ကြၽန္မလက္ေမာင္းကို နည္းနည္းလွမ္းထိလိုက္တာ.. ကြၽန္မဘာသာ သတိမထားမိလို႔ ျပဳတ္က်သြားတာပါ.. ဒါေၾကာင့္ ဒီကိစၥက အထင္မွား႐ုံေလာက္ပါ.. သူစိတ္မေကာင္းျဖစ္ေနဦးမယ္.. ရႈဟိန္ကို သြားေမးမေနနဲ႔ေတာ့ေနာ္.."

"ကိုယ္သိပါတယ္.."

ခ်င္ယြိက်ိဳးက စိတ္သက္သာရာရသြားသလို ဟန္ေဆာင္ကာ ဆက္ေျပာလိုက္သည္။

"ကြၽန္မက သူ႔ကို ႐ိုး႐ိုးသားသား ဆက္ဆံတာပါပဲ.. ဒါေပမယ့္ သူက ဆယ္ေက်ာ္သက္အ႐ြယ္ေရာက္စဆိုေတာ့ ကြၽန္မကို တမ်ိဳးေတြးပုံရတယ္.. သူလည္း မၾကာခင္ ၿမိဳ႕ေတာ္ကို စာသင္ဖို႔သြားေတာ့မွာ.. ကြၽန္မလည္း အဆင္ေျပသြားမွာပါရွင္.."

အမွန္တိုင္းေျပာရရင္ ရႈခ်ိန္က သူ႔သားႀကီးကို လုံးဝသံသယမဝင္ေပ။

"မင္းလည္း ခက္ခဲမွာပဲ.."

ရႈဟိန္က လိမ္မာတဲ့ကေလးပါ..၊ ဒါေပမယ့္ သူက ေအးလြန္းၿပီး သူ႔ေဘးမွာ ေတာ္႐ုံလူ မေနႏိုင္ေပ။ ခ်င္ယြိက်ိဳးလိုႏွိမ့္ခ်တဲ့မိန္းမေတာင္ သူ႔သားႀကီးေဘးကို မကပ္ႏိုင္ေလာက္ဟု ရႈခ်ိန္ကေတြးေနသည္။

"ဒီမိသားစုအတြက္.."

ခ်င္ယြိက်ိဳးက ခုမွ ရႈနင္ကိုသတိထားမိသလိုလုပ္ကာ အေၾကာင္းအရာေျပာင္းလိုက္သည္။

"ေရွာင္နင္လည္း မၾကာခင္ စာေမးပြဲေျဖရေတာ့မယ္.."

ရႈခ်ိန္၏မ်က္ဝန္းမ်ားက ႏူးညံ့လာၿပီး ေမးလိုက္သည္။

"အင္း.. တကယ္လို႔ သူက အဆင့္ေကာင္းေကာင္းရရင္ ငါတို႔သားေလးကို ဘာဆုေပးၾကမလဲ.."

"သား computer လိုခ်င္တယ္.."

ရႈနင္က တိုးတိုးေျပာၿပီးေနာက္ ခ်င္ယြိက်ိဳးႏွင့္ကစားရမွာ ပ်င္းေသာေၾကာင့္ ေရွာင္ထြက္လိုက္သည္။

"သား သြားတိုက္လိုက္ဦးမယ္.."

ရႈခ်ိန္က သူ႔ပိုက္ဆံအိတ္ကိုထုတ္လိုက္ခ်ိန္ ရွက္႐ြံ႕ေနေသာကေလးက ဟိုးအေဝးကိုထြက္ေျပးသြားခဲ့ေလၿပီ။

ခ်င္ယြိက်ိဳး၏အၾကည့္မ်ားက ေမွ်ာ္လင့္ခ်က္ျဖင့္ တဖ်ပ္ဖ်ပ္လက္ေနသည္။ သူမေျပာလိုက္သည့္စကားမ်ားက ေယာက္်ားတစ္ေယာက္ရင္ထဲကို ေရာက္သြားသလို ရႈဟိန္ႏွင့္ရႈနင္ၾကား အမုန္းတရားကို ေမြးဖြားဖို႔ မ်ိဳးေစ့ခ်ၿပီးသားျဖစ္သြားသည္။ ခဲတစ္လုံးႏွင့္ ငွက္ႏွစ္ေကာင္ပစ္လိုက္တယ္ဆိုတာ ဒါကိုေျပာတာပဲ။

ဒါေပမယ့္ သူမမသိတဲ့အခ်က္က ရႈနင္က ဒါေတြအားလုံးကို ႀကိဳျမင္ထားၿပီးျဖစ္သည္။ ဒါ့အျပင္ သူက ရႈဟိန္ကို ေလးစားကာ ခ်စ္ခင္ယုံၾကည္ၿပီးျဖစ္သည္။

ရႈဟိန္က ဒုတိယေျမကြက္မွ project ႏွင့္ပတ္သက္ေသာ အခ်က္အလက္စာ႐ြက္စာတမ္းမ်ားကို ၾကည့္ေနစဥ္ ရႈနင္က သစ္သီးပန္းကန္ကိုကိုင္ကာ စာဖတ္ခန္းထဲဝင္လာသည္။ သူက မ်က္ႏွာေတာ့ေျပာင္သည္၊ ဘယ္သူက စစ္ေအးတိုက္ပြဲကို စခဲ့တာလဲ.. (→_→)

ရႈဟိန္က အရပ္ရွည္ရွည္ႏွင့္ တကယ့္ကိုၿပိဳင္စံရွားနတ္ဘုရားလို အသေရတင့္တယ္သူျဖစ္သည္။ ရႈနင္က တိတ္တိတ္ေလးႀကံစည္ေနသည္။ ဒါက ခ်စ္စရာေကာင္းသည့္ပုံစံ ျဖစ္သြားႏိုင္တာပဲေလ။

"အစ္ကို.. တ႐ုတ္တိုင္းရင္းေဆးက အရမ္းခါးတယ္.. ကြၽန္ေတာ္ မေသာက္ဘဲေနလို႔ရလားဟင္.."

ရႈဟိန္က စာ႐ြက္စာတမ္းကိုခ်ကာ ရႈနင္ဘက္ၾကည့္လာရင္း သူ႔ဆီလာဖို႔ လက္ယပ္ေခၚလိုက္သည္။

==========================

Chapter (21) - အစ်ကိုကြီးကိုပဲ ယုံတယ်..(Z+U)

ဟာသမလုပ်နဲ့တော့ အစ်ကိုကြီး.. တင်ပါးကို ဆေးထည့်ပေးမယ် ဟုတ်လား..

မင်းအဖေကြီးတဲ့မှ.. အာ.. အဖေက လူကောင်းပါ.. ငါ့အမေကြီးတဲ့မှ.. ငါ့အမေကိုပဲ ခုလိုသွားပြောလိုက်ပါ့လား..။

ရှုနင်က ခေါင်းမာမာနှင့် ကိုယ်ကို လုံးဝလှည့်မလာတာမြင်ရတော့ ရှုဟိန်၏မျက်နှာက မှောင်မိုက်လာပြီး ပတ်ဝန်းကျင်လေထုက အေးစိမ့်လာသလို ခံစားလိုက်ရသည်။

ဟင့်အင်း..

ရှုဟိန်က စိတ်အလိုမကျသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲလာတာတွေ့တော့ သူလည်း ချမ်းစိမ့်စိမ့်ဖြစ်လာတော့သည်။ အအေးဓာတ်က တစ်ကိုယ်လုံးကိုပျံ့လာတော့သည်။

ကျွန်တော် လုံးဝ လိုက်လျောမှာမဟုတ်ဘူး။

ရုန်းရင်းဆန်ခတ်တွေ စဖြစ်လာပြီး ရှုဟိန်၏မျက်နှာက ဓားတစ်စင်းလို ထက်မြက်လာခဲ့သည်။

ရှုနင် : "......"

ရှုဟိန်က ရှေ့ကိုတစ်လှမ်းတိုးလာတော့ တစ်ကမ္ဘာလုံးကဖိအားတွေက သူ့ကိုယ်ပေါ်ကျလာသလို ခံစားလိုက်ရပြီး ရှုနင်က ဘယ်လိုမှ ဆက်တင်းမထားနိုင်တော့ဘဲ လိမ်လိမ်မာမာနဲ့ မှောက်လျက်လဲလျောင်းကာ တင်ပါးကို ဆေးလူးလို့ကောင်းသည့်ပုံစံဖြင့် နေပေးလိုက်ရတော့သည်။

ရှုနင်၏မျက်နှာလေးက စောင်ထဲနှစ်ထားပြီး သူ့စိတ်ထဲ ထပ်တလဲလဲပြောနေမိသည်။ ငါက အသက်၃၀အရွယ် ဦးလေးကြီးပဲ.. ရှုဟိန်လို ၁၈ နှစ်သားလေးကို ကြောက်နေရမှာလား..။ ဒါက ပုံမှန်ဆေးလူးပေးတဲ့ ကိစ္စလေးပါပဲ..။ ရှုဟိန်က နို့နံ့တောင်မစင်သေးပါဘူးကွာ..

ကျောင်းမှာဆိုရင် ရွယ်တူကျောင်းသားတွေက ငါ့ကို အင်္ဂလိပ်စာပြန်သင်ပေးဖို့တောင် ပြောနေကြတာပဲ။ စာမေးပွဲနီးလာရင် ငါ့ဆီစာလာမေးကြတယ်။ ဒါက လူငယ်ဘဝကိုပြန်ရလိုက်တဲ့ ကောင်းကျိုးပဲလေ။ တကယ်လို့ ငါ နောက်ထပ်ပြန်လည်မွေးဖွားလာရင် ဒီထက်ငယ်တဲ့ကလေးဘဝကိုများ ရောက်နိုင်ဦးမလား..။

ရှုနင်က မျက်နှာကိုမှောက်ကာ အတွေးရေယာဉ်ကြောမှာ မျောနေပေမယ့် ရှုဟိန်ကတော့ မသိပေ။ ရှုဟိန်က ဒဏ်ကြေလိမ်းဆေးကို လက်ဖဝါးထဲသွန်ထည့်ကာ ဆောင့်မိလို့နာသွားသည့် တင်ပါးလေးထဲ စိမ့်ဝင်သွားအောင် အာရုံစိုက်ပြီး ဆေးလိမ်းပေးနေသည်။ အေးသောဆေး၏အတွေ့၊ အစ်ကိုကြီး၏ ညင်သာသိမ်မွေ့သောအတွေ့ကြောင့် ရှုနင် နေရတာ သက်တောင့်သက်သာ ခံစားလာရပြီး လှည့်ကြည့်လိုက်သည်။ ရှုဟိန်၏မျက်လုံးက မကောင်းသောအကြံအစည် မရှိသလို၊ လှောင်ပြောင်ရယ်မောလိုရိပ်လည်း မရှိပေ။ ဒါပေမယ့် သူ၏ရှည်သွယ်သောလက်ချောင်းများက ဖြူဖွေးသော ရှုနင်၏တင်ပါးမို့မို့လေးပေါ် ဆေးဖြင့် စက်ဝိုင်းလို ညင်သာစွာလိမ်းပေးနေစဉ် သူ့မျက်ဝန်းအကြည့်က မှေးမှိန်လို့နေသည်။

ငါ အတွေးခေါင်မိတာပါကွာ.. (╮(╯▽╰)╭)

"နာတုန်းပဲလား.."

"သိပ်မနာတော့ပါဘူး အစ်ကိုကြီး.. ဘာဖြစ်သွားလဲ သွားမမေးကြည့်တော့ဘူးလား.."

ရှုနင်က အံ့အားသင့်စွာမေးလိုက်သည်။ ရှုဟိန်၏ ဆေးလိမ်းပေးနေသောလက်များက အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက် ပြောခဲ့သည်။

"မင်း သူမရဲ့ရည်ရွယ်ချက်ကို သိနေတာလား.."

ဒါက တကယ့်ကိုပါးနပ်ပြီး ဉာဏ်ကောင်းသောမေးခွန်းဖြစ်သည်။ တကယ်လို့ ရှုနင်သာ အဖြေမှားခဲ့လျှင် တစ်သက်လုံး စိတ်မကောင်းဖွယ်ရလဒ် ဖြစ်လာလိမ့်မည်။ ရှုနင်က သေချာစဉ်းစားကာ ရှုဟိန်ကိုစိုက်ကြည့်ပြီး ပြောလိုက်သည်။

"နွားနို့ကိစ္စက အမေလုပ်တာပဲ.. သူမပြောတာက..."

ရှုဟိန်သည် ရှုနင်စကားမဆုံးခင် စိတ်လှုပ်ရှားစွာဖြင့် တင်းတင်းဖက်လိုက်သည်။ ဖက်တာ တင်းလွန်းလို့ ရှုနင်က အရိုးများပင် ကျိုးတော့မလို ထင်ရပေမယ့် အစ်ကိုကြီး၏ ခုလိုတုံ့ပြန်မှုကြောင့် အရမ်းကိုဝမ်းသာနေမိသည်။ အစ်ကိုကြီး၏လက်က သူ့ကျောကိုဖိထားပြီး သူ့မျက်နှာက အစ်ကိုကြီးပုခုံးပေါ်အပ်ကာ ငြိမ်သက်နေမိသည်။ ရှုနင်လည်း အစ်ကိုကြီးကို ပြန်ပြီးသိုင်းဖက်လိုက်သည်။

ရှုဟိန်က ဒါ ပထမဆုံး သူ့ခံစားချက် လွတ်ထွက်သွားတာဖြစ်ပြီး သူ့မျက်လုံးထဲက မှောင်မိုက်နေသည့်အရိပ်အငွေ့နှင့် စိတ်လှုပ်ရှားမှုကို ဘယ်သူ့ကိုမှမမြင်စေချင်ပေ။

"အစ်ကိုကြီး.. နည်းနည်းလျှော့ပေးပါဦး.. နာ.. တယ်.."

ရှုဟိန်၏အမူအယာက ပြန်တည်ငြိမ်သွားခဲ့ပြီး သူ့မျက်နှာက နီသွားကာ ပြောလိုက်သည်။

"အခန်းထဲမှာပဲနေ၊ ဘယ်မှမသွားရဘူး ဟုတ်ပြီလား.."

"ဟုတ်ကဲ့.."

ရှုနင်က စကားမဆုံးခင် ရုတ်တရက် အစ်ကိုကြီး၏အိပ်ယာပေါ်ရောက်သွားကာ စောင်ဖြင့်လွှမ်းခြုံပေးခြင်းခံလိုက်ရသည်။

သေစမ်း..

ရှုနင်က စောင်အောက်က ရုန်းကန်ထွက်လာစဉ် ရှုဟိန်က အခန်းထဲမှာမရှိတော့ပေ။

သူဘာကြောင့် အလျင်လိုနေရတာလဲ။

ဘာကြောင့်လဲဆိုတော့ သူက ရှုနင်ရဲ့တင်ပါးကို ဆေးလိမ်းပေးနေရင်း သူ့အောက်ပိုင်းက တင်းမာထကြွလာသောကြောင့်ဖြစ်သည်။ ကံကောင်းထောက်မပြီး ကလေးလေးက မရိပ်မိခဲ့ပေ။ ဒါကြောင့် ရှုဟိန်က ဆေးလိမ်းပေးပြီး သူ့အိပ်ခန်းထဲကနေ အမြန်ပြေးထွက်လာရခြင်းဖြစ်သည်။ သူ့ကိုယ်က ချွေးတွေစိုရွှဲလို့နေသည်။ မိခင်နဲ့ကလေးဆိုတာ သဘာဝအားဖြင့် နီးစပ်ကြတယ်ဆိုပေမယ့် ရှုနင်က ချင်ယွိကျိုးထက် သူနှင့် ဘာကြောင့်နီးစပ်နေရတာလဲ..။ ဒါက မယုံနိုင်စရာ ကံတရားပဲလား..။

ဒီလိုကိစ္စကြီးဖြစ်သွားတော့ အိမ်တော်ထိန်းအသစ် ဆွန်းဟောင်ရန်က စိုးရိမ်နေပြီး ရှုဟိန် အပေါ်ထပ်ကဆင်းလာသည်အထိ စောင့်နေခဲ့သည်။

"သခင်လေး.."

ရှုဟိန်က ထူးမခြားနားစွာဖြင့် တည်ငြိမ်စွာလျှောက်လာပြီး ဆိုဖာပေါ်မှာထိုင်ချလိုက်သည်။ ဆွန်းဟောင်ရန်က အနားမှာရပ်ကာ အစီရင်ခံလိုက်သည်။

"အခင်းဖြစ်ပွားတဲ့နေရာကို စစ်ဆေးပြီးပါပြီ.. ဘာမှမသင်္ကာစရာ မတွေ့ရပါဘူး.. အိမ်အလုပ်သမားတွေအားလုံးကလည်း မမြင်လိုက်ကြပါဘူး.. CCTV မှတ်တမ်းအရ ဒုတိယသခင်လေးနဲ့ ချင်ယွိကျိုးကြားမှာ လူတစ်ကိုယ်စာလောက်ခြားနေပြီး ချင်ယွိကျိုးအောက်ပြုတ်ကျသွားချိန် ဒုတိယသခင်လေးက သူ့ဘာသာပဲရပ်နေတာပါ.. ခုလိုပြုတ်ကျတာက တမင်သက်သက်လား၊ မတော်တဆလားဆိုတာ ပြောရခက်ပါတယ်.."

CCTV တပ်ထားတယ်ဆိုတာကို ချင်ယွိကျိုးကော ရှုနင်ပါ မသိကြပေ။ ဒါက ကံကောင်းသွားတာပဲ။ မဟုတ်ရင် မဟုတ်မမှန်စကားက အမှန်တရားဖြစ်လာနိုင်သည်။ ရှုဟိန်သည် အိမ်ဖော်ယူလာပေးသော ကော်ဖီခွက်ကိုသောက်ရင်း မျက်လုံးကမှေးစင်းကာ စဉ်းစားနေသည်။ သူ့ပုံစံက ဒေါသထွက်နေသောပုံမပေါက်ပေ။

ရှုဟိန်၏လက်အောက်က ဝန်ထမ်းအနေဖြင့် ဆွန်းဟောင်ရန်က ရှုဟိန်ဆီကဖိအားကြောင့် ချွေးပြန်လာခဲ့သည်။

"သခင်လေး.. သူမက ကောင်းတဲ့ရည်ရွယ်ချက် ရှိပုံမပေါ်ဘူး.. ဒီကိစ္စကို အသာတကြည်ကိုင်တွယ်လို့မရမှာကို စိုးရိမ်မိပါတယ်.."

ရှုဟိန်က လက်မြှောက်ပြလိုက်သောကြောင့် ဆွန်းဟောင်ရန်က ပါးစပ်ပိတ်ကာ နောက်တစ်လှမ်းဆုတ်ပြီး ရပ်နေလိုက်သည်။ ရှုဟိန်က ချင်ယွိကျိုးလုပ်သည့်အကွက်ကို သိသည်။ သူက ရှုမိသားစုပိုင်ဆိုင်မှုကို မျက်စိထဲမှာထည့်မထားပေ။ သူ့စိတ်ထဲမှာတွေးနေတာက ရှုနင်သူ့ကိုပြောလိုက်သည့် တစ်ဝက်တစ်ပျက်စကားကိုပဲဖြစ်သည်။ သူသိပြီးဖြစ်လို့ ဆက်မပြောခိုင်းတော့တာဖြစ်သည်။ ရှုနင်ဆိုလိုချင်တာက ချင်ယွိကျိုးက သူမသားကိုအသုံးချပြီး သူ့အပေါ်ကို အပြစ်ပုံချချင်တာဖြစ်သည်။

ရှုဟိန်၏ရင်ထဲမှာ မြစ်တစ်စင်းက အဟုန်ပြင်းပြင်းနှင့်စီးနေသလို လှုပ်ရှားလို့နေသည်။ ရှုဟိန်က လူတစ်ယောက်ကို ဘယ်တော့မှလွယ်လွယ်မယုံတတ်သလို သူ့ဘေးကိုလည်း ဘယ်သူ့ကိုမှ ကပ်ခွင့်မပြုခဲ့ပေ။ ခုတော့ ရှုနင်က အတည်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ရှုနင်ကြောင့် သူ့ရင်တွေလှုပ်ရှားလို့နေခဲ့သည်။

"ရှုနင်.. ရှုနင်.. ရှုနင်.."

ဆေးရုံမှာ ချင်ယွိကျိုး၏ကလေးကို ကယ်နိုင်ခဲ့ပြီး ဒီကလေးက ယောက်ျားလေးဖြစ်ကာ ပုံမှန်ကြီးထွားနေသည်ဟု ဆရာဝန်များကပြောခဲ့သည်။ ချင်ယွိကျိုးကတော့ ဆေးအရှိန်ဖြင့် အိပ်မောကျလို့နေသည်။ ဒီစကားကိုကြားတော့ ရှုကောင်း၏မျက်နှာက ရွှင်လန်းလာခဲ့သည်။ ချင်ယွိကျိုးက အသုံးမကျသောမိန်းမဖြစ်ပေမယ့် သူ့အတွက် မြေးယောက်ျားလေး၂ယောက်တောင် ပေးနိုင်ခဲ့သည်။

အဖိုးအိုပျော်နေသောကြောင့် သူ့ဘေးကလေထုက ပေါ့ပါးကာ ပန်းပွင့်သောနွေဦးကို ရောက်နေသလိုဖြစ်နေသည်။

အပျော်ဆုံးကတော့ ရှုချိန်ဖြစ်သည်။ သူက ဥက္ကဋ္ဌတစ်ဦးအနေဖြင့် ထာဝစဉ်အေးဆေးတည်ငြိမ်စွာ နေခဲ့ပေမယ့် အခုတော့ မျက်နှာကနီရဲကာ စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးချင်းပွတ်နေမိသည်။

"အဖေ.. အဖေက သိပ်ကျန်းမာတာမဟုတ်ဘူး.. အိမ်ပြန်နားပါတော့.. ကျွန်တော် ယွိကျိုးကို စောင့်နေပေးပါ့မယ်.."

ရှုကောင်းက အိမ်တော်ထိန်းကြီးနှင့်အတူ အိမ်တော်ကိုပြန်လာခဲ့သည်။ ကားထဲတွင် အိမ်တော်ထိန်းဟောင်းက တစ်ခုခုပြောမည်အပြု ရှုကောင်းက ဖြတ်ပြောလိုက်သည်။

"မင်းဘာပြောချင်တယ်ဆိုတာ ငါသိတယ်.. ချင်ယွိကျိုးက လူကောင်းတစ်ယောက်မဟုတ်လို့ ရှေ့ဆက်ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့.."

"ကျွန်တော်တော့ သခင့်ကို သတိပေးသင့်တယ်ထင်တာပဲ.."

"သတိပေးမယ် ဟုတ်လား.. ချင်ယွိကျိုးက သူ့ကိုပြုစားထားလိုက်ပြီ.. သူ့ရင်ထဲမှာ အချစ်ကလွဲပြီး ဘာမှကိုမမြင်တော့ဘူး.. နှစ်တွေဒီလောက်ကြာနေတာတောင် သူက ခုထိ ဒီမိန်းမရဲ့စိတ်ရင်းမှန်ကို မမြင်နိုင်သေးဘူး.. တကယ့်ကို အသိဉာဏ်မဲ့တဲ့ကောင်.."

"သူတို့က အိမ်ထောင်ဖက်ကောင်းတွေဆိုရင်တော့ ထားလိုက်ပါတော့.. ဒါပေမယ့် ဒီနေ့လုပ်ရပ်က သိသာနေတာပဲ.. သခင်က..."

"စိတ်မပူနဲ့.. ရှုချိန်က သေသွားရင်တောင်မှ ရှုဟိန်အပေါ် သံသယမဝင်ဘူး.. ချင်ယွိကျိုးက မီးနဲ့ကစားနေတာပဲ.. ငါပိုစိတ်ပူမိတာက နင်နင်ပဲ.."

ရှုနင်က သူ့ဘေးမှာကြီးပြင်းလာရတာ မဟုတ်ပေ။ တကယ်လို့ သူ့မှာ ချင်ယွိကျိုးလိုစရိုက် ပါလာခဲ့ရင် သူ ဘယ်လိုမှခွင့်မပြုနိုင်ပေ။

အိမ်တော်ထိန်းဟောင်းကြီးက စိတ်ပူကာ သူ့အတွေးကိုပြောလိုက်သည်။

"အစ်ကိုကြီး.. ဒီကလေးက သနားစရာကောင်းနေပါပြီ.. သူ့ခမျာ ဒီလိုတွက်ချက်တတ်တဲ့ မအေမျိုးရှိနေရတယ်.. သူ့ကို ရွေးချယ်ခွင့်ပြုမယ့်အစား အနားခေါ်ပြီး သီးသန့်သင်ကြားပေးရင်ကော.. ဒါဆို အစ်ကိုကြီး စိတ်မညစ်ရတော့ဘူး.."

ရှုကောင်းက ဘာမှမပြောပေမယ့် နှုတ်ခမ်းက ကျေနပ်စွာတွန့်ကွေးသွားခဲ့သည်။ ဒီလိုမျိုး သူကြိုတွေးထားပြီးဖြစ်သည်။ ရှုကောင်းက ရှုနင်ကို အနီးကပ်ပျိုးထောင်ဖို့ကို ရှုဟိန်ကို မျက်စိထဲပြေးမြင်လိုက်သည်။ ရှုဟိန်က ရှုနင်နှင့် ရင်းနှီးပြီးသားဖြစ်သည်။

ရှုကောင်း၏ရင်ထဲ ခါးသက်ချိုမြိန်စွာ ခံစားလိုက်ရသည်။ တကယ်လို့ သူ့သွေးရင်းမြေးရင်း ရှုနင်သာ ရှုဟိန်လောက်တော်ရင် ဘယ်လောက်ကောင်းလိုက်မလဲ..။

ရှုနင်က သူ့အခန်းထဲ စာဖတ်ပြီး နေ့လည်စာကို စတုတ္ထထပ်မှာ အဖိုးနှင့်အတူ သွားစားလိုက်သည်။ အဖိုးက ပျော်နေပုံရလို့ မေးကြည့်တော့ သူ့ရဲ့တတိယမြေးယောက်ျားလေးအကြောင်းကို သိလိုက်သည်။

တတိယမြေးယောက်ျားလေး... ငါ အော်ဟစ်လိုက်ချင်တော့တယ်.. (→_→)

ရှုနင်က ပျော်ရွှင်ရိပ်ကိုပြလိုက်ပြီး အဖိုး၏ပန်းကန်ထဲ ဟင်းများထည့်ပေးလိုက်သည်။ ရှုကောင်းက စာမေးပွဲနဲ့ပတ်သက်ပြီး ရှုနင်ကိုမေးတော့ ရှုနင်က သူစာကျက်သည့်အချိန်ဇယားကို ပြောပြလိုက်သည်။ ရှုနင်က အဖိုးကိုအဖော်ပြုပေးကာ သူရယ်မောပျော်ရွှင်အောင် လုပ်ပေးနေသောကြောင့် ရှုကောင်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ အိမ်တော်ထိန်းပြောတာမှန်တယ်၊ ဒီကလေးရှုနင်က ကျောင်းစာကိုအာရုံစိုက်ပြီး ကျိုးနွံယဉ်ကျေးတယ်၊ စိတ်ထားကောင်းတယ်၊ ဒီကလေးကို သေချာပြုစုပျိုးထောင်ဖို့ ရှုကောင်း ဆုံးဖြတ်ချက်ချလိုက်တော့သည်။

ရှုနင်က စာဖတ်ပြီး ဒုတိယထပ်ပြန်ဆင်းလာတော့ သူ့ကို တစ်ယောက်ယောက်စိုက်ကြည့်နေသလို ခံစားလိုက်ရပြီး နောက်ကိုလှည့်ကြည့်လိုက်သည်။

အမူအယာကင်းမဲ့စွာဖြင့် ရှုဟိန်က သူ့ကိုစိုက်ကြည့်လို့နေသည်။

ဘာဖြစ်လို့လဲ.. ငါ ဘာလုပ်လိုက်မိလို့လဲ..

ရှုနင်ရဲ့ခြေထောက်တွေ ပျော့ခွေကျမလို ခံစားလိုက်ရသည်။ မနက်ကလည်း အစ်ကိုကြီးရဲ့အကြည့်ကြောင့် သေလုမျောပါးခံစားလိုက်ရပြီးပြီ။ ခုလည်း တစ်စစီချိုးဖဲ့တော့မလား ထင်ရသည်။ ရှုနင်က ကြောက်လာပြီး လှည့်ကာပြေးဖို့ပြင်လိုက်သည်။

ရှုဟိန်က သူ့နောက်ကိုချက်ချင်းရောက်လာပြီး ရှုနင်၏လက်မောင်းကို ဆုပ်ကိုင်ကာ ဆွဲလှည့်လိုက်သည်။ ပြီးတော့ ရှုနင်၏မျက်နှာကို လက်ချောင်းဖြင့်ပင့်မလိုက်သည်။

အစ်ကိုကြီး၏မျက်ဝန်းထဲက အေးစက်စက်အကြည့်ကြောင့် ရှုနင်က မျက်ဝန်းချင်းဆိုင်မကြည့်ရဲဘဲ ညာဘက်ကိုလွှဲကာ ကြည့်လိုက်သည်။

"ငါ့ကိုကြည့်.."

ဟင့်အင်း.. ကျွန်တော် မကြည့်ရဲဘူး.. ရှုနင်၏အသည်း၊ အဆုတ်၊ နှလုံးတို့တောင် အောင့်လာသလို ခံစားလိုက်ရသည်။

"ဘာဖြစ်လို့လဲ.."

မင်းကမေးရဲသေးတာလား..။ အဲ့တာမင်းကြောင့်လေ..။ ဘာကြောင့် ခုထိ သဘောမပေါက်သေးတာလဲ..။

ရှုနင်က ပျော့ပြောင်းစွာမေးလိုက်သည်။

"အစ်ကိုကြီး.. ကျွန်တော်အိပ်ချင်နေပြီ.."

"သွားတော့.."

ရှုနင်က စိတ်သက်သာရာရစွာ သက်ပြင်းရှိုက်လိုက်ပြီး 'နောက်ကျတဲ့ခြေထောက် သစ္စာဖောက်' ဟုတွေးကာ သူ့အခန်းဆီ သုတ်ခြေတင်တော့သည်။

ရှုဟိန်က ထိုနေရာမှာ ရပ်ကျန်ရစ်ခဲ့သည်။ တကယ်တော့ သူက ကလေးလေးနှင့် နေ့လည်စာအတူစားရဖို့ စောင့်နေတာဖြစ်သည်။

နောက်၂ရက်ကြာတော့ ချင်ယွိကျိုးက ဆေးရုံကဆင်းလာသဖြင့် ရှုဟိန်နှင့် ရှုနင်က လူမြင်ကွင်းမှာ ဘာမှပတ်သက်မှုမရှိသလို နေကြပေမယ့် ညတိုင်း အတူတူ တစ်ခုတင်တည်းအိပ်ကြသည်။

ရှုချိန်က နောက်ကလေးရှိတာကို ဂုဏ်ယူစွာကြေငြာပြီး ရှုယောင်းဟုနာမည်ပေးထားသည်။ အံ့သြစရာကောင်းလိုက်တာ.. ဒီကောင်လေးက မွေးတောင်မမွေးလာသေးဘူး၊ နာမည်တောင်ပေးပြီးနေပြီပဲ..။

ရှုကောင်းလည်း စိတ်ကြည်နေပြီး ပျော်ရွှင်စွာဖြင့် ချွေးမဖြစ်သူကိုကြည့်ကာ ပြောလိုက်သည်။

"ကောင်းပြီ.. ငါတို့မိသားစုမှာ သမီးမိန်းကလေး လိုနေသေးတယ်ကွဲ့.."

သူမက ချက်ချင်းခေါင်းညိတ်ကာ ရှက်ရွံ့စွာပြောလိုက်သည်။

"ကျွန်မတို့ ကြိုးစားပါ့မယ် အဖေ.."

ရှုနင်က ခေါင်းငုံ့ကာထမင်းစားရင်း ဒီ Show ပွဲကို တိတ်တဆိတ်ကြည့်နေသည်။ ချင်ယွိကျိုးက သူမလှေကားပေါ်ကပြုတ်ကျသည့်ကိစ္စကို အစမဖော်ရဲပေ။ သူမက ရှုချိန်၏အမူအယာကို အကဲခတ်နေသည်။ တကယ်လို့ ရှုချိန်ကသာ သံသယဝင်ခဲ့ရင် သူမက ကိစ္စတစ်ခုလုံးကို ရှုဟိန်ခေါင်းပေါ်တွန်းချဖို့ အသင့်ပြင်ထားပြီးဖြစ်သည်။ တကယ်လို့ ရှုချိန်က သူမကိုယုံကြည်ခဲ့ရင် သူမက ဂုဏ်သိက္ခာတက်လာမည်ဖြစ်သည်။

နေ့လည်စာစားပြီးတော့ ရှုချိန်က ချင်ယွိကျိုးကိုတွဲကာ အပေါ်ထပ်တက်သွားသည်။ ရှုကောင်းက ဘာမှမပြောပေ။

ရှုနင်က နောက်ကနေ အပေါ်ကိုလိုက်တက်လာခဲ့သည်။ ချင်ယွိကျိုးက နောက်ကနေ ရှုနင်လိုက်လာတာသိပေမယ့် မသိဟန်ဆောင်ကာ ရှုချိန်၏လက်ကိုဆုပ်ကိုင်ပြီး ပြောလိုက်သည်။

"ရှုဟိန်ရဲ့ အေးဆေးတည်ငြိမ်တဲ့အမူအယာကိုကြည့်ရင် တမင်သက်သက်လုပ်တာ မဟုတ်လောက်ပါဘူး.. သူက ကျွန်မလက်မောင်းကို နည်းနည်းလှမ်းထိလိုက်တာ.. ကျွန်မဘာသာ သတိမထားမိလို့ ပြုတ်ကျသွားတာပါ.. ဒါကြောင့် ဒီကိစ္စက အထင်မှားရုံလောက်ပါ.. သူစိတ်မကောင်းဖြစ်နေဦးမယ်.. ရှုဟိန်ကို သွားမေးမနေနဲ့တော့နော်.."

"ကိုယ်သိပါတယ်.."

ချင်ယွိကျိုးက စိတ်သက်သာရာရသွားသလို ဟန်ဆောင်ကာ ဆက်ပြောလိုက်သည်။

"ကျွန်မက သူ့ကို ရိုးရိုးသားသား ဆက်ဆံတာပါပဲ.. ဒါပေမယ့် သူက ဆယ်ကျော်သက်အရွယ်ရောက်စဆိုတော့ ကျွန်မကို တမျိုးတွေးပုံရတယ်.. သူလည်း မကြာခင် မြို့တော်ကို စာသင်ဖို့သွားတော့မှာ.. ကျွန်မလည်း အဆင်ပြေသွားမှာပါရှင်.."

အမှန်တိုင်းပြောရရင် ရှုချိန်က သူ့သားကြီးကို လုံးဝသံသယမဝင်ပေ။

"မင်းလည်း ခက်ခဲမှာပဲ.."

ရှုဟိန်က လိမ်မာတဲ့ကလေးပါ..၊ ဒါပေမယ့် သူက အေးလွန်းပြီး သူ့ဘေးမှာ တော်ရုံလူ မနေနိုင်ပေ။ ချင်ယွိကျိုးလိုနှိမ့်ချတဲ့မိန်းမတောင် သူ့သားကြီးဘေးကို မကပ်နိုင်လောက်ဟု ရှုချိန်ကတွေးနေသည်။

"ဒီမိသားစုအတွက်.."

ချင်ယွိကျိုးက ခုမှ ရှုနင်ကိုသတိထားမိသလိုလုပ်ကာ အကြောင်းအရာပြောင်းလိုက်သည်။

"ရှောင်နင်လည်း မကြာခင် စာမေးပွဲဖြေရတော့မယ်.."

ရှုချိန်၏မျက်ဝန်းများက နူးညံ့လာပြီး မေးလိုက်သည်။

"အင်း.. တကယ်လို့ သူက အဆင့်ကောင်းကောင်းရရင် ငါတို့သားလေးကို ဘာဆုပေးကြမလဲ.."

"သား computer လိုချင်တယ်.."

ရှုနင်က တိုးတိုးပြောပြီးနောက် ချင်ယွိကျိုးနှင့်ကစားရမှာ ပျင်းသောကြောင့် ရှောင်ထွက်လိုက်သည်။

"သား သွားတိုက်လိုက်ဦးမယ်.."

ရှုချိန်က သူ့ပိုက်ဆံအိတ်ကိုထုတ်လိုက်ချိန် ရှက်ရွံ့နေသောကလေးက ဟိုးအဝေးကိုထွက်ပြေးသွားခဲ့လေပြီ။

ချင်ယွိကျိုး၏အကြည့်များက မျှော်လင့်ချက်ဖြင့် တဖျပ်ဖျပ်လက်နေသည်။ သူမပြောလိုက်သည့်စကားများက ယောက်ျားတစ်ယောက်ရင်ထဲကို ရောက်သွားသလို ရှုဟိန်နှင့်ရှုနင်ကြား အမုန်းတရားကို မွေးဖွားဖို့ မျိုးစေ့ချပြီးသားဖြစ်သွားသည်။ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်လိုက်တယ်ဆိုတာ ဒါကိုပြောတာပဲ။

ဒါပေမယ့် သူမမသိတဲ့အချက်က ရှုနင်က ဒါတွေအားလုံးကို ကြိုမြင်ထားပြီးဖြစ်သည်။ ဒါ့အပြင် သူက ရှုဟိန်ကို လေးစားကာ ချစ်ခင်ယုံကြည်ပြီးဖြစ်သည်။

ရှုဟိန်က ဒုတိယမြေကွက်မှ project နှင့်ပတ်သက်သော အချက်အလက်စာရွက်စာတမ်းများကို ကြည့်နေစဉ် ရှုနင်က သစ်သီးပန်းကန်ကိုကိုင်ကာ စာဖတ်ခန်းထဲဝင်လာသည်။ သူက မျက်နှာတော့ပြောင်သည်၊ ဘယ်သူက စစ်အေးတိုက်ပွဲကို စခဲ့တာလဲ.. (→_→)

ရှုဟိန်က အရပ်ရှည်ရှည်နှင့် တကယ့်ကိုပြိုင်စံရှားနတ်ဘုရားလို အသရေတင့်တယ်သူဖြစ်သည်။ ရှုနင်က တိတ်တိတ်လေးကြံစည်နေသည်။ ဒါက ချစ်စရာကောင်းသည့်ပုံစံ ဖြစ်သွားနိုင်တာပဲလေ။

"အစ်ကို.. တရုတ်တိုင်းရင်းဆေးက အရမ်းခါးတယ်.. ကျွန်တော် မသောက်ဘဲနေလို့ရလားဟင်.."

ရှုဟိန်က စာရွက်စာတမ်းကိုချကာ ရှုနင်ဘက်ကြည့်လာရင်း သူ့ဆီလာဖို့ လက်ယပ်ခေါ်လိုက်သည်။

==========================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးOnde histórias criam vida. Descubra agora