6

7.3K 916 0
                                    

Unicode

အခန်း ၆ ) စော်ကားခံရခြင်း

ဖုန်းစကရင်ကို နှစ်ချက်တို့ပြီး WeChat စကားဝိုင်းတစ်ခုကို သူမ ဖွင့်ပြလိုက်သည်။
“ ဒါက လုချီ ပို့ခဲ့တဲ့စာပါ ဆရာတို့ . . လုချီရဲ့ WeChat ဟုတ်မဟုတ် စစ်ကြည့်ပါဦးနော် ”

ရဲအရာရှိတွေက သူမဖုန်းကို ယူကြည့်သည်။ 

လုချီ : ခဏနေရင် ဒါရိုက်တာကြီးကို သူ့အခန်းမှာ သွားတွေ့မလို့ နင်လိုက်ခဲ့ပေးဦး

လုမန် : ညအချိန်မတော်မှ ဒါရိုက်တာကြီးရဲ့အခန်းကို သွားတာ ကောင်းပါ့မလား 

လုချီ : အဲဒါကြောင့် နင့်ကို လိုက်ခဲ့စေချင်တာပေါ့ တစ်ခုခုဖြစ်ရင် နင် ကူညီလို့ရတယ်လေ

လုမန် : ငါ ဒီည လုပ်စရာ ရှိနေလို့ လိုက်နိုင်မှာ မဟုတ်ဘူး နင်လည်း မသွားရင်ကောင်းမယ်

လုချီ : ငါ နင့်ကို ပြောပြီးသားလေ လိုက်ခဲ့ဖို့ကို ဘာလို့ အရည်မရအဖတ်မရတွေ ပြောနေတာလဲ

ထို့နောက်တွင် လုမန်ဆီမှ စာပြန်ခြင်း မရှိပေ။

အတိတ်ဘဝမှာပါ ဤသို့ ဖြစ်ပျက်ခဲ့ဖူးသည်ကို လုမန် မှတ်မိသေးသည်။ လုချီက လုမန်ကို သူမနှင့်အတူလိုက်ခဲ့ရန် အတင်းခိုင်းစေခဲ့သော်လည်း လုမန်က စာပြန်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း အဆုံးတွင် ဒါရိုက်တာကိုတွေ့ရအောင် လုချီနှင့်အတူ လိုက်သွားခဲ့ရ၏။

အစောပိုင်းက ရေချိုးခန်းထဲမှာ အဝတ်လဲနေရင်း လုချီကို သူမ စာမပြန်ခဲ့တာ သေချာ​အောင် စစ်ကြည့် အတည်ပြုခဲ့ပြီး ဖြစ်သည်။

လုမန် သက်ပြင်းချလိုက်သည်။ ဒီဘဝမှာတော့ အရာအားလုံးဟာ သူမဘက်တွင် ရှိနေမည်ထင်။

သို့သော်လည်း အတိတ်ဘဝမှာ ဖြစ်ခဲ့သည့်အတိုင်း တူညီနေဦးမှာကတော့ အမှန်တရားပင်ဖြစ်သည်။ တစ်ခုတည်းသော ခြားနားချက်မှာ  သူမက အရာအားလုံးကို နောက်တစ်ခေါက် တွေ့ကြုံခံစားနေရခြင်းသာ ဖြစ်သည်။

ထို့ကြောင့် ဖြစ်ပျက်လာမည့် အရာတွေကို ကြိုသိနေသည့်အပြင် အရာအားလုံးက သူမဘက်မှာအခွင့်သာနေသည့်အတွက် ဒီအခြေအနေကို ကောင်းစွာ ဖြေရှင်းနိုင်ခြင်း ဖြစ်ကာ သံသယဖြစ်ဖွယ်ကောင်းသော ဤအခြေအနေမှလည်း လွတ်မြောက်ရန် လွယ်ကူသွားခဲ့သည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now