15

6.7K 799 13
                                    

Unicode

အခန်း ၁၅ ) ခင်ဗျားတို့နှစ်ယောက်မှာ တစ်ယောက်က အယုတ်တမာကောင် တစ်ယောက်က ခွေးမ

“ ဖြန်း! ”

လုချီယွမ်က လုမန်ကို အဝေးထိဆွဲသွားပြီး ပါးကို ပြင်းပြင်းရိုက်ထည့်လိုက်သည်။

အစောပိုင်းက လုမန် လုချီကိုပေးလိုက်သည့် ရိုက်ချက်မှာ ဒေါသတွေအမုန်းတွေအပြည့် အားကုန်သုံးပြီး တစ်ချက်တည်းနှင့် သေသွားပါစေ ဆိုပြီး ရိုက်ထည့်လိုက်တာမျိုးဖြစ်သည်။

ခုလည်း လုချီယွမ်က ထိုသို့သော စိတ်မျိုးနှင့် ရိုက်ထည့်လိုက်တာဖြစ်မည်ထင်သည်။

လုချီယွမ်၏ ရိုက်ချက်ကြောင့် လုမန်တစ်ယောက် ကြမ်းပြင်ပေါ်မှာ ပုံလျက်သားလဲကျသွားသည်။ နှုတ်ခမ်းထောင့်တွေလည်း ပေါက်ပြဲသွား၏။ သွားဖုံးမှစိမ့်ထွက်လာသည့် သွေးတွေဟာ ပေါက်ပြဲသွားသည့်  နှုတ်ခမ်းထောင့်မှာ စီးကျနေလျက်။

“ ဟားဟားဟားဟား လုချီယွမ်! ”
လုမန် သူ့ကို အဖေလို့ပင် မခေါ်ချင်တော့ပါ။
“ ခင်ဗျားမျက်လုံးထဲမှာ မေမေနဲ့ ကျွန်တော်က ဘာတန်ဖိုးမှမရှိဘူး။ ရှချင်းဝေနဲ့သူ့သမီးကမှ အသည်းအသက်ကလေးတွေ။ ခင်ဗျားဘဝရဲ့အခက်ခဲဆုံးအချိန်တွေမှာ ဘေးနားရှိနေပေးခဲ့တဲ့သူက ကျွန်တော့်မေမေဆိုတာကို ခင်ဗျားကြီး မေ့သွားပြီလား။ ကျွန်တော်ငယ်ငယ်တုန်းက အကြွေးရှင်တွေအမြဲလိုက်လို့ မေမေရော ကျွန်တော်ပါ စိတ်ဆင်းရဲခဲ့ရတယ်ဆိုတာကို ခင်ဗျား မေ့သွားပြီလား ဟင် ”

“ နောက်တော့ ကျွန်တော်တို့မိသားစုလေးပြေပြေလည်လည်ရှိလာတယ်။ ခင်ဗျားက ချမ်းသာလာတယ်။ ဒါပေမယ့်လည်း ခင်ဗျားဆိုတဲ့ကောင်ကြီးက မိုးအုံ့တဲ့နေ့ရက်တွေမှာ ခင်ဗျားနဲ့အတူ မေမေ့ကိုပါ ဆင်းရဲဲဒုက္ခတွေခံစားခိုင်းပြီးတော့ နေသာတဲ့နေ့ရက်တွေကျတော့ တခြားမိန်းမနဲ့ သာယာတယ်။ အဲဒီနှစ်တွေမှာ ခံစားခဲ့ရတဲ့ဆင်းရဲဒုက္ခတွေကြောင့် ကျွန်တော့်မေမေရဲ့ခန္ဓာကိုယ်မှာ ချို့ယွင်းချက်တွေဖြစ်လာခဲ့တာ။ ခင်ဗျား အခုလို ဇိမ်ကျကျနေနိုင်ဖို့ ကျွန်တော့်မေမေက သူ့တစ်ဘဝလုံးကို ပေးဆပ်ခဲ့ရတာပါ။ ဒါပေမဲ့ ခင်ဗျားကတော့ တစ်ခြားတစ်ယောက်နဲ့ သာယာပစ်တယ်။ ခင်ဗျားနဲ့နေခဲ့ရတဲ့အချိန်တွေမှာ ကျွန်တော့်မေမေ အေးအေးချမ်းချမ်းနေခဲ့ရတဲ့ရက်ရယ်လို့ တစ်ရက်ကလေးတောင် မရှိဘူး ”

ထိုမှစခဲ့သော အချစ်များစွာသည် Tahanan ng mga kuwento. Tumuklas ngayon