111 ~ 113

2.7K 235 7
                                    

Unicode:

အခန်း [ ၁၁၁ ]

“ မင်းရဲ့လစဥ်ဘောနပ်စ်ကို ဖြတ်ရလိမ့်မယ် ”

ဟန်ကျိုးလီက ဘောပင်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။

“ ငါ မရှိတဲ့အချိန်မှာ လုမန်ကို ရိုင်းပျတာမျိုး သေးသေးမွှားမွှားလေးကအစ ထပ်ရှိမယ်ဆိုရင် အဲ့ဒါ မင်း အသုံးမကျလို့၊ လုမန်အရေးပါတာကိုသူတို့နားလည်အောင် မကိုင်တွယ်နိုင်ခဲ့လို့ပဲ ”

“ ဟုတ်ကဲ့ ”

ကျန့်ထျန်းမင်က သွက်သွက်ခေါင်းညိတ်၏။

“ ဒါဆို ယဲ့ရွှမ်းရွှမ်းကို ဘယ်လိုလုပ်လိုက်ရမလဲ သူဌေး ”

ယဲ့ရွှမ်းရွှမ်းသည် သူမတစ်ကိုယ်တည်း မိုက်မဲစွာ လုပ်ဆောင်ခဲ့သည့်အပြင် သူ့ကိုပါ တစ်လစာ လစဥ်ဘောနပ်စ် မရအောင် လုပ်သွားသေးသည်မို့ ကျန့်ထျန်းမင် အလွတ်ပေးလိုက်လျှင် ထူးဆန်းရာကျလိမ့်မည်။

“ ခြောက်လစာ ဘောနပ်စ်ဖြတ်တောက်ပြီးတော့ သတိပေးစာနှစ်စောင် ပေးလိုက်၊ အတွင်းရေးမှူးဌာနက ကျန်တဲ့သူတွေကိုလည်း သတိပေးစာတစ်စောင်စီ ပေးရလိမ့်မယ် ”

ဟန်ကော်ပိုရေးရှင်း၏ စည်းမျဥ်းစည်းကမ်းများအရ တစ်နှစ်အတွင်း သတိပေးစာသုံးစောင်ရရှိပါက အလုပ်ထုတ်ခံရမည် ဖြစ်သည်။

ထို့ပြင် တစ်နှစ်ကုန်လွန်သွားသည့်တိုင်အောင် သတိပေးစာတွေ ရရှိထားဖူးသည် ဟူသော အချက်ကိုတော့ သူတို့ကိုယ်ရေးဖိုင်ထဲမှာ မှတ်တမ်းယူထားလိမ့်ဦးမည် ဖြစ်ကာ တခြားကုမ္ပဏီသို့ ​ပြောင်းရွှေ့သည့်အချိန်တွင် ထိုအရာသည် သူတို့ကိုယ်ရေးမှတ်တမ်းတွင် အမည်းစက်တစ်ခုဖြစ်လာလိမ့်မည်ပင်။

ထိုသတိပေးစာနှင့်ပတ်သက်သော စည်းမျဥ်းဥပဒေသကို ကုမ္ပဏီတိုင်းနီးပါး သိကြသည်။

အကယ်၍ ကိုယ့်မှာ သတိပေးစာတစ်စောင်ရရှိထားပြီ ဆိုလျှင် ကြီးလေးသောအပြစ်ကို တစ်ခါ ကျူးလွန်ခဲ့ဖူးသည်ဟု အဓိပ္ပာယ်ဖော်ဆောင်၏။

လောက၌ လူတော်လူတတ်များစွာရှိသည်တွင် တော်တော်များများက အလုပ်ရှာနေကြသည်မို့ အသစ်အသစ်သောလျှောက်လွှာရှင်တွေ တိုးပွားလာနေရာ ယခင်က ကြီးလေးသော အပြစ်လုပ်ဖူးသူများကို ကုမ္ပဏီတွေက အလုပ်ခန့်ချင်မည် မဟုတ်ပေ။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now