82

3.2K 404 14
                                    

အခန်း [ ၈၂ ]

“ ဒီမှာ .. သံသယတောင်ဝင်ချင်လာပြီ .. လုမန်က တကယ်ပဲ ခင်ဗျားရဲ့သမီးအရင်းဟုတ်ရဲ့လား ”

“ ဟုတ်ပြီလား ”

“ ဟုတ်ရင် ဘာဖြစ်လို့ မကောင်းပြောတာလဲ .. ဧကန္တ သူ့ကို အလုပ်မရပါစေနဲ့လို့ မျှော်လင့်ထားတာများလား .. ကုမ္ပဏီကို လာပြီးတော့တောင် မကောင်းပြောတယ်ဆိုတော့လေ.. ”

လုချီယွမ်မျက်နှာနီတွတ်သွားသည်။
“ ဟွန်း.. ငါက မင်းတို့ အရူးလုပ်ခံရမှာစိုးလို့ စေတနာနဲ့ သတိပေးတာ .. ကျေးဇူးကန်းလှချေလား!! ”

“ ဒါ ကျုပ်ကုမ္ပဏီနော် .. ခင်ဗျား ကျုပ်လူတွေကို သဟောက်သရမ်းလုပ်စရာမလိုဘူး! ”
တံခါးသည် ရုတ်တရက် ဆွဲဖွင့်ခံလိုက်ရကာ ဟန်ကျိုးလီက ခြေလှမ်းကျဲများနှင့် လှမ်းဝင်လာ၏။ မျက်နှာကလည်း မာထန်နေသည်။

တံခါးနားမှာတုန်းက အခန်းထဲမှာ လုချီယွမ် ပြောနေတာတွေအားလုံးကို သူ ကြားပြီးပြီ။ 

“ ဥက္ကဋ္ဌ ”
ဝူလီကျဲ အမြန် ထရပ်လိုက်သည်။

ဟန်ကျိုးလီကို မြင်တာနှင့် လုချီယွမ်က လေးစားသလို မြှောက်စားချင်သလို မျက်နှာသို့ ချက်ချင်း ပြောင်းလဲသွား၏။
“ သခင်လေးဟန် .. တွေ့ရတာဝမ်းသာပါတယ် .. ကျုပ်က လုချီယွမ်ပါ .. ဒါက ကျုပ်သမီး ”

“ သိတယ် .. ဒါရိုက်တာနဲ့ အိပ်ပြီး ဝေဒနာတွေ ပေးလိုက်တဲ့တစ်ယောက် .. လုချီ မို့လား ”
ဟန်ကျိုးလီက သူတို့ကို တစ်ချက်မှ မကြည့်။ 

လုချီမျက်နှာ ဒေါသကြောင့် နီမြန်းသွားကာ
“ မဟုတ်ပါဘူး .. အဲ့ဒါ .. အကုန် အထင်လွဲတာ .. မမကြောင့် .. ”

“ တို့ရှေ့မှာ မဟုတ်တရုတ်တွေပြောပြီး ယုံအောင် သိမ်းသွင်းဖို့ မကြိုးစားနဲ့ .. လုဟန်လိဒဏ်ရာရတဲ့နေ့တုန်းက မင်းကိုရဲတွေခေါ်သွားတာကို တို့မျက်လုံးနဲ့ မြင်တယ် ”
ဟန်ကျိုးလီက အေးစက်စက် ပြောသည်။

လုချီမျက်နှာလေး ဖွေးဆုတ်သွား၏။
မမှတ်မိဘဲ နေပါ့မလား! ဟန်ကျိုးလီလည်း အဲ့ဒီနေ့က အဲ့မှာရှိနေခဲ့တာပဲ!

လုမန်လိုမျိုး သူကလည်း ခါးမှာ တဘက်လေးပဲပတ်ထားတာရယ်!

ခု လုချီယွမ်က လုမန်မကောင်းကြောင်းတွေ သွားပြောတယ်ဆိုတော့ ဟန်ကျိုးလီ သူ...

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now