Chapter (35) - အခ်စ္ငတ္ေသာ အကိုႀကီးနွင့္နွစ္သိ္မ့္ေပး ခ်င္ေသာ ညိီေလး (Z+U)

23.5K 3.7K 65
                                    

Chapter (35) – အခ်စ္ငတ္ေသာ အကိုႀကီးနွင့္နွစ္သိ္မ့္ေပး ခ်င္ေသာ ညိီေလး (Z+U)

"တကယ္ပဲလား.."

ခ်င္ယြိက်ိဳးက ေမးလိုက္သည္။

အေမက မိခင္ေကာင္းဆိုတဲ့ show ျပခ်င္တာလား...။ စိတ္ခ် အေမျဖစ္ေစခ်င္သလို မျဖစ္ေစရဘူး..။

"အင္း.. အေဒၚအႀကီးဆံုးက လုပ္ငန္းခြင္ကို ေန႔တိုင္းသြားၿပီး ဦးေလးကို သိကၡာခ်တယ္.. ဦးေလးခမ်ာ အလုပ္ထဲမွာ ဒုကၡေရာက္ရတယ္.. ဒုတိယဦးေလးက မေတာ္တဆျဖစ္ၿပီး ေဆး႐ံုတက္ရေတာ့ ဒုတိယအေဒၚက သူ႔ကေလးသံုးေယာက္လံုးကို ဦးေလးဆီလာထားလို႔ ဦးေလးမွာ ဘာလုပ္ရမွန္းမသိ စိတ္ညစ္ေနရတယ္.. ၿပီးေတာ့ ဦးေလးေနတဲ့အိမ္လိပ္စာကိုေတာင္ သူတို႔က သိသြားၿပီဆုိေတာ့ ေနာက္ဆို လာလာေႏွာင့္ယွက္ေတာ့မွာမို႔ ဦးေလးက အိမ္မွာေတာင္မေနရဲေတာ့ဘူး.. သူက အေဖ့ဆီ ဒီအိမ္ကိုျပန္ေပးေတာ့မယ္ေတာင္ ေျပာေနတယ္.."

ဒီစကားကိုၾကားေတာ့ ခ်င္ယြိက်ိဳး လႈပ္လႈပ္ရွားရွားျဖစ္သြားသည္။ သူမက ဒီအိမ္ကို သူမပိုက္ဆံထဲကေန အသံုးမက်တဲ့ေမာင္ကို ဝယ္ေပးထားရသည္။ ေငြမ်ားစြာကုန္သြားလို႔ သူမ အသည္းဆတ္ဆတ္ခါလို႔မွမဆံုးခင္ ဒီအိမ္ကို သူ႔ေယာက္်ားလက္ထဲကို ဘယ္နည္းနဲ႔မွ ထည့္မေပးႏိုင္ေပ။

"ဒါဆို မင္းဦးေလးကို ခပ္ေဝးေဝး F ၿမိဳ႕ကလုပ္ငန္းခြင္ကို ေရႊ႕ေပးဖို႔ မင္းအေဖကိုေျပာလိုက္ရင္ေကာ.. မင္းအေဒၚေတြ သူ႔ကို လိုက္မေႏွာင့္ယွက္ႏိုင္ေတာ့ဘူး မဟုတ္လား.."

"မျဖစ္ဘူး.. အခုလုပ္ငန္းခြင္က လူ 80% က ရြာကလာလုပ္တဲ့သူေတြ၊ သူတို႔ဆီကေန ဦးေလး ဘယ္ကိုေရႊ႕ေရႊ႕ အေဒၚႏွစ္ေယာက္သိၿပီး လိုက္ေႏွာင့္ယွက္ေနဦးမွာပဲ.."

ဒီစကားေၾကာင့္ ခ်င္ယြိက်ိဳး ေခါင္းကိုက္လာၿပီး ဗိုက္ထဲက မသက္မသာခံစားလိုက္ရလို႔ ႐ႈနင္ကို အရင္ႏွစ္သိမ့္လိုက္သည္။

"မင္းလည္း အၾကာႀကီးကားစီးၿပီး ျပန္လာရတာ.. ပင္ပန္းေနၿပီ.. သြားနားလုိက္ဦး.. ညက်မွ အေမ မင္းကို အရသာရွိတာေလး ခ်က္ေပးမယ္.."

ဂ႐ုစိုက္ၿပီး ေႏြးေထြးတဲ့အေမပံုစံ ဖမ္းခ်င္တာလား..။ ကၽြန္ေတာ္ ဘာႀကိဳက္တတ္တယ္ဆိုတာေတာင္ အေမကသိလို႔လား..။

႐ႈနင္က ၿပံဳးရႊင္စြာျဖင့္ ခ်င္ယြိက်ိဳးကို ထပ္ၿပီး တြန္းအားေပးလုိက္သည္။

"ဦးေလးကိစၥက ျမန္ျမန္ေျဖရွင္းမွျဖစ္မယ္ အေမ.. အေဒၚရဲ့သမီးႏွစ္ေယာက္က ဦးေလးအိမ္ကအျပန္ ဦးေလးရဲ့ဖုန္းကိုေတာင္ ခိုးသြားၾကတယ္.. ၿပီးေတာ့ သူတို႔က အေမ့လိပ္စာကိုသိသြားၾကၿပီ.. အေမ့ကိုလာေတြ႕ရင္ ဘယ္လိုလုပ္မလဲ.. ကၽြန္ေတာ္က ဒီအေၾကာင္းေတြးၿပီး ညေတာင္ အိပ္မေပ်ာ္ဘူး.."

ခ်င္ယြိက်ိဳးသည္ ဒီအေၾကာင္းေတြၾကားၿပီး မ်က္ႏွာျဖဴေဖ်ာ့လာကာ အားလံုးကို လႊင့္ပစ္ခ်င္စိတ္ေပါက္လာသည္။

"ဦးေလးကေျပာတယ္.. သူတို႔က အေမ့ဆီေတာ့ လာမရွာေလာက္ပါဘူးတဲ့.. ဒါေပမယ့္ ကၽြန္ေတာ္ေတာ့ မယံုပါဘူး.. ဆင္းရဲျခင္းက အမွားမဟုတ္ေပမယ့္ လူတစ္ေယာက္ရဲ့စ႐ိုက္က ေျပာင္းလဲသြားရင္ သူတို႔က အလုပ္မလုပ္ဘဲ ပစၥည္းကို အေခ်ာင္လိုခ်င္စိတ္ရွိလာရင္ အေမ့ကို သူတို႔ အလြတ္ေပးပါ့မလား.."

ခ်င္ယြိက်ိဳးသည္ အန္ခ်င္စိတ္ပင္ ေပါက္လာေတာ့သည္။ သူမက ယခု ကိုယ္ဝန္ေၾကာင့္ အစားပင္မဝင္ဘဲ မနက္ခင္းတိုင္း ေအာ့အန္ကာ ပင္ပန္းလ်က္ရွိသည္။ ဒါေၾကာင့္ ဘာကိုမွမစဥ္းစားႏိုင္ျဖစ္ေနစဥ္ သူမဘက္ကအမ်ိဳးေတြရဲ့ အ႐ႈပ္ထုပ္ကိုၾကားလိုက္ရေတာ့ ေသခ်င္စိတ္ပင္ေပါက္လာသည္။ ခ်င္ယြိက်ိဳးက ပ်ိဳ႕အန္ခ်င္လာေသာေၾကာင့္ ပါးစပ္ကိုလက္ႏွင့္ဖံုးကာ ႐ႈနင္ကိုေျပာလိုက္သည္။

"သား.. အေမ ထမင္းစားၿပီး သြားမတိုက္ရေသးလို႔ သြားတိုက္လိုက္ဦးမယ္.. သြားနားေတာ့.. ခုကိစၥေတြကို စိတ္မပူနဲ႔.. အေမ ရွင္းလိုက္ပါ့မယ္.. သြားနားေတာ့.. မင္းအသားအေရက သိပ္မေကာင္းဘူး.."

႐ႈနင္က သူ႔အေမဘာျဖစ္တယ္ဆိုတာ သိသျဖင့္ အန္ေနသံကို မၾကားခ်င္ေသာေၾကာင့္ အခန္းျပင္ကိုထြက္လာခဲ့သည္။

ခ်င္ယြိက်ိဳးသည္ ႐ႈနင္ ေလွကားေအာက္ကိုဆင္းသြားေလာက္ခ်ိန္ကို ေစာင့္ၿပီး ေရခ်ိဳးခန္းထဲသြားကာ က်ယ္ေလာင္စြာေအာ့အန္ၿပီးေနာက္ စိတ္ပ်က္လက္ပ်က္ျဖင့္ ေအာ္ဟစ္ပစ္လိုက္သည္။

႐ႈနင္က အားနည္းသည့္အသြင္ေၾကာင့္ ခ်င္ယြိက်ိဳးက သူ႔ကို ဘယ္ေတာ့မွသံသယမဝင္ေပ။ သူမမ်က္လံုးမ်ား ရဲရဲနီလာၿပီး သူမေျခေထာက္ကို တြယ္တက္ဖို႔ႀကိဳးစားေနသည့္ အစ္မႏွစ္ဦးကိုေတြးကာ ေဒါသထြက္လာသည္။ ဒီႏွစ္ေတြမွာ သူမစြန္႔ပစ္ခဲ့ေသာ သားကို ျပန္မၾကည့္သည့္အျပစ္ကို ၾကင္နာေသာမိခင္၏ပံုရိပ္ျဖင့္ လံုေအာင္ဖံုးထားႏိုင္ခဲ့သည္။ သူမအစ္မေတြက ခုလို သူမကိုဒုကၡေပးလာမယ္ဆိုတာ ဘယ္သူႀကိဳသိႏိုင္မွာလဲ။ ဒီတန္ဖိုးမရွိသည့္ အမိႈက္မ်ားက ေသဖို႔ပဲေကာင္းၾကသည္။ သူမအေမက သူတို႔ႏွစ္ေယာက္ေၾကာင့္ ေသဆံုးသြားသည့္တုိင္ အစ္မႏွစ္ေယာက္က သူမတို႔အမွားကိုမျမင္ဘဲ ခုလို ေလာဘတႀကီးနဲ႔ သူမဆီကို ေငြညႇစ္ခ်င္လာေသးသည္။ သူမ ႐ႈနင္ကို ကိုယ္ဝန္ရွိကာ ကေလးေမြးဖို႔ အိမ္ကိုျပန္စဥ္က လူခ်မ္းသာသူေဌးက ကန္ထုတ္လိုက္လို႔ ရြာျပန္ကေလးေမြးရပါသည္ ဆိုသည့္သတင္းကို သူမတို႔ႏွစ္ေယာက္ေလွ်ာက္ေျပာလို႔ လူအားလံုးသိကာ သူမမွာ အိမ္ထဲကမထြက္ရဲေအာင္ အရွက္ရခဲ့ဖူးသည္။ ဒီေကာလာဟလသတင္းေၾကာင့္ သူမအေမက ႏွစ္ပတ္ေလာက္ အိမ္ျပင္မထြက္ရဲေအာင္ ျဖစ္ခဲ့ရသည္။

ဘာေၾကာင့္လဲ..?

ဘာေၾကာင့္လဲဆိုေတာ့ ဒီေကာလာဟလေတြက အမ်ိဳးမ်ိဳးနဲ႔ ခိုင္ခိုင္မာမာႀကီးကို သူမက ၿမိဳ႕ေပၚမွာ စာသြားသင္မယ့္အစား သူေဌးမယားငယ္ျဖစ္ခဲ့တာတို႔၊ သူမက မုဒိန္းက်င့္ခံရေသာေၾကာင့္ ကေလးကိုမဖ်က္ခ်ရဲလို႔ ရြာျပန္ၿပီးကေလးေမြးရသည္တို႔ စသျဖင့္ ဒီသတင္းေၾကာင့္ ခ်င္ယြိက်ိဳးမွာ ရြာမွာရွိစဥ္ အိမ္ထဲမွမထြက္ရဲေအာင္ ျဖစ္ခဲ့ရသည္။ ငယ္ရြယ္ေသာမိန္းကေလး၏ ဂုဏ္သိကၡာမွာ သူမအစ္မႏွစ္ေယာက္ေၾကာင့္ လံုးဝပ်က္ဆီးခဲ့ရသည္။

တစ္ည ခ်င္ယြိက်ိဳး ညသန္းေခါင္ႀကီးႏိုးလာေတာ့ သူမအေမက ဧည့္ခန္းမွာ တိတ္တဆိတ္ငိုေၾကြးေနသည္ကို သိခဲ့ရသည္။ သူမအေမ လူကဲ့ရဲ့ခံရသည္မွလြတ္ဖို႔ ခ်င္ယြိက်ိဳး ရြာကထြက္ခြာဖို႔ကလြဲၿပီး နည္းလမ္းမရွိေတာ့ေပ။ သူမကဲ့သို႔ မိန္းမငယ္ေလးက ဖေအမေပၚတဲ့ကေလးတစ္ေယာက္နဲ႔ ၿမိဳ႕ေပၚမွာရပ္တည္ဖို႔ ခဲယဥ္းေသာေၾကာင့္ ဒီကေလးကို သူမအေမလက္ထဲမွာ ထားရစ္ခဲ့ဖို႔ပဲ ဆံုးျဖတ္လိုက္သည္။

အျပင္ထြက္အလုပ္လုပ္ေနေသာ ခ်င္ယြိဖူက ငတံုးျဖစ္ေသာေၾကာင့္ သူမ၏ကေလးကို သူ႔သားလို ေသခ်ာေပါက္ပ်ိဳးေထာင္ေပးမည္ကို သိေသာေၾကာင့္ ခ်င္ယြိက်ိဳးက ႐ႈနင္ကို ရြာမွာပစ္ထားခဲ့တာျဖစ္သည္။ ဒါေပမယ့္ သူမအေမ၏ ေမတၱာႏွင့္ျပည့္ဝေသာအၾကည့္ကို သတိရခ်ိန္မွာ ခ်င္ယြိက်ိဳး ေနာင္တရလာခဲ့သည္။ သူမအေမ အသက္မွီေအာင္ ျပန္မသြားႏိုင္ခဲ့ေသာေၾကာင့္ ေဆး႐ံုေပၚမွာ တစ္ေယာက္တည္းေသဆံုးသြားရသည့္ ျဖစ္ရပ္ကို သတိရကာ ခ်င္ယြိက်ိဳး ေအာ္ငိုခ်လုိက္ေတာ့သည္။ ဒါက ပထမဆံုး သူမရင္ထဲက ၿမိဳသိပ္ထားသည့္ခံစားခ်က္ကို ဖြင့္ထုတ္ကာ ငိုေၾကြးလိုက္ျခင္းျဖစ္သည္။ သူမအေမ ေဆး႐ံုေပၚလဲေလ်ာင္းေနစဥ္ သြားမေတြ႕ႏုိင္ရေသာေၾကာင့္ အရမ္းေနာင္တရေပမယ့္ သူမသာ ထပ္ၿပီး ေရြးခ်ယ္ခြင့္ရမယ္ဆိုရင္လည္း ႐ႈခ်ိန္ေဘးမွာေနဖို႔ သူမ ေရြးမိမွာပဲျဖစ္သည္။

ငယ္စဥ္ဘဝက ဆင္းရဲမြဲေတမႈ၊ ႏွိမ္ခ်ဆက္ဆံရမႈက လိုတာထက္ပိုခဲ့ေလၿပီ။ ဒါေၾကာင့္ သူမ ဘာကိုပဲေပးဆပ္ရပါေစ ခ်မ္းသာၾကြယ္ဝဖို႔ ႀကိဳးစားခဲ့သည္။ သူတစ္ပါး၏ခင္ပြန္းျဖစ္ေနပါေစ၊ ႐ႈခ်ိန္ကို သူမ တြယ္ကပ္ေနၿပီး ဆင္းရဲတြင္းက ႐ုန္းထြက္ႏိုင္ဖို႔ သူမ အရယူဖို႔ႀကိဳးစားခဲ့သည္။

အေမ.. သမီးေတာင္းပန္ပါတယ္.. ဒါေပမယ့္ သမီး ခုလိုႀကိဳးစားခဲ့လို႔ သူေဌးကေတာ္ျဖစ္ေနပါၿပီ.. ေရွ႕ဆက္ သမီးရဲ့မ်ိဳးဆက္ေတြက ဆင္းရဲတဲ့ဘဝကေန ႐ုန္းထြက္လာႏိုင္ပါၿပီ..။

ခ်င္ယြိက်ိဳးက အိမ္သာေၾကြခြက္ေပၚထိုင္ကာ သူမအေမကို ေတာင္းပန္ရင္း ငိုေၾကြးလို႔ေနသည္။

••••••••••••••••••••

႐ႈဟိန္ ညေနပိုင္း ဘိုးဘြားပိုင္အိမ္ႀကီးကိုေရာက္ေတာ့ ႐ႈနင္က သူ႔အိပ္ခန္းထဲမွာ computer တစ္လံုးႏွင့္ အလုပ္မ်ားေနသည္။ ေန႔လည္တေလွ်ာက္လံုး အြန္လိုင္းေပၚကေန share မ်ားကိုဝယ္ယူခဲ့ေသာေၾကာင့္ သူ႔ဆီမွာ ပိုက္ဆံေတြ တက္တက္ေျပာင္သြားခဲ့ေလၿပီ။ ဒါေပမယ့္ ရင္းႏွီးျမႇဳပ္ႏွံမႈကို လုပ္လိုက္ရလို႔ သူ႔စိတ္အေျခအေန အေတာ္ေလးေကာင္းေနသည္။ သူက computer ကို password ခံလိုက္ၿပီးေနာက္ 13 ႏွစ္အရြယ္ကေလးတစ္ေယာက္၏ computer အျဖစ္ ယုတၱိရွိေစဖို႔ game တခ်ိဳ႕ကို download ယူကာ ထည့္ထားလိုက္သည္။

႐ႈဟိန္က ႐ႈနင္၏အေနာက္ဘက္နားမွာ တိတ္တဆိတ္ရပ္ကာ ၾကည့္ေနသည္။

ဒီကေလးရဲ႕ အစားထိုးသင္တန္းအတြက္ သူတို႔ေျပာခဲ့ၿပီမဟုတ္လား။ ဒါေတာင္ သူက game ေတြ ဒီေလာက္ေတာင္ download ခ်ထားတာလား။ သင္ေပးရမည့္ဆရာကို သူရွာေတြ႕ထားၿပီျဖစ္သည္။ ဒါေၾကာင့္ သူ ဘယ္လိုမွ စာသင္ဖို႔မေရွာင္ႏိုင္ေတာ့ေပ။

လည္ပင္းကို ေလေႏြးေႏြးေလး မႈတ္ထုတ္ခံလိုက္ရေသာေၾကာင့္ ႐ႈနင္မသိလိုက္ခင္မွာ တီးတိုးညည္းလိုက္မိသည္။ အစ္ကိုႀကီးက သူ႔အေနာက္နားကေန ဒီေလာက္နီးကပ္စြာကပ္လာၿပီး ၾကည့္ေနေပမယ့္ သူက ႐ႈဟိန္၏ေျခသံကို လံုးဝမၾကားခဲ့ရေပ။

"အစ္ကိုႀကီး.. ျပန္လာၿပီလား.."

"အင္း.. ေပ်ာ္လား.."

အင္... ႐ႈနင္ : "......" (o(╯□╰)o)

"မင္း အတန္းတက္ရမယ္.."

"ကၽြန္ေတာ္ သိပါတယ္.."

ကေလးေတြက ဒီလိုပဲ.. သူတို႔ကိုဖိအားေပးလိုက္ရင္ စိတ္မရွည္ၾကေတာ့ဘူး။ ဒါေပမယ့္ ႐ႈနင္၏ဝိုင္းစက္ႀကီးမားေသာ မ်က္လံုးမ်ားကိုေတြ႕လိုက္စဥ္ ႐ႈဟိန္ကသူ႔ေခါင္းကိုပြတ္ဖြကာ ဆံပင္ကို ငွက္သိုက္ျဖစ္ေအာင္ မလုပ္ဘဲမေနႏိုင္ေတာ့ေပ။ ဒီကေလးက ဘယ္ေလာက္စိတ္႐ႈပ္တဲ့ပံုျဖစ္ပါေစ ႐ႈဟိန္၏ ႏွလံုးသားကို ႏွစ္သိမ့္ၾကည္ႏူးေစႏိုင္သည္။

"လိမၼာပါကြာ.."

"အစ္ကိုႀကီး !"

႐ႈနင္၏ႏွလံုးသားထဲမွာ ခါးသီးလာခဲ့သည္။

ကၽြန္ေတာ္တို႔ ဒီ့ထက္နဲနဲ ပံုမွန္ေလးေနလို႔မရႏုိင္ဘူးလား။ ဘာလို႔ ကၽြန္ေတာ့္ေခါင္းကို ေတာက္ေလွ်ာက္ထိေနတာလဲ ? ဒီလိုလုပ္တာ ကၽြန္ေတာ္ဘယ္ေလာက္လန္႔ရသလဲ သိရဲ႕လား။ (/(ㄒoㄒ)/~~)

"အစားထိုးအတန္းက မနက္ျဖန္ ၇ နာရီမွာစမယ္.. ဒီညမင္းကို အခ်ိန္စာရင္းေပးမယ္.. မင္းမွာ email မရွိေသးဘူးမလား.. အစ္ကိုႀကီး မင္းကို သင္ေပးမယ္.."

"......"

႐ႈဟိန္က သူ၏လက္ေမာင္းမ်ားျဖင့္ ႐ႈနင္ကို ေပါင္ေပၚတင္လိုက္ကာ computer ေပၚမွာ ကၽြမ္းက်င္စြာလႈပ္ရွားလိုက္သည္။ ႐ႈဟိန္က ႐ႈနင္ဟန္ခ်က္ထိန္းႏိုင္ဖို႔ သူ႔ရင္ဘတ္ကို မွီထားေစလိုက္ေသာေၾကာင့္ သူတို႔ႏွစ္ေယာက္က ပူးကပ္လို႔ေနသည္။

႐ႈနင္ : "......"

ငါက အရုပ္လား ? ငါက သူကစားမယ့္ အရုပ္လား ? ဟမ္ ?

႐ႈနင္၏ကိုယ္က ခဏေတာင့္တင္းသြားေပမယ့္ email လုပ္ေပးတာကို မျငင္းလိုက္ေပ။ အရင္ဘဝက သူသံုးေနက် email ႏွင့္ password ကို မွတ္မိေနေသးေပမယ့္ ခုေတာ့သူသံုးလို႔မရေတာ့ေပ။ ဒါေပမယ့္ သူ ဒီအတြက္ စိတ္မပ်က္ေပ။ သူ႔စိတ္ေတြက ဗရမ္းဗတာျဖစ္ေနၿပီး computer ကို ကၽြမ္းက်င္စြာကိုင္တြယ္ကာ email ေလွ်ာက္ေပးေနေသာ ႐ႈဟိန္ကို ေမာ့ၾကည့္လိုက္သည္။ အလုပ္တစ္ခုကို ကၽြမ္းက်င္ၿပီး အာ႐ံုစိုက္ကာလုပ္ေနေသာ ေယာက်ာ္းတစ္ေယာက္က အရမ္းကိုၾကည့္ေကာင္းၿပီး စြဲေဆာင္မႈရွိလွသည္။ ႐ႈဟိန္၏ မ်က္ဝန္းနက္မ်ားက နက္႐ႈိင္းကာ အၾကည့္က ထက္ျမက္လြန္းလွသည္။ ႐ႈဟိန္က တကယ္ကို ေခ်ာလြန္း ခန္႔ညားလြန္းေသာ ေယာက္်ားတစ္ေယာက္ျဖစ္သည္။ ႐ႈဟိန္သည္ email ကို ေလွ်ာက္ေပးေနေပမယ့္ ႐ႈနင္က သူ႔မ်က္ႏွာကို ေမာ့ၾကည့္ေနသျဖင့္ ရင္ထဲက ခ်ိဳျမစြာခံစားေနရသည္။ သူ႔မ်က္ႏွာမွာ ဘာမွမေပဘူးဆိုတာသိသည္။ သူလုပ္ေပးတာထက္ သူ႔မ်က္ႏွာကို ၾကည့္ေနပံုေလးက သေဘာက်စရာေကာင္းေသာေၾကာင့္ ႐ႈဟိန္က လက္တစ္ဖက္ျဖင့္ ႐ႈနင္၏ဆံပင္ကို ခပ္ဖြဖြပြတ္သပ္ကစားေနမိသည္။ ဘယ္ေလာက္ေတာင္ ခ်စ္ဖို႔ေကာင္းလိုက္သလဲ ?

႐ႈနင္က တမင္သက္သက္ အစ္ကိုႀကီး၏ အက်ႌေကာ္လံကို ျပဳျပင္ေပးေနသည္။ သူ႔ကို အိမ္ေမြးအခ်စ္ေတာ္ေလးလို သေဘာထားတာကေန ရပ္တန္႔ေစဖို႔ေမွ်ာ္လင့္ေနမိသည္။ (  ̄へ ̄ )

႐ႈနင္၏လက္က ႐ႈဟိန္၏ရင္ဘတ္ကို ကိုင္လိုက္မိစဥ္ ႐ႈနင္၏မ်က္ႏွာက ရဲခနဲျဖစ္သြားသည္။

"ဘာျဖစ္လို႔လဲ.."

"ကၽြန္ေတာ္.."

"အင္း...?"

ခင္ဗ်ားက ဘာေၾကာင့္လဲလို႔ ေမးေနေသးတာလား? ခင္ဗ်ားလက္က ကၽြန္ေတာ့္အေမႊး... အဲေလ... ဆံပင္ေတြကို ဒီေလာက္ဖြေနတဲ့ဟာကို... အား... (o(╯□╰)o)

တကယ္ေတာ့ email ေလွ်ာက္ေပးတာ ၿပီးသြားၿပီဆိုေပမယ့္ ႐ႈဟိန္က ႐ႈနင္၏ခါးေလးကို လက္တစ္ဖက္က သိုင္းဖက္ကာ က်န္လက္တစ္ဖက္က ရုန္းေနေသာ႐ႈနင္၏ လက္ေလးေတြကို ခ်ဳပ္ထားလိုက္သည္။ ဒီလို အသားခ်င္းထိေတြ႕ျခင္းက ႐ႈဟိန္၏ကိုယ္ကို ပူလာေစေပမယ့္ ႐ႈနင္အေပၚ ဘယ္လိုမွ သက္ေရာက္ေစပံုမရေပ။ သူက အခြင့္အေရးယူၿပီး သူတို႔ၾကားက ဆက္ဆံေရးကို ပိုနီးကပ္ေအာင္ ႀကိဳးစားၿပီး ခ်ာတိတ္ေလးကို ေတာက္ပစြာစိုက္ၾကည့္လိုက္သည္။ သူဘာေတြ စိတ္ရႈပ္ေနတာလဲ..။

"ကၽြန္ေတာ္ ကေလးမဟုတ္ေတာ့ဘူး.."

ခ်စ္လွစြာေသာအစ္ကိုႀကီးေရ... ကၽြန္ေတာ့္ကို နဲနဲေလးေတာ့ ေလးစားေပးပါဦး ...ဟုတ္ၿပီလား။ ကၽြန္ေတာ့္ကို ကေလးေလးလို ေပြ႕ထားတာမလိုခ်င္ဘူး..။

"ငါနဲ႔ ခုလိုနီးနီးကပ္ကပ္ေနရတာ မႀကိဳက္လို႔လား.."

"အဲ့လိုမဟုတ္ပါဘူး.."

ဘုရားေရ... သူ နားလည္မႈလြဲသြားၿပီလား။ ငါအရင္က ႀကိဳးစားထားသမွ် အလကားျဖစ္သြားၿပီလား။
႐ႈနင္၏ အမူအယာေလးက သနားစဖြယ္ပံုစံေျပာင္းသြားကာ တိုးတိုးေလးေျပာလိုက္သည္။

"ကၽြန္ေတာ္ အစ္ကိုႀကီးကို သေဘာက်တယ္.."

"......"

အိုး... သူက ေတာင့္တင္းသြားၿပီး မ်က္လံုးေတြျပဴးသြားတယ္။ သူလန္႔သြားၿပီ... ဟား..ဟား..ဟား..။ သူလန္႔သြားတာလား? ငါသေဘာေပါက္ၿပီ ဒီလူငယ္ေလးက ခ်စ္ျခင္းေမတၱာ ငတ္မြတ္ေနရွာတာကိုး ။ လာ..လာ.. ဒီဦးေလးက မင္းကို အခ်စ္ေတြအမ်ားႀကီး ေပးမွာေပါ့။ ငါမင္းကို ဖက္ပါရေစ...။

႐ႈနင္က သူ႔အေဖကို မေက်မနပ္ျဖစ္သြားသည္။ သူ႔သား ႐ႈဟိန္ကို ခုလိုပစ္ထားရသလား။ ႐ႈဟိန္ခမ်ာ ဒီႏွစ္ေတြမွာ သူ႔အေဖကိုဖက္ခ်င္တာေတာင္ ဖက္ခြင့္ရမွာမဟုတ္ေပ။

႐ႈနင္က လက္ေလးျဖင့္ ႐ႈဟိန္၏လည္ပင္းကို သိုင္းဖက္လိုက္သည္။ ႐ႈဟိန္၏ကိုယ္က ေတာင့္တင္းလာျပန္သည္။ ဒါက သူ႔ႏွလံုးသားထဲက အလႊာတစ္ခု ကြဲအက္လာလို႔ သဘာဝက်က် တုန္႔ျပန္မႈပဲလို႔ ႐ႈနင္ယူဆလိုက္သည္။

ညစာစားခ်ိန္တြင္ ခ်င္ယြိက်ိဳးက စားေသာက္ခ်င္စိတ္မရွိေပမယ့္ လွပကာ စားခ်င္စဖြယ္ဟင္းမ်ားစြာ ျပင္ဆင္ထားသည္။ ဟင္းပြဲမ်ားက အေရာင္အဆင္းလွပကာ စားခ်င္စိတ္ကို ႏိႈးဆြေပးေပမယ့္ ဒီဟာေတြက အျမင္လွေသာ္လည္း အရသာရွိမည္မဟုတ္ဟု ႐ႈနင္ထင္သည္။ သူ႔အေမက လူခ်မ္းသာကို လက္မထပ္ခင္ကတည္းက ႀကိဳတင္သင္ၾကားေလ့က်င့္ခဲ့မည္ဆိုတာ ေသခ်ာေျပာရဲသည္။ အရင္ဘဝကေတာ့ သူ႔အေမ၏ အေပၚယံ ဟန္ေဆာင္လုပ္ရပ္ကိုမသိဘဲ ေပ်ာ္ခဲ့မိသည္။ ယခုေတာ့ လူႀကီးေတြဆင္းလာမည္ကို ေအးေဆးစြာပဲ ထိုင္ေစာင့္ေနသည္။

႐ႈေကာင္းက ႐ႈခ်ိန္ႏွင့္အတူဆင္းလာေတာ့ ႐ႈနင္ကထကာ လူႀကီးေတြကိုႏႈတ္ဆက္ရင္း ေနာက္ဆံုးေပၚ အကန္႔အသတ္ႏွင့္ထုတ္ေသာ computer ကို ဝယ္ေပးေသာေၾကာင့္ ႐ႈေကာင္းကို ေက်းဇူးတင္စကားဆိုလိုက္သည္။

႐ႈဟိန္ကဆင္းလာေတာ့ ႐ႈနင္ကို မသိသလိုတစ္ခ်က္ၾကည့္ကာ ခံုမွာဝင္ထိုင္လိုက္သည္။ ညစာစားၾကေတာ့ ခ်င္ယြိက်ိဳးက ျပံဳးရႊင္စြာျဖင့္ အေဖ.. အေဖ..ဟုေခၚကာ ဟင္းမ်ားထည့္ေပးေနသည္။ ႐ႈေကာင္းက ခ်င္ယြိက်ိဳးကိုမၾကည့္ဘဲ ႐ႈနင္ကိုၾကည့္ကာ ေမးလိုက္သည္။

"မင္းဦးေလး ဘယ္လိုလဲ..?"

"ေကာင္းပါတယ္အဖိုး.. စိတ္ပူေပးလို႔ ေက်းဇူးတင္ပါတယ္ ခင္ဗ်.."

"အင္း.. မ်ားမ်ားစား.. ဒီဟင္းေတြက တကယ္စားေကာင္းတယ္.."

႐ႈနင္က ျပံဳးေနေပမယ့္ ခ်င္ယြိက်ိဳး၏ ရင္ထဲမွာ ညည္းတြားေနမိသည္။ သူမႀကိဳးစားထားသမွ် အလကားျဖစ္ေလၿပီ။ ဒါေပမယ့္ သူမက မသိဟန္ေဆာင္ကာ မ်က္ႏွာေျပာင္စြာနဲ႔ ေက်းဇူးတင္ေၾကာင္း ႐ႈေကာင္းကိုေျပာလိုက္သည္။ ႐ႈခ်ိန္ကေတာ့ ခ်င္ယြိက်ိဳးခ်က္သမွ် အားလံုးႀကိဳက္သည္။ သူ႔သား ကိုယ္ဝန္ေလးလရွိခ်ိန္ သူ႔မိန္းမ ခုလိုခ်က္ျပဳတ္တာ ပင္ပန္းေနရွာၿပီဟု ေတြးေနသည္။ ဒါေပမယ့္ သူ႔အေဖကေတာ့ ခ်င္ယြိက်ိဳးကို သေဘာမက်ေပ။ မိသားစု ၿငိမ္းၿငိမ္းခ်မ္းခ်မ္းရွိဖို႔ ႐ႈခ်ိန္က ဒီေလာက္ကိုေတာ့ သည္းခံႏိုင္ပါသည္။

႐ႈနင္က ဟင္းကိုစားရင္း ေပ်ာ္ေနသည္။ သူ႔အေတြးေတြထဲမွာ သူ႔အစ္ကိုနဲ႔ မအိပ္ရတာ အေတာ္ၾကာၿပီဆိုေတာ့ အစ္ကိုႀကီး သူ႔ကို လြမ္းေနၿပီလားဟု ေတြးေနသည္။ ခ်င္ယိြက်ိဳးက ေခါင္းက္ိုငံု႔ကာ မုန္းတီးမႈကို ဖံုးကြယ္ထားသည္။ သူမ ကိုယ္ဝန္ေၾကာင့္ စားခ်င္စိတ္ေပ်ာက္ေပမယ့္ ဆရာဝန္၏စကားအရ ကေလးအာဟာရမခ်ိဳ႕တဲ့ေစဖို႔ ဘယ္ေလာက္မစားခ်င္ေပမယ့္ သူမက်ိတ္မွိတ္စားေနသည္။ ဒီကေလး ရႈေယာင္က သူမဘဝကို ပလႅင္ေပၚဆြဲတင္ေပးဖို႔ အာမခံခ်က္တစ္ခုျဖစ္လို႔ ရႈေယာင္က်န္းမာဖို႔ အေရးႀကီးသည္။ ဒါေၾကာင့္ ဘယ္သူေတြကိုခ်နင္းရပါေစ ရႈေယာင္သန္မာႀကီးထြားဖို႔ သူမႀကိဳးစားရမည္။

ညစာစားၿပီးေတာ့ သစ္သီးပြဲႏွင့္ တိုင္းရင္းေဆးေသာက္ခ်ိန္ေရာက္ေလၿပီ။ ေအးခ်မ္းသာယာေသာ သခင္ေလးဘဝကို ႐ႈနင္ အျပည့္အဝခံစားကာ အစ္ကိုႀကီး၏စာဖတ္ခန္းထဲက ဆိုဖာေပၚ လွဲေလ်ာင္းရင္း ဂိမ္းကစားေနစဥ္ ႐ႈဟိန္က စာအုပ္အထူႀကီးကမ္းေပးခဲ့သည္။ ဒါႀကီးက အရမ္းထူလြန္းသည္၊ ဒါႀကီးနဲ႔လူသတ္လို႔ေတာင္ရတယ္ဆိုတာ အစ္ကိုႀကီးသိရဲ႕လား...?

"ကၽြန္ေတာ္ ဒါကို မဖတ္လို႔မရဘူးလား ? မနက္ျဖန္ အတန္းစေတာ့မွာေလ.."

"ႀကိဳတင္ေလ့က်င့္ရမယ္ေလ.."

"......"

ကၽြန္ေတာ္က မထူးခၽြန္ခ်င္ပါဘူး ၊ သာမန္ေလးပဲျဖစ္ခ်င္တာပါ။

"လိမၼာစမ္းပါ.."

"အစ္ကိုႀကီး..."

"ခ်စ္စရာပံု လုပ္ျပလည္းမရဘူး.."

"ဒါဆို ကၽြန္ေတာ္ အကိုႀကီးကို ဖက္ ရင္ေကာ..."

ဒါက အစ္ကိုႀကီး သေဘာအက်ဆံုး မဟုတ္လား? ႐ႈနင္က ေမွ်ာ္လင့္ခ်က္ျဖင့္ ေတာက္ပစြာ ၾကည့္လိုက္သည္။ ဒီပံုစံက သူ႔ကို အရမ္းခ်စ္စရာေကာင္းေနပံု ေပါက္ေစသည္ကို ႐ႈနင္တစ္ေယာက္မသိခဲ့ေပ။

========================

Chapter (35) – အချစ်ငတ်သော အကိုကြီးနှင့် ပွေ့ဖက်နှစ်သိမ့်ပေး ချင်သော ညီလေး (Z+U)

"တကယ်ပဲလား.."

ချင်ယွိကျိုးက မေးလိုက်သည်။

အမေက မိခင်ကောင်းဆိုတဲ့ show ပြချင်တာလား...။ စိတ်ချ အမေဖြစ်စေချင်သလို မဖြစ်စေရဘူး..။

"အင်း.. အဒေါ်အကြီးဆုံးက လုပ်ငန်းခွင်ကို နေ့တိုင်းသွားပြီး ဦးလေးကို သိက္ခာချတယ်.. ဦးလေးခမျာ အလုပ်ထဲမှာ ဒုက္ခရောက်ရတယ်.. ဒုတိယဦးလေးက မတော်တဆဖြစ်ပြီး ဆေးရုံတက်ရတော့ ဒုတိယအဒေါ်က သူ့ကလေးသုံးယောက်လုံးကို ဦးလေးဆီလာထားလို့ ဦးလေးမှာ ဘာလုပ်ရမှန်းမသိ စိတ်ညစ်နေရတယ်.. ပြီးတော့ ဦးလေးနေတဲ့အိမ်လိပ်စာကိုတောင် သူတို့က သိသွားပြီဆိုတော့ နောက်ဆို လာလာနှောင့်ယှက်တော့မှာမို့ ဦးလေးက အိမ်မှာတောင်မနေရဲတော့ဘူး.. သူက အဖေ့ဆီ ဒီအိမ်ကိုပြန်ပေးတော့မယ်တောင် ပြောနေတယ်.."

ဒီစကားကိုကြားတော့ ချင်ယွိကျိုး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ သူမက ဒီအိမ်ကို သူမပိုက်ဆံထဲကနေ အသုံးမကျတဲ့မောင်ကို ဝယ်ပေးထားရသည်။ ငွေများစွာကုန်သွားလို့ သူမ အသည်းဆတ်ဆတ်ခါလို့မှမဆုံးခင် ဒီအိမ်ကို သူ့ယောက်ျားလက်ထဲကို ဘယ်နည်းနဲ့မှ ထည့်မပေးနိုင်ပေ။

"ဒါဆို မင်းဦးလေးကို ခပ်ဝေးဝေး F မြို့ကလုပ်ငန်းခွင်ကို ရွှေ့ပေးဖို့ မင်းအဖေကိုပြောလိုက်ရင်ကော.. မင်းအဒေါ်တွေ သူ့ကို လိုက်မနှောင့်ယှက်နိုင်တော့ဘူး မဟုတ်လား.."

"မဖြစ်ဘူး.. အခုလုပ်ငန်းခွင်က လူ 80% က ရွာကလာလုပ်တဲ့သူတွေ၊ သူတို့ဆီကနေ ဦးလေး ဘယ်ကိုရွှေ့ရွှေ့ အဒေါ်နှစ်ယောက်သိပြီး လိုက်နှောင့်ယှက်နေဦးမှာပဲ.."

ဒီစကားကြောင့် ချင်ယွိကျိုး ခေါင်းကိုက်လာပြီး ဗိုက်ထဲက မသက်မသာခံစားလိုက်ရလို့ ရှုနင်ကို အရင်နှစ်သိမ့်လိုက်သည်။

"မင်းလည်း အကြာကြီးကားစီးပြီး ပြန်လာရတာ.. ပင်ပန်းနေပြီ.. သွားနားလိုက်ဦး.. ညကျမှ အမေ မင်းကို အရသာရှိတာလေး ချက်ပေးမယ်.."

ဂရုစိုက်ပြီး နွေးထွေးတဲ့အမေပုံစံ ဖမ်းချင်တာလား..။ ကျွန်တော် ဘာကြိုက်တတ်တယ်ဆိုတာတောင် အမေကသိလို့လား..။

ရှုနင်က ပြုံးရွှင်စွာဖြင့် ချင်ယွိကျိုးကို ထပ်ပြီး တွန်းအားပေးလိုက်သည်။

"ဦးလေးကိစ္စက မြန်မြန်ဖြေရှင်းမှဖြစ်မယ် အမေ.. အဒေါ်ရဲ့သမီးနှစ်ယောက်က ဦးလေးအိမ်ကအပြန် ဦးလေးရဲ့ဖုန်းကိုတောင် ခိုးသွားကြတယ်.. ပြီးတော့ သူတို့က အမေ့လိပ်စာကိုသိသွားကြပြီ.. အမေ့ကိုလာတွေ့ရင် ဘယ်လိုလုပ်မလဲ.. ကျွန်တော်က ဒီအကြောင်းတွေးပြီး ညတောင် အိပ်မပျော်ဘူး.."

ချင်ယွိကျိုးသည် ဒီအကြောင်းတွေကြားပြီး မျက်နှာဖြူဖျော့လာကာ အားလုံးကို လွှင့်ပစ်ချင်စိတ်ပေါက်လာသည်။

"ဦးလေးကပြောတယ်.. သူတို့က အမေ့ဆီတော့ လာမရှာလောက်ပါဘူးတဲ့.. ဒါပေမယ့် ကျွန်တော်တော့ မယုံပါဘူး.. ဆင်းရဲခြင်းက အမှားမဟုတ်ပေမယ့် လူတစ်ယောက်ရဲ့စရိုက်က ပြောင်းလဲသွားရင် သူတို့က အလုပ်မလုပ်ဘဲ ပစ္စည်းကို အချောင်လိုချင်စိတ်ရှိလာရင် အမေ့ကို သူတို့ အလွတ်ပေးပါ့မလား.."

ချင်ယွိကျိုးသည် အန်ချင်စိတ်ပင် ပေါက်လာတော့သည်။ သူမက ယခု ကိုယ်ဝန်ကြောင့် အစားပင်မဝင်ဘဲ မနက်ခင်းတိုင်း အော့အန်ကာ ပင်ပန်းလျက်ရှိသည်။ ဒါကြောင့် ဘာကိုမှမစဉ်းစားနိုင်ဖြစ်နေစဉ် သူမဘက်ကအမျိုးတွေရဲ့ အရှုပ်ထုပ်ကိုကြားလိုက်ရတော့ သေချင်စိတ်ပင်ပေါက်လာသည်။ ချင်ယွိကျိုးက ပျို့အန်ချင်လာသောကြောင့် ပါးစပ်ကိုလက်နှင့်ဖုံးကာ ရှုနင်ကိုပြောလိုက်သည်။

"သား.. အမေ ထမင်းစားပြီး သွားမတိုက်ရသေးလို့ သွားတိုက်လိုက်ဦးမယ်.. သွားနားတော့.. ခုကိစ္စတွေကို စိတ်မပူနဲ့.. အမေ ရှင်းလိုက်ပါ့မယ်.. သွားနားတော့.. မင်းအသားအရေက သိပ်မကောင်းဘူး.."

ရှုနင်က သူ့အမေဘာဖြစ်တယ်ဆိုတာ သိသဖြင့် အန်နေသံကို မကြားချင်သောကြောင့် အခန်းပြင်ကိုထွက်လာခဲ့သည်။

ချင်ယွိကျိုးသည် ရှုနင် လှေကားအောက်ကိုဆင်းသွားလောက်ချိန်ကို စောင့်ပြီး ရေချိုးခန်းထဲသွားကာ ကျယ်လောင်စွာအော့အန်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်ပစ်လိုက်သည်။

ရှုနင်က အားနည်းသည့်အသွင်ကြောင့် ချင်ယွိကျိုးက သူ့ကို ဘယ်တော့မှသံသယမဝင်ပေ။ သူမမျက်လုံးများ ရဲရဲနီလာပြီး သူမခြေထောက်ကို တွယ်တက်ဖို့ကြိုးစားနေသည့် အစ်မနှစ်ဦးကိုတွေးကာ ဒေါသထွက်လာသည်။ ဒီနှစ်တွေမှာ သူမစွန့်ပစ်ခဲ့သော သားကို ပြန်မကြည့်သည့်အပြစ်ကို ကြင်နာသောမိခင်၏ပုံရိပ်ဖြင့် လုံအောင်ဖုံးထားနိုင်ခဲ့သည်။ သူမအစ်မတွေက ခုလို သူမကိုဒုက္ခပေးလာမယ်ဆိုတာ ဘယ်သူကြိုသိနိုင်မှာလဲ။ ဒီတန်ဖိုးမရှိသည့် အမှိုက်များက သေဖို့ပဲကောင်းကြသည်။ သူမအမေက သူတို့နှစ်ယောက်ကြောင့် သေဆုံးသွားသည့်တိုင် အစ်မနှစ်ယောက်က သူမတို့အမှားကိုမမြင်ဘဲ ခုလို လောဘတကြီးနဲ့ သူမဆီကို ငွေညှစ်ချင်လာသေးသည်။ သူမ ရှုနင်ကို ကိုယ်ဝန်ရှိကာ ကလေးမွေးဖို့ အိမ်ကိုပြန်စဉ်က လူချမ်းသာသူဌေးက ကန်ထုတ်လိုက်လို့ ရွာပြန်ကလေးမွေးရပါသည် ဆိုသည့်သတင်းကို သူမတို့နှစ်ယောက်လျှောက်ပြောလို့ လူအားလုံးသိကာ သူမမှာ အိမ်ထဲကမထွက်ရဲအောင် အရှက်ရခဲ့ဖူးသည်။ ဒီကောလာဟလသတင်းကြောင့် သူမအမေက နှစ်ပတ်လောက် အိမ်ပြင်မထွက်ရဲအောင် ဖြစ်ခဲ့ရသည်။

ဘာကြောင့်လဲ..?

ဘာကြောင့်လဲဆိုတော့ ဒီကောလာဟလတွေက အမျိုးမျိုးနဲ့ ခိုင်ခိုင်မာမာကြီးကို သူမက မြို့ပေါ်မှာ စာသွားသင်မယ့်အစား သူဌေးမယားငယ်ဖြစ်ခဲ့တာတို့၊ သူမက မုဒိန်းကျင့်ခံရသောကြောင့် ကလေးကိုမဖျက်ချရဲလို့ ရွာပြန်ပြီးကလေးမွေးရသည်တို့ စသဖြင့် ဒီသတင်းကြောင့် ချင်ယွိကျိုးမှာ ရွာမှာရှိစဉ် အိမ်ထဲမှမထွက်ရဲအောင် ဖြစ်ခဲ့ရသည်။ ငယ်ရွယ်သောမိန်းကလေး၏ ဂုဏ်သိက္ခာမှာ သူမအစ်မနှစ်ယောက်ကြောင့် လုံးဝပျက်ဆီးခဲ့ရသည်။

တစ်ည ချင်ယွိကျိုး ညသန်းခေါင်ကြီးနိုးလာတော့ သူမအမေက ဧည့်ခန်းမှာ တိတ်တဆိတ်ငိုကြွေးနေသည်ကို သိခဲ့ရသည်။ သူမအမေ လူကဲ့ရဲ့ခံရသည်မှလွတ်ဖို့ ချင်ယွိကျိုး ရွာကထွက်ခွာဖို့ကလွဲပြီး နည်းလမ်းမရှိတော့ပေ။ သူမကဲ့သို့ မိန်းမငယ်လေးက ဖအေမပေါ်တဲ့ကလေးတစ်ယောက်နဲ့ မြို့ပေါ်မှာရပ်တည်ဖို့ ခဲယဉ်းသောကြောင့် ဒီကလေးကို သူမအမေလက်ထဲမှာ ထားရစ်ခဲ့ဖို့ပဲ ဆုံးဖြတ်လိုက်သည်။

အပြင်ထွက်အလုပ်လုပ်နေသော ချင်ယွိဖူက ငတုံးဖြစ်သောကြောင့် သူမ၏ကလေးကို သူ့သားလို သေချာပေါက်ပျိုးထောင်ပေးမည်ကို သိသောကြောင့် ချင်ယွိကျိုးက ရှုနင်ကို ရွာမှာပစ်ထားခဲ့တာဖြစ်သည်။ ဒါပေမယ့် သူမအမေ၏ မေတ္တာနှင့်ပြည့်ဝသောအကြည့်ကို သတိရချိန်မှာ ချင်ယွိကျိုး နောင်တရလာခဲ့သည်။ သူမအမေ အသက်မှီအောင် ပြန်မသွားနိုင်ခဲ့သောကြောင့် ဆေးရုံပေါ်မှာ တစ်ယောက်တည်းသေဆုံးသွားရသည့် ဖြစ်ရပ်ကို သတိရကာ ချင်ယွိကျိုး အော်ငိုချလိုက်တော့သည်။ ဒါက ပထမဆုံး သူမရင်ထဲက မြိုသိပ်ထားသည့်ခံစားချက်ကို ဖွင့်ထုတ်ကာ ငိုကြွေးလိုက်ခြင်းဖြစ်သည်။ သူမအမေ ဆေးရုံပေါ်လဲလျောင်းနေစဉ် သွားမတွေ့နိုင်ရသောကြောင့် အရမ်းနောင်တရပေမယ့် သူမသာ ထပ်ပြီး ရွေးချယ်ခွင့်ရမယ်ဆိုရင်လည်း ရှုချိန်ဘေးမှာနေဖို့ သူမ ရွေးမိမှာပဲဖြစ်သည်။

ငယ်စဉ်ဘဝက ဆင်းရဲမွဲတေမှု၊ နှိမ်ချဆက်ဆံရမှုက လိုတာထက်ပိုခဲ့လေပြီ။ ဒါကြောင့် သူမ ဘာကိုပဲပေးဆပ်ရပါစေ ချမ်းသာကြွယ်ဝဖို့ ကြိုးစားခဲ့သည်။ သူတစ်ပါး၏ခင်ပွန်းဖြစ်နေပါစေ၊ ရှုချိန်ကို သူမ တွယ်ကပ်နေပြီး ဆင်းရဲတွင်းက ရုန်းထွက်နိုင်ဖို့ သူမ အရယူဖို့ကြိုးစားခဲ့သည်။

အမေ.. သမီးတောင်းပန်ပါတယ်.. ဒါပေမယ့် သမီး ခုလိုကြိုးစားခဲ့လို့ သူဌေးကတော်ဖြစ်နေပါပြီ.. ရှေ့ဆက် သမီးရဲ့မျိုးဆက်တွေက ဆင်းရဲတဲ့ဘဝကနေ ရုန်းထွက်လာနိုင်ပါပြီ..။

ချင်ယွိကျိုးက အိမ်သာကြွေခွက်ပေါ်ထိုင်ကာ သူမအမေကို တောင်းပန်ရင်း ငိုကြွေးလို့နေသည်။

••••••••••••••••••••

ရှုဟိန် ညနေပိုင်း ဘိုးဘွားပိုင်အိမ်ကြီးကိုရောက်တော့ ရှုနင်က သူ့အိပ်ခန်းထဲမှာ computer တစ်လုံးနှင့် အလုပ်များနေသည်။ နေ့လည်တလျှောက်လုံး အွန်လိုင်းပေါ်ကနေ share များကိုဝယ်ယူခဲ့သောကြောင့် သူ့ဆီမှာ ပိုက်ဆံတွေ တက်တက်ပြောင်သွားခဲ့လေပြီ။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုကို လုပ်လိုက်ရလို့ သူ့စိတ်အခြေအနေ အတော်လေးကောင်းနေသည်။ သူက computer ကို password ခံလိုက်ပြီးနောက် 13 နှစ်အရွယ်ကလေးတစ်ယောက်၏ computer အဖြစ် ယုတ္တိရှိစေဖို့ game တချို့ကို download ယူကာ ထည့်ထားလိုက်သည်။

ရှုဟိန်က ရှုနင်၏အနောက်ဘက်နားမှာ တိတ်တဆိတ်ရပ်ကာ ကြည့်နေသည်။

ဒီကလေးရဲ့ အစားထိုးသင်တန်းအတွက် သူတို့ပြောခဲ့ပြီမဟုတ်လား။ ဒါတောင် သူက game တွေ ဒီလောက်တောင် download ချထားတာလား။ သင်ပေးရမည့်ဆရာကို သူရှာတွေ့ထားပြီဖြစ်သည်။ ဒါကြောင့် သူ ဘယ်လိုမှ စာသင်ဖို့မရှောင်နိုင်တော့ပေ။

လည်ပင်းကို လေနွေးနွေးလေး မှုတ်ထုတ်ခံလိုက်ရသောကြောင့် ရှုနင်မသိလိုက်ခင်မှာ တီးတိုးညည်းလိုက်မိသည်။ အစ်ကိုကြီးက သူ့အနောက်နားကနေ ဒီလောက်နီးကပ်စွာကပ်လာပြီး ကြည့်နေပေမယ့် သူက ရှုဟိန်၏ခြေသံကို လုံးဝမကြားခဲ့ရပေ။

"အစ်ကိုကြီး.. ပြန်လာပြီလား.."

"အင်း.. ပျော်လား.."

အင်... ရှုနင် : "......" (o(╯□╰)o)

"မင်း အတန်းတက်ရမယ်.."

"ကျွန်တော် သိပါတယ်.."

ကလေးတွေက ဒီလိုပဲ.. သူတို့ကိုဖိအားပေးလိုက်ရင် စိတ်မရှည်ကြတော့ဘူး။ ဒါပေမယ့် ရှုနင်၏ဝိုင်းစက်ကြီးမားသော မျက်လုံးများကိုတွေ့လိုက်စဉ် ရှုဟိန်ကသူ့ခေါင်းကိုပွတ်ဖွကာ ဆံပင်ကို ငှက်သိုက်ဖြစ်အောင် မလုပ်ဘဲမနေနိုင်တော့ပေ။ ဒီကလေးက ဘယ်လောက်စိတ်ရှုပ်တဲ့ပုံဖြစ်ပါစေ ရှုဟိန်၏ နှလုံးသားကို နှစ်သိမ့်ကြည်နူးစေနိုင်သည်။

"လိမ္မာပါကွာ.."

"အစ်ကိုကြီး !"

ရှုနင်၏နှလုံးသားထဲမှာ ခါးသီးလာခဲ့သည်။

ကျွန်တော်တို့ ဒီ့ထက်နဲနဲ ပုံမှန်လေးနေလို့မရနိုင်ဘူးလား။ ဘာလို့ ကျွန်တော့်ခေါင်းကို တောက်လျှောက်ထိနေတာလဲ ? ဒီလိုလုပ်တာ ကျွန်တော်ဘယ်လောက်လန့်ရသလဲ သိရဲ့လား။ (/(ㄒoㄒ)/~~)

"အစားထိုးအတန်းက မနက်ဖြန် ၇ နာရီမှာစမယ်.. ဒီညမင်းကို အချိန်စာရင်းပေးမယ်.. မင်းမှာ email မရှိသေးဘူးမလား.. အစ်ကိုကြီး မင်းကို သင်ပေးမယ်.."

"......"

ရှုဟိန်က သူ၏လက်မောင်းများဖြင့် ရှုနင်ကို ပေါင်ပေါ်တင်လိုက်ကာ computer ပေါ်မှာ ကျွမ်းကျင်စွာလှုပ်ရှားလိုက်သည်။ ရှုဟိန်က ရှုနင်ဟန်ချက်ထိန်းနိုင်ဖို့ သူ့ရင်ဘတ်ကို မှီထားစေလိုက်သောကြောင့် သူတို့နှစ်ယောက်က ပူးကပ်လို့နေသည်။

ရှုနင် : "......"

ငါက အရုပ်လား ? ငါက သူကစားမယ့် အရုပ်လား ? ဟမ် ?

ရှုနင်၏ကိုယ်က ခဏတောင့်တင်းသွားပေမယ့် email လုပ်ပေးတာကို မငြင်းလိုက်ပေ။ အရင်ဘဝက သူသုံးနေကျ email နှင့် password ကို မှတ်မိနေသေးပေမယ့် ခုတော့သူသုံးလို့မရတော့ပေ။ ဒါပေမယ့် သူ ဒီအတွက် စိတ်မပျက်ပေ။ သူ့စိတ်တွေက ဗရမ်းဗတာဖြစ်နေပြီး computer ကို ကျွမ်းကျင်စွာကိုင်တွယ်ကာ email လျှောက်ပေးနေသော ရှုဟိန်ကို မော့ကြည့်လိုက်သည်။ အလုပ်တစ်ခုကို ကျွမ်းကျင်ပြီး အာရုံစိုက်ကာလုပ်နေသော ယောကျာ်းတစ်ယောက်က အရမ်းကိုကြည့်ကောင်းပြီး စွဲဆောင်မှုရှိလှသည်။ ရှုဟိန်၏ မျက်ဝန်းနက်များက နက်ရှိုင်းကာ အကြည့်က ထက်မြက်လွန်းလှသည်။ ရှုဟိန်က တကယ်ကို ချောလွန်း ခန့်ညားလွန်းသော ယောက်ျားတစ်ယောက်ဖြစ်သည်။ ရှုဟိန်သည် email ကို လျှောက်ပေးနေပေမယ့် ရှုနင်က သူ့မျက်နှာကို မော့ကြည့်နေသဖြင့် ရင်ထဲက ချိုမြစွာခံစားနေရသည်။ သူ့မျက်နှာမှာ ဘာမှမပေဘူးဆိုတာသိသည်။ သူလုပ်ပေးတာထက် သူ့မျက်နှာကို ကြည့်နေပုံလေးက သဘောကျစရာကောင်းသောကြောင့် ရှုဟိန်က လက်တစ်ဖက်ဖြင့် ရှုနင်၏ဆံပင်ကို ခပ်ဖွဖွပွတ်သပ်ကစားနေမိသည်။ ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်သလဲ ?

ရှုနင်က တမင်သက်သက် အစ်ကိုကြီး၏ အင်္ကျီကော်လံကို ပြုပြင်ပေးနေသည်။ သူ့ကို အိမ်မွေးအချစ်တော်လေးလို သဘောထားတာကနေ ရပ်တန့်စေဖို့မျှော်လင့်နေမိသည်။ (  ̄へ ̄ )

ရှုနင်၏လက်က ရှုဟိန်၏ရင်ဘတ်ကို ကိုင်လိုက်မိစဉ် ရှုနင်၏မျက်နှာက ရဲခနဲဖြစ်သွားသည်။

"ဘာဖြစ်လို့လဲ.."

"ကျွန်တော်.."

"အင်း...?"

ခင်ဗျားက ဘာကြောင့်လဲလို့ မေးနေသေးတာလား? ခင်ဗျားလက်က ကျွန်တော့်အမွှေး... အဲလေ... ဆံပင်တွေကို ဒီလောက်ဖွနေတဲ့ဟာကို... အား... (o(╯□╰)o)

တကယ်တော့ email လျှောက်ပေးတာ ပြီးသွားပြီဆိုပေမယ့် ရှုဟိန်က ရှုနင်၏ခါးလေးကို လက်တစ်ဖက်က သိုင်းဖက်ကာ ကျန်လက်တစ်ဖက်က ရုန်းနေသောရှုနင်၏ လက်လေးတွေကို ချုပ်ထားလိုက်သည်။ ဒီလို အသားချင်းထိတွေ့ခြင်းက ရှုဟိန်၏ကိုယ်ကို ပူလာစေပေမယ့် ရှုနင်အပေါ် ဘယ်လိုမှ သက်ရောက်စေပုံမရပေ။ သူက အခွင့်အရေးယူပြီး သူတို့ကြားက ဆက်ဆံရေးကို ပိုနီးကပ်အောင် ကြိုးစားပြီး ချာတိတ်လေးကို တောက်ပစွာစိုက်ကြည့်လိုက်သည်။ သူဘာတွေ စိတ်ရှုပ်နေတာလဲ..။

"ကျွန်တော် ကလေးမဟုတ်တော့ဘူး.."

ချစ်လှစွာသောအစ်ကိုကြီးရေ... ကျွန်တော့်ကို နဲနဲလေးတော့ လေးစားပေးပါဦး ...ဟုတ်ပြီလား။ ကျွန်တော့်ကို ကလေးလေးလို ပွေ့ထားတာမလိုချင်ဘူး..။

"ငါနဲ့ ခုလိုနီးနီးကပ်ကပ်နေရတာ မကြိုက်လို့လား.."

"အဲ့လိုမဟုတ်ပါဘူး.."

ဘုရားရေ... သူ နားလည်မှုလွဲသွားပြီလား။ ငါအရင်က ကြိုးစားထားသမျှ အလကားဖြစ်သွားပြီလား။
ရှုနင်၏ အမူအယာလေးက သနားစဖွယ်ပုံစံပြောင်းသွားကာ တိုးတိုးလေးပြောလိုက်သည်။

"ကျွန်တော် အစ်ကိုကြီးကို သဘောကျတယ်.."

"......"

အိုး... သူက တောင့်တင်းသွားပြီး မျက်လုံးတွေပြူးသွားတယ်။ သူလန့်သွားပြီ... ဟား..ဟား..ဟား..။ သူလန့်သွားတာလား? ငါသဘောပေါက်ပြီ ဒီလူငယ်လေးက ချစ်ခြင်းမေတ္တာ ငတ်မွတ်နေရှာတာကိုး ။ လာ..လာ.. ဒီဦးလေးက မင်းကို အချစ်တွေအများကြီး ပေးမှာပေါ့။ ငါမင်းကို ဖက်ပါရစေ...။

ရှုနင်က သူ့အဖေကို မကျေမနပ်ဖြစ်သွားသည်။ သူ့သား ရှုဟိန်ကို ခုလိုပစ်ထားရသလား။ ရှုဟိန်ခမျာ ဒီနှစ်တွေမှာ သူ့အဖေကိုဖက်ချင်တာတောင် ဖက်ခွင့်ရမှာမဟုတ်ပေ။

ရှုနင်က လက်လေးဖြင့် ရှုဟိန်၏လည်ပင်းကို သိုင်းဖက်လိုက်သည်။ ရှုဟိန်၏ကိုယ်က တောင့်တင်းလာပြန်သည်။ ဒါက သူ့နှလုံးသားထဲက အလွှာတစ်ခု ကွဲအက်လာလို့ သဘာဝကျကျ တုန့်ပြန်မှုပဲလို့ ရှုနင်ယူဆလိုက်သည်။

ညစာစားချိန်တွင် ချင်ယွိကျိုးက စားသောက်ချင်စိတ်မရှိပေမယ့် လှပကာ စားချင်စဖွယ်ဟင်းများစွာ ပြင်ဆင်ထားသည်။ ဟင်းပွဲများက အရောင်အဆင်းလှပကာ စားချင်စိတ်ကို နှိုးဆွပေးပေမယ့် ဒီဟာတွေက အမြင်လှသော်လည်း အရသာရှိမည်မဟုတ်ဟု ရှုနင်ထင်သည်။ သူ့အမေက လူချမ်းသာကို လက်မထပ်ခင်ကတည်းက ကြိုတင်သင်ကြားလေ့ကျင့်ခဲ့မည်ဆိုတာ သေချာပြောရဲသည်။ အရင်ဘဝကတော့ သူ့အမေ၏ အပေါ်ယံ ဟန်ဆောင်လုပ်ရပ်ကိုမသိဘဲ ပျော်ခဲ့မိသည်။ ယခုတော့ လူကြီးတွေဆင်းလာမည်ကို အေးဆေးစွာပဲ ထိုင်စောင့်နေသည်။

ရှုကောင်းက ရှုချိန်နှင့်အတူဆင်းလာတော့ ရှုနင်ကထကာ လူကြီးတွေကိုနှုတ်ဆက်ရင်း နောက်ဆုံးပေါ် အကန့်အသတ်နှင့်ထုတ်သော computer ကို ဝယ်ပေးသောကြောင့် ရှုကောင်းကို ကျေးဇူးတင်စကားဆိုလိုက်သည်။

ရှုဟိန်ကဆင်းလာတော့ ရှုနင်ကို မသိသလိုတစ်ချက်ကြည့်ကာ ခုံမှာဝင်ထိုင်လိုက်သည်။ ညစာစားကြတော့ ချင်ယွိကျိုးက ပြုံးရွှင်စွာဖြင့် အဖေ.. အဖေ..ဟုခေါ်ကာ ဟင်းများထည့်ပေးနေသည်။ ရှုကောင်းက ချင်ယွိကျိုးကိုမကြည့်ဘဲ ရှုနင်ကိုကြည့်ကာ မေးလိုက်သည်။

"မင်းဦးလေး ဘယ်လိုလဲ..?"

"ကောင်းပါတယ်အဖိုး.. စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် ခင်ဗျ.."

"အင်း.. များများစား.. ဒီဟင်းတွေက တကယ်စားကောင်းတယ်.."

ရှုနင်က ပြုံးနေပေမယ့် ချင်ယွိကျိုး၏ ရင်ထဲမှာ ညည်းတွားနေမိသည်။ သူမကြိုးစားထားသမျှ အလကားဖြစ်လေပြီ။ ဒါပေမယ့် သူမက မသိဟန်ဆောင်ကာ မျက်နှာပြောင်စွာနဲ့ ကျေးဇူးတင်ကြောင်း ရှုကောင်းကိုပြောလိုက်သည်။ ရှုချိန်ကတော့ ချင်ယွိကျိုးချက်သမျှ အားလုံးကြိုက်သည်။ သူ့သား ကိုယ်ဝန်လေးလရှိချိန် သူ့မိန်းမ ခုလိုချက်ပြုတ်တာ ပင်ပန်းနေရှာပြီဟု တွေးနေသည်။ ဒါပေမယ့် သူ့အဖေကတော့ ချင်ယွိကျိုးကို သဘောမကျပေ။ မိသားစု ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့ ရှုချိန်က ဒီလောက်ကိုတော့ သည်းခံနိုင်ပါသည်။

ရှုနင်က ဟင်းကိုစားရင်း ပျော်နေသည်။ သူ့အတွေးတွေထဲမှာ သူ့အစ်ကိုနဲ့ မအိပ်ရတာ အတော်ကြာပြီဆိုတော့ အစ်ကိုကြီး သူ့ကို လွမ်းနေပြီလားဟု တွေးနေသည်။ ချင်ယွိကျိုးက ခေါင်းကိုငုံ့ကာ မုန်းတီးမှုကို ဖုံးကွယ်ထားသည်။ သူမ ကိုယ်ဝန်ကြောင့် စားချင်စိတ်ပျောက်ပေမယ့် ဆရာဝန်၏စကားအရ ကလေးအာဟာရမချို့တဲ့စေဖို့ ဘယ်လောက်မစားချင်ပေမယ့် သူမကျိတ်မှိတ်စားနေသည်။ ဒီကလေး ရှုယောင်က သူမဘဝကို ပလ္လင်ပေါ်ဆွဲတင်ပေးဖို့ အာမခံချက်တစ်ခုဖြစ်လို့ ရှုယောင်ကျန်းမာဖို့ အရေးကြီးသည်။ ဒါကြောင့် ဘယ်သူတွေကိုချနင်းရပါစေ ရှုယောင်သန်မာကြီးထွားဖို့ သူမကြိုးစားရမည်။

ညစာစားပြီးတော့ သစ်သီးပွဲနှင့် တိုင်းရင်းဆေးသောက်ချိန်ရောက်လေပြီ။ အေးချမ်းသာယာသော သခင်လေးဘဝကို ရှုနင် အပြည့်အဝခံစားကာ အစ်ကိုကြီး၏စာဖတ်ခန်းထဲက ဆိုဖာပေါ် လှဲလျောင်းရင်း ဂိမ်းကစားနေစဉ် ရှုဟိန်က စာအုပ်အထူကြီးကမ်းပေးခဲ့သည်။ ဒါကြီးက အရမ်းထူလွန်းသည်၊ ဒါကြီးနဲ့လူသတ်လို့တောင်ရတယ်ဆိုတာ အစ်ကိုကြီးသိရဲ့လား...?

"ကျွန်တော် ဒါကို မဖတ်လို့မရဘူးလား ? မနက်ဖြန် အတန်းစတော့မှာလေ.."

"ကြိုတင်လေ့ကျင့်ရမယ်လေ.."

"......"

ကျွန်တော်က မထူးချွန်ချင်ပါဘူး ၊ သာမန်လေးပဲဖြစ်ချင်တာပါ။

"လိမ္မာစမ်းပါ.."

"အစ်ကိုကြီး..."

"ချစ်စရာပုံ လုပ်ပြလည်းမရဘူး.."

"ဒါဆို ကျွန်တော် အကိုကြီးကို ဖက် ရင်ကော..."

ဒါက အစ်ကိုကြီး သဘောအကျဆုံး မဟုတ်လား? ရှုနင်က မျှော်လင့်ချက်ဖြင့် တောက်ပစွာ ကြည့်လိုက်သည်။ ဒီပုံစံက သူ့ကို အရမ်းချစ်စရာကောင်းနေပုံ ပေါက်စေသည်ကို ရှုနင်တစ်ယောက်မသိခဲ့ပေ။

========================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now