61

4.3K 530 4
                                    

(Unicode)

၆၁။ [ ဘယ်သူလွှတ်လိုက်တာလဲ ]

ရွှီဟွေ့က အားနာသည့် မျက်နှာလေးဖြင့်..
“ သူက မဟန်တော့မှန်းသိရော ပြတင်းပေါက်ကနေခုန်ချချင်နေတာနဲ့ ကတိုက်ကရိုက်ပဲ ခန်းဆီးတွေဆွဲဖြဲပြီး ချည်တုပ်ထားလိုက်ရတယ် ”

ဒါတွေ လုမန် ဂရုမစိုက်ပါ။
“ ကိစ္စမရှိပါဘူး..ကိုယ့်ဘက်က လူကိုမိထားပြီပဲ၊ ဘာဖြစ်ဖြစ် လွှတ်ပေးလိုက်ရမှာထက်စာရင် မိတော့တော်သေးတာပေါ့ ”

“ ဟုတ်တယ် သူ့ကိုယ်ပေါ်မှာ ဒါလေးတွေ့တယ် ”
ရွှီဟွေ့က လုမန်ကို ဘဏ်ကတ်ကမ်းပေးသည်။
“ ကြည့်စမ်းပါဦး မင်းပစ္စည်းလားလို့ ”

ပစ္စည်းလာခိုးတဲ့ သူခိုးက ပြစ်မှုကျူးလွန်စဥ်မှာ ကိုယ့်ဘဏ်ကတ်ကို ယူလာတာမျိုးတော့ ကိုယ်တွေ မမြင်ဖူးသေးဘူး..

ကြည့်လိုက်ရုံနဲ့ ကိုယ့်ပစ္စည်းမှန်း လုမန် တန်းသိသည်။ ထို့ပြင် ဒါဟာ ရှချင်းဝေခွဲစိတ်ဖို့စုထားတဲ့ ငွေတွေပါသည့် ဘဏ်ကတ်။ ယွမ် တစ်သိန်း။

ဘဏ်ကတ်ကိုယူလိုက်ရင်း ကိုယ့်မှာ ချွေးအေးတွေပါထွက်သည်။

နည်းနည်း နောက်ကျပြီးမှသာ ရောက်လာခဲ့ရင် ရှချင်းဝေခွဲစိတ်ကုသမှုအတွက် အပတ်တကုတ်စုဆောင်းထားခဲ့တဲ့ငွေတွေ အကုန်ပါလောက်ပြီ!

ဒီငွေဟာ လူ့အသက်ကို ကယ်ဖို့!

ဟန်ကျိုးလီက အစား စိုက်ပေးထားသည်ဆိုလျှင်တောင် သူမ ပြန်ဆပ်ရန် လိုသည်။

ပြီးတော့ လက်ရှိကိုယ့်အခြေအနေနှင့်ဆိုရင် ဒီငွေတွေပြန်ဆပ်ဖို့က ဘယ်လောက်ကြာဦးမည် မသိသည့်အပြင် တစ်လကို ယွမ်ထောင်ဂဏန်းမျှသာ ဆပ်နိုင်ပါမည် ဟုလည်း မျက်နှာပြောင်တိုက်၍ ဟန်ကျိုးလီကို ပြောမထွက်။ 

ထို့ပြင် ရှချင်းဝေအတွက် ဆေးရုံခတွေနှင့် ဆေးဖိုးဝါးခတွေကလည်း ရှိနေသေး၏။

ထိုငွေ ယွမ် တစ်သိန်းမရှိခြင်းသည် ရှချင်းဝေကို သတ်ပစ်လိုက်နိုင်သည်။

လက်ဖဝါးတွေကနေ ချွေးအေးအေးများထွက်လာကာ လုမန် ကတ်ကို သိမ်းခဲ့၏။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now