Chapter (91-1)_ အဖိုး ကွယ်လွန်ပြီ....

14.7K 2.6K 103
                                    

Chapter (91-1)_ အဖိုး ကွယ်လွန်ပြီ....

ရှုနင်က ဘာမှ စားချင်စိတ်မရှိလို့ ရှုဟိန်က သူ့ကို ဂျုံယာဂု သောက်မလား၊ စွပ်ပြုတ်သောက်မလား လို့မေးပေမယ့် ရှုနင်က ဘာမှမဖြေခဲ့ပေ။  နောက်ပိုင်းတွင် ဘာမှမစားပါက နင်နင်ရဲ့ အစာအိမ် မသက်မသာ ခံစားရနိုင်လို့ တစ်ခုခုစားသင့်သည် ရှုဟိန်က ပြောခဲ့သည်။

ရှုနင်က ဘာမှမပြောပဲ  ထိုညတွင် ရှုဟိန်အခန်းထဲမှာ မအိပ်ပဲ သူ့အခန်းကိုပြန်သွားကာ မအိပ်ခင် တံခါးကို သော့ခတ်လိုက်သည်။ ညသန်းခေါင်ယံရောက်လို့ သူ့အိပ်ယာပေါ် တက်လာသူကို မြင်တော့ ရှုနင် လန့်သွားပြီး မျက်နှာပင် ပြာလာခဲ့သည်။ ထိုလူက ရှုချိန်ဖြစ်သည်။

ရှုနင်က အံ့အားသင့်စွာမေးလိုက်သည်။
 
"အဖေလား..."

"အဖေ မင်းကို နိုးအောင်လုပ်လိုက်မိပြီလား"
"မဟုတ်ပါဘူး. ... အင်း၊ ကျွန်တော် နိုးနေပါတယ်၊ အဖေ၊ ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ ...... "

ရှုနင်က အရမ်းထိတ်လန့်သွားပြီး သူ့ရဲ့မေးရိုးကလည် အောက်ကို ပြုတ်ကျလုနီးပါးဖြစ်နေခဲ့သည်။  သူ့ထိတ်လန့်တုန်လှုပ်မှုကို သူ မမြင်နိုင်ခဲ့ဘူး။

"အဖေ..ကျွန်တော့်မေးခွန်းကို ဖြေပါဦး"

"အဲ့ဒါ ဟိန်ဟိန်ကြောင့်လေ...  "

"ကျွန်တော်က အကိုကြီးကို စိတ်ပူအောင်လုပ်မိခဲ့တယ်။ ဒီနေ့ စိတ်ဓါတ်ကျနေခဲ့လို့ အကိုကြီးကို စကားကောင်းကောင်းမပြောခဲ့မိဘူး။ "

ရှုနင် က သူ့အဖေကို အမှန်တရားကို မပြောပြနိုင်ခဲ့ပါ၊ အခုဖြစ်နေတာတွေက သူ့အမေ ချင်ယွိကျိုးကြောင့်ပဲ။ သူမ ဘာမှမလုပ်ရသေးရင်တောင် သူတို့ရဲ့သာယာတဲ့ အခြေနေလေးကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။

"မင်းအမေကို ဘာလို့မုန်းတာလဲ။ သား အဖေ့ကိုပြောပြနိုင်လား။"

ရှုနင်က ရှုချိန် ၏ပခုံးပေါ်တွင် ခေါင်းတင်အိပ်ကာ သူ့အဖေရဲ့ခါးကို လက်လေးနှင့် သိုင်းဖက်ကာ ပြောလိုက်သည်။

 " အဖေ၊ အမေ့ကို ကျွန်တော် မမုန်းပါဘူး၊ ကျွန်တော်က ငယ်ငယ်ကတည်းက ကွဲကွာနေတာက ရှောင်လွှဲလို့မရနိုင်ဘူး။ အမေလည်း ကျွန်တော်နဲ့အတူတူပဲ၊ အမေက ကျွန်တော်တို့ကြားက စိမ်းနေတာကို ပြေလျော့ဖို့ ကြိုးစားနေတယ်ဆိုတာ ကျွန်တော် သိပါတယ်။  အဖေ၊ အမေ့ကို ကျွန်တော် ပြောခဲ့တာကို ပြန်မပြောပါနဲ့၊ သူမက အကောင်းဆုံးလုပ်ခဲ့တယ်ဆိုတာ ကျွန်တော်ယုံပါတယ်။"

"ငါ့ရဲ့သနားစရာ ကလေးလေး... မင်းရဲ့အဖေဟာ  မင်းအတွက် ဒီမှာ ရှိနေတယ်။ မင်းကို အဖေ စိတ်မကောင်း မဖြစ်စေချင်ဘူး"
 
အိုး..ငါ အမေ့အတွက် ကျင်းတူးပေးလိုက်ပြီးပြီ။ အမေ့ ဖာသာ ခုန်ချလာဖို့ပဲကျန်တော့တယ်။

သားအဖ နှစ်ယောက် မနက် ၄ နာရီထိ စကားပြောနေပြီး ရှုနင်က အိပ်ပျော်သွားခဲ့သည်။ မနက်မိုးလင်းတော့ ရှုချိန်က အလုပ်သွားရပြီး ရှုနင်တစ်ယောက်တည်း အိပ်ကျန်ရစ်နေခဲ့သည်။ သူ့အဖေ ထွက်သွားတော့ ရှုဟိန်က နင်နင်ရဲ့အိပ်ခန်းထဲကို ဝင်လာခဲ့သည်။

မနက်ခင်းနေခြည်နုလေးက အိပ်နေတဲ့ နတ်သားလေးရဲ့နူးညံ့တဲ့ ကိုယ်လေးပေါ်ကို တစိတ်တပိုင်း ဖြာကျနေ သည်။ ကြည်လင်ဝင်းပနေသည့် အသားရေလေးနှင့် ယပ်တောင်လို ထူထဲသော မျက်တောင်လေးက မြင်သူကို မြတ်နိုးချင်စဖွယ်ကောင်းအောင်ဆွဲဆောင်နေသည်။

ပုံမှန်အားဖြင့် ရှုဟိန် သည်  အဝတ်ကိုချွတ်ပြီး အိပ်နေသည့် ရှုနင်အနားတွင် ကပ်အိပ်ကာ ရင်ခွင်ထဲ ပွေ့ဖက်ကာ နမ်းလိုက်မည် ဖြစ်ပေမယ့် အခုချိန်တွင် သူ မလုပ်ရဲပေ။

သူ့ကလေးလေးက ဘာကြောင့် ရုတ်တရက် ဝမ်းနည်းသွားရတာလဲ။ နင်နင်က သူတို့ကြားက ဆက်ဆံရေးကို ဖြတ်ချင်နေတာလား။

 ရှုဟိန်က ထိုအတွေးကြောင့် စိတ်တစ်ခုလုံး မှောင်မိုက်လာခဲ့သည်။

ရှုနင်က မျက်တောင်တဖြတ်ဖြတ်ခတ်ပြီး နိုးလာခဲ့စဉ် သူမျက်လုံးဖွင့်လိုက်စဉ် အရင်တွေ့လိုက်တာက အနက်ရောင် အနောက်တိုင်းဝတ်စုံကို သေသပ်စွာဝတ်ထားပြီး အိပ်ယာနှင့် မျက်နှာချင်းဆိုင် ဆိုဖာထက်တွင် ခြေထောက်ချင်းထပ်ကာ ထိုင်နေသည့် ရှုဟိန်ရဲ့ ခန့်ညားတဲ့ရုပ်သွင်က သူ့မျက်လုံးထဲ ဝင်လာခဲ့သည်။

ရှုဟိန်က ရှပ်ကြယ်သီး ထိပ်ဆုံးတလုံးကို ဖြုတ်ထားပြီး ဒူးပေါ် လက်ချင်းယှက်ကာ ထပ်တင်ထားသည်။ သူ့ပုံစံက ဧကရာဇ်ဘုရင်တပါးကဲ့သို့ အရှိန်အဝါထုတ်လွင့်နေပြီး မြင်သူကို သူ့ရှေ့မှာ ဒူးထောက်ဦးညွှတ်လာ အောင် ခန့်ညားလွန်းလှသည်။

 နင်နင် မျက်လုံးဖွင့်လာချိန်တွင် ရှုဟိန်ရဲ့ စိတ်နှလုံးထဲတုန်လှုပ်သွားပြီး သူ၏အသက်ရှူမှုပင်တုန့်သွားသလို ဖြစ်သွားသည်။ သို့သော် ရှုဟိန် သည်သူ၏မျက်နှာပေါ်တွင်သူ ၏စိတ်ခံစားမှုကိုမပြခဲ့ပါ၊ ၎င်းကိုပြရန်သူက ဆန္ဒမရှိခဲ့ပါ၊

......

သူတို့ရဲ့အားလပ်ရက်ကုန်ဆုံးသွားပြီးနောက်  စိတ်ပျက်လက်ပျက်ဖြစ်နေသည့် ရှုဟိန်က အမေရိကားကိုထွက်သွားခဲ့ရသည်။ ရှုဟိန်က ဘာဖြစ်နေတယ်ဆိုတာ နင်နင်ကို မေးလိုက်ချင်ပေမယ့် သူ့ညီလေးက သူတို့ဆက်ဆံရေးကို အဆုံးသတ်ချင်တယ်လို့ ပြောမှာကြောက်လို့ မမေးရဲပေ။

နင်နင်လည်း အရူးတစ်ယောက်လို ခံစားနေရသည်။ သူက အကိုကြီးကို ချစ်တဲ့ စိတ်ကို ရူးမတတ် မြိုသိပ်နေပြီး အကိုကြီးက သူ့ကို လက်လျှော့ပြီး အိမ်ထောင်ပြုသွားမယ့်အချိန်ကို စောင့်နေရုံသာရှိတော့သည်ဟု တွေးနေသည်။ ဒီလိုကောင်းတဲ့အကိုကြီးမျိုးကို သူ ဘယ်တော့မှ ထပ်မတွေ့နိုင်တော့ဘူးလို့ နင်နင်က တွေးနေမိသည်။ သူလည်း အခုလို ချစ်လျက်နဲ့စိမ်းကားရသည့်အဖြစ်ကို ရင်ကွဲမတတ်ခံစားနေရသည်။

   ဒီအဖြစ်က ဘယ်လောက်တောင် စိတ်ညစ်ဖို့ကောင်းပေမယ့် သူ့သွေးရင်းအကိုကြီးဖြစ်လို့ သူ ချစ်သွားလို့မ ဖြစ်ဘူး....သူ့ကို ငါ မချစ်နိုင်ဘူး၊

ရှုနင် သည်မျက်လုံးများကို တင်းတင်းကျပ်ကျပ်ပိတ်ထားပြီး တစ်နေ့လုံးစိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သော်လည်း အိမ်သို့ပြန်ရောက်သောအခါ အကိုကြီး မရှိသည့် အဖြစ်ကို ရင်ဆိုင်လိုက်ရတော့ သူ စိတ်ဓာတ်ကျဆင်းခဲ့သည်။
"အဲ့ဒါ ဘာလဲ"

အိမ်ပြန်ရောက်တော့ ရောက်နေသည့် ကားတစ်စိးကြောင့် အံ့အားသင့်ပြီးမေးလိုက်သည်။

 အစောင့်များက မည်သို့ပြန်ပြောရမည်ကိုပင် မသိတော့ပေ။

 " ဒါဟာ ဟုန်ရှင်းမင်းသား သခင်လေးဟုန်လွေ့က ပေးလိုက်တဲ့ လက်ဆောင်ပါ။ သခင်လေးရှုက ဒီလက်ဆောင်ကို   လက်ခံလိမ့်မယ်လို့မျှော်လင့်ပါတယ်လို့ပြောလိုက်ပါသေးတယ်"

"...... " Fuck၊ ဒါဟာနောက်ဆုံးပေါ် Mercedes-Benz ပြိုင်ကားဖြစ်ပြီး ငါက ကားမောင်းရအောင် အသက်မပြည့်သေးပေမယ့် အရမ်းကို ပျော်သွားမိတယ်...


ဒါပေမယ့် ဒီပစ္စည်းက တကယ့်ကို လူတိုင်း လိုချင်လွန်းလို့ ရူးမတတ် ဖြစ်စေတဲ့ အရမ်းလှတဲ့ပြိုင်ကားဖြစ်လို့ ရှုနင်ပင် သဘောကျလွန်းလို့ စိတ်ညစ်နေတာတောင် နည်းနည်းသက်သာသွားခဲ့တယ်။

 သူက ဧည့်ခန်းက မှန်နံရံကို ဖွင့်ဟပြီး ထိုကားကို ဧည့်ခန်းထဲမှာ အလှဆင်တဲ့အနေနဲ့ သွင်းခဲ့လိုက်တယ်။    (╯▽╰) ╭ 1

ညနေကိုးနာရီမှာ ရှုဟိန်ရဲ့ပုံမှန်ဖုန်းဆက်လာတဲ့အချိန် ရောက်လာလေပြီ။

  ဖုန်းမြည်ပေမယ့် ရှုနင်က မကိုင်ခဲ့ဘူး။ ဖုန်းမကိုင်ပဲနေရင် သူ့အကိုကြီးလည်း သူ့ကို စိတ်ပျက်ပြီး လက်လျှော့သွားအောင် တမင် ရည်ရွယ်ချက်ရှိရှိလျှော့ချလိုက်သည်။  ရှုဟိန်က သူ့အပေါ် ခံစားချက် မနက်ရှိုင်းသေးတာ ဖြစ်နိုင်တယ်။ သူ့ကို ညီလေးလို ချစ်တာနဲ့ ချစ်သူလို ချစ်တာကို ရောထွေးနေတာလည်း ဖြစ်နိုင်တယ်။
 
တကိုယ်ကောင်းဆန်ပြီး ရှု မိသားစုရဲ့ မျိုးရိုးကို ဆက်လက်ပြန့်ပွားစေမယ့် အကိုကြီးကို သူ ဖျက်ဆီးလို့မဖြစ်ပေ။ ရေချိုးကန်ထဲ၌နာကျင်စွာထိုင်နေသည်၊ အကယ်၍  ရေရှည် နာကျင်မှုကို ရပ်တန့်ချင်ရင် ကာလတိုမှာ ကြုံရမယ့် နာကျင်မှုကို သည်းခံနိုင်ရမည်ဟု တွေးနေတယ်။

သူက အရင်ဘဝက မှတ်ဉာဏ်နဲ့ပြန်လည်မွေးဖွားလာခဲ့ပေမယ့် ချင်ယွိကျိုးရဲ့ ထောင်ချောက်တွေကို တားဆီးဖို့ မလုပ်နိုင်ခဲ့သေးဘူး။  သူမကပေးတဲ့ ပြသနာကို မရှောင်နိုင်ရင် သူ ပြန်လည်မွေးဖွားလာတာက အလကားပဲ မဟုတ်လား။ ဒီအတိုင်းသာသွားနေရင် သူက ချင်ယွိကျိုးနဲ့ရန်သူတွေကို ကလဲ့စားချေနိုင်တော့မည် မဟုတ်ပေ။

ဆောင်းရာသီရောက်သောအခါ ဆီးနှင်းများသည် တဖွဲဖွဲ ကျဆင်းလာခဲ့သည်။ ဆောင်းရာသီ အားလပ်ရက်ရောက်လာပေမယ့် ရှုနင်က အိမ်မပြန်ခဲ့ပေ။ သူက စာလေ့လာချင်သည်ဟု အကြောင်းပြပြီး မြို့တော်မှာပဲ နေခဲ့သည်။ သူ အခု အထက်တန်း တတိယနှစ်ကို ရောက်လာလို့ စာလည်းပိုများလာခဲ့ပြီ။

   ကောလိပ်ဝင်ခွင့်စာမေးပွဲသည် အအနည်းငယ်အကြာတွင် ကျင်းပတော့မည် ဖြစ်ပြီး၊ သူတို့က စာမလေ့လာလို့ မရတော့ပေ။ ရှုကောင်းက  ဒီကိစ္စကို သိပ်မပြောပေမယ့် ရှုချိန်က သူ့သားကို ပြန်ခေါ်နိုင်ရန် မြို့တော်ထိ ကိုယ်တိုင်ရောက်လာခဲ့သည်။

ရှုဟိန်သည် နင်နင်ရဲ့အိပ်ခန်းထဲကနေ   ဆီးနှင်းကျနေသည်ကိုကြည့်နေစဉ်  အရာရာကို ဆင်ခြင်သုံးသပ်နေ သည်။ သူသည်သုံး ရက်နေပြီး၊ ပြည်ပသို့ ပြန်လည် ထွက်ခွာသွားခဲ့သည်။

ဒါ့ကြောင့် ရှုချိန်က မခံရပ်နိုင်တော့ဘဲ ကလေးငယ်ကို အိမ်ပြန်လာဖို့မြို့တော်ကိုသွားခဲ့ပါတယ်။ သူဟာ မကြာခင်မှာ အရပ် 170 စင်တီမီတာရှိလာသည့် သားအလတ်လေးက သူ့အကိုကြီးနဲ့ ခုထိ စိတ်ကောက်နေတုန်းပဲလား။

ရှုချိန်က ပထမဆုံး သူ့သားကို စာလုပ်နေရာကနေ ဆွဲထုတ်ပြီးမေးလိုက်သည်။ သူ့အဖေရဲ့တောက်ပတဲ့ မျက်လုံးတွေအောက်မှာ ရှုနင်က ဘာမှ ဖုန်းကွယ်လို့မရနိုင်လောက်အောင်ပင်။

" ကဲ...အဖေ့ကို ပြောတော့"

"...... "

" အမေရိကားမှာရှိတဲ့ ဟိန်ဟိန်က မင်းကြောင့် ပြန်လာပေမယ့် မင်း အိမ်ပြန်မလာလို့ အခု ပြန်သွားပြီ။ မင်း ကျေနပ်ပြီလား။ အခု မင်းတို့ ဘာဖြစ်နေတယ်ဆိုတာ အဖေ့ကို ပြောပြတော့ "
 
"...... "

"မင်း ငြိမ်နေလည်းအလကားပဲ။ အခု မင်းကို အဖေ မေးနေတယ်ဆိုတာ မင်းရဲ့ခံစားချက်ကို အဖေက အလေးနက်ထားလို့ပဲ။ မင်းကို စိတ်ချမ်းသာစေအောင်လုပ်ဖို့ဆိုတာ ဟိန်ဟိန်အတွက်၊ မင်းအဖိုးအတွက်၊ အဖေ့အတွက်လည်း အရေးကြီးတယ်။ မင်း အိမ်ကိုပြန်လာရင် ရှုယောင်းကို အဖေက အခြားကို ပို့လိုက်တယ်။ "မင်း အခုလို အိမ်မပြန်ပဲ ရှောင်နေလို့မဖြစ်ဘူးလေ။ နင်နင်..မင်းက စိတ်ထိခိုက်လွယ်တယ်ဆိုတာ အဖေသိတယ်။ ဒါပေမယ့် အရင်က မင်း အခုလို ဖြစ်တာကို အဖေ မမြင်ခဲ့ဖူးဘူး။ မင်း ဘာတွေဖြစ်နေတယ်ဆိုတာ ပြောပါ.... "

အချိန်ကုန်လွန်လာသည်နှင့်အမျှ ရှုနင်က အလွန်စိတ်ပျက်လာသည်။ သူက ဒီကိစ္စတွေကို အဖေ့ကို ဘယ်လိုမှ မပြောလို့မဖြစ်ဘူး။ ရှုနင်က  စဉ်းစားရင်း ရှုဟိန်လည်း ဘယ်လို ခံစားခဲ့ရတယ်ဆိုတာ ပိုနားလည်လာခဲ့တယ်။ ဖခင်အတွက်တော့ သူ့ရဲ့ အရင်ဘဝက အတွေ့ကြုံအရ သူက အနားမှာ နေလို့မဖြစ်ပေ။ ရှုချိန်က ရှုနင်ကို မိသားစု သဟဇာတပြန်ဖြစ်လို့ အရေးကြိးကြောင်းကို ပြောကာ ပြန်စဉ်းစားရန်ပြောခဲ့သည်။

 ရှုချိန်က ရှုနင်ကို သူ့လုပ်ရပ်ကို ပြန်စဉ်းစားရန် အပြစ်ပေးခဲ့ပြီး အချိန် 2 နာရီကျော်သွားခဲ့သည်။ ရှုဟိန်က ရှုနင်ကို ဖုန်းဆက်သည့်အချိန်ကိုရောက်တော့ သူ့အခန်းထဲကို ပြန်ခွင့်ပြုခဲ့သည်။ ရှုကောင်းက ရှုချိန်ကို နင်နင်ကို အတင်း မပြောဖို့ ပြောပေမယ့် ရှုချိန်က လက်မလျှော့ပေ။

သူ့အခန်းထဲရောက်တော့ ရှုနင်က ပြတင်းပေါက်နားမှာရပ်ပြီးလမင်းကို ငေးကြည့်နေသည်။
 
"ငါက ငတုံးပဲ..အကိုကြီးက ငါနဲ့မတူဘူးဆိုတာကို ထည့်စဉ်းစားဖို့မေ့နေခဲ့တယ်.. "


နောက်တစ်နေ့တွင် ရှုနင်က ရှုချိန်နဲ့အတူ အိမ်ကိုပြန်လာခဲ့သည်။ သူက ပြန်ရောက်လာကတည်းက အဖိုးရဲ့စားသောက်နေထိုင်မှုကို သေချာဂရုစိုက်ခဲ့လို့ ရှုကောင်းနဲ့ရှုချိန်တို့က ထူးဆန်းတယ်လို့ထင်နေသည်။

ရှုနင်က သူ့အဖေကိုပင် ရရုမစိုက်ခဲ့ပါ။ ရှုချိန်လည်း သားသည်ဖခင်ဖြစ်လို့ သူ့အဖေရဲ့စိတ်ခံစားချက်ကို နားလည်ကာ စိတ်မကောင်းဖြစ်နေသည်။ သူ့အဖေ စားသောက်ပြီးချိန်မှာ အဖော်ပြုပေးဖို့ အနားမှာ နေပေးခဲ့သည်။ သူတို့အစာစားပြီးနောက်သူသည် ရှုကောင်းကို အပေါ်ထပ်လိုက်ပို့ပေးပြီး   အတူ ထိုင်နေစဉ် အချိန်ပေးပြီး  စကားပြောရန်ဆန္ဒရှိခဲ့သည်။

"ငါ ချင်ယွိကျိုး ရဲ့ကိစ္စတွေကို အခုဆိုင်းငံ့လိုက်မယ်"

ဆွန်းလင်းက အကူအညီမဲ့စွာခေါင်းကိုခါလိုက်ပြီး ရှုယောင်း ကိုတိတ်တိတ်လေးလှည့်ကြည့်ရင်း ရှုယောင်းက ပြုံးလိုက်သည်။

ရှုချိန်ကငိုနေသောကလေးငယ်ကိုကောက်ပွေ့လိုက်သည်။

 "ဖေဖေကိုကြည့်ပါရစေဦး၊ ယောင်းယောင်လေးအတွက် ကလေးထိန်း အသစ် လိုအပ်သလားဆိုတာ...."

"သူမကို အလုပ်ဖြုတ်ပါ...သူမကို ရိုက်ပါ... သူမကို ဖြုတ်လိုက်"

"ညစ်ကျယ်ကျယ်ကလေးလေး ... မင်း ဒီလိုလုပ်တာ ဘယ်လောက်တောင်များနေပြီလဲ... အဖေ ရေတွက်ကြည့်ပါရစေဦး "
ရှုချိန် ကဒီအကြောင်းကိုစဉ်းစားနေမိတယ်၊ ကလေးထိန်းတွေကို အယောက် နှစ်ဆယ်လောက်ပြောင်းလဲသွားပြီးပြီ။ ဒါက လုံလောက်နေပြီဖြစ်သည်။
 
" ယောင်းယောင်း....အဖေ မှတ်တမ်းတွေကို ပြန်ကြည့်လိုက်ပြီးပြီ။မင်းက ကလေးထိန်းတွေကို အရင်ခဲနဲ့ပေါက်တယ်။ သူတို့ကို ရိုက်တယ်။ ပြီးတော့ သူတို့က မတိုင်ရသေးခင် မင်းကအရင်ပြေးလာ တိုင်တယ်။ မင်းရဲ့အမှားကို ဝန်ခံရင် အဖေ နောက်ဆုံးထွက်ထားတဲ့အရုပ်ကို ဝယ်ပေးမယ်..."
 
"ကောင်းပြီ..သားမှားပါတယ် ဖေဖေ။ အရုပ်ဝယ်ပေးတော့နော်..."

"ကောင်းပြီ!"

ရှုချိန်က  ကသူ့ကိုအပြစ်မဲ့သော မိခင်မဲ့ကလေးဟုခေါ်ရန်စိတ်ကူး မရှိပေ။ တကယ်လို့ ချင်ယွိကျိုးသာရှိရင် ဒီသားလေးကို ခုလို မဆိုးသွမ်းအောင် သေချာထိန်းသိမ်းနိုင်မှာပဲ...။ အမေ မရှိတာက ရှုယောင်းအတွက် မကောင်းသလို ရှုနင်အတွက်လည်း မကောင်းပေ။ ရှုနင်က အပြင်ပိုင်းတွင် အားနည်းကာ စိတ်ပျော့တယ်ထင်ရ ပေမယ့် သူက တကယ်ကို စိတ်ထိခိုက်လွယ်လှသည်။ ကလေးတွေကို ဒီလို ထားရင် နောင်မှာ သုူက ဖခင်တစ်ယောက်အနေနဲ့ နောင်တရမည်ကို စိုးရိမ်နေမိသည်။

 နှစ်သစ်ကူးကာလအတွင်းမှာ အိမ်တွင် ကြီးမားသည့် အဖြစ်ပျက်တစ်ခု ဖြစ်သွားခဲ့သည်။ ရှုဟိန်က အိပ်ရာရှေ့တွင်ရပ်နေပြီး ရှုနင် ၏မျက်လုံးများမှာနီနေသည်။

ရှုကောင်းသည် အိပ်ပျော်နေရင်း မနက်မိုးလင်းလို့ ထမလာဖြင့် သွားကြည့်လိုက်ချိန်မှာ သေဆုံးသွားခဲ့ပြီဖြစ်သည်။ အဖိုးရှုကောင်းက အိပ်ယာထက်မှာ ငြိမ်သက်စွာအိပ်မောကျရင်း ကွယ်လွန်သွားခဲ့လေပြီ။

ရှုနင်ရဲ့အသည်းနှလုံးတစ်ခုလုံက အေးစက်သွားခဲ့သည်။ သူ အိမ်ကို ပြန်ရောက်ကတည်းက သူ့အဖိုးကို ဆေးရုံကို ခေါ်ပြီးသေချာစစ်ဆေးပေးခဲ့သည့်အပြင်   လေ့ကျင့်ခန်းတစ်ခု ပုံမှန်လုပ်စေခဲ့သည်။ အဖိုးက မည်သည့် ရောဂါ လက္ခဏာမျှ မပြပဲ အေးချမ်းစွာ ထွက်သွားခဲ့သည်။


တစ်ချိန်တည်းမှာပင် ဆွန်းလင်းသည့် အိပ်ဆေးသောက်သုံးပြိး သူ တသက်လုံး အတူတူ နေခဲ့သည့်သခင်ကို အဖော်ပြုကာ တမလွန်ကိုထွက်သွားခဲ့သည်။ အားလုံးကို သေချာဂရုစိုက်ရန် စာတစ်စောင် ချန်ထားပေးခဲ့သည်။ သစ္စာစောင့်သိသောကျေးကျွန်တစ် ဦးဖြစ်ပေမယ့် သူတို့နှစ်ဦးက ဆယ်စုနှစ်များစွာ အတူနေခဲ့လို့ ညီအစ်ကိုလို ဖြစ်နေခဲ့လေပြီ။
အသုဘသည်မျှော်လင့်ထားသည့်အတိုင်း စည်ကားသိုက်မြိုက်နေခဲ့သည်။ လူတိုင်းကအကောင်းဆုံးကြိုးစားခဲ့ကြပြီး ခန်းမ၏အလယ်တွင် အသုဘ အခမ်းအနားကို ပြိုင်ဘက်ကင်း ခမ်းနားစွာ ကျင်းပခဲ့သည်။ လူများစွာက လာရောက်ပြီး ဂါရဝပြုကြသည်။

ရှုနင်၏စိတ်နှလုံးသည်တိတ်ဆိတ်နေပြီး သူ့အဘိုး၏အသံနှင့် အပြုံးများကိုစဉ်းစားနေသည်။ သူ ၏စိတ်နှလုံးထဲကနေ အဖိုးကို ရင်ကွဲမတတ် အော်ဟစ်နေခဲ့သည်၊ သူ့ပုံစံက တည်ငြိမ်နေပေမယ့်  သူ့မျက်လုံးများသည် အလွန်နီရဲခဲ့သည်။

(အားလုံးမျှော်လင့်နေသလို အဖိုးရဲ့ ဈာပနာရောက်လာပါပြီ။ နောက်တခန်း ဘာတွေဖြစ်မလဲဆိုတာ အတူတူရင်ခုန်ကြည့်ရအောင်....

မှတ်ချက် - ပိုရင်ခုန်အောင် ဘာဖြစ်မယ်ဆိုတာ မပြောပြတာပါ...ဟဲ...ဟဲ...)
***-***




Chapter (91-1)_ အဖိုး ကြယ္လြန္ၿပီ....

ရႈနင္က ဘာမွ စားခ်င္စိတ္မရွိလို႔ ရႈဟိန္က သူ႔ကို ဂ်ဳံယာဂု ေသာက္မလား၊ စြပ္ျပဳတ္ေသာက္မလား လို႔ေမးေပမယ့္ ရႈနင္က ဘာမွမေျဖခဲ့ေပ။  ေနာက္ပိုင္းတြင္ ဘာမွမစားပါက နင္နင္ရဲ႕ အစာအိမ္ မသက္မသာ ခံစားရႏိုင္လို႔ တစ္ခုခုစားသင့္သည္ ရႈဟိန္က ေျပာခဲ့သည္။

ရႈနင္က ဘာမွမေျပာပဲ  ထိုညတြင္ ရႈဟိန္အခန္းထဲမွာ မအိပ္ပဲ သူ႔အခန္းကိုျပန္သြားကာ မအိပ္ခင္ တံခါးကို ေသာ့ခတ္လိုက္သည္။ ညသန္းေခါင္ယံေရာက္လို႔ သူ႔အိပ္ယာေပၚ တက္လာသူကို ျမင္ေတာ့ ရႈနင္ လန႔္သြားၿပီး မ်က္ႏွာပင္ ျပာလာခဲ့သည္။ ထိုလူက ရႈခ်ိန္ျဖစ္သည္။

ရႈနင္က အံ့အားသင့္စြာေမးလိုက္သည္။
 
"အေဖလား..."

"အေဖ မင္းကို ႏိုးေအာင္လုပ္လိုက္မိၿပီလား"
"မဟုတ္ပါဘူး. ... အင္း၊ ကြၽန္ေတာ္ ႏိုးေနပါတယ္၊ အေဖ၊ ဘာျဖစ္လို႔ ဒီကိုေရာက္လာတာလဲ ...... "

ရႈနင္က အရမ္းထိတ္လန႔္သြားၿပီး သူ႔ရဲ႕ေမး႐ိုးကလည္ ေအာက္ကို ျပဳတ္က်လုနီးပါးျဖစ္ေနခဲ့သည္။  သူ႔ထိတ္လန႔္တုန္လႈပ္မႈကို သူ မျမင္ႏိုင္ခဲ့ဘူး။

"အေဖ..ကြၽန္ေတာ့္ေမးခြန္းကို ေျဖပါဦး"

"အဲ့ဒါ ဟိန္ဟိန္ေၾကာင့္ေလ...  "

"ကြၽန္ေတာ္က အကိုႀကီးကို စိတ္ပူေအာင္လုပ္မိခဲ့တယ္။ ဒီေန႔ စိတ္ဓါတ္က်ေနခဲ့လို႔ အကိုႀကီးကို စကားေကာင္းေကာင္းမေျပာခဲ့မိဘူး။ "

ရႈနင္ က သူ႔အေဖကို အမွန္တရားကို မေျပာျပႏိုင္ခဲ့ပါ၊ အခုျဖစ္ေနတာေတြက သူ႔အေမ ခ်င္ယြိက်ိဳးေၾကာင့္ပဲ။ သူမ ဘာမွမလုပ္ရေသးရင္ေတာင္ သူတို႔ရဲ႕သာယာတဲ့ အေျခေနေလးကို ဖ်က္ဆီးပစ္ႏိုင္ခဲ့သည္။

"မင္းအေမကို ဘာလို႔မုန္းတာလဲ။ သား အေဖ့ကိုေျပာျပႏိုင္လား။"

ရႈနင္က ရႈခ်ိန္ ၏ပခုံးေပၚတြင္ ေခါင္းတင္အိပ္ကာ သူ႔အေဖရဲ႕ခါးကို လက္ေလးႏွင့္ သိုင္းဖက္ကာ ေျပာလိုက္သည္။

 " အေဖ၊ အေမ့ကို ကြၽန္ေတာ္ မမုန္းပါဘူး၊ ကြၽန္ေတာ္က ငယ္ငယ္ကတည္းက ကြဲကြာေနတာက ေရွာင္လႊဲလို႔မရႏိုင္ဘူး။ အေမလည္း ကြၽန္ေတာ္နဲ႔အတူတူပဲ၊ အေမက ကြၽန္ေတာ္တို႔ၾကားက စိမ္းေနတာကို ေျပေလ်ာ့ဖို႔ ႀကိဳးစားေနတယ္ဆိုတာ ကြၽန္ေတာ္ သိပါတယ္။  အေဖ၊ အေမ့ကို ကြၽန္ေတာ္ ေျပာခဲ့တာကို ျပန္မေျပာပါနဲ႔၊ သူမက အေကာင္းဆုံးလုပ္ခဲ့တယ္ဆိုတာ ကြၽန္ေတာ္ယုံပါတယ္။"

"ငါ့ရဲ႕သနားစရာ ကေလးေလး... မင္းရဲ႕အေဖဟာ  မင္းအတြက္ ဒီမွာ ရွိေနတယ္။ မင္းကို အေဖ စိတ္မေကာင္း မျဖစ္ေစခ်င္ဘူး"
 
အိုး..ငါ အေမ့အတြက္ က်င္းတူးေပးလိုက္ၿပီးၿပီ။ အေမ့ ဖာသာ ခုန္ခ်လာဖို႔ပဲက်န္ေတာ့တယ္။

သားအဖ ႏွစ္ေယာက္ မနက္ ၄ နာရီထိ စကားေျပာေနၿပီး ရႈနင္က အိပ္ေပ်ာ္သြားခဲ့သည္။ မနက္မိုးလင္းေတာ့ ရႈခ်ိန္က အလုပ္သြားရၿပီး ရႈနင္တစ္ေယာက္တည္း အိပ္က်န္ရစ္ေနခဲ့သည္။ သူ႔အေဖ ထြက္သြားေတာ့ ရႈဟိန္က နင္နင္ရဲ႕အိပ္ခန္းထဲကို ဝင္လာခဲ့သည္။

မနက္ခင္းေနျခည္ႏုေလးက အိပ္ေနတဲ့ နတ္သားေလးရဲ႕ႏူးညံ့တဲ့ ကိုယ္ေလးေပၚကို တစိတ္တပိုင္း ျဖာက်ေန သည္။ ၾကည္လင္ဝင္းပေနသည့္ အသားေရေလးႏွင့္ ယပ္ေတာင္လို ထူထဲေသာ မ်က္ေတာင္ေလးက ျမင္သူကို ျမတ္ႏိုးခ်င္စဖြယ္ေကာင္းေအာင္ဆြဲေဆာင္ေနသည္။

ပုံမွန္အားျဖင့္ ရႈဟိန္ သည္  အဝတ္ကိုခြၽတ္ၿပီး အိပ္ေနသည့္ ရႈနင္အနားတြင္ ကပ္အိပ္ကာ ရင္ခြင္ထဲ ေပြ႕ဖက္ကာ နမ္းလိုက္မည္ ျဖစ္ေပမယ့္ အခုခ်ိန္တြင္ သူ မလုပ္ရဲေပ။

သူ႔ကေလးေလးက ဘာေၾကာင့္ ႐ုတ္တရက္ ဝမ္းနည္းသြားရတာလဲ။ နင္နင္က သူတို႔ၾကားက ဆက္ဆံေရးကို ျဖတ္ခ်င္ေနတာလား။

 ရႈဟိန္က ထိုအေတြးေၾကာင့္ စိတ္တစ္ခုလုံး ေမွာင္မိုက္လာခဲ့သည္။

ရႈနင္က မ်က္ေတာင္တျဖတ္ျဖတ္ခတ္ၿပီး ႏိုးလာခဲ့စဥ္ သူမ်က္လုံးဖြင့္လိုက္စဥ္ အရင္ေတြ႕လိုက္တာက အနက္ေရာင္ အေနာက္တိုင္းဝတ္စုံကို ေသသပ္စြာဝတ္ထားၿပီး အိပ္ယာႏွင့္ မ်က္ႏွာခ်င္းဆိုင္ ဆိုဖာထက္တြင္ ေျခေထာက္ခ်င္းထပ္ကာ ထိုင္ေနသည့္ ရႈဟိန္ရဲ႕ ခန႔္ညားတဲ့႐ုပ္သြင္က သူ႔မ်က္လုံးထဲ ဝင္လာခဲ့သည္။

ရႈဟိန္က ရွပ္ၾကယ္သီး ထိပ္ဆုံးတလုံးကို ျဖဳတ္ထားၿပီး ဒူးေပၚ လက္ခ်င္းယွက္ကာ ထပ္တင္ထားသည္။ သူ႔ပုံစံက ဧကရာဇ္ဘုရင္တပါးကဲ့သို႔ အရွိန္အဝါထုတ္လြင့္ေနၿပီး ျမင္သူကို သူ႔ေရွ႕မွာ ဒူးေထာက္ဦးၫႊတ္လာ ေအာင္ ခန႔္ညားလြန္းလွသည္။

 နင္နင္ မ်က္လုံးဖြင့္လာခ်ိန္တြင္ ရႈဟိန္ရဲ႕ စိတ္ႏွလုံးထဲတုန္လႈပ္သြားၿပီး သူ၏အသက္ရႉမႈပင္တုန႔္သြားသလို ျဖစ္သြားသည္။ သို႔ေသာ္ ရႈဟိန္ သည္သူ၏မ်က္ႏွာေပၚတြင္သူ ၏စိတ္ခံစားမႈကိုမျပခဲ့ပါ၊ ၎ကိုျပရန္သူက ဆႏၵမရွိခဲ့ပါ၊

......

သူတို႔ရဲ႕အားလပ္ရက္ကုန္ဆုံးသြားၿပီးေနာက္  စိတ္ပ်က္လက္ပ်က္ျဖစ္ေနသည့္ ရႈဟိန္က အေမရိကားကိုထြက္သြားခဲ့ရသည္။ ရႈဟိန္က ဘာျဖစ္ေနတယ္ဆိုတာ နင္နင္ကို ေမးလိုက္ခ်င္ေပမယ့္ သူ႔ညီေလးက သူတို႔ဆက္ဆံေရးကို အဆုံးသတ္ခ်င္တယ္လို႔ ေျပာမွာေၾကာက္လို႔ မေမးရဲေပ။

နင္နင္လည္း အ႐ူးတစ္ေယာက္လို ခံစားေနရသည္။ သူက အကိုႀကီးကို ခ်စ္တဲ့ စိတ္ကို ႐ူးမတတ္ ၿမိဳသိပ္ေနၿပီး အကိုႀကီးက သူ႔ကို လက္ေလွ်ာ့ၿပီး အိမ္ေထာင္ျပဳသြားမယ့္အခ်ိန္ကို ေစာင့္ေန႐ုံသာရွိေတာ့သည္ဟု ေတြးေနသည္။ ဒီလိုေကာင္းတဲ့အကိုႀကီးမ်ိဳးကို သူ ဘယ္ေတာ့မွ ထပ္မေတြ႕ႏိုင္ေတာ့ဘူးလို႔ နင္နင္က ေတြးေနမိသည္။ သူလည္း အခုလို ခ်စ္လ်က္နဲ႔စိမ္းကားရသည့္အျဖစ္ကို ရင္ကြဲမတတ္ခံစားေနရသည္။

   ဒီအျဖစ္က ဘယ္ေလာက္ေတာင္ စိတ္ညစ္ဖို႔ေကာင္းေပမယ့္ သူ႔ေသြးရင္းအကိုႀကီးျဖစ္လို႔ သူ ခ်စ္သြားလို႔မ ျဖစ္ဘူး....သူ႔ကို ငါ မခ်စ္ႏိုင္ဘူး၊

ရႈနင္ သည္မ်က္လုံးမ်ားကို တင္းတင္းက်ပ္က်ပ္ပိတ္ထားၿပီး တစ္ေန႔လုံးစိတ္ပ်က္လက္ပ်က္ျဖစ္ေနခဲ့ေသာ္လည္း အိမ္သို႔ျပန္ေရာက္ေသာအခါ အကိုႀကီး မရွိသည့္ အျဖစ္ကို ရင္ဆိုင္လိုက္ရေတာ့ သူ စိတ္ဓာတ္က်ဆင္းခဲ့သည္။
"အဲ့ဒါ ဘာလဲ"

အိမ္ျပန္ေရာက္ေတာ့ ေရာက္ေနသည့္ ကားတစ္စိးေၾကာင့္ အံ့အားသင့္ၿပီးေမးလိုက္သည္။

 အေစာင့္မ်ားက မည္သို႔ျပန္ေျပာရမည္ကိုပင္ မသိေတာ့ေပ။

 " ဒါဟာ ဟုန္ရွင္းမင္းသား သခင္ေလးဟုန္ေလြ႕က ေပးလိုက္တဲ့ လက္ေဆာင္ပါ။ သခင္ေလးရႈက ဒီလက္ေဆာင္ကို   လက္ခံလိမ့္မယ္လို႔ေမွ်ာ္လင့္ပါတယ္လို႔ေျပာလိုက္ပါေသးတယ္"

"...... " Fuck၊ ဒါဟာေနာက္ဆုံးေပၚ Mercedes-Benz ၿပိဳင္ကားျဖစ္ၿပီး ငါက ကားေမာင္းရေအာင္ အသက္မျပည့္ေသးေပမယ့္ အရမ္းကို ေပ်ာ္သြားမိတယ္...


ဒါေပမယ့္ ဒီပစၥည္းက တကယ့္ကို လူတိုင္း လိုခ်င္လြန္းလို႔ ႐ူးမတတ္ ျဖစ္ေစတဲ့ အရမ္းလွတဲ့ၿပိဳင္ကားျဖစ္လို႔ ရႈနင္ပင္ သေဘာက်လြန္းလို႔ စိတ္ညစ္ေနတာေတာင္ နည္းနည္းသက္သာသြားခဲ့တယ္။

 သူက ဧည့္ခန္းက မွန္နံရံကို ဖြင့္ဟၿပီး ထိုကားကို ဧည့္ခန္းထဲမွာ အလွဆင္တဲ့အေနနဲ႔ သြင္းခဲ့လိုက္တယ္။    (╯▽╰) ╭ 1

ညေနကိုးနာရီမွာ ရႈဟိန္ရဲ႕ပုံမွန္ဖုန္းဆက္လာတဲ့အခ်ိန္ ေရာက္လာေလၿပီ။

  ဖုန္းျမည္ေပမယ့္ ရႈနင္က မကိုင္ခဲ့ဘူး။ ဖုန္းမကိုင္ပဲေနရင္ သူ႔အကိုႀကီးလည္း သူ႔ကို စိတ္ပ်က္ၿပီး လက္ေလွ်ာ့သြားေအာင္ တမင္ ရည္႐ြယ္ခ်က္ရွိရွိေလွ်ာ့ခ်လိုက္သည္။  ရႈဟိန္က သူ႔အေပၚ ခံစားခ်က္ မနက္ရႈိင္းေသးတာ ျဖစ္ႏိုင္တယ္။ သူ႔ကို ညီေလးလို ခ်စ္တာနဲ႔ ခ်စ္သူလို ခ်စ္တာကို ေရာေထြးေနတာလည္း ျဖစ္ႏိုင္တယ္။
 
တကိုယ္ေကာင္းဆန္ၿပီး ရႈ မိသားစုရဲ႕ မ်ိဳး႐ိုးကို ဆက္လက္ျပန႔္ပြားေစမယ့္ အကိုႀကီးကို သူ ဖ်က္ဆီးလို႔မျဖစ္ေပ။ ေရခ်ိဳးကန္ထဲ၌နာက်င္စြာထိုင္ေနသည္၊ အကယ္၍  ေရရွည္ နာက်င္မႈကို ရပ္တန႔္ခ်င္ရင္ ကာလတိုမွာ ႀကဳံရမယ့္ နာက်င္မႈကို သည္းခံႏိုင္ရမည္ဟု ေတြးေနတယ္။

သူက အရင္ဘဝက မွတ္ဉာဏ္နဲ႔ျပန္လည္ေမြးဖြားလာခဲ့ေပမယ့္ ခ်င္ယြိက်ိဳးရဲ႕ ေထာင္ေခ်ာက္ေတြကို တားဆီးဖို႔ မလုပ္ႏိုင္ခဲ့ေသးဘူး။  သူမကေပးတဲ့ ျပသနာကို မေရွာင္ႏိုင္ရင္ သူ ျပန္လည္ေမြးဖြားလာတာက အလကားပဲ မဟုတ္လား။ ဒီအတိုင္းသာသြားေနရင္ သူက ခ်င္ယြိက်ိဳးနဲ႔ရန္သူေတြကို ကလဲ့စားေခ်ႏိုင္ေတာ့မည္ မဟုတ္ေပ။

ေဆာင္းရာသီေရာက္ေသာအခါ ဆီးႏွင္းမ်ားသည္ တဖြဲဖြဲ က်ဆင္းလာခဲ့သည္။ ေဆာင္းရာသီ အားလပ္ရက္ေရာက္လာေပမယ့္ ရႈနင္က အိမ္မျပန္ခဲ့ေပ။ သူက စာေလ့လာခ်င္သည္ဟု အေၾကာင္းျပၿပီး ၿမိဳ႕ေတာ္မွာပဲ ေနခဲ့သည္။ သူ အခု အထက္တန္း တတိယႏွစ္ကို ေရာက္လာလို႔ စာလည္းပိုမ်ားလာခဲ့ၿပီ။

   ေကာလိပ္ဝင္ခြင့္စာေမးပြဲသည္ အအနည္းငယ္အၾကာတြင္ က်င္းပေတာ့မည္ ျဖစ္ၿပီး၊ သူတို႔က စာမေလ့လာလို႔ မရေတာ့ေပ။ ရႈေကာင္းက  ဒီကိစၥကို သိပ္မေျပာေပမယ့္ ရႈခ်ိန္က သူ႔သားကို ျပန္ေခၚႏိုင္ရန္ ၿမိဳ႕ေတာ္ထိ ကိုယ္တိုင္ေရာက္လာခဲ့သည္။

ရႈဟိန္သည္ နင္နင္ရဲ႕အိပ္ခန္းထဲကေန   ဆီးႏွင္းက်ေနသည္ကိုၾကည့္ေနစဥ္  အရာရာကို ဆင္ျခင္သုံးသပ္ေန သည္။ သူသည္သုံး ရက္ေနၿပီး၊ ျပည္ပသို႔ ျပန္လည္ ထြက္ခြာသြားခဲ့သည္။

ဒါ့ေၾကာင့္ ရႈခ်ိန္က မခံရပ္ႏိုင္ေတာ့ဘဲ ကေလးငယ္ကို အိမ္ျပန္လာဖို႔ၿမိဳ႕ေတာ္ကိုသြားခဲ့ပါတယ္။ သူဟာ မၾကာခင္မွာ အရပ္ 170 စင္တီမီတာရွိလာသည့္ သားအလတ္ေလးက သူ႔အကိုႀကီးနဲ႔ ခုထိ စိတ္ေကာက္ေနတုန္းပဲလား။

ရႈခ်ိန္က ပထမဆုံး သူ႔သားကို စာလုပ္ေနရာကေန ဆြဲထုတ္ၿပီးေမးလိုက္သည္။ သူ႔အေဖရဲ႕ေတာက္ပတဲ့ မ်က္လုံးေတြေအာက္မွာ ရႈနင္က ဘာမွ ဖုန္းကြယ္လို႔မရႏိုင္ေလာက္ေအာင္ပင္။

" ကဲ...အေဖ့ကို ေျပာေတာ့"

"...... "

" အေမရိကားမွာရွိတဲ့ ဟိန္ဟိန္က မင္းေၾကာင့္ ျပန္လာေပမယ့္ မင္း အိမ္ျပန္မလာလို႔ အခု ျပန္သြားၿပီ။ မင္း ေက်နပ္ၿပီလား။ အခု မင္းတို႔ ဘာျဖစ္ေနတယ္ဆိုတာ အေဖ့ကို ေျပာျပေတာ့ "
 
"...... "

"မင္း ၿငိမ္ေနလည္းအလကားပဲ။ အခု မင္းကို အေဖ ေမးေနတယ္ဆိုတာ မင္းရဲ႕ခံစားခ်က္ကို အေဖက အေလးနက္ထားလို႔ပဲ။ မင္းကို စိတ္ခ်မ္းသာေစေအာင္လုပ္ဖို႔ဆိုတာ ဟိန္ဟိန္အတြက္၊ မင္းအဖိုးအတြက္၊ အေဖ့အတြက္လည္း အေရးႀကီးတယ္။ မင္း အိမ္ကိုျပန္လာရင္ ရႈေယာင္းကို အေဖက အျခားကို ပို႔လိုက္တယ္။ "မင္း အခုလို အိမ္မျပန္ပဲ ေရွာင္ေနလို႔မျဖစ္ဘူးေလ။ နင္နင္..မင္းက စိတ္ထိခိုက္လြယ္တယ္ဆိုတာ အေဖသိတယ္။ ဒါေပမယ့္ အရင္က မင္း အခုလို ျဖစ္တာကို အေဖ မျမင္ခဲ့ဖူးဘူး။ မင္း ဘာေတြျဖစ္ေနတယ္ဆိုတာ ေျပာပါ.... "

အခ်ိန္ကုန္လြန္လာသည္ႏွင့္အမွ် ရႈနင္က အလြန္စိတ္ပ်က္လာသည္။ သူက ဒီကိစၥေတြကို အေဖ့ကို ဘယ္လိုမွ မေျပာလို႔မျဖစ္ဘူး။ ရႈနင္က  စဥ္းစားရင္း ရႈဟိန္လည္း ဘယ္လို ခံစားခဲ့ရတယ္ဆိုတာ ပိုနားလည္လာခဲ့တယ္။ ဖခင္အတြက္ေတာ့ သူ႔ရဲ႕ အရင္ဘဝက အေတြ႕ႀကဳံအရ သူက အနားမွာ ေနလို႔မျဖစ္ေပ။ ရႈခ်ိန္က ရႈနင္ကို မိသားစု သဟဇာတျပန္ျဖစ္လို႔ အေရးႀကိးေၾကာင္းကို ေျပာကာ ျပန္စဥ္းစားရန္ေျပာခဲ့သည္။

 ရႈခ်ိန္က ရႈနင္ကို သူ႔လုပ္ရပ္ကို ျပန္စဥ္းစားရန္ အျပစ္ေပးခဲ့ၿပီး အခ်ိန္ 2 နာရီေက်ာ္သြားခဲ့သည္။ ရႈဟိန္က ရႈနင္ကို ဖုန္းဆက္သည့္အခ်ိန္ကိုေရာက္ေတာ့ သူ႔အခန္းထဲကို ျပန္ခြင့္ျပဳခဲ့သည္။ ရႈေကာင္းက ရႈခ်ိန္ကို နင္နင္ကို အတင္း မေျပာဖို႔ ေျပာေပမယ့္ ရႈခ်ိန္က လက္မေလွ်ာ့ေပ။

သူ႔အခန္းထဲေရာက္ေတာ့ ရႈနင္က ျပတင္းေပါက္နားမွာရပ္ၿပီးလမင္းကို ေငးၾကည့္ေနသည္။
 
"ငါက ငတုံးပဲ..အကိုႀကီးက ငါနဲ႔မတူဘူးဆိုတာကို ထည့္စဥ္းစားဖို႔ေမ့ေနခဲ့တယ္.. "


ေနာက္တစ္ေန႔တြင္ ရႈနင္က ရႈခ်ိန္နဲ႔အတူ အိမ္ကိုျပန္လာခဲ့သည္။ သူက ျပန္ေရာက္လာကတည္းက အဖိုးရဲ႕စားေသာက္ေနထိုင္မႈကို ေသခ်ာဂ႐ုစိုက္ခဲ့လို႔ ရႈေကာင္းနဲ႔ရႈခ်ိန္တို႔က ထူးဆန္းတယ္လို႔ထင္ေနသည္။

ရႈနင္က သူ႔အေဖကိုပင္ ရ႐ုမစိုက္ခဲ့ပါ။ ရႈခ်ိန္လည္း သားသည္ဖခင္ျဖစ္လို႔ သူ႔အေဖရဲ႕စိတ္ခံစားခ်က္ကို နားလည္ကာ စိတ္မေကာင္းျဖစ္ေနသည္။ သူ႔အေဖ စားေသာက္ၿပီးခ်ိန္မွာ အေဖာ္ျပဳေပးဖို႔ အနားမွာ ေနေပးခဲ့သည္။ သူတို႔အစာစားၿပီးေနာက္သူသည္ ရႈေကာင္းကို အေပၚထပ္လိုက္ပို႔ေပးၿပီး   အတူ ထိုင္ေနစဥ္ အခ်ိန္ေပးၿပီး  စကားေျပာရန္ဆႏၵရွိခဲ့သည္။

"ငါ ခ်င္ယြိက်ိဳး ရဲ႕ကိစၥေတြကို အခုဆိုင္းငံ့လိုက္မယ္"

ဆြန္းလင္းက အကူအညီမဲ့စြာေခါင္းကိုခါလိုက္ၿပီး ရႈေယာင္း ကိုတိတ္တိတ္ေလးလွည့္ၾကည့္ရင္း ရႈေယာင္းက ၿပဳံးလိုက္သည္။

ရႈခ်ိန္ကငိုေနေသာကေလးငယ္ကိုေကာက္ေပြ႕လိုက္သည္။

 "ေဖေဖကိုၾကည့္ပါရေစဦး၊ ေယာင္းေယာင္ေလးအတြက္ ကေလးထိန္း အသစ္ လိုအပ္သလားဆိုတာ...."

"သူမကို အလုပ္ျဖဳတ္ပါ...သူမကို ႐ိုက္ပါ... သူမကို ျဖဳတ္လိုက္"

"ညစ္က်ယ္က်ယ္ကေလးေလး ... မင္း ဒီလိုလုပ္တာ ဘယ္ေလာက္ေတာင္မ်ားေနၿပီလဲ... အေဖ ေရတြက္ၾကည့္ပါရေစဦး "
ရႈခ်ိန္ ကဒီအေၾကာင္းကိုစဥ္းစားေနမိတယ္၊ ကေလးထိန္းေတြကို အေယာက္ ႏွစ္ဆယ္ေလာက္ေျပာင္းလဲသြားၿပီးၿပီ။ ဒါက လုံေလာက္ေနၿပီျဖစ္သည္။
 
" ေယာင္းေယာင္း....အေဖ မွတ္တမ္းေတြကို ျပန္ၾကည့္လိုက္ၿပီးၿပီ။မင္းက ကေလးထိန္းေတြကို အရင္ခဲနဲ႔ေပါက္တယ္။ သူတို႔ကို ႐ိုက္တယ္။ ၿပီးေတာ့ သူတို႔က မတိုင္ရေသးခင္ မင္းကအရင္ေျပးလာ တိုင္တယ္။ မင္းရဲ႕အမွားကို ဝန္ခံရင္ အေဖ ေနာက္ဆုံးထြက္ထားတဲ့အ႐ုပ္ကို ဝယ္ေပးမယ္..."
 
"ေကာင္းၿပီ..သားမွားပါတယ္ ေဖေဖ။ အ႐ုပ္ဝယ္ေပးေတာ့ေနာ္..."

"ေကာင္းၿပီ!"

ရႈခ်ိန္က  ကသူ႔ကိုအျပစ္မဲ့ေသာ မိခင္မဲ့ကေလးဟုေခၚရန္စိတ္ကူး မရွိေပ။ တကယ္လို႔ ခ်င္ယြိက်ိဳးသာရွိရင္ ဒီသားေလးကို ခုလို မဆိုးသြမ္းေအာင္ ေသခ်ာထိန္းသိမ္းႏိုင္မွာပဲ...။ အေမ မရွိတာက ရႈေယာင္းအတြက္ မေကာင္းသလို ရႈနင္အတြက္လည္း မေကာင္းေပ။ ရႈနင္က အျပင္ပိုင္းတြင္ အားနည္းကာ စိတ္ေပ်ာ့တယ္ထင္ရ ေပမယ့္ သူက တကယ္ကို စိတ္ထိခိုက္လြယ္လွသည္။ ကေလးေတြကို ဒီလို ထားရင္ ေနာင္မွာ သုူက ဖခင္တစ္ေယာက္အေနနဲ႔ ေနာင္တရမည္ကို စိုးရိမ္ေနမိသည္။

 ႏွစ္သစ္ကူးကာလအတြင္းမွာ အိမ္တြင္ ႀကီးမားသည့္ အျဖစ္ပ်က္တစ္ခု ျဖစ္သြားခဲ့သည္။ ရႈဟိန္က အိပ္ရာေရွ႕တြင္ရပ္ေနၿပီး ရႈနင္ ၏မ်က္လုံးမ်ားမွာနီေနသည္။

ရႈေကာင္းသည္ အိပ္ေပ်ာ္ေနရင္း မနက္မိုးလင္းလို႔ ထမလာျဖင့္ သြားၾကည့္လိုက္ခ်ိန္မွာ ေသဆုံးသြားခဲ့ၿပီျဖစ္သည္။ အဖိုးရႈေကာင္းက အိပ္ယာထက္မွာ ၿငိမ္သက္စြာအိပ္ေမာက်ရင္း ကြယ္လြန္သြားခဲ့ေလၿပီ။

ရႈနင္ရဲ႕အသည္းႏွလုံးတစ္ခုလုံက ေအးစက္သြားခဲ့သည္။ သူ အိမ္ကို ျပန္ေရာက္ကတည္းက သူ႔အဖိုးကို ေဆး႐ုံကို ေခၚၿပီးေသခ်ာစစ္ေဆးေပးခဲ့သည့္အျပင္   ေလ့က်င့္ခန္းတစ္ခု ပုံမွန္လုပ္ေစခဲ့သည္။ အဖိုးက မည္သည့္ ေရာဂါ လကၡဏာမွ် မျပပဲ ေအးခ်မ္းစြာ ထြက္သြားခဲ့သည္။


တစ္ခ်ိန္တည္းမွာပင္ ဆြန္းလင္းသည့္ အိပ္ေဆးေသာက္သုံးၿပိး သူ တသက္လုံး အတူတူ ေနခဲ့သည့္သခင္ကို အေဖာ္ျပဳကာ တမလြန္ကိုထြက္သြားခဲ့သည္။ အားလုံးကို ေသခ်ာဂ႐ုစိုက္ရန္ စာတစ္ေစာင္ ခ်န္ထားေပးခဲ့သည္။ သစၥာေစာင့္သိေသာေက်းကြၽန္တစ္ ဦးျဖစ္ေပမယ့္ သူတို႔ႏွစ္ဦးက ဆယ္စုႏွစ္မ်ားစြာ အတူေနခဲ့လို႔ ညီအစ္ကိုလို ျဖစ္ေနခဲ့ေလၿပီ။
အသုဘသည္ေမွ်ာ္လင့္ထားသည့္အတိုင္း စည္ကားသိုက္ၿမိဳက္ေနခဲ့သည္။ လူတိုင္းကအေကာင္းဆုံးႀကိဳးစားခဲ့ၾကၿပီး ခန္းမ၏အလယ္တြင္ အသုဘ အခမ္းအနားကို ၿပိဳင္ဘက္ကင္း ခမ္းနားစြာ က်င္းပခဲ့သည္။ လူမ်ားစြာက လာေရာက္ၿပီး ဂါရဝျပဳၾကသည္။

ရႈနင္၏စိတ္ႏွလုံးသည္တိတ္ဆိတ္ေနၿပီး သူ႔အဘိုး၏အသံႏွင့္ အၿပဳံးမ်ားကိုစဥ္းစားေနသည္။ သူ ၏စိတ္ႏွလုံးထဲကေန အဖိုးကို ရင္ကြဲမတတ္ ေအာ္ဟစ္ေနခဲ့သည္၊ သူ႔ပုံစံက တည္ၿငိမ္ေနေပမယ့္  သူ႔မ်က္လုံးမ်ားသည္ အလြန္နီရဲခဲ့သည္။

(အားလုံးေမွ်ာ္လင့္ေနသလို အဖိုးရဲ႕ ဈာပနာေရာက္လာပါၿပီ။ ေနာက္တခန္း ဘာေတြျဖစ္မလဲဆိုတာ အတူတူရင္ခုန္ၾကည့္ရေအာင္....

မွတ္ခ်က္ - ပိုရင္ခုန္ေအာင္ ဘာျဖစ္မယ္ဆိုတာ မေျပာျပတာပါ...ဟဲ...ဟဲ...)
***-***





ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now