97

2.5K 276 1
                                    

Unicode:

အခန်း [ ၉၇ ]

" မင်းပေးလိုက်တဲ့မုန့်တွေ အရမ်းကောင်းတယ်၊ မနေ့ကအိမ်ကိုပြန်ရောက်တော့ တို့တွေစားကြတာ .. အမေလည်း စိတ်မကောင်းဖြစ်နေတာပါ၊ အဲ့ဒီစကားတွေ မပြောခဲ့သင့်ဘူး ဆိုပြီးတော့ "
ဝူလီကျဲက ခပ်တိုးတိုး ပြောနေသည်။

လုမန် ခေါင်းခါပြလိုက်၏။ အမှန်တော့ မနေ့က အန်တီချိုင်ပြောတာတွေကို ကြားပြီး တော်တော်စိတ်ဆိုးသွားတာဖြစ်သည်။

ကိုယ်တွေရှေ့မှာတော့ အန်တီချိုင်သည် ကြင်နာတတ်နေကာ ရှချင်းဝေနှင့်လည်း အဆင်ပြေ၏။

ဒါပေမယ့် ကွယ်ရာမှာ ဒီလောက် အထင်သေးနေသည်ဆိုသော အဖြစ်ကြောင့် အန်တီချိုင်ကို သိပ်သဘောမတွေ့တော့ပေ။

ဒီလိုဆိုပေမယ့်လည်း ရှချင်းဝေကို အန်တီချိုင် အကူအညီပေးခဲ့တာတွေက တကယ်ဟုတ်နေတာမို့ ကျေးဇူးတော့ တင်ပါ၏။

ပြီးတော့ တစ်ညလုံး တစိမ့်စိမ့် တွေးပစ်လိုက်လို့ စိတ်လည်း မဆိုးတော့ပေ။

တစ်ခုပဲ၊ နောက်များကျရင်တော့ အန်တီချိုင်ကို အရင်လို ဆက်ဆံနိုင်တော့မှာ မဟုတ်သလို အန်တီချိုင်သည်လည်း ဒီလိုပဲ နေလောက်မှာပါ။

" တကယ်ဘာမှမဖြစ်ပါဘူး "
လုမန် ပြုံးပြီး ထရပ်လိုက်သည်။
" မန်နေဂျာဝူ ဒီပြင်ကိစ္စမရှိတော့ရင် ကျွန်မသွားလိုက်ပါဦးမယ် "

" နေဦး! "
ဝူလီကျဲက ထရပ်ပြီး လုမန်နောက်ကိုလိုက်လာသည်။ ပြီးတော့ ဘာမပြော ညာမပြောနှင့် လက်ကောက်ဝတ်လေးကို ဖမ်းဆွဲထားလိုက်၏။

ရုံးခန်းက မှန်ပြတင်းကြီးကိုမျက်နှာမူထားသဖြင့် အပြင်ကလုပ်ဖော်ကိုင်ဖက်တွေသည် အားလုံးကို ရှင်းလင်းစွာ မြင်နေရသည်။

ခု ဝူလီကျဲနှင့် သူမက ထောင့်ချိုးမှာ ရှိနေသဖြင့် လက်ကောက်ဝတ်ကို ဝူလီကျဲက ဖမ်းဆွဲထားတာကို အပြင်ကလူတွေ မြင်ချင်မှမြင်သွားနိုင်သော်လည်း လုမန် သူ့လက်သီးဆုပ်ထဲက ကိုယ့်လက်ကိုယ် ခပ်သုတ်သုတ် ဆွဲထုတ်ပစ်လိုက်သည်။

ထိုအခါမှ သူ ရိုင်းသွားပြီမှန်း ဝူလီကျဲ သိ၏။
" ဆောရီးကွာ .. စိတ်စောသွားလို့.. "

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now