54

4.1K 492 12
                                    

အခန်း ၅၄။ သမီးတို့ကမိသားစုတွေမဟုတ်ကြဘူးလား?

“ ဟုတ်တယ် အမေကောင်းကောင်းအနားယူရမယ် ဒါမှ မြန်မြန်သက်သာလာပြီး သမီးကိုကာကွယ်ပေးနိုင်မှာ ” နောင်တရစွာဖြင့် လုမန်လက်ကို ရှချင်းဝေတစ်ယောက် ဆုပ်ကိုင်ထားမိသည်။ “ အစကတော့ အမေ့သမီးအတွက်တွေးပြီး သမီးကိုလုမိသားစုဆီမှာအပ်ခဲ့တာပဲ..ဖအေဖြစ်တဲ့သူက ဘယ်လောက်ပဲ အမေ့အပေါ်မှာ ရက်စက်နိုင်ပါစေဦး သမီးကတော့ သူ့သွေးသားမို့ နှိပ်စက်မှာမဟုတ်လောက်ဘူးပေါ့..အမေနဲ့လိုက်ခဲ့လို့ဒုက္ခတွေခံစားနေရမှာထက်စာရင် သူနဲ့ထားခဲ့တာမှတော်ပါသေးတယ်ဆိုပြီးပဲ တွေးထင်ခဲ့တာပါ။ ဒါပေမဲ့ ဘယ်ထင်ထားမလဲ.. သူ့ဆီမှာ လူစိတ်နည်းနည်းတောင် ကျန်မနေတော့ဘူး! ”

ဒါပေမဲ့လည်း လုမန်ကတော့ လုချီယွမ်မှာ လူစိတ်မရှိတော့တာဟု မထင်။ သူ့မှာ ရှိသမျှသော ချစ်ခြင်းမေတ္တာနှင့် စာနာမှုအားလုံးကို ရှချင်းယန်နှင့် လုချီကို ပေးပစ်လိုက်တာကြောင့် သူမနှင့် မေမေ့အတွက် ဘာမှမကျန်တော့ခြင်း။  

“ မန်မန် အမေ့ကိုမှန်မှန်ပြောစမ်း ထိခိုက်အောင်လုပ်မိတာတွေ ထောင်ကျမယ်ဆိုတာတွေက ဘာတွေလဲ.. ဘာတွေဖြစ်နေတာလဲ ”
ရှချင်းဝေက မေးလိုက်သည်ကြောင့် လုမန်မှာ ဖြစ်ကြောင်းကုန်စင်ကို ပြောပြရန် လိုပေ၏။

“ သမီးသတိရလာတဲ့အချိန်မှာ လူတစ်ယောက်ကိုထိခိုက်ဒဏ်ရာရစေခဲ့တဲ့ မီးအိမ်က သမီးလက်ထဲမှာရှိနေတယ်မေမေ..လုချီကိုတော့ ဘယ်မှာမှမတွေ့ရတော့ဘူး..ဒါကြောင့် သူတို့တွေသမီးကိုချောက်ချစွပ်စွဲဖို့ကြံနေတာဖြစ်လောက်တယ်ဆိုတာသိလိုက်တယ်..ဒါကြောင့်ပဲ အမြန် ထွက်ပြေးခဲ့တယ်.. ဒါပေမဲ့ ဘယ်ထင်ထားမိမလဲ..သူတို့တွေက ခုထိကို လက်မလျှော့ကြသေးဘူး ”

“ အဲ့ဒီအယုတ်တမာတွေကတော့လား! ” ရှချင်းဝေ၏ မျက်ဝန်းအိမ်တွင် ဒေါသမီးတောက်များဖြင့် တောက်လောင်လာသည်။ လုမန်ကလည်း သူ့သမီးပဲကို သူ့ဘက်က ဒီလောက်ထိ ဆိုးဆိုးရွားရွား ပြုမူရသလား!

လုမန်ကို ဆယ်လကြာအောင် လွယ်ခဲ့ရသည့် သူမအတွက်တော့ သမီးလေးကသာ အရေးအကြီးဆုံးဖြစ်သည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now