ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သည့် ဝံပုလွေ ညီငယ်လေး

114K 4.8K 113
                                    

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သည့် ဝံပုလွေ ညီငယ်လေး (ဇာတ်လမ်းဖော်ပြချက်)

[gong (seme) နှင့် shou (uke) တွင်သွေးစပ်စပ်ခြင်းမရှိ၊ အိမ်ထောင်စုတစ်ခုတည်းတွင်မှတ်ပုံတင်ထားခြင်း ရှိသော်လည်း gong (seme) က ဖခင်၏ တရားဝင် မယားကြီးဘက်မှ ပါလာသည့် သားဖြစ်သည်။ ဖခင်ဖြစ်သူ၏ တရားဝင် မယားကြီး ကင်ဆာဖြင့် သေဆုံးပြီးမှ  shou (uke) ၏ မိခင် နှင့် လက်ထပ်လိုက်သည်။

shou (uke) ၏ မိခင်သည် ရည်ရွယ်ချက်ကြီးမားလွန်းသည့် ဆင်းရဲပေမယ့် ကြိုးစားသော မိန်းကလေးဖြစ်သည်။ သူဌေးကြီး အရက်မူးချိန်တွင် အခွင့်ရေးယူကာ ကိုယ်ဝန်ရအောင် လုပ်လိုက်သည့် အတွင်းရေးမှုး မိန်းမချောဖြစ်သည်။  ဒါပေမယ့် သူဌေးကြီးက သူ့တရားဝင် မယားကြီးကို ချစ်လည်း ချစ်၊ လေးလည်းလေးစားသူဖြစ်သောကြောင့် အတွင်းရေးမှုးမကို လျှော်ကြေးပေးကာ လက်မထပ်ခဲ့ပေ။

ဒါကြောင့် အတွင်းရေးမှုးမက သားယောကျာ်းလေး shou (uke) ကို မွေးဖွားကာ ရွာမှ အမေအိုကြီးထံ ပစ်ပေးကာ ကလေးကို မွေးစေသည်။ သားဖြစ်သူကို ဖုန်းလည်းမဆက်၊ တချက်လေးတောင် လာမကြည့်ပဲ လိုအပ်ချိန် ထုတ်သုံးရမည့် လက်နက်အဖြစ် ကျွေးမွေးထားစေသည်။ သူဌေးကြီး၏ မယားကြီး သေဆုံးချိန်တွင် သူမက တရားဝင် မယားအဖြစ် လက်ထပ်ပြီး သူဌေးကတော်အဖြစ် အိမ်တော်ထဲ ဝင်နိုင်စေရန် နှစ်ပေါင်းများစွာ မေ့လျော့နေသော သားဖြစ်သူထံ မျက်ရည်ဖြင့် လှည့်ဖျားကာ သိမ်းသွင်းခဲ့သည်။

ရိုးအ သော သားဖြစ်သူ shou (uke) က မိခင်၏အချစ်၊ မိသားစုချစ်ခြင်းကို တောင့်တနေသူ ဖြစ်သောကြောင့် မွေးမေအရင်း၏ စကားကို ယုံကြည်ဝမ်းသာပြီး ဖခင်ရင်း၏ အိမ်တော်ကို အသက် 13 နှစ်တွင် ဝင်ရောက်ခဲ့သည်။ မိခင်ရင်းဖြစ်သူ၏ သွေးထိုးစကားကြောင့် တရားဝင်မယားကြီးဘက်မှ ပါလာသည့်သား၊ လက်ရှိသူဌေးကြီး၏ သားအရင်းအဖြစ် မြှောက်စားထားသည့် အကိုကြီး gong (seme) ကို   shou ( Shu Ning  )  က မုန်းတီးကာ တစ်ဘဝလုံး တိုက်ခိုက်ခဲ့သည်။ ဒါပေမယ့် အကိုကြီး၏ အရည်ချင်းကို လုံးဝ လိုက်မမှီသည့်  Shu Ning က မိသားစု ဆက်ခံခွင့်ကို လက်လွှတ်လိုက်ရပြီး အကိုကြီးဆီ ဆက်ခံခွင့်သာရောက်ရှိ ခဲ့သည်။ ထိုအချိန်  Shu Ning က အကိုကြီးကို မုန်းသည့် အမုန်းက အရိုးထိ စွဲသွားခဲ့သည်။

 Shu Ning သည် အမေ၏သွေးထိုးမှုကြောင့် အကိုကြီးဖြစ်သူ၏ ပျက်စီးရာပျက်စီးကြောင်းကို လုပ်ခဲ့သည်။ လူပေါ်ကြော့လေးလို နေခဲ့သည်။ သူငယ်ချင်းတုတွေကြား မြှောက်ပင့်စကားကို ယုံကြည်ကာ သာယာယစ်မှုးခဲ့သည်။ ငွေမက်ပြီး အကျင့်မကောင်းသည့် ချစ်သူကောင်လေးကို ထားခဲ့သည်။ သူတပါးအပေါ်မောက်မာပြီး အမုန်းပွားအောင် လုပ်ခဲ့မိသည်။ မိခင်ရင်းကလည်း သားဖြစ်သူ  Shu Ning  ကို သွန်သင်ဆုံးမခြင်းမရှိခဲ့ပေ။ သူ လိုချင်တာ ရအောင် သားဖြစ်သူကို လက်နက်တစ်ခုလို အသုံးချခဲ့သည်။

မိခင်ကိုချစ်သော Shu Ning သည် အလွန်ပင်ပင်ပန်းပန်း အလုပ်လုပ်ကိုင်ခဲ့ပြီး အဖေ၏ရှေ့တွင်ကောင်းမွန်သော  ကလေးတစ် ဦး အနေဖြင့် လုပ်ဆောင်ခဲ့သည်။ အစ်ကိုဖြစ်သူနှင့်တိုက်ခိုက်နေစဉ်တွင် IQ မြင့်မားခြင်းမရှိသော်လည်း အစွမ်းကုန်ကြိုးစားခဲ့သည်။  မိခင်၏နွေးထွေးသောခံစားချက်များကြောင့် အဆက်မပြတ်တွန်းအားပေး ခံရလေ၊ သူ့အစ်ကိုကို ပို၍ အနှောင့်အယှက်ပေးလေလေ၊ သူ လမ်းမှားရောက်လေလေဖြစ်သည်။ Shu Ning ၏အမေရင်းက သူမအချစ်ဆုံး သားအငယ်အတွက် Shu Ning ကိုချနင်းကာ လမ်းဖောက်ခဲ့ ခြင်းဖြစ်သည်။

နောက်ဆုံး မွေးမေအရင်း၏ ရည်ရွယ်ချက်ပေါ်လာခဲ့သည်။  Shu Ning လုပ်ခဲ့သည့် ပြစ်မှုများ သက်သေနှင့်တကွပေါ်လာချိန်မှာ အမေရင်းက  Shu Ning  ကို အကိုကြီး လက်ထဲ မိသားစုပိုင်လုပ်ငန်းစုကြီး၏ ရှယ်ယာများ ပါမသွားစေရန်  Shu Ning  နောက်မှ မွေးဖွားသည့် သားအငယ်ဆုံး နာမည်ဖြင့်  Shu Ning ၏ရှယ်ယာများကို လွဲပြောင်းပေးစေခဲ့သည်။ ညီငယ်လေးကို စောင့်ရှောက်ချင်သော  Shu Ning  က ညီအရင်းကို ချစ်သည့်အတွက် အမေရင်းကို ယုံကြည်သည့်အတွက် သူပိုင်ရှယ်ယာအားလံုးကို လွဲပေးလိုက်သည်။

အားလုံးလွှဲအပ်ပေးပြီးနောက်  Shu Ning  ထောင်ကျခဲ့သည်။ ထောင်ထဲတွင် မွေးမေအရင်းက သားအငယ်ဆုံးအတွက် လိုဘ ပြည့်သွားပြီဖြစ်လို့ သူမသားအရင်း  Shu Ning  ကိုစွန့်ပစ်ခဲ့တော့သည်။ ဒါကို  Shu Ning က မသိပဲ အမေနှင့် ညီပေါ် အချစ်မလျော့ခဲ့ပေ။

အတုအယောင် မိတ်ဆွေနှင့် ချစ်သူက ထောင်ထဲထိ လာပြီး Shu Ning ကို လှောင်ပြောင် နှိမ့်ချသည်။ စော်ကားသည်။ ငွေမရှိချိန် အချစ်တုတို့က သူ့ကို တကူးတက အချိန်ပေးကာ ထောင်ဝင်စာ လာတွေ့ကြပြီး Shu Ning
၏ ကျရုံးခန်းကို အရသာခံ ပီတဖြစ်ကာ ပြုံးရယ်ကြသည်။ အမေရင်းကတော့ ရှယ်ယာ ရသွားပြီးကတည်းက မျက်နှာလေးပင်လာမပြ၊ ဖုန်းပင်မဆက်ခဲ့ပေ။

တနေ့ ထောင်ထဲ ရန်ပွဲဖြစ်ရင်း  Shu Ning ကို တစ်စုံတစ်ယောက်က ရန်ပွဲထဲ အတင်း ဆွဲသွင်းသည်။  Shu Ning က ရှောင်ရင်း ထောင်၏ ဒုတိယအထပ်မှ အောက်ကို ပြုတ်ကျကာ အုတ်စက်ကွဲကာ သေလုမျောပါးဖြစ်ခဲ့သည်။ ဆေးရုံပေါ် သေလုမျောပါးအချိန်တွင် Shu Ning ၏ အခန်းထဲ Shu Ning သေအောင်မုန်းသည့် ရန်သူတော် အကိုကြီး တိတ်တဆိတ်ဝင်လာခဲ့သည်။

အကိုကြီးက မှိန်းနေသော Shu Ningကို အိပ်ပျော်နေသည် အထင်ဖြင့် သူ၏ စိတ်ရင်းကို ပြောပြခဲ့သည်။ တကယ်တော့ Shu Ning ၏ အပြစ်ကို ဖော်ထုတ်ကာ ရဲလက်အပ်သူက သူမဟုတ်ခဲ့ပေ။ ထောင်ထဲ Shu Ning သက်တောင့်သက်သာနေနိုင်ရင် အကိုကြီး  Shu Heng ပဲဖြစ်သည်။

အကိုကြီးထွက်သွားချိန်မှာ Shu Ning  နောင်တမျက်ရည်ကျလာခဲ့သည်။ တကယ်လို့ သူက အကိုကြီး၏ စိတ်ရင်းကို အစောပိုင်းကတည်းက ကြိုသိခဲ့ရင်၊ အကိုကြီးရဲ့စကားကို နားထောင်ခဲ့ရင် အခုလို ထောင်ထဲ အသေဆိုးနဲ့ မသေပဲ သူ့ဘဝ ပြောင်းလဲသွားမလားလို့ တွေးမိပြီး သူ မသေချင်သေးပေ။

သူ့အမှားကို ပြန်လည်ပြင်ဆင်ချင်သည်။
လူပေါ်ကျော့ သူဌေးသားဘဝဖြင့် ပြုမှုခဲ့သမျှကို ပြန်ပြင်ချင်သည်။
သူ့ပေါ် တကယ် ချစ်သည့် အကိုကြီးနားမှာ နေချင်သည်။

ဒီစိတ်ပြင်းပြကာ အော်ဟစ်မိချိန် သူက အလယ်တန်းကျောင်းသားအဖြစ် နိုးထလာခဲ့သည်။
သူမေ့နေသည့် အလယ်တန်းကျောင်းက အဆောင်လေးတွင် နိုးထလာခဲ့သည်။

လူပေါ်ကျော့ သူဌေးသားလေးက ပြန်လည်မွေးဖွားလာခဲ့ချိန် အနာဂါတ်မှာ ဖြစ်မည့် အရာအားလုံးကို ကြိုတင်သိနေပြီး ဖြစ်လာမည့် ကံဆိုးခြင်းကို သူ ဘယ်လိုရှောင်မလဲ။

သူ့ကို အချစ်စစ်နှင့် ချစ်ခဲ့သည့် အကိုကြီးနားကို ဘယ်လို တိုးကပ်သွားမလဲ။

အကိုကြီး၏ ချစ်ခြင်းကို သူ ဘယ်လို ရအောင်ကြိုးစားမလဲ။

အရင်ဘဝကတော့ သူက လူနုံလူအ ဖြစ်ခဲ့ပေမယ့် အခုတော့ သူက ဝံပုလွေပေါက်လေးဖြစ်နေပြီ။

ပြန်လည်မွေးဖွားလာသည့် ဝံပုလွေပေါက်လေးက သူ၏ ရေခဲတုံး အကိုကြီး၏ အချစ်ကိုရအောင် ဘယ်လိုများ ကြိုးစားမှာလဲ..........


မျက်နှာနှစ်ဖက်ဖြင့် စိတ်ထိန်းချုပ်ထားသောအစ်ကိုကြီး  X ကလိန်ကျပြီး ချစ်စရာကောင်းသောဝံပုလွေကောင်လေး

အစ်ကိုဖြစ်သူ စိတ်ထဲမှာ ညီငယ်လေးက  အရမ်းချစ်စရာကောင်းတယ်၊   နူးညံ့တယ်၊ သူရဲ့စံနှုန်းနဲ့ဘယ်လိုလုပ်ပြီး ညီငယ်လေးနဲ့ နီးစပ်အောင် လုပ်ရမလဲ။

ညီငယ်လေး တွေးနေမိသည်။

 အကိုကြီးက တည်ကြည်ပြီး မျက်နှာက အေးစက်စက်နှင့် မျက်နှာသေဖြစ်သည်။ ဒါပေမယ့် ငါ့ အနမ်းလေးတခုနဲ့မင်းရဲ့ လူချင်းထိတွေ့မှာကိုကြောက်သည့် ရောဂါက ဘယ်လိုပျောက်သွားတာလဲ။

မင်းကိုယ်ပေါ် ငါထိုင်နေချိန် မင်းက ဘာကြောင့် တောင့်တင်းနေရတာလဲကွ...... ╮ (╯▽╰) ╭

 အစ်ကိုဖြစ်သူ ၏ ကုမ္ပဏီ ကို လုယူစရာမလိုအောင် Shu Ning သည် ယခင်ဘဝမှ အမှတ်တရများကို  အသုံးချကာ ငွေဝင်စေမည့် ကိုယ်ပိုင်လုပ်ငန်းကို အပြင်တွင် တည်ထောင်ကာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန် ကြိုးစားရင်း အားကောင်းလာခဲ့သည်။ သူ့ကိုယ်သူ သန်မာအောင်၊ နုံအသူမဖြစ်အောင် ကြိုးစားခဲ့သည်။

 Shu   Ning က ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်း နေရတာ သိပ်ပြီး အဆင်ပြေတယ်လို့ ခံစားရသည်။

ဒါပေမယ့် အစ်ကိုကြီးက ဘာကြောင့် ပိုထူးဆန်းလာတာလဲ။ ညီအစ်ကို ချစ်ခြင်း နွေးထွေးမှုအတွက် အတူတူအိပ်ရင်း ဘာကြောင့် အကိုကြီးက ပြောင်းလဲလာတာလဲ။

အိပ်ယာဝင် အနမ်း၊ အိပ်ယာထ အနမ်းတွေက ဘာတွေလဲ။

အကိုကြီးက သူ့ကို တကယ့် ကလေးဆိုးလို မှတ်ထင်နေတလား။ Σ (°△° |||) ︴

 Silkpants -   လူချမ်းသာ လူပေါ်ကျော့ သူဌေးသားကို ဆိုလိုသည် ။ (ပိုးသားဘောင်းဘီဝတ်လူပေါ်ကျော့ သူဌေးသား)

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးTempat cerita menjadi hidup. Temukan sekarang