72

3.8K 443 6
                                    

အခန်း [ ၇၂ ]

ရှချင်းဝေ တကယ်ကို မခံနိုင်တော့သဖြင့် ရယ်လက်စနဲ့ ထန်းကျိကို မောင်းထုတ်ရတော့သည်။
“ တော်ပြီ တော်ပြီ မန်မန် သူ့ကို ခေါ်သွားတော့၊ ကြာရင် ရယ်ရလွန်းလို့ ငါ့ဒဏ်ရာတွေပြန်ပွင့်တော့မယ် ”

ထန်းကျိကပဲ လုမန်ကို အပြင်ခေါ်ထုတ်သွား၏။

“ ဒါက လျိုမူစန်းနဲ့ပတ်သက်ပြီး နင် စုံစမ်းခိုင်းထားတဲ့ဟာ .. ငါ့သူငယ်ချင်း ရဲတစ်ယောက် ရှာပေးတာလေ .. အမှုတွဲဖိုင်ကို ပေးလို့မရပေမယ့် အတွင်းက အချက်အလက်တွေတော့ ပြောပြလို့ရတယ်တဲ့ ”
လျိုမူစန်းသည် အကောင်သေးသေးဖြစ်လို့ အရှိန်အဝါမကြီးသလို သိပ်အရေးမပါသဖြင့် သူနှင့်ပတ်သက်သော အချက်အလက်တချို့ကို ​ဖော်ပြလိုက်လို့ ရနေသည်။

“ ကျေးဇူးတင်တယ် သိလား နင်ငါ့ကိုကူညီတာတွေများနေပြီ ”
လုမန်က အမှုတွဲဖိုင်ကို ယူလိုက်ပေမည့် ချက်ချင်း မကြည့်ပေ။

“ အံမာ .. အချင်းချင်းတွေပဲကို ဘာကိစ္စကျေးဇူးတွေဇွတ်တင်နေတာလဲ .. သြော် ဒါနဲ့ ​ပြောရဦးမယ်.. ငါသိသွားပြီ .. နင်အလုပ်လျှောက်တဲ့ကုမ္ပဏီတွေများပြီး ဘာလို့အလုပ်မရသေးတယ်ဆိုတဲ့အကြောင်းလေ ”

ဟုတ်ပါသည်။ တစ်ခုခုတော့ လွဲနေပြီလို့ လုမန် ခံစားမိနေတာကြာပါပြီ။

ဒါပေမယ့်လည်း ရုပ်ရှင်ရုပ်သံကုမ္ပဏီတွေ စီမံခန့်ခွဲရေးကုမ္ပဏီတွေနဲ့ ပတ်သက်သော အလုပ်တွေကိုပဲ သူမ လျှောက်နေခဲ့သည်။

ကိုယ်က မတော်ဘူးဆိုရင်တောင် ဘယ်ကုမ္ပဏီမှ မလိုချင်တာကတော့ မဖြစ်နိုင်။

ထို့ကြောင့် အကြောင်းစုံသိရဖို့ ထန်းကျိကို အကူအညီ တောင်းခဲ့ပါ၏။

သတင်းထောက်တစ်ယောက်အနေဖြင့် ထန်းကျိ၏ မျက်စိတွေ နားတွေသည် ဟန်ပြထားခြင်း မဟုတ်ပေ။

“ နင့်အဖေ အရူးကြီး လုပ်တာ ”

ပြောပြီး ထန်းကျိက အားနာသလို ပြုံးသည်။
“ နင့်အဖေ့ကို အဲ့လိုပြောလို့ စိတ်မဆိုးနဲ့နော် ”

လုချီယွမ်ဘယ်လောက်ဆိုးဆိုး သူဟာ လုမန်၏ အဖေ သွေးသားရင်း ဖြစ်နေသေးသည်။ 

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now