27

6.4K 838 21
                                    

Unicode

အခန်း ၂၇ ) သူမ နုံအခဲ့တာပဲ

“ ဟာ! ”
ဒီလိုသတင်းဦးကြီးကို ကိုင်ထားရ၍ ထန်းကျိ ခေါင်းမူးလာသည်။

ထန်းကျိတစ်ယောက် သတင်းထုတ်လွှင့်ဖို့ စောင့်မနေချင်အောင် ဖြစ်နေတာကိုကြည့်ပြီး ခပ်မိုက်မိုက်ခေါင်းစဥ်တစ်ခုနှင့်အတူ စာကူးခြင်းကဲ့သို့ တရားဝင်စာတမ်းတွေနှင့် ပတ်သက်၍ စဥ်းစားတည်းဖြတ်ဖို့သာ မလိုအပ်လျှင် ထန်းကျိသည်  ဒီသတင်းဦးကို လိုင်းပေါ်ချက်ချင်းတင်လိုက်မည် ဖြစ်သည်။

လုမန် အကြံပေးလိုက်၏။
“ ဒါတွေယူပြီး ရွေးထုတ်ထားလိုက် အလျင်စလို မထုတ်ဝေနဲ့ဦး ”

“ ဘာဖြစ်လို့လဲ ”
ထန်းကျိက နားမလည်ပေ။
“ ဒါတွေအပြင်ရောက်သွားပြီဆိုတာနဲ့ လုချီဇာတ်သိမ်းသွားမယ်လေ ”

“ ငါသိပါတယ် ဒါပေမဲ့ အကုန်လုံးကိုပြိုင်တူထုတ်ဝေလိုက်ရင် ရလဒ်က ကောင်းမှာ မဟုတ်ဘူး။ အတင်းအဖျင်းတွေဆိုတာအချိန်အကန့်အသတ်ရှိတယ်။ ခဏကြာတာနဲ့ လူတွေက ဒါကို မေ့သွားကြလိမ့်မယ်။ ပြီးတော့ သူ့ကြောင့် ထိခိုက်စေမှုလည်း နည်းသွားလိမ့်မယ်။ နင်က အခုချိန်မှာ နာမည်ကြီးသတင်းထောက်ဖြစ်နေပေမယ့် ဒါမျိုး လုံးဝ မတွေးမိသေးဘူးမလား ”
လုမန်က ရှင်းပြလိုက်သည်။

“ သတင်းဆိုတာနည်းနည်းချင်းစီလွှင့်ရတယ် . . အခု အရမ်းကြီးမလောနဲ့ဦး ဥပမာပေးရရင်ကွာ လုဟန်လိဆေးရုံတက်ရတဲ့သတင်းကို မကြာခင် ထုတ်ပြန်တော့မှာမဟုတ်လား ”

“ ဟုတ်တယ် ဘာအနှောင့်အယှက်မှမရှိရင်တော့ ဒီညမှာပဲ လိုင်းပေါ်တင်လိမ့်မယ် ”
ထန်းကျိက ခေါင်းညိတ်သည်။

“ ဒါဖြင့်ရင် နင် လတ်လျားလတ်လျားလုပ်နေလို့မဖြစ်တော့ဘူး။ သူ့အကြောင်းကို အင်တာနက်မှာ အမြန်တင်လိုက်တော့ . . လုဟန်လိရဲ့ဒဏ်ရာတွေက သိပ်ပြင်းတာမို့ ချက်ချင်း သတိရလာဦးမှာ မဟုတ်ပါဘူးလို့ ”
အရင်ဘဝက မှတ်မိတဲ့အတိုင်း လုမန် သူ့ကို ပြောပြလိုက်သည်။ လုဟန်လိက အချိန်တွေအတော်ကြာမှ သတိရလာခဲ့တာဖြစ်သည်။

ဆေးရုံတင်ပြီးတဲ့နောက်မှာ လုဟန်လိရဲ့အသက်ကို ကယ်ဆယ်လိုက်နိုင်သော်လည်း ဒဏ်ရာတွေက ပြင်းထန်၍ တစ်လကြာအောင် သတိလစ်မေ့မြောနေခဲ့သည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now