181 ~ 185

880 84 8
                                    

(Unicode)

အခန်း [ ၁၈၁ ]

“ မင်းကို ဘယ်သူက ကြားလူလာလုပ်ခိုင်းလို့လဲ ” ဟန်ကျိုးလီ နန်ကျင်းဟန်ကို ခပ်စူးစူး စိုက်ကြည့်လိုက်သည်။

သို့ပေမယ့် နန်ကျင်းဟန်က နည်းနည်းမှ ဂရုမစိုက်ဘဲ ဖုန်းထုတ်ပြီး WeChat ဖွင့်လိုက်ကာ
“ မရီး ကျွန်တော့်ကို Add ပေးပါ ”

လုမန် : “…”

သတင်းတွေမှာ နန်ကျင်းဟန်နာမည်ကို ကြားဖူးပေမယ့် ဒီလိုမျိုးဖြစ်နေမယ်လို့ မထင်ထားမိပေ။

ဟန်ကျိုးလီကိုကြည့်လိုက်တော့ သူက ပြုံးပြီး ပြောသည်။
“ Add လိုက် ပြီးရင် Ignore လုပ်ထားပေါ့ ”

“ ကြည့် လုပ်ပြီ ပြောပုံကိုက ကျွန်တော့်မှာ ကောင်မလေး ရှိပါတယ်နော် ”
နန်ကျင်းဟန်က ခေါင်းမော့ရင်ကော့လျက်
“ မကြာခင် လက်ထပ်ကြတော့မှာ ”

ဟန်ကျိုးလီ “…”

ခွေးကောင်!

လုမန် ရယ်ချင်ပက်ကျိဖြစ်သွားပေမယ့် မရယ်မိအောင်ထိန်းရင်း ဖုန်းထုတ်လိုက်ကာ WeChat မှာ နန်ကျင်းဟန်ကို Add လိုက်သည်။

“ ကိုယ်တို့ညီအစ်ကိုတွေ Group လုပ်ထားတာရှိတယ်။ မင်းကို ထည့်လိုက်မယ်နော်။ အားလုံးက ငယ်ငယ်လေးတည်းက အတူကစားလာကြတဲ့ သူငယ်ချင်းတွေချည်းပဲ။ တော်တော်များများကတော့ အိမ်ထောင်ကျသွားကြပြီ။ သူတို့ဇနီးတွေလည်း Group ထဲမှာရှိတယ်”

“ ဘယ်သူက စလိုက်တယ်တော့ မသိတော့ဘူး။ အစကတော့ Group က ကျွန်တော်တို့အတွက်ပဲ လုပ်ထားတာလေ။ နောက်တော့ ပထမဆုံးတစ်ယောက် အိမ်ထောင်စကျပြီးကတည်းက သူတို့မိန်းမတွေကိုပါ Group ထဲထည့်ကြတော့တာပဲ ”
နန်ကျင်းဟန်က ရှင်းပြသည်။

တအားခင်မင်ရင်းနှီးကြတဲ့သူငယ်ချင်းတွေစုပြီး ဖွဲ့ထားကြတဲ့ Group ဖြစ်မည်ထင်။

ထို Group ထဲကို ထည့်ပေးမည်ဆိုတော့ သူမကိုလည်း သူတို့ထဲကတစ်ယောက်လို့ သတ်မှတ်လိုက်သည့်ပုံ။

ခုမှ စတွဲရုံရှိသေးတာကို ဂရုထဲထည့်ပေးတယ်ဆိုတော့ နောက်များ ကွဲမယ်ပြတ်မယ်တွေဖြစ်ခဲ့ရင် ဘယ့်နှယ်လုပ်ကြမလဲ..

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now