Chapter (149-1)- ရိုက်ကွင်းကို လိုက်လည်သော ရှုဟိန်

8K 1.5K 16
                                    

Chapter (149-1)- ရိုက်ကွင်းကို လိုက်လည်သော ရှုဟိန်


ရှုဟိန်၏မျက်လုံးများသည် ရှေးဟောင်းရေတွင်းကဲ့သို့ ရေလှိုင်းများ မရှိသလို ငြိမ်သက်သွားပြီး ရှုနင်၏မျက်နှာကိုကိုင်ကာ သူတို့မျက်လုံးများ အကြည့်ချင်း ဆုံလိုက်စေသည်။

"နင်နင်....ငါတို့မှာ အဖေတစ်ယောက်ပဲရှိတယ်"

"......အမ်....ဒါဆို နောင်အနာဂတ်မှာ သူ့ကို ဦး လေးလို့ ခေါ်ရမလား"

"မင်းက တကယ် ထက်မြက်တဲ့ ကလေးပဲ..."

ရှုနင်က ရယ်မောလိုက်သည်။ ဒီခေါင်းမာတဲ့ ရှုဟိန် ရှိနေမှာတော့ သူက ဘာကြောင့်စိတ်ပူနေမှာလဲ။ ရှုဟိန်က မကောင်းဘူးလို့ ပြောရင် ရှုနင်က ဒါကို စိတ်ရှုပ်ခံပြီး စဉ်းစားနေမည် မဟုတ်ပေ။

 နှစ်ယောက်စလုံး အတူရှိနေဖို့အဓိကပဲ မဟုတ်လား။ အကိုကြီးက စစ်ထူထုံးကို တမင်သက်သက် ခက်ခဲအောင် လုပ်နေသည်ကို သိသဖြင့်  ရှုနင်က  လုပ်ခွင့်ပေးလိုက်သည်။ သို့သော် စစ်ထူထုံးသည် စိတ်ရှည်သူတစ် ဦး ဖြစ်ပြီး ဆိုဖာပေါ်တွင် တီဗီ ကြည့်ရင်း၊ ကော်ဖီသောက်ရင်း ဤရှားရှား ပါးပါးရသည့်  အပန်းဖြေမှုအတွက် ပျော်ရွှင်နေ ခဲ့သည်။ နောက်ဆုံးတော့ ဒါက သူ့သားရဲ့အိမ် ဖြစ်တာကြောင့် သူ့တကိုယ်လုံး သက်တောင့်သက်သာ ခံစားနေခဲ့သည်။

သိပ်မကြာပါဘူး။ ရှုဟိန်က ဧည့်ခန်းထဲကို  ဝင်လာသည်။ စစ်ထူထုံးရောက်နေကြောင့် သိရလို့ ရှုဟိန်က အမြန်ပြန်လာပြီး ဧည့်ခန်းထဲက ခမည်းခမက်ကို လက်ဆွဲနူတ်ဆက်ကာ စကားစမြည်ပြောနေကြသည်။

 သူတို့နှစ် ဦး သည် ကလေးများအကြောင်း ဆွေးနွေးခဲ့သည်။ အပေါ်ထပ်မှာ ပုန်းနေတဲ့ သူတို့သားနှစ်ယောက်က အောက်ထပ်ကိုဆင်းချင်တဲ့ အရိပ်အယောင်ကို ခုထိ မပြသေးပေ။ ဒါ့အပြင် ရှုနင်က သူ့အဖေ အောက်ထပ်မှာ ရောက်နေတာကို မသိသေးပေ။

ရှုဟိန် သည် သူတို့နှစ် ဦး အပြင်ထွက်သွားသည်ကို သိပြီးမှသာ စိတ်သက်သာရာရ ခဲ့သည်။

"C City ကိုပြန်ကြစို့။ "

"အဖေ ထွက်သွားပြီလား"

ရှုနင် ဆိုလိုချင်တာက စစ်ထူထုံးကို ပြောတာဖြစ်သည်။ သူက ရှုဟိန်အဖေ ိလာလာနေတာက သူ့ကို တကယ် ခေါင်းကိုက်စေပေမယ့် လူကြီးကို  သူ တကယ်ကိုကြမ်းတမ်းလို့ မရဘူး။

"အမ်း"

ရှုဟိန်က ဗီရိုထဲကအ ၀ တ်တစ်ထည်ကို ထုတ်ယူလိုက်ပြီး ရှုနင်ကို အဝတ်လဲရာမှာ ကူညီပေးခဲ့တယ်၊ သူ့လုပ်ရပ်တွေက လိမ္မာပြီး အရမ်း ဂရုတစိုက်ရှိလှသည်။
 

ရှုနင်သည် ပူးပေါင်းဆောင်ရွက်ရန် သူ၏လက်နှစ်ဖက်ကို မြှင့်လိုက်သောအခါ သူ့နှလုံးသား တစ်ခုလုံး ိုကြည်နူးစရာ ကောင်းလှသည်ဟု ခံစားလိုက်ရသည်။ ရှုဟိန်ရဲ့ အမူယာကိုတွေ့ဖို့ မျက်လုံးဖွင့်ကာ အသာချောင်းကြည့်လိုက်သည်။

ငါ မလုပ်နိုင်တာ မဟုတ်ပေမယ့် သူက တမင်သက်သက် ငါ့ကို ကူညီပေးဖို့ကို အမြဲသဘောကျတယ်။    ငါ တကယ်ကောင်းအောင် လုပ်နိုင်ခဲ့လို့ သူက ဒီလို အခက်အခဲတွေကို ၀ မ်းမြောက်စွာ လက်ခံဖြေရှင်းနိုင်ခဲ့တာပဲလား။

ရှုနင်ကစဉ်းစားလိုက်ပြီး သူ အရမ်းကျေနပ်သွားပြီး သူ့မျက်နှာက အပြုံးလေးပွင့်သွားခဲ့မှန်း သူ့ဖာသာ မသိလိုက်ပေ။

 ရှုဟိန်က ဒါကိုမြင်တော့ သူ့ပါးဖောင်းဖောင်းလေးကို အသာကိုက်ကာ သူ့စိတ်ကူးယဉ်နေမှုကို အဆုံးသတ်ပေးလိုက်သည်။


 စစ်ထူထုံးနှင့် ရှုချိန်တို့က  အတူတူထမင်းစားရန် ထွက်ခွာသွားကြသည်။ လူကြီးတွေက သူတို့သားတွေနဲ့ပတ်သတ်ပြီး တိုင်ပင်စရာ ပြောစရာတွေ အများကြီး ရှိနေသည်။ လူငယ်တွေက ဘာဖြစ်ချင်သလဲဆိုတာကိုလည်း မေးကြည့်ရဦးမည်။

ဒါပေမယ့် ဒီအစီစဉ် အထမမြောက်လိုက်ရပေ။  ရှုဟိန်က ရှုနင်ကို ခေါ်ပြီး  L City သို့ခေါ်ဆောင် သွားခဲ့လေပြီ။



ရှုဟိန်သည် ရုပ်ရှင် ရိုက်ကူးရေးလုပ်ငန်းစဉ်ကို တစ်ခါမှမကြည့်ဖူးဘူး၊ သူက ရှုနင်ပြောပြသည်ကို အရမ်းစေ့စေ့စပ်စပ် နားထောင်နေတာကို မြင်လိုက်တာနဲ့ ရှုနင် က သူ စိတ်ဝင်စားတယ်ဆိုတာ သိလိုက်လို့ ချက်ချင်း  သူ့အစ်ကိုရဲ့လက်ကို ဆွဲကာသာယာလှပတဲ့ L City ဆီသို့ပျော်ရွှင်စွာ သွားခဲ့သည်။ သူ့ရဲ့အကောင်းဆုံး အကိုကြီးက သူနဲ့အတူ ရက်တချို့နေမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့...

  သူတို့က C City ကို ချက်ချင်း မပြန်နိုင်ခဲ့ဘူး၊ သူတို့အဖေကို တစ်ရက်နှစ်ရက် စိတ်အေးအေးထားစေဖို့က ခုလို ရှောင်နေတာ ပိုကောင်းတာပေါ့။

သူတို့နှစ်ယောက် မနေ့ညက အိပ်ယာထဲ မလူးလိမ့်ခဲ့ဘူး။ ဒုတိယရက် ရုပ်ရှင်စတူဒီယိုကို ရှုနင် သွားတဲ့အခါ အဆင်မပြေဖြစ်မှာကို ရှုဟိန်က စိုးရိမ်နေတယ်။

  ချင်းမင်သည် အလုပ်အကုန်လုံးကို  သင့်တော်သော အစီအစဉ်များ ပြုလုပ်ထားပြီးသား ဖြစ်သည်၊ သူ့ သူဌေးတွင် အလွန်အစွမ်းထက်သော အစ်ကိုရှိသည်ကို သိသော်လည်း သူနှင့် တစ်ခါမှမတွေ့ဖူးပေ။

ဒါပေမယ့် ချင်းမင်က ရှုနင်ကို ချနင်းပြီး ပိုမြင့်သည့် နေရာကို တွယ်တက်မည် မဟုတ်ပေ။ သူ့ဘော့စ်ရဲ့ အကိုက သိပ်ကို အင်အားကြီးတယ်ဆိုပေမယ့် သူ့ကို လစာပေးတဲ့သူက သူ့ ဘော့စ်သာ ဖြစ်သည်။

ရှုမျိုးရိုးနာမည်ခံထားသည့် သူ့ဘော့စ်ရဲ့အကိုကြီးရဲ့ သီးသန့်လူတချို့က သူ့ဘော့စ်ကို ကူညီပေးနေတယ်ဆိုတာကို သူ သိသည်။ ဒါကြောင့် ဘော့စ်ရဲ့ အကိုနဲ့ပတ်သတ်ပြီး ဘာအကြံမှ သူ့ခေါင်းထဲ မထည့်ပေ။

 
မနက်မိုးလင်းတော့ ဗီလာရဲ့အပြင်ဘက်မှာ  သက်တော်စောင့် ကားသုံးစီးက စောင့်နေသည်။ ချင်းမင်က ကားတစ်စီးနှင့် ရောက်လာပြီးနောက် ရှုနင်တို့ ညီအစ်ကို အတူတူစီးလာသည့် ကားက ထွက်လာခဲ့သည်။

 ချင်းမင်က ဗီးလာကို ရောက်လာပြီးနောက် သူသည် အလွန်သတိကြီးစွာထားခဲ့ပြီး  အာရုံစိုက်မှုအပြည့်ဖြင့် စောင့်ဆိုင်းနေခဲ့သည်။ ထိုသက်တော်စောင့်များ၏ မျက်လုံးများသည် X-ray ကဲ့သို့အလွန်စူးရှသည်၊ တချက်ကြည့်လိုက်တာနဲ့ သူတို့က တိတ်ဆိတ်ငြိမ်သက်မှုနှင့် ဖိနှိပ်ချုပ်ခြယ်နိင်သော အရိပ်အငွေ့များကို ဖော်ပြနေသည်။

 မျှော်လင့်ထားသည့်အတိုင်း သူဌေးအစ်ကိုသည် အလွန်ထူးခြားသည့် လူတစ်ယောက်ဖြစ်သည်။


မနက် ၁၀ နာရီခန့်တွင် ရှုဟိန် သည်နောက်ဆုံးတွင် ရှုနင် နှင့်အတူဆင်းလာခဲ့သည်။ ချင်းမင်က သူတို့နှစ်ယောက်၏ ဇာတ်လမ်းကို သိပြီးသား ဖြစ်သည်၊ သူတို့နှစ် ဦး သည် ချစ်သူများဖြစ်နေ ခဲ့သည်၊

ခေါင်းဆောင်အဆိုတော်နဲ့ လူငယ် သရုပ်ဆောင်လေး နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ကံကောင်းတယ် ပြော၇မည်။ တကယ်လို့ တခြား အလုပ်ရှင်သာဆိုရင် ဒီချစ်ခြင်းကို နားလည်လက်ခံနိုင်မည် မဟုတ်ပေ။ ဒါပေမယ့် သူတို့ ဘော့စ် ရှုနင်က အသက်ငယ်ပေမယ့်  ကိုယ်ချင်းစာကာ နားလည်မှုပေးခဲ့သည်။ အခု သူတို့ကို မခွဲခွာစေရုံ သာမက ကျော်ကြားမှုနဲ့ငွေရှာဖို့ သူတို့ရဲ့ဆက်ဆံရေးကို ပေါ်ပေါ်ထင်ထင် ဖော်ပြခွင့်တောင် ပြုခဲ့တယ်။

ဒါပေမယ့် သူတို့နှစ်ယောက်က ဒီအစီစဉ်ကို  အကောင်အထည်ဖော်ဖို့ သူတို့ရဲ့ ငယ်ရွယ်နုပျိုမှုကို သုံးပြိး မရိုးသားတဲ့ အမှားတစ်ခုခု ထပ်လုပ်မိရင် သူတို့ရဲ့အိပ်မက်တွေကိုပျက်စီးစေပြီး သူတို့ရဲ့ဘ ၀ ကိုတောင် ဖျက်ဆီးပစ်လိမ့်မယ်။

 
ကားငါးစီးသည် ဗီးလာရှေ့မှ  ထွက်လာပြီး ရိုက်ကွင်းတည်ရှိရာ Movie City စတူဒီယို ဆီသို့ ဦး တည်သွားခဲ့သည်။

ဒီနေရာတစ်ဝိုက်ရှိ အဆောက်အအုံများအားလုံးသည် ရှေးခေတ်ဒီဇိုင်းများဖြင့် တည်ဆောက်ထား သောကြောင့်  ရှေး ဘုရင်အုပ်စိုးသည့် ခေတ်ကို ပြန်ရောက်နေသလို ခံစားရစေသည်။

  ဤဒေသရှိခရီးသွားလုပ်ငန်းသည်လည်း အရှိန်အဟုန်ဖြင့် တိုးတက်လာသောကြောင့် ခရီးသွားဧည့်သည်များစွာ ရှိခဲ့သည်။ ဤနေရာတွင်ရုပ်ရှင်နှင့်တီဗွီအဖွဲ့သားများလည်း များစွာရှိခဲ့ပြီး ပို၍ စွမ်းဆောင်နိုင်သော အဖွဲ့များလည်းရှိခဲ့ပြီး ၎င်းတို့အားလုံးသည် နိုင်ငံတကာအဆင့်သို့  တက်လှမ်းလိုကြသည်။ ဇိမ်ခံကားတန်းများ ပေါ်ထွက်လာစဉ် လူအများစု၏ စိတ်အာရုံကိုဆွဲငင်နိုင်ခဲ့ကြပြီး သူတိုက ဘယ်လိုလူများလဲ ဆိုပြီး  ခန့်မှန်းနေကြသည်။


ရှုဟိန်က ပထမ သိပ်စိတ်မဝင်စားပေမယ့် သူ့ချစ်သူ အသေးလေးက သူ့ကို စိတ်အားထက်သန်စွာဖြင့် အဆက်မပြတ် ရှင်းပြပေးနေတာကို တွေ့ရတော့ ပျော်လာခဲ့သည်။

 
ရှုနင် က ဒါကို သဘောကျရင် ရှုဟိန်လည်း သဘောမကျတာ မရှိပေ။ ရှုနင်ကို ကြည့်နေသည့်အခါ  တောက်ပသောအလင်းရောင်တစ်ခုသည် ရှုဟိန်မျက်လုံးများထဲတွင် ရံဖန်ရံခါတောက် လာသည်။ ရှုနင်က စိတ်ဓါတ်တက်ကြွနေပြီး  ယုံကြည်မှုအပြည့်နဲ့ တကယ်ချစ်စရာ ကောင်းနေတယ်၊

တကယ်လို့ ရှုနင်ရဲ့ လက်အောက်ငယ်သားသာ ဒီနေရာမှာမရှိရင် သူက နင်နင်ကို ကားထဲ ခေါ်ပြီး pa pa pa လုပ်လိုက်ချင်သည်။


  သူတို့နှစ် ဦး သည် ငယ်ရွယ်သေးသဖြင့် သူတို့  pa pa pa  လုပ်ရန် ဆယ်စုနှစ်များစွာ အချိန်ရှိသေးလို့ အလျင်မလိုပေ။ ဒါပေမယ့် ရှုဟိန်က ရှုနင်ကို သူ့ပေါင်ပေါ်မှာပဲ ထိုင်နေစေသည်။

ရှုနင်၏ပါးပြင်များနီရဲလာပြီး အစ်ကို၏နားရွက်နားသို့ကပ်ကာ စကားဆက်ပြောနေသည်။

ရှန်းကျိုးသည် စည်းစိမ်ချမ်းသာကို ဆောင်ကြည်းပေး နိုင်သော နတ်ဘုရားတစ်ပါးဖြစ်ပြီး  သူ့ဇာတ်လမ်းတွဲထဲကနေ နောင်အနာဂတ်၌ နာမည်ကျော် ကြယ်ပွင့်များစွာ ထွက်ပေါ်လာလိမ့်မည်။ ရှန်းကျိုးသည် ရှုနင်နှင့်အတူ အမျိုးသမီးဇာတ်ဆောင်နေရာကို ရွေးချယ်ပြီးနောက် ရှုနင်က ထိုနေရာမှ ထွက်သွားခဲ့သည်။

သူက ချင်းမင်းကို တွေ့ပြီး ထိုအမျိုးသမီး ဇာတ်ဆောင်အကြောင်းကို ချက်ချင်း မကြေငြာဖို မှာခဲ့သည်။ သူက ရွှယ်ယွဲ့ကို  သူတို့ကုမ္ပဏီမှာ လက်မှတ်ထိုးချင်စေချင်သည်။

 ဒီအမျိုးသမီး သရုပ်ဆောင်လေးက  အရမ်းကြည့်ကောင်းတယ်ဆိုတာ ချင်းမင် သတိရလိုက်သည်။ သူက ရှုနင်လို အတိတ်ဘဝက မှတ်ဉာဏ်တွေ မရှိပေမယ့် ချင်းမင်သည် ထူးခြားသောအမြင်ရှိသူဖြစ်သည်။ ချင်းမင်က စိတ်အာရုံခံစားမှု ထက်မြင်သည်ဟုပင်  ရှန်းကျိုးက သိလိုက်သည်။

 
ပုံမှန်အားဖြင့် ချင်းမင်သည် သူ၏အလုပ်အတွက် များစွာကြိုးစားအားထုတ်ခဲ့ပြီး ရှင်းရှင်း ဖျော်ဖြေရေး ကုမ္ပဏီမှကျော်ကြားသော ရွှမ်ယွဲ့ကို စာချုပ် ရပ်စဲကြေးအတွက် လျော်ကြေး အများကြီးပေး ခဲ့သည်။ သူတို့စာချုပ်ချုပ်ပြီးတဲ့နောက်မှာ ချင်းမင်က ရွှမ်ယွဲ့ကို ကြေငြာခွင့်ပြုလိုက်သည်။

 ဒါကို ကြားသိလိုက်ရပြီးနောက် ရှင်းရှင်း ဖျော်ဖြေရေး ကုမ္ပဏီငယ်လေးက အရမ်းနောင်တရခဲ့တယ်၊ ဒါပေမယ့်အရမ်းနောက်ကျနေပြီမို့ သနားစရာကောင်းစွာ ကြည့်နေရတော့သည်။  ထိုအချိန်တွင် ရွှမ်ယွဲ့ သည် မတွန့်ဆုတ်ခဲ့သလို၊ သူမနှင့်စာချုပ်ချုပ်လျှင် သူမအနေနှင့် အမျိုးသမီးဇာတ်ဆောင်ဖြစ်လာနိုင်ပုံကိုရော၊ ရှန်းကျိုး၏ယခင်ရုပ်ရှင်သည် ကမ္ဘာတစ်ဝက်တွင် မည်သို့မည်ပုံ နာမည်ကြီးလာခဲ့သည်ကို သူမ တွေးခဲ့မိက ဒီလောင်းကစားကို လက်ခံရန် ဆုံးဖြတ်ခဲ့သည်။ ရွှမ်ယွဲ့ရဲ့ ဆုံးဖြတ်ချက် မှန်ကန်သွားခဲ့သည်။


ရှုနင်တို့ ရောက်လာတဲ့အခါ ရှန်းကျိုးက  အခြားအဖွဲ့သားတစ်ဒါဇင်နဲ့ သူတို့ကို ကြိုဖို့  အပြင်မှာရပ်နေတယ်။ ရှုဟိန် ထွက်လာသည်ကိုမမြင်မီ ရှုနင်သည်ကားပေါ်မှဆင်းလိုက်ပြီး ရှန်းကျိုးကို ူပြုံးကာ နူတ်ဆက်လိုက်သည်။ ပြီးတော့မှ ရှုဟိန်က ထွက်လာသည်။

ရှန်းကျိုးရဲ့မျက်လုံးတွေက အရောင်တောက် လာခဲ့သည်။ ဒါက ...... ရှုဟိန် မဟုတ်လား။ မျှော်လင့်သည့်အတိုင်း ရှု မိသားစု ၀ င်များသည် ထူးချွန်ထက်မြက်သူများဖြစ်ကာ လူများအားလုံးသည် ဖီးနစ်ဌက်လို ထင်ပေါ်သူ များဖြစ်သည်။ ရှုနင် တစ်ယောက်နှင့်ပင် သူ့အာရုံကိုဖမ်းစားဖို့လုံလောက်နေပြီ ဖြစ်ပေမယ့် ရှုဟိန်က ဒီ့ထက်ပိုပြီးပြည့်စုံလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိဘူး။


***-***

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now