Chapter (107)_ မင်းသမီးလေးလို ပွေ့ချီပါလို့ အိပ်ဆောင်ကိုဝင်....
15.6K 2.5K 147
Chapter (107)_ မင်းသမီးလေးလို ပွေ့ချီပါလို့ အိပ်ဆောင်ကိုဝင်....
C မြို့တော်သည် ယခင်ကကဲ့သို့ပင် ဆက်လက် စည်းကားစွာ တည်ရှိနေခဲ့သည်။ ရှုနင်သည် လေဆိပ်မှထွက်ခွာလာပြီးနောက် ကိုယ်ရံတော်များက သူ့ကိုနှုတ်ဆက်ရန်ရောက်လာပြီး မိသားစုက လာကြိုသည့် ကားကိုဝင်ရန် ဖိတ်ကြားခဲ့သည်။ ထို့နောက်ကား ၃ စီးက ဘိုးဘွားပိုင် အိမ်ကြိးဆီကို ရှေ့ဆင့်နောက်ဆင့် ရောက်လာကြသည်။
ရှုချိန်သည်ကုမ္ပဏီမှာ ရှိနေလို့ ရှုနင်က အဖိုးရှုကောင်းရဲ့ကဗျည်းတိုင်ကို အမွှေးတိုင်ထွန်းကာ ဂါရဝပြုပြီး အပေါ်ထပ်ကို တက်လာခဲ့သည်။ ဒုတိယထပ် အကိုကြီးရဲ့အိပ်ခန်းက အနက်တွေ ဖုံးလွှမ်းကာ လျှို့ဝှက်ခြင်းနှင့် နက်နဲခြင်းတို့ ဖုံးလွှမ်းနေပေမယ့် ရှုနင်ကို စိတ်သက်သာရာရစေသည်။ ဒီအခန်းထဲ အကိုကြီးရဲ့ အငွေ့အသက်ကို သူ ရနေသည်။
ရှုနင်က ကိုယ်ရံတော်တွေ သယ်လာပေးသည့် အိ်တ်ကို သေချာဖွင့်လိုက်သည်။ ဒီထဲ သူ သေချာဝယ်ခြမ်းလာသည့်အရာတွေနဲ့ ပြည့်နေသည်။ သူ့မွေးနေ့ကို ထူးထူးခြားခြားလေးလုပ်ချင်လို့ ဦးနှောက်ကို အရည်ပျော်မတတ် ညစ်ထုတ်ကာ စဉ်းစားခဲ့သည်။ အကြံဉာဏ်ကောင်းတွေက စဉ်းစားလေ မထွက်လေပဲ။ နောက်ဆုံး အွန်လိုင်းပေါ်က ရှာဖွေခဲ့ပေမယ့် သူများပြောထားတဲ့ဟာတွေက ရိုးလွန်းပြီး ဆန်းသစ်မှု မရှိဘူးလို့ ခံစားနေရသည် ။
သူက သူ့မွေးနေ့ကို ထူးခြားစွာ လုပ်ပြီး အကိုကြီးကို အံ့သြပျော်ရွှင်စေချင်ပေမယ့် ဒါက နည်းနည်း အရှက်မဲ့ရာများ ကျနေမလား။ အဟမ်း... 17 နှစ်ပြည့်သည့်နေ့သည် သူက အကိုကြီးကို သူ့ကိုယ်ကို ပေးအပ်မည်ဖြစ်လို့ အရမ်းကို ပေးချင်နေသည်ဟု အကိုကြီးမြင်သွားမည်ကိုလည်း စိုးနေမိသည်။ ဒီအကြောင်းတွေကိုတွေးပြီး ရှုနင်၏မျက်နှာနီရဲကာ နှလုံးခုန်သံမြန်လာခဲ့သည်။
တကယ့်တော့ ရှုဟိန်က မြို့တော် C ကို ရောက်နှင့်နေပြီးဖြစ်ကာ လျှို့ဝှက်ပြီး တခုခုကို လုပ်နေခဲ့သည်။
ရှုနင်က ထိုအရာတွေကို ဗီရိုထဲ သေချာနေရာချထားကာ အောက်ထပ်ကို ဆင်းလာပြီး မီးဖိုထဲမှာ ဟင်းပွဲများစွာကို ထပ်မံ စီစဉ်လိုက်သည်။ ဟင်းပွဲတွေက အဖေနဲ့ အကိုကြီးကြိုက်တဲ့ ဟင်းတွေဖြစ်ပြီး အမြင်လည်းလှ၊ အနံ့အရသာလည်း ပြည့်စုံရမည်။ စားပွဲအပြည့်ဟင်းပွဲများခင်းကျင်းနေစဉ် ရှုချိန် အိမ်ကို ပြန်ရောက်လာခဲ့သည်။
ရှုချိန်က ရင်ဘတ်ထဲက အောင့်ကျပ်လာလို့ အိမ်ကို စောပြန်လာခဲ့သည်။ အလုပ်မပြီးသေးပေမယ့် သူ့သားရှုဟိန်နှင့်လွဲထား ခဲ့သည်။ ဒီလုပ်ငန်းကို နာခံမှုရှိပြီး အရည်ချင်းရှိသည့် ရှုဟိန်ကို အကုန်လွဲပေးရမှာပဲ။ ဘာကြောင့် သူ အပင်ပန်းခံနေ ရဦးမှာလဲ။ သူ့သားက အမြဲ အဖေ့စကားကို နာခံသူဖြစ်လို့ သူလွှဲပေးလည်း ငြင်းမည်မဟုတ်ပေ။ နင်နင် အရွယ်မရောက်သေးခင် အကုန်စီစဉ်ပြီးနိုင်လောက်ပါသည်။
 ထမင်းစားစားပွဲပေါ်တွင်  ပန်းကန်ပြားပြားများစွာရှိပြီး သူတို့အားလုံး ဆွဲဆောင်မှုရှိသကဲ့သို့ အရသာကောင်းသော အနံ့များလည်းရှိသည်။
ရှုချိန် ၀ င်လာသောအခါ ရှုနင် ၏မျက်ခုံးပင့်တက်ကာ အံ့သြသွားပြီး သူ့အဖေ၏အသားအရေ သိပ်မကောင်းသည်ကိုတွေ့တော့ ချက်ချင်းလာတွဲကာ စိုးရိမ်ပူပန်စွာမေးလိုက်သည်။
 "ဖေဖေ၊ အဖေ...တကယ်အအေးမိနေတာလား"
ထူးဆန်းစွာပင် ရှုချိန်သည် ဆေးထုပ်များစွာကိုထုတ်ယူလိုက်ပြီး ရှုနင်မျက်စိရှေ့တွင် လှုပ်ခါပြကာ ပြုံးပြီးပြောလိုက်သည်။
 " မင်း ဒီဆေးတွေကိုကြည့်ပါ ဦး၊ သူတို့အားလုံးဟာ နံနက်ကနေညအထိ သောက်ရမယ့်ဟာကို ရေးထားတယ်လေ  "
ရှုနင်က ထိုဆေးတွေက အအေးမိပျောက်ဆေးဆိုတာ သေချာပြီးမှပြုံးကာ ပြောလိုက်သည်။
  " ဒီတစ်ခါတော့ အဖေ့ကို ကျွန်တော် ယုံကြည်လိုက်ပါ့မယ်၊ ကျွန်တော်တို့ လက်ကိုဆေးကြောပြီး စားကြစို့။ ကျွန်တော် အိမ်ပြန်စောစောပြန်လာပြီး အဖေအကြိုက်ဆုံးဟင်းတွေ ထပ်ထည့်ထားတယ်  "
"အိုး၊ ဒီည ငါတို့မှာ ဘာအစီစဉ်တွေ ရှိလဲ။ "
ရှုနင်ရဲ့မျက်လုံးများက တောက်ပနေပြီး တလက်လက်ဖြစ်နေသည်။ သူ အရမ်းကို ပျော်နေပြီး နူတ်ခမ်းကို လျှာနှင့်သပ်ကာ ပြောလိုက်သည်။
 " အဖေ တွေ့ရလိမ့်မယ် "  
ရှုချိန်သည် အရမ်းကို တောက်ပမြူးကြွနေသည့် ရှုနင်ကို ကြည့်ကာ ခေါင်းလေးကို ပွတ်ပေးရင်းပြောခဲ့သည်။
 " မင်းရဲ့ ID ကဒ်ကို လုပ်ပြီးပြီလား။ မကြာခင် မင်း ကဒ်ရသင့်ပြီ။ အခက်ခဲရှိရင် အဖေ့ကိုပြော..ဟုတ်ပြီလား  "
ရှုနင် က မေးလိုက်သည်။
"မြို့တော် C မှာလုပ်ရမှာလား? "
"မင်းက ဒီမှာမလုပ်ချင်လို့ ဘယ်မှာလုပ်ချင်တာလဲ။ ရွာလေးမှာလား.. "
ရှုချိန် သည်လက်ကိုမြှောက်ကာ ရှုနင်၏ခေါင်းကိုထိလိုက်ပြီးနူးညံ့ပျော့ပျောင်းစွာကြည့်ရင်း စလိုက်သည်။
သူတို့ သားအဖ ညစာ စားနေစဉ် အရမ်းကို ပျော်ရွှွင်စွာ စကားပြောနေကြသည်။ သူတို့က ချင်ယွိကျိုးနှင့် ရှုယောင်းအကြောင်းမပြောကြပေ။ ရှုနင်၏  စိတ်အခြေအနေသည် မြင့်တက်လာခဲ့သည်။ သူတို့အစာစားပြီးနောက်သူတို့နှစ်ယောက်သည်သူတို့၏ဘ ၀ များနှင့်အိပ်မက်များအကြောင်း အတူတကွပြောရင်း လမ်းလျှောက်ထွက်ခဲ့ကြသည်။ ရှုချိန် သည်ငယ်ငယ်တုန်းကအာကာသယာဉ်မှူးဖြစ်ချင်ခဲ့သည်။ သို့သော်မိသားစုစီးပွားရေးကို ဆက်ခံရန် သူ့အားတောင်များကဲ့သို့ဖိအားပေးခဲ့သည်၊ ထို့ကြောင့ ်သူသည်တစ်သက်တာလုံးသွေး၊ ချွေးနှင့်မျက်ရည်များကို သွန်းလောင်းကာ ရှုလုပ်ငန်းကို ဆက်ခံခဲ့သည်။
ရှုနင် ၏ဖခင်က သူနှင့်စကားစမြည်ပြောဆိုချိန်တွင်သူ့အား အရိပ်အမြွက်ပြောကြားခဲ့သည်။ ရှုနင်က နားမလည်ဟန်ဆောင်ပြီး ခေါင်းရှောင်လိုက်သည်။
"အကိုကြီးက အရမ်းကိုထူးခြားတယ်။  အဖေက အကိုကြီးကို ထောက်ခံပေးရင် မကြာခင် အကိုကြီးက လုပ်ငန်းကို ချောချောမွေ့မွေ့လုပ်ပေးနိုင်မှာပါ။ အများကြီးလည်း တည်ငြိမ်သွားလိမ့်မယ် "
ရှုချိန်က နင်နင်၏အငြင်းစကားကြောင့် မျက်ခုံးပင့်ကာ သူ့သားရဲ့ရည်ရွယ်ချက်ကို နားလည်လိုက်သည်။ ရှုချိန်က ရယ်မောရင်း နင်နင်ရဲ့ကျောကို ပုတ်ကာပြောလိုက်သည်။
    " မင်းတို့နှစ်ယောက်ဟာ မင်းရဲ့မွေးနေ့ကို အတူတကွဆင်နွှဲတော့မယ်ဆိုတာ အဖေ ကြားခဲ့ပြီးပြီ။ ဒါကြောင့် အဖေ အပြင်မှာ တစ်ရက် သွားနေလိုက်မယ်။အိမ်ကို မမီးရှို့သရွေ့..မင်းတို့ စိတ်ကြိုက်လုပ်ကြ.... "
(သဘောထားကြီးလိုက်တဲ့ ဒယ်ဒယ်.. သားနှစ်ယောက် လွတ်လွတ်လပ်လပ် လုပ်လို့ရအောင် ရှောင်ပေးမယ်တဲ့လား...)
"ဖေဖေ!"
ရှုနင်က နူတ်ခမ်းလေး ပွင့်ဟကာ သူ့အဖေကို မျက်လုံးအဝိုင်းသားလေးနှင့် မော့ကြည့်လိုက်မိသည်။
 ရှုချိန်သည်နောက်ထပ်အနီရောင်အထုပ် ၂ ခုကိုဆွဲထုတ်လိုက်သည်။ အဖေက ဘယ်က ထုတ်လိုက်တာလဲ။ အဖေ ဘာလုပ်မလို့ပါလိမ့်...
ရှုနင် အလန့်တကြားလေး ကြည့်နေသည်။
"မင်္ဂလာမွေးနေ့ဖြစ်ပါစေ သားလေး"
ရှုချိန်က အမြဲတမ်း နင်နင်ကို အနီရောင်အိတ် တအိတ်တည်း ပေးလေ့ရှိပြီး ဘယ်တော့မှ နှစ်ခု မပေးတတ်ပေ။ အဖေက အခု အရမ်း ရက်ရောနေပါလား။ တအိတ်က သူ့အကိုကြီးအတွက်လား။ ဒါပေမယ့် အကိုကြီးရဲ့ မုန့်ဖိုးကို သူပဲ သိမ်းနေကျပဲ မဟုတ်လား။ (လင်ရဲ့ဟာ မယားပိုင်တယ်..ဒါပဲ)
"ကျေးဇူးတင်ပါတယ် အဖေ"
ရှုချိန်က လက်ကိုမြှောက်ကာ သားလေးရဲ့မျက်နှာကို ညင်သာစွာ ထိလိုက်သည်။
ညမှာ ရှုနင် ဟာလျှို့ဝှက်ဆန်းကြယ်စွာပဲ အခန်းထဲမှာအလှဆင်ရင်း ဆက်၍ အလုပ်များနေခဲ့သည်။ မူလက သူက အလျင်အမြန်ပြန်ပြေးလာရန်ကြံစည်ခဲ့သည့် ရှုဟိန်က ကလေးလေး စိတ်တိုင်းကျ စီစဉ်နိုင်ရန် မနက်မှ ပြန်လာဖို့ အောင့်အီးလိုက်ရသည်။
  ထိုကလေးငယ်သည်အံ့သြစရာကောင်းလောက်အောင်စီစဉ်နေပြီး သူ၏နှလုံးထဲ၌ ခက်ခက်ခဲခဲ မြိုသိပ်နေရလို့ အသက်မသာဖြစ်ကာ ဒေါသထွက်နေသောခံစားမှုက အိပ်ပျော်ရန်ပင်ခက်ခဲစေခဲ့သည်။ ထို့ကြောင့် သူ၏ပထွေးအနားယူချိန်တွင် ရှုဟိန်သည်ကုမ္ပဏီသို့သွားပြီး အလုပ်အချို့ကိုဖြေရှင်းရန်ဆုံးဖြတ်လိုက်သည်။ ဥက္ကဌရဲ့အိပ်အခန်းထဲမှာ သူအိပ်လို့ ရတာပဲ။
နောက်တစ်နေ့နံနက်တွင်မီးဖိုချောင်တွင်စတော်ဘယ်ရီကိတ်ကို ပြင်ဆင်ထားသည်။ ယင်းကိုမြင်ပြီးနောက် ရှုနင် က အလွန်အားရကျေနပ်နေသည်။ အိမ်ဖော်များသည် နှင်းဆီပွင့်ဖတ်အချို့ကိုတတိယအထပ်ရှိ တံခါးဝသို့ ယူဆောင်သွားသည်။ ရှုနင်သည်ထိုနေရာကိုအလှဆင်ရန်ကိုယ်တိုင်ကိုယ်ကျ ၀ င်ရောက်ခဲ့ပြီး တစ်နေ့လုံးအလုပ်များခဲ့သည်။ သူ၏အစ်ကိုကြီးသည်အဘယ်ကြောင့်ပြန်မလာသေးတာလဲ...
ရှုနင်က သူ့ဖုန်းကိုထုတ်ကြည့်လိုက်တယ်။ ပြီးတော့နောက်တစ်ခါပြန်ချလိုက်တယ်။ ခဏကြာတော့ မှပြန်ကြည့် လိုက်ပြန်သည်။ သူက ဘယ်နည်းနဲ့မှ စိတ်ငြိမ်သက်နိုင်မှာမဟုတ်ဘူး။
ရှုဟိန်သည်စောစောစီးစီးပြန်လာသင့်သည်။ သို့သော ်သူသည် ချင်ယွိကျိုး အကြောင်းရုတ်တရက်သတင်းရရှိခဲ့သည်။
မိန်းမသည်ရည်မှန်းချက်ကြီးမားသော ဝံပုလွေတစ်ကောင်ဖြစ်သည်။ သူမသည် အရှုံးမပေးသေးဘဲ လေဆိပ်သို့တိတ်တဆိတ်သွားကာ သူမရဲ့ကံကိုကြိုးစားရန် ကြိုးစားနေသည်။  အစပိုင်းမှာ သူမမြို့တော်ကို တိုက်ရိုက်သွားချင်ခဲ့တယ်။ ဒါပေမယ့် ရှုဟိန်က သူမ အရှုံးမပေးမီ သူမကို သတိပေးရန် တစ်စုံတစ်ယောက်ကိုစေခိုင်းခဲ့သည်။ ရှုယောင်းသည်အရေးအကြီးဆုံးဖြစ်ပြီး ကလေးမည်မျှငယ်သည်ကို စဉ်းစားမိလိုက်တော့ ချင်ယွိကျိုးက အညှာကိုင်ခံလိုက်ရသလိုဖြစ်ကာ ညအိပ်မပျော်နိုင်အောင်ဖြစ်နေသည်။
သူမက ရှုချိန်ကို တွေ့ချင်ပေမယ့် အကြင်နာကင်းမဲ့သည့် ရှုှုဟိန်က  အလွန်ဆိုးရွားလွန်းပြီး သူမရဲ့သားနှင့် သူမကို မဆန့်ကျင်ရဲအောင် ခြိမ်းခြောက်နေသည်။ ရှုဟိန်...သူဟာ လုံးဝ လူသားမဟုတ်ဘူူး။
တကယ်တော့ ဒီအချိန်ကာလအတွင်းမှာ ရှုချိန်က နေမကောင်းဖြစ်ခဲ့ရခြင်းကြောင့် သူဟာ အိမ်ကနေ ဘယ်တော့မှ မထွက်သွားခဲ့ပါဘူး၊ ဒါပေမယ့် အခု သူရုံးကိုနေ့စဉ်သွားနေတော့ ချင်ယွိကျိုး မှာ သူနဲ့တွေ့ဖို့ အခွင့်အရေးမရှိဘူးဆိုတာ သဘာဝကျပါတယ်။ သူမသည် သူ၏ကိုယ်ရေးကိုယ်တာလက်ထောက်အဖြစ်ဆယ်နှစ်ကျော်ကြာ လုပ်ခဲ့ပြီးနောက် သူမ၏ အဆက်အသွယ်ကွန်ယက်သည်ကျယ်ပြန့်လာပြီး ကုမ္ပဏီ၏အတွင်းနှင့်အပြင်များကိုလည်း သေချာသိလာသည်။
ရှုဟိန်သည်မျက်လုံးများကျဉ်းလိုက်ပြီး  ကုမ္ပဏီသို့ရောက်ရှိခဲ့သည်။ ချင်ယွိကျိုး သည်ဥက္ကဌ၏ရုံးခန်းတွင်ရှိနေနှင့်ပြီဖြစ်သည်။ ရှုချိန်၏မျက်နှာသည်မှောင်နေပြီး သူမ၏ အသနားခံနေသည့် ဇာတ်လမ်းကို နားထောင်နေသည်။ ရှုဟိန် သည် ရှုယောင်း ကို ခက်ခဲအောင် လုပ်မည်မဟုတ်ပေ။ ဘာကြောင့်လဲ ဆိုတော့ ရှုချိန်က အမေနဲ့သားကို ခွဲထားဖို့ ရှုယောင်းကို တနေရာသို့ ပို့ကာ သီးခြားထားခဲ့ပြီးလေပြီ။
 အကယ်၍ ချင်ယွိကျိုးသည် ရှုဟိန်ကို တိုက်ခိုက်ရန် ရှုနင်ကို အသုံးပြုခဲ့တယ်ဆိုတော့ ရှုယောင်းကိုလည်း အသုံးပြုနိုင်သည်။   သူ့ကိုကြိုတင်ကာကွယ်မှုများပြုလုပ်ရန်အရေးကြီးသည်။ ရှုချိန် သည်ကြိုတင်စီစဉ်ထားပြီးသောကြောင့် အခု ချင်ယွိကျိုး လာငိုပြတာက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ အခုတော့ ချင်ယွိကျိုး၏ကောင်းကွက် ဆိုးကွက်ကို သူ သေချာရှင်းလင်းစွာ လေ့လာနိုင်လေပြီ။
 "ယွိကျိုး... မင်းက ငါ့ကို ချစ်တာလား ဒါမှမဟုတ်ကုမ္ပဏီကိုချစ်တာလား?"
"ရှင်...ဘာပြောနေတာလဲ။ ရှင်..ကျွန်မကို နားမလည်သေးဘူးလား?"
"ရှုဟိန်က  ကုမ္ပဏီရှိအခြားသူများတွေကို မင်းက ဘယ်လို ထိခိုက်စေတယ်ဆိုတာ ငါ့ကိုပြောပြပြီးပြီ။ တကယ်လို့ မင်းက company ကို တကယ်ဂရုမစိုက်ဘူးဆိုရင် ဘာကြောင့် လာတိုင်တန်းညည်းညူနေတာလဲ။ မင်းက အမှားပြင်ပြီး ငါနဲ့ ပြန်လည် သင့်မြတ်ချင်တယ်လို့ ငါထင်ခဲ့မိတယ်။ ငါ တကယ်ကို အ ခဲ့တာပဲ။ ငါ လူကဲခတ်မှားသွားခဲ့တယ်။ "
ရှုချိန်ကလူနှစ်ယောက်ကို ခေါ်ကာ သူမကို အခန်းထဲက ခေါ်ထုတ်သွားဖို့ အမိန့်ပေးခဲ့သည်။ သူတို့က သူမကို ပါးစပ်ပိတ်ကာ တိတ်တဆိတ်ပဲ ဆွဲထုတ်သွားခဲ့သည်။
ရှုဟိန်က စိတ်ပူစွာမေးလိုက်သည်။
" ဖေဖေ၊ အဆင်ပြေရဲ့လား? "
" သူမကို လက်လွှွတ်လာအောင် မင်း ဖြေရှင်းလိုက်တော့..ငါ မင်းနဲ့လွဲထားလိုက်တော့မယ်  "
ရှု့ဟိန်ရဲ့ မျက်သားတွေ ကျုံ့သွားပြီး သူ့အဖေက အဲဒီမိန်းမကိုအရမ်းချစ်တယ်လို့ သူ ခံစားလိုက်ရတယ်။
ဘိုးဘွားပိုင်အိမ်ကြီး၏နောက်ကျောတံခါးများမှာ တိတ်တဆိတ်ပွင့်ကာ ကားတစ်စီးဝင်လာပြီး ကားထဲက ထွက်လာသည့်အဖွဲ့သည်ဘိုးဘွားခန်းမသို့ အသာလေး ဝင်ရောက်ခဲ့ကြသည်။ ချင်ယွိကျိုး၏ လက်တွေကိုကြိုးတွေချည်ပြီး သူမရဲ့ပါးစပ်ကို အဝတ်နှင့်  ပိတ်စည်းထားသည်။ ရှုဟိန်က ချင်ယွိကျိုးကို မိသားစု သစ်ပင်ကိုညွှန်ပြလိုက်သည်။ ဒီခန်းမထဲကို ချင်ယွိကျိုးက ပထမဆုံးရောက်ဖူးတာဖြစ်ပြီး ဒါကို အခုမှမြင်ဖူးတာဖြစ်သည်။
  ဘိုးဘွားပိုင်ခန်းမသည်သူတို့၏မိသားစု၏မြင့်မြတ်မှုကိုကိုယ်စားပြုသည်။
ဟင်...... တစ်ခုခုမှားယွင်းနေပုံရတယ်၊ မဟုတ်သေးဘူး။ မိသားစုသစ်ပင်မှာ ရှုဟိန်ရဲ့နာမည် ဘယ်မှာလဲ။
ရှုဟိန် ၏မျက်နှာမှာ ခံစားချက်ကင်းမဲ့နေပြီး သူမကို စီးမိုးကြည့်ကာ ပြောလိုက်သည်။
 " ကျွန်တော်က အဖေရဲ့သားအရင်း မဟုတ်ဘူး၊ ဒါကြောင့် ရှု မိသားစုလုပ်ငန်းကို ဆက်ခံဖို့ အခွင့်အရေးမရှိဘူး၊ ဒီအိမ်ထောင်စုထဲကအရာအားလုံးက နင်နင် ကြီးပြင်းလာတဲ့အချိန်မှာ အကုန်ပိုင်ဆိုင်လိမ့်မယ်။ကျွန်တော်က ဘာကို ဆိုလိုချင်တယ်ဆိုတာ ခင်ဗျား နားလည်တယ်မဟုတ်လား..."
 ဘာ? မဖြစ်နိုင်ဘူး၊ ဟာသပဲ ။ ရှုချိန်က ငါ့ကိုဘယ်တော့မှ ဒီအကြောင်းကို ဘာကြောင့် မပြောခဲ့တာလဲ။ ဘာကြောင့်လဲ? သူက ငါ့ကို ကြိုပြောခဲ့ရင် ရှုဟိန်ကို ခက်ခဲအောင် ငါ နှောက်ယှက်နေမှာမဟုတ်ဘူး။  ၊ သူ့ကိုကောင်းကောင်းဆက်ဆံ ပေးလိမ့်ဦးမယ်၊ သူ့အတွက်မိခင်ကောင်းတစ်ယောက်ပါ ဖြစ်ပေးနိုင်တာပေါ့။ ငါက ရှုဟိန်ကို ကောင်းကောင်းဆက်ဆံသရွေ့ သွေးသားရင်းပဲ လုပ်ငန်းကို ဆက်ခံရမယ်ဆိုတဲ့ စည်းမျဉ်းအရ ငါ့သားပဲ အကုန်ရမှာပဲလေ။ ဒီစည်းမျဉ်းကို ဘယ်သူမှ မပြောင်းလဲနိုင်ဘူး။ အခုတော့ ငါ လုပ်လို့ ငါ့နေရာလည်း ပျောက်သွားပြီ။ အကုန်လုံးကို ဆုံးရှုံးလိုက်ရပြီ။
ဟား...ဟား..ဟား...ငါက ရှုချိန်ရဲ့လျှို့ဝှက်ထားတဲ့ အချက်လက်ကြောင့် အကုန်ဆုံးရံှုံးလိုက်ရတာပဲ...
 ချင်ယွိကျိုးသည် ရှုနင်၏အမေဖြစ်ပြီး ရှုချိန် နှစ်သက်မှုကို ရခဲ့ဖူးသည့် မိန်းမဖြစ်သည်။ ရှုဟိန်က သူမကို ထိခိုက်အောင် မလုပ်ချင်ပေ။သူက စိတ်ပျက်လက်ပျက်ဖြစ်နေသည့် မိန်းမကိုကြည့်ကာ ပြောလိုက်သည်။
"အခု...ခင်ဗျားအဖေ့ရဲ့လျှို့ဝှက်ချက်ကို သိပြီးပြီ။ ဒါကြောင့် ကျွန်တော့်တို့ရှေ့မှာ ခင်ဗျားကို လုံးဝ ထပ်မမြင်ချင်တော့ဘူး "
 ဘာလဲ...သူ ငါ့ကို သတ်မလို့လား... ရှုချိန်က ငါ့ကို အရမ်း ချစ်မြတ်နိုးလို့ သူ ငါ့ကို ထိခိုက်အောင် လုပ်လို့ မရဘူးလေ။
ချင်ယွိကျိုးက သတိဝင်လာသည်။ ရှုဟိန်က သူမကို နူတ်ပိတ်သတ်ဖြတ်ချင်တာလား။  ဟင့်အင်း..မဖြစ်ဘူး။ ငါ့မှာ ကံကောင်းခြင်း ကြယ်ကလေး ရှုယောင်းရှိသေးတယ်လေ။ ငါ့ကို သတ်လို့မရဖြစ်ဘူး။ သူမအရမ်းစိတ်ပူခဲ့တယ်၊ သူမ မျက်လုံးတွေနီလာပြီးမျက်ရည်တွေစီးကျလာတယ်။
Shu Heng က လူသတ်မှုကျူးလွန်နေတယ်။ ~ သူက လူသတ်မှုကျူးလွန်ဖို့ကြိုးစားနေတယ် ~ အကူအညီပေးကြပါ... ~
ဒါပေမယ့် ပါးစပ်ကို အဝတ်စည်းထားလို့ ချင်ယွိကျိုး၏အသံက ဝူးဝူးဝါးဝါးသာထွက်လာသည်။ ရှုဟိန်က သူမကို ဆွဲထုတ်သွားစေသည်။
 သူ့အဖေက ချင်ယွိကျိုးကို လက်လျှော့စေချင်လို့သာမဟုတ်ရင် ရှုဟိန်က  သူမနဲ့ စကားတောင်တောင်မပြောချင်ဘူး။ သူ သည်လက်ကိုမြှောက်လိုက်သည်နှင့ ်ငိုနေသည့် သူမကိုဆွဲထုတ်သွားကြသည်။
ကျွန်းပေါ်တွင်ငှက်များသီဆိုနေပြီး ပန်းများပွင့်နေသည်။ မတ်လသာရှိသေးသော်လည်း ပန်းများအားလုံးလှပနေသည်။ ဒါက သူ့ပထွေးရဲ့အယူအဆမဟုတ်ပါ၊ သူက အရမ်းရက်စက်တဲ့ ရှုဟိန် ပဲ။ သူက သူမကိုအကျဉ်းသားအဖြစ် သူမ၏အပြစ်များကိုခံစေခဲ့လျှင် သူမက သေချာပေါက် အပြစ်ပေးခံရလိမ့်မည်။
ဒီနေရာမှာ သူမဘဝကို ဂရုစိုက်ရမယ်၊ သူ့ပထွေးကို ဝမ်းမနည်းအောင်၊ ရှုနင် အတွက်တော့ ချင်ယွိကျိုး ကိုသူမတွေ့ချင်ဘူးဆိုတာ ရှုဟိန် အရမ်းကိုသေချာခဲ့ပါတယ်။
လင်ကွန်းကားသည်လမ်းတစ်ဝက်မှ ဘိုးဘွားပိုင်အိမ်သို့ လမ်းလွှဲမှ ထွက်သွားခဲ့သည်။ ရှုနင်က ရှုဟိန် ပြန်လာပြီဆိုတဲ့သတင်းကို ရသွားတယ်။ သူက ခန်းမမှာစောင့်နေပြီး စိတ်လှုပ်ရှားနေတယ်။ သူဟာအရမ်းကိုရှက်ရွံ့နေတဲ့အတွက် ထိုင်လို့မရဘူး၊  သူ့မျက်နှာတောင်မှ နီရဲနေတယ်။
ရှုဟိန်က အိမ်ထဲကို ၀ င်ရောက်လာပြီး ရှုနင် ကသူ့အင်္ကျီနဲ့အိတ်တွေကိုကူညီယူပေးဖို့ ဇနီးလေးလို ရှေ့ကိုထွက်လာတယ်။  
"အကိုကြီး... ပင်ပန်းနေပြီလား"
"ငါက အဆင်ပြေတယ်။ မင်းကော..."
"ကျွန်တော်က အကုန်အဆင်ပြေတယ်။ အကိုကြီး လက်ကို ဆေးတော့လေ။ ညစာစားလို့ရပြီ..."
ရှုနင်က ရှုဟိန် ကိုလှည့်ပတ်ကာ ကြည့်ကာ ပြုံးပြုံးလေးဖြင့်ပြုံးကာ ပြောလိုက်သည်။ သူက သူကိုယ်တိုင်အရာအားလုံးကိုစောင့်ကြည့်နေတယ်၊ သဘာဝကျကျပဲ အကိုကြီး သူမှတ်ထားသလို ဘာမှ မပြောင်းလဲသွားဘူး။ (လင်ကို စစ်နေသော ချစ်ဖ)
  "အစ်ကိုကြီး....ကျွန်တော်တို့ နည်းနည်း သောက်ကြမလား?"
သူ သောက်ဖို့လိုနေတယ်။ ရဲဆေးတင်မှဖြစ်မယ်။ သူ့အကိုကြီးကို ပေးအပ်မယ့် သူ့ အချစ်တွေနဲ့ သူ့လက်ဆောင်အတွက် သူ့ကိုရဲစွမ်းသတ္တိပေးဖို့သောက်ဖို့လိုအပ်နေတယ်။
 "သေချာတာပေါ့"
ရှုဟိန် သည်သူ၏လက်များနှင့်မျက်နှာများကိုဆေးကြောပြီးလျှင် ဦး ခေါင်းကိုမြှောက်လိုက်သည်နှင့် ရှုနင် သည်မျက်နှာသုတ်ပဝါကို သူ၏မျက်နှာပေါ်သို့တင်ထားလိုက်သည်။ သူ၏ညီငယ်လေးက ဒီနေ့ အရမ်းကို သဘောကောင်းပြီး  အလိုက်သိနေပါလား။
 ရှုဟိန် ၏မျက်လုံးများကနူးညံ့ပျော့ပြောင်းသွားကာ  သူသည်ခေါင်းကိုငုံ့ကာ နင်နင်ကို ဆွဲကာ နမ်းစဉ် ရှုနင်လည်းပြန် နမ်းခဲ့သည်။
 အိုး၊ နေမဝင်သေးဘူး
ရှုနင်က ရှက်ရွံ့စွာနှင့် အနည်းငယ်ပြန်ဆုတ်လိုက်ပြီး ဘယ်သူမှမတွေ့သည်ကို သူသိပေမယ့်   သူသည် အလွန်ရှက်ရွံ့စွာဖြင့် သူ၏လက်များနှင့်ခြေထောက်များကို မည်သို့ထားရမည်ကိုမသိဖြစ်နေသည်။
ရှုဟိန်၏ပါးစပ်က ပြုံးနေလိုက်ပြီး သူသည် ရှုနင် ၏လက်ကိုကိုင်ပြီး ထမင်းစားပွဲသို့ အတူတကွလမ်းလျှောက် လာခဲ့သည်။ အစေအပါးများက အလိုက်တသိ ရှောင်သွားကြသည်။
  သူတို့နှစ်ယောက်ဟာဘေးချင်းယှဉ်ထိုင်ပြီး တစ်ချိန်တည်းမှာ ဟင်းပြိုင်တူ ထည့်ပေးနေမိလို့ ပြိုင်တူရယ်မောလိုက်ကြသည်။ ရှုနင်က အကိုကြီး၏အမူယာကို ခိုးကြည့်ကာ ငုံ့ပြီး ထမင်းစားလိုက်သည်။ သူ့နှလုံးသားက ဗုံတစ်လုံးမြည်ဟီးသလို ကျယ်လောင်စွာ ခုန်နေသည်။  သူဘာပဲလုပ်လုပ် သူ စိတ်အေးသွားမှာမဟုတ်ဘူး။
  အစ်ကိုကြီး၏လက်က  ရှုနင်  ၏ပေါင်ပေါ်သို့ကျရောက်ခဲ့ပြီး နင်နင်၏တစ်ကိုယ်လုံးကို စက္ကန့်အနည်းငယ်မျှ တင်းကျပ်စေခဲ့သည်။
"အကိုကြီး..."
ရှုနင်က တုန်ယင်စွာခေါ်လိုက်သည်။
"မင်း ထမင်းကို သေချာစား"
 သူ၏ပေါင်ပေါ်ကို အကိုကြီး၏လက်က ဆက်လက်ပွတ်သပ်နေပြီး ပေါင်တွင်းသားတွေကို အသာယာဆက်လက်ပွတ်နေစဉ် ရှုနင်က မျက်နှာရဲရဲနှင့် အကိုကြီးလက်ကိုင်လိုက်မိသည်။ အကိုကြီးရဲ့လက်ကြောင့် သူ့တကိုယ်လုံး ပူလောင်လာပြီး နှလုံးသားတစ်ခုလုံး ပန်းပွင့်လာသလို ခံစားလာရသည်။   သူ့ခန္ဓာကိုယ်တစ်လျှောက်လုံး သေးငယ်သောမြှားလေးတွေ  ဖြတ်ပြေးနေသလိုပင်။ ရှုနင်က အကိုကြီး၏လက်ကို တင်းတင်းဆုပ်ကိုင်ရာ တားဆိးရင်း ပြောလိုက်သည်။
  -" အကိုကြီး...သိပ်မစားသင့်ဘူး၊ ကျွန်တော်တို့ ဖယောင်းတိုင်တွေ မှုတ်ပြီး ကိတ်မုန့်ခွဲရဦးမယ် "
"ကောင်းပြီ၊ မင်းလေးရဲ့သဘောအတိုင်းပဲ..."
 ရှုဟိန်က ရှုနင်၏ နဖူးကို အသာယာထိကာ   ၈၀ ရာနှုန်လောက် ဒီညမှာ သူလိုချင်တာ ရဖို့  အလွန်မျှော်လင့်ခဲ့တယ်၊ ဒါကြောင့် ရှုနင် ပြောတာမှန်သမျှကို သူလုပ်မှာပါ၊ မျက်နှာပေါ်မှာ ဘာအမူယာမှ မပြခဲ့ပေမယ့် ရှုဟိန် ရဲ့စိတ်နှလုံးက စိတ်လှုပ်ရှားမှုနဲ့ပြည့်နေတယ်။ သူတို့သည်အပေါ်ထပ်သို့ တက်လာသောအခါ ရှုဟိန်က ရုတ်တရက် ရှုနင်ကို  ကောက် ပွေ့၍  မင်းသမီးလေးလို သယ်ဆောင်ထားရင်း ခြေတလှမ်းကို တစ်ခါနမ်းကာ အိပ်ခန်းထဲကို ဝင်လာကြသည်။
(အား...စိတ်လှုပ်ရှားလိုက်တာ....)
**-**
 " အဖေ တွေ့ရလိမ့်မယ် "  
ရှုနင် က မေးလိုက်သည်။
"ဖေဖေ!"
"ကျေးဇူးတင်ပါတယ် အဖေ"
သူမက ရှုချိန်ကို တွေ့ချင်ပေမယ့် အကြင်နာကင်းမဲ့သည့် ရှုဟိန်က  အလွန်ဆိုးရွားလွန်းပြီး သူမရဲ့သားနှင့် သူမကို မဆန့်ကျင်ရဲအောင် ခြိမ်းခြောက်နေသည်။ ရှုဟိန်...သူဟာ လုံးဝ လူသားမဟုတ်ဘူး။
" ဖေဖေ၊ အဆင်ပြေရဲ့လား? "
" သူမကို လက်လွှတ်လာအောင် မင်း ဖြေရှင်းလိုက်တော့..ငါ မင်းနဲ့လွဲထားလိုက်တော့မယ်  "
ဟား...ဟား..ဟား...ငါက ရှုချိန်ရဲ့လျှို့ဝှက်ထားတဲ့ အချက်လက်ကြောင့် အကုန်ဆုံးရှုံးလိုက်ရတာပဲ...
"ငါက အဆင်ပြေတယ်။ မင်းကော..."
 "သေချာတာပေါ့"
 အိုး၊ နေမဝင်သေးဘူး
"အကိုကြီး..."
**-**
ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now