42

6.6K 810 21
                                    

《Unicode》

အခန်း ၄၂ ) ရှင့်စကားကိုနားထောင်ပါ့မယ်

လုချီယွမ်မျက်နှာက လူထုရဲ့ပြောစကားတွေကြောင့် ခရမ်းပုပ်ရောင် သန်းသွားသည်။

ရှချင်းယန်တောင်မှ စိတ်တုန်လှုပ်သွားရပြီး..
“ ဘာမှမသိဘဲ မပြောပါနဲ့! ဒါက.. အနုပညာရှင် လုချီ မဟုတ်ဘူး! နင်တို့ပြောသလိုမဟုတ်ဘူး! ”

ဒီအဖြစ်ကြောင့် လုချီ ထိခိုက်နစ်နာသွားမည်ကို ရှချင်းယန်က စိုးရိမ်သည်။ ဒါပေမဲ့ သူမပြောသမျှကို လူတွေက ဘာလို့ယုံရမှာလဲ.. ?

“ လုမန်ကိုဖမ်းစမ်း မြန်မြန်! ”
ထို့ကြောင့် ရှချင်းယန်မှာ ဟန်ဆောင်ပန်ဆောင် မလုပ်နိုင်ဘဲ စိတ်ရင်းမှန်တွေပေါ်ကုန်ပြီး အမိန့်ပေးစေခိုင်းလိုက်တော့သည်။ 

ထိုအချိန်မှာ လုချီယွမ်က သူများပြောစကားတွေကြောင့် ဒေါသသည်းနေသည်ဖြစ်ရာ ရှချင်းယန်အချိုးပြောင်းသွားသည်ကို သတိမပြုမိလိုက်။

လုမန်စိတ်တိုသွားသည်။
“ မေမေက ဒေါသစိတ်နဲ့ မူးမေ့သွားလို့ ခွဲခန်းရောက်သွားတာတောင်မှ ရှင်တို့က ဟန်ဆောင်ပန်ဆောင်နဲ့မေးဖော်မရဘဲ ကျွန်မကို လုချီအတွက် ဓားစာခံလုပ်ဖို့ချောင်ပိတ်ဖမ်းချင်နေကြတယ်! ”

စကားတွေအားလုံးက လုချီယွမ်ဆီဦးတည်နေတာဖြစ်၏။

ဘေးကရပ်ကြည့်နေတဲ့သူတွေက ပိုလို့ပင် ဝေဖန်လာကြတော့သည်။
“ တွေ့လား! ယုတ္တိမရှိလိုက်တာ! သူတို့တွေက လူရောဟုတ်ရဲ့လားဟ!! ”

“ ကောင်မလေးသနားပါတယ် ဖအေဖြစ်သူက ဒုက္ခတွင်းထဲပို့နေမှတော့ ဘယ်လောက်တောင် ဝမ်းနည်းနေလိုက်မလဲ ”

“ တိတ်ကြ!! ” ရှချင်းယန်က ပျာပျာသလဲ မောင်းထုတ်သည်။ “ ဒါက မိသားစုရေးပဲ.. နင်တို့နဲ့ ဘာဆိုင်လို့လဲ သွားကြစမ်း! သွားကြ!! ”

“ မြန်မြန်လုပ်.. သူ့အပေါက်ကိုပိတ်ပြီးခေါ်သွား ” ရှချင်းယန်က စူးရဲစွာ စေခိုင်းလိုက်သည်။

ထိုသူတွေမှာ သူမအမိန့်ကို နာခံချင်ပေမယ့် ဟန်ကျိုးလီကို ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရ၏။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now