21

6.3K 789 15
                                    

Unicode


အခန်း ၂၁ ) ကျုပ်က တရားခံမှမဟုတ်တာ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ရဲလက်အပ်ရမှာလဲ

အတိတ်ကာလမှာ လုချီယွမ်ဟာ သူမအပေါ်မှာ လုံးဝ မကောင်းခဲ့တာတော့ မဟုတ်ပါ။

သူမငယ်ငယ်က မိသားစုမှာ အခက်အခဲတွေအများကြီးရှိနေသည့်အချိန် လုချင်းယန် ရောက်မလာသေးပေ။

ရှချင်းဝေကိုပါ သူနဲ့အတူ ဝေဒနာတွေခံစားခိုင်းရသည့်အတွက် စိတ်မကောင်းဖြစ်မိသေးသည်။ အိမ်ပြန်လာတိုင်း သူမကို ပေါင်ပေါ်တင်ချီသည်။ အလိမ္မာဆုံး အတော်ဆုံး သမီးလေးလို့လည်း ခေါ်ခဲ့ကာ သူမသည် ဒီမိသားစုရဲ့ မင်းသမီးလေး ဖြစ်ခဲ့ပါ၏။

သို့သော်လည်း ခု လုချီယွမ်ကို ကြည့်လိုက်ရင်တော့ ထိုအချိန် သူမအပေါ်ကောင်းခဲ့စဥ်က အပြုံးကို မတွေ့ရတော့ပေ။

" ဟုတ်ပြီ ဒါဖြင့်ရင် ခင်ဗျားကလည်း ကျုပ်ကို သမီးတစ်ယောက်အဖြစ် ဆက်ဆံသင့်တယ် မဟုတ်လား။ မေမေနဲ့ ကွာပြီး နောက်အိမ်ထောင်ပြုလိုက်ကတည်းက လုချီကိုပဲ ခင်ဗျား မြင်တတ်တယ်။ ခင်ဗျားရဲ့ဒီသမီးကိုတော့ ခင်ဗျား အကြာကြီး မေ့ထားခဲ့တယ်လေ။ ဒါနဲ့များ ကျုပ်ကို ဘယ်လိုဆက်ဆံစေချင်တာလဲ "
လုမန်က လက်ကိုအောက်ချပြီး နီရဲရောင်ကိုင်းသွားသည့် မျက်နှာတစ်ခြမ်းကို ဖော်လိုက်သည်။

စောစောက ဒီသမီးကို သူ ဘယ်လိုရိုက်ပစ်ခဲ့သလဲ လုချီယွမ်ကို မှတ်မိစေချင်သည်။

လူကိုရိုက်ပစ်ပြီးမှ အလေးဂရုပြုမှုကိုမျှော်လင့်နေသေးသလား...

ပေါ့ပြက်ပြက်နိုင်လိုက်ပါပေ့!

သို့ပါလျက် သူမဘာလုပ်လုပ် လုချီယွမ်က ဓမ္မဓိဋ္ဌာန်ကျကျ ဘက်မလိုက်ဘဲ ပြုမူမည် မဟုတ်သဖြင့် အားရကျေနပ်အောင် အတ္တတွေလျှော့ပေးလည်း အလကားပင်။

ထို့ကြောင့် ဖြစ်သင့်သည့်အတိုင်း ပြုမူလိုက်လျှင် အနည်းဆုံးတော့ သူမ အားရကျေနပ်ရတာပေါ့။

သို့သော် လုမန်မျက်နှာပေါ်က ဖောင်းပွဒဏ်ရာကိုမြင်ရပြီးနောက် လုချီယွမ် မျက်လုံးထဲက အနေခက်မှုသည် လျှက်တစ်ပြက်အတွင်း ပျောက်ကွယ်သွားပေသည်။ သူ့ရင်မှာ ပြည့်သွားသော အပြစ်ရှိစိတ်က စက္ကန့်ပိုင်းမျှသာ ခံသည်။ သူမမျက်နှာပေါ်က လက်ဝါးရာသည် သူ့ကို စိတ်အာရုံထွေပြားစေသည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now