69

3.7K 444 6
                                    

၆၉။ [ ထောင်ကျစေချင်နေတာလေ ]

“ အဲ့ဒီယွမ်တစ်သောင်းက တစ်စုံတစ်ယောက်ရဲ့အသက်ကိုကယ်ဖို့ပဲ .. ခင်ဗျား လူသတ်ဖို့ လုပ်နေတာ .. ရှချင်းယန် တစ်ခုခုပြောပါဦး ”

“ နင်တို့တွေ မလာနဲ့နော် ..  မထိနဲ့ .. သွားကြ .. ”
ဆံပင်တွေ ဖရိုဖရဲဖြစ်နေပုံကြောင့် ခု သူမပုံစံက  အရူးမကြီးသဖွယ်။
“ ငါဘာမှမလုပ်ခဲ့ဘူး .. အကုန် လုမန်လုပ်တာ .. သူ ငါ့ကို ချောက်တွန်းဖို့ ကြိုးစားနေတာ .. ကယ်ပါ .. ချီယွမ် .. လုပ်ပါဦး .. မြန်မြန် သူတို့ကို မောင်းထုတ်ပေးပါ ”

သို့သော် လုချီယွမ် ကားထဲသို့ ပုန်းဝင်သွားခဲ့၏။ အပြင်က သတင်းထောက်တွေအားလုံးဟာ ဖုတ်ကောင်တစ်အုပ်ပမာ ရန်မူကြမ်းကြုတ်လို့ ကြောက်စရာ ကောင်းသည်။ ရှချင်းယန်လို ဖြစ်မှာစိုးလို့ သူ အပြင်ထွက်ရမှာကြောက်နေသည်။ 

ခုနေ လုမန်သာ ရှိနေရင် အံ့သြထူးဆန်းနေမှာ မဟုတ်..

အဘယ်ကြောင့်ဆိုသော် လုချီယွမ်သည် သူ့ကိုယ်သူထက် ဘယ်သူ့ကိုမှ ပိုမချစ်၍ ဖြစ်၏။

လုချီတောင်မှ ကားထဲမှာ ရှိနေသည်။ ပြတင်းတံခါးကို ဖိလျက် နှုတ်ခမ်းကိုက်ထားသည့်တိုင် အပြင်ထွက်ဖို့တော့ သတ္တိမရှိပါ။

သတင်းထောက်တွေ ဓာတ်ပုံဝိုင်းရိုက်နေသည့် အလယ်က ရှချင်းယန်ကို ကြည့်နေရုံပဲ လုချီတတ်နိုင်၏။ ရှချင်းယန်၏ အားကိုးရာမဲ့ စိတ်သောကရောက်နေရှာသော အသွင်အပြင်သည် လမ်းပေါ်က သူတောင်းစားပမာ ဖြစ်နေတော့သည်။

သတင်းထောက်တွေ ဓာတ်ပုံရိုက်ခြင်း ပြီးဆုံးမှ
“ သွားကြစို့ ဓာတ်ပုံရိုက်စရာ မရှိတော့ဘူး ”
ဟု ထန်းကျိက ဆို၏။

အားလုံး လူစုခွဲသွားကြသည်။

ထိုအခါမှ လုချီယွမ်နှင့် လုချီ တို့ တံခါးဖွင့်ပြီး ကားပေါ်ကဆင်းလေသည်။ ရှချင်းယန်က အောက်မှာ ​ခြေပစ်လက်ပစ် လဲကျ ငိုယိုနေ၏။ 

အဆီပြန်နေသော ဆံပင်တွေက မျက်နှာပေါ်မှာ ဖရိုဖရဲ ကပ်တွယ်နေသည်။ မော့ကြည့်လာမှ ကင်မရာနဲ့ ရိုက်မိလို့ နဖူးမှာ ဒဏ်ရာရသွားတာကို မြင်လိုက်ရ၏။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now