8

7.3K 903 1
                                    

Unicode

အခန်း ၈ ) မင်းရဲ့ဒီလိုပုံစံကို မင်းရည်းစား မြင်ဖူးလား

ဟန်ကျိုးလီရဲ့ဝင်သက်ထွက်သက်တိုင်းမှာ ပူလောင်နေကာ အသံကလည်း လည်ချောင်းသံပါနေသည်။
“ ဒါဆိုရင် မင်းကိုယ်မင်း အထင်မှားနေပြီပဲ ”

ဒီလိုမိန်းမမျိုးက မက်မောစရာမကောင်းဘူးတဲ့လား!

ဟန်များတဲ့ လုချီအတွက်နဲ့ ဒီလိုမိန်းကလေးကို ပစ်ခဲ့တဲ့ ရည်းစားဟောင်းက တကယ့်ငတုံးပင်။

ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်ကာ သူ့မျက်လုံးတွေ နက်မှောင်သွားလေရင်း
“ မင်းရဲ့ဒီလိုပုံစံကို မင်းရည်းစား မြင်ဖူးလား ”

ဘာရယ် ?

ဟန်ကျိုးလီရဲ့မေးခွန်းကြောင့် လုမန် လန့်ဖျပ်သွားကာ စဥ်းစားချိန်ပင်မရလိုက် ပါးစပ်က အမှန်တွေအရင်ပြောထွက်သည်။
“ ဟင့်အင်း! ”

သူမခန္ဓာကိုယ်ကို ဟဲကျိန့်ပိုင်တစ်ယောက် မြင်တောင်မမြင်ဖူးတာ ထိဖို့ဆိုလျှင် ဝေးစွ။

သူမအဖြေကြောင့် ဟန်ကျိုးလီက ကျေနပ်စွာပြုံးရင်း နှုတ်ခမ်းတွေကို လာနမ်းသွားပြန်သည်။

ဒီတစ်ခါတော့ လုမန် မျက်လုံးပြူးသွားရသည်။ ဆောင့်တွန်းလိုက်ချင်သည်။ သို့သော် နောက်မှ သိလိုက်ရတာက သူမလက်တွေချည်နှောင်ထားခံရပြီးဖြစ်သည်။ 

ခံတွင်းထဲမှာ ခံစားမိသမျှက သူချည်းဖြစ်ကာ ဂုဏ်ရည်မတူသော အပူနှင့်အအေး ပူရှိမ်းရှိမ်း အရသာက သူမကို ခေါင်းမီးတောက်သွားစေသည်။

ဟန်ကျိုးလီ လွှတ်ပေးလိုက်ချိန်မှာ လုမန် ရင်ဘတ်တွေ နိမ့်ချည်မြင့်ချည် တုန်ရီနေပြီး အသက်ရှူသံတွေလည်း လေးလံနေသည်။
သူ့ရင်ဘတ်နှင့် ကပ်ဖိခံထားရသည့်အတွက် အသားချင်းထိနေပြီ ဆိုသော အသိက သူမကို ထိတ်လန့်စေသည်။ 

သူမအသားက ပေါင်ဒါတွေပုတ်ထားသည့်ပမာ ဆွတ်ဆွတ်ဖြူသည်။

ဟန်ကျိုးလီရဲ့မျက်လုံးတွေ မည်းကြုတ်လာသည်။ သူ့မှာ သူမကို မကြည့်ဘဲလည်း မနေနိုင်။ ခေါင်းအစ ခြေအဆုံး ကြည့်ပြီးသည်တွင်တောင် ရိုးသွားခြင်းလည်း မရှိ။ 

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now