38

6.3K 797 56
                                    

Unicode


အခန်း ၃၈ ) တချို့လူတွေရဲ့ပါးစပ်က သူတို့စိတ်နှလုံးလိုပဲ.. ညစ်ညမ်းတယ်

လုချီယွမ်မျက်နှာ စူပုပ်သွားလေတော့၏။ ရှချင်းယန်ပြောသမျှစကားလုံးတိုင်းသည် သူ့နှလုံးကို ထိုးဖောက်နေသလိုရှိသည်။

“ ​ဟုတ်ပါပြီ .. ကျော်မ​ကောင်းကြားမကောင်းမှန်းသိရင် ဘာလို့ ဆက်ပြောနေသေးလဲ ”
သူတစ်ပါးကရုဏာသက်ဖို့အရေး လုမိသားစုမှာ ဘယ်လိုတွေခံစားခဲ့ရကြောင်း သူမက အပြင်လူတွေကိုပြောပြထားသည် ဟု လုချီယွမ်သံသယဝင်နေတာကို လုမန်သိသည်။ 

သို့ပေမယ့် လုမန်ကတော့ ဂရုကိုမစိုက်တာပါ။

ဖအေဖြစ်သည့် လုချီယွမ်သည် သြချရလောက်အောင် သူမစိတ်နေစိတ်ထားနှင့်ပတ်သက်၍ ဘာမျှမသိပေ။

လုချီယွမ်က မယုံကြည်လို့ သံသယဝင်လို့ ဆိုပြီးတော့လဲ လုမန်က ဝမ်းနည်းစိတ် မဖြစ်။ သူမဟာ ထုံထိုင်းနေခဲ့ပြီကိုး။

ပြီးတော့ တခြားရှုထောင့်ကနေတွေးကြည့်လေ။ အရင်က ဆိုးဆိုးရွားရွားတွေသာ မခံစားခဲ့ရရင် သူမ အခုလောက်ထိ ထုံထိုင်းနေပါ့မလား။

သို့ပေမယ့် လုချီယွမ်ကတော့ ဒါတွေမသိ။

“ စိတ်ချပါ လုမန်က အိမ်မှာဖြစ်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှဖောက်သည်မချဘူး ”

လုမန် ဘာမှမပြောပေမယ့် ဝူကျိကော်က တော်တော်ကို မတရားဘူးထင်တာကြောင့် သူမဘက်ကဝင်ပြောပေးလိုက်သည်။

“ ရှချင်းဝေနဲ့ ပြောတဲ့စကားတွေကလည်း ပုံမှန်အတိုင်း ရှင်းရှင်းကြီးပဲ။ ဟမ့်.. ခင်ဗျားတို့တွေလုပ်ရဲမှတော့ အတင်းအဖျင်းတွေထွက်မှာလည်း မကြောက်ကြနဲ့လေ ”

ဝူကျိကော်​​​စကားတွေကို နားထောင်ပြီး ရှချင်းယန် မျက်နှာ​အမူအရာ ပြောင်းလဲသွားသည်။ သူမက အထင်သေးစွာဖြင့် ပြောလိုက်၏။ 
“ ကျွန်မတို့အိမ်တွင်းရေးကို ဝင်စွက်ဖက်ရအောင် ရှင်က ဘယ်သူမို့လို့လဲ။ ရှချင်းဝေရဲ့လင်အသစ်တော့မဟုတ်ပါဘူးနော် ဟုတ်လား ”

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now