195 + 196

484 61 0
                                    

(Unicode)

အခန်း [ ၁၉၅ ]

“ အဲ့ဒါ မင်းကိစ္စလေ။ သူက မင်းနဲ့ပေါင်းသင်းဆက်ဆံရေးလုပ်နေရတဲ့သူ။ တို့တွေနဲ့တော့ အတင်းလာမရောခိုင်းနဲ့ပေါ့။ မုန်းစရာတွေပဲဖြစ်ကုန်လိမ့်မယ်။ သိုက်ရုန်ချန်းဆိုတာ ငါမှုလောက်ရတဲ့ကောင် မဟုတ်သေးဘူး ”
ဘိုးဘိုးဟန်က ဤသို့ အေးဆေးတည်ငြိမ်စွာ ဆိုသည်။

ခံယူချက်သဘောထားတွေကို ကိုယ်စီကိုယ်င ဖော်ပြပြီးသည့်နောက်မှာ ဘွားဘွားဟန်သည် ဟန်တုံးဖျင် နောက်ပိုင်းမှာ ဘာဆက်လုပ်မည်ကို ဂရုမစိုက်တော့ဘဲ ဟန်ကျိုးလီဘက်ကိုလှည့်၍ ဆိုလေသည်။
“ ကျားသားမိုးကြိုး မင်း ဒီနေ့ တို့အိမ်ကို ရောက်လာတယ်နော် အံ့သြဖွယ်ရာပဲ ”

ဟန်ကျိုးလီ “…”

“ ဘွားတို့က သိုက်ယီးရန်ကို မကြိုက်ဘူးဆိုတာမှန်ပေမယ့် ဒါဟာ မင်းကို ချစ်သူရှာဖို့ လောစရာမလိုဘူးလို့ ပြောတာမဟုတ်ဘူးနော်။ မင်းလည်း မြန်မြန်ပြန်ပေတော့။ ချစ်သူရမှ ပြန်လာခဲ့ ”

ဟန်ကျိုးလီ “…”

မြားဦးက သူ့ဘက်ကို လှည့်လာပြန်သည်။ စာရွက်လှန်တာကမှ ကြာဦးမယ်..

“ ကျွန်တော့်မှာ ချစ်သူရှိတယ် ”
ဟန်ကျိုးလီ အင်မတန် ဂုဏ်ယူဝင့်ကြွားနေ၏။ ချစ်သူရည်းစားရှိတယ်ဆိုတာ ယုံကြည်မှုတွေကို တိုးမြှင့်ပေးလိုက်သလိုမျိုးပဲ.. သေချာသည်။
“ အဲ့ဒါကြောင့် ဘကြီးကိုပြောချင်တယ် နောက်ကို ဘယ်မိန်းကလေးနဲ့မှ ကျွန်တော့်ကို မိတ်ဆက်ပေးစရာ မလိုဘူး ”

ဘွားဘွားဟန်သည် အံ့သြမှင်တက်သွားဟန်ဖြင့်
“ တကယ်.. မင်းက ချစ်သူရသွားပြီ ဟုတ်လား။ နောက်နေတာတော့မဟုတ်ဘူးမလား ”

“ ဘာဖြစ်လို့နောက်ရမှာလဲဗျ ”
ဟန်ကျိုးလီသည် ကျောကော့ရင်မော့လျက်
“ တကယ်ကောင်မလေးရသွားပြီ ”

“ အဲ့မိန်းကလေးက ဘာအလုပ်လုပ်တာတဲ့လဲ ”
ဘွားဘွားဟန်က ဟန်ကျိုးလီဘက်ကို ယိမ်း၍ တိုးထိုင်လိုက်ကာ
“ ဘွား ကြိုပြောထားမယ်။ မင်းရဲ့ချစ်သူဟာ လူထင်ပေါ်ထဲက မဖြစ်ရဘူး။ မင်း အဲ့ဒီလူထင်ပေါ်တွေကို ကြည့်လိုက်စမ်းပါ။ သူတို့တွေက သိပ်ကို ဉာဏ်များကြတာနော်။ အထူးသဖြင့် မင်းသမီးတွေပဲ။ ရိုးသားစစ်မှန်ရဲ့လား ဟန်လုပ်သရုပ်ဖော်နေတာလားတောင် မသိနိုင်ဘူးနော်။ သူတို့ရဲ့ကိုယ်ပိုင်ဘဝတွေဆိုရင် ဘယ်လောက်တောင်ရှုပ်ထွေးပွေလီလိုက်မလဲ။ ဘွားကတော့ ဉာဏ်သိပ်များပြီး မရိုးသားတဲ့မြေးချွေးမမျိုးကို မလိုချင်ဘူး။ ဟိုလိုမျိုး လု လုဘယ်သူ.. ”

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now