103

2.8K 294 6
                                    

Unicode :

အခန်း [ ၁၀၃ ]

သိုက်ယီးရန် မယုံကြည်နိုင်သလို လိုက်ကြည့်နေမိရင်း ဒေါသထွက်စိတ်ရှုပ်သွား၏။

ထို့နောက် တံခါးဖွင့်ပြီး အပြင်ကို လက်ညှိုးထိုးပစ်လိုက်ကာ
“ ခုချက်ချင်းထွက် ”

ပြောလိုက်ပေမယ့် လုမန်က စိမ်ပြေနပြေထိုင်ပြီး ခေါင်းလေးပဲမော့လာသည်။
“ ကျွန်မကို သူဌေးက ခေါ်ထားတာရယ်၊ သူ့အစည်းအဝေးပြီးတဲ့အထိ ဒီမှာစောင့်နေပါတဲ့ ”

“ ဖြစ်ရလေ ”
သိုက်ယီးရန်က အထင်မြင်သေးစွာ ကြည့်၏။
“ အစ်ကိုက သူ မရှိတဲ့အချိန် ဘယ်သူ့ကိုမှ အထဲမဝင်ခိုင်းဘူး ”

လုမန်က ပြောတာကို နည်းနည်းမှဂရုမစိုက်သလို မျက်ခုံးလေး တစ်ဖက်ပင့်ပစ်လိုက်၍..
“ ဒါဆို အခု ရှင်ကရော ”

“ ဘယ်တူမလဲ! ”
သိုက်ယီးရန် ဒေါသဖြစ်သွားသည်။

ဒီမိန်းမ တော်တော်ရယ်ရပါလား..

ကိုယ်နဲ့ယှဥ်ရအောင် ဘာမှတ်လို့..

သူမက ဝန်ကြီးသမီး၊ အစ်ကိုနဲ့လည်း သိသည်။

“ အဟွန်း.. ”
လုမန်က ရေတစ်ငုံ သောက်လိုက်သေး၏။
“ ရှင့်ကို ဝင်လို့ရတယ်လို့ သူဌေးကိုယ်တိုင်ပြောတာလား၊ ကျွန်မက သူဌေးကိုယ်တိုင်အလုပ်ကိစ္စဆွေးနွေးဖို့ ခေါ်ထားလို့ ဒီမှာ ထိုင်စောင့်နေတာ၊ လက်ထောက်ကျန့်ကိုယ်တိုင် လိုက်ပို့သွားတာပဲ၊ ရှင်လည်း ကျွန်မနဲ့အတူ ထိုင်စောင့်ချင်စောင့်ပါ၊ ဒါ ပြဿနာမရှိဘူး၊ ဒါပေမဲ့ ခုလိုမောင်းထုတ်တာမျိုးတော့ ဘယ်ရမလဲ၊ ရှင့်မိသားစုဖွင့်ပေးထားတဲ့ကုမ္ပဏီမှမဟုတ်တာ၊ ဟုတ်တယ်မို့လား ”

“ ကျန့်ထျန်းမင် လိုက်ပို့တာ.. ကျန့်ထျန်းမင်က ဘယ်သူမို့လို့လဲ၊ လက်ထောက်သာသာလေးပဲ၊ တို့ကိုတော့ အစ်ကို့ဦးလေးခေါ်လာတာ ”
သိုက်ယီးရန် လက်ညှိုးထိုးပစ်လိုက်ကာ
“ မင်းကို ခုချက်ချင်း ထွက်သွားစေချင်တယ်၊ နောက်မှ ရိုင်းတယ်လာမလုပ်နဲ့ ”

အသံက ခပ်စူးစူးမို့ တစ်ဖက်က အတွင်းရေးမှူးရုံးခန်းကလူတွေလည်း ကြားရသည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now