52

4.5K 495 7
                                    

အခန်း ၅၂။ ဟန်ကျိုးလီ ဘယ်လိုစိတ်နဲ့ ကြည့်ကြည့် ဂရုစိုက်စရာလား!

“ ကိုယ့်ကိုယ်ကိုယ်ကြည့်ပါဦး၊ နင်က အဖေအထင်လွဲခံရမှာကို​ကြောက်နေပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ အထင်လွဲခံရလည်း လွှတ်ထားတယ်။ လုမန်က အဖေ အထင်လွဲခံရမှာတွေဘာတွေကို နည်းနည်းမှ ဂရုစိုက်တာမဟုတ်ဘူး။ စိတ်ခုသွားမလား ဘာလားလည်း ခေါင်းထဲတောင်ထည့်တာမဟုတ်။ ပြီးတော့ အဲ့လိုပြုမူတတ်တဲ့သူက အဖေ့ကို ဘက်လိုက်တယ်ဆိုပြီး အပြစ်တင်ရတယ် ရှိသေးလေ! ”
လုချီ၏ သိတတ်မှုကြောင့် လုချီယွမ်ရင်ထဲထိသွားပေမည့် မိသားစုသံယောဇဥ်ကို အလေးမထားသော လုမန်ကြောင့် ဒေါသလည်းဖြစ်မိသည်။ 

“ အဲ့လိုမပြောပါနဲ့ အဖေရယ်၊ မမက ဒီနှစ်တွေမှာ အဖေ သမီးကို ဂရုစိုက်အလေးပေးတာတွေနဲ့ ပတ်သက်ပြီး မကျေနပ်ရုံပဲ ဖြစ်ပါလိမ့်မယ်။ ဘာလို့ဆို သမီး ဒီမိသားစုထဲကိုရောက်မလာခင်မှာ မမက လုမိသားစုရဲ့မင်းသမီးလေး အဖေ့ရဲ့တစ်ဦးတည်းသော သမီးလေးဖြစ်ခဲ့လို့ အဖေ့ဆီက အချစ်တွေအားလုံးကိုရရှိခဲ့တယ်။ ဒါပေမဲ့ သမီးရောက်လာတဲ့အခါကျတော့ သူ့အပေါ်မှာ ထားရှိတဲ့ အဖေ့မေတ္တာတွေမှာ သမီးကပါ နေရာယူလာတယ်။ ဒါကြောင့် သူ့နေရာကို လုတယ်ဆိုပြီး မမက မကျေနပ်တာပဲဖြစ်ရပါမယ်။ ဒါကို သမီး နားလည်နိုင်ပါတယ် ”
လုချီက ပြောလိုက်သည်။ သူမမှာ လုချီယွမ်ကို နှစ်သိမ့်ရန် ကြိုးပမ်းနေသည်ဟု ထင်ရသော်ငြား လုမန်မကောင်းကြောင်းတွေ ပြောသွားတာဖြစ်သဖြင့် သူ့ဒေါသအတွက် လောင်စာဖြည့်ပေးသလိုဖြစ်သွား၏။

“ ဟွန့်! ​နင်ပြောသလိုပဲ နင်ရောက်မလာခင်မှာ သူက အချစ်တွေအားလုံးကိုရရှိခံစားထားတာမို့ နင့်ကို ခွဲပေးလိုက်ရတာက ဘာများဖြစ်သွားမှာမို့လို့လဲ? သူက နှစ်တွေနဲ့ချီအောင် အချစ်ခံရပြီးပြီ၊ လုမိသားစုရဲ့သမီးတစ်ယောက်အနေနဲ့ နင့်ထက်တောင် အခွင့်အရေးတွေအများကြီး ရရှိခံစားခဲ့ရပြီးပြီ။ အဲ့ဒါကို ဘာတွေမမျှတဘူးလို့ ခံစားနေရသလဲ? ဟင်? နင်ကတော့ အများကြီးနစ်နာခဲ့ရပြီးပြီမို့လို့ အဖေ နင့်ကို ကောင်းကောင်းဆက်ဆံပေးဖို့ လိုတယ်လေ! ဒါလေးတောင် သူက နားမလည်ဘူးလား? ပွင့်ပွင့်လင်းလင်းပြောရရင် သူက တစ်ကိုယ်ကောင်းဆန်နေတာ.. အကျင့်ကလည်း ဆိုးသေး။ အဖေတို့ဘာပြောပြော ခုလိုပဲ သမီးအတွက် ကူညီဖို့ ငြင်းနေဦးမှာ! ”
လုချီယွမ်က စကားပြောနေရင်း ဒေါသတွေထောင်းထောင်းထလာသည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now