Chapter (132)_ အဖေ့အိပ်ယာပေါ် တိုးဝှေ့အိပ်ကြတဲ့ စုံတွဲ

11.7K 1.9K 40
                                    

Chapter (132)_ အဖေ့အိပ်ယာပေါ် တိုးဝှေ့အိပ်ကြတဲ့ စုံတွဲ

ရှုဟိန်ရဲ့ မျက်လုံးများသည် အေးစက်သောဆောင်းလေများ ကဲ့သို့ အလွန်အေးစက်နေခဲ့သည်။ သူက တယောက်ယောက် ကို သတ်ချင်နေသလို ခံစားလိုက်ရ သည်။ ပုံမှန်အားဖြင့် ရှုဟိန်က နွေးထွေးမှုမရှိသလို သူ့ဘေးက အရာအားလုံးကိုဂရုမစိုက်တတ်ပေ၊ သူက အောက်ခြေကို မမြင်ရသည့် ရှေးဟောင်းရေတွင်း၏ နက်ရှိုင်းသောရေကဲ့သို့ပင်။ သူ့ခံစားချက်ကို တော်ရုံမျက်နှာပြင်မှာ မဖော်ပြတတ်ပေမယ့် ရှုနင်က သူ့ချစ်သူဖြစ်ခဲ့ပြီး သူနဲ့အရမ်းရင်းရင်းနှီးနှီးရှိခဲ့တယ်၊ ဒီအချိန်မှာ သူ့ဆီကအေးစက်မှုတွေက ပုံမှန်နဲ့မတူဘူးဆိုတာကို ရှုနင် နားလည်နိုင်တယ်။ သူ ဒေါသထွက်ခဲ့လား။ သူ့ကို ဘယ်သူက စိတ်ဆိုးအောင် လုပ်ခဲ့တာလဲ။

အခြားသူဖြစ်ခဲ့လျှင် အကိုကြီးက ခုလို တုံ့ပြန်မှုမျိုး မဖြစ်နိုင်ပေ။ ရှုနင်က စိတ်ထဲကနေ စစ်ထူထုံးကို စဉ်းစားလိုက်မိသည်။ စစ်ထူထုံးက အကိုကြီးကို လာတွေ့ခဲ့တာလား။ ဒီသားအဖ ရဲ့ဆက်ဆံရေးက အတော်လေး စိတ်ဝင်စားဖို့ကောင်းပုံရတယ်။

ရှုဟိန်သည်ထိုင်ပြီးသည်နှင့် ရှုနင်ကို သူ့ရင်ခွင်ထဲသို့ဆွဲသွင်းကာ ခေါင်းကိုငုံ့ထားလိုက်ပြီး သူဆုံးရှုံးခဲ့သည့်အရာများအား ပြန်လည်ရယူရန်ကြိုးစားနေသကဲ့သို့ လေးလံပြီးကြမ်းတမ်းသော အနမ်းကို ပြင်းပြစွာနမ်းကာ ထိုအနမ်းထဲမှာပဲ အာရုံစိုက်လိုက်သည်။

ရှုနင်က ဒါဟာ ပုံမှန်မဟုတ်တာကို ခံစားလိုက်ရတယ်၊ သူ့အဖေက လူဆိုးဖြစ်နိုင်လား။ ထို့နောက် ရှုနင်သည် ချိုမြိန်သောအနမ်းတွင် သူ့ကိုယ်သူနှစ်မြှုပ်လိုက်ပြီး ထိုအနမ်း၏သာယာမှုထဲမှ ရုန်းမထွက်နိုင်တော့ပေ။ သူတို့ ယာဂုက ခပ်နွေးနွေးပဲ ဖြစ်တော့သည့်အချိန်ရောက်မှ အနမ်းများအဆုံးသတ်ခဲ့သည်။ ရှုဟိန်က ရှုနင်နှင့် နဖူးချင်းတေ့ထားကာ သူတို့နှစ်ယောက်ကြားကနွေ ဦး ကဲ့သို့နွေးထွေးနေသည်၊ သူတို့နှစ်ယောက်စလုံး အလုပ်များနေသည်ဟု ခံစားနေရသည်၊ သို့သော် အခုက နေ့လယ်ပိုင်း ဖြစ်၍ သူတို့အဖေကဘေးကပ်လျက် ရုံးခန်းထဲမှာ ရှိနေလို့ သူတို့က ဒီမှာတကယ် pa pa pa ကို မလုပ်ရဲသေးဘူး။

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now