1

14.1K 976 9
                                    

(Unicode)

အခန်း ၁) လွတ်မြောက်ရမယ်

အလွန်ပူပြင်းသော မီးလျှံများကြားတွင်
လုမန်သည် ကြမ်းပြင်ပေါ်မှာ အားနည်းစွာ လဲလျောင်းရင်း ညီမဖြစ်သူကို ရင်ခွင်ပိုက်ထားသည့် ငယ်ချစ်ဦးအား ငေးကြည့်နေမိသည်။

“ မိန်းမပျက်.. ”
လုမန် သူမရှေ့မှောက်ရှိ အရှက်မရှိသောစုံတွဲကို စူးစိုက်ကြည့်လိုက်သည်။

“ မမ နင်ကထောင်ကျပြီးသွားပြီနော်။ ထောင်ကလွတ်လာရင်လည်း နင့်အနာဂတ်က ကောင်းတော့မှာမဟုတ်ဘူး။ နင့်အမေကလည်း သေသွားပြီ။ ဒီကမ္ဘာမှာ နင့်ကို ဂရုစိုက်တဲ့သူ တစ်ယောက်မှ မရှိတော့ဘူး။ ဒီတော့ နင်အသက်ရှင်နေတော့ကော ဘာထူးမှာလဲ ”

“ ငါထောင်ကျအောင် နင်တို့နှစ်ယောက်စလုံး ချောက်ချကြံစည်ခဲ့လို့ ငါ့အမေလည်း ဆုံးပါးသွားခဲ့ရပြီ။ အခု နင်တို့က ငါ့အသက်ကိုတောင် လိုချင်နေပြန်ပြီလား ”

လုမန်တစ်ကိုယ်လုံး အားနည်းနေကာ မျက်ဝန်းအစုံသည် ဒေါသဖြင့် ရဲရဲနီနေသည်။

“ ဒါတွေအားလုံး မင်းနဲ့ထိုက်လို့ရတာ ”
ဟဲကျိန့်ပိုင်က ပြောသည်။ 
“ မင်းအသက်ရှင်လျက်နဲ့ထွက်သွားရင် ဖြစ်ပျက်ခဲ့တာတွေကို အများသူငါသိအောင်ပြောပြမှာကျိန်းသေတယ်။ ဒါပေမယ့် ငါက အခု ငါတို့မှာရှိနေတာတွေကို ဖျက်ဆီးသွားခွင့် မပေးနိုင်ဘူး ”

“ ငြိမ်းချမ်းစွာအနားယူပါတော့ မမ။ ဒီကိစ္စကို အဖေလည်း သိပါတယ်။ မင်္ဂလာရှိတဲ့ စျာပနပွဲအတွက်တောင် ပြင်ဆင်ထားပြီးပါပြီ။ ကျွန်မတို့လုမိသားစုအတွက် မမလုပ်ပေးခဲ့တာတွေကို အောက်မေ့ပြီး  မမသေသွားပြီးတဲ့နောက်မှာ အဖေက မမကို အနိုင်အထက်ပြုတော့မှာ မဟုတ်ပါဘူး ” လုချီက ညင်သာစွာ ပြောသည်။

လုမန် သွေးအေးစွာ ရယ်မောပစ်လိုက်သည်။ မျက်ဝန်းအိမ်သည် စွေးစွေးနီလျက်။

ဒါဟာ သူမ၏ မွေးဖခင်ဖြစ်သည်။ သို့ပေမယ့် လုချီအတွက်နှင့် သူက ကိုယ့်သမီးအရင်းကိုတောင် ပြန်သတ်သည်။ 

အဖေ နှင့် ငယ်ချစ်ဦးသည်သာ သူမဘဝမှာ အရေးပါဆုံးသော ယောက်ျားတွေဖြစ်ခဲ့သည်။ 

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now