Chapter (151-1) - သုံးလကြာ ပျားရည်ဆမ်းခရီး

8.7K 1.4K 42
                                    

Chapter (151-1) - သုံးလကြာ ပျားရည်ဆမ်းခရီး


ရှုဟိန်နဲ့ရှုနင်တို့ရဲ့ မင်္ဂလာပွဲကိုသိတဲ့သူတွေကအများကြီးမဟုတ်ဘူး၊ မိုက်မဲတဲ့သူတွေက တခြားသူတွေကို လိုက်မေးဖို့ ၊ သတင်းစုံစမ်းဖို့ ကြိုးစားလိမ့်မယ်၊ ထက်မြက်တဲ့သူတွေက တရားဝင် ကြေငြာမှုကိုပဲ တိတ်တိတ်လေးစောင့်နေကြတယ်။ ကြီးမြတ်တဲ့ နတ်ဘုရားရှုဟိန်ကို စိတ်အနှောက်ယှက်ဖြစ်အောင် ဘယ်သူမှ လုပ်ဖို့စိတ်ကူးမရှိကြဘူး။

ဒါပေမယ့် နောက်ဆုံးတော့ ကာယကံရှင် မင်္ဂလာမောင်နှံ နှစ်ယောက်စလုံးက  သီးသန့် မင်္ဂလာပွဲပြီးပြီးချင်းမှာ ပျောက်ကွယ်သွားတယ်။

 မင်္ဂလာဆောင်ပြီးရင် မင်းရဲ့ပျားရည်ဆမ်းခရီးသွားကြတာ နားလည်ပေးနိုင်ပေမယ့် အခု ဒီစုံတွဲက သုံးလလုံးလုံး လူမြင်ကွင်းထဲကနေ ပျောက်သွားကြတယ်။ ဘယ်စုံတွဲမှာ သူတို့လောက် အချိန်အကြာကြီး ပျောက်နေတာ မဟုတ်လား။ သူတို့ လုပ်ရပ်ကြောင့် ဆွေမျိုး၊ အသိအကျွမ်း မိတ်ဆွေသူငယ်ချင်းအားလုံးက ရယ်ရမလား၊ ငိုရမလားဆိုတာတောင် မသိတော့ဘူး။

အထူးသဖြင့် စစ်ထူအိမ်တော်က အကြီးကဲနှစ်ဦးဖြစ်သည့် စစ်ထူချန်းမင်နဲ့ စစ်ထူထုံးတို့က သူတို့မြေးနဲ့သား ပျောက်သွားလို့ ပျာယာခတ်နေပြီး ရှုချိန်ကို အသည်းအသန်လာမေးကြသည်။ ရှုအိမ်တော်သခင်လည်းဖြစ် သားနှစ်ယောက်ရဲ့ အဖေလည်းဖြစ်သည့် ရှုချိန်က ကလေးတွေ လုပ်ချင်တာ လုပ်ခွင့်ပေးဖို့ကိုပဲ ဖြောင့်ဖြလိုက်တာကြောင့် ပျောက်ဆုံးနေသည့် မင်္ဂလာစုံတွဲကို အင်အားသုံးရှာဖွေတာ မလုပ်တော့ပဲ အိမ်ကနေပဲ ခါးသီးစွာ စောင့်နေရုံကလွဲလို့ ဘာနည်းမှ မရှိတော့ပေ။

သူတို့သား ရှုဟိန်က ဒီစစ်ထူသားအဖကို ဘယ်သွားမည်ဟု နည်းနည်းလေးတောင် အရိပ်မြွက်မပြောပဲ ၃ လလုံးလုံး အဆက်ဖြတ်လိုက်တာက သူတို့ကို သက်ပြင်းအခါခါသာ ချမိစေသည်။ စစ်ထူသားအဖက စိတ်ပူနေပေမယ့် ရှုချိန်ကတော့ အရမ်းကို တည်ငြိမ်ကာ စိတ်အခြေနေလည်း အရမ်းအရမ်းကို ကောင်းမွန်နေသည်။ ဘာကြောင့်လဲဆိုတော့ ဟိန်ဟိန်နဲ့နင်နင် ဘယ်ကိုရောက်နေသည်ကို သိသူက သူ တစ်ယောက်တည်းရှိတာကိုး.....

   လင်လင်စုံတွဲ နှစ်ယောက်လုံးက သူတို့ company ကို စီမံဖို့ ယုံကြည်ရသည့် လူယုံလက်အောက် ငယ်သားများ ရှိသည်ဖြစ်လို့ နောက်ဆံမတင်းပဲ ဖခင်ကို အကြောင်းကြားပြီးသည်နှင့် စိတ်လက်ပေါ့ပါးစွာ မပြီးဆုံးနိုင်သော ပျားရည်ဆမ်းခရီးကို ထွက်လာကြသည်။

ရှုနင်က အီတလီနိုင်ငံက ရှေးဟောင်းဘုရားရှိခိုးကျောင်းတွေကို ကြည့်ရဖို့ နှစ်သက်သည်၊ ဒါ့အပြင် ဖက်ရှင်နှင့် ပွင့်လင်းသည့် အချစ်တို့မွေးဖွားရာ ပြင်သစ်ပြည်အနှံ့ လျှောက်လည်ရသည်ကိုလည်း သဘောကျသည်။ သူတို့ရောက်သည့် နိုင်ငံတွေက ကမ်းခြေတွေကိုလည်း သွားရတာနှစ်သက်သည်။ သူက ဂျာမနီက ပြတိုက်ကြီးတွေကိုလည်း သွားလေ့လာရတာ သဘောကျသည်။   ကမ္ဘာကြီးပေါ်က ထင်ရှားသည့်နေရာတိုင်း တွင် သူတို့နှစ်ဦး၏  ကောင်းချီးမင်္ဂလာခြေရာတွေကို  ထားခဲ့ချင်လို့နေရာတွေအများကြီးကို တကယ်သွားလည်ခဲ့ကြတယ်။

၃ လလုံးလုံး လျှောက်လည်ကြပေမယ့် နင်နင်၏အသားအရေသည်ပုံမှန်အတိုင်းဆီးနှင်းတွေလို ဖြူဖွေးနေဆဲဖြစ် သည်။ ရှုဟိန်က သူ့ဇနီးသည်လေးကို ပူပြင်းသည့် နေရောင်ကို ထိတွေ့စေခြင်းမရှိသောကြောင့် အသားလုံးဝ မဲမလာခဲ့ပေ။ ရှုဟိန်က နင်နင်အပေါ် ထားရှိသည့် ချစ်ခြင်းက မည်သူမှ မမျှော်မှန်းနိုင်သည့်အဆင့်တစ်ခုကို ရောက်လို့နေလေပြီ။

ရှုဟိန်က ရှုနင်အပေါ် ဘယ်လောက်ချစ်ပြီး ဘယ်လောက် လုပ်ပေးသည်ကိုသာ သိရင် ဒီကမ္ဘာကြီးပေါ်က သတို့သမီးတိုင်း အားကျလွန်းလို့ ရူးသွားလောက်သည်။ ဒါပေမယ့် အခုလို ချစ်ခင်မြတ်နိုးရတာကို ရှုဟိန်က အားရကျေနပ်နိုင်ခြင်း မရှိသေးပေ။ ရှုနင်က သူ့အတွက် ချစ်သူလည်း ဟုတ်သလို သူကိုယ်တိုင် တယုတယပျိုးထောင်လာသည့် ပန်းကလေးလိုလည်းဖြစ်သည်။ လင်မယားချစ်ခြင်းထဲတွင် ပန်းပျိုးသူ ဥယျာဉ်မှုးတစ်ယောက်၏ စေတနာတွေ၊ သံယောဇဉ်တွေက ထပ်လောင်းထားသည့်အတွက် သူ့အချစ်ကို ဘယ်သူက ယှဉ်နိုင်ပါဦးမလဲ။

 သားနှစ်ယောက်က ပျားရည်ဆမ်းခရီးကနေ ပြန်လာတော့မည်ဆိုသည့် သတင်းဦးကိုရလိုက်ပြီးနောက် ရှုချိန်က ရှုအိမ်တော်မှာ သားနှစ်ယောက်ကြိုက်တတ်သည့် ဟင်းလျာတွေကို အထူးပြင်ဆင်စေပြီး စောင့်နေခဲ့သည်။ ရှုဟိန်က သူ့တစ်သက်တာလုံး အရမ်းချစ်ခဲ့ရသည့် သားကြီးဖြစ်သလို ရှုနင်ကလည်း သူ့အသည်းညှာကို ဆုပ်ကိုင်ထားပြီး သူ့ရင်ကို နွေးထွေးစေသည့် ရတနာလေးဖြစ်လို့ ဒီသားနစ်ယောက် အိမ်အပြန်ကို အဖေကြီးက ပျော်ရွှင်စွာစောင့်နေသည်။

 ဆင်ဝင်အောက်ကို ကားရပ်လိုက်ပြီး သားနှစ်ယောက် သူ့ဆီကို လျှောက်လှမ်းလာချိန်မှာ ရှုချိန်က အပြုံးဖြင့်  သူ၏လက်နှစ်ဖက်ကိုကျယ်ကျယ်ဖွင့ ်၍ သားတို့ကို ဆီးကြိုပွေ့ဖက်ကာ ဆီးကြိုခဲ့သည်။  ရှုနင်၏ မျက်လုံးလေးများက အကိုကြီးနှင့် အကြာကြီး ပျားရည်ဆမ်းခရီးထွက်မိသည့်အတွက် ရှက်ရွံ့ရိပ်လေးနှင့် ဖခင်ကြီးကိုအကြာကြီးပစ်ထားမိသည့်အတွက် တောင်းပန်ရိပ်လေး စွန်းထင်းနေသည်။

  သားအလတ်လေး၏ အကြည့်ကြောင့် ရှုချိန်၏ နှလုံးသားထဲမှာ ထူးဆန်းသောခံစားချက်က တစ်ဖန်ပြန်လည်လွှမ်းမိုးလာခဲ့သည်၊ သူ့သားနှစ်ယောက်က တကယ်ကြီးကို လက်ထပ်ပြီး အကြင်လင်မယားတွေ ဖြစ်သွားပြီဆိုတာကို  ရှုချိန် ပြန်တွေးလိုက်မိသည်။ မဟုတ်ရင် သူက အဝေးက ပြန်လာသည့် သားနှစ်ယောက်ကို ကြိုဆိုနေသလိုဖြစ်နေသည် မဟုတ်လား။ သူ့သားအကြီးဆုံးက သူ့သားမက်လည်း ဖြစ်နေပြီကိုး.....


ရှုချိန်က သူ့မျက်လုံးများကိုကျဉ်းမြောင်းလိုက်ပေမယ့် သူ၏အပြုံးက တောက်ပလွန်းသည်၊ သားမက်ဖြစ်ဖြစ်၊ သားဖြစ်ဖြစ် ရှုဟိန်အပေါ် သူ့ရဲ့ အားကိုးခြင်း၊ ယုံကြည်ခြင်းက ဘယ်တော့မှ ပျောက်ကွယ်သွားမည် မဟုတ်တာကို ရှုချိန်အသိဆုံးဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ ရှုဟိန်က သူ့ငယ်ချစ်ဦး၏ သွေးသားဖြစ်ပြီး သူ့အမေဗိုက်ထဲမှာကတည်းက ရှုချိန် စိတ်ကူးနှင့်ရူးလောက်အောင် ချစ်ခဲ့ရသည့် သားဖြစ်သည်။ ရှုဟိန်က သူ့လက်ပေါ်မှာ ကြီးပြင်းလာပြီး သူ့အဖေကိုယ်တိုင် သင်ကြားပေးကာ သေချာပျိုးထောင်ခဲ့သည့် သားကြီးဖြစ်သည်။

ရှုနင်က အဖေ၏မျက်နှာပေါ်က တောက်ပသည့်အပြုံးကို သတိမပြုချင်လို့ပင် မရတော့ပေ။

ရှုချိန်က နင်နင်ရဲ့ ကြည်လင်တောက်ပသည့် မျက်ဝန်းလေးကို ကြည့်ရင်း ဒီလောက် ချစ်စရာကောင်းသည့် သားလေးက စောစောစီးစီး လက်ထပ်လိုက်ရသည့်အတွက် ရင်မနာပဲတော့မ နေပေ။ သူ့ရင်ခွင်ထဲရောက်လာလို့ 5 နှစ်ပဲရှိသေးသည်။ ရှုဟိန်ဆိုသည့် သူပျိုးထောင်ထားသည့် ငမိုက်သားဝက်က သူ့ဂေါ်ဖီလေးကိုခိုးသွားခဲ့လေပြီ။ ရှုဟိန်က ဒီလောက် အစွမ်းထက်ပါလျက်..သူ့ကိုလိုချင်သူ ဒီလောက် ဝိုင်းနေပါလျက် ဘာကြောင့် နင်နင်ကိုမှ ချစ်ရတာလဲ....
 

 
စစ်ထူမိသားစု၏ မျက်နှာပြောင်သော အစွမ်းတချို့ကို ဆက်ခံရရှိသည့် ရှုဟိန်က သူ့အဖေဆီက ဓားမြှောင်လို အကြည့်များဖြင့်စိုက်ကြည့်ခံနေရပေမယ့် သူ့ကို နည်းနည်းလေးမှ မထိခိုက်နိုင်ပေ။ သူ့အဖေ၏ စူးစူးဝါးဝါးအကြည့်ကြောင့် မျက်ခွံပင် တစ်ချက်တွန့်မသွားခဲ့ပေ။
 
ရှုဟိန်က ခုလိုလုပ်သွားသည့်အတွက် အပြစ်ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ရှုဟိန်က သူ့သားဖြစ်သည်။ သူ့အဖေရှုကောင်းပြောဖူးသလို သားသမီးဆိုတာ မိဘအတွက် တစ်သက်လုံး ယူရမယ့် တာဝန်တစ်ခုသာဖြစ်သည်။ တချိန်က သူ လျစ်လျူရှုခဲ့ပေမယ့် အခုတော့ သူ့သားကြီးလုပ်ရပ်ကို သူ တာဝန်ယူရတော့မည်။ ဘာဖြစ်ဖြစ် နောက်ဆုံး သားနှစ်ယောက်ကို လက်ခံပြီး သူ့ဘေးမှာ ထားရတော့မည်။

သူ့အဖြစ်က စစ်ထူအိမ်တော်က သားအဖထက်စာရင်တော့ အများကြီး ကံကောင်းသေးတယ် မဟုတ်လား။ သူ ချစ်ခင်အားကိုးသည့် သားကြီးကို လက်မလွှတ်ရရုံသာမက သူ့သားအလတ်လေးကိုလည်း အိမ်မှာ အတူူရှိနေနိုင်သည်။ နောက်ဆုံး ဖြစ်သမျှ အကောင်းကိုသာ တွေးလိုက်နိုင်တော့သည်။
 
"အဖေ၊ ကျွန်တော်တို့ အကြာကြီးထွက်သွားမိတဲ့အတွက် တကယ် တောင်းပန်ပါတယ်၊ အိမ်မှာ အားလုံးအဆင်ပြေရဲ့လား"

ရှုဟိန် ၏ဂရုစိုက်မှုလေးတစ်ခုက ရှုချိန်၏ စိတ်ကို နွေးထွေးစေခဲ့ပြီး သူ၏နှလုံးသားထဲက မကျေနပ်ချက် အကုန်လုံး ချက်ချင်းပင်ဖုန်မှုန့်ဖြစ်သွားတော့သည်။

"အားလုံး အဆင်ပြေတယ်၊ မင်းတို့နှစ်ယောက် ခရီးပန်းလာတယ် မဟုတ်လား၊ မင်းအိမ်ပေါ်တက် မြန်မြန်သွားအိပ်တော့၊ ပြီးရင်ငါနဲ့ညနေစာ အတူစားကြမယ်၊ ဟင်းအားလုံးက မင်းတို့ အကြိုက်ဆုံးတွေချည်းပဲ"

အပေါ်ထပ်သို့လမ်းလျှောက် တက်သွားကြစဉ် ရှုနင်က သူ့စိတ်ထဲကနေ ရှုဟိန်ကို လက်မထောင်ပြလိုက်သည်။
အကိုကြီးက တကယ့်ကို အကိုကြီးပါပဲ....

မျှော်လင့်ထားသည့်အတိုင်း အကိုကြီးသည်စကားအနည်းငယ်ဖြင့် အဖေ့ကို စိတ်ပျော့အောင် လုပ်နိုင်ခဲ့ပုံက သူ့မျက်လုံးထဲမှာ အရမ်းကို အံ့သြဖွယ်ကောင်းလှသည်။ မင်းကို တကယ်လေးစားမိသွားပြီ...

ရှုဟိန်က ပြုံးလိုက်သော်လည်း ပျော်ရွှင်မှုကြောင့်သက်သက် မဟုတ်ဘဲ စိတ်ပိုင်းဖြတ်ထားသည့် အတိုင်း လုပ်နိုင်ခဲ့သည့်အတွက် ကျေနပ်သွားသောကြောင့် ဖြစ်သည်။

သူချစ်သည့်၊ ကိုယ်တိုင်ပျိုးထောင်ထားသည့် ဂေါ်ဖီထုပ်လေးကို သူ့ရင်ခွင်ထဲမှာ တစ်သက်လုံး သိမ်းထားနိုင်လေပြီ။


"အချစ်...ကိုယ်တို့ အရင်ရေချိုးရအောင်"

ဧည့်ခန်းကနေ အပေါ်တက်ရန် လှမ်းလာသည့် ရှုချိန်က သူ့သားကြီး၏ စကားကို ကြားတော့ ခြေလှမ်းပင် ချော်ကျသွားတော့မလို ခံစားလိုက်ရသည်။ သူက အပေါ်ကို ကြည့်လိုက်တော့ လှေကားထောင့်ချိုးမှာ နင်နင်ကို မင်းသမီးလေးလို ပွေ့ချီကာ အပေါ်တက်သွားသည့်သားကြီးကို တွေ့လိုက်ရလို့  သူ ဒေါသတကြီးနဲ့ပြန်လှည့်ကာ ဆင်းလာတော့သည်။

 ရှုချိန်က သားတွေ လက်ထပ်သွားသည်ကို သိပေမယ့် ဒီလိုမျိုး ချစ်ကြည်နူးကြသည့် မြင်ကွင်းမျိုးအတွက် သူ့စိတ်ကို ကြိုတင်မပြင်ဆင်ထားရသေးပေ။

  ငါ ဒါကိုမဖြစ်မနေလုပ်ရမယ်၊ ငါ လုပ်ရမယ် ......

ဗလောင်ဆူနေသည့် ရင်ထဲက ဆူညံသံကို ဖိနှိပ်ကာ ရှုချိန်က  ဂါထာရွတ်သလို သူ့ကိုယ်သူ သတိပေးနေရသည်။ ဒါပေမယ့် သူ့ရင်ထဲက မသက်မသာတော့ ဖြစ်နေတုန်းပဲ။
  ဒါကြောင့် သူက အရာအားလုံးကို တစ်ယောက်တည်း ခံစားနေရမယ့်အစား ပျော်ရွှင်မှုကိုဝေမျှသင့်တယ်လို့ ဆုံးဖြတ်လိုက်တယ်။ သူက သူ့ဖုန်းကိုထုတ်လိုက်ပြီး စစ်ထူထုံးကို အိမ်မှာ ညစာလာစားဖို့ အေးအေးဆေးဆေးခေါ်လိုက်သည်။

ဖုန်းခေါ်ပြီး ရှုချိန်က စိတ်ထဲကနေ တိတ်တဆိတ်ရယ်လိုက်သည်၊ ခုလို အခြေနေကို မြင်ရရင် အဖော်လေးရှိတော့ အရမ်းမဆိုးဘူးဟု သူ ထင်လိုက်သည်။

စစ်ထူထုံးက ရှုချိန် ခုလို သူ့ကို သားတွေနဲ့အတူ ညစာစားဖို့ခေါ်မည်ဟု    ဘယ်တုန်းကမှမမျှော်လင့်ခဲ့ပေ၊ သူ၏လက်အောက်ငယ်သားများထံသို့ အလုပ်တွေကို အလျင်အမြန်လွှဲပြောင်းပေးပြီး C City သို့အ မြန်ရောက်လာခဲ့သည်။ အထူးနည်းလမ်းအချို့နဲ့ သူ့ ခရီးစဉ်က နှစ်နာရီသာကြာခဲ့တယ်။ သူကဲ့သို့သော စစ်တပ်အကြီးအကဲ လူကြီးတစ် ဦး အတွက် တစ်နေရာကိုလာလျှင် အတော်လေးခက်ခဲသည်။ သူ့ခရီးစဉ်တစ်ခုလုံးအတွက် လုံခြုံရေးကို ဆောင်ရွက်ရသည်။ ဒါကြောင့် စစ်ထူထုံး၏ ခရီးစဉ်က တာဝန်ရှိသူတချို့အတွက် ကပ်ဆိုးကြီးဖြစ်လာစေတော့သည်။ အချိန်တိုအတွင်း ခရီးစဉ်ကို စီစဉ်ရသည့်အပြင် တင်းကျပ်သည့်လုံခြုံရေးကိုလည်း စီစဉ်ရသည်။ ဒါပေမယ့် စစ်ထူထုံးရဲ့ ညစာစားလာသည့် ခရီးက အမြန်ဆုံးဖြစ်ခဲ့သည်။



************-**************

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးKde žijí příběhy. Začni objevovat