Chapter (97) _ စုံတွဲဖြစ်သွားသော ရှုဟိန်နှင့် ရှုနင်

19.9K 2.7K 89
                                    


Chapter (97) _ စုံတွဲဖြစ်သွားသော ရှုဟိန်နှင့် ရှုနင်

ရှုဟိန်က ပညာရှိသူဖြစ်လို့ နင်နင်နှင့် တတ်နိုင်သမျှ တွယ်ကပ်နေသည်။ နင်နင်၏ စိတ်ပိုင်းဆိုင်ရာ အပြစ်မကင်းသည့်စိတ်ကို အတတ်နိုင်ဆုံးလျော့အောင် နှစ်သိမ့်ပေးနေသည်။ အခန်းထဲတွင် သူတို့နှစ်ဦး၏ အချစ်သက်သေ ရနံ့တွေ သင်းလို့နေသည်။


"အစ်ကိုကြီး ~"

"မင်းကြောက်နေလား"

ရှုနင်က ဦး ခေါင်းကိုလှုပ်ခါလိုက်ပြီး  မေးလိုက်သည်။

"အခု ကျွန်တော်တို့တွေ စုံတွဲတွေအဖြစ် သတ်မှတ်လို့ရပြီလား  "  

"အမ်း။ "

"ကျွန်တော် သဘောမတူရသေးဘူးလေ!"

"ကောင်းပြီ"

Shu Ning: "...... "
မင်းငါ့ကို မလိမ်လို့ မရဘူးလား။ မင်း နည်းနည်းလောက် ငါ့ကို မလိမ်ပဲ နေပါလား?

  သူတို့မှာ မတော်တဆဖြင့် အခုလို အတွင်းကျကျ ရင်းနှီးမှုကို ကြုံခဲ့ရပြီးနောက် ဒီအရသာကို ရှုဟိန် ကောင်းကောင်းသိသွားခဲ့သည်။

နင်နင်က အရမ်းအရသာရှိတယ်။ ငါ အမြဲတမ်း သူ့ကို စားချင်နေမိပြီ

ရှုဟိန် အခက်ကြုံနေရသည်။ တွေးရုံနဲ့ သူ့ဟာက ပြန်မာလာပြီး နင်နင်ကို ညစ်ညမ်းတဲ့ စကားလေးတွေ ပြောလိုက်ရင် သူဘယ်လိုဖြစ်လာမလဲဆိုတာ သိချင်စိတ်ပေါ်လာမိသည်။

ရှုနင်အနေနဲ့လည်း စိတ်လှုပ်ရှားနေသည်။ ရှုဟိန်လို နတ်ဘုရားကြီးက သူ့ကို ချစ်တယ်၊ သူ့ကို အတွင်းကျကျ ရင်းနှီးတယ်ဆိုတဲ့အသိက ရှုနင် ၏နှလုံးသားတစ်ခုလုံးကို အီစိမ့်သွားအောင် အလွန်ကောင်းမွန်တဲ့ ခံစားချက်ကို ရစေပြီး ကျေနပ်ရောင့်ရဲစွာဖြင့် ရှုဟိန်  ၏လေးနက်သောမျက်နှာကို သူ၏မျက်လုံးများနှင့် တိတ်တဆိတ် ငေးကြည့်နေသည်။ အကိုကြီးဆီမှာ အလွန်ခိုင်မာတဲ့ စိတ်ဓါတ်နဲ့ ကိုယ်ရည်ကိုယ်သွေးရှိပြီး သူ၏ တစ်သက်တာလုံးကို ချစ်မြတ်နိုးမယ့်သူဆိုတာ သိလိုက်သည်။

"အစ်ကိုကြီး?"

"အမ်?"

"ဘာမှမဟုတ်တော့ဘူး"

"ဘာမှားလို့လဲ"

 ရှုဟိန် သည်နက်ရှိုင်း မှောင်မိုက်သောမျက်လုံးများနှင့်ကြည့်လိုက်ရာ အဆုံးမရှိသည့် တွင်းနက်ကဲ့သို့ ထင်ရသည်။ သူ့မျက်လုံးများနှင့်မတော်တဆ အကြည့်ချင်း ဆုံတွေ့မိသူတစ်ဦး အကြည့်မလွဲနိုင်အောင် ဆွဲဆောင်နိုင်စွမ်းရှိနေသည်။ ရှုဟိန်က ရှုနင်ကို သူ၏လက်မောင်းပေါ် ဆွဲတင်ကာ ပွေ့ထားလိုက်သည်။
 ရှုဟိန်က လိမ်းဆေးအဆီလေးတစ်ပုလင်းကို ယူလာကာ ဖွင့်လိုက်ပြီး နင်နင်၏ ပေါင်ရင်းနားက သူ ထိုးသွင်းပွတ်တိုက်ထားသဖြင့် နီနေသည့် နေရာကို ထိုဆေးအဆီဖြင့် ညင်သာစွာ လိမ်းပေးလိုက်သည်။ အေးမြသော ဆေး၏အထိတွေ့ကြောင့် ထိုနေရာလေးက သက်တောင့်သက်သာလန်းဆန်းကာ နေလို့ ပိုကောင်းလာခဲ့သည်။   

ရှုနင်သည် ဆေးလိမ်းပြီးတော့ အိပ်ချင်လို့ စောင်အောက်ကို တိုးဝင်လိုက်ပေမယ့် ရှုဟိန်က နင်နင်၏ ခြေထောက်လေးကို ဆွဲယူက သူ ထိုးသွင်းခဲ့သည့် တံခေါက်ကွေးနေရာလေးကိုလည်း စစ်ဆေးကြည့်ကာ ဆေးလိမ်းပေးနေပြန်သည်။ ရှုနင်က  သူ့အကိုကြီးက သူ့ကို ကျိုးပဲ့လွယ်သည့် ဖယောင်းရုပ်လေးလို သဘောထားနေတာကိုတွေ့တော့ ထစ်အစွာ ပြောလိုက်သည်။
"အကိုကြီး..ကျွန်တော်က ကွဲလွယ်တဲ့ကြွေပန်းအိုးမဟုတ်ပါဘူး။ ဆေးအဆီမလိမ်းလည်း နောက်ဆိုရင် ပျောက်သွားမှာပါ"
 
ရှုဟိန်က ဘာမှပြန်မပြောပဲ နှင်းလိုဖြူသည့် ခြေထောက်လေးကို စောင်ဖြင့်ပြန်ဖုံးပေးကာ နင်နင်ကို ကြင်နာစွာ မေးလိုက်သည်။
" မင်း ဘာစားချင်လဲ"


"အွန်း... အမ်း ...... "

ရှုနင်က တကိုယ်လုံးတုန်ခါနေပြီး သူ့အစ်ကို၏မျက်လုံးအကြည့်အောက်တွင် စိတ်လှုပ်ရှားကာ   နားရွက်များလည်းနီနေသည်။

"ဒီည ဘာစားချင်လဲ?"

"...... " ဟင့်အင်း၊ ငါ သူ့ကိုမကြည့်ရဲဘူး၊ ငါ ဘာလုပ်ရမလဲ။ အိုးမိုးနတ်မင်းကြီးရေ... ငါ့ အသည်းနှလုံးက အကိုကြီးကြောင့် ရုူးမလို ခုန်နေပြီ။ ကယ်တော်မူပါ....

"နင်~"

သူ၏စကားသံများက ရှုနင်၏ အူအသည်းတစ်စုံကို သိမ်းကျုံး ဆွဲယူနေသလို ခံစားလိုက်ရသည်။ အကိုကြီးရဲ့ အသံက ယောကျာ်းပီသက နက်ရှိုင်းကာ နားထဲတွင်  သာယာစွာ စီးဆင်းသွားတော့သည်။ အကိုကြီးရဲ့ အသံကြောင့် ငါ့ ဦး နှောက်လေး ကိုယ်ဝန်တောင် ရသွားပြီထင်တယ်...
ရှုနင်က စောင်အောက်တွင် မျက်နှာကို ဝှက်လိုက်မိသည်။   _ (: ゝゝ∠) _
(အေးပါ.... မယားက ဟိန်လို့ ခေါ်လိုက်၊ လင်က နင်လို့ခေါ်လိုက်... ဘာသာပြန်သူနဲ့ စာဖတ်သူကို ခွေးစာတွေ တစ်ဝကြီးကျွေးနေကြတယ်....။
မှတ်ချက်- စာဖတ်သူတွေ ဟိန်ဟိန်ရဲ့ အသံကြောင့် နင်နင်ရဲ့ဦးနှောက် ကိုယ်ဝန်တောင်ရတော့မလိုပဲတဲ့။ ခင်ဗျားလေးတို့ရော......>o<)

"ဘာဖြစ်လို့လဲ"

 ရှုဟိန်သည် စိုးရိမ်တကြီးနှင့် နင်နင်၏ စောင်ကို ဆွဲချလိုက်စဉ် နင်နင်က မျက်လုံးအဝိုင်းသားလေးနှင့် ရီဝေဝေလေး ကြည့်လာခဲ့သည်။ ရှုဟိန်၏ နူတ်ခမ်းလေးက တွန့်သွားပြီး ခပ်တိုးတိုးရယ်ကာ ပြောလိုက်သည်။
"ကောင်းပြီ။ အကိုကြီး ကြည့်ပြီး စီစဉ်ခဲ့မယ်။ မင်းက လိမ်လိမ်မာမာလေး အိပ်ယာပေါ်မှာ အိပ်စောင့်နေနော်"
"အိုကေ ...... "

ရှုဟိန်က အောက်ကို မဆင်းခင် ရှုနင်၏နဖူးကို နမ်းလိုက်သည်။ နင်နင်က သူ့ကို ခိုးကြည့်နေပြီး အိပ်ခန်းတံခါးဝအရောက် ရှုဟိန်က နောက်ကို ပြန်လှည့်ကြည့်လာတော့ ရှက်ရွံ့စွာဖြင့် စောင်အောက်ထဲ ပုန်းလိုက်သည်။

ရှုဟိန်လည်း နင်နင် ဗိုက်ဆာနေမည်ကို စိုးလို့ မီးဖိုထဲ ဆင်းကာ နို့နွေးနွေးလေးတစ်ခွက်ကို ထည့်ကာ ဝက်သားနှပ်၊ ကြက်တောင်ပံကင်၊ ခရမ်းသီးနှပ်နှင့် ဆားရည်စိမ် ဟင်းရွက်ချဉ်(မုန့်ညှင်းချဉ်)၊ စွပ်ပြုတ် စသည့် ဖွယ်ဖွယ်ရာရာဟင်းအားလုံးကို သယ်ကာ  အပေါ်ကို ဒုတိယလွှာကို လာပို့စေလိုက်သည်။

ရှုနင်က သူ့ဖုန်းကိုကောက်ကိုင်လိုက်ပြီး ခဏလေးဖွင့်ကာ ကစားနေပေမယ့် အစောပိုင်းက သူတိုက ညီအစ်ကို လုပ်ခဲ့သည့် မြင်ကွင်းသာ ခေါင်းထဲ ပြည့်နေခဲ့သည်။ သူက ရှုဟိန်၏ လှပသည့် မျက်နှာကိုသာ မြင်ယောင်နေပြီး အရမ်းကို အူမြူးနေသည်။

ငါတို့ လုပ်ခဲ့ပြီ။ ငါတို့ နှစ်ယောက် တစ်ကယ်လုပ်ခဲ့ပြီးပြီ။

  သူက အချိန်အတော်ကြာစောင့်ဆိုင်းရမယ်လို့ ထင်ခဲ့တယ်၊ ဒါပေမယ့် ခုလို ပွင့်လင်းသွားတာလည်း ကောင်းပါတယ်၊ ဟင်းချိုတော့ သောက်ရပြီ။ အသားစားရဖို့ သိပ်မကြာတော့ဘူးထင်ပါတယ်....
(အိုလမို..အသားစားဖို့စောင့်နေသော နင်နင် အကဲလေး )

သူတို့ မကြာခင် အနှေးနှင့်အမြန် စားဖြစ်လာလိမ့်မည်။

ရှုနင်က အတွေးနှင့် မျက်နှာက ပူရှိန်းတက်လာသဖြင့် လက်ဖြင့် ပါးပြင်ကို ထိနေစဉ် တံခါးပွင်းသွားပြီးရှုဟိန်က နွားနို့ခွက်နှင့် အိပ်ယာဘေးဝင်ထိုင်ကာ ပြောလိုက်သည်။
 " နို့ နည်းနည်းသောက်ဦး။ မင်းရဲ့ အသံက ညည်းရလွန်းလို့ အက်နေပြီ  "

ရှုနင်က ဖက်ထားသော ခေါင်းအုံးကို ချကာ အကိုကြီးက သူ သက်လုံကောင်းတယ်ဆိုပြီး ငါ့ကို လာလှောင်နေတာပေါ့လေ..ဟု တွေးလိုက်သည်။

 "နင်နင်... မင် းငါ့ကို ဝုန်းဒိုင်းကြဲ ပြီး ခေါင်းအုံးနဲ့ မပစ်ခင်မင်း နို့ကို အရင် သောက်ပါ ဦး"

"ဘယ်သူကဝုန်းဒိုင်းကြဲပစ်နေတာလဲ"

" မပြစ်ဘူးဆိုရင် မင်း နို့ကို သောက်ပါ. "

"......"

အကိုကြီးရဲ့ နှုတ်စွမ်းရည်က တကယ့် ထိပ်တန်းပဲ။ ဘယ်သူမှ သူ့ကို မနိုင်နိုင်ဘူး။

ရှုနင်က အသာထကာ အကိုကြီးလက်ထဲက နွားနို့ကို တငုံချင်း သောက်လိုက်သည်။ နင်နင် နို့သောက်နေသည်ကို ကြည့်ပြီး  ရှုဟိန်က အာခေါင်ခြောက်ကာ ရေငတ်လာသလို ခံစားလိုက်ရသည်။

ဒီနူတ်ခမ်းလေးကို သူ မက်မက်မောမော နမ်းရှိုက်ခဲ့တယ် မဟုတ်လား။ ရှုဟိန်က အကြည့်လွဲလိုက်ပြီး လည်ပင်းလေးကို ကြည့်မိတော့ သူ နမ်းခဲ့သည့် အရာဖျော့ဖျော့လေးကို မြင်လိုက်ရသည်။
 
အင်း ...... ငါ ဘာကြောင့်ရေငတ်နေတာလဲ။ → _ →ငါ သူ့ကိုစားချင်လာပြီ။

ရှုဟိန်က ကလေးလေးဝတ်ဖို့ ပုံမှန် ညအိပ်ဝတ်စုံ ဝယ်လာပေးမှ ဖြစ်မည်ဟု တွေးနေသည်။ ခါတိုင်း သူယူလာပေးသည့် ညအိပ်ဝတ်စုံကိုသာ နင်နင်ဝတ်ထားရင် သူ တညလုံး မအိပ်ပဲ လုပ်နေမိတော့မည်။

အိမ်ဖော်သည်ထမင်းဟင်းကို လှည်းလေးနှင့် သယ်ကာ ဓါတ်လှေကားထဲသို့တွန်းတင်ပြီး ဒုတိယထပ်သို့ယူဆောင်လာသည်။ တံခါးသို့ရောက်သော အိမ်ဖော်က တံခါးကို ခေါက်လိုက်သည်။ ထိုအချိန် ရှုနင်က လုံခြုံသည့် ဝတ်စုံအပြည့်ဝတ်ထားပြီးဖြစ်သည်။

ရှုနင်က သူ့အတွက် အစစ အရာရာ အကုန်လုပ်ပေးနေသည့် အကိုကြီးကို ချစ်မြတ်နိုးစွာကြည့်ကာ တွေးလိုက်သည်။ လေ့ကျင့်ခန်းလုပ်ပြီး ငါ့ကို အသားကောင်းကောင်းကျွေးတယ်ပေါ့လေ။
"အကိုကြီး..ကျွန်တော် ထမင်းစားချင်တယ်"
"ညဘက်ကြီး အစာမကြေပဲနေမယ်။ ဆန်ပြုတ်ပဲ သောက်လိုက်နော်။ မင်းလည်ချောင်းနာတာကို သက်သာစေလိမ့်မယ်။ မင်းအတွက် ဆားပေါ့ပေါ့လေး ချက်ခိုင်းထားတယ်။ ဟင်းတွေက ခါတိုင်း မင်းအရမ်းကြိုက်တဲ့ဟင်းတွေ မဟုတ်လား။ "

ရှုဟိန်က အိပ်ယာပေါ် စားပွဲသေးသေးလေး ခင်းပေးပြီး နင်နင်အတွက် စားစရာပန်းကန်တွေကို တင်ပေးလိုက်သည်။ အကိုကြီးက ငါ့ကို အရမ်းချစ်ပြီး ဂရုစိုက်တာပဲ။ သူ့လို နတ်ဘုရားတွေ ကောင်းချီးပေးတဲ့သူက ငါ့အတွက် ပင်ပင်ပန်းပန်းလုပ်ပေးနေတာ ငါအရမ်းခံစားရတယ်...

"အကိုကြီး..ကျွန်တော် စားပွဲခုံမှာ ထိုင်စားပါ့မယ်..."

"မဖြစ်ဘူး။ မင်း အဆင်မပြေလောက်ဘူး"
"ဟင့်အင်း... ကျွန်တော့် ခြေထောက် ဘာမှမဖြစ်ဘူး။ ဟောဒီမှာကြည့်။ နည်းနည်းမှ မနာတော့ဘူး"

ရှုနင်က ခုတင်အောက်ကို ဆင်းကာ ဟိုဟိုသည်သည် လျှောက်ပြလိုက်သည်။ သူ့ပေါင်တွင်းသားက ပွန်းမှမပွန်းတာ။ နီပြီး နည်းနည်းယောင်သွားရုံပဲဟာ။

"ကောင်းပြီ။ ဒါဆို ညကျရင် တစ်ခါထပ်လုပ်ကြတာပေါ့..."



 
"......" ဟယ်လို? မင်း အရှက် ရှိသေးရဲ့လား။ ရှက်ကြောပြတ်သွားပြီလား။ ဘယ်လိုဖြစ်ပြီး  ငါ ပေါင်မနာဘူးဆိုတာနဲ့ ညကျ တစ်ခေါက်ထပ်လုပ်ချင်ရတာလဲ...  _ (: зゝ∠) _

ညစာစားပြီးနောက် ရှုဟိန်က တတိယထပ် အဖေ့စာဖတ်ခန်းကို တက်သွားခဲ့သည်။ ရှုနင်က အကိုကြီးအတွက် စိုးရိမ်လို့ အခန်းထဲ ကနာမငြိမ်ဖြစ်ကာ နောက်ဆုံး အပေါ်ထပ်ကို တက်လာပြီး အဖေ့စာဖတ်ခန်းတံခါးမှာ နားရွက်ကို ကပ်ကာ ခိုးနားထောင်နေခဲ့သည်။ အခန်းရှေ့မှာ ရပ်စောင့်နေသည့် သက်တော်စောင့်များ၏ မျက်နှာပေါ်တွင် အနက်ရောင်လိုင်းတွေ ပေါ်လာကုန်သည်။

  ...... ဒီက ဘာလဲ? ဘာတွေဖြစ်နေတာလဲ? သူ ဘာလုပ်နေလဲ

သခင်လေး! မင်း ဘာလုပ်နေတာလဲ?

သခင်လေး !! မင်း စာဖတ်ခန်းထဲကို ဒီအတိုင် းဝင်သွားရင် ရတယ်လေ... ဘာကြောင့် ချောင်းနားထောင် နေတာလဲ.... ~

သခင်လေး !!! မင်းကို ငါတို့က တားမှာမဟုတ်ဘူးလေး. မင်း ဝင်ခွင့်ရှိတယ်ဆိုတာ သိတယ်မဟုတ်လား   (⊙ o ⊙)

စာဖတ်ခန်းထဲတွင် ရှုဟိန်က ဆိုဖာပေါ်တွင် ကော်ဖီတစ်ခွက်ကို ကိုင်ကာ ခြေချိတ်ထိုင်နေသည်။ ရှုချိန်က စားပွဲနောက်က ခုံပေါ်မှာ ထိုင်ပြီး စူးရှသည့် အကြည့်ဖြင့် သားကြီးကို ကြည့်နေသည်။ ဒါပေမယ့် ရှုဟိန်က တကယ့် ဧကရာဇ်မင်းပမာ လုံးဝမမှုပေ။ ဒါကတော့ သူနဲ့ အကိုကြီးတို့ အဓိက ကွာခြားတဲ့အချက်ဖြစ်တယ်။ ရှုနင်က အကိုကြီးအတွက် တကယ်ကို ဂုဏ်ယူမိတယ်။
 
ရှုချိန်ကသူ့သားကြီး ဘေးဘက်ကိုလျှောက်သွားပြီးထိုင်ချလိုက်တယ်။ သူ့လက်က ရှုဟိန်ရဲ့ ပေါင်ကို တချက်ပုတ်ကာ ပြောလိုက်သည်။
"မင်း လုပ်သင့်တာထက် ကျော်သွားပြီ။ နောက်ထပ် မလှုပ်ရှားနဲ့တော့။ ကျန်တာကို အဖေ့ဖာသာ လုပ်လိုက်မယ်"

"အဖေ့ရဲ့ဆုံးဖြတ်ချက် မပြတ်သားတာက ဘေးအန္တရာယ်ကိုဖြစ်ပေါ်စေပါလိမ့်မယ်။"

"ရှုဟိန်"

"အဖေက ကုမ္ပဏီကို ကျွန်တော့်ကို လွှဲပေးထားတယ်မဟုတ်လား။ ဒီလောက်မှ ပြောခွင့်မရရင် မေ့လိုက်တော့....  "

"...... "
ရှုချိန်က ရှုဟိန်ကိုကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။

" မင်းက အရွယ်ရောက်လာပြီ။ မင်းက ဆုံးဖြတ်ချက်ချပြီးရင် အရင်ကထက် ခေါင်းပိုမာလာတယ်။ မင်းက ငါ့ရွေးချယ်မှုကိုတောင် ချိုးဖျက်ဝံ့ နေပြီပေါ့.... "

"အဖေ၊ ကုယာနဲ့ ရှုကျီရွှမ်းတို့ နှစ်ယောက်က တခုခုကြံနေကြတယ်။ အဖေ့ရဲ့စားပွဲပေါ်မှာ သူတို့လုပ်ထားတဲ့အကြံကို သက်သေတွေအကုန်တင်ထားတယ်။ ကျွန်တော် ထွက်သွားရင် အဖေ တစ်ချက် ကြည့်လိုက်ပါ။ "

ရှုဟိန်က တုန်လှုပ်ခြင်းမရှိပဲ အေးဆေးစွာပြောလိုက်သည်။

"သူတို့ရဲ့ အမြတ်အစွန်းရဖို့ သူတို့ အခွင့်လမ်းရှာကြိုးစားခွင့်ရှိတယ်လို့ အဖေပြောလို့ရတယ်။ ဒါပေမယ့် သူတို့အကျိုးမြတ်အတွက် ကျွန်တော်တို့လုပ်ငန်းအပေါ်  သစ္စာဖောက်ဖို့ကြိုးစားလို့ရတယ်လို့ အဖေ ပြောလို့ မရနိုင်ဘူး။ အဖေ... အဖေက ဆွေမျိုးဆိုတဲ့ ခံစားချက်ကြောင့် ကျွန်တော် ပြောတာကို ယုံဖို့ ခက်တယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်လည်း ကျွန်တော့် ကန့်သတ်ချက်ရှိတယ်။ ကျွန်တော်သာ ဥက္ကဌမဟုတ်ရင် ကျွန်တော် သူတို့လုပ်တာကို ဂရုမစိုက်ပါဘူး။ အခု သူတို့ရည်ရွယ်နေတာက လုပ်ငန်းရဲ့ အတွင်းထဲက ရန်ပုံငွေသာမကဘူး။ အဖေ့ကို ပစ်မှတ်ထားနေကြတယ်။ "

 "ဒါ မဖြစ်နိုင်ဘူး ...... "

"အခု ဖြစ်ရပ်ကနေ လုပ်ငန်းအတွက် ဆုံးရှုံးမှုတွေ အများကြီးဖြစ်လာလိမ့်မယ်။ အဖေ ရှုမိသားစုက  သူတို့အတွက် ကိုက်ဆွဲစရာ မက်မောစရာ အသားတုံးကြီး အဖြစ်တော့ ကျွန်တော် အဖြစ်မခံနိုင်ဘူး။  ဒါကြောင့် အဖေ  စိတ်ဆိုးသည်ဖြစ်စေ၊ မဆိုးသည်ဖြစ်စေ ကျွန်တော် ဂရုမစိုက်ဘူး။ ရှုလုပ်ငန်းကို မပျက်စီးအောင် ကျွန်တော် သေချာ လုပ်ရလိမ့်မယ် "
"သူတို့က ရှန်းရှန့်တုန်းကို သုံးပြီး ငါကို စေ့စပ်ညှိနှိုင်မှာ မဟုတ်ဘူးလား  "

"ရှန်းရှန့်တုန်းက ဘာမှမဟုတ်ပါဘူး၊ ဟောမိသားစုလိုပေါ့။ ကျွန်တော်တို့က ရှန်းမိသားစုကို တိုက်ခိုက်ရင် ကျန်လူအားလုံးက ကျွန်တော်တို့ ရှုမိသားစုကို တိုက်ခိုက်ဖို့ ပူးပေါင်းကြလိမ့်မယ်။ အကြောင်းပြချက်က ကျွန်တော်တို့က နိမ့်ပါးသူကို ဖိနှိပ်အနိုင်ကျင့်တယ်ပေါ့.... ဒါကြောင့် လူတိုင်း အကြောင်းပြချက်လှလှပေးပြီး ရှုမိသားစုကိုတိုက်ခိုက်ဖို့အတူတကွပူးပေါင်းကြတာပဲ"

"အဲ့ဒါက ဒီလောက် စိုးရိမ်စရာမလိုပါဘူး"

"ဒါကစိတ်ပူစရာမလိုပါဘူး။ "

"ဒါ မှန်ပါတယ်၊ ဒါပေမယ့် ဈေးကွက် ကမောက်ကမဖြစ်လာရင် ရှုမိသားစုလုပ်ငန်းမှာ ဘယ်သူ တာဝန်ခံရမယ် ထင်သလဲ   "

"ဒီလုပ်ငန်းရဲ့ ဥက္ကဌက ဒီအတွက် တာဝန်ယူရမှာပေါ့ကွ...  "

"အဖေ..ကုယာက ဒုတိယအိမ်တော်က ရှယ်ယာအကုန်ကို လျှို့ဝှက်စုဆောင်း ဝယ်ယူထားပြီးပြီ။ "

"ငါက သူတို့ကို ဒီလို လုပ်ခွင့်မပြုနိုင်ဘူး  "

"ဒါဆိုကောင်းပြီ၊ ကျွန်တော် သူမရဲ့အရေပြားကို အလွှာလိုက် ခွာချပြီး  အဆုံးသတ်လိုက်တော့မယ်။ "

"...... " သူတို့ရဲ့ အပေါ်ယံ ဟန်ဆောင်မှုကို ခွာချလိုက်ရင် သူတို့ ဒီလောကထဲ ဆက်နေနိုင်ဦးမှာလား။

ထိုစဉ် ရှုချိန်က စကားဆက်ပြောချင်ပေမယ့် ရှုဟိန်က ထရပ်လိုက်လေပြီ။

 

"အဖေ၊ နင်နင် သွားတိုက်ချိန်ရောက်ပြီ၊ ကျွန်တော် သွားကြည့်လိုက်ဦးမယ်"

"...... "

သူ ထွက်ခွာသွားပြီးနောက် ရှုချန် သည်ကော်ဖီခွက်ကို ချကာ စားပွဲပေါ်က စာရွက်စာတမ်းများကိုကောက်ယူ ကာ ကြည့်လိုက်သည်။ အတွင်းပိုင်း၌ရေးထားသည်များမှာ အလွန်စိတ် ၀ င်စားစရာကောင်းသည်။ ရှုချိန် သည် ကုယာ သည်မျက်နှာနှစ်ဘက်ရှိကြောင်းသိသည်။ သူမ ဘာပဲလုပ်လုပ်  သူမ လွန်မလာရင် ရှုချိန်က သူမ လုပ်တာကို မသိချင်ယောင်ဆောင်ပေးနေခဲ့သည်။ ဒါပေမယ့် သူမက တကယ်ပဲ သူ့ကိုသစ္စာဖောက်ဖို့ လုပ်နေတာကို မယုံနိုင်အောင်ဖြစ်နေသည်။

 ဒါပေမယ့် ငါ သူမ့ကိုမသစ္စာဖောက်ခဲ့ဘူး၊ ဒီတစ်ခါတော့ ရှုဟိန် ရဲ့အစီအစဉ်တွေနဲ့ပဲ ငါသွားတော့မယ်။ သူ့ အဖေဆုံးသွားပြီ။ ဒါပေမယ့ ်သူက ဒီမှာရှိနေသေးတယ်။ ဒါကြောင့် ရှုဟိန် ကဒုတိယအိမ်တော်ကို ပြောင်းရွှေ့တာကို ခွင့်မပြုနိုင်ခဲ့ဘူး။ အသက်ကြီးသူတစ် ဦး အနေနှင့်မိသားစုနှင့် သက်သောင့်သက်သာနေထိုင်ရန်က ငွေနှင့်အာဏာသည် ပို၍ အရေးကြီးသည်။

ထိုအချိန်တွင် ချင်ယွိကျိုးက တံခါးကိုခေါက်လိုက်ပြီးဟင်ရည်ပူပူကို ယူဆောင်လာခဲ့သည်။
"အိမ်ဖော်တွေကို ယူလာခိုင်းတာ မဟုတ်ဘူး"

ရှုချိန်ကစာ ရွက်စာတမ်းများကို ချကာ  ဇွန်းကိုကောက်ယူလိုက်ပြီး စွပ်ပြုတ်ကိာ တဖြည်းဖြည်း သောက်လိုက်သည်။ ချင်ယွိကျိုး သည် ထိုစာရွက်စာတမ်းများကိုလှမ်းကြည့်လိုက်ပြီး သူမ၏ မျက်သားများ ကျုံ့သွားပြီး မမြင်ချင်ယောင်ဆောင်လိုက်သည်။

ရှုချိန်က ခေါင်းကိုငုံ့ကြည့်လိုက်ပြီး လေးနက်နေဟန်ပေါ်သည်။

 နောက်တစ်နေ့တွင် ရှုဟိန် သည်အရာရာကိုဖြေရှင်းရန်ရုံးခန်းသို့သွားပြီးနောက် ရှုကျီရွှမ်းရဲ့ အလုပ်ကို လွဲပြောင်းလိုက်သည်။ သူသည်ကုမ္ပဏီထဲတွင် ရှုကျီရွှမ်းတို့ လူတွေကို ဖယ်ရှားပစ်ရုံသာမက သူတို့ မွေးထားသည့် လူယုံအားလုံးကိုလည်း အလုပ်ဖြုတ်ပစ်လိုက်သည်။
ဂူယာအလုပ်မလာခဲ့ပေ၊ သူမသည် ဒီလူငယ်လေးက သူမကို ခုလို သေနတ်ပြောင်းဝနဲ့ လှည့်ပစ်မည်ဟု မယုံကြည်ပေ။ ဒါကြောင့် သူမ နှစ်ရှည်လများ တည်ထောင်ထားတဲ့ ကွန်ယက်နှင့် ငွေကြေးဌာနထဲက လူယုံအားလုံး အပြောင်ရှင်းခံလိုက်ရတော့သည်။


***-***

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now