14

6.4K 712 1
                                    

Unicode

အခန်း ၁၄ ) အခု ရှချင်းဝေက သေသွားပြီဖြစ်လို့ လုမန်ကိုလည်း အလွတ်မပေးနိုင်ဘူး

“ နင် ငါ့ကို ထိုးနှက်လို့ရတယ်။ သေစေချင်ရင် ဒုက္ခပေးလို့ရတယ်။ ငါ့မေမေကိုပါ ဒုက္ခပေးရတဲ့အထိဆိုတော့  နင် မကျေနပ်နိုင်သေးဘူးလား။ ငါ့မေမေကိုပြန်ပေးစမ်း ပြန်ခေါ်ပေး!! ”
လုမန် ရူးသွပ်စွာဖြင့် လုချီကို ရိုက်နှက်လိုက်သည်။

လုချီက သူမဘဝတစ်ခုလုံးကို ဖျက်ဆီးခဲ့သလို ၈ နှစ်တိတိ ထောင်ကျအောင်လည်း လုပ်ခဲ့သေးသည်။

ဒီ ၈ နှစ်အတွင်း သူမ ဘယ်လိုရှင်သန်ခဲ့ရသလဲ အပြင်လူတွေကတော့ သိမည်မထင်။

လူသစ်တစ်ယောက်ဖြစ်နေလို့ ဆိုးဆိုးရွားရွား အနိုင်ကျင့်ခံခဲ့ရကာ၊

ထောင်သားတွေက အုပ်စုဖွဲ့နေကြတာဖြစ်သည်။ မိန်းမသားများအနေဖြင့်လည်း ကိုယ်ခံပညာကောင်းဖို့လိုသည်။

ယောက်ျားသားတွေမရှိတာကြောင့် အမျိုးသမီးတွေက နှုတ်ရောလက်ပါသုံးပြီး နိုင်ရာစားတတ်ကြသည်။

လုမန်က လူသစ်တစ်ယောက်ဖြစ်သည့်အတွက် ပစ်မှတ်ထားခံရသည်။

တချို့လူတွေက အရိုက်ခံမည်ကိုကြောက်၍ တစ်ခဏမျှသာ ခုခံပြီး အရှုံးပေးလိုက်ကြသည်။

သို့သော်လည်း သူမကတော့ ​သေလောက်အောင်အရိုက်ခံရသည်ဆိုလျှင်တောင် အရှုံးပေးလိုက်ဖို့ငြင်းဆန်သည်။

သူတို့ခိုင်းတာလုပ်မယ့်အစား အသားသာအနာခံလိုက်မည်။

ကံကောင်းချင်တော့ နောက်ပိုင်းမှာ မီချန်းစုံလို့ခေါ်တဲ့ အမျိုးသမီးရာဇဝတ်သားတစ်ဦး ထောင်ထဲရောက်လာခဲ့သည်။

သူမကလည်း လူတစ်ယောက်ကို အနာတရဖြစ်စေခဲ့၍ ထောင်သွင်း အကျဥ်းချခံရခြင်းဖြစ်ကာ ယောက်ျားတစ်ယောက်ကို မသန်မစွမ်းဖြစ်သည်အထိ ရိုက်နှက်ကန်ကျောက်ခဲ့လို့ ထိုယောက်ျားမှာ ယောက်ျားတစ်ယောက်အတွက် အရေးအပါဆုံး အစိတ်အပိုင်းကိုပင် ဖြတ်ပစ်ခဲ့ရလေသည်။

သို့ပေမယ့် ထိုသို့ပြုလုပ်ခဲ့ရခြင်းမှာ ထိုယောက်ျားနှင့် အပေါင်းအပါများသည် ညီအစ်မဖြစ်သူကို အဓမ္မကျင့် စော်ကားခဲ့သော်လည်း ရက်အနည်းငယ်သာ အကျဥ်းချခံရပြီးသည့်နောက်တွင် ပြန်လွတ်လာခဲ့၍ ဖြစ်သည်။ သူ၏ အလွန်တရာ ယုတ်မာကောက်ကျစ်လှသော ပြစ်မှုအတွက် ထိုက်သင့်သလောက် အပြစ်ဒဏ် မခံခဲ့ရပေ။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now