11

7K 795 0
                                    

Unicode

အခန်း ၁၁ ) လူတွေကို ဒီလိုအနိုင်ကျင့်ရအောင် သူတို့မှာ ဘာလုပ်ပိုင်ခွင့်တွေရှိနေလို့လဲ

အိမ်၏ အတွင်းပိုင်းသည် ဖုန်အလိမ်းလိမ်းတက်နေပြီး အချိန်ကြာမြင့်စွာ သန့်ရှင်းထားခြင်း မရှိပေ။

သူမမေမေသည် ခန္ဓာကိုယ်အားနည်းသော်လည်း အသန့်ကြိုက်သည့် မိန်းမသား တစ်ယောက်ဖြစ်၍ အိမ်ကို ဖုန်တောထဲမှာ လုံးဝ ထားမည် မဟုတ်ပေ။

ထို့ကြောင့် လုမန်က အိမ်နီးချင်း အိမ်တံခါးကို ချက်ချင်း သွားခေါက်လိုက်သည်။

သူမကိုမြင်တော့ အိမ်နီးချင်း အန်တီဝူက ချက်ချင်း မေးလာပါ၏။
" လုမန် ညည်း . . ညည်းထွက်လာပြီလား "

သူမပြောသည်ကို ကြားလိုက်ရသည်နှင့် တစ်ခုခုတော့မှားနေပြီမှန်း လုမန် သိလိုက်သည်။
" 'ထွက်လာပြီလား'ဆိုတာ ဘာကိုပြောချင်တာလဲ အန်တီ "

" ဖုံးထားစရာမလိုပါဘူး ဒီကလူတိုင်းသိတယ်။ မနှစ်က ညည်းရဲ့ညီမဆိုလား လုချီထင်တာပဲ "
ပထမတော့ အန်တီဝူက လုချီဘယ်သူလဲဆိုတာ မသိပေ။ သို့သော် သူ့သမီးက နာမည်ကြီးမင်းသမီး ဟု ပြောလိုက်တာကို ကြားလိုက်ရ၏။ ထိုအချိန်က လုချီသည် နေကာမျက်မှန် နှင့် ဦးထုပ်ဆောင်းကာ နှာခေါင်းစည်းပင် တပ်ထားသေးသည်။

လုမန်မေမေ ရောဂါထဖောက်လို့ လူနာတင်ကားအပြေးသွားခေါ်ရမှ လုချီက ထိမ်ချန်ကွယ်ဝှက်ဖို့ မေ့သွားကာ မျက်နှာပေါ်သွားခြင်း ဖြစ်သည်။

သူတို့စကားတွေကို နားထောင်ရင်းမှ လုချီဟာ လုမန် ညီမ ဖြစ်ကြောင်း အန်တီဝူတစ်ယောက် သိလိုက်ရတာဖြစ်၏။

" သူ ဒီကိုရောက်လာတယ် . . ညည်းအမေကိုလာရှာတာ၊ ညည်း သူများကို အန္တရာယ်ပြုလိုက်လို့ ထောင်ဒဏ် ၈နှစ် ချခံလိုက်ရတယ် ဆိုပြီး လာပြောတာလေ "
အန်တီဝူက သက်ပြင်းတစ်ချက်ချသည်။
" ခက်တာက ညည်းအမေရဲ့ကျန်းမာရေးက သိပ်ကောင်းတာမှ မဟုတ်ဘဲ ဒီသတင်းကိုကြားပြီး သူ့မှာ ခံနိုင်ရည် မရှိဘူး၊ မြန်မြန်ပဲ ဆုံးပါးသွားရှာတယ်လေ ဆေးရုံကိုသွားတဲ့လမ်းခုလတ်မှာတင် ဆုံးသွားတာ ဆိုပြီးတော့တောင် အဒေါ် ကြားလိုက်ပါသေးတယ် "

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now