Chapter (22) - ဒါက အစ္ကိုအတုႀကီး/ ဒါက အစ်ကိုအတုကြီး

24.4K 3.8K 22
                                    

Chapter (22) - ဒါက အစ္ကိုအတုႀကီး..

႐ႈနင္သည္ ကေလးဆန္ဆန္တုန္ယင္စြာျဖင့္ ေနာက္ကိုဆုတ္သြားၿပီး တမင္သက္သက္ ကုလားထိုင္ေပၚမွာ မတ္တပ္ရပ္ကာ အစ္ကိုႀကီးကို ဂုဏ္ယူစြာၾကည့္လိုက္သည္။

မင္းက မ်က္လံုးခ်င္းဆိုင္ၾကည့္ရတာ သေဘာက်တယ္လား..။ ရတယ္.. လာ.. ၾကည့္လို႔ရၿပီ အစ္ကိုႀကီး..

ငါက အၿမဲ မင္းကို ေခါင္းေမာ့ၿပီးၾကည့္ေနရတာ၊ အခု ဒီအရသာေလးကို မင္း ျပန္ခံစားၾကည့္လိုက္ဦး..

႐ႈနင္က စိတ္ကူးႏွင့္ ျမဴးေနေပမယ့္ ႐ႈဟိန္က သူဆင္ေသာအကြက္ထဲ ဝင္မလာေပ။ ဒါေၾကာင့္ ႐ႈနင္က ႐ႈဟိန္ကိုစိုက္ၾကည့္ကာ အသနားခံလိုက္ရသည္။

"ဒီတိုင္းရင္းေဆးက ခါးလား.."

႐ႈဟိန္က ေျခလွမ္းက်ဲျဖင့္ေလွ်ာက္လာၿပီး ႐ႈနင္ကို လက္တစ္ဖက္ႏွင့္ေပြ႕ခ်ကာ သူ႔ေပါင္ေပၚတင္ရင္း ေခါင္းညိတ္ျပလိုက္ေတာ့ ႐ႈနင္၏ေခါင္းက ဗလာျဖစ္သြားေတာ့သည္။ ဒီေလာက္ဆိုးဝါးဖို႔ သူမေမွ်ာ္လင့္ထားေပ။

"မင္းေသာက္တာ နည္းတယ္.."

႐ႈဟိန္က ေျပာရင္း ဖုန္းကိုေကာက္ကိုင္ကာ ေျပာလိုက္သည္။

"ငါ ေဆးေနာက္တစ္မ်ိဳး ထပ္တိုးခိုင္းလိုက္မယ္.. မင္း ဒါကိုပံုမွန္ေသာက္ရင္ အက်င့္ရသြားၿပီး ေနာက္ မခါးေတာ့ဘူး.."

ေသစမ္း..!

႐ႈနင္က ေခါင္းယမ္းကာ အစ္ကိုႀကီး၏ေပါင္ေပၚကဆင္းဖို႔ ႐ုန္းကန္ေပမယ့္ ႐ႈဟိန္က သူ႔ခါးကိုတင္းတင္းဖက္ထားသျဖင့္ အနည္းငယ္႐ုန္းကန္ၿပီး လက္ေလွ်ာ့လိုက္ရသည္။ သူေခၽြးျပန္လာၿပီး အစ္ကိုႀကီး၏ရင္ဘတ္ကိုမွီထိုင္ကာ သနားစဖြယ္ေျပာလိုက္သည္။

"အစ္ကိုႀကီး.. ကၽြန္ေတာ္မွားသြားပါတယ္.. တိုင္းရင္းေဆးက ႏွာေခါင္းပိတ္ေသာက္ရင္ ရပါတယ္.."

တ႐ုတ္တိုင္းရင္းေဆးဆိုတာ ပညာရွင္က ေသခ်ာတြက္ခ်က္ၿပီး စပ္ေပးထားတာ၊ ဘယ္လိုလုပ္ အိမ္ကေန လြယ္လြယ္ကူကူ ေနာက္တစ္မ်ိဳး ထပ္တိုးလို႔ရမွာလဲ.. ဟမ့္..။

႐ႈနင္က တကယ့္ကေလးမဟုတ္သည့္အျပင္ သူက ၃၀အရြယ္ ဦးေလးႀကီးျဖစ္ေသာေၾကာင့္ သူ႔ကို ခုလိုလြယ္လြယ္လွည့္စားလို႔ေတာ့မရေပ။ ဒါေပမယ့္ တတ္ႏိုင္သေလာက္ ၁၃ ႏွစ္သားကဲ့သို႔ သ႐ုပ္ေဆာင္ေနရသည္။

႐ႈဟိန္က ႐ႈနင္၏မ်က္ဝန္းမ်ားကို စိုက္ၾကည့္လိုက္သည္။ ႐ႈဟိန္၏မ်က္ဝန္းမ်ားက ပင္လယ္လိုနက္႐ိႈင္းေသာေၾကာင့္ ႐ႈနင္က သူႏွင့္ထပ္မကစားရဲေတာ့ေပ။

ေကာင္ေလးေရ.. မင္းနဲ႔ရြယ္တူ ေကာင္ေလးေတြနဲ႔ ဘာေၾကာင့္ ေလွ်ာက္သြားၿပီး မကစားရတာလဲ..။ ဒါဆို မီးပြားလိုအၾကည့္ေတြက ငါ့နားမွာမရွိႏုိင္ေတာ့ဘူးေလ..။

႐ႈနင္က မတတ္သာေတာ့ဘဲ အစ္ကိုႀကီး၏ပုခံုးကိုမွီကာ လိမ္မာစြာထိုင္ေနေတာ့ ႐ႈဟိန္ကိုယ္က ခပ္ေဖ်ာ့ေဖ်ာ့ေမႊးရနံ႔ကို ရလိုက္သည္။ ဒီကိုယ္သင္းနံ႔က ႐ႈနင္ကို စိတ္ပိုင္းဆိုင္ရာ လံုၿခံဳမႈရေစသည္။ ႐ႈဟိန္က သန္မာသည္၊ ေၾကာက္စရာေကာင္းသည္။ တစ္ၿပိဳင္တည္းမွာပဲ သူက တည္ၿငိမ္ၿပီး ထက္ျမက္သည္။ သူဒီေန႔ သူႀကံဳရသလို တျခားလူသာႀကံဳရရင္ သူက ေလွာင္ေျပာင္မိမွာျဖစ္ေပမယ့္ ခုေတာ့ သူ ငိုခ်င္ေနၿပီ။ သူသာ အစ္ကိုႀကီးကို ပံုမွန္ေဆးေသာက္ပါမယ္လို႔ ကတိမေပးလွ်င္ မနက္ျဖန္ တုိင္းရင္းေဆး၂ထုပ္က ေသခ်ာေပါက္ သူ႔ကိုေစာင့္ႀကိဳေနေတာ့မွာ ေသခ်ာသည္။

ေရွးေခတ္မွာ ဧကရာဇ္မင္းႀကီး၏ စကားတစ္ခြန္းက ကိစၥရပ္မ်ားစြာ ျဖစ္ေစႏိုင္သလို ယေန႔ေခတ္မွာ ႐ႈဟိန္က ဧကရာဇ္လိုပုဂၢိဳလ္မ်ိဳးပဲ..။ (╮(╯▽╰)╭ )

႐ႈဟိန္က ႐ႈနင္ကိုဖက္ထားရင္း စာရြက္စာတမ္းမ်ားကို ၾကည့္လိုက္ေတာ့ ႐ႈနင္၏နဖူးမွာ အေရးအေၾကာင္း ၃ေၾကာင္းေပၚလာသည္။ သူက ငါ့ကိုဖက္ရတာကို စြဲလန္းေနတာလား..။

"အစ္ကိုႀကီး.. ကၽြန္ေတာ္ အသီးစားခ်င္တယ္.."

"အင္း.."

"......"

"......"

"အစ္ကိုႀကီး.. ကၽြန္ေတာ့္ကို ခ်ေပးပါလား.. အစ္ကိုႀကီး ေျခေထာက္က်ဥ္လိမ့္မယ္.."

႐ႈနင္က အစ္ကိုႀကီးစိတ္ဆိုးသြားမွာစိုးလို႔ အသာေလးေျပာလိုက္သည္။

"ဒီအခ်က္အလက္က ဒုတိယေျမကြက္နဲ႔ ပတ္သက္တာေတြပဲ.. ဒါ အရမ္းအေရးႀကီးတယ္.. ဒီေနရာမွာ ရြာ၂ရြာက ျပန္လည္ထူေထာင္ေရး စလုပ္သင့္ေနၿပီ.. ငါထင္တာေတာ့.."

႐ႈဟိန္က သူ႔ကို ဆက္တိုက္ေျပာျပေနေတာ့သည္။

ဒါက ႐ႈဟိန္က သူ႔ကို စကားအမ်ားႀကီး စေျပာဖူးျခင္းျဖစ္သည္။ အရင္ဘဝက သူ ေဆး႐ံုမွာ ေသခါနီးလာေတြ႕တုန္းကလည္း ခုလိုေျပာခဲ့ဖူးသည္။ အဲ့ဒီအခ်ိန္မွာ ႐ႈနင္၏ႏွလံုးသားထဲ ခါးသီးျခင္းတခိ်ဳ႕၊ ခ်ိဳၿမိန္ျခင္းတခ်ိဳ႕ကို ခံစားခဲ့ရသည္။

႐ႈဟိန္က တကယ့္ပါရမီရွင္ျဖစ္သည္။ သူက စီးပြားေရးေလာကထဲ ေျခစမ္း႐ံုရွိေသးသည္၊ တကယ့္လုပ္ငန္းစုႀကီးထဲမွ အက်ိဳးအျမတ္ရေအာင္ယူဖို႔ ႀကံစည္ေနၿပီျဖစ္သည္။ ဒီသတင္းေတြက မေပါက္ၾကားဖို႔ ေသခ်ာထိန္းသိမ္းရမည္ျဖစ္သည္။ ႐ႈနင္က အရင္ဘဝက company ကိုဝင္ခဲ့လို႔ ဒီလုပ္ငန္းစဥ္ေတြကို နားလည္ေနသည္။

"ကၽြန္ေတာ့္ကို ခုတစ္ပတ္ပိတ္ရက္ ေခၚသြားေပးပါလား အစ္ကိုႀကီး.. အဖိုးေပးထားတဲ့မုန္႔ဖိုးနဲ႔ အိမ္တစ္အိမ္ေလာက္ ဝယ္ထားခ်င္လို႔.."

"ေကာင္းၿပီ.."

ဒါအေကာင္းဆံုးပဲ..။ ႐ႈနင္က အခု အျပင္ထြက္ၿပီး ရွယ္ယာကစားၿပီး ေငြရွာခ်ိန္မရေသးေပ။ သူက အသက္မျပည့္ေသးလို႔ ကိုယ္ပိုင္ company မရွိေသးေပ။ ႐ႈဟိန္၏ computer ကလည္း password ခံထားသည္။ တကယ္လို႔ ငွားသံုးရင္လည္း သူ႔အသက္အရြယ္ႏွင့္ အြန္လိုင္းေပၚက share ေရာင္းဝယ္ကစားတာသိသြားရင္ သံသယဝင္ႏိုင္သည္။ ခုေတာ့ အျမတ္ရႏိုင္သည့္ေနရာက အိမ္ဝယ္ထားရင္ ျမတ္စြန္းႏိုင္ေလၿပီ။

လက္ရွိ သူဒီလိုေငြဝင္လမ္းေၾကာင္းရွိေနမွေတာ့ ဘာေၾကာင့္ risk ယူရမွာလဲ..။

ဒီစာေမးပြဲၿပီးသြားရင္ သူ႔ကိုယ္ပိုင္ကြန္ပ်ဴတာ ရတန္ေကာင္းပါရဲ့..။ ဒါေၾကာင့္ သူ အလ်င္မလိုေပ။

ထိုစဥ္ ႀကိဳးဖုန္းျမည္လာၿပီး ႐ႈဟိန္က ဖုန္းကိုင္လိုက္သည္။ သူက ႐ႈနင္ကို တင္းတင္းဖက္ထားဖို႔ မေမ့ေပ။

"အေဖ.."

"မင္းရဲ့ စီးပြားေရးအဆိုျပဳလႊာကို အေဖဖတ္ၿပီးၿပီ.. ငါတို႔အားကိုးရတဲ့လူရရင္ စၿပီးအေကာင္အထည္ေဖာ္လို႔ရၿပီ.. မင္းမွာ လုပ္မယ့္အဖြဲ႕ ရွိလား.."

႐ႈခ်ိန္၏ေလသံက ေလးနက္ေနေပမယ့္ ႐ႈခ်ိန္၏မ်က္ႏွာက လႈပ္ရွားျခင္းမရွိေပ။ ႐ႈနင္က ႐ႈဟိန္ ဘာျပန္ေျဖမလဲဆိုတာ သိခ်င္ေနသည္။

"ကၽြန္ေတာ့္မွာ ရွိပါတယ္.. စိတ္မပူပါနဲ႔ အေဖ.. သူတို႔ေတြ ကၽြန္ေတာ္တို႔ကို စံုစမ္းလို႔မရပါဘူး.."

႐ႈဟိန္က ျပန္ေျဖေပမယ့္ သံႀကိဳးလို ႐ႈနင္ကိုသိုင္းဖက္ထားေသာလက္က မေျပာင္းေပ။ သူက လက္ေခ်ာင္းေလးျဖင့္ ႐ႈနင္၏ေမးေစ့ကို အသာအယာပြတ္သပ္ကာ ေၾကာင္ကေလးလို ပြတ္သပ္ေခ်ာ့ျမႇဴေနသလို လုပ္ေနသည္။

ဘုရားေရ.. အစ္ကိုႀကီး.. ခင္ဗ်ားက စိတ္ေပ်ာ္ေနလို႔ ကၽြန္ေတာ့္ကို ခုလိုက်ီစယ္ေနတာလား..

႐ႈနင္က ပါးစပ္အေဟာင္းသား၊ မ်က္လံုးအဝိုင္းသားေလးႏွင့္ ႐ႈဟိန္ကိုသာ စိုက္ၾကည့္ေနမိေတာ့သည္။

"အေဖ မင္းကို ယံုတယ္.."

႐ႈခ်ိန္က စိတ္ခ်စြာေျပာလိုက္သည္။

ဒီစကားေတြၾကားေတာ့ ႐ႈနင္ေတြးလိုက္တာက ႐ႈဟိန္၏မိခင္ဘက္က အမ်ိဳးေတြက အစိုးရဌာန အႀကီးပိုင္းမွာရွိၿပီး ဒီလိုလွ်ိဳ႕ဝွက္သတင္းကို ႐ႈဟိန္ရခဲ့ျခင္းျဖစ္သည္။ အစိုးရက သူတို႔ project ကိုစတင္ခ်ိန္မွာ မိသားစုႀကီးက အစိုးရႏွင့္ပူးေပါင္းခ်င္ပါသည္ဟု ဆိုလာပါက ဘာေၾကာင့္ပူးေပါင္းခ်င္ေၾကာင္း ခိုင္မာစြာ ရွင္းျပဖို႔လိုတာျဖစ္ႏိုင္သည္။

"မင္း ဒါကို ဘယ္လိုထင္လဲ.."

"မသိေတာ့ဘူး အစ္ကိုႀကီး.."

႐ႈနင္က ေခါင္းငံု႔ကာ ေသခ်ာစဥ္းစားေနသည္။ သူက ဒီသတင္းအခ်က္အလက္ေပၚက အက်ိဳးအျမတ္ရဖို႔ အိမ္ဝယ္ရန္ႀကိဳးစားစဥ္ အစ္ကုိႀကီးက ေျမကိုဝယ္ဖို႔လုပ္ေနသည္။ သူက အစိုးရ project လာလွ်င္ ပူးေပါင္းဖို႔ပင္ ျပင္ဆင္ထားၿပီးျဖစ္သည္။ သူက အသက္ 18 ႏွစ္ပဲရွိေသးေပမယ့္ အသက္ 30 အရြယ္ဦးေႏွာက္က မယွဥ္ႏိုင္ေပ။ အစ္ကိုႀကီးက သူ႔ထက္ အဆမ်ားစြာေတာ္ေပမယ့္ သူ႔ကို အႏိုင္မက်င့္ေပ။

"မင္း ႀကိဳက္တာဝယ္လို႔ရတယ္.."

"အိုေက.."

႐ႈဟိန္၏မ်က္ဝန္းက ေလးနက္လာၿပီး ႐ႈနင္၏ေမးေစ့ကို ထပ္ပြတ္သပ္ေတာ့ ႐ႈနင္က စိတ္တုိကာ ႐ႈဟိန္၏ရင္ဘတ္ကို လက္ႏွင့္တြန္းၿပီး ေျပာလိုက္သည္။

"ကၽြန္ေတာ္ အိမ္သာသြားဦးမယ္.."

႐ႈနင္ထြက္ေျပးသြားတာၾကည့္ၿပီး သူျပန္မလာႏိုင္တာသိေတာ့ ႐ႈဟိန္က အေမွာင္ထဲကို ေမးလိုက္သည္။

"ငါလိုခ်င္တဲ့ပစၥည္းက ဘယ္မွာလဲ.."

"ျပင္ဆင္ထားၿပီးပါၿပီ.."

႐ႈနင္က သူ႔အိပ္ခန္းထဲမွာ စိတ္ေျပေအာင္ နားေနလိုက္သည္။ သူက အေမွာင္ထဲကိုစိုက္ၾကည့္ရင္း ခ်င္ယြိက်ိဳးအေၾကာင္းကို ေတြးေနသည္။ အရင္ဘဝတုန္းက သူ႔အေမက ကေလးေမြးၿပီးခ်ိန္ထိ ေစာင့္ၿပီးမွ ေလွကားကေနတြန္းခ်တာ မဟုတ္ဘူးလား..။ ခုဘဝမွာေတာ့ သူမက အရမ္းကို တက္ၾကြလြန္းေနသည္။ သူမက သူ႔ကိုခုတံုးလုပ္ၿပီး အျမင့္ကိုတက္ဖို႔ မေစာင့္ႏိုင္ေအာင္ျဖစ္ေနတာလား။ သူက အသက္ 13 ႏွစ္သာရွိေသးလို႔ ဘာမွမတံု႔ျပန္ႏိုင္ေသးေပမယ့္ ဒုတိယေျမကြက္ကိစၥကိုသံုးၿပီး သူမရင္နာေအာင္ လုပ္လို႔ရတာပဲေလ။

၉ နာရီထိုးေတာ့ ႐ႈနင္က အိပ္ခ်င္လာလို႔ မ်က္လံုးက မ်က္ရည္ပင္ေဝ့သီလာသည္။ သူက ေခါင္းအံုးကိုပိုက္ကာ အစ္ကိုႀကီး၏စာဖတ္ခန္းကို လာခဲ့သည္။ အခန္းတံခါးဖြင့္လိုက္သည္ႏွင့္ ဆိုဖာရွည္ေပၚမွာ စီခ်ထားသည့္ ေရာင္စံုဖက္လံုးေလးေတြကိုၾကည့္ကာ ပါးစပ္အေဟာင္းသားျဖစ္ရျပန္သည္။

အနီေရာင္၊ အဝါေရာင္၊ အေရာင္ေတာက္ေတာက္ တိရိစာၦန္ပံုမ်ား၊ ခ်စ္စရာ အသီးပံုစံမ်ားႏွင့္ ေျဗာင္အေရာင္ေဖ်ာ့ ေလးေထာင့္ပံုဖက္လံုး ၆ခု၊ ၇ခုက တန္းစီလို႔ေနသည္။ ႐ႈနင္၏လည္ပင္းေလးက လိပ္ေလးလို ဆန္႔ထြက္ကာ ၾကည့္ေနသည္။

ဘာေတြျဖစ္ေနတာလဲ။ ႐ႈနင္ နားမလည္ႏိုင္ေတာ့ေပ။

႐ႈဟိန္က ႐ႈနင္၏အမူအယာေလးကိုၾကည့္ကာ ရင္ထဲေႏြးလို႔လာသည္။ ခ်င္ယြိက်ိဳးက ႐ႈနင္ကို အေကာင္းဆံုးဆိုတာေတြေပးေပမယ့္ သူဘာလိုခ်င္သလဲလို႔ ဘယ္ေတာ့မွမေမးခဲ့ေပ။ ႐ႈဟိန္က သူ႔ညီေလး ဘာကိုသေဘာက်သလဲဆိုတာ အကဲခတ္ေနသည္။ သူ႔ပံုစံက မတုန္မလႈပ္ပံုျဖစ္ေပမယ့္ သူ႔ညီေလးအႀကိဳက္ကို တိတ္တဆိတ္ေလ့လာေနသည္။

႐ႈဟိန္က ခပ္လွမ္းလွမ္းမွာရပ္ကာ ႐ႈနင္ကိုၾကည့္ေနသည္။

ဘာေၾကာင့္ ခုထိ ေျပးမဖက္ေသးတာလဲ..။

ဒါဆို ငါ မင္းကို ဖက္ေပးမယ္..

႐ႈဟိန္က ႐ႈနင္ကိုေပြ႕ခ်ီကာ စားပြဲေပၚမွာ တင္ေပးလိုက္သည္။

႐ႈဟိန္က ဘာေၾကာင့္ သူ႔စည္းမ်ဥ္းဥပေဒေတြကေန ေသြဖီေနတာလဲ..။ သူ ဘာလုပ္ေနတာလဲ..။ သူ ဘာလုပ္ဖို႔ႀကိဳးစားေနတာလဲ..။ ဒီေန႔က ဘာျဖစ္ေနတာလဲ..။ ငါ တံခါးမွားဖြင့္ၿပီး ဝင္လာမိတာျဖစ္မယ္..။ ဒါက အစ္ကိုအတုႀကီးပဲ..!

႐ႈဟိန္ ဘာလုပ္ေနသလဲဆိုတာ မသိေသာေၾကာင့္ ႐ႈနင္၏မ်က္လံုးက ျပဴးက်ယ္ဝိုင္းစက္ေနသည္။ ႐ႈဟိန္က ႐ႈနင္၏မ်က္ႏွာနားကို ကိုင္းညြတ္ကာ ေခါင္းကိုငံု႔ခ်လာေသာေၾကာင့္ ႐ႈနင္က အလန္႔တၾကားျဖင့္ေရွာင္ရင္း စားပြဲေပၚ ပက္လက္ေလးလဲက်သြားသည္။ အစ္ကိုႀကီးက သူ႔ေပၚအုပ္မိုးကာ အနီးကပ္စိုက္ၾကည့္ေနလို႔ ႐ႈနင္ခမ်ာ မ်က္လံုးခ်ာခ်ာလည္ေနေတာ့သည္။

=======================

Chapter (22) - ဒါက အစ်ကိုအတုကြီး..

ရှုနင်သည် ကလေးဆန်ဆန်တုန်ယင်စွာဖြင့် နောက်ကိုဆုတ်သွားပြီး တမင်သက်သက် ကုလားထိုင်ပေါ်မှာ မတ်တပ်ရပ်ကာ အစ်ကိုကြီးကို ဂုဏ်ယူစွာကြည့်လိုက်သည်။

မင်းက မျက်လုံးချင်းဆိုင်ကြည့်ရတာ သဘောကျတယ်လား..။ ရတယ်.. လာ.. ကြည့်လို့ရပြီ အစ်ကိုကြီး..

ငါက အမြဲ မင်းကို ခေါင်းမော့ပြီးကြည့်နေရတာ၊ အခု ဒီအရသာလေးကို မင်း ပြန်ခံစားကြည့်လိုက်ဦး..

ရှုနင်က စိတ်ကူးနှင့် မြူးနေပေမယ့် ရှုဟိန်က သူဆင်သောအကွက်ထဲ ဝင်မလာပေ။ ဒါကြောင့် ရှုနင်က ရှုဟိန်ကိုစိုက်ကြည့်ကာ အသနားခံလိုက်ရသည်။

"ဒီတိုင်းရင်းဆေးက ခါးလား.."

ရှုဟိန်က ခြေလှမ်းကျဲဖြင့်လျှောက်လာပြီး ရှုနင်ကို လက်တစ်ဖက်နှင့်ပွေ့ချကာ သူ့ပေါင်ပေါ်တင်ရင်း ခေါင်းညိတ်ပြလိုက်တော့ ရှုနင်၏ခေါင်းက ဗလာဖြစ်သွားတော့သည်။ ဒီလောက်ဆိုးဝါးဖို့ သူမမျှော်လင့်ထားပေ။

"မင်းသောက်တာ နည်းတယ်.."

ရှုဟိန်က ပြောရင်း ဖုန်းကိုကောက်ကိုင်ကာ ပြောလိုက်သည်။

"ငါ ဆေးနောက်တစ်မျိုး ထပ်တိုးခိုင်းလိုက်မယ်.. မင်း ဒါကိုပုံမှန်သောက်ရင် အကျင့်ရသွားပြီး နောက် မခါးတော့ဘူး.."

သေစမ်း..!

ရှုနင်က ခေါင်းယမ်းကာ အစ်ကိုကြီး၏ပေါင်ပေါ်ကဆင်းဖို့ ရုန်းကန်ပေမယ့် ရှုဟိန်က သူ့ခါးကိုတင်းတင်းဖက်ထားသဖြင့် အနည်းငယ်ရုန်းကန်ပြီး လက်လျှော့လိုက်ရသည်။ သူချွေးပြန်လာပြီး အစ်ကိုကြီး၏ရင်ဘတ်ကိုမှီထိုင်ကာ သနားစဖွယ်ပြောလိုက်သည်။

"အစ်ကိုကြီး.. ကျွန်တော်မှားသွားပါတယ်.. တိုင်းရင်းဆေးက နှာခေါင်းပိတ်သောက်ရင် ရပါတယ်.."

တရုတ်တိုင်းရင်းဆေးဆိုတာ ပညာရှင်က သေချာတွက်ချက်ပြီး စပ်ပေးထားတာ၊ ဘယ်လိုလုပ် အိမ်ကနေ လွယ်လွယ်ကူကူ နောက်တစ်မျိုး ထပ်တိုးလို့ရမှာလဲ.. ဟမ့်..။

ရှုနင်က တကယ့်ကလေးမဟုတ်သည့်အပြင် သူက ၃၀အရွယ် ဦးလေးကြီးဖြစ်သောကြောင့် သူ့ကို ခုလိုလွယ်လွယ်လှည့်စားလို့တော့မရပေ။ ဒါပေမယ့် တတ်နိုင်သလောက် ၁၃ နှစ်သားကဲ့သို့ သရုပ်ဆောင်နေရသည်။

ရှုဟိန်က ရှုနင်၏မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။ ရှုဟိန်၏မျက်ဝန်းများက ပင်လယ်လိုနက်ရှိုင်းသောကြောင့် ရှုနင်က သူနှင့်ထပ်မကစားရဲတော့ပေ။

ကောင်လေးရေ.. မင်းနဲ့ရွယ်တူ ကောင်လေးတွေနဲ့ ဘာကြောင့် လျှောက်သွားပြီး မကစားရတာလဲ..။ ဒါဆို မီးပွားလိုအကြည့်တွေက ငါ့နားမှာမရှိနိုင်တော့ဘူးလေ..။

ရှုနင်က မတတ်သာတော့ဘဲ အစ်ကိုကြီး၏ပုခုံးကိုမှီကာ လိမ်မာစွာထိုင်နေတော့ ရှုဟိန်ကိုယ်က ခပ်ဖျော့ဖျော့မွှေးရနံ့ကို ရလိုက်သည်။ ဒီကိုယ်သင်းနံ့က ရှုနင်ကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရစေသည်။ ရှုဟိန်က သန်မာသည်၊ ကြောက်စရာကောင်းသည်။ တစ်ပြိုင်တည်းမှာပဲ သူက တည်ငြိမ်ပြီး ထက်မြက်သည်။ သူဒီနေ့ သူကြုံရသလို တခြားလူသာကြုံရရင် သူက လှောင်ပြောင်မိမှာဖြစ်ပေမယ့် ခုတော့ သူ ငိုချင်နေပြီ။ သူသာ အစ်ကိုကြီးကို ပုံမှန်ဆေးသောက်ပါမယ်လို့ ကတိမပေးလျှင် မနက်ဖြန် တိုင်းရင်းဆေး၂ထုပ်က သေချာပေါက် သူ့ကိုစောင့်ကြိုနေတော့မှာ သေချာသည်။

ရှေးခေတ်မှာ ဧကရာဇ်မင်းကြီး၏ စကားတစ်ခွန်းက ကိစ္စရပ်များစွာ ဖြစ်စေနိုင်သလို ယနေ့ခေတ်မှာ ရှုဟိန်က ဧကရာဇ်လိုပုဂ္ဂိုလ်မျိုးပဲ..။ (╮(╯▽╰)╭ )

ရှုဟိန်က ရှုနင်ကိုဖက်ထားရင်း စာရွက်စာတမ်းများကို ကြည့်လိုက်တော့ ရှုနင်၏နဖူးမှာ အရေးအကြောင်း ၃ကြောင်းပေါ်လာသည်။ သူက ငါ့ကိုဖက်ရတာကို စွဲလန်းနေတာလား..။

"အစ်ကိုကြီး.. ကျွန်တော် အသီးစားချင်တယ်.."

"အင်း.."

"......"

"......"

"အစ်ကိုကြီး.. ကျွန်တော့်ကို ချပေးပါလား.. အစ်ကိုကြီး ခြေထောက်ကျဉ်လိမ့်မယ်.."

ရှုနင်က အစ်ကိုကြီးစိတ်ဆိုးသွားမှာစိုးလို့ အသာလေးပြောလိုက်သည်။

"ဒီအချက်အလက်က ဒုတိယမြေကွက်နဲ့ ပတ်သက်တာတွေပဲ.. ဒါ အရမ်းအရေးကြီးတယ်.. ဒီနေရာမှာ ရွာ၂ရွာက ပြန်လည်ထူထောင်ရေး စလုပ်သင့်နေပြီ.. ငါထင်တာတော့.."

ရှုဟိန်က သူ့ကို ဆက်တိုက်ပြောပြနေတော့သည်။

ဒါက ရှုဟိန်က သူ့ကို စကားအများကြီး စပြောဖူးခြင်းဖြစ်သည်။ အရင်ဘဝက သူ ဆေးရုံမှာ သေခါနီးလာတွေ့တုန်းကလည်း ခုလိုပြောခဲ့ဖူးသည်။ အဲ့ဒီအချိန်မှာ ရှုနင်၏နှလုံးသားထဲ ခါးသီးခြင်းတချို့၊ ချိုမြိန်ခြင်းတချို့ကို ခံစားခဲ့ရသည်။

ရှုဟိန်က တကယ့်ပါရမီရှင်ဖြစ်သည်။ သူက စီးပွားရေးလောကထဲ ခြေစမ်းရုံရှိသေးသည်၊ တကယ့်လုပ်ငန်းစုကြီးထဲမှ အကျိုးအမြတ်ရအောင်ယူဖို့ ကြံစည်နေပြီဖြစ်သည်။ ဒီသတင်းတွေက မပေါက်ကြားဖို့ သေချာထိန်းသိမ်းရမည်ဖြစ်သည်။ ရှုနင်က အရင်ဘဝက company ကိုဝင်ခဲ့လို့ ဒီလုပ်ငန်းစဉ်တွေကို နားလည်နေသည်။

"ကျွန်တော့်ကို ခုတစ်ပတ်ပိတ်ရက် ခေါ်သွားပေးပါလား အစ်ကိုကြီး.. အဖိုးပေးထားတဲ့မုန့်ဖိုးနဲ့ အိမ်တစ်အိမ်လောက် ဝယ်ထားချင်လို့.."

"ကောင်းပြီ.."

ဒါအကောင်းဆုံးပဲ..။ ရှုနင်က အခု အပြင်ထွက်ပြီး ရှယ်ယာကစားပြီး ငွေရှာချိန်မရသေးပေ။ သူက အသက်မပြည့်သေးလို့ ကိုယ်ပိုင် company မရှိသေးပေ။ ရှုဟိန်၏ computer ကလည်း password ခံထားသည်။ တကယ်လို့ ငှားသုံးရင်လည်း သူ့အသက်အရွယ်နှင့် အွန်လိုင်းပေါ်က share ရောင်းဝယ်ကစားတာသိသွားရင် သံသယဝင်နိုင်သည်။ ခုတော့ အမြတ်ရနိုင်သည့်နေရာက အိမ်ဝယ်ထားရင် မြတ်စွန်းနိုင်လေပြီ။

လက်ရှိ သူဒီလိုငွေဝင်လမ်းကြောင်းရှိနေမှတော့ ဘာကြောင့် risk ယူရမှာလဲ..။

ဒီစာမေးပွဲပြီးသွားရင် သူ့ကိုယ်ပိုင်ကွန်ပျူတာ ရတန်ကောင်းပါရဲ့..။ ဒါကြောင့် သူ အလျင်မလိုပေ။

ထိုစဉ် ကြိုးဖုန်းမြည်လာပြီး ရှုဟိန်က ဖုန်းကိုင်လိုက်သည်။ သူက ရှုနင်ကို တင်းတင်းဖက်ထားဖို့ မမေ့ပေ။

"အဖေ.."

"မင်းရဲ့ စီးပွားရေးအဆိုပြုလွှာကို အဖေဖတ်ပြီးပြီ.. ငါတို့အားကိုးရတဲ့လူရရင် စပြီးအကောင်အထည်ဖော်လို့ရပြီ.. မင်းမှာ လုပ်မယ့်အဖွဲ့ ရှိလား.."

ရှုချိန်၏လေသံက လေးနက်နေပေမယ့် ရှုချိန်၏မျက်နှာက လှုပ်ရှားခြင်းမရှိပေ။ ရှုနင်က ရှုဟိန် ဘာပြန်ဖြေမလဲဆိုတာ သိချင်နေသည်။

"ကျွန်တော့်မှာ ရှိပါတယ်.. စိတ်မပူပါနဲ့ အဖေ.. သူတို့တွေ ကျွန်တော်တို့ကို စုံစမ်းလို့မရပါဘူး.."

ရှုဟိန်က ပြန်ဖြေပေမယ့် သံကြိုးလို ရှုနင်ကိုသိုင်းဖက်ထားသောလက်က မပြောင်းပေ။ သူက လက်ချောင်းလေးဖြင့် ရှုနင်၏မေးစေ့ကို အသာအယာပွတ်သပ်ကာ ကြောင်ကလေးလို ပွတ်သပ်ချော့မြှူနေသလို လုပ်နေသည်။

ဘုရားရေ.. အစ်ကိုကြီး.. ခင်ဗျားက စိတ်ပျော်နေလို့ ကျွန်တော့်ကို ခုလိုကျီစယ်နေတာလား..

ရှုနင်က ပါးစပ်အဟောင်းသား၊ မျက်လုံးအဝိုင်းသားလေးနှင့် ရှုဟိန်ကိုသာ စိုက်ကြည့်နေမိတော့သည်။

"အဖေ မင်းကို ယုံတယ်.."

ရှုချိန်က စိတ်ချစွာပြောလိုက်သည်။

ဒီစကားတွေကြားတော့ ရှုနင်တွေးလိုက်တာက ရှုဟိန်၏မိခင်ဘက်က အမျိုးတွေက အစိုးရဌာန အကြီးပိုင်းမှာရှိပြီး ဒီလိုလျှို့ဝှက်သတင်းကို ရှုဟိန်ရခဲ့ခြင်းဖြစ်သည်။ အစိုးရက သူတို့ project ကိုစတင်ချိန်မှာ မိသားစုကြီးက အစိုးရနှင့်ပူးပေါင်းချင်ပါသည်ဟု ဆိုလာပါက ဘာကြောင့်ပူးပေါင်းချင်ကြောင်း ခိုင်မာစွာ ရှင်းပြဖို့လိုတာဖြစ်နိုင်သည်။

"မင်း ဒါကို ဘယ်လိုထင်လဲ.."

"မသိတော့ဘူး အစ်ကိုကြီး.."

ရှုနင်က ခေါင်းငုံ့ကာ သေချာစဉ်းစားနေသည်။ သူက ဒီသတင်းအချက်အလက်ပေါ်က အကျိုးအမြတ်ရဖို့ အိမ်ဝယ်ရန်ကြိုးစားစဉ် အစ်ကိုကြီးက မြေကိုဝယ်ဖို့လုပ်နေသည်။ သူက အစိုးရ project လာလျှင် ပူးပေါင်းဖို့ပင် ပြင်ဆင်ထားပြီးဖြစ်သည်။ သူက အသက် 18 နှစ်ပဲရှိသေးပေမယ့် အသက် 30 အရွယ်ဦးနှောက်က မယှဉ်နိုင်ပေ။ အစ်ကိုကြီးက သူ့ထက် အဆများစွာတော်ပေမယ့် သူ့ကို အနိုင်မကျင့်ပေ။

"မင်း ကြိုက်တာဝယ်လို့ရတယ်.."

"အိုကေ.."

ရှုဟိန်၏မျက်ဝန်းက လေးနက်လာပြီး ရှုနင်၏မေးစေ့ကို ထပ်ပွတ်သပ်တော့ ရှုနင်က စိတ်တိုကာ ရှုဟိန်၏ရင်ဘတ်ကို လက်နှင့်တွန်းပြီး ပြောလိုက်သည်။

"ကျွန်တော် အိမ်သာသွားဦးမယ်.."

ရှုနင်ထွက်ပြေးသွားတာကြည့်ပြီး သူပြန်မလာနိုင်တာသိတော့ ရှုဟိန်က အမှောင်ထဲကို မေးလိုက်သည်။

"ငါလိုချင်တဲ့ပစ္စည်းက ဘယ်မှာလဲ.."

"ပြင်ဆင်ထားပြီးပါပြီ.."

ရှုနင်က သူ့အိပ်ခန်းထဲမှာ စိတ်ပြေအောင် နားနေလိုက်သည်။ သူက အမှောင်ထဲကိုစိုက်ကြည့်ရင်း ချင်ယွိကျိုးအကြောင်းကို တွေးနေသည်။ အရင်ဘဝတုန်းက သူ့အမေက ကလေးမွေးပြီးချိန်ထိ စောင့်ပြီးမှ လှေကားကနေတွန်းချတာ မဟုတ်ဘူးလား..။ ခုဘဝမှာတော့ သူမက အရမ်းကို တက်ကြွလွန်းနေသည်။ သူမက သူ့ကိုခုတုံးလုပ်ပြီး အမြင့်ကိုတက်ဖို့ မစောင့်နိုင်အောင်ဖြစ်နေတာလား။ သူက အသက် 13 နှစ်သာရှိသေးလို့ ဘာမှမတုံ့ပြန်နိုင်သေးပေမယ့် ဒုတိယမြေကွက်ကိစ္စကိုသုံးပြီး သူမရင်နာအောင် လုပ်လို့ရတာပဲလေ။

၉ နာရီထိုးတော့ ရှုနင်က အိပ်ချင်လာလို့ မျက်လုံးက မျက်ရည်ပင်ဝေ့သီလာသည်။ သူက ခေါင်းအုံးကိုပိုက်ကာ အစ်ကိုကြီး၏စာဖတ်ခန်းကို လာခဲ့သည်။ အခန်းတံခါးဖွင့်လိုက်သည်နှင့် ဆိုဖာရှည်ပေါ်မှာ စီချထားသည့် ရောင်စုံဖက်လုံးလေးတွေကိုကြည့်ကာ ပါးစပ်အဟောင်းသားဖြစ်ရပြန်သည်။

အနီရောင်၊ အဝါရောင်၊ အရောင်တောက်တောက် တိရိစ္ဆာန်ပုံများ၊ ချစ်စရာ အသီးပုံစံများနှင့် ဗြောင်အရောင်ဖျော့ လေးထောင့်ပုံဖက်လုံး ၆ခု၊ ၇ခုက တန်းစီလို့နေသည်။ ရှုနင်၏လည်ပင်းလေးက လိပ်လေးလို ဆန့်ထွက်ကာ ကြည့်နေသည်။

ဘာတွေဖြစ်နေတာလဲ။ ရှုနင် နားမလည်နိုင်တော့ပေ။

ရှုဟိန်က ရှုနင်၏အမူအယာလေးကိုကြည့်ကာ ရင်ထဲနွေးလို့လာသည်။ ချင်ယွိကျိုးက ရှုနင်ကို အကောင်းဆုံးဆိုတာတွေပေးပေမယ့် သူဘာလိုချင်သလဲလို့ ဘယ်တော့မှမမေးခဲ့ပေ။ ရှုဟိန်က သူ့ညီလေး ဘာကိုသဘောကျသလဲဆိုတာ အကဲခတ်နေသည်။ သူ့ပုံစံက မတုန်မလှုပ်ပုံဖြစ်ပေမယ့် သူ့ညီလေးအကြိုက်ကို တိတ်တဆိတ်လေ့လာနေသည်။

ရှုဟိန်က ခပ်လှမ်းလှမ်းမှာရပ်ကာ ရှုနင်ကိုကြည့်နေသည်။

ဘာကြောင့် ခုထိ ပြေးမဖက်သေးတာလဲ..။

ဒါဆို ငါ မင်းကို ဖက်ပေးမယ်..

ရှုဟိန်က ရှုနင်ကိုပွေ့ချီကာ စားပွဲပေါ်မှာ တင်ပေးလိုက်သည်။

ရှုဟိန်က ဘာကြောင့် သူ့စည်းမျဉ်းဥပဒေတွေကနေ သွေဖီနေတာလဲ..။ သူ ဘာလုပ်နေတာလဲ..။ သူ ဘာလုပ်ဖို့ကြိုးစားနေတာလဲ..။ ဒီနေ့က ဘာဖြစ်နေတာလဲ..။ ငါ တံခါးမှားဖွင့်ပြီး ဝင်လာမိတာဖြစ်မယ်..။ ဒါက အစ်ကိုအတုကြီးပဲ..!

ရှုဟိန် ဘာလုပ်နေသလဲဆိုတာ မသိသောကြောင့် ရှုနင်၏မျက်လုံးက ပြူးကျယ်ဝိုင်းစက်နေသည်။ ရှုဟိန်က ရှုနင်၏မျက်နှာနားကို ကိုင်းညွတ်ကာ ခေါင်းကိုငုံ့ချလာသောကြောင့် ရှုနင်က အလန့်တကြားဖြင့်ရှောင်ရင်း စားပွဲပေါ် ပက်လက်လေးလဲကျသွားသည်။ အစ်ကိုကြီးက သူ့ပေါ်အုပ်မိုးကာ အနီးကပ်စိုက်ကြည့်နေလို့ ရှုနင်ခမျာ မျက်လုံးချာချာလည်နေတော့သည်။

=======================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now