Chapter (71-2)_ မျှော်တော်ယောင် (Z+U)

17.8K 2.8K 120
                                    

Chapter (71-2)_ မျှော်တော်ယောင် (Z+U)

ရှုမိသားစုသည်အလွန်ကြီးပြီး C မြို့တော်တွင် အခြားသူများ လေးစားခံရသည့် အဆင့်တွင် ရှိသည်။ သူတို့နှင့်အတူနှစ်သစ်ကူးပွဲတော်ကို ကျင်းပရန်လာရောက်သူများသည် များသောအားဖြင့်လက်ဆောင်များပို့ပြီး စကားပြောပြီးမှ ထက်ခွာသွားကြသည်။ သူငယ်ချင်းများလည်း ရောက်လာသည်။ စကားပြောတာ၊ အတူပျော်ရွှင်စွာ စားသောက်တာတွေလုပ်ဖို့၊ လက်ဆောင်တွေပို့ဖို့အတွက်ဖြစ်သည်။ ရှုမိသားစုနှင့် လက်ထပ်ထားသည့် မိသားစုဝင်များသည် တစ်ရက်၊ နှစ်ရက်နေသွားပြီးမှ ပြန်ကြမည်ဖြစ်သည်။ ရှုနင်သည်သူ၏မျက်နှာခဏထွက်ပြပြီး သူ့အခန်းလေးထဲ ပြန်ပုန်းရန်ထွက်သွားခဲ့သည်။

သူသည် ဒီဘ ၀ တွင်ကုမ္ပဏီကို ဆက်ခံရန်စိတ်မ ၀ င်စားသောကြောင့် သူတို့ကို ယဉ်ကျေးသိမ်မွေ့စွာ ဟန်ဆောင်ပြောဆိုဖို့ စိတ်မဝင်စားပေ။ လာရောက်သည့် ဧည့်သည်များစွာကိုလည်း ပြန်လှန်စကားပြောဆို ကိုင်တွယ်နိုင်စွမ်းလည်း သူ့မှာ မရှိပေ။ ရှုနင်ရဲ့ အဓိက ရည်ရွယ်ချက်က အသက်ရှင်သန်သွားဖို့ပဲဖြစ်သည်။ အခုလာရောက်တဲ့ ဆွေမျိုးတသိုက်က ရှုမိသာစုကို အပိုင်စီးနိုင်ဖို့ ရှုဟိန်ကို ဖယ်ထုတ်ဖို့ မဟာမိတ်ဖွဲ့ထားကြသူများဖြစ်သည်။ သူတို့ကရှုနင်ကို စာရင်းထဲမှာပင် ထည့်မတွက်ထားပေ။

ဒုတိယအိမ်တော်မှ လာရောက်လည်ပတ်သူမှာ ရှုချိန်၏ ခယ်မ ဂူယာ့ဖြစ်ပြီး သူမနှင့်အတူ သားနှစ်ယောက်နှင့်သမီးကို ခေါ်ဆောင်ခဲ့ပြီးနှစ်သစ်ကူးလက်ဆောင်များပေးအပ်ခဲ့သည်။ ရှုကျီဟွေ့က မျက်နှာမှာအပြုံးချိုချိုလေးနဲ့ ရှုနင် ကိုရှာဖွေနေခဲသည်။ အိမ်တော်ထိန်းဟောင်းကြီးဆွန်းလင်းနဲ့ လက်ရှိ အိမ်တော်ထိန်း ဆွန်းဟောင်ရန်တို့လည်း လာသမျှ ဧည့်သည်တွေကို အပြုံးနှင့် ဆက်ဆံကာ သင့်တင့်လျှောက်ပတ်သည့် စကားဖြင့် ပြန်လည်ဖြေကြားပေးလိုက်ရသည်။ သူတို့က ဒုတိယသခင်လေးက နေသိပ်မကောင်းသောကြောင့် အခု အိပ်စက်နေကြောင်း အဖြေပေးခဲ့သည်။

ဒုတိယသခင်လေးကို ဘယ်သူက တွေ့ချင်ပါစေ နေမကောင်းလို့အိပ်နေသည်ဟုသာ ဖြေနေမှာဖြစ်သည်။ ရှုကောင်းက တွေ့ချင်တယ်ဆိုမှ သွားခေါ်ပေးမည်ဖြစ်သည်။ ရှုကောင်းသည် ဆွေမျိုးထဲတွင်လည်းကောင်၊ ရွယ်တူ အထက်တန်းလွှာအိမ်တော်မှ မိသားစုထဲတွင်လည်းကောင်း အသက်ရွယ်အကြီးဆုံးဖြစ်သောကြောင့် လာသမျှ လူတိုင်းကို ဆင်းတွေ့စရာမလိုအပ်ပေ။

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now