66

4.1K 536 18
                                    

၆၆။ [ မင်းအပေါ်မှာ အရင်က မတော်တရော်ပြုမူခဲ့မိတာတွေအတွက် ခွင့်လွှတ်ပေးနိုင်မလား ]

သို့ပေမယ့် ဟန်ကျိုးလီက ယွမ်ငါးသောင်းကို ချက်ချင်း ပြန်လွှဲပေးလိုက်ကာ
“ ကိုယ်ပြောခဲ့ပြီးပြီပဲ၊ ပိုက်ဆံပြန်ပေးဖို့က အလျင်မလိုဘူးလို့၊ မင်းမေမေရဲ့နောက်ဆက်တွဲဆေးကုသမှုတွေအတွက် မင်း ပိုက်ဆံလိုဦးမှာ၊ ခု ငါးသောင်းပဲ လက်ခံထားလိုက်မယ်၊ နောက်တော့မှ ကိုယ့်ကို ပြန်ဆပ်ပါ၊ ကျိုးချန်နဲ့ ရွှီဟွေ့ကို စိတ်ကြိုက် သုံး၊ အားနာစရာ မလိုဘူး ”

ပြန်ရောက်လာသည့် ယွမ် ငါးသောင်းကိုကြည့်ရင်း လုမန် မငြင်းဖြစ်လိုက်။

ကီးပဒ်ပေါ်မှာ လက်ချောင်းလေးတွေ ရစ်သီဝေ့ဝဲသွားသည်။ နှုတ်ခမ်းကို ကိုက်ရင်း အတန်ငယ် တွေးဆပြီးမှ 
“ သခင်လေးဟန်ကို မေးချင်နေခဲ့တာပါ၊ ဘာလို့.. ဘာလို့ ကျွန်မကို ဒီလောက်ထိ အကူအညီတွေ ပေးနေရတာလဲဟင် ”

“ ဒါကို ကိုယ့်ရဲ့အရင်ကအပြုအမူတွေအတွက် တောင်းပန်မှုတစ်ခုလို့ မှတ်ယူပေးပါ၊ အရင်က မတော်တရော်ပြုခဲ့မိတာတွေအတွက် တောင်းပန်ပါတယ် ”

လုမန် အံ့သြသွားသည်။ ဟန်ကျိုးလီ ဘာကို ဆိုလိုချင်နေသလဲ?

ပြုခဲ့တုန်းကတော့ သူ့ပုံက တောင်းပန်အားနာစိတ်လည်းမရှိ။ ရုတ်တရက်ကြီး တောင်းပန်လာတာက ဘာကြောင့်လဲ?

တကယ် နားမလည်ပါ။ ဟန်ကျိုးလီ ကြံစည်နေတာတွေကိုလည်း အဖြေမထုတ်တတ်။

သူ နောက်ထပ်မက်ဆေ့ချ်ပို့လာခဲ့၏။
“ မင်းအပေါ်မှာ အရင်က မတော်တရော်ပြုမူခဲ့မိတာတွေအတွက် ခွင့်လွှတ်ပေးနိုင်မလား ”

ဒီလိုရိုးသားစွာတောင်းပန်လာမှတော့ လုမန် ဘာပြောနိုင်ဦးမလဲ?

ခွင့်လွှတ်ပါတယ် ဟု ပြောပြီး ဖြစ်ပျက်ခဲ့သမျှကို မေ့ကာ အသစ်တစ်ဖန် ပြန်စရုံသာ ရှိသည်။

သံသယတွေပွေ့ပိုက်ထားရရင်တောင်မှ..

လုမန် ကျေးဇူးထပ်တင်လိုက်ကာ ရှချင်းဝေက သန့်စင်ခန်းသွားချင်နေသဖြင့် ဖေးကူရအောင် ဖုန်းကို ချထားခဲ့လိုက်၏။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now