30

6.4K 741 12
                                    

Unicode

အခန်း ၃၀ ) သူ့အမေနဲ့ ခြိမ်းခြောက်ရမယ်!

ပါ၀င်ပတ်သက်မှုရှိသည်ဟု ကောလာဟလသတင်းများထွက်ပေါ်ခဲ့သည့်နာမည်ကြီးများအနေနှင့် သူတို့မည်မျှပင် အတင်းအဖျင်းပြောခံရပါစေ သူတို့အားလုံးသည် သူတို့၏ အေဂျင်စီများမှတရားဝင်ထုတ်ပြန်ချက်များထုတ်ပြန်ခဲ့ပြီးကောလာဟလများကိုဖျက်သိမ်းခဲ့သည်။

လုချီဟာလည်း သူတို့ထဲကတစ်ယောက်..

သို့သော်လည်း လုချီသည် သံသယအရှိဆုံး ဖြစ်သဖြင့် ချက်ချင်း အင်တာနက်ပေါ်တွင် ရှာဖွေမှုအများဆုံး အနုပညာရှင် ဖြစ်လာခဲ့သည်။

ဒီလိုသံသယအဆင့်မျိုးနဲ့ကို ထုတ်ပြန်စာလေး တစ်ခုနဲ့ ဘယ်လိုဖြေရှင်းလို့ပြီးပါ့မလဲ.. 

ဘယ်လိုဖြစ်ဖြစ် ထန်းကျိရော ကျန်တဲ့သတင်းထောက်ရောက လုဟန်လိနဲ့အိပ်ပြီး ဒဏ်ရာတွေပေးခဲ့တာ လုချီလို့မှ တရားဝင် ဖော်ထုတ်ထားခြင်း မရှိခဲ့ဘဲ..။

သူတို့ဖော်ပြထားတာတွေက သေချာမှုမရှိသော သဲလွန်စ သံသယ တချို့ပဲဖြစ်သည်။
ကျန်တာက အင်တာနက်အသုံးပြုသူတွေရဲ့ထင်ကြေးသက်သက်ပဲမို့ လုချီ သူများတကာကို တရားစွဲဆိုချင်ရင်တောင် ဘယ်သူ့ကို တရားစွဲလို့စွဲရမယ်မှန်း မသိ။

အတင်းအဖျင်းသတင်းတွေ ဘယ်လောက် ခံသလဲ ထန်းကျိက နောကျေအောင် သိပြီးသားမို့ လုချီဟာ နောက် သုံးရက် တိုင်အောင် ရှာဖွေမှု အများဆုံး အနုပညာရှင်အဖြစ် ဆက်လက်တည်ရှိနေလိမ့်မည်။

ထို့ကြောင့်ပဲ “ ဗုဒ္ဓဟူးနေ့မှာ ပြန်တွေ့မယ် ” ဟု ပြောကာ နောက် သုံးရက် နေရင် ထုတ်ပြန်ချက်တစ်ခုထုတ်ဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လုချီအကြောင်းတွေ Trending မဖြစ်တော့တဲ့အချိန်မှာ အသစ်ထွက်လာတဲ့ သတင်းကြောင့်  ရှာဖွေမှုအများဆုံး ထပ်ဖြစ်သွားစေလိမ့်မည်။

“ အမေ့ရေ သမီးဘာလုပ်ရမလဲ ဒီမှာကြည့်ပါဦး ငါးပါးတော့မှောက်ကုန်ပြီ ”
လုချီ စိုးရိမ်ကြီးစွာဖြင့် ရှချင်းယန်လက်ကိုဆွဲလိုက်မိကာ..

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now